Good Health Journal ( Issue - 470 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၁၂-၁-၂၀၁၄) တနင်္ဂနွေနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဆရာမက တပည့်အချင်းချင်းပါးရိုက်ခိုင်းပြီး အပြစ်ပေးမှုကြောင့် ပါးအချက် ၄၀ လောက်ရိုက်ခံရပြီး မျက်လုံးခွဲစိတ်လိုက်ရတဲ့ကလေး


ရိုက် နှက် ဆုံးမ ခြင်း အလေ့ အထ ဟာ ကောင်းမွန် တဲ့ လုပ်ရပ် မဟုတ် ဘူး လို့ ထောက် ပြ ပြော ဆို မှု တွေ ရှိခဲ့ ပေမယ့် ရပ်တန့် သွား အောင် လုပ် ဆောင် နိုင်ခြင်း မရှိ သေး ပါဘူး။ ရိုက် နှက် ဆုံးမ ခြင်း ကြောင့် ဖြစ်ပေါ် လာ တဲ့ အကျိုး ဆက် က ဘယ်လောက် အထိ အန္တရာယ် များ သလဲ ဆို တာ တရုတ် နိုင်ငံ မှာ ဖြစ် ပျက် ခဲ့ တဲ့ ဆရာနဲ့ တပည့် ကြား ပြဿနာ တစ်ခု က မီးမောင်း ထိုးပြ သွား ခဲ့ပါ တယ်။ Zhengzhou မြို့မှာ ဖွင့် လှစ်ထားတဲ့ ကျောင်းတစ် ကျောင်း မှာ အိမ်စာ လေ့ကျင့် ခန်း တွေ မပြု လုပ် တဲ့ အသက် (၁၂) နှစ် အရွယ် ကျောင်း သားတစ် ဦးကို ဆရာဖြစ်သူက ရိုက်နှက်ဆုံးမှု ပြုလုပ်ခဲ့ ပါတယ်။ ဒါပေမဲ့ ဆရာဖြစ်သူရဲ့ ရိုက်နှက်ဆုံးမ မှုဟာ ရက်စက်လွန်းရာ ကျခဲ့ပြီး ကလေးငယ် အနေနဲ့ မျက်လုံးခွဲစိတ် ကုသမှုခံယူရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဆရာ ဖြစ်သူ က အိမ်စာ မ လုပ်တဲ့ ကျောင်း သားကို ပါးရိုက်ပြီး ဆုံးမမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြု လုပ် ရာ မှာ ဆရာဖြစ်သူကိုယ်တိုင် ပြု လုပ်ခဲ့ခြင်းမဟုတ်ဘဲ အတန်းဖော်တွေကို ပါး ရိုက် မှု ပြု လုပ် ဖို့ စေ ခိုင်း ခဲ့တာ ဖြစ် ပါ တယ်။ ဆရာဖြစ်သူက တပည့်တွေကို အကျယ်လောင် ဆုံး အသံ ထွက် ပေါ် အောင် ပါးရိုက် နိုင်သူအား ဆုချသွားမယ် လို့တောင် ပြောခဲ့သေးတယ်လို့ သိရပါတယ်။ ပါးအချက် (၄၀) နီးပါး အရိုက် ခံရ တဲ့ တပည့်ဟာ အိမ် ကိုပြန်ပြီး နောက်တစ် နေ့မှာ မျက်လုံးအမြင်ေ၀၀ါးသွားခဲ့တာ ဖြစ်ပါ တယ်။

