အမေရိကန်သံအမတ်က ဖွဲ့စည်းပုံပါ သမ္မတ အရည်အချင်း ကန့်သတ်မှုကို ဝေဖန်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အရင် မြန်မာ စစ်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတ အရည်အချင်းကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ အတိတ်က လက်ကျန် အမွေဟောင်း တရပ်ဖြစ်တယ်လို့ တင်စားခေါ်ဝေါ်လိုက်ပြီး ပြောင်းလဲဖို့ ထောက်ခံလိုက်ပါတယ်။

ဒီလိုမျိုး ကန့်သတ်ချက်ဟာ ၁၉၄၇ ခုက ဖြစ်ခဲ့ရင် ဒါမှမဟုတ် ၁၉၇၄ ခုနှစ် အထိတောင်မှ အတည်ဖြစ်ခဲ့ရင် သူ့အနေနဲ့ နားလည်နိုင်ပေမယ့်လို့လည်း ၂၁ရာစုမှာ ဒီမိုကရေစီနည်းအရ ချီတက်နေတဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားရာမှာ ဒီလိုနိုင်ငံခြားနဲ့ ဆက်သွယ်မှုကို စိုးရိမ်မှုဟာ အတိတ်က အမွေဟောင်းတရပ်ဖြစ်တယ်လို့ ယူဆကြောင်း သံအမတ်ကြီး Mitchellက ဝေဖန် လိုက်ပါတယ်။
DVB Burmese

စစ်တပ်ရဲ့ စော်ကားမှုရပ်ဆိုင်းဖို့ အမျိုးသမီးများပြောပြီ


မကြာခင်ထုတ်ပြန်တော့မယ့် အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာမှာ ...
အမျိုးသမီးများအား မြန်မာ့ တပ်မတော်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ရေးထားပါတယ်။


ဒါ့အပြင် .. အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်များရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုမရှိဘူးလို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဒီလို မပါဝင်ခြင်းကြောင့် တိုင်းရင်းသားအမျိုးသမီးများ အဓမ္မကျင့်ခံရမှုကို လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ ဒီကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့လိုတယ် လို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

အမျိုးသမီးများအား မြန်မာ့ တပ်မတော်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အရေးယူမှုမှ ကင်းလွတ်ခွင့် စနစ်ကို အဆုံးသတ်ရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က တောင်းဆို လိုက်သည်။

မြန်မာ့ တပ်မတော်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရ မပေါ်ပေါက်မချင်း ရပ်တန့်မည် မဟုတ်ကြောင်း အဓိက ရေးသားထားသည့် “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့် စနစ်များ” ဆိုသည့် WLB ၏ အစီရင်ခံစာ တစောင်ကို ၂၀၁၄ ခု နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင် အပါအ၀င် နိုင်ငံတကာ တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း WLB အတွင်းရေးမှူး မတင်တင်ညိုက ဧရာဝတီ ကို ပြောသည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေကို သွားနေတယ်၊ ပြီးတော့ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်နေတယ်။ ဒီလိုအနေအထားမှာ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ပြီး ကြုံတွေ့နေရဆဲ ဖြစ်ပြီး တရား ဥပဒေပိုင်းက သေသေချာချာ အရေးယူမှုတွေ မရှိဘူး၊ ဒီလို ပုံစံမျိုးက တရားဝင် ကျူးလွန်ခွင့် ပေးတဲ့ ပုံစံ ဖြစ်နေတယ်။ ဒါတွေကို ကျမတို့က ထောက်ပြချင်တယ်”ဟု ၎င်းက ဆိုသည်။

အစီရင်ခံစာတွင် အပိုင်း ၂ပိုင်း ပါရှိပြီး အမျိုးသမီးများ စွမ်းရည် မြင့်မားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ကျား-မ တန်းတူရေး၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေး၊ လူမှု ကဏ္ဍ အသီသီးနှင့် ဆုံးဖြတ်ချက်ချသည့် အဆင့် တိုင်းတွင် အမျိုးသမီးများ ပါဝင်လာရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး တို့ကို ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာတွင် WLB နှင့် အဖွဲ့ဝင်၊ အဖွဲ့အစည်းများက ၂၀၁၀ ရွေးကောက်ပွဲ ကာလမှ စတင်ပြီး တပ်မတော်၏ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရသော အမျိုးသမီး အမှုပေါင်း ၁၀၀ ကျော်ကို အချက်အလက်များနှင့် စုဆောင်း မှတ်တမ်း တင်ထားသည်။

ယင်းအမှုအခင်း အများစုမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သော ထိုးစစ်များနှင့် ဆက်စပ် နေ ကြောင်း၊ အစိုးရ စစ်သားများ၏ လိင်အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရသော အမျိုးသမီး ၅၉ ဦးနှင့် ပတ်သက်ပြီး ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က မှတ်တမ်းများ နှင့်တကွ ဖော်ပြချက်များ ပါဝင်သကဲ့သို့၊ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ လွန်ခဲ့သော ၃ နှစ်အတွင်း အမျိုးသမီး ၃၅ ဦးတို့၏ လိင်အကြမ်းဖက် ခံရသည့် အမှု ၃၀ လည်း ပါဝင်သည်။

အစီရင်ခံစာတွင် အဓမ္မပြုကျင့်မှုကို မြန်မာနိုင်ငံတွင် စစ်ပွဲနှင့် ဖိနှိပ်မှု ယန္တရားအဖြစ် အသုံးပြုနေဆဲ ဖြစ်ကြောင်း ဖော်ပြပြီး အမှု ၄၇ ခုသည် အုပ်စုလိုက် ပြုကျင့်မှုများ ဖြစ်ကာ ကျူးလွန်ခံရသူများတွင် အသက် ၈ နှစ်အရွယ်ပင် ပါဝင်ကြောင်း၊ အမျိုးသမီး ၂၈ ဦးမှာ သတ်ဖြတ်ခံရခြင်းကြောင့် သို့မဟုတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူများတွင် အစိုးရ စစ်တပ် တပ်ရင်း ၃၈ ရင်း ပါဝင်ပြီး တချို့စစ်တပ်များက အကြိမ်ကြိမ် ကျူးလွန်ကြောင်း ဖော်ပြထားသည်။

“နိုင်ငံခြား တိုင်းပြည်များ အနေဖြင့် လက်ရှိ ဖြစ်ပေါ် တိုးတက်မှုများကို ရိုးရှင်းစွာ လက်ခံထားပုံရပြီး ယင်းတင်ပြချက်များသည် တဖက်သတ် တင်ပြချက်များသာ ဖြစ်သည်ကို မေ့လျော့နေပုံရသည်”ဟုလည်း WLB အစီရင်ခံစာက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အမျိုးသမီး ၁၀၄ ဦးသည် အစိုးရ စစ်သားများ၏ လိင်အကြမ်းဖက်မှု သားကောင်များ ဖြစ်ခဲ့ရပြီး အခြားသော ဖုံးကွယ်ထားသည့် အမှု အများအပြား ရှိနိုင်ကြောင်းလည်း WLB က ဖော်ပြထားသည်။

အစီရင်ခံစာတွင် ကချင်ပြည်နယ် တရုတ် နယ်စပ်ရှိ အမှုတခုကို ဖော်ပြထားရာ၌ ၂၀၁၂ ခုနှစ် မေလ ၁ ရက်က အစိုးရ စစ်တပ် ခြေမြန် တပ်ရင်း ၃၄၇ နှင့် ခြေလျင်တပ်ရင်း ၁၁၈ တို့က ကင်းလှည့်လာစဉ် ချီဖွေမြို့နယ်ရှိ ကျေးရွာ ဘုရားကျောင်းတွင် အသက် ၄၈ နှစ်အရွယ် ငွားမီ(အမည်ရင်းလွှဲ)ကို စစ်သား ၁၀ ဦးက သေနတ်ဒင်များဖြင့် ထု၊ ဓားများဖြင့်ထိုးပြီး ကိုယ်တုံးလုံးချွတ် ကာ ၃ ရက်တိုင် အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်ရပ်ကို ဖော်ပြထားသည်။ ယင်းဖြစ်ရပ်ကြောင့် အဓမ္မပြုကျင့် ခံရသူ သည် စိတ်ဝေဒနာ ခံစားနေရသည်ဟုလည်း ပါရှိသည်။

ထို့အပြင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၉ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၀ိုင်းမော်မြို့နယ်တွင် အစိုးရ စစ်သားများက အသက် ၃၉ နှစ် အရွယ် အမျိုးသမီး နှင့် အသက် ၁၇ နှစ် အရွယ်သမီးဖြစ်သူတို့ကို အုပ်စုလိုက် အဓမ္မပြုကျင့်မှု ပြုလုပ်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးငယ်၏ ဖခင်ကို ပစ်သတ်ခဲ့ကြောင်း KWAT ၏ မှတ်တမ်းကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“ကျမတို့ တိုင်းပြည်မှာ အေးအေးချမ်းချမ်း နေချင်တဲ့သူတွေ၊ အခြေခံ လူ့အခွင့်အရေးတွေကို လိုလားတောင့်တသူ တွေအပေါ် အဓမ္မပြုကျင့်တာကို လက်နက်တခုအနေနဲ့ အသုံးပြုနေပါတယ်။ စစ်အုပ်စုတွေက တိုင်းရင်းသား လူမျိုးစုတွေအပေါ် လက်နက် တခုအနေနဲ့ ခြိမ်းခြောက် အသုံးပြုနေပြီး ကျမတို့ နိုင်ငံကို ကွဲပြားမှုတွေ ဖြစ်စေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ၂၀၁၁ ခုနှစ် က ပြောဆိုခဲ့သည့် စကားကိုလည်း အစီရင်ခံစာတွင် ကိုးကား ဖော်ပြ ထားသည်။

ယခုကဲ့သို့ အစိုးရ စစ်တပ်၏ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများသည် တခါတရံမျှသာ ဖြစ်တတ်ခြင်း မဟုတ်ဘဲ စနစ် တကျဖြင့် ဖြစ်စဉ် တစုံလုံးတွင် မူဝါဒအရ လုပ်ဆောင်နေကြောင်း မှတ်တမ်းများက အတည်ပြုနေသည်ဟုလည်း ဆိုထားပြီး ဤရာဇ၀တ်မှုများ ကျူးလွန်ခြင်းကို တပ်မတော် ထိပ်ပိုင်းမှ အားပေးအားမြှောက် ရှိနေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

“အမှန်တကယ်တော့ ဒီအစီရင်ခံစာ ထုတ်တယ် ဆိုတာက တဖက်တလမ်းကနေပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေရာမှာ သူတို့ရဲ့ ဂုဏ်သိက္ခာပိုင်းကို ၀ိုင်းဝန်း မြှင့်တင်ပေးလိုတဲ့ ဆန္ဒနဲ့ ကျမတို့က ထုတ်တာ ဖြစ်တယ်”ဟု ဒေါ်တင်တင်ညိုက ဆို သည်။

ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နေချိန်တွင် နိုင်ငံတကာက အသိအမှတ်ပြုမှုများ တရားဝင် ဖြစ်လာစေရန် ယခုကဲ့သို့ ကျူးလွန်မှုမျိုး ဆက်မရှိရန် လုပ်ဆောင်မှသာ ဖြစ်မည်ဟု ထောက်ပြခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၀၂ ခုနှစ်က SWAN အဖွဲ့၏ “မုဒိန်းကျင့်ခွင့် လိုင်စင်”အမည်ရ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်းလည်း အဆိုပါ အစီရင်ခံ စာ တွင် ထပ်မံ အသိပေးထားသည်။

စစ်တပ်၏ အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက် ကျုးလွန်နေမှုများ ရပ်တံ့သွားရန်၊ စစ်တပ်သည် အရပ်သား အုပ်ချုပ်မှု အောက်တွင် ရှိရန်လိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အရ အရပ်သား အစိုးရ ဖော်ဆောင်နိုင်သော်လည်း စစ်တပ်သည် အထူး အခွင့်အရေး ရနေသည့် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုကြောင်း အစီရင်ခံစာ၏ နိဂုံးပိုင်းတွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံတွင် ယခင် ကျူးလွန်ခဲ့မှုများ အတွက် လွတ်ငြိမ်းခွင့်များ ပေးထားခြင်းသည် ယခုထိ ကျူးလွန် နေမှုများကို ခွင့်ပြုထားသကဲ့သို့ ရှိနေကြောင်း ဒေါ်တင်တင်ညိုက ထောက်ပြ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အပေါ် စစ်တပ်က လိင်အကြမ်းဖက်မှုများ ရပ်တံ့စေရေး တရားစီရင်ရေး စနစ်ပြောင်း လဲရန်လည်း အစီရင်ခံစာတွင် အကြံပြု ထားသည်။

စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာ အဆုံးသတ်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်မှုကို အာမခံချက်ပေးပြီး အတိတ်ကာလ လူ့အခွင့် အရေး ချိုးဖောက်မှုများအား တာဝန်ခံမှုကို တောင်းဆိုရန်နှင့် အမျိုးသမီးများအား ကာကွယ် စောင့်ရှောက်မှုများ သေချာမှု ရှိစေရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုပါရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အကြမ်းဖက်မှုများ ဆက်လက် ရှိနေမည် ဆိုပါက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို များစွာ အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ ယခု အစီရင်ခံစာ ထုတ်လိုက်ခြင်းအားဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တဖက်တလမ်းက အမှန်တရားကို ဖော်ထုတ်ပေးလို၍  ဖြစ်ကြောင်း ဒေါ်တင်တင်ညိုက ပြောသည်။

ဧရာဝတီ သတင်း

ရဲတပ်ကြပ်က ဘင်္ဂလီတွေကို လူမှောင်ခိုပို့


ရခိုင်ပြည်နယ် အမ်းမြို့ ပူးပေါင်း စစ်ဆေးဂိတ်မှာ ရဲတပ်ကြပ် တစ်ဦးခေါ်ဆောင်လာတဲ့ ဘင်္ဂလီလူမျိုး (၅) ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သစ်ထူးလွှင် သတင်းမှာဖေါ်ပြပါတယ်။

ဦးဆောင်​ခေါ်ယူလာသူကတော့  ရဲတပ်ကြပ် လှမင်းဦး (၈/ရစက)(နိုင်) ၁၀၇၃၂၇ (ဘ) ဦးစံကင်းဖြစ်ပြီး ယာဉ်အမှတ်​ MDY.CC.8463./probox နဲ့ ခေါ်ယူလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းရဲ့ အမည်ကတော့ ဟန်လင်း (၇/ကဝန) (နိုင်) ၀၉၀၆၁၂ ကိုင်ဆောင်သူ ဖြစ်တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

အဲဒီ ဘင်္ဂလီ လူမျိုး ၅ ဥင်္ီးထဲမှာ သုံးဦးကတော့ အမျိုးသား၊ ကျန် နှစ်ဦးက အမျိုးသမီးတွေ ဖြစ်ပြီး ဘုရားဖူးသားလို ဟန်ဆောင်ပြီး စစ်တွေကနေ ခေါ်ယူလာရာမှာ ဒီလ ၈ ရက်နေ့ ည ၁၁ နာရီ ခွဲအချိန်မှာ အမ်းပူးပေါင်း စစ်ဆေးရေးဂိတ်မှာ လ/ထ လဝကမှူး တင်မင်းလတ်​ ဦးဆောင်တဲ့  အဖွဲ့ကနေ  ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို အခု အမ်းရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

Burmesenews narinjara

ကုမုဒြာဂျာနယ် အတွဲ(၃) အမှတ်(၄၀)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





The Trade Times ( Vol-2, Issue-91 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၁၁-၁-၂၀၁၄) စနေနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Focus Online ( Vol-18, Issue-73 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက် (၃)


စိတ်ဖိစီးမှုတွေ များလာကြတဲ့အခါ..

ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ..

ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို အမြန်ပြေးဖွင့်ချင်တာပါဘဲ။ ဆိုလိုတာကတော့ စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..

အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. "ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကို ပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. " စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက "ငါ..ဘာမှ မစဉ်းစားပါဘူးကွာ... အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ" လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။ ၀ါယာရှော့များ..ဖြစ်သွားရင်တော့ "ဘယ်မိန်းမအကြောင်း တွေးနေမှန်းမှမသိတာ.. ဘယ်ပြောချင်မလဲ.. မဟုတ်တာလုပ်နေတာကို...@#%$^" စသည်ဖြင့် တန်ပို (Tempo) တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..
ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြ
ပါတယ်။

ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်...သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘ များနှင့်သာ တိုင်ပင်လေ့ရှိပါတယ်။

မိန်းမများ စိတ်ဖိစီးကြတဲ့အခါ..

မိန်းမများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ ပြောကို ပြောရမှ။ မပြောရရင်တော့ သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီးဟာ ပေါက်ကွဲလို့သွားတော့မှာပါ..
"လုံးဝထင်မထားဘူး.. အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့... တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@#%$^.." ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ ဘာမှ ၀င်မဖြေရှင်းပေးပါနဲ့... အကြံမပေးပါနဲ့...သူပြောတာကိုဘဲ နားထောင်ပေးလိုက်ပါ။ ၀င်ပြောလိုက်တာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။

အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို ဖွင့် ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေးဆေးဆေးလေးပေါ့...

