သမ္မတကို အာလူး လို့ လှောင်ပြောင်ခေါ်လို့ ထောင်ကျတော့မဲ့ နိုင်ငံရေးသမား

ပို့စ်တင်ချိန် - 1/11/2014 07:15:00 AM


ထိပ်သီးနိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ ဇမ်းဘီးယားသမ္မတကို POTATO လို့  လှောင်ပြောင်သုံးခဲ့တဲ့အတွက် ထောင်ဒဏ်ငါးနှစ်ကျခံရတော့မှာ ဖြစ်ပါတယ်။

Bwalya လို့ ခေါ်တဲ့ တိုးတက်ကောင်းမွန်သောဇမ်ဘီယားနိုင်ငံထူထောင်ရေးမဟာမိတ်အဖွဲ့ ခေါင်းဆောင် ဟာ တိုက်ရိုက်ရေဒီယိုထုတ်လွှင့်မှုတစ်ခုမှာ သမ္မတ Michael Sata ကို “Chumbu Mushololwa” လို့  ခေါ်ဝေါ်ခဲ့ပါတယ်။ ဒီစကားဟာ ဇမ်ဘီးယားဘာသာစကား Bemba မှာ ကျိုးလွယ်ပဲ့လွယ်တဲ့ ကန်စွန်းဥ လို့  အဓိပ္ပါယ်ရပြီး လူတစ်ယောက်ကို သုံးမယ်ဆိုရင်တော့ ပေးတဲ့အကြံဥာဏ်တွေကို ဂရုစိုက်အာရုံမထားတဲ့လူ၊ ခေါင်းမာတဲ့လူကို ဆိုလိုပါတယ်။ နောက်တစ်မျိုးအဓိပ္ပါယ်ကတော့ လူလိမ်လူညာ လို့ လည်း ဆိုလိုတာဖြစ်ပါတယ်။

ရဲတွေဟာ Bwalya ကို သမ္မတ ကို အသရေဖျက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့တာပါ။ အရင်က ကတ်သလစ် ခရစ်ယာန်ဘုန်းကြီးတစ်ဦး ဖြစ်တဲ့ Bwalya ဟာ သူဟာ သမ္မတကို စော်ကားတဲ့အနေနဲ့  သုံးခဲ့တာမဟုတ် ဘဲနဲ့ ဒါဟာ နားလည်မှုလွဲခြင်းတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါဟာ လူသုံးများတဲ့ စကားတစ်ခုပါပဲ။ သူ့ (သမ္မတ) ကို အသရေဖျက်တာမဟုတ်ပါဘူး။ အဲဒီ့ရေဒီယိုအစီအစဉ်မှာ ကျွန်တော်က သူ့ ရဲ့ ဆိုးရွားတဲ့ ခေါင်းဆောင်မှုကို ဝေဖန်ထောက်ပြနေတာ ဖြစ်ပြီး ဒီစကားလုံးဟာ အကြံဥာဏ်မယူချင်တဲ့လူ၊ဆွေးနွေးတိုင်ပင်တာကို မလိုလားတဲ့လူ လို့ ပဲဆိုလိုတာဖြစ်ပါတယ်” လို့ Bwalya က ပြောကြားခဲ့ပါတယ်။

Bwalya ဟာ သူအပြစ်မရှိကြောင်း လျှောက်လဲထားပြီး အာမခံနဲ့ လွတ်မြောက်ထားပါတယ်။ ဇန်န၀ါရီလ ၂၁ ရက်နေ့ မှာ တရားရုံးမှာ ဒီအမှုကို ပြန်လည်ကြားနာမယ်လို့ သိရပါတယ်။

Ref: bbc,mirror,huffingtonpost.
Trend Myanmar