 ဒီကလေး ရဲ့ အမည်ကို ထုတ် ပြန် ကြေ ညာခြင်း မရှိပေမယ့် ဆရာဖြစ်သူဟာ ဒိုက်ထိုး စေတဲ့ ပြစ်ဒဏ်ကိုလည်း ပေးခဲ့ပါတယ်။ နောက် ပြီး နေ့ လည်စာကိုလည်း စားခွင့်မပြုခဲ့ပါဘူး။ ကလေးငယ်ဟာ ရိုက်နှက်မှုကြောင့် ဘယ် ဘက် မျက် လုံး အမြင်ေ၀၀ါး သွား ခဲ့ပြီး ခွဲစိတ် ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ကလေးငယ် ရဲ့ မိခင်ဖြစ် သူက ဘာကြောင့် မျက်လုံး ထိခိုက် သွားသလဲဆိုတာ မသိရှိတာကြောင့် ဆရာဝန် က မျက်လုံးေ၀၀ါးမှုကို ပျောက် ကင်း ရန် ခွဲစိတ် ပေး ခဲ့ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ ဆရာဖြစ် သူက တပည့် ဖြစ်သူ တိုး တက် လာ ဖို့ ရိုက် နှက် ဆုံးမ ခဲ့ခြင်း ဖြစ် ကြောင်း ဖြေရှင်းချက် ပေးခဲ့ပါတယ်။ ကလေးငယ် ပညာသင်ယူနေ တဲ့ ကျောင်းကတော့ ကျန်းမာရေး စရိတ်အ တွက် ပေါင် (၃၀၀၀)နီးပါး ထောက်ပံ့ကူညီ ခဲ့တယ်လို့ သိရပါတယ်။
Messenger News Journal

စစ်မှုထမ်းဟောင်းရဲ့ ကြက်ခြံနဲ့ပတ်သက်လို့ ပေးစာ

ရပ်ကွက်တွင်းက အနံအသက်ဆိုးများဖြစ်နေတဲ့ ကြက်ခြံ

ကျန်းမာရေးနဲ့ပတ်သက်လို့ ပေးစာတစောင် ဧရာဝတီက လက်ခံရရှိထားပါတယ်။ အပြည့်အစုံကို ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။

ရပ်ကွက်ထဲရှိ ကြက်ခြံမှ ဆိုးရွားသောအနံ့ကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများ ကျန်းမာရေးထိခိုက်မှုဖြစ်နေ ပဲခူးတိုင်း၊ ပခူးမြို့၊ သပြေကုန်း(၁) လမ်းရှိ ဦးကျော်မြင့် (စစ်မှုထမ်းဟောင်း) ပိုင်ဆိုင်သော ကြက်ခြံမှ အနံ့ အသက်ဆိုများထွက်ရှိခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်သူရပ်ကွက်သားများ ကျန်းမားရေးထိခိုက်နေ ရပါသည်။

ထိုကြက်ခြံသည် ရပ်ကွက်အလယ်တွင် တည်ရှိ၍ ပတ်ဝန်းကျင်အနီးတွင်လည်း ဘိုးဘွားရိပ်သာတစ်ခုရှိ သည်။

၂၀၁၀ ခုနှစ်က ရပ်ကွက်ရုံးသို့တိုင်ကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။

(၂-၂-၂၀၁၃) ရက်နေ့တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ တိုင်စာပေးပို့ခဲ့ပါသည်။ (၃)ရက်မြောက်နေ့ တွင် တစ်စုံတစ်ရာဖြေရှင်းဆောင်ရွက်ပေးလိမ့်မည်ဟု ထင်ကာ အုပ်ချုပ်ရေးမှူးရုံးသို့ ကျွန်တော်တို့ သွားရောက်ခဲ့ပါသည်။

အုပ်ချုပ်ရေးမှူးက ဘယ်တုန်းက စာ တင်ထားတာလည်း ဟု ပြော၍ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

ကြက်ခြံပိုင်ရှင်မှလည်း တိုင်ချင်ရာတိုင်၊ နေပြည်တော်အထိတိုင် ဟုပြော၍ ကြက်ခြံကို ဒီအတိုင်း ဆက် လက် လုပ်ကိုင်နေပါသည်။

ဦးကျော်မြင့် ၏ သမီးမှာလည်း ရှေ့နေတစ်ယောက်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ သူတို့နဲ့ စကားများ မှာ စိုးသည့်အတွက် သည်းခံလာခဲ့သော်လည်း ကြက်ခြံမှ အနံ့အသက်ဆိုးများကြောင့် ခေါင်းမူး
ဝေဒနာများ မကြာခဏခံစားနေရပါသည်။

ကြက်ခြံပတ်ဝန်းကျင်မှလည်း အသက်ကြီး အဘိုးအဖွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အများ အပြားနေထိုင်၍ ကြက်ခြံမှ အနံ့အသက်ဆိုးများကြောင့် ကျန်းမာရေးထိခိုက်နေရပါသည်။