(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့ "A Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချို့သော ဥပမာများဟာ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။)

ကျေးဇူးတင်ပါတယ်။
အာကာသနှင့် စကြ၀ဠာ

ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက် (၂)


ယောက်ျားများရဲ့ ဦးနှောက်ထဲမှာ အကြောင်းအရာတွေကို သေတ္တာများနဲ့ စီရီပြီး ထားရှိထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေးတစ်လုံးရှိပါတယ်... အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်... ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏ ခဏ ထ ထ ဖွင့်ကြည့်ဖြစ်တဲ့ အထိအောင်ပါဘဲ။ ဆိုလိုတာကတော့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ.. ဥပမာ။ ပက်လက် ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း... (သို့) တီဗွီကြီးဖွင့်ထားပြီး အဝေးထိန်ခလုတ်(ရမုတ်) ကိုလည်း လက်မှာကိုင်ထားရင်း...ဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။ စောစောကပြောတဲ့ ဘာမှမရှိတဲ့ သေတ္တာကို ဖွင့်ထားတာလေ...

အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။ "ရှင်..တော်တော် အားယားနေတယ်..ဟုတ်လား" "ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့.."။ ဟုတ်ပါတယ်..ကျနော်တို့ ဘာမှ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မတွေးပါဘူး.. ဒီလိုလေးဘဲ နေတာပါ..အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူး..

မိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့ စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။ စိတ် လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။ အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမှမရှိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ.. စိတ်ပျက်လေလေ..ဒေါသတွေ ထွက်လာလေလေ ပါဘဲ.. နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..
...."ရှင် ဘာမှ မလုပ် ဖူးလား"......... "ဘာမှကို အဓိပ္ပါယ် မရှိဘူး"...

ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့.. "ရှင့် အရင် ငယ်ရည်းစားအကြောင်း စဉ်းစားနေတာမဟုတ်လား"... "ရှင်.. ကျမ မသိအောင် ဘာတွေ မဟုတ်တာလုပ်နေလဲ".. စတဲ့ မေးခွန်းတွေမေးလာတော့တာပါဘဲ..

ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ ရှိပါတယ်...
ဘာမှမစဉ်းစားပါဘူးကွာ..

(ဆက်လက်ဖော်ပြပေးပါမည်)

အာကာသနှင့် စကြ၀ဠာ

လိမ္မော်သီးကို မီးလင်းအောင် ပြုလုပ်နိုင်


ဖယောင်းတိုင် အစား မီးထွန်းရန် လိမ္မော်သီးကို အသုံးပြု နိုင်ပါတယ်။
ထို့သို့ အသုံးပြုရန် အတွက် အောက်ပါနည်းလမ်း များကိုသုံးပါ။

၁။ အခွံ အနည်းငယ် ခြောက်နေသော လိမ္မော်သီး တစ်လုံးကို ယူပါ။

၂။ ထိုလိမ္မော်သီးကို တစ်ခြမ်းခွဲလိုက်ပါ။

၃။ ထိုနှစ်ခြမ်းမှ အသုံးပြုရန် အဆင်ပြေမည့် တစ်ခြမ်းကို ယူပါ။

၎။ အလယ် အူတိုင်ကို မီးစာ ကဲ့သို့ ပြုလုပ်ပါ။

၅။ ထို့နောက် ဓာတ်ဆီ သို့မဟုတ် ရေနံဆီ တစ်ခုခု ထည့်လိုက်ပါ။

၆။ မီးစာ ကဲ့သို့ ပြုလုပ်ထားသော အူတိုင်လေးကို မီးညိုလိုက်ပါ။

ထို့သို့ ဖယောင်းတိုင် အစား လိ မ္မော်သီးကို အသုံးပြုခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူးများကတော့

၁။ ငွေကြေးသက်သာခြင်း။

၂။ ဖယောင်းတိုင်ကဲ့သို့ အရည်မပျော်သည့် အတွက်ကြောင့် အန္တရာယ်ကင်းခြင်း။

၃။ နေ့စဉ်အသုံးပြုနိုင်ခြင်း။

၎။ လိမ္မောသီး အခွံများ လွင့်ပစ်ရန် မလိုခြင်း။

၅။ လျှပ်စစ်မီး မရှိသော ဒေသများတွင် လွန်စွာ အသုံးဝင်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရနိုင်ပါတယ်။

ထို့ကြောင့် ပုံတွင်ပြထားသည်များကို လေ့လာကာ
တန်ဖိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။


ကျော်လင်းနိုင်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေးအတွက် NCCT က ပညာရှင်များနှင့် ဆွေးနွေးနေ


ချင်းမိုင်(မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် NCCTနှင့် နိုင်ငံတကာ တတ်သိပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပလျှက်ရှိပြီး ယနေ့ ဒုတိယနေ့တွင် အပစ်အခတ်ရပ်စဲရေးအတွက် စောင့်ကြည့်လေ့လာရေးနှင့် စစ်ကျင့်ဝတ်စည်းကမ်းများကို ဆွေးနွေးခဲ့သည်ဟု NCCT၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က ဦးဆောင်ကျင်းပသည့် ထိုအလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၉ရက်နေ့က စတင်ကာ ပြုလုပ်လျှက်ရှိပြီး မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှိုင်းယှဉ်ပြီး နိုင်ငံတကာ အတွေ့အကြုံ ရယူနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။

“စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေ ဘယ်လိုလုပ်မလဲ။ ဘယ်လိုပုံစံနဲ့ လုပ်မလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ဘယ်အဆင့်မှာ လုပ်မလဲ။ ဘယ်သူတွေပါဝင်မယ်ဆိုတာတွေ ဆွေးနွေးတယ်။ ကျင့်ဝတ်စည်းကမ်းတွေ လက်နက်ကိုင်တွေရဲ့ အပစ်အခတ် ရပ်စဲဆိုင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကျင့်စဉ်တွေကို ညှိနှိုင်းဆွေးနွေးတာပဲ”ဟု ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကိုပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များကို အခြေခံ၍ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများ ထွက်ပေါ်လာမည်ဟုလည်း ဆိုသည်။

“ကျွန်နော်တို့ NCCT တာဝန်က တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်းဆွေးနွေး ရယူသွားဖို့၊ ခိုင်မာဖို့နဲ့ တိုင်းရင်းသားဘက်မှလည်း အာမခံချက်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ဖို့အတွက်လုပ်တာ ဒီဆွေးနွေးပွဲကနေ စောင့်ကြည့်လေ့လာရေး၊ ကျင့်ဝတ်စည်းကမ်းတွေ ထွက်လာမယ်။ အဲဒါတွေကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ အခြေခံပြီးတော့ ရေးတယ်”ဟု သူက ဆက်ပြောသည်။

မကြာမီ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ၏ နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော ထပ်မံ တွေ့ဆုံမည် ဖြစ်သည်။ သို့သော် မည်သည့်နေ့ တွေ့ဆုံမည်ကို ရက်မသတ်မှတ်ရသေးဟု ဆိုသည်။

နည်းပညာအထောက်အကူပြုအဖွဲ့မှ ဒုတိယ ဝန်ကြီး ဦးအောင်သိန်း ဦးဆောင်၍ ဒေါက်ကျော်ရင်လှိုင်၊ ဒေါက်မင်းဇော်ဦး၊ ဦးသီဟမျိုးညွန့်နှင့် ဦးညိုအုန်းမြင့်တို့ ၅ဦးသည် ဇန်နဝါရီလ ၉ ရက်တွင် ချင်းမိုင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းနှင့် NCCT အဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ၈၀ ရာခိုင်နှုန်း သဘောတူညီမှု ရရှိပြီဟု နှစ်ဖက်ကိုယ်စားလှယ်များက သတင်းများက ပြောဆိုထားသည်။

လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ လေးဝါး (ခေါ်) လောခီးလာစခန်းတွင် တိုင်းရင်းသားများ၏ ဒုတိယအကြိမ် ညီလာခံ သုံးရက်တာ ကျင်းပ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို အတည်ပြုကြမည် ဖြစ်သည်။

ထို့အပြင် ဇန်န၀ါရီလ ၂၄ မှ ၂၅ ရက်မှာ ကရင်ပြည်နယ် ဘားအံမြို့တွင် တိုင်းရင်းသားများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ထပ်မံ ဆွေးနွေးပွဲကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် ရက်စွဲ သတ်မှတ်နိုင်သည်အထိ ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ယခင်က ကို မဇ္ဈိမပြောခဲ့ဖူးသည်။
Written by  ဖနိဒါ
Mizzima Burmese

အာဆီယံနိုင်ငံများအကြား ရင်းနှီးမြှပ်နှံမှုကိစ္စရပ်များ ဖြေလျှော့ရေး ဆွေးနွေး


နေပြည်တော်၊ မဇ္ဈိမ။      ။  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇန်န၀ါရီလ ၁၀ရက်နှင့် ၁၁ ရက်တွင် နှစ်ရက်တာ ကျင်းပနေသည့် ၆၂ ကြိမ်မြောက်
အာဆီယံရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှု ကော်မတီ (ASEAN Committee on cooperation of Investment-ACCI) အစည်းအဝေးတွင်
အဖွဲ့ဝင်နိုင်ငံများကြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဖြေလျော့မှုများပေးရန် ဆွေးနွေးလျက်ရှိသည်ဟု ဆွေးနွေးပွဲတက်ရောက်သော အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်တင်အေးဟန်က "ဒီအစည်းအဝေးတွေဟာ ရင်းနှီးမြှပ်နှံမှု အတားအဆီးတွေကို ဖြေလျော့ပေးဖို့ လုပ်တာဖြစ်ပါတယ်" ဟု ပြည်တွင်းမီဒီယာအချို့ကို ဖြေကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံကွန်မြူနတီကို အကောင်အထည်ဖော်ရာတွင် အာဆီယံစီးပွားရေး အသိုက်အ၀န်း၊ အာဆီယံနိုင်ငံရေး၊ လုံခြုံရေး အသိုက်အ၀န်းနှင့် အာဆီယံ ယဉ်ကျေးမှုအသိုက်ဝန်းဟူ၍ အကောင်အထည်ဖော်ရာတွင် အာဆီယံစီးပွားရေး အသိုက်အ၀န်းကို အထောက်အကူပြုစေရန် ထိုအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အ၀န်းကို အကောင်အထည်ဖော်ရန် ၂၀၁၂ခုနှစ်၊ မတ်လတွင် အာဆီယံ ဘက်စုံရင်းနှီးမြှပ်နှံမှုဆိုင်ရာ စာချုပ်
အသက်ဝင်လာခဲ့ပြီး ယင်းစာချုပ်ပါ အချက်များကိုလည်း အကောင်အထည်ဖော်ရန် ရှိသည်ဟု ၎င်းက ပြောသည်။

အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး၊ လုပ်ငန်းများလွယ်ကူစေရေး၊ ကာကွယ်ပေးရေးနှင့် ဖြေလျှော့ပေးရေးစသည့်လေးချက်ဟူ၍
လေးပိုင်းရှိသည်ဟု ၎င်းက ပြောသည်။

၎င်းက "၂၀၁၅ရဲ့ရည်မှန်းချက်က ရင်းနှီးမြှပ်နှံမှုတွေ လွတ်လပ်စွာစီးဝင်စေခြင်းပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှပ်နှံမှု ကာကွယ်သည့် အပိုင်းတွင် ရင်းနှီးမြှပ်နှံမှု လမ်းညွန်စာအုပ်များထုတ်ဝေခြင်း၊ ရင်းနှီးမြှပ်နှံမှုများ လွယ်ကူစေရန်
အဆင့်များလျှော့ချခြင်း၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများကို နိုင်ငံပိုင်မသိမ်းရန် ကာကွယ်ပေးထားခြင်း၊ ဖြေလျှောမှုအပိုင်းတွင် ယခင်က နိုင်ငံခြား
ရင်းနှီးမြှပ်နှံမှုမပေးသည့် လုပ်ငန်း(ဥပမာ- ဝိုင်ထုတ်လုပ်ခြင်း)ကို ပေးခြင်း စသဖြင့် လုပ်ကိုင်နေသည်ဟု ၎င်းက ပြောသည်။

၎င်းက "ကျွန်မတို့က စဉ်းစားတဲ့အခါမှာ တစ်နိုင်ငံတည်းအတွက် မစဉ်းစားဘူး။ အာဆီယံတစ်ခုလုံးအတွက်စဉ်းစားပါတယ်" ဟု ပြောသည်။

အစည်းအဝေးကို ဇန်န၀ါရီလ ၁၁ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူသည့် ၂၀၁၄ ခုနှစ်၏ ပထမဦးဆုံး အာဆီယံ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အစည်းအဝေးအဖြစ် ကျင်းပခြင်းဖြစ်ပြီး ၆၃ ကြိမ်မြောက်အစည်းအဝေးကို မေလတွင် ရှမ်းပြည်နယ်၊ တောင်ကြီးတွင် ကျင်းပမည်ဖြစ်ကာ ၆၄ ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလတွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။
Written by  ၀င်းကိုကိုလတ်
Mizzima Burmese

နှစ်အနည်းငယ်အတွင်း ရွာပျောက်စေမည့် ကမ်းပါးပြိုမှု


ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းက ယင်းမူကုန်း ကျေးရွာအုပ်စုအတွင်းက ရွာတွေဟာ ဧရာဝတီမြစ် ကမ်းပါးပြိုမှုဒဏ်ကြောင့်  ...

အယ်ဒီတာခင်ဗျာ..

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းက ယင်းမူကုန်း ကျေးရွာအုပ်စုအတွင်းက ရွာတွေဟာ ဧရာဝတီမြစ် ကမ်းပါးပြိုမှုဒဏ်ကြောင့် ရွာသစ်တွေ ပြောင်းကြရတာ သုံးကြိမ်တိုင် ရှိပါပြီ။ ရွာဆိုလို့ တဲသာသာ ၀ါးတဲအိမ်ကလေးတွေချည်း ရှိတဲ့ ရွာမဟုတ်ပါဘူး။ အိမ်ကြီးရခိုင်တွေချည်း ဖြစ်ပါတယ်။ မြစ်ရေ တိုက်စားမှု ကလည်း တစ်နှစ်ပြီးတစ်နှစ် ရပ်မသွားတာကြောင့် အဲဒီအိမ်ကြီးရခိုင်ဆိုတာတွေတောင် ဖျက်လိုက်၊
ဆောက်လိုက်နဲ့ မည်ကာမတ္တသာ ကျန်ပါတော့တယ်။

အိမ်တွေတင် မကပါဘူး ဒေသခံ ရွာသားတွေဟာလည်း အဲဒီ မြေယာပေါ်မှာ ချည်းပဲ မှီခို လုပ်ကိုင် စားသောက်ကြတဲ့ သူတွေပဲရှိတာမို့ စီးပွားရေးတွေ တစ်စတစ်စ ကျဆင်းလာရာကနေ အခုဆို စားသောက်ဖို့ ခက်ခဲတဲ့အထိ ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာတင် မြစ်ကမ်းပါးပြိုမှုကြောင့် တစ်ချိန်ကမင်းကွန်းဆရာတော်ဘုရားကြီး အလှူခံကြွလေ့ရှိခဲ့ပြီး စာသင်တိုက်တွေနဲ့ စည်ကားခဲ့တဲ့ လက်ပံကားယားဆိုတဲ့ ရွာကြီး၊ နောက်ပြီး
ကျောင်းကုန်းရွာ၊ ထိပ်ဦး၊ မင်္ဂလာကျွန်းစတဲ့ ဧရာဝတီမြစ် တစ်ဖက်တစ်ချက်မှာရှိခဲ့တဲ့ လှေကုန်ကူးခဲ့ကြတဲ့ ရွာတွေ စိုက်ပျိုးရေး ရွာတွေဟာဆိုရင် ပျောက်ကွယ်သွားခဲ့ပါပြီ။

အခုလည်း ယင်းမူကုန်းရွာဆိုရင် မကြာခင် နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီဒေသက လူတွေလည်း ပြေးစရာမြေမရှိတော့လို့ ရွာကို စွန့်ကြရပါတော့မယ်။ စားရေးသောက်ရေး အခက်အခဲကိုလည်း ရင်ဆိုင်နေရသူတွေ များသထက် များလာနေပါပြီ။ နှစ်သုံးဆယ်ကျော်အတွင်း တဖြည်းဖြည်းချင်း ဒုက္ခရောက်လာနေတဲ့ ဒီဒေသရဲ့ ပြဿနာကို ဘယ်သူကမှ သတိမထားခဲ့ကြပါဘူး။

ဒေသခံတွေဟာလည်း လုပ်စားစရာ မြေတွေမရှိတော့လောက်အောင် ဖြစ်နေတာကြောင့် ယခင်က ယာထဲ ကိုင်းထဲမှာ ဇောက်ချ လုပ်ခဲ့တဲ့သူတွေဟာ မြို့တော်ရန်ကုန်ဆီ ချီတက်နေကြပါပြီ။ မြို့ရောက်တော့လည်း အိမ်ဖော်၊ ခဲချောင်းဆွဲ၊ အထည်ချုပ်တွေနဲ့ပဲ တည့်တည့်တိုးနေရပါတယ်။ ရွာမှာလည်း သက်ကြီးရွယ်အို အဘိုးအဘွားတွေပဲ ကျန်ခဲ့ကြပါတယ်။

ဒါကြောင့် ဒီရွှေတောင်မြို့နယ်၊ ယင်းမူကုန်းရွာအုပ်စုက အခက်အခဲကို စစ်ဘေးဒဏ် ခံရတဲ့ သူတွေရဲ့ အရေးလိုပဲ သေချာ စီမံချက်ချ ကူညီပေးကြစေလိုကြောင်း စာရေးသား ပေးပို့လိုက်ပါတယ်။
Mizzima Burmese

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အမေရိကန် ထောက်ခံ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell။

