စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ အသက်ဆုံးရှုံး

ပို့စ်တင်ချိန် - 6/25/2014 04:22:00 PM



မြောင် ဇွန် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မြောင် မြို့နယ် အုတ်နှဲဘုတ်ကျေးရွာတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ပြီး ဓားရှည်ဖြင့် လိုက်ခုတ်ရာ ကျန်အခြားတစ်ဦးမှာ တိမ်းရှောင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ထွက်ပြေးသူ၏ဇနီးကို ဓားကိုင်ဆောင်သူက ရက်စက်စွာသတ်ခဲ့ခြင်း၊ဒဏ်ရာ များရရှိပြီး အခင်းဖြစ်ပွားသည့် နေရာ တွင် လဲကျသေဆုံးခဲ့ခြင်းကြောင့် အရေးယူထားကြောင်း သိရသည်။

စုံစမ်းသိရှိရသည်မှာ ဇွန် ၁၄ ရက် ညနေ ၇ နာရီခွဲက မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာနေ ကိုကျော်ရွှေ (၃၈ နှစ်) ကျပန်းနှင့် ငလင်း(ခ) ဝေလင်းထွန်း (၂၅ နှစ်) ကျပန်းတို့ နှစ်ဦးစကားများရန်ဖြစ်ခဲ့ရာ ငလင်း (ခ)ဝေလင်းထွန်းက အသင့် ကိုင်ဆောင်လာသည့် ဓားရှည်ဖြင့် ခုတ်ရာ ကိုကျော်ရွှေမှာ တိမ်းရှောင် ထွက်ခဲ့သော်လည်း ၎င်းကျေးရွာနေ ဦးကံရှိန်၏အိမ်ရှေ့တွင် ကိုကျော် ရွှေ၏ဇနီးဖြစ်သူ မမိုးဝေနှင့် ငလင်း (ခ)ဝေလင်းထွန်းနှင့်ထပ်မံတွေ့ရှိပြီး စကားများရာမှ အသင့်ကိုင်ဆောင် လာသည့် ဓားဖြင့်ခုတ်ရာ မမိုးဝေ မှာ ဒဏ်ရာဖြင့် လဲကျသေဆုံးသွားခဲ့ သည်။ သို့ဖြစ်ပါ၍ ငလင်း(ခ)ဝေလင်း ထွန်းအား တရားဥပဒေအရ အရေးယူ ပေးပါရန် ခင်ပွန်းဖြစ်သူက တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူးတင်လှိုင်က ကျေးရွာ သို့ သွားရောက်ပြီး အခင်းဖြစ်ပွား သည့် နေရာကို မြေပုံကြမ်းရေးဆွဲ၍ သေဆုံး သူအား မြို့နယ်ဆေးရုံသို့ပို့ပြီး ပြစ်မှု ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးနိုင် ရေး စီမံဆောင်ရွက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ မှာ မန္တလေးတိုင်းဒေသကြီး သပိတ် ကျင်းမြို့နယ် လိပ်ကျကျေးရွာတွင် တိမ်းရှောင်ခိုအောင်းနေထိုင်သည့် သတင်း ကိုရရှိသဖြင့် ဇွန် ၁၆ ရက် တွင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသောင်း ငွေ ကြီးကြပ်ဦးဆောင်သော အဖွဲ့နှင့် အုတ်နှဲဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေတို့ လိပ်ကျကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိ ရသည်။

တင်ကိုကို


MOI Webportal Myanmar