(၂၆-၃-၂၀၁၃) ရက်နေ့တွင် မြို့နယ်ကျန်းမာရေးမှူး နှင့် သက်ဆိုင်ရာ ဌာနများသို့ အကူညီတောင်း တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့ပါ။

သက်ဆိုင်ရာဌာနတစ်ခု လာရောက်ပြီး ကြက်ခြံပိုင်ရှင်နှင့်ပြောဆိုပြီး ပြန်သွားခဲ့ပါသည်။ ဘိုးဘွားများ၏ ကျန်းမားရေးနှင့် ရပ်ကွက်ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများအား အထက်လူကြီးမင်းများ သိရှိစေ ရန်နှင့် ကူညီဖြေရှင်းဆောင်ရွက်ပေးပါရန် အသိပေးတင်ပြ တိုင်ကြားအပ်ပါသည်။

ပေးပို့လာသော စာနဲ့ အတူ အထောက်အထားစာရွက်စာတမ်းများလည်း အခုလို ပူးတွဲ ပေးပို့လာပါတယ်။






အိမ့်သံစဉ်
ဧရာဝတီ သတင်း

Ariel Sharon အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းစကား


အစ္စရေးဝ်ကြီးချုပ်ဟောင်း Ariel Sharon Nitzanim ဂျူးအခြေချနေထိုင်သူ ထောင်ပေါင်းများစွာ နေထိုင်ဖို့ ရည်မှန်းထားတဲ့ ကမ်းမြောင်ဒေသကို ကြည့်နေစဉ်။ (မေ ၁၇၊ ၂၀၀၅)

အစ္စရေးနိုင်ငံရဲ့ သမိုင်းမှာ Ariel Sharon ရဲ့ အရေးပါတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများက ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြသလို သူ့အပေါ် ဝေဖန်သူတွေကလည်း Mr.Sharon ပတ်သက်ပြီးတော့ ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ ဇနီးကလည်း Mr.Sharon ရဲ့ မိသားစုနဲ့ အစ္စရေးပြည်သူတွေအတွက် အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အစ္စရေး နိုင်ငံရဲ့ လုံခြုံရေးနဲ့ ၂ နိုင်ငံ ငြိမ်းချမ်းလုံခြုံစွာ အတူရပ်တည်သွားနိုင်ရေးအတွက် သဘောထားတွေကို ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြောခဲ့ပါတယ်။ Mr.Sharon ရဲ့ သူငယ်ချင်းလည်းဖြစ်၊ ပြိုင်ဘက်လည်း ဖြစ်တဲ့ အစ္စရေးလ်သမ္မတ ရှီမွန် ပဲရစ္စ်ကတော့ Mr.Sharon ဟာ ရဲစွမ်းသတ္တိရှိတဲ့ စစ်သားတစ်ယောက်ဖြစ်သလို ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပြီး အစ္စရေးလ်နိုင်ငံကို ချစ်တဲ့သူဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေကတော့ Mr. Sharon ကို ရှုတ်ချခဲ့ကြပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားတဲ့ Hamas အဖွဲ့ကတော့ Sharon ဟာ မင်းဆိုးမင်းညစ်ဖြစ်တယ်လို့ ပြောခဲ့သလို Fatah လှုပ်ရှားမှုခေါင်းဆောင် Jibril Rajoub ကလည်း Mr. Sharon ဟာ ရာဇ၀တ်ကောင်လို့ ပြောလိုက်ပြီး သူ့ကို နိုင်ငံတကာရာဇ၀တ်ခုံရုံးကို မတင်နိုင်လိုက်တဲ့အတွက် ၀မ်းနည်းမိတယ်လို့ ပြောလိုက်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ - Mr. Sharon ဟာ သူ့ပြည်သူတွေ အတွက် သူရဲကောင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ပြင်သစ်သမ္မတ Francois Hollande ကတော့ Mr. Sharon ဟာ အစ္စရေးလ်နိုင်ငံရဲ့ သမိုင်းမှာ အဓိက ဇတ်ဆောင်တဦးဖြစ်တယ်လိုပြောလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်ကတော့ အစ္စရေးလ်နိုင်ငံ သူတို့အတွက် အရေးပါတဲ့ခေါင်းဆောင် တဦးကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
VOA Burmese News