၂၀၁၅ရွေးကောက်ပွဲ မကျင်းပမှီ ၂၀၀၈ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ မြန်မာ ပြည်တွင်းမှာ ပြောဆိုချက်တွေ တနေ့တခြား တိုးလာနေတာနဲ့အမျှ ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံအမတ်ကြီး Derek Mitchell ကလည်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ထောက်ခံလိုက်ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေးဌာနကလည်း ခေတ်မှီ ဒီမိုကရေစီ နိုင်ငံကြီး အပြည့်အဝဖြစ်လာစေဖို့ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံ ကို ဒေါ်လှလှသန်း က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က အရင် မြန်မာ စစ်အစိုးရ လက်ထက် ၂၀၀၈ခုနှစ်က အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတ အရည်အချင်းကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ အတိတ်က လက်ကျန် အမွေဟောင်း တရပ်ဖြစ်တယ်လို့ တင်စားခေါ်ဝေါ် လိုက်ပြီး ပြောင်းလဲဖို့ ထောက်ခံလိုက်တာဖြစ်ပါတယ်။

အဲ့ဒီ့ပုဒ်မမှာ မြန်မာနိုင်ငံ သမ္မတရဲ့ အရည်အသွေးတွေကို သတ်မှတ်ချက်တွေ အနက် တခုကတော့ သမ္မတဖြစ်သူရဲ့ ဇနီး၊ ဒါမှမဟုတ် ခင်ပွန်း၊ ဒါမှမဟုတ် သားသမီးတွေဟာ နိုင်ငံခြားသားတွေ မဖြစ်ရဘူးလို့ ကန့်သတ် ထားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း ဗြိတိန်နိုင်ငံသား Michael Aris ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်နေပြီဖြစ်ပေမဲ့လို့လည်း သူ့ရဲ့ အရွယ်ရောက် သားနှစ်ဦးဖြစ်တဲ့ Kim နဲ့ Alexander တို့ကတော့ နိုင်ငံခြားသားတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် ၂၀၁၅မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အနိုင်ရရင်တောင်မှ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုမျိုး ကန့်သတ်ချက်ဟာ ၁၉၄၇ ခုက ဖြစ်ခဲ့ရင် ဒါမှမဟုတ် ၁၉၇၄ခုနှစ် အထိတောင်မှ အတည်ဖြစ်ခဲ့ရင် သူ့အနေနဲ့ နားလည်နိုင်ပေမဲ့လို့လည်း ၂၁ရာစုမှာ ဒီမိုကရေစီနည်းအရ ချီတက်နေတဲ့ ပြုပြင်ပြောင်း လဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားရာမှာ ဒီလိုနိုင်ငံခြားနဲ့ဆက်သွယ်မှုကို စိုးရိမ်မှုဟာ အတိတ်က အမွေဟောင်းတရပ်ဖြစ်တယ်လို့ ယူဆကြောင်း သံအမတ်ကြီး Mitchellက ဝေဖန် လိုက်ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေးဌာန ကလည်း အခုလို သဘောထားကို တုန့်ပြန်ခဲ့ပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ပြန်ကြားရေးဌာနအရာရှိက အခုလို မြန်မာအစိုးရ ကို တိုက်တွန်းတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ ရည်မှန်းချက် ပန်းတိုင်ကို အပြည့်အဝရောက်နိုင်ဖို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေ စနစ်ရဲ့ အခြေခံ ယန္တရားတွေဟာ ခေတ်မှီ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံရဲ့ စံထားချက်တွေကို ထင်ဟပ်ပေါ်လွင် မယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့။ စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်ထားနိုင်ဖို့ အပြင်၊ နိုင်ငံသားတွေ အနေနဲ့ သူတို့နှစ်သက်တဲ့ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ခွင့် စသဖြင့်တို့ ပါဝင်ပါတယ်။"

ဒါ့အပြင်နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော်မှာ အဓိက ကော်မတီတွေရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်တဲ့အပြင် ဆယ်စုနှစ်ပေါင်းစွာ သတ္တိရှိရှိနဲ့ နိုင်ငံအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူ လည်းဖြစ်တဲ့ အပြင် ပြည်တွင်းမှာ လူကြိုက်များလှတဲ့သူတစ်ဦးကို အခုလို သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တာဟာလည်း သံအမတ်ကြီး Mitchell အတွက် ထူးဆန်းနေတာဖြစ်တယ်လို့ သူကထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်တာကို မြင်လိုပေမဲ့လို့လည်း မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာဖို့ အတွက် ဘယ်ပုဂ္ဂိုလ်ကိုမှ မျက်နှာသာပေးထောက်ခံခဲ့တဲ့ စိတ်နဲ့ တိုက်တွန်းခဲ့တာ မဟုတ်တဲ့ အကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ အပြင် ပြည်သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေတဲ့ ရွေးကောက်ပွဲကိုသာ မြင်လိုတဲ့အတွက်ဖြစ်တဲ့အကြောင်း သံအမတ်က ရှင်းလင်းခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ နောက်ထပ် အခြေအတင် အငြင်းပွားဖွယ်ရာ အချက် ကတော့ လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅% ကို စစ်တပ်အတွက် သတ်မှတ်ထားတဲ့ အချက်နဲ့ တိုင်းရင်းဒေသတွေ မှာ ပြည်မ အစိုးရက ဆက်လက် လွှမ်းမိုးမှုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံခြားရေးဌာနက အရင်စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာမှာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ ကို လျော့ချပေးဖို့လည်း အခုလို တိုက်တွန်းလိုက်ပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်မှုတွေမှာလည်း လွတ်လပ်ပြီး တရားမျှတမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ထောက်ခံတဲ့ သမ္မတကို လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ ရပိုင်ခွင့် ကိစ္စတွေအပြင် နိုင်ငံတော်အစိုးရနဲ့ အဓိက တိုင်းရင်းသား လူနည်းစု ပြည်နယ်တွေအကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းပေးဖို့အပြင်၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ စစ်တပ်ရဲ့ ပါဝင် လှုပ်ရှားဆောင်ရွက်တဲ့ အခန်းကဏ္ဍကို လျော့ချပေးဖို့  လမ်းခင်းပေးဖို့ ရာရောက်ဖို့လိုတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ယုံကြည်ပါတယ်။"

လောလောဆယ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ် ၁၀၉ဦးနဲ့ ဖွဲ့စည်းထားတဲ့ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ပေးပို့ထားတဲ့ အကြံပြုချက် သုံးသိန်းကျော်ကို ငါးဖွဲ့ခွဲပြီး လေ့လာဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီ့အဖွဲ့ဟာ ဇန်နဝါရီလ နောက်ဆုံးထားပြီး တွေ့ရှိချက်တွေကို လွှတ်တော်ကို တင်ဖို့လည်း ရှိပါတယ်။ မကြာမှီက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့ကို သွားရောက်ခဲ့တဲ့ NLD ရဲ့ ပါတီဖွဲ့စည်းပုံအခြေခံ လူထုစုဝေးပွဲကြီး ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲမကျင်းပမှီ၂၀၁၄ခုနှစ်
အတွင်း ဖွဲ့စည်းပုံအခြေခံပြင်ဆင်နိုင်ရေးက အရေးကြီးတယ်လို့ လူထုစည်းဝေးပွဲမှာ ပြောကြားခဲ့တာလည်း တွေ့ရပါတယ်။
VOA Burmese News

ဂျပန်ပြန်ရခိုင်လူမှုရေးအသင်းရဲ့ တောင်ကုတ်မြို့အလှူ


ဂျပန်ပြန်ရခိုင်လူမှုရေးအသင်းက တောင်ကုတ်မြို့ အမ္မာရာမကျောင်းဓမ္မာရုံမှာ  ဒေသခံ  အရပ်ဘက်အဖွဲ့ အစည်းများကို ဒီလ ၅ ရက်နေ့က ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။

ရွှေလှေ အရေးအခင်း  မှာ  သေဆုံးသွားသော လူငယ်နှစ်ဦးရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း    ထောက်ပံ့ငွေများ တိုက်ရိုက် ပေးအပ်ခဲ့တာပါ။

ထောက်ပံ့ငွေက နည်းကောင်း နည်းနိုင်မယ်၊ သို့သော်လည်း အလှူရှင်တွေက စေတနာနဲ့ ထောက်ပံ့တာဖြစ်တယ်လို့ ဂျပန်ပြန်ရခိုင်လူမှုရေးအသင်းရဲ့  ကိုယ်စားလှယ် ကိုမျိုးဆွေက ပြောကြားပါတယ်။

 ဒီအသင်းက ရခိုင်ပြည်နယ်တွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း၊
   ရမ်းဗြဲမြို့မှာလည်းထောက်ပံ့ပေးခဲ့ပြီးကြောင်း၊  သံတွဲမြို့တွင်လည်း ထောက်ပံ့ပေးသွားမည့်အစီအစဉ် ရှိကြောင်း  ကိုမျိုးဆွေက ရှင်းပြပါတယ်။

 တောင်ကုတ်မြို့မှာ   လူမှုအဖွဲ့အစည်း များများရှိခြင်းက ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဧရာဝတီ သတင်း

ငြိမ်းချမ်းရေး အတွက် အနုပညာတံတား




ကလေးပန်းချီပုံများ  (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ) ဘာသာရေး အစွန်းရောက်ခြင်းနှင့် ငြိမ်းချမ်းရေး ပျက်သုဉ်းခြင် ပန်းချီကား (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ) ကလေးပန်းချီပုံ တခု (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
ပြခန်းခြံဝင်းထဲကို ၀င်ဝင်ချင်းမှာပဲ “ငြိမ်းချမ်းရေး အတွက် အနုပညာတံတား” (Art Bridge for Peace) ဆိုတဲ့ ဗီနိုင်းကို ထင်ထင်ရှားရှား ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ အဲဒီမှာ နိုင်ငံခြားသား ဧည့်သည်တချို့နဲ့ မြန်မာ ဧည့်သည်တချို့ ပြပွဲ အကြောင်း သုံးသပ် ပြောဆိုနေတာက -

“ဒီပြပွဲက Social Issue ကို တင်ပြတာလို့ ယူဆတယ်” လို့ တယောက်က ပြောတဲ့အခါ၊ အခြားတယောက်က “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ဆိုတာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့၊ တအုပ်စုနဲ့ တအုပ်စု နားလည်ပေးရမှာ ဖြစ်တယ်။ လက်ခံပေးရမှာ ဖြစ်တယ်။ ဒီသဘောကို ပြပွဲက ထင်ဟပ်ပြတာပဲ။ ကောင်းတယ်ဗျာ” လို့ ပြောပါတယ်။

ပြခန်းထဲမှာတော့ ကဗျာ၊ ၀တ္ထုတို၊ ကာတွန်း၊ ဓာတ်ပုံ၊ ပန်းချီ စသဖြင့် စုံလင်လှပါတယ်။ ထူးခြားတာက လက်ရာ အားလုံးဟာ ဘာသာရေး အစွန်းရောက်မှုကို မီးမောင်းထိုးပြနေပါတယ်။ ဘာသာရေး အစွန်းရောက်ခြင်းနှင့် အနုပညာ ဘယ်လို ဆက်စပ်ပြပါသလဲ။

“ကျနော်တို့ (Diverze Youth Art Platform က ဓာတ်ပုံဆရာ ၁ ဦး၊ ပန်းချီနှင့် ဂီတဆရာ ၁ ဦး၊ စာရေးဆရာမ ၁ ဦးတို့) သည် ဘာသာရေးကို အခြေခံပြီး ဖြစ်ပွားခဲ့သည့် အစွန်းရောက် အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်ခဲ့ရသော ကလေးသူငယ်များအား ခဏတာ စိတ်ဖြေသိမ့်မှု ပေးရန် ရည်ရွယ်ချက်ဖြင့် ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ မိတ္ထီလာ သို့ သွားရောက်ခဲ့ကြောင်း၊ အနီးတ၀ိုက်ရှိ ယာယီစခန်းများမှ မွတ်စလင်မိဘများမှ မွေးဖွားသည့် ကလေးသူငယ်များ၊ ဗုဒ္ဓဘာသာ မိဘများမှ မွေးဖွားသည့် အိမ်ပျောက်သူ ကလေးသူငယ်များနဲ့ တွေ့ဆုံခဲ့ကြောင်း၊ ကလေးများ ပြောဆို သည်များကို နားထောင်ပေးခြင်း၊ သီချင်း သင်ပေးခြင်း၊ ပုံဆွဲခြင်း၊ မုန့်ဝေခြင်းများ ပြုလုပ်ခဲ့ပါသည်” လို့ ကျေးဇူး တင်လွှာမှာ ဖော်ပြပေးထားပါတယ်။

ပြီးတော့ “ယခု တင်ပြထားသည့် ပန်းချီပုံလေးများမှာ ယာယီစခန်း ၈ ခုတွင် ၁ နှစ်ကျော်ကြာ နေထိုင်နေကြရသော အိမ်ပျောက် ကလေးငယ်များ ရေးဆွဲသည့် ပုံကလေးများ ဖြစ်ကြောင်း၊ တချို့ ပန်းချီပုံများမှာ ဗုဒ္ဓဘာသာ စခန်းတခုမှ ကလေးငယ်များ ရေးဆွဲသော ပုံများကို တခြား မွတ်စလင် စခန်းတခုက ကလေးငယ် တဦးက ဆေးခြယ်ပေးထား ကြောင်း” ဖော်ပြထားပါတယ်။

တဖန် “နုနုနယ်နယ် နှလုံးအိမ်လေးတွေမှာ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေ၊ ပျော်ရွှင်မှုလေးတွေ တခဏတာ ပေါ်လာတဲ့ အချိန်…၊ သူတို့လေးတွေရဲ့ အပြုံးအပျော် လှုပ်ရှားမှုတွေက ကျနော်တို့ လူကြီးတွေကို အသံတိတ် ဆုံးမ နေသလိုပဲ” လို့လည်း ရေးသားထားပါတယ်။

လူငယ် အနုပညာရှင် ၈ ဦး စလုံးဟာ ၁၉၈၀ ခုနှစ်နောက်ပိုင်း မွေးဖွားခဲ့တဲ့ လူငယ်အနုပညာရှင်တွေပါ။ အရွယ် အကြီးဆုံးလို့ ဆိုနိုင်တာက ၁၉၈၂ ခုနှစ်ဖွား ကချင်လူမျိုး လူငယ် အနုပညာရှင် ZZDD ခေါ် ဇွန်ဇန်ဒေါင်ဒိုင် ပါ။ အငယ်ဆုံး အနုပညာရှင်က ၁၉၉၀ ခုနှစ်ဖွား ချင်းလူမျိုး လူငယ်အနုပညာရှင် စွမ်ပီး ဖြစ်ပါတယ်။ လူငယ် အနုပညာရှင် ကျော်ကိုထက်က ၁၉၈၄ ခုနှစ်ဖွား၊ စိုင်းသီဟစိုးနှင့် ကာတွန်းလိုင်းလုဏ် တို့က ၁၉၈၆ ခုနှစ်ဖွား၊ ဇွန်စီက ၁၉၈၇ ခုနှစ်ဖွား၊ မြူပါးရ် နဲ့ မင်းရည်သွေးတို့က ၁၉၈၉ ခုနှစ်ဖွားတွေ ဆိုတာ တွေ့ရပါတယ်။

သူတို့ရဲ့ Diverze Youth Art Platform (စုံလင်ကွဲပြားသော လူငယ်အနုပညာ ပလက်ဖောင်း) ကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။ ကာတွန်း၊ ပန်းချီနဲ့ အမြင်ပိုင်းဆိုင်ရာ အနုပညာ၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ ၀တ္ထု၊ ကဗျာ၊ အင်စတော်လေးရှင်း၊ ပါဖောမင့်အတ် စသဖြင့် အနုပညာအလုပ် အမျိုးမျိုးကို အချိန်ပြည့် လုပ်ကိုင်နေတဲ့ လူငယ်တွေနဲ့ ဖွ့စည်းတာပါ။

ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်ကနေ ၁၂ ရက်နေ့ အထိ ပြုလုပ်တဲ့ Diverze Youth Art Platform အဖွဲ့ရဲ့ “ငြိမ်းချမ်းရေး အတွက် အနုပညာတံတား” (Art Bridge for Peace) လို့ ညွှန်းဆိုပြထားတဲ့ ဒီပန်ချီပြပွဲဟာ လူငယ်တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက် ဖြစ်တယ် လို့ ဆိုရမှာပါ။ တနည်း အားဖြင့် အနာဂတ်ကမ္ဘာ၊ အနာဂတ်လောက၊ အနာဂတ် လူငယ်များ အတွက် Thomas Paine (1727-1800) ရဲ့ My country is the world, and my religion is to do good. (ငါ့တိုင်းပြည်ဟာ မြေကမ္ဘာ၊ ငါ့ဘာသာတရားက ကောင်းတာလုပ်ဖို့ပါ) ဆိုတဲ့ စကားကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်ကြောင်း။     ။
ဧရာဝတီ သတင်း

