USB ဖုန်းအားသွင်းကြိုးအတုကြောင့် သြစတြေးလျနိုင်ငံတွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 7/02/2014 08:13:00 AM



သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ် ပြည်နယ်မှ အမျိုးသမီး တစ်ဦးဟာ သူမရဲ့ဖုန်းကို USB ဖုန်းအားသွင်းကြိုး
အတုအသုံးပြုပြီး ကွန်ပျူတာနဲ့ချိတ်ဆက်လျက် နားကြပ်တပ်ဆင် စကားပြောဆိုခဲ့ရာမှ ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ရှာရီလ်အန်နီအယ်လ်ဒီဂါ ဖြစ်ပြီး ကလေးနှစ်ယောက် မိခင်တစ်ဦး ဖြစ်ပါတယ်။

သူမရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ချိန်မှာ နားကြပ်တပ်ဆင်ထားပြီး နားရွက်နှင့်ရင်ဘတ်ပိုင်းတွေမှာ မီးလောင်ကျွမ်းတဲ့
ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ အန်နီအယ်လ်ဒီဂါ ဝယ်ယူခဲ့တဲ့
အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၅ တန် USBဖုန်း အားသွင်းကြိုးဟာ ဗို့အား ၂၄ဝ ရှိတဲ့ လျှပ်စစ်ဓာတ်ကို ဖုန်းအတွင်း
ထည့်သွင်းခဲ့ပြီး ဖုန်းအတွင်းရှိ ဓာတ်အားတွေက နားကြပ်ကတစ်ဆင့်သူမရဲ့ခန္ဓာကိုယ်အတွင်းကို ဓာတ်လိုက်ခဲ့ခြင်း
ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။  အဲဒီ ဖုန်းအားသွင်းကြိုး ရောင်းချခဲ့တဲ့ ဆိုင်ပိုင်ရှင်အဖို့တော့
ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၈၇၅ဝဝဝ နဲ့ ထောင်ဒဏ် နှစ်နှစ် ကျခံရဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Source;ABC News

ဘာသာပြန် david
The Myanma Age