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ




ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် Valentine's Day ချစ်သူများနေ့ကို ရည်းစူးပြီး Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart throb, pull your heart strings, heart to heart နဲ့ to wear your heart on your sleeve အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart throb ဖြစ်ပါတယ်။ စာလုံးပေါင်းက Heart = အသဲနှလုံး၊ Throb = (ကြိယာ) ခုန်သည်။ တနည်းတော့ ရင်ခုန်သည်။ ဒီနေရာမှာ heart နဲ့ တွဲသုံးထားတဲ့ throb ကတော့ ရင်ခုန်စေတဲ့လူကို ဆိုလိုပါတယ်။ ရင်ခုန်တယ်ဆိုတော့ ကိုယ်ကမေတ္တာရှိလို့ အမျိုးသမီး သို့မဟုတ် အမျိုးသားကို တွေ့မြင်လိုက်ရင် ရင်ခုန်တယ်၊ စိတ်လှုပ်ရှားတယ်၊ ဖီလင် (feeling) တက်လာခြင်း သဘောဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုရင်ခုန်စေတဲ့ ကိုယ့်ချစ်သူ သို့မဟုတ် ကိုယ့်ကနှစ်သက်သဘောကျနေတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော် စသဖြင့်တို့ကို ကိုယ့်ရဲ့  heart throb တနည်း အသဲစွဲလို့ ဘန်းစကားအရ ပြောဆိုကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

During my mother's day, Elvis Presley was the heart throb of most teenage girls. They would scream every time he appeared on stage.

ကျနော့်အမေတို့ ခေတ်တုန်းက ဆယ်ကျော်သက် အမျိုးသမီးလေးတွေရဲ့  အသဲစွဲက Elvis Presley ဖြစ်တယ်။ သူ စတိတ်စင်ပေါ်တက်လာတိုင်း အမျိုးသမီးတွေက အသံကုန်အော်ဟစ် အားပေးကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ pull your heart strings ဖြစ်ပါတယ်။ စာလုံးပေါင်းက Pull = ဆွဲသည်၊ Your = သင်၏၊ Heart = အသဲနှလုံး၊ Strings = ကြိုးစများတို့ ဖြစ်ကြပါတယ်။ အသဲနှလုံးရဲ့  ကြိုးများကို ဆွဲယူသည် ဖြစ်ပါသည်။ ကျမတို့ မြန်မာမှာလည်း သံယောဇဉ်နှောင်ကြိုးတွေလိုမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်ကတော့ အသဲနှလုံးမှာ ခံစားချက် ပြင်းထန်ကြီးမားတာမျိုးကို ဆိုလိုပါတယ်။ တနည်းတော့ ရင်ထဲမှာ၊ အသဲထဲမှာ ခိုက်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မေတ္တာကြီးလို့ပဲဖြစ်ဖြစ်၊ အကြင်နာတရား ကြီးမားလို့ပဲဖြစ်ဖြစ်၊ သနားစိတ်ကြောင့်ဖြစ်ဖြစ် ရှိတဲ့ခံစားမှုမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The story we saw on TV about the victims of the Haiti earthquake last year pulled our heart strings.

မနှစ်တုန်းက ဟေတီမြေငလျင်သင့်တဲ့ လူတွေအကြောင်း တီဗွီပေါ်မှာ မြင်လိုက်ရတော့ ကျနော်တို့ တော်တော်လေး ရင်ထဲအသဲထဲမှာ စိတ်မကောင်းဖြစ် ခံစားကြရတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart to heart ဖြစ်ပါတယ်။ စာလုံးပေါင်းက Heart = အသဲနှလုံး၊ to = သို့၊ Heart = အသဲနှလုံး တို့ ဖြစ်ကြပြီး heart to heart က အသဲနှလုံးတခုမှ နောက်တခုသို့။ တနည်းအားဖြင့် အသဲနှလုံးအချင်းချင်းလို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရှိကိုအရှိအတိုင်း သူ့စိတ်ထဲမှာရှိတာ၊ ကိုယ်စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After having a good heart to heart talk with my friend, we understood each other much better and managed to be on better term.