အထက်မြန်မာပြည် ဝူရှူးအားကစား စင်တာ ဖွင့်မည်


မြန်မာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန် အထက်မြန်မာနိုင်ငံ ဖဆပလ တပ်ပေါင်းစု၏ ခေါင်းဆောင် ဗိုလ်မှူးကြီးဗထူးကို ဂုဏ်ပြုသည့် အနေနှင့်မှည့်ခေါ်ထားသော ဗထူးအားကစားကွင်းအတွင်း ဇန်နဝါရီလကုန်ပိုင်းခန့်တွင် အထက်မြန်မာပြည် ဝူရှူးအားကစားစင်တာ ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝူရှူးလေ့ကျင့်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်အေးက ပြောကြားသည်။ ယင်းအသစ်ဖွင့်လှစ်မည့် ဝူရှူးစင်တာကို အခြေခံပညာ အထက်တန်းကျောင်းများစွာနှင့် နီးသည့် ဗထူးကွင်းတွင် ရွေးချယ်ခြင်းဖြစ်ပြီး ဝူရှူးစင်တာ အထောက်အကူပစ္စည်းများ၊ လိုအပ်သည့် ဝူရှူးလေ့ကျင့်ရေး အားကစားရုံများနှင့် ဝူရှူးသင်တန်းများအတွက် လူငယ်များ မွေးထုတ်ပေးမည့် အခြေအနေများကို နေပြည်တော်ကောင်စီတွင် ကျင်းပမည့် မသန်စွမ်းဆီးဂိမ်း ပြိုင်ပွဲပြီးလျှင် ဝူရှူးဆပ်ကော်မတီနှင့် တိုင်းဒေသကြီးအဆင့် ဌာနတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ လက်ရှိတွင် ဗထူးကွင်းကို လာရောက် လေ့ကျင့်မည့် ကျောင်းသား၊ လူငယ် ၄၀ ဦးနီးပါးခန့် ရှိသည့်အနက် ဝူရှူးလေ့ကျင့်မှု အများဆုံးမှာ အ.ထ.က(၁၆)မှ ကျောင်းသားများဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဝူရှူးစင်တာရဲ့ လိုအပ်ချက်တွေကို လူကြီးတွေနဲ့တွေ့ဆုံပြီး တင်ပြဖို့လည်း အစီအစဉ်တွေ ရေးဆွဲနေပါတယ်” ဟု ၎င်းက ဆိုသည်။ ဝူရှူးစင်တာနှင့် အနီးဆုံးဖြစ်သည့် ကျောင်းများမှ ကျောင်းသားများ လေ့ကျင့်လိုခြင်းနှင့် ဝူရှူးပြိုင်ပွဲများအတွက် ငယ်ရွယ်သည့် ကလေးအရွယ်မှစ၍ အထက်တန်းအထိ လေ့ကျင့်ပေးလိုခြင်းတို့ကို ဝူရှူးဆပ်ကော်မတီဖြင့် တွေ့ဆုံ ညှိနှိုင်းပေးနေကြောင်း အ.ထ.က(၁၆)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းနွဲ့က ပြောကြားသည်။ မန္တလေးမြို့ပေါ်တွင် ဝူရှူးလေ့ကျင့်ရေးကို အားကစားတစ်ရပ် အနေဖြင့် ပြုလုပ်သည့်ကျောင်းနှင့် အထက်ကျောင်း တစ်ကျောင်းသာရှိပြီး ဝူရှူးအားကစားစင်တာရှိသည့် ဗထူးကွင်းတွင် လက်ဝှေ့၊ ကျွမ်းဘား၊ သိုင်း၊ အလေးမ စသည့် အားကစား စင်တာများရှိကာ ဗထူးအားကစားကွင်းသည် (၃၀x၇၂) လမ်းထောင့် ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးအဆောက်အအုံ ၁၄ ခု" ဆောက်လုပ်ရန်ရှိ


လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင်ရန်အတွက် ရောဂါကင်းဝေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည်။ ကျန်းမာစွာ နေထိုင်နိုင်ရန် ကျန်းမာရေးအသိပညာ ဗဟုသုတများ၊ လူနေမှုအစ ပုံစံများ ပြောင်းလဲရန် လိုအပ်သည်။ ပြည်သူတစ်ဦးချင်း စိတ်ကျန်းမာရေး ကောင်းမွန်ရန် မိမိကိုယ်တိုင် ပြုပြင်နေထိုင် စားသောက်ရမည်ဖြစ်သလို နိုင်ငံတော်ကလည်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ယခင်ကထက် ပိုမိုဖြည့်ဆည်းပေးရန် ကြိုးစားနေပြီ ဖြစ်သည်။ လာမည့် ဘဏ္ဍာရေးနှစ် ကာလတွင် နိုင်ငံတော်က ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော ငွေကြေးများကို ယခင်နှစ်များကထက် ပိုမိုခွင့်ပြုထားပြီးဖြစ်ရာ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်တော့မည် ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ဖြည့်ဆည်း ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် ပြုပြင်ရန် လိုအပ်သည်။ ''ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်ပြီး တည်ဆောက်မယ့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း ၁၄ ခုရှိပါတယ်။ ဒါတွေက တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းနှင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး အကြီးစားမွမ်းမံခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို တိုင်းကျန်းမာရေး ဦးစီးဌာနက ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူမှု၊ စီစဉ်မှု၊ ဦးစားပေး လျာထားမှုတွေ ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အတည်ပြုဖို့ တင်ပြထားပြီး ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာဦးဇော်လင်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆောက်လုပ်မည့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများမှာ လှည်းကူးမြို့နယ် ဒါးပိန် (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်း၊ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကျောက်တန်းမြို့နယ် မီးပြ (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ပြောင်းရွှေ့ အသစ်ဆောက်လုပ် ခြင်း၊ ထန်းတပင်မြို့နယ်၌ သမိန်တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ ကြည့်မြင်တိုင်မြို့နယ် စက်ဆန်း တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် ထန်းတပင်မြို့နယ် အတွင်း ရေစိုကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကျွဲကူးကျေးလက် ကျန်းမာရေး ဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ရွှေကြာဗျိုက် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ပြောကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဝါးတရာ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ရေကျော် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကျူတော ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အုံ ဆောက်လုပ်ခြင်း၊ ကျားဟုန်း ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် ရန်ကုန်(အရှေ့ပိုင်း)ဆေးရုံ ကြီး အကြီးစား မွမ်းမံခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း တိုက်နယ်ဆေးရုံ လေးခု၊ ကျေးလက်ကျန်းမာရေး ဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ရှစ်ခုနှင့် ရန်ကုန်(အရှေ့ပိုင်း)ဆေးရုံ အကြီးစား မွမ်းမံခြင်းတို့ ဖြစ်သည်။ အဆိုပါ စီမံကိန်းများကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကာလတွင် အကောင်အထည် ဖော်သွားနိုင်မည် ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ဆောက်လုပ်ခြင်း ဖြင့် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုသည် ပြည်သူ ၅ဝဝဝ ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ပြီး ကျေးလက်ကျန်းမာရေး ဌာနတစ်ခုသည် ပြည်သူ ၂ဝဝဝဝ မှ ၃ဝဝဝဝ အထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ကြောင်း သိရသည်။ ထို့အတူ တိုက်နယ်ဆေးရုံ တစ်ရုံသည် ပြည်သူ ၅ဝဝဝဝ ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည်ဖြစ်ရာ ဒေသခံပြည်သူများ၏ နေထိုင်မှု အခြေအနေပေါ် မူတည်ပြီး ကျန်းမာရေး လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge

ကမ္ဘောဒီးယားမှ သမဂ္ဂများ တရားစွဲခံနေရ


 ဇန်နဝါရီ၊ ၁၁။
ကမ္ဘောဒီးယားတွင် လုပ်အားခတိုးမြှင့်ပေးရေးအတွက် နှစ်ပတ်ကျော်ကျော် ကန့်ကွက်ပွဲ ၀င်ခဲ့ကြသော ထောင်ပေါင်းများစွာ သော အထည်ချုပ်လုပ်သားများအနက်  အများစုသည် လွန်ခဲ့သောတစ်ပတ်က အစိုးရမှ အင်အားသုံးဖြိုခွင့်ပြီးနောက်ပိုင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အလုပ်ရှင်များသည် သမဂ္ဂများ စွာကို တရားစွဲဆိုထားကြသည်။ကန့်ကွက်ပွဲတွင်ပါဝင်ခဲ့သော သမဂ္ဂခြောက်ခုကို တာဝန်ယူ တရားစွဲဆိုထားသူ ရှေ့နေ Khieu Sambo က စက်ရုံပေါင်း ၁၅၀ခန့်က တရားစွဲဆိုထားကြပြီး အများစုကလည်း အမှုဖွင့်ရန် ပြင်ဆင်နေကြသည်ဟုဆိုသည်။္ကကမ္ဘောဒီးယား အထည်ချုပ်စက်ရုံပိုင်ရှင်များအသင်း (GMAC) မှ အထွေထွေအတွင်းရေးမှုးချုပ် ကန်လူးက တရားစွဲ ဆိုမှုများသည် သပိတ်မှောက်ရန် သွေးထိုလှုံ့ဆော်ခြင်း၊ ပိုင်ဆိုင်မှုများ ပျက်စီး ဆုံးရှုံခြင်း၊ အလုပ်ဆက်လုပ်လိုသည့် အလုပ် သမားများကို ခြိမ်းခြောက်ကာ ကန့်ကွက်ပွဲသို့ အတင်းအကျပ် ၀င်ရောက်စေခြင်းတို့ အပေါ် အမှုဖွင့်ခြင်းဖြစ်သည်ဟု ဆိုသည်။
တရားစွဲရာတွင် အဓိက ပစ်မှတ်ထားခြင်း ခံရသော အဖွဲ့များအနက် တစ်ခုဖြစ်သော လွတ်လပ်သောကုန်သွယ်ရေးသမဂ္ဂ မှ ဥက္ကဌ ချီအာမွန်နီက တရားစွဲဆိုမှုများသည် နိုင်ငံရေး ပယောဂနှင့်မကင်းကြောင်း၊ သူ့အနေဖြင့် တရားရင်ဆိုင် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ဆိုသည်။ ထိုမျှမက မွန်နီက သူတို့သည် သပိတ်မှောက်ခြင်းများ ထပ်မံ မဖြစ်ပေါ်လာစေရန်နှင့် အလုပ်သမားများကို သမဂ္ဂများမှ မကူညီနိုင်စေရန် ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း၊  သူတို့အနေဖြင့် ကြောက်ရွံ့ နောက်ဆုတ်နေမည် မဟုတ်ကြောင်း ဆိုသည်။

အထည်ချုပ်လုပ်သားများက လစာကို တစ်လလျှင် ဒေါ်လာ ၁၆၀ အထိတိုးမြှင့်ပေးရန် တောင်းဆိုကြသည်။ သူုတို့၏ မူလ လစာမှာ ဒေါ်လာ၈၀ဖြစ်၏။ အစိုးရက ပထမတွင် ၉၅ဒေါ်လာပေးမည်ဟု ဆိုခဲ့ပြီး နောက်ပိုင်းတွင် ယခင်လစာ၏ ၂၅ရာခိုင်နှုန်းကိုထပ်တိုးကာ ဒေါ်လာ ၁၀၀အထိပေးမည်ဟု ဆို၏်။ ထိုနှုန်းကို သမဂ္ဂများက သဘောမတူကြသော်လည်း္ကကမ္ဘောဒီးယား အထည်ချုပ်စက်ရုံပိုင်ရှင်များအသင်းကမူ အနိမ့်ဆုံးလစာမှာ ဒေါ်လာ ၁၀၀ သတ်မှတ်ကာ ဖေဖော်ဝါရီလ ၁ရက်မှ စတင်ကာ အတည်ပြုမည်ဟု အခိုင်အမာ ပြောကြားလျက် ရှိသည်။

Ref: Al Jazeera
The Myanma Age

အိန္ဒိယက အမေရိကန်သံရုံးကို တကယ်ဖယ်ရှားမှာလား


ဇန်နဝါရီ ၁၁။

နယူးယောက်တွင် အိန္ဒိယ၏ ထိပ်တန်း အမျိုးသမီး သံတမန်တစ်ဦးကို ဖမ်းဆီးပြီး အ၀တ်များလှပ်ကာ ရှာဖွေခဲ့သည့် ဖြစ်ရပ်အတွက် နိုင်ငံအကြား တငွေ့ငွေ့တောက်လောင်လာ သံတမန်ဆက်ဆံရေးသည် ယခုအခါနောက်ဆုံးအဆင့်သို့ ရောက်လာပြီဖြစ်သည်။ ဇန်န၀ါရီလ ၁၀ရက်တွင် နယူဒေလီးက အမေရိကန်သံရုံးကို ယုတ်သိမ်းရန်  တောင်းဆိုသည်အထိ ပြင်းထန်လာခဲ့သည်။

နယူးယောက်တွင် အိန္ဒိယ ဒုတိယကောင်စစ်ဝန် ဒေ၀ွန်နီခိုဘရာဂီဒီသည် အိန္ဒိယဖွား အိမ်ဖော်နှင့် ကလေးထိန်း ကို နာရီပေါင်း ၁၀၀ကျော်ခိုင်းစေပြီးမှ လခအနည်းငယ်သာပေးခြင်း၊ သူ၏ ပြည်ဝင်ခွင့်တွင် လိမ်ညာစာရင်းသွင်းခြင်း များကြောင့် ရဲကဖမ်းဆီးကာတွင် အ၀တ်များလှန်လှောရှာခဲ့သဖြင့် အိန္ဒိယက များစွာ အမျက်ထွက်ခဲ့သည်။ ကလေးနှစ်ယောက် မိခင် အသက် ၃၉နှစ် အရွယ်ရှိ ခိုဘရာဂီဒီကမူ သူမတွင် အပြစ်မရှိဟု ဆိုသည်။

နှစ်နိုင်ငံ၏ ဆက်ဆံရေးကိုကြည့်လျှင် ကုန်သွယ်မှုပေါင်း ဒေါ်လာ ၁၀၀ဘီလျှံမျှရှိသဖြင့် မည်သည့်ဘက်ကမှ အမှုကို ပိုမိုကြီးထွားလိုစိတ် မရှိကြပေ။

ဇန်န၀ါရီ ၁၀ရက်တွင် အိန္ဒိယက ခိုဘရာဂီဒီကို နေရပ်သို့ ပြန်ခွင့်ပြုလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးပိုမို ကောင်းမွန်လာဖွယ်ရှိကြောင်း၊ ထိုနည်းကသ နှစ်နိုင်ငံအကြား မျက်နှာချင်းဆိုင်ရန် လွယ်ကူစေမည့် နည်းလမ်းဖြစ်ကြောင်း ဆိုသည်။


အမေရိကန်တို့ သံရုံးနှင့်ပတ်သတ်ပြီး တစ်စုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။

Ref: AP
The Myanma Age

ဆီရီးယားမှ ဆန့်ကျင်ဘက်များ၏တိုက်ပွဲ ခုနှစ်ရက်အတွင်း လူပေါင်း ၅၀၀နီးပါး သေဆုံး


ဇန်နဝါရီ ၁၁။

ဆီးရီးယားမှ တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ဆီးရီယားသူပုန်များနှင့် သဘောထားတင်းမာသည့် Islamist State of Iraq and the Levant (ISIL) တို့ အကြား ဖြစ်ပွားနေသည့် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သေဆုံးသူပေါင်း ၅၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၁၀ရက်က ဆီးရီယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အလက်ပို၊ အဲလ်လစ်ဘ်နှင့် ရက်ကာပြည်နယ် များတွင် ဖြစ်ပွားသည့် အပြန်အလှန် သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၄၈၂ဦးရှိသည့်အနက် ၈၅ဦးမှာ အရပ်သားများ ဖြစ်ကြသည်။ သေဆုံးသူများအနက် ၂၁ဦးသည် ISIL ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ကျန်သောသူများမှာ အပြန်အလှန် ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

အလားတူပင် ISIL တိုက်ခိုက်ရေးသမားများ ဘက်ကလည်း ၁၅၇ဦးသေဆုံးခဲ့ပြီး ၄၇ဦးမှာ သူပုန်များ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည်။ လေ့လာသူများအဆိုအရ အစ္စလာမ္မစ်အဖွဲ့နှင့် အစ္စလာမ္မစ်မဟုတ်သော သူပုန်များအကြား သွေးစွန်းစေသည့် ပဋိပက္ခပေါင်း အကြိမ် ၂၄၀ခန့် ဖြစ်ခဲ့ကြောင်း၊ ကားဗုံးပေါက်ကွဲခြင်း၊ အုပ်စုချင်းအပြိုင်အဆိုင် ရန်ဘက်ပြုခြင်းများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုသို့သောအချိန်မျိုးတွင် ဆီးရီးယား အစိုးရကလည်း သူတို့အနေဖြင့် အကြမ်းဖက်သမားများဟု သတ်မှတ်ထားသော သူပုန် ၃၇ဦးကို သတ်နိုင်ခဲ့ကြောင်း SANA သတင်းဌာနက ကြေညာထားသည်။ အစိုးရတပ်သည် ဆိးရီးယား၏ တတိယအကြီးဆုံး ဟွန်းစ်မြို့ကို ၀န်းရံသိမ်းပိုက်စဉ် ဆုတ်ပြေးကြသော သူပုန်းများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Ref: AFP
The Myanma Age

အမေရိကန် သံအမတ်ကြီးနဲ့ ၈၈ အဖွဲ့တို့ တွေ့ဆုံ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲဟာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို မနေ့မနက်က သွားရောက်တွေ့ဆုံပြီး၊ တစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သံအမတ်ကြီး ဒဲရစ်မစ်ချဲနဲ့ တွေ့ဆုံရာမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချိုတို့ပါဝင်ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ့် အလားအလာအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချိုက RFA ကို ပြောပါတယ်။

"ကျနော်တို့က ပုံမှန်တွေ့ဆုံမှုပါ၊ ဒါပေမယ့် အဲဒီထဲမှာ အခုအချိန်မှာ အရေးပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အမြင်ဖလှယ်ကြတာရှိပါတယ်၊ ၂ဝ၁၅ မှာ ရွေးကောက်ပွဲဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲဝင်နိုင်ရေးနဲ့ ပတ်သက်တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ၂ဝ၁၄ မှာ အရေးတကြီးလိုအပ်နေတယ်၊ ဒါမှလည်းရရှိလာတဲ့ရလာဒ်တွေနဲ့ ပတ်သက်ပြီးတော့ မှန်မှန်ကန်ကန် ကိုယ်စားပြုမှုတွေ ပေါ်ထွက်လာနိုင်တယ်၊ အဲဒါကြောင့်မို့ အဟန့်အတားဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ကြတာတွေရှိတယ်၊ ဘယ်လောက်အထိ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲ မှုတွေဖြစ်လာမလဲ၊ ဒီအပေါ်မှာ ဘယ်လိုမျိုး ပြေလည်နိုင်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်နိုင်သလဲ ဆိုတာလည်း အလေးထားပြီးတော့ ပြောကြတာတွေလည်းရှိတယ်"

၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းကျကျ ယှဉ်ပြိုင်နိုင်ကြပြီး၊ စစ်မှန်တဲ့ လူထုကိုယ်စားလှယ်တွေ ပေါ်ပေါက်လာဖို့အတွက် အခု ၂၀၁၄ ခုနှစ်မှာ အခြေခံဥပဒေပြင်နိုင်ဖို့ လိုတဲ့အကြောင်းနဲ့ ဘယ်လောက်ထိ ပြင်ဆင်ခွင့်ရနိုင်မလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။
RFA Burmese

သမ္မတ အရွေးချယ်ခံခွင့်နှင့် ပတ်သတ်၍ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များအပေါ် စိတ်ပျက်မိကြောင်း အမေရိကန် သံအမတ်ကြီး ထပ်လောင်းဖော်ပြ


ရန်ကုန်၊ မဇ္ဈိမ။ ။ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ဝင်ရောက်အရွေးချယ်ခံခွင့် မရှိစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပိတ်ပင်တားမြစ်ချက် အပေါ် စိတ်ပျက်မိကြောင်း အမေရိကန် သံအမတ်ကြီး Derek Mitchellက ဆိုလိုက်ပြီး အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထောက်ခံခြင်းကိုမူ သံအမတ်ကြီး Derek Mitchell က ချီးကျူးခဲ့သည်။

အမေရိကန် သံအမတ်ကြီး မစ္စတာ Mitchellက ဇန်နဝါရီလ ၁၀ ရက်က မဇ္ဈိမ၏ မေးခွန်းများကို ပြန်လည်ဖြေကြားသည့် အထဲတွင် လာမည့်နှစ်များ၌ မြန်မာနိုင်ငံအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်လိမ့်မည် ဖြစ်ပြီး၊ ပြည်သူများရွေးချယ်ထားသည့် ခေါင်းဆောင်များက အုပ်ချုပ်နေသည်ဟူသော ခံစားချက်မျိုး ပြည်သူများ ရရှိခံစားလာစေမည့် အနေအထားမျိုး ဖြစ်လာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားများသည် ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ခုနှစ် အခြေခံဥပဒေ အရ၊ သမ္မတဖြစ်ရန် လိုအပ်ချက်ကို မပြည့်မီဘဲ ဖြစ်နေရာ အခြေခံဥပဒေပါ ထိုပြဌာန်းချက်ကို နားလည်ပေးရန် ခက်ခဲလှကြောင်းလည်း သံအမတ်ကြီးက ဖော်ပြထားသည်။

“အဓိက နိုင်ငံရေး ပါတီကြီး တစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ အဓိက လွှတ်တော်ကော်မတီ တစ်ခု၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ၊ နိုင်ငံအောင်မြင်ရေး နှင့် အင်အားရှိရေးအတွက် သတ္တိရှိသော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆယ်စုနှစ်နှင့်ချီကာ အနစ်နာခံခဲ့သူလည်း ဖြစ်ပြီး၊ ပြည်သူများကြားတွင်လည်း အလွန် လူကြိုက်များသော သူတစ်ဦးအား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခွင့်မှ ချန်လှပ်ထားမည်ဆိုသည့် ကိစ္စမှာ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိစေချင်သော လေ့လာသူတစ်ဦးဖြစ်သည့် ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်” ဟု သူက ဆိုထားသည်။

ပြင်ပကမ္ဘာနှင့် မိသားစုဆိုင်ရာအဆက်အစပ်ရှိသူများအား စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေသည့် အချက်များ၊ ၁၉၄၇ ခုနှစ် နှင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေများတွင် ပါရှိခဲ့နိုင်ခြင်းကိုမူ နားလည်ပေး၍ ရသည်ဟု မစ္စတာ Mitchell က ဆိုခဲ့သည်။

“သို့ရာတွင် ၂၁ရာစု ကာလမျိုး၌၊ ကမ္ဘာနှင့် တစ်သားတည်းဖြစ်ရန် ကြိုးစားနေပြီး ပွင့်လင်းကာ ဒီမိုကရေစီဆန်လာသည့် မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော အချက်မျိုးကို မပြဌာန်းသင့်ပေ” ဟု သံအမတ်ကြီးက ဆိုထားသည်။

“အဲဒီအချက်ဟာ၊ အဲဒီ ကြောက်ရွံ့မှုဟာ အတိတ်ရဲ့ အမွေတစ်ခုပါ” ဟု ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှ သက်ဆိုင်ရာအချက်ကို ရည်ညွှန်း၍ အမေရိကန် သံအမတ်ကြီးက ဆိုခဲ့သည်။

“လွှတ်တော်တွင်း အင်အားအကြီးဆုံးပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် သူရဦးရွှေမန်းသည်ပင်လျှင်၊ ထိုအချက်အား ပြင်ဆင်ပြောင်းလဲရေးကို လူသိရှင်ကြား ထောက်ခံခဲ့သည်” ဟု မစ္စတာ Mitchell က ဆိုထားသည်။

“ပါတီများနှင့် ခေါင်းဆောင်များကို ပြည်သူများစိတ်ကြိုက်ရွေးချယ်နိုင်မည့် မျှတသော ယှဉ်ပြိုင်မှုမျိုးကို သူ့အနေဖြင့် လိုလားပြီး၊ အနိုင်ရသူက အောင်မြင်မှုဆွတ်ခူးနိုင်မည် ဖြစ်သလို၊ ရှုံးနိမ့်သူကလည်း သစ္စာရှိသော အတိုက်အခံအဖြစ်ဖြင့် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုမှ ဆက်လက်ပါဝင်ကာ နောက်ထပ် ရွေးကောက်ပွဲတစ်ခုကို စောင့်မျှော်ကာ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သူ (သူရဦးဦးရွှေမန်း) က ပြောခဲ့သည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။

“အဲဒါဟာ အလွန် ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်ပါ၊ အလွန် ဒီမိုကရေစီဆန်တဲ့ ရပ်တည်ချက်ပါ။ အဲဒီ အမြင်အတွက် ကျွန်တော် သူ့ကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု မစ္စတာ Mitchell က ဆိုသည်။

“အခြားသူများအနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့ မရှုမြင်ကြသည်လဲ ဆိုသည်ကို လေ့လာသူတစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် အံ့သြမိပြန်ပါသည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။

ထိုကိစ္စမှာ အချုပ်အခြာအာဏာနှင့် ပတ်သတ်နေသဖြင့် အမှားမခံသော ကိစ္စဖြစ်ကြောင်း အမေရိကန် နိုင်ငံအနေဖြင့် နားလည်ပါသည်ဟုလည်း မစ္စတာ Mitchell က ဆိုထားသည်။

“သို့ရာတွင် ဘုံရည်မှန်းချက်မှာ ဒီမိုကရက်တစ် နိုင်ငံတစ်ခု ဖြစ်လာရေးဆိုပါလျှင်၊ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို ရွေးချယ်သည့် စီရင်ဆုံးဖြတ်မှုမှာ လွတ်လပ်မျှတကာ၊ အားလုံးပါဝင်နိုင်ပြီး၊ ပွင့်လင်း၍ လူတိုင်းလူတိုင်း အနေဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကြောင်း သေချာရန် လိုအပ်ပါသည်” ဟု ဖော်ပြထားသည်။

“မည်သည့်နိုင်ငံ၏ ရွေးကောက်ပွဲများတွင်မဆို အမေရိကန်က ပိုနှစ်သက်သော ကိုယ်စားလှယ်ဆိုသည်မှာ မရှိပေ။ ပြည်သူများ၏ ဆန္ဒများကို ထင်ဟပ်သည့် မျှတသော ယှဉ်ပြိုင်မှုမျိုး ဖြစ်ရန်သာ ကျွန်တော်တို့ အလိုရှိပါသည်” ဟု အမေရိကန် သံအမတ်ကြီးက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ချဉ်းကပ်လာသည့် အချိန်တွင် မြန်မာနိုင်ငံအတွင်း အဖြစ်အပျက်များကို အမေရိကန်က အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုခဲ့သည်။

“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကျွန်တော်တို့နှင့်၊ အခြားနိုင်ငံများက လွန်စွာ စိတ်ဝင်စားကြပါတယ်” ဟု သူက ပြောခဲ့ပြီး၊ ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီဆီသို့ကူးပြောင်းမှု ကာလတွင် အရေးကြီးသော ပြယုဂ်တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ဆိုခဲ့သည်။

“အထူးသဖြင့်၊ ရလဒ်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို အမှန်အကန် ထင်ဟပ်ဖို့၊ အပြောင်းအလဲ ကာလရဲ့ အရေးကြီးလှတဲ့ နောက်တစ်ဆင့်မှာ ပြည်သူတွေ အနေနဲ့ သူတို့လိုလားတဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိဖို့၊ ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း ရှေ့ဆက်သွားနေစဉ်မှာ နိုင်ငံအနေနဲ့ တည်ငြိမ်မှု ရှိစေဖို့ စတဲ့အချက်တွေဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မစ္စတာ Mitchell က ဆိုခဲ့သည်။
Written by  Geoffrey Goddard
Mizzima Burmese

ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား




ဘန်ကောက်၊ ဇန်နဝါရီ ၁၀

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှာ အာဏာသိမ်းမည်ကို စိုးရိမ်သည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်အနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ထောက်ခံမှု အမျိုးမျိုးသော ဆန္ဒပြမှုများတွင် အရပ်သားများ ထိခိုက်မှု မရှိစေရန် တာဝန်အပြည့်ဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း၊ လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည့် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်နာကျင်ခြင်း မရှိစေရန် ထိုင်းစစ်တပ် အနေနှင့် ကိုင်တွယ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ပြောကြားလိုက်သည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းကဲ့သို့ ပြောကြားလိုက်ပြီးနောက် ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်က ထုတ်ဖော် ပြောကြားခြင်းလည်း ဖြစ်သည်။

ထိုင်းစစ်တပ်အနေနှင့် အာဏာသိမ်းနိုင်ခြင်းရှိ မရှိ ခန့်မှန်းချက်များနှင့် ပတ်သက်၍ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က မကြာခဏ ပယ်ချခဲ့သော်လည်း ပြတ်ပြတ်သားသား ပြောကြားခြင်း မရှိကြောင်း လေ့လာသုံးသပ်သူ အချို့က ပြောသည်။

ထိုင်းစစ်တပ် ခေါင်းဆောင်းပိုင်း အနေဖြင့် ယခင်က အာဏာ သိမ်းခဲ့သည်များမှ သင်ခန်းစာများ ရရှိထားကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တင့်ကားများ၊ စစ်သားများ ပါဝင်သော ဒါဇင်နှင့်ချီသော ထိုင်းစစ်တပ် တပ်ရင်းများသည် နယ်မှ ဘန်ကောက်မြို့စွန်ရှိ အမှတ် ၁၁ ခြေလျင်တပ်ဖွဲ့သို့ ရောက်ရှိ လာသောကြောင့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းမည် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရသည်။

သို့သော် ယင်းကဲ့သို့ ဘန်ကောက်သို့ နယ်မှစစ်တပ်များ ရောက်ရှိလာခြင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ထိုင်း တပ်မတော်နေ့အတွက် စစ်ရေးပြ အခမ်းအနား ပြုလုပ်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းမည်ဟူသော ကောလာဟလ များကို အမှတ် ၁ ခြေလျင်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဗာရာဘွန်းရာဆစ်က ငြင်းဆိုခဲ့သည်။

ထိုင်းတွင် ယင်းလပ် ဆန့်ကျင်သော အင်အားစုများက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမည် ဖြစ်သကဲ့သို့၊ ထိုင်းမြောက်ပိုင်း ပြည်နယ်များတွင်လည်း ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက ဆန္ဒပြကြမည်ကြောင်း ရှပ်နီခေါင်းဆောင် ချက်တူပေါင်ပရွန်ပန်က ပြောကြားသည်။

The Voice Weekly Myanmar

The Voice Weekly ( Vol-10, No-1 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





မြ၀တီနေ့စဉ်သတင်းစာ (၁၁-၁-၂၀၁၄) စနေနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





Net Guide နည်းပညာဂျာနယ် အတွဲ(၃) အမှတ်(၁၈)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





၂၀၁၃ ခုနှစ် ကမ္ဘာ့ရေးရာ မှတ်တိုင်များ



၂၀၁၃ ခုနှစ် ကုန်ဆုံး၍ နှစ်သစ်သို့ကား ကူးပြောင်းခဲ့ချေပြီ။ နိုင်ငံတကာ ဇာတ်ခုံတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ဟောင်း၏ နိုင်ငံတကာရေးရာ များကို ပြန်လည် လေ့လာကြည့်ရင်း ရှေ့နှစ် အလားအလာများကို စောင့်ကြည့်နိုင်စေရန် အတွက် Al-Jazeera သတင်းဌာန၏ နှစ်ဟောင်းသုံးသပ်ချက် များကို ရေးသား ဖော်ပြလိုက်ရပါသည်။

အာရပ်နွေဦး ပြောင်းပြန်ရိုက်ခတ်မှုများ

ကုန်လွန်ခဲ့သော ၂၀၁၃ ခုနှစ်သည် အာရပ်နွေဦး လူထုလှုပ်ရှားမှုများ၏ စတုတ္ထမြောက်နှစ် ဖြစ်ပေသတည်း။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အီရန်၊ ဘာရိန်းစသည့် နိုင်ငံများတွင် နွေဦးလှုပ်ရှားမှု များ၏ သက်ရောက်မှု များကြောင့် အပြောင်းအလဲများ ဖြစ်သည်တော့ ရှိသည်။ တန်ပြန် သက်ရောက်မှုများက ဆိုးကျိုးများဖြစ်စေ ခဲ့သည်ကိုလည်း တွေ့ရသည်။ တန်ပြန် တော်လှန်ရေးများ ဖြစ်သကဲ့သို့ တန်ပြန်ခြင်းကို ပြန်လည် တန်ပြန်သည့် တော်လှန်ရေးများလည်း ဖြစ်သည်။ အချို့ကိစ္စရပ်များက ငြိမ်းချမ်းစွာဖြစ်ခဲ့သည်။ သို့သော် သွေးထွက်သံယို အကြမ်းဖက်မှု များလည်း ဖြစ်ကြသည်။

အာရပ်ဒေသ အပြောင်းအလဲများ တွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆီးရီးယား အဖြစ်အပျက်များက အလှုပ်ခတ်ဆုံးဟု ဆိုရပေမည်။ သေဆုံးသူပေါင်း တစ်သိန်းကျော်အထိ ရောက်ရှိသွားခြင်းက သွေးလန့်လောက်သည့် ကိန်းဂဏန်း ဖြစ်သည်။ ဆီးရီးယားခေါင်းဆောင် အာဆတ် အစိုးရက ဓာတုလက်နက်သုံးပြီး အရပ်သား များကို တိုက်ခိုက်သည်ဟု အမေရိကန် ပြည်ထောင်စုက ထောက်လှမ်းရေး အချက်အလက် များဖြင့် ပြောဆိုခဲ့သည်။ အာဆတ်က သူပုန်များကသာ ယင်းလက်နက်များ သုံးခြင်းဖြစ်သည်ဟု တန်ပြန်တုံ့ပြန်သည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ဓာတုလက်နက် အသုံးပြုခြင်းကို စစ်ရေးအရ ပြန်လည် အရေးယူမည်ဟု စီစဉ်နေစဉ်တွင် ရုရှားက ကြားဝင်ခဲ့သည်။ ရုရှားသမ္မတ ပူတင်က ကုလသမဂ္ဂ ဓာတုလက်နက် ဖျက်သိမ်းရေးအဖွဲ့က ဦးဆောင်ကာ နိုင်ငံတကာ၏ အကူအညီဖြင့် ဓာတုလက်နက်များ အစုလိုက်အပြုံလိုက် ဖျက်ဆီးမည့် အစီအစဉ်ကို ချပြခဲ့သည်။ ကုလသမဂ္ဂက လက်ခံသကဲ့သို့ ဆီးရီးယားခေါင်းဆောင် အာဆတ်ကလည်း သဘောတူသည်။ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စု၏ စစ်ရေးအရ အရေးယူမည့် အစီအစဉ် နောက်ဆုတ်သွားခဲ့သည်။ ပြည်တွင်းစစ် တိုက်ပွဲများကား ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရေး ပြဿနာကလည်း ကြီးကြီးမားမား ရှိနေသည်။

