ရိုးရာ အစားအစာ စားခြင်းဖြင့် အဝမလွန်အောင် နေထိုင်ပါ

ပို့စ်တင်ချိန် - 1/11/2014 09:45:00 AM


10 JANUARY 2014  | BY HEALTH DIGEST
ရိုးရာ အစားအစာ စားခြင်းဖြင့် အဝမလွန်အောင် နေထိုင်ပါအာရှတိုက်သား တွေရဲ့ အဓိက အစားအစာ တွေမှာ ပဲသီး အမျိုးမျိုး၊ ဆန်ကြမ်း၊ ဂျုံကြမ်းနှင့် ဟင်းသီးဟင်း ရွက်တွေသာ ဖြစ်ပါတယ်။ အဲဒီ အစား အစာတွေက အဝမလွန်အောင် ကာကွယ် တိုက်ဖျက်ပေးနိုင် ပါတယ်လို့ အိန္ဒိယ အာဟာရဓာတ်နှင့် ကျန်းမာရေး ကျွမ်းကျင်သူများက အိန္ဒိယ သားများ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာ ကို ပြောပြခဲ့ ပါတယ်။
ခေတ်ပေါ် အစားအစာတွေဖြစ်သလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တာရှည်ခံ အစားအစာ တွေ၊ အဆင်သင့် စားရတဲ့ အကြော် အလှော်တွေ စားမယ့်အစား လတ် လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အိန္ဒိယရိုးရာ အစားအစာတွေ ပြန်လည်စားသုံးသင့် ပြီလို့ တိုက်တွန်း လိုက်ပါတယ်။ အိန္ဒိယ မှာ အဝလွန်ရောဂါဟာ အဖြစ်များ သွားပြီး အလွန်အကျူး စားသောက်ခြင်း ကြောင့် အဝလွန်ရောဂါနဲ့ သေဆုံး သွားတဲ့ လူတွေ ၁၉၈၀ ပြည့်နှစ်မှာ ထက် ၂ ဆပိုများ လာနေပြီလို့ ဆိုတယ်။ တစ်ဖန် မဆာဘဲ စားစား နေခြင်းကိုလည်း မပြုလုပ်ကြဖို့ တိုက် တွန်းလိုက်ပါတယ်။
ဒါပေမယ့် အမျိုး သမီးတွေကတော့ မော်ဒယ်လ်တွေလို ပိန်ချင်ပြီး မစားကြခြင်းကြောင့် အစာ အိမ်အူလမ်းကြောင်း ကျန်းမာရေး ပြဿနာတွေ ရှိတာလည်း တွေ့ရ တယ်လို့ပြောကြတယ်။ အလွန်အကျူး စားခြင်း သို့မဟုတ် ပုံမှန်စားသင့် သလောက် အစားမစားခြင်းတို့က လူကို ကျန်းမာရေးပြဿနာ တွေ့လာ စေမှာ အမှန်ဖြစ်ကြောင်း သတိပေးခဲ့ ကြပါတယ။

Health Digest