ကျနော့်သူငယ်ချင်းနဲ့ ကျနော့်ကြား သူကလည်း သူ့စိတ်ထဲရှိတဲ့အတိုင်းပြော ကျနော်ကလည်း ကျနော့်စိတ်ထဲရှိတဲ့အတိုင်းပြောကြတော့ တဦးနဲ့တဦး ပိုမိုနားလည်းလာကြတယ်။ ခင်မင်မှုလည်း ပိုခိုင်မြဲလာတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ to wear your heart on your sleeve ဖြစ်ပါတယ်။ စာလုံးပေါင်းက To wear = ဝတ်ဆင်သည်၊ Your heart = သင်၏ အသဲနှလုံး On = အပေါ်မှာ၊ Sleeve = အင်္ကျီလက် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က အင်္ကျီလက်ပေါ်မှာ သင့်ရဲ့  အသဲနှလုံးကို တပ်ထား၊ တင်ထားတဲ့သဘော ဖြစ်ပါတယ်။ ကိုယ့်ရဲ့  လက်ပေါ်မှာ အသဲနှလုံးကို တင်ထားတပ်ထားတဲ့ တင်စားပြောတဲ့ သဘောကတော့ ကိုယ့်စိတ်ထဲ၊ ခံစားချက်ကို လူတွေက ကိုယ့်ကိုမြင်တာနဲ့ သဘောပေါက်ကြတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အထူးသဖြင့် လူတဦးတယောက်အပေါ် မေတ္တာရှိနေပြီဆိုရင် အဲဒီလူကို ဘယ်လောက်ကြိုက်တယ်၊ ချစ်တယ်၊ မြတ်နိုးတယ်ဆိုတာကို ပေါ်လွှင်နေတဲ့သဘော ဖြစ်ပါတယ်။ အလားတူပဲ မုန်းတယ်ဆိုရင်လည်း ဘယ်လောက်မုန်းတယ်ဆိုတာကို သူရဲ့  အပြုအမှု၊ သူ့ပုံစံအရ သိသာနိုင်တာကို ဆိုလိုပါတယ်။

မေတ္တာနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All his friends know John is in love with Nancy. He wears his heart on his sleeve.

John တယောက် Nancy အပေါ် မေတ္တာရှိနေတယ်ဆိုတာကို သူ့ သူငယ်ချင်းတွေအားလုံး သိကြတယ်။ သူကလည်း သူဘယ်လို ခံစားချစ်မြတ်နိုးတယ်ဆိုတာကို လူတွေသိအောင် နေထိုင်ပြတယ်။
VOA Burmese News

မြ၀တီနေ့စဉ်သတင်းစာ (၁၂-၁-၂၀၁၄) တနင်္ဂနွေနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





The Voice Weekly ( Vol-10, No-1 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အမေရိကန် မြို့နယ် ၉ ခု အရေးပေါ်အခြေအနေ ကြေညာ

ဓာတ်ပုံ - ရိုက်တာ

အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်က လူ ၃ သိန်းလောက်ဟာ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ချိုးစရာ သုံးစရာ ရေချို မရှိတဲ့ ဒုတိယညကို ဖြတ်သန်းနေရပါတယ်။

ပြည်နယ်ရဲ့မြို့တော် ချာလ်စ်တွန်နားက အဲ့လ်ခ် မြစ်ထဲကို ဓာတုဖိတ်စင်မှု ဖြစ်ခဲ့တာပါ။ ခုတော့ ဓာတုပစ္စည်းပမာဏ လျော့ကျလာနေပါပြီ။ စက်မှုလုပ်ငန်းသုံး ဖိုးမီသိုင်းစိုင် ကလိုဟက်ဆိင်း မက်သနော လို့ခေါ်တဲ့ ခရုဒ် MCHM ဂါလံငါးထောင်က ဇန်န၀ါရီ ၉ ရက်နေ့မှာ မြစ်ထဲကိုယိုစိမ့်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အီးယ် ရေး တွန်ဘလင်က စီအင်အင်သတင်းဌာနကို ပြောပါတယ်။