လစ်ဗျားတွင် ကဒါဖီကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့သော အာရပ်နွေဦးသည် ဆီးရီးယား ကဲ့သို့ပင် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြစ်၏။ အနောက်အုပ်စု၏ လေကြောင်းအကူအညီ ကလည်း အလွန် အထောက်အကူ ပြုခဲ့သည်။ လစ်ဗျားတွင် ကသောင်းကနင်း ဖြစ်ခဲ့သော အခြေအနေမှာ တိုင်းပြည်အပေါ် ဥပဒေစိုးမိုး အသက်ဝင်စေသည့် အစိုးရ မရှိတော့ခြင်း ဖြစ်သည်။ တော်လှန်ရေး ဖြစ်ထားသောကြောင့် လက်နက်များက နေရာအနှံ့ ပြန့်နေသည်။ ဒေသခံ ပြည်သူ့စစ်များက လက်နက်ဖြုတ်ရန် ငြင်းဆန်ထားကြသည်။ လက်နက်ကိုင် အစုအဖွဲ့အချင်းချင်း နယ်မြေလုခြင်း တိုက်ပွဲငယ်များလည်း ဖြစ်လေ့ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကိုယ့်ဘာသာ ထကြေညာသည့် ပြည်နယ်များလည်း ရှိသည်။ ကဒါဖီလက်ထက်တွင် ငြိမ်ခဲ့သော အစွန်းရောက် အစ္စလာမ္မစ်များ ခေါင်းထောင်လာခြင်းသည် လစ်ဗျားတွင် ဖြစ်တောင့်ဖြစ်ခဲ အသေခံဗုံးခွဲမှုများပင် ဖြစ်ခဲ့သည်က သက်သေသာဓက ဖြစ်သည်။ လစ်ဗျား အာရပ်နွေဦးသည် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရန် ခရီးရှည် ချီတက်ရဦးမည် ဖြစ်ပေသည်။

အီဂျစ်နွေဦးကတော့ တော်လှန်ရေး၊ တန်ပြန်တော်လှန်ရေးနှင့် တန်ပြန်တော်လှန် ရေးကို တန်ပြန်သည့် တော်လှန်ရေးများဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ ဘေးရောက်သွားခဲ့သည်။ မိုဟာမက်မော်စီ ရွေးကောက်ပွဲနိုင်ကာ သမ္မတ ဖြစ်ခဲ့ပြီးနောက် အီဂျစ် နိုင်ငံရေးအတွင်းသို့ အစ္စလာမ္မစ်တန်ဖိုး နှုန်းစံများ ထည့်သွင်းလာခဲ့သည်။ မကျေနပ် ကြသူများက ဆန္ဒပြပွဲကြီး များဖြင့် တန်ပြန်ခဲ့သည်။ ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်။ နောက်ပိုင်းတွင် မွတ်ဆလင်ညီနောင်များ အင်အားစု အာဏာရပါတီကို မလိုလားသည့် တပ်မတော်က မော်စီထံမှ အာဏာကို ဖြုတ်ချကာ ၄င်းတို့ထောက်ခံသည့် အင်အားစုများဖြင့် ကြားဖြတ်အစိုးရ ဖွဲ့ပေးခဲ့သည်။ မိုဟာမက်မော်စီလည်း အဖမ်းခံရသည်။ ထိုအခါ မွတ်ဆလင်ညီနောင်များကို ထောက်ခံကြသည့် အင်အားစုများက လမ်းပေါ် ထွက်လာသည်။ စစ်တပ်နှင့် ရဲက အကြမ်းဖက် နှိမ်နင်းသည်။ သေဆုံးသူ များစွာရှိခဲ့ပြီး မွတ်ဆလင်ညီနောင်များ ခေါင်းဆောင်များနှင့် ထောက်ခံသူများ ထောင်ထဲ ရောက်ရသည်။ ဆန္ဒပြခြင်းကို ထိန်းချုပ်ခြင်း၊ သတင်းမီဒီယာများကို ထိန်းချုပ်ခြင်းစသည့် ကိစ္စရပ်များကို စစ်တပ်နောက်ခံ အစိုးရက လုပ်ဆောင်ကာ မွတ်ဆလင်ညီနောင်များ ကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။ အီဂျစ်တွင် အကြမ်းဖက်မှုများ ကလည်း ယခင်ကထက် ပိုများလာသည်။ ဆိုင်နိုင်း ကျွန်းဆွယ် အီဂျစ်အခြေစိုက် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုများ ကလည်း စိတ်လာခဲ့ကာ အစိုးရကို မကျေနပ်သော မွတ်ဆလင်ညီနောင်များ ဘက်က ထောက်ခံသူများကို လက်နက်ကိုင် စစ်သွေးကြွလမ်းစဉ် ရောက်သွားအောင် တွန်းပို့နေသကဲ့သို့ ရှိသည်။

၂၀၁၃ ခုနှစ်က ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး ရာစုနှစ်ဝက်လောက် ရှိပြီဖြစ်သော်ငြား ယင်းကြေညာစာတမ်းပါ အချက်များကို ကာကွယ်ပေးသည့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်မှုများ ကတော့ ၂၀၁၃ ခုနှစ်ထဲ အထိ ရှိနေဆဲပင် ဖြစ်ပေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီပီလေက ၂၀၁၃ ကမ္ဘာ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာတွင် တိုးတက်မှုများ ရှိသည်ဟု ဆိုထားသည်။ သို့ရာတွင် အမျိုးသမီး များကို ဖိနှိပ်ထားခြင်း၊ တိုင်းရင်းသားနှင့် လူနည်းစု ဘာသာဝင်များကို နှိပ်ကွပ်ခြင်း၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊ နေထိုင်လုပ်ကိုင် စားသောက်ရန် အခွင့်အရေး သာလွန်ကောင်းမွန်သည့် နေရာကို ရွှေ့ပြောင်းလိုကြသူများ ရွှေ့ပြောင်း လုပ်သားများကို ခေါင်းပုံဖြတ်ခြင်း စသည်တို့မှာကား ဆက်ရှိနေဆဲဟု ကော်မရှင်နာ မင်းကြီးက ဆိုထားသည်။

ဗဟိုအာဖရိကနိုင်ငံ၊ တောင်ဆူဒန် စသည့် အာဖရိကနိုင်ငံများမှ လူမျိုးရေး နိုင်ငံရေးပဋိပက္ခ များကြောင့် ဖြစ်ပေါ်သည့် လူသားဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများ သတင်းက ၂၀၁၃ နှောင်းပိုင်းတွင် ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့သည်။ အမေရိကန် ပြည်ထောင်စုက စစ်သွေးကြွများကို တိုက်ခိုက်နေသည့် မောင်းသူမဲ့ လေယာဉ်တိုက်ခိုက်မှု များသည်လည်း အရပ်သားကျေးရွာနေ ပြည်သူများ၏ လူ့အခွင့်အရေးကို မလေးမစား ပြုခြင်းဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်သည့် အဖွဲ့များက ပြောကြားကြသည်။

၂၀၁၃ ခုနှစ် လူ့အခွင့်အရေး အခြေအနေ ချွတ်ခြုံကျရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ ဆီးရီးယားပြည်တွင်းစစ် ဖြစ်သည်။ နေရပ်ကို စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည်ပေါင်း ၃ ဒသမ ၂ သန်း ရှိသည်။ အဆိုပါ ကိန်းဂဏန်းသည် ဆီးရီးယား ပြည်တွင်းစစ် ၂၀၁၄ ထဲတွင် အရှိန်ဖြင့် ဆက်ဖြစ်နေလျှင် ၅ဒသမ၂သန်းအထိ တက်လာနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ပြည်တွင်း၌ပင် တိမ်းရှောင်နေရပြီး ဟိုပြေးဒီပြေး ဖြစ်နေသူများက ၂၀၁၄ တွင် ၂၂ ဒသမ ၅သန်း ရှိလာနိုင်သည်ဟု ခန့်မှန်းကြသည်။

လုပ်သား ခေါင်းပုံဖြတ်ခံရခြင်း ကိစ္စရပ် ကလည်း ၂၀၁၃ ခုနှစ်တွင် လူ့အခွင့်အရေး ကဏ္ဍ၌ ကြီးကြီးမားမားနေရာယူထားသည်။ ကာတာနိုင်ငံတွင် အလုပ်လာလုပ်ကြသော ပြည်ပနိုင်ငံများမှ အလုပ်ကြမ်းလုပ်သား ရွှေ့ပြောင်းများ၏ အခြေအနေသည် တိရစ္ဆာန်များအဆင့်သာ ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ဝေဖန်ထားကြသည်။

ကွယ်လွန်သွားသည့် ကမ္ဘာ့ခေါင်းဆောင်များ

၂၀၁၃ ခုနှစ်တွင် ကမ္ဘောဒီးယားခမာ စစ်ရာဇဝတ်ကောင်လို ခေါင်းဆောင်မျိုးနှင့် ဒီမိုကရေစီ၏ အမှတ်သညာ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားလို ပုဂ္ဂိုလ်မျိုးများ ကွယ်လွန်သွားခဲ့သည်။ ၁၉၉၉ ခုနှစ် ကတည်းက ဗင်နီဇွဲလားကို အုပ်ချုပ်ခဲ့သော ဟူဂိုချာဗက်ဇ်သည် ဆိုရှယ်လစ်မူများ ချမှတ်ခဲ့ပြီး အခမဲ့ဆေးဝါး၊ အခမဲ့ပညာရေး စနစ်စသည်တို့ကို ဖော်ဆောင်ခဲ့ပြီး စစ်တပ်ကို လမ်းများ၊ တံတားများ၊ ဆေးရုံများ ဆောက်ရာတွင် အသုံးပြုခဲ့သူဖြစ်သည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကို အစဉ်တစိုက် ချိုးဖဲ့ဝေဖန်ခဲ့သူ ဖြစ်ကာ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၅၈ နှစ်ရှိပြီဖြစ်သည်။

ဧပြီလတွင်တော့ သမိုင်းတွင် သံမဏိ အမျိုးသမီးဟု ထင်ရှားသည့် ဗြိတိန်ဝန်ကြီး ချုပ် မာဂရက်သက်ချာမှာ အသက် ၈၇ နှစ် အရွယ်တွင် တိမ်းပါးခဲ့သည်။ အာဂျင်တီးနား စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ဂျော့ဗီဒယ်လာလည်း မေလ ၁၇ ရက်နေ့တွင် အသက် ၈၇ နှစ်၌ပင် ကွယ်လွန်သွားခဲ့သည်။ ၄င်းသည် စစ်အာဏာရှင် ဘဝက အတိုက်အခံပေါင်း တစ်သောင်းခွဲမှ သုံးသောင်းလောက် အထိ သတ်ပစ်ခဲ့သည်ဟု နာမည် ကျော်သည်။

တောင်အာဖရိက အသားရောင်ခွဲခြားမှု စနစ်ကို တိုက်ဖျက်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလားသည် ဒီဇင်ဘာလ ၅ ရက်နေ့၌ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ဆိတ်ကျောင်းသားလေး ဘဝမှသည် ဥပဒေပညာရှင်၊ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင် တို့မှသည် အကြမ်းမဖက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်ခဲ့သဖြင့် ကျော်ကြားသည်။ ၂၇ နှစ်တာ အကျဉ်းထောင် ထဲတွင် နေထိုင်ခဲ့ရပြီး တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့သည်။ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှု၊ ရောဂါဘယထူ ပြောမှုတို့ကို အောင်မြင်အောင် စွမ်းစွမ်းတမံ ကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၅နှစ် ရှိပြီဖြစ်သည်။

အီရန်အရေး ဆွေးနွေးပွဲများ အခက်ခဲဆုံးအဆင့်နှင့် နှစ်သစ်စိန်ခေါ်မှု

အီရန်တွင် အလယ်အလတ်ဝါဒီ ဘာသာရေးဆရာ ဟတ်ဆန်ရိုဟာနီ ရွေးကောက်ပွဲနိုင်ပြီး သမ္မတ ဖြစ်လာခဲ့သည်။ မဲဆွယ်ပွဲများမှာ ကတည်းက အီရန်ကို အနောက်အုပ်စုက ပြုလုပ် ပိတ်ဆို့ထားသော စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု ကတိကဝတ် ပြုခဲ့သည်။ အီရန်ပြည်သူ များသည် ပိတ်ဆို့မှုများကြောင့် စီးပွားရေး အကျပ်အတည်း ဆိုက်နေကြသည်။ ထို့ကြောင့် ရိုဟာနီ မဲရခဲ့သည်ဟု ဆိုကောင်းဆိုနိုင်ပေမည်။ အာမက်ဒီနေဂျက် လက်ထက်က ရပ်တန့်ထားခဲ့သော နျူကလီးယားအရေး ဆွေးနွေးပွဲများ ပြန်လည် စတင်လာနိုင်ခဲ့သည်။ အမြဲတမ်း ပြုံးနေသော သံတမန်ကြီး အီရန်နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက်ဇာရစ်ဖ်က ဦးဆောင်ဆွေးနွေးသည်။ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ်၊ ရုရှား စသော ကမ္ဘာ့ပါဝါ နိုင်ငံကြီးများ ဥရောပသမဂ္ဂ ထိပ်တန်းခေါင်းဆောင်များ ဦးဆောင်ကာ အီရန်နှင့် ညှိနှိုင်းကြသည်။

အစ္စရေးကတော့ အီရန်သည် နျူကလီးယားဗုံး လုပ်ဖို့ရန်အတွက် အချိန်ဆွဲသဖြင့် ဆွေးနွေးဝိုင်းကို ဟန်ဆောင်ပန်ဆောင် လာတက်ခြင်းဖြစ်သည်ဟု ပစ်ပစ်ခါခါဆိုသည်။ ပါဝါနိုင်ငံများ အနေနှင့် ဘာကို ရွေးရမည်နည်း။ ဆွေးနွေးဝိုင်းကိုသာ အောင်မြင်အောင် ကြိုးစားရုံမှတစ်ပါး အခြားမရှိပြီ။ အီရန်ကို အရေးယူ ပိတ်ဆို့မှုများ ဆက်တင်းကျပ်အောင် ဂျူး မူဝါဒရေးရာ ချဉ်းကပ်သူများက ပါဝါနိုင်ငံကြီးများ မှ နိုင်ငံရေးသမား များကို အရေးဆိုကြသည်။ အိုဘားမားအစိုးရ ကတော့ အီရန်ကို အရေးယူပိတ်ဆို့မှုများ တိုးမြှင့်လျှင် စစ်ပွဲသာဖြစ်နိုင်ပြီး အဖြေ ဖြစ်မလာနိုင်ကြောင်း အတိုက်အခံများကို ပြောကြားထားသည်။ အီရန်သမ္မတလည်း အမေရိကန်သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ် တို့နှင့် တယ်လီဖုန်း ပြောဆိုမှုများ စာအသွားအလာများ လုပ်လိုက်ရသည်။

ဂျီနီဗာဆွေးနွေးပွဲသည် ယခင်ဆွေးနွေးပွဲများထက် စာလျှင်တော့ အသီးအပွင့် ရသည်ဟု ဆိုနိုင်သည်။ အီရန် နျူကလီးယား စက်ရုံများ တိုးချဲ့နေခြင်းကို ရပ်တန့် ဆိုင်းငံ့ထားရေး အတွက် သဘောတူညီမှု ရရှိခဲ့သည်။ စီးပွားရေးပိတ်ဆို့မှု အတွက်တော့ မည်သည့်သတင်းမှ မရရှိသေးပေ။ ဆွေးနွေးဝိုင်း၏ အခက်အခဲဆုံး ကာလများဖြင့် နှစ်သစ် ၂၀၁၄ ကိုရောက်ရှိသွားသည်။ ထိတွေ့ဆက်ဆံပြီး အသွင် ပြောင်းယူရေးများ လုပ်ဆောင်တတ်သည့် သမ္မတအိုဘားမား အစိုးရနှင့် သဘောတရားရေး အစွန်း မရောက်သော ဟတ်ဆန်ရိုဟာနီတို့ သမ္မတ သက်တမ်းများ မကုန်ခင် အီရန်အရေး အဖြေရှာတွေ့ပါရန် မျှော်လင့်ရသည်။ နျူကလီးယားစွမ်းအင် ရရှိရေးသည် အီရန်၏ အခွင့်အရေးဖြစ်သည်ဟု သမ္မတက ပြောဆိုနေဆဲ။ အစ္စရေးကတော့ ဗုံးလုပ်ချင်နေသည့် အီရန်ဟု တပ်အပ် ပြောဆိုထားသည်။

အာဖဂန်နစ္စတန်နှင့် အီရတ်ဇာတ်လမ်းတွဲ

အမေရိကန် ဦးဆောင်သော တပ်များ ဝင်တိုက်ခဲ့သည့် ထိုနိုင်ငံများတွင် အကြမ်းဖက်မှုများက ဆက်လက် ဖြစ်ပွားနေသည့်တိုင် ခြားနားမှုများ ရှိသည်။ အာဖဂန် နစ္စတန်တွင် ၂၀၁၃ တွင် အမေရိကန်၊ တာလီဘန် နှင့် အာဖဂန်အစိုးရတို့ လျှို့ဝှက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့မှုများ ရှိသည်။ တာလီဘန်များက ကာတာတွင် သံရုံးပင် ဖွင့်ကာ ညှိနှိုင်းရေးကိစ္စများ လုပ်ဆောင်လာခဲ့သည်။ ငြိမ်းချမ်းရေး မျှော်လင့်ချက်က ဝေးနေဆဲပင် ဖြစ်သည်။ နှစ်သစ်တွင် အမေရိကန်နှင့် အနောက်အုပ်စုတပ်များ နောက်ဆုံး ထွက်ခွာကြမည် ဖြစ်သဖြင့် လုံခြုံရေး အခြေအနေကို အာဖဂန်တပ်များ တာဝန်သို့ လွှဲပြောင်းမှုများ အသည်းအသန် လုပ်ခဲ့ရသည့်နှစ်လည်း ဖြစ်သည်။

အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး အေးစက်မှု ကလည်း အာဖဂန်အပေါ် သက်ရောက်မှုများ ရှိသည်။ အမေရိကန်၏ ပါကစ္စတန်၊ အာဖဂန်နယ်စပ် မောင်းသူမဲ့ တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်မှ စစ်တပ်ရိက္ခာ ကားများ ၄င်းနိုင်ငံအတွင်းမှ ဖြတ်သန်းနေခြင်းကို မကြာခဏ ပိတ်တတ်သည်။ နိုင်ငံတကာ စစ်တပ်များ ပြန်အထွက် ကာလအလွန် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း အာဖဂန်အစိုးရ၏ သဘောတူညီမှုကို ၂၀၁၃ ခုနှစ်အတွင်းက ချောမွေ့စွာ မရရှိခဲ့ပေ။

၂၀၁၃ ခုနှစ်အတွင်း အာဖဂန်တွင် လူမှုရေးလုပ်သား ၃၆ ဦးသေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့မှု သည်လည်း အဆိုပါနှစ် အတွက် အာဖဂန်နစ္စတန် ၏ မှတ်တိုင်တစ်ခု ဖြစ်ပေတော့သည်။ အမျိုးသမီး များကို နှိပ်ကွပ် ညှဉ်းပန်းခြင်းလည်း မြင့်တက်လာခဲ့သည်ဟု အဖွဲ့အစည်းများက သတိပေး ထားကြသည်။ ခြုံပြီး ဆိုရလျှင် ၂၀၁၃ တွင် အာဖဂန်သည် ငြိမ်းချမ်းရေးဖြစ်စဉ် ရုပ်လုံးပေါ်အောင်၊ အကြမ်းဖက်မှုများ ရပ်တန့်အောင်၊ စီးပွားရေး၊ လူမှုရေး တူတူတန်တန် တိုးတက်အောင် မလုပ်နိုင်ခဲ့ဟု ဆိုနိုင်ပေမည်။

အီရတ်အခြေအနေ ကတော့ ဆီးရီးယားနှင့် ဆက်စပ်နေသည်။ ဆွန်နီ-ရှီးယိုက် ဘာသာရေးပဋိပက္ခ များကြောင့် လူသေဆုံးမှုများ စစ်ပွဲလွန်ကာလတွင် စံချိန် တင်ခဲ့သည်။ ရှီးယိုက်ကြီးစိုးသော မာလီကီ အစိုးရကို မကျေနပ်မှုများ လူထုထဲ ပျံ့နှံ့ခဲ့ပြီးနောက် ရှီးယိုက်များ များပြားရာ ရပ်ကွက်များကို ဆွန်နီစစ်သွေးကြွ များက တိုက်ခိုက်ခဲ့ကြသည်။ ဘာသာရေးအသွင် ဆောင်သော အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီး လူနည်းစု ခရစ်ယာန်ဘာသာဝင်များ မကြာခဏ ဗုံးစာမိခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း စသည်တို့ ကြုံရသည်။

အီရတ်အကြမ်းဖက် အဖွဲ့အစည်းများတွင် အစ္စလာမ္မစ် အီရတ်နိုင်ငံတော် ဆိုသည့် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုများ စိပ်လာခဲ့သည်။ ၂၀၁၄ သည် အပြောင်းအလဲသစ်များ ယူဆောင်လာနိုင်မည် ဆိုခြင်းကို အီရတ်အရေး အကဲခတ်သူများက သံသယ ရှိကြသည်။ ဘာသာရေး အကွဲအပြဲနှင့် နိုင်ငံ တည်ငြိမ်အောင် လုပ်ရခြင်း အကျပ်အတည်း များမှာ ရေတို ဖြေရှင်းနိုင်မည့်ပုံ မရှိပေ။

၂၀၁၃ အတွင်းက တရုတ်-ဂျပန်ပြဿနာ

တရုတ်က ၂၀၁၃ တွင်လည်း ပစိဖိတ် စိုးမိုးရေးအတွက် ၄င်း၏ရေတပ်ကို တိုးချဲ့ဆဲ ဖြစ်သည်။ ပင်လယ်ထဲမှ ဘာမှ ထွက်ပုံမရသည့် ကျွန်းလေးကို အမျိုးသားရေး စိတ်ဓာတ်များဖြင့် သူပိုင်ကိုယ်ပိုင် ငြင်းကြပုံများဖြင့် နှစ်ဟောင်းတစ်ခုလုံး ဖြတ်သန်းခဲ့ ကြသည့် ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံများ ဖြစ်ကြသည်။ တရုတ်အခေါ် ဒိုင်အို၊ ဂျပန်အခေါ် ဆန်ကာကု ကျွန်းကိစ္စကြောင့် အငြင်းပွားမှုသည် ဒေသတွင်းပြဿနာ အဆင့် ဖြစ်နေခဲ့ကာ အမေရိကန်ပြည်ထောင်စု အစရှိသည့် နိုင်ငံများက ဝင်ပြောကြသည်။

တရုတ်က လေကြောင်းရန် ကာကွယ်ရေးဇုန်တွင် ထိုကျွန်းဧရိယာကို ထည့်တွက် သတ်မှတ် ကြေညာလိုက်သည်။ ဂျပန်နှင့် ၄င်း၏ မဟာမိတ်များက ယင်းကိစ္စကို လုံးဝ လက်မခံနိုင်ကြပေ။ တရုတ်က ၄င်းကို အသိမပေးဘဲ ထိုနေရာကို နိုင်ငံခြားလေယာဉ်များ ဝင်လာပါက အရေးပေါ် တုန့်ပြန်မှုများ ပြုလုပ်မည်ဟု ဆိုသည်။ အမေရိကန် ဗုံးကြဲလေယာဉ်အုပ်များ ထိုနေရာကို ဖြတ်ပျံသွားခဲ့သည်။ တရုတ်အရေး အတွက် အင်အားစု တစ်စုစုလိုနေသော ဂျပန်က အာဆီယံကို စည်းရုံးသည်။ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဘီလီယံပေါင်း များစွာသော ချေးငွေများ ကတိပြုခဲ့သည်။

ဂျပန်ခေါင်းဆောင်များ ယာစုကူနီ စစ်သင်္ချိုင်းကို သွားသွား အလေးပြုနေ ခြင်းကလည်း တရုတ်-ဂျပန် ဆက်ဆံရေးကို အဆိုးဝါးဆုံးအဆင့်သို့ ရောက်ရှိသွား စေသည်။ ဂျပန်တို့၏ စစ်လိုလားသော ရန်လိုသည့် အပြုအမူဟု တရုတ်က ဆိုထားသည်။ ထိပ်တိုက်ဆွေးနွေးရန် ဂျပန်ဘက်က ကမ်းလှမ်းချက်ကို တရုတ်က ပယ်ချထားသည်။ ၂၀၁၄ တွင် တရုတ်-ဂျပန် အပြန်အလှန် ပြစ်တင်သည့်စကားများ ဆိုနေကြဖွယ် ရှိပြီး၊ ရေတပ် ချဲ့ထွင်ကြခြင်း၊ အာဆီယံ ကဲ့သို့သော ဒေသတွင်း အင်အားစုများကို ကိုယ့်ဘက်ပါအောင် ပြုလုပ်ခြင်းများဖြင့် အလုပ်များကြဖွယ် ရှိသည်။

သဘာဝဘေးဒဏ်များ မင်းမူသည့် ၂၀၁၃

၂၀၁၃ တွင် အားလုံး မှတ်မှတ်ထင် ထင်ရှိနေမည်မှာ နိုဝင်ဘာလ ၈ တွင် တိုက်ခဲ့သည့် ဖိလစ်ပိုင် တိုင်ဖုန်း ဟိုင်ယန်ဖြစ်သည်။ ကုန်းပေါ်တက်လာသမျှ မုန်တိုင်းထဲတွင် အားအပြင်းဆုံးဟု ဆိုရလောက်အောင် အချို့နေရာ များတွင် တစ်နာရီလျှင် ၂၃၅ မိုင်နှုန်း တိုက်ခတ်သွားခဲ့သည်။ လူခြောက်ထောင် သေဆုံးပြီး ၃ ဒသမ ၆ သန်းခန့် အိုးအိမ်များမှ ပြောင်းရွှေ့ တိမ်းရှောင်ခဲ့ရသည်။

ဆိုင်ကလုန်း ဖိုင်လန်က အိန္ဒိယကို ဝင်ရောက်သွားသည်မှာလည်း ထိခိုက်မှု တော်တော်များသည်။ အသေအပျောက်က ၅၀ ခန့်အထိ ရှိသည်။ တစ်နာရီ မိုင် ၁၅၀ မုန်တိုင်းကြောင့် လူ ၁၃ သန်းခန့် စီးပွားရေးများ ထိခိုက်ခဲ့ရသည်။ ဟာရီကိန်းမုန်တိုင်း နှစ်စင်း ဖြစ်သည့် မန်နျူရယ် နှင့် အင်းဂရစ် တို့က မက္ကဆီကို အနောက်ပိုင်းကို ဆက်တိုက်ဆိုသလို ဝင်သွားခဲ့သည့် အဖြစ်အပျက် ကြောင့်လည်း တော်တော်များများ ထိခိုက်မှု ဖြစ်ခဲ့သည်။ တရုတ် စီချွမ်ငလျင်၊ ဖိလစ်ပိုင် ငလျင်တို့သည်လည်း အသေအပျောက် များခဲ့သည့် ၂၀၁၃ သဘာဝဘေးဒဏ်များ အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

အမေရိကန် ပြည်ထောင်စုကို နှစ်စဉ်ဝင်နေကျ လေဆင်နှာမောင်း များသည်လည်း ၂၀၁၃ တွင် အရေအတွက် ပိုမို များပြားခဲ့ကာ စုစုပေါင်း ၂၄ ဦးအထိ သေဆုံးထားခဲ့သည်။ သဘာဝ ဘေးအန္တရာယ် များသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲသည်ချည်းဖြစ်ရာ ၂၀၁၄ ခုနှစ်တွင် မည်သို့သော ဘေးဒဏ်များ ဝင်လာမည်ကို တပ်အပ် မပြောနိုင်ပေ။ သို့သော် လက်ရှိ ရထားခဲ့သော အတွေ့အကြုံ များကြောင့် အသေအပျောက် ကိုကား လျှော့နိုင်ပေလိမ့်မည်။ အင်ဒိုနီးရှား မီးတောင်များကို စောင့်ကြည့်ရမည်။

သန့်ဇင်စိုး

The Voice Weekly Myanmar

မိဘကိုလှုပ်နှိုးတဲ့ သားသားမီးမီးတို့ရဲ့စကား


(၁) ကျွန်တော့်ကို အလိုမလိုက်ပါနဲ့။ လိုချင်တာအားလုံးကို မရနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကလည်း အဖေ၊ အမေတို့ရဲ့စိတ်ကို ကျွန်တော် စမ်းသပ်ကြည့်ချင်လို့ပါပဲ။

(၂) ကျွန်တော့်ကို စည်းကမ်းတင်းကျပ်ဖို့ မကြောက်ပါနဲ့။ နည်းနည်းတင်းကျပ်တာကို ကျွန်တော်နှစ်သက်တယ်။ ဒါမှ လုံခြုံတယ်လို့ ကျွန်တော်ခံစားရတယ်။

(၃) ကျွန်တော့်ကို အကျင့်ဆိုးတွေ မွေးမပေးပါနဲ့။ ဘယ်အရာတွေက အကျင့်ဆိုးတွေဆိုတာကို အဖေ၊ အမေတို့ စောစောစီးစီးသင်ပြမှ ကျွန်တော်သိနိုင်မှာပါ။

(၄) ကျွန်တော့်ကို "ငယ်သေးတယ်၊ ဘာမှနားမလည်ဘူး" လို့ မကြာခဏ မပြောပါနဲ့။ ဒါတွေက ကျွန်တော့်အတွေးနဲ့ အပြုအမူတွေကို တုံးအသွားစေပါတယ်။

(၅) ကျွန်တော့်အမှားကို လူတွေရှေ့မှာ မလစ်ဟ (မဆုံးမ) ပါနဲ့။ တကယ်လို့ ကျွန်တော့်ကို နှစ်ကိုယ်ကြား ဆိုဆုံးမရင် ကျွန်တော်ပိုပြီး နားဝင်ပါလိမ့်မယ်။

(၆) ကျွန်တော့်ကို သိပ်အကာအကွယ် မပေးပါနဲ့။ အမှားလုပ်ရင် ဆုံးမတာကို ခံယူရမယ်ဆိုတာ ကျွန်တော်သိတယ်။ တစ်ခါတလေ နာကျင်ခြင်းထဲကနေ သင်ခန်းစာရဖို့ ကျွန်တော်သင်ယူရပါမယ်။

(၇) ကျွန်တော့်အမှားတွေကို အပြစ်တစ်ခု၊ အရှက်တစ်ခုဖြစ်အောင် မပြောပါနဲ့။ အဲဒီလိုလုပ်တာက ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ လေးစားမှုကို ထိခိုက်စေပါတယ်။

(၈) "အဖေ၊ အမေကို သားမုန်းတယ်" လို့ ကျွန်တော်ပြောမိတဲ့အခါ စိတ်ထိခိုက် ဝမ်းနည်းမသွားပါနဲ့။ ကျွန်တော်မုန်းတာက လူကိုမဟုတ်ဘဲ ကျွန်တော့်စိတ်ကို ပျက်ပြားစေတဲ့ အဖေ၊ အမေတို့ရဲ့ အမိန့်အာဏာကိုသာဖြစ်တယ်။

(၉) ကျွန်တော်လုပ်တဲ့ အမှားသေးသေးလေးကို မတေးမှတ်ထားပါနဲ့။ ဒါကလည်း ကျွန်တော့်ကို အာရုံစိုက်လာအောင် လုပ်တာဖြစ်တယ်။

(၁ဝ) ကျွန်တော့်ကို တဗျစ်တောက်တောက် မရေရွတ်ပါနဲ့။ ကျွန်တော့်ကို အမြဲဗျစ်တောက်တောက်ရွတ်ရင် နားမကြားချင်ဟန်ဆောင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ရလိမ့်မယ်။

(၁၁) ကျွန်တော်ကို ပေါ့ပျက်ပျက်ကတိတွေ မပေးပါနဲ့။ အဲဒီကတိတွေကို အဖေ၊ အမေတို့ ဖျက်လိုက်တဲ့အခါ အပယ်ခံရတယ်ဆိုပြီး ကျွန်တော် ဝမ်းနည်းဒေါသဖြစ်မိလိမ့်မယ်။

(၁၂) ပြောချင်တာကို ကျွန်တော် သေသေချာချာ၊ ရှင်းရှင်းလင်းလင်း မပြောတတ်တဲ့အခါ ခါတိုင်း ကျွန်တော်ပြောနေကျစကားတွေရဲ့ မပီသမှုကြောင့်ဆိုတာ မမေ့ပါနဲ့။

(၁၃) ကျွန်တော်ရဲ့ ရိုးသားမှုကို မကြာမခဏ ပျက်စီးအောင်မလုပ်ပါနဲ့။ ပျက်စီးအောင်လုပ်တဲ့အခါ ကျွန်တော်ကြောက်လန့်ပြီး လိမ်ညာစကားတွေ အလွယ်တကူ ပြောမိတတ်တယ်။

(၁၄) မသိတဲ့မေးခွန်းတွေကို ကျွန်တော်မေးတဲ့အခါ ကျွန်တော့်ကို မတားပါနဲ့။ ကျွန်တော်မေးတိုင်း တားခဲ့ရင် အဖေ၊ အမေတို့အစား တခြားလူကိုပဲ ကျွန်တော်သွားမေးရပါလိမ့်မယ်။

(၁၅) ကျွန်တော်ရဲ့ ကြောက်စိတ်၊ ထိတ်လန့်စိတ်တွေက ရှက်စရာကောင်းတယ်လို့ မပြောပါနဲ့။ ကျွန်တော်ကြောက်တယ်ဆိုတာ တကယ်ပါ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်ကို နှစ်သိမ့်ပေးပါ၊ နားလည်ပေးပါ။

(၁၆) အဖေ၊ အမေတို့က ခြောက်ပစ်ကင်းတယ်၊ အမှားမလုပ်ဘူးလို့ မပြောပါနဲ့။ အဖေ၊ အမေတို့ရဲ့ ခြောက်ပစ်မကင်းတာနဲ့ အမှားကို ကျွန်တော်သတိထားမိတဲ့နေ့ ကျွန်တော့်မျှော်လင့်ချက်တွေ ဆုံးရှုံးကုန်ပါလိမ့်မယ်။

(၁၇) အပြောနဲ့အလုပ်မညီ မဖြစ်ပါစေနဲ့။ အဲဒါတွေက ကျွန်တော့်ကို ဘာလုပ်ရမှန်း မသိဖြစ်စေသလို အဖေ၊ အမေတို့ကို ယုံကြည်တဲ့ ကျွန်တော့်ယုံကြည်မှုကိုပါ ပျက်ပြားစေပါတယ်။

(၁၈) အမှားအတွက် ကျွန်တော့်ကိုတောင်းပန်တာနဲ့ အဖေ၊ အမေတို့အပေါ်ထားတဲ့ ကျွန်တော့်လေးစားမှုတွေ ပျက်ပြားသွားမယ်လို့ မထင်ပါနဲ့။ ပွင့်လင်းတဲ့ တောင်းပန်မှုက အဖေ၊ အမေတို့နဲ့ ကျွန်တော့်ကို ပိုရင်းနှီးစေပါတယ်။

(၁၉) အရာရာကို ကျွန်တော်စူးစမ်းတတ်တာ မမေ့ပါနဲ့။ မစူးစမ်းရင် မကြီးပြင်းတတ်တဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်နားလည်ပေးပါ။

(၂ဝ) တစ်နေ့ပြီးတစ်နေ့ ကျွန်တော် လျင်လျင်မြန်မြန် ကြီးပြင်းနေပါတယ်။ ကျွန်တော့်ကို သင်ကြား၊ ထိန်းသိမ်းဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှန်း ကျွန်တော်လည်းသိတယ်။ ဒါကြောင့် အကြိမ်ကြိမ် ကြိုးစားကြည့်ပေးပါ။

(၂၁) နားလည်မှု၊ ချစ်ခြင်းမေတ္တာပါတဲ့ အသဲနှလုံးမရှိရင် ကျွန်တော်မရှင်သန်နိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဒါကို ကျွန်တော်မပြောလည်း အဖေ၊ အမေတို့ သိလောက်မယ် ထင်ပါတယ်။

ကလေးတွေကို ဂရုစိုက်မှု ပိုပေးပါ။ စိတ်ပိုရှည်ပေးပါ... ဒါတွေက ကလေးတစ်ယောက်ရဲ့ ရှေ့ရေးကို ပြောင်းလဲစေနိုင်ပါတယ်။

Writer-Da.WAK
Myawady News

အောင်မြင်မှုအတွက် အကြံပြုချက်


Saturday, January 11, 2014


၁) သင့်တော်တဲ့သူနဲ့ လက်ထပ်ပါ... သင့်ဆုံးဖြတ်ချက်လေးတစ်ချက်ဟာ သင့်ပျော်ရွှင်မှု.. ဒါမှမဟုတ် ပူပင်သောကရဲ့ ၉၀% အထိ အဆုံးအဖြတ်ပေးနိုင်ပါတယ်...

