ခြေစွမ်းကို မကျေနပ်လို့ ၀တ်လစ်စလစ်ဆန္ဒပြတယ်

ပို့စ်တင်ချိန် - 1/11/2014 01:27:00 PM




မကျေနပ်ချက်တွေကို ထုတ်ဖော်ရတာနဲ့ ပတ်သက်ပြီး ဘယ်လို ဘယ်အကြောင်း တိတိကျကျ မပြောတတ်ပေမယ့် စိတ်ပေါ့သွားမယ်လို့တော့ ထင်မိပါတယ်။ ဒါကလည်း ထင်တာပါဗျာ(ကျွန်တော်တစ်ယောက်တည်းရဲ့ အထင်ပါ)။ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး မကျေနပ်မှု ထုတ်ပြတာနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံးပြောရရင်တော့ ဆီးဂိမ်းဖြစ်ပါလိမ့်မယ်။

ထင်မထားစရာလည်းဖြစ်၊ ရယ်စရာလည်းကောင်းတဲ့ ဆန္ဒထုတ်ဖော်မှုမျိုး စပိန်မှာဖြစ်ခဲ့ပါတယ်။ ဗယ်လီကာနိုနဲ့ လီဗန်တေးတို့ ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ကိုယ်တုံးလုံးချွတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ကာယကံရှင်ကိုယ်တိုင် ဘာပြောခဲ့သလဲဆိုတာ လက်လှမ်းမီသလောက် လိုက်ရှာပေမယ့် မသိရပါဘူး။ ၀တ်လစ်စလစ် ဆန္ဒပြသူရဲ့ သူငယ်ချင်းကို မီဒီယာတွေက မေးတော့ ဆန္ဒပြရခြင်း အကြောင်းရင်းက ဗယ်လီကာနိုနဲ့ လီဗန်တေးတို့ ကစားတဲ့ပွဲမှာ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကို မကျေနပ်တာကြောင့်လို့ သိရပါတယ်။ အဲဒီပွဲက ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဆန္ဒပြသူက ဘယ်အသင်း ပရိသတ်လဲလို့ မသိရသေးပါဘူး။


Yoyarlay