ဒါကြောင့် ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မြို့နယ် ၉ ခုကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး သမ္မတ အိုဘားမားကတော့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ခုလို ဓာတုဖိတ်စင်မှုကြောင့် အနောက်ဗာဂျီးနီးယား ပြည်နယ်ရဲ့ အကြီးဆုံးမြို့ ချာလ်စ်တွန်မှာ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ခဲ့ ရပါတယ်။
ပြည်နယ်ရဲ့ အကြီးဆုံး ရေသန့်စင်စက်ရုံရဲ့ ဥက္ကဌ ဂျက်ဖ် မက်အင်တူးဟာ ကတော့ ဘယ်အချိန်ရောက်မှ ရေက သုံးဖို့ စိတ်ချရအောင်ဘေးကင်းမယ်ဆိုတာ သူ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ဓာတုပစ္စည်းပါနေတဲ့ ရေရဲ့ အနံ့က စမုံစပါးနံ့နဲ့ တူပြီး လူသေလောက်အောင် အဆိပ်ဓာတ် မမြင့်ပေမယ့် ဘေးကင်းရေးကို စဉ်းစား နိုင်တဲ့ ပမာဏကတော့ တွက်ချက်ရဦးမှာပါ။

အရေးပေါ်လုပ်သားတွေက ဓာတုဖိတ်စင်မှု သက်ရောက်တဲ့ ဒေသတွေနားက ဌာနတွေကို ရေတွေ ဖြန့်ဖြူးပေးနေပါတယ်။ ဒေသခံတွေကတော့ စတိုးဆိုင်တွေမှာ ရေသန့်ဗူးတွေ ၀ယ်ဖို့ တန်းစီနေပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ ညနေအထိ အနောက်ဗာဂျီးနီးယား အဆိပ်သင့်ဌာနဆီကို လူ ၇၃၇ ယောက် ဖုန်းဆက်ပြီး ဓာတုဖိတ်စင်မှုနဲ့ သက်ဆိုင်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့ လက္ခဏာတွေကို အစီရင်ခံခဲ့ ပါတယ်။ လက္ခဏာတွေထဲမှာ အော့အန် မူးဝေ ပျို့အန် ၀မ်းလျှော အင်ပြင်ထတာတွေ ပါဝင်ပြီး အပျော့စားကနေ အနေရ အများကြီး ပိုခက်တဲ့ အဆင့်ထိ အမျိုးမျိုး ဖြစ်ကြတယ်လို့ ရေကုမဏီ ပြောခွင့်ရ အဲလီဇဘက် ရှားမန်းက ပြောပါတယ်။ ရောက်လာသူ ၇၀ လောက်ရှိပြီး လူလက်တဆုပ်စာ လောက်ပဲ ဆေးရုံတင်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရေသန့်စက်ရုံရဲ့ မြစ်ညာပိုင်းမှာရှိတဲ့ သတ္တုတူးဖော်ရေး သံမဏိနဲ့ ဘိလပ်မြေစက်ရုံတွေအတွက် အထူးစီမံထားတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဖရီးဒင်း industries က ပိုင်တဲ့ ကန်တခုကနေ ဓာတုပစည်းတွေ ယိုစိမ့်ခဲ့တာပါ။

ထူးခြားတဲ့အနံ့ရကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက အစီရင်ခံစာ ရခဲ့လို့စစ်ဆေးရာက ခုလိုတွေ့ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက ရေ၊ ပစ္စည်းကိရိယာတွေနဲ့ ထောက်ပံ့ရေးတွေ သယ်ရာမှာ အလုပ်တွင်ကျယ်စေဖို့ ကုန်ကားတွေရဲ့ အရွယ်အစားနဲ့ အလေးချိန် ကန့်သတ်ချက်တွေကို ဇန်န၀ါရီ ၁၀ ရက်နေ့က သက်ညှာခွင့် ပေးခဲ့ပါတယ်။
DVB Burmese

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၁၂-၁-၂၀၁၄)






















အနောက် ဗာဂျီးနီးယား ပြည်နယ် အရေးပေါ် အခြေအနေကျရောက်


အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ် အတွင်း 4-methylcyclohexane methanol ၄ သောင်း၊ ၈ ထောင် ဂါလံ ယိုဖိတ်ပြီး Elk မြစ်ထဲကို စီးဝင်နေ။ (ဇန်နဝါရီ ၁၁၊ ၂၀၁၄)

အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဓာတုယိုဖိတ်မှု ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတအိုဘားမားက အနောက်ဗာဂျီးနီးယား ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

အဲဒီလို ဓာတုဗေဒ ယိုဖိတ်မှုကြောင့် ကျောင်းတွေနဲ့အလုပ်တွေကို ပိတ်ထားရပြီး လူပေါင်း ၃ သိန်း လောက်လည်း သောက်ရေမရှိဘဲ ဖြစ်နေပါတယ်။ ပြည်နယ် အတွင်းမှာ နေထိုင်နေကြတဲ့သူတွေဟာ ဆိုင်တွေမှာရှိတဲ့ သောက်စရာတွေ အားလုံး ဘာမှမကျန်အောင် ၀ယ်ယူတဲ့အထိ ဖြစ်နေပါတယ်။

အခြေအနေက မယုံနိုင်လောက်အောင်ဖြစ်နေပြီး ဆိုင်တွေမှာလူတွေ ပြည့်သိပ်နေပြီး အချိုရည်တွေ၊ ရေပုလင်းတွေ ဘာမှမကျန်တဲ့အထိအောင် ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံတွေမှာ အသုံးပြုတဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းတွေဟာ အနောက်ဗာဂျီးနီးယား ပြည်နယ်မြို့တော် Charleston မြို့က Elk မြစ်အတွင်းကို ကြာသာပတေးနေ့က ရေပေးဝေရေးစခန်းနားမှာ ယိုဖိတ်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဖြစ်ပြီးချိန်ကစပြီး ပြည်နယ်အတွင်းမှာ နေနေတဲ့သူတွေအနေနဲ့ ဘုံပိုင်ကလာတဲ့ ရေတွေကို မသောက်ဖို့ ပြီးတော့ ရေချိုးတာတွေ၊ လျှော်ဖွပ် တာတွေ မလုပ်ကြဖို့ ပြည်နယ်တာဝန်ရှိသူတွေက အကြံပေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗဟိုအစိုးရအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေပြီဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
VOA Burmese News

မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး အောင်မြင်စွာမွေးဖွား


မိုးကုတ် ဇန်န၀ါရီ ၁၁

မန္တလေးတိုင်ဒေသကြီး မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇန်န၀ါရီလ ၁၀ ရက် ၁၀ နာရီ ခွဲအချိန် က ဆင်ခွါကျေးရွာမှ မိခင် မနီလာဝင်း မှ ယောကျာင်္းလေး တစ်ဦးနှင့် မိန်းကလေးနှစ်ဦး ၃ မွှာ ပူးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

၃ မွှာပူး ကလေးများ၏ ဖွားဖွား ဒေါ်နွဲ့က “အရင် ရွာကပြနေကျ ဆရာမနဲ့ပြကြည့်တော့ ၂ မွှာပူးပဲထင် တာ၊ မွေးဖွာရက်နီးလို့ဆေးရုံကြီး လာတက်မှပဲ ၃ မွှာပူးဖြစ်နေမှန်း သိရတာ၊ မန္တလေးဆေးရုံမဆင်း ရပဲ မိုးကုတ်ဆေးရုံကြီးမှာပဲ အောင်မြင်စွာမွေးဖွားပေးတဲ့အတွက် ဆရာဝန်မကြီးနဲ့ ဆရာမတွေကို ကျွန်မအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်၊ ကလေးတွေက သမီးရဲ့သားဦးလေးတွေဖြစ်ပြီး ယောကျာင်္းလေးက ၅ ပေါင် ကျော်နဲ့ မိန်းကလေးနှစ်ဦးက လေးပေါင်းကျော်ရှိပြီး ကျန်းကျန်း မာမာရှိကြတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊” ဟု ပြောပြသည်။

