သရဲကားရိုက်တဲ့ နန်းစုရတီစိုးကြုံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်

ပို့စ်တင်ချိန် - 1/11/2014 09:00:00 AM


အခုတလောမှာ ပရိသတ်တွေက သရဲ ဇာတ်ကားတွေ စိတ်ဝင်စားတဲ့ အချိန်ဖြစ်တဲ့ အတွက် သူလက်ရှိ ရိုက်နေတဲ့ ဇာတ်ကားတွေ ကလည်း တိုက်ဆိုင်စွာနဲ့ သရဲကားတွေ ဆက်တိုက် ဖြစ်နေတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။ အခုဒါရိုက်တာ မီးပွား ရိုက်တဲ့ သရဲ ဇာတ်ကားမှာ စူးရှနဲ့ သရုပ်ဆောင်နေတဲ့ နန်းဆုရတီစိုး က ရွာသူအဖြစ် သရုပ်ဆောင် ရပါတယ်။

အဲဒီ ဇာတ်ကားမှာ ဥစ္စာ စောင့်ဆန်ဆန်နဲ့ ယောက်ျားတွေကို တအား စိတ်နာနေပြီး လိုက်ခြောက်လှန့်ရတဲ့ သရဲမ အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ရ တာဖြစ်ပါတယ်။ နောက်ထပ် ရိုက်ကူးတဲ့ “ဥပဒါန်စံအိမ်” ဆိုတဲ့ သရဲဇာတ် ကားမှာတော့ နေမျိုးအောင် နဲ့ သရုပ်ဆောင်ရပြီး ဒီဇာတ်လမ်းကတော့…
“လွန်ခဲ့တဲ့ ၃နှစ်လောက် မြို့နဲ့ အလှမ်းဝေးတဲ့ မနော သုခ စံအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့ မိသားစု တစ်စုလုံးက ဓားပြတွေကြောင့် သေသွားပြီး မကျွတ်လွတ်ခဲ့ ကြကြောင်း သူတို့က ဧည့်သည်ကို မျှော်နေကြပြီး အိမ်ထဲမှာ ဧည့်သည်နဲ့ အတူ ထမင်းစား ရေသောက် လုပ်ကြကြောင်း၊ နောက်ပိုင်း ဧည်သည့်နဲ့ ချစ်သူဖြစ်သွားကြတဲ့ ဇာတ်လမ်းလေး ပဲဖြစ်တယ်” လို့ နန်းဆုရတီစိုး က ပြောပါတယ်။

အရင်တုန်းက သရဲဇာတ်ကားတွေ ဆိုရင် ဆင်ဆာလည်း ခွင့်မပြုတဲ့ အခါကျတော့ အိပ်မက်အဖြစ် ပြန်ဖြေရတဲ့ အတွက် ပရိသတ် အတွက် စိတ်လှုပ်ရှားစရာ ဇာတ် လမ်း မဖြစ်ကြောင်း၊ အခုဆိုရင် ရာခိုင်နှုန်း တော်တော်များများ ရိုက်ခွင့်ပေးတဲ့ အတွက် ထူးခြားပြီး စိတ်ဝင်စားစရာ ဇာတ်ကားတွေ ရိုက်လာရပြီ ဖြစ်ကြောင်း နန်းဆု ရတီစိုး က ပြောပါတယ်။
နန်းဆုရတီစိုးက ဒီဇာတ်ကား ရိုက်ကူး ပြီးသွားရင် မကွေးတိုင်း ချောက်မြို့က ရွာသစ်ကုန်းမှာ သီချင်း သွားဆိုမှာ ဖြစ်ပါတယ်။ ဒီရွာက နန်းဆုရတီစိုး ရဲ့ ကျေးဇူး ရှင်ရွာ ဖြစ်နေကြောင်းကို “လွန်ခဲ့တဲ့ ၄ နှစ်လောက်က နန်းဆုတံတား ကြော်ငြာ သွားရိုက်တယ်။ အဲဒီက အပြန်မှာ သဲချောင်းကြီး ရှိတယ်။ အလာတုန်း က ကားနဲ့ဖြတ် လာတာ။

အပြန်ကျတော့ ရေတွေ တက်လာပြီး ခါးအလယ် လောက်ထိ ရောက်သွားတယ်။ ကားနဲ့ ဖြတ်လို့ မရဘူး။ ကားနဲ့ လမ်းမ ပေါ်မှာ တစ်ည အိပ်လိုက်ရတယ်။ ရွာ ထဲက လူတွေက ထမင်းတွေ၊ ငါးခြောက်တွေ၊ ကြက်ဥကြော်တွေ၊ ငါးပိချက် တွေ လာကျွေးတယ်။ အိုးတွေ၊ ခွက်တွေ ယူလာပြီး နန်းဆုတို့ ရှုတင် တစ်ဖွဲ့လုံးကို လာကျွေး တယ်။ ညကမိုးလည်း မှောင်နေပြီ။ ရေစီးကလည်း သန်တယ်။ မျောပါသွားရင် ဧရာဝတီမြစ်ထဲ ရောက်သွားမှာ။ မနက် အစောကြီး ကျတော့ ဒီရွာကလူတွေပဲ နန်းဆု တို့ ဖြတ်လို့ မရမှာစိုးလို့ ဝါးလုံးတွေ၊ စောင်တွေနဲ့ သူတို့ကိုယ်တိုင် ပခုံးပေါ်မှာ ထမ်းပြီး ဟိုဘက်ကမ်းကို ပို့ပေးတယ်။ ၈ ယောက် ထမ်းရတယ်။ နန်းဆုနဲ့နန်း ဆုအမေ ကိုလည်း ထမ်းပေးတယ်။ အဲဒီလို ကူညီပေးတဲ့ရွာ၊ သူတို့ကလည်း တအား သံယောဇဉ် ရှိကြပြီး နန်းဆု ကိုငှားမယ်ဆိုပြီး ရန်ကုန် ရောက်လာတာ၊ နန်းဆုကို ရန်ကုန်မှာ လိုက်ရှာ ကြတယ်။ ရွာကလူတွေ အကုန်လုံးက နန်းဆုကို သံယော ဇဉ် ရှိကြလို့လာငှားကြတာ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Myanmar News Journal