၂) သင်နှစ်သက်တဲ့အလုပ်ကို လုပ်ပါ... အဲ့ဒီအလုပ်ဟာ သင်ပေးနိုင်တဲ့အချိန်... သင့်ရဲ့အရည်အချင်းတို့နဲ့ ထိုက်တန်မှုရှိပါစေ...

၃) လူတွေ မျှော်လင့်ထားတာထက်ပိုပေးပါ... ကြည်ကြည်သာသာ ရက်ရက်ရောရောပေးပါ...

၎) သင်သိဖူးသမျှလူတွေထဲက အပြည့်ဝဆုံး... အတက်ကြွဆုံးသူလို ဖြစ်လာပါစေ...

၅) မိမိကိုယ်တိုင်နဲ့ တခြားသူတွေအပေါ် ခွင့်လွှတ်သည်းခံပါ...

၆) ရက်ရောပါ...

၇) ကြီးမြတ်တဲ့နှလုံးသားရှိပါစေ...

၈) မဆုတ်မနစ်ကြိုးစားပါ... မဆုတ်မနစ်ကြိုးစားပါ... မဆုတ်မနစ်ကြိုးစားပါ...

၉) လစာဘယ်လောက်ပဲနည်းနေပါစေ ငွေစုနိုင်ဖို့အတွက် ကိုယ့်ကိုယ်စည်းကမ်းသတ်မှတ်ထားပါ...

၁၀) သင့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း တွေ့သမျှလူတိုင်းကို ဆက်ဆံပါ...

၁၁) မိမိကိုယ်ကို တိုးတက်မှုပုံမှန်ရှိအောင် အခိုင်အမာကြိုးစားပါ...

၁၂) မိမိကိုယ်ကို အရည်အသွေးရှိအောင် အခိုင်အမာကြိုးစားပါ...

၁၃) ပျော်ရွှင်မှုဆိုတာ ဓနဥစ္စာ... သြဇာအာဏာနဲ့ ဂုဏ်သိက္ခာတို့အပေါ်မှာ မူတည်မနေဘဲ သင်လေးစားချစ်ခင်ရတဲ့သူတွေနဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်နေတာကို နားလည်လက်ခံပါ....

၁၄) သစ္စာရှိပါ...

၁၅) ရိုးသားပါ...

၁၆) နိုးကြားတက်ကြွစွာ ကိုယ်တိုင်စလုပ်ပါ....

၁၇) မှားနိုင်တဲ့အခြေအနေရှိနေတယ် ဆိုရင်တောင် ပြတ်ပြတ်သားသားလုပ်ကိုင်ပါ...

၁၈) တခြားသူတွေအပေါ် အပြစ်မဖို့ပါနဲ့... သင့်ဘဝရဲ့ အစိတ်အပိုင်းတိုင်းအပေါ် သင်တာဝန်ယူတတ်ပါစေ....

၁၉) တည်ကြည်လေးနက်မှုရှိပါ... သတ္တိရှိပါ... သင့်ဘဝနောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် သင်လုပ်ခဲ့မိတဲ့အရာတွေထက် သင်မလုပ်ခဲ့မိတဲ့အရာတွေက သင့်ကိုနောင်တပိုရစေပါလိမ့်မယ်....

၂၀) သင်ချစ်တဲ့သူတွေကို ဂရုတစိုက်ရှိပါ....

၂၁) သင့်အမေက သင့်အတွက် ဂုဏ်ယူနေမှာမဟုတ်တဲ့ ဘယ်အရာမျိုးကိုမှ မလုပ်ပါနဲ့....

---------------------------------------------------------------
Ref: Daily Health Tips
နှိုင်းရင့်နွေ


အန္တရာယ်ရှိသည်ဟု အမေရိကန် သတ်မှတ်ထားသော အကျဉ်းသားများကို အာဖဂန် ပြန်လွှတ်မည်




ကဘူး၊ ဇန်နဝါရီ ၉

လုံခြုံမှုရေးရာ ဘေးအန္တရာယ် ဖြစ်စေသည်ဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားသော အကျဉ်းသား ၈၈ ဦးအနက် ၁၆ ဦးကိုသာ ဆက်လက် ထိန်းသိမ်းရန် အထောက်အထား တွေ့ရှိထားခြင်းကြောင့် ကျန်အကျဉ်းသားများကို ပြန်လွှတ် ပေးမည်ဟု အာဖဂန်သမ္မတ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နိုင်ငံ၌ ထိန်းသိမ်းထားသည့် အကျဉ်းသားများမှာ အမေရိကန်နှင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင်များကို သတ်ဖြတ် တိုက်ခိုက်ခဲ့သူများ ဖြစ်ပြီး ယင်းတို့ကို ပြန်လွှတ်ပေးရေးကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း အမေရိကန်က ထုတ်ပြန်ထားသည်။

ဖမ်းဆီးထားသည့် အကျဉ်းသားများအနက် ၇၂ ဦးကို အန္တရာယ် ရှိသူများဟု အမေရိကန် ပြည်ထောင်စုက သတ်မှတ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပတ်ကီက ပြောကြားသည်။
“ဒီအကျဉ်းသားတွေက အန္တရာယ်ကြီးတဲ့ ရာဇဝတ်ကောင်တွေပါ။ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း ခိုင်မာတဲ့ အထောက်အထား ရှိပါတယ်” ဟု ပတ်ကီက ပြောကြားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်၌ ၂၀၁၄ ခုနစ်နောက်ပိုင်း ဆက်လက် တပ်စွဲနိုင်ရေး ခွင့်ပြုပေးမည့် လုံခြုံရေး သဘောတူ စာချုပ်ကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက လက်မှတ် ထိုးမပေးခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပြတ်တောက်လုနီးပါး ဖြစ်နေပြီး အကျဉ်းသား ပြန်လွှတ်ရေး လုပ်ဆောင်ချက်ကြောင့် ဆက်ဆံရေး ထပ်မံဆိုးရွားလာမည် ဖြစ်သည်။

လုံခြုံရေး သဘောတူညီချက် စာချုပ်မရှိပါက အာဖဂန်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ၂၀၁၄ ခုနစ် နောက်ပိုင်းတွင် ရုပ်သိမ်းသွားရမည် ဖြစ်ပြီး အကျဉ်းသားများ ပြန်လွှတ်ပေးမှုကြောင့် သဘောတူညီချက် လက်မှတ် ရေးထိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်၊ မရှိနိုင် ဆိုသည်ကို အချိန်က ဖြေကြားသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း အကျဉ်းသား ၈၈ ဦးအနက် ၄၅ ဦးမှာ သက်သေ အထောက်အထား ခိုင်လုံမှုမရှိဘဲ အခြားသော ၂၇ ဦးမှာလည်း အထောက်အထား လုံလောက်မှု မရှိခြင်းကြောင့် တရားစွဲဆိုနိုင်ရန် မဖြစ်နိုင်ကြောင်း အာဖဂန် အစိုးရအဖွဲ့က ထုတ်ပြန်သည်။
“အကြောင်းပြချက် မရှိ၊ တရားစွဲ ဆိုမှုမရှိဘဲ အပြစ်မဲ့ အာဖဂန်ပြည်သူတွေကို လပေါင်း နှစ်ပေါင်း များစွာကြာ ဖမ်းဆီးထားခွင့် မပြုနိုင်ဘူး” ဟု အာဖဂန်သမ္မတ ကာဇိုင်း၏ ပြောရေးဆိုခွင့်ရှိသူ အေမယ် ဖိုင်ဇီက ပြောကြားသည်။

အကျဉ်းသားများကို ဘာဂရမ် စခန်းအတွင်း ဖမ်းဆီးထားမှုသည် အာဖဂန် အချုပ်အခြာ အာဏာကို ချိုးဖောက်မှု ဖြစ်သည်ဟု အာဖဂန် အစိုးရအဖွဲ့က ပြောကြားထားသော်လည်း အကျဉ်းသားများ ပြန်လွှတ် လိုက်ပါက နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ပြီး အရေးယူမှုအချို့ လုပ်ဆောင်သွားမည်ဟု အာဖဂန်နိုင်ငံသို့ ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်း သွားရောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် လင်ဆေးဂရာဟန်က သတိပေးထားသည်။

The Voice Weekly Myanmar

မြောက်အမေရိကတိုက်က အအေးတွေမြန်မာပြည်ဖက် ကူးလာဦးမလား?




Weather News Upate
11-1-2014
3:04 pm

အမေရိကန်ပြည်ထောင်စုရှိ IRI(International Research Institute)က ၂၀၁၄နှစ် ဇန်န၀ါရီလ၊ဖေဖေါ်ဝါရီလ နဲ့ မတ်လအတွက် အပူချိန်နဲ့ မိုးရေချိန်တို့ကို ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ခန့်မှန်းရရှိတာကတော့ အအေးပေါ့ပြီး ခြောက်သွေ့မယ်လို့ခန့်မှန်းထားပါတယ်။

အပူချိန်အနေနဲ့ခန့်မှန်းချက်မျာဆိုရင် ၂၀၁၄ ခုနှစ်ရဲ့ လာမယ့်(၃)လအတွင်း တနင်္သာရီတိုင်းဒေသကြီးတစ်ခုသာ အပူချိန်ဖြစ်မြဲခန့်ရှိနှိုင်ပြီး ကျန်တပြည်လုံး မှာတော့ ဖြစ်မြဲထက် ၄၅% မှ ၇၀% ခန့်အထိ ပိုနှိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အထူးသဖြင့်မြောက်ပိုင်းဒေသတွေဖြစ်ကြတဲ့
ကချင်ပြည်နယ်၊
စစ်ကိုင်းတိုင်း၊
ချင်းပြည်နယ်၊
မကွေးတိုင်းမြောက်ပိုင်း၊
ရခိုင်ပြည်နယ်မြောက်ပိုင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်း
တို့မှာ ဖြစ်မြထက် ၆၀% မှ ၇၀% အထိ ပိုနှိုင်ပါတယ်။ ဒီတော့ အအေးပိုဖို့တော်တော်ခဲယဉ်းတဲ့သဘောလို့ဘဲ ခန့်မှန်းရပါတယ်။ အထူးသဖြင့်မြောက်ဖက်က အအေးတွေတိုးလာဖို့ မရှိနှိုင်တော့တဲ့ သဘောပါဘဲ။

မိုးရွာသွန်းမှုအနေနဲ့ကလည်း
မန္တလေးတိုင်း၊
မကွေးတိုင်းတောင်ပိုင်း၊
ရခိုင်ပြည်နယ်တောင်ပိုင်း၊
ရှမ်းးပြည်နယ်တောင်ပိုင်း၊
ကယားပြည်နယ်၊
ကရင်ပြည်နယ်မြောက်ပိုင်း၊
ပဲခူးတိုင်း၊
ဧရာဝတီတိုင်း၊
ရန်ကုန်တိုင်း
တို့မှာခြောက်သွေ့မယ်လို့ခန့်မှန်းထားတဲ့အတွက် မိုးသာမက မြူတွေန နှင်းတွေ ကျဆင်းမှုမှာပါ အားလျော့နည်းမယ်လို့ခန့်မှန်းရပါတယ်။

မြန်မာနိုင်ငံရဲ့အရှေ့ဖက် ပစိတ်သမုဒ္ဒယာမှာလည်း မိုးတွေနဲ့ မုန်တိုင်းတွေ ပုံမှန်ထက် ပိုနှိုင်တာကြောင့် အထက်လတ္တီတွဒ်အမြင့်က လေအေးဖြစ်စဉ်တွေထက် အပူပိုင်းဒေသလေနွေးဖြစ်စဉ်တွေက ပိုမို လှုပ်လှုပ်ရှားရှားဖြစ်မယ် ဆိုတဲ့သဘော ကိုလည်း သုံးသပ်ရရှိကြောင်းပါဗျာ။

ဒေါက်တာထွန်းလွင်

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်း ဆိုသည့်မူအရ လုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Written by:
အောင်သူထွန်း

ဇန်န၀ါရီ ၁၀ ရက်က ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော  ပြည်သူလူထုကို လေးစားခြင်းဆိုသော မူအရ လုပ်ခဲ့သည်ဟု ဇန်န၀ါရီ ၁၀ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တစ်တိုင်းပြည်လုံးမှာ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူခဲ့တာဟာ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုကို လေးစားခြင်းဆိုတဲ့မူအရ လုပ်တာပါ။ ပြည်သူလူထုကို မလေးစားဘဲနဲ့ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကို ထူထောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ဆိုတာက ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးရေး၊ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်လို့ ပြောရမယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ကို လက်ခံတယ်ဆိုရင် ပြည်သူလူထုကို လေးစားရမှာပေါ့။ ကိုယ်မလေးစားတဲ့သူကို ကိုယ်ကနေပြီးတော့ ကိုယ့်ကိုအုပ်ချုပ်ခွင့် ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။  ပြည်သူလူထုကို လေးစားတယ်ဆိုရင် ပြည်သူလူထု သိသင့်သိထိုက်တာတွေ အားလုံးကို တင်ပြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကလေးမြို့ စတောင်မ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲသို့ ချင်းတွင်းမြစ်ရိုးမှ ဒေသခံများ၊ ချင်းတောင်ခြေမှ ဒေသခံများ စုစုပေါင်း ငါးသောင်းကျော်ခန့် တက်ရောက်ခဲ့ပြီး ပရိသတ် အများဆုံးနှင့် စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆိုတာဟာ ဟိုယခင်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုပ်ကိုင်ခဲ့တဲ့မူတစ်ခု ဖြစ်ပါတယ်။ အခုမှပြောတော မဟုတ်ပါဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်တုန်းက အချိန်တုန်းက တင်ပြတာလည်း ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၈ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကတည်းက ကန့်ကွက်ခဲ့တာပါ။ ဒီမိုကရေ စီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲဟာလည်း တကယ်တော့ ပြည်သူလူထုတွေရဲ့ ဆန္ဒအမှန်ကို ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဘယ်မူပဲချချ ပြည်သူလူထုကို သေသေချာချာ ရှင်းပြပါတယ်။ တကယ် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပထမဆုံး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူတဲ့အခါမှာ ပထမဆုံး ပြည်သူလူထုက ဘာကိုထောက်ခံ နေတာလဲ ဆိုတာကို နားလည်အောင် ပြောပြရမယ်။ ခေါင်းညိတ်ပြီးတော့ ထောက်ခံတာကို မလိုချင်ပါဘူး။ ခေါင်းသုံးပြီးတော့ တကယ်ကို ယုံကြည်ပြီး ထောက်ခံတာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို ရှင်းပြတာပါ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့များသို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့ လူထုနှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍  “ဒီခရီးစဉ်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ရာသီဥတု အေးမြလွန်းတာနဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ ဒါပေမဲ့ ဒါကလည်း ချင်းတောင်ပြည်သူလူထုက နေ့စဉ်တွေ့ကြုံနေတဲ့ အခက်အခဲပဲလေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည်ကရော ပြည်သူတွေနဲ့ တစ်သားတည်းနေတဲ့ သူတွေဆိုတော့ ဒါကလည်း အခက်အခဲလို့ ပြောစရာ မလိုပါဘူး။ ခရီးစဉ်မှာ လုံခြုံရေးပိုင်း တာဝန်ယူပေးတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာကတော့ ဟားခါးမြို့မှာ တည်းခိုဖို့အတွက် စီစဉ်ထားပြီးမှ ရက်ကပ်ပြီးမှ မရတော့ဘူးဆိုတော့ သေးငယ်တဲ့ သာမန်တည်းခိုခန်းမှာပဲ တည်းခိုခဲ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်နယ်နဲ့ တိုင်းအလိုက်မှာ ဆောင်ရွက်နေတာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ပြင်ဆင်ရေး လမ်းကြောင်းကို ရွေးချယ်တာ တွေ့ရပါတယ်။ တွေ့ရှိရတဲ့ အချက်တွေ ဆန္ဒသဘောထားတွေ၊ ပြင်မယ်လို့ သတ်မှတ်ထားတဲ့ ၁၆၈ ချက်ကို လွှတ်တော်ပူးပေါင်း ကော်မတီကို တင်ပြသွားပါ့မယ်။ တင်ပြီးတော့ NLD ရဲ့သဘောထား တွေကိုလည်း ပြည်သူလူထုကို ထုတ်ပြန်သွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက ပြောကြားသည်။    

eleven media group