အဆိုပါ ၃ မွှာပူးများအတွက် မိုးကုတ်မြို့နယ် မိခင်နှင့် ကလေးစောင်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်ခိုင် ၀ါဝါထွဋ် နှင့် အဖွဲ့ဝင်များက ဇန်န၀ါရီလ ၁၁ ရက်နေ့က ကလေးအသုံးအဆောင်များ အပါ အ၀င် ထောက်ပံ့ ငွေစုစုပေါင်း (၁၀၆၀၀၀) ကျပ် အား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar

အစ္စရေး ၀န်ကြီးချုပ်ဟောင်း ကွယ်လွန်


အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှာရွန်ဟာ ၈ နှစ်ကြာ မေ့မြောနေခဲ့ရာက အခုအခါ ကွယ်လွန်သွားခဲ့ ပါပြီ။ အသက် ၈၅ နှစ်အရွယ် အစ္စရေး နိုင်ငံရဲ့၁၁ ဆက်မြောက် ၀န်ကြီးချူပ်ဟောင်း၊ ကာကွယ်ရေး ဦးစီးချူပ်ဟောင်း၊ နာမည်ကျော် ကွန်မန်ဒိုဟောင်း အေရယ်ရှရွန်ရဲ့ ဈာပနာကို နိုင်ငံတော်အဆင့် အခမ်းအနား အပြည့်အစုံနဲ့ ကျင်းပမယ်လို့ အစ္စရေး အစိုးရက ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြောပါတယ်။

Sharonသူ့ရုပ်ကလာပ်ကို ဂျေရုဆလင်မြို့ လွှတ်တော်တွင်းမှာ ဇန်န၀ါရီ ၁၂ ရက်နေ့ထိ ထားမှာပါ။ အမှတ်တရ အခမ်းအနားတွေကို ဇန်န၀ါရီ ၁၃ရက်နေ့ မနက်မှာ ကျင်းပပြီး နေ့ခင်းမှာတော့ အစ်စရေးတောင်ပိုင်းက ရှရွန်ရဲ့ အိမ်ရှိရာ စီကာမိုး လယ်ကွင်းနားမှာ အပြီးသတ် ဈာပနပွဲကို ကျင်းပမယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှရွန်ဟာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။ ရှရွန်ဟာ စစ်ရေးနဲ့ အရှေ့အလယ်ပိုင်းမှာ သမိုင်းဝင် ခြေချနိုင်ခဲ့ပြီး ပါလက်စတိုင်းတွေက ပြည်နယ်ထူ ထောင်ချင်နေတဲ့ မြေကို သိမ်းပိုက်ခဲ့သူပါ။ အဲဒီနောက် ဂါဇာ ကမ်းမြှောင်ကနေ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရှရွန်ဟာ လေဖြတ်အပြီး ၈ နှစ်ကြာအောင် ကိုမာဖြစ် မေ့မြောနေခဲ့ရာက စနေနေ့က ကွယ်လွန်ခဲ့တာပါ။ သူ့ရဲ့ ဈာပနကို တက်ရောက်မယ့် နိုင်ငံခြား ဂုဏ်သရေရှိ ဧည့်သည်တွေထဲမှာ အမေရိကန် ဒုသမ္မတ ဂျိုးဘစ်ဒင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ ပါဝင်တယ်လို့ အစ်စရေးအရာရှိတွေက ပြောပါတယ်။
DVB Burmese

သျှမ်းနီလူငယ်များ သမိုင်းမှန်သိစေရန်


၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရှမ်းတောင်တန်းဒေသ ပင်လုံမြို့တွင် ပြု လုပ်သော ပင်လုံညီလာခံသို့ အင်္ဂလိပ်အစိုးရ တောင်တန်းဒေသ ညွန်ကြားရေး ၀န်၏ ညွန်ကြားချက်ဖြင့် မြစ်ကြီးနာ နှင့် ဗန်းမော်ခရိုင် မှတောင်တန်းဒေသကိုယ်စားလှယ်(၁၂)ဦးကို ရွှေချယ်စေလွှတ်ခဲ့ပါသည်။

၎င်းတို့သည် ပင်လုံညီလာခံ သို့ မတက်ရောက်မှီ ၁-