ဒါမှ သတ္တိ - ဟာသ

ပို့စ်တင်ချိန် - 7/02/2014 08:12:00 AM



အမေရိကန်စစ်ဗိုလ်ချုပ်၊ တရုတ်စစ်ဗိုလ်ချုပ်နှင့် မြန်မာစစ်ဗိုလ်ချုပ်တို့
ရေကန်တစ်ခုအနီးတွင် ထိုင်နေကြသည်။ ထိုကန်ထဲတွင် မိကျောင်းများမွေးထားသည်။
အမေရိကန်စစ်ဗိုလ်ချုပ်က သူ့ကိုယ်ရံတော်စစ်သား၏ အမိန့်နာခံမှုကို
သက်သေပြရန် နာရီကိုချွတ်၍ ရေကန်ထဲလွှင့်ပစ်လိုက်သည်။
“ကိုင်း၊ ရဲဘော်၊ ငါ့နာရီကို ပြန်ယူပေးစမ်း”
အမေရိကန်စစ်ဗိုလ်ချုပ်၏သက်တော်စောင့်က ရေကန်ထဲခုန်ဆင်းပြီး
နာရီပြန်ယူလာခဲ့သည်။ အနီးရှိ သတင်းထောက်များနှင့် ၀န်ထမ်းများက
လက်ခုပ်တီးပြီး အားပေးလိုက်ကြသည်။ တရုတ်စစ်ဗိုလ်ချုပ်ကလည်း အားကျမခံ
သူ့နာရီကို မိကျောင်းကန်ထဲ လွှင့်ပစ်လိုက်ပြီး သူ့သက်တော်စောင့်ကို
အမိန့်ပေးလိုက်သည်။
“ကဲ…ငါ့ကောင်ကြီး၊ နာရီယူလာပြစမ်း”
ကိုယ်ရံတော်တရုတ်စစ်သားက ရေထဲဒိုင်ဗင်ထထိုးပြီး နာရီကို ပြန်ယူလာခဲ့သည်။
ကြည့်နေသူအားလုံး တကယ့်သတ္တိခဲဟု အော်ဟစ်အားပေးလိုက်သည်။
မြန်မာစစ်ဗိုလ်ချုပ်ကလည်း အားကျမခံ သူ့နာရီကိုရေကန်ထဲပစ်ချလိုက်ပြီး
ရဲဘော်စစ်သားကို အမိန့်ပေးလိုက်သည်။
“ကဲ၊ ငါတဆို့ မြန်မာ့သတ္တိလည်း ပြလိုက်စမ်းကွာ”
“ဟင့်အင်း၊ ဒါ သတ္တိမဟုတ်ဘူး၊ မိုက်ရူးရဲတာပဲဗိုလ်ချုပ်၊ ကျွန်တော်မလုပ်နိုင်ဘူး”
ထိုအခါ ရပ်ကြည့်နေသူ ပရိသတ်အားလုံးက ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
“ဒါမှ တကယ့်သတ္တိကွ၊ တကယ်သတ္တိ”

ရဲစတိုင်း
The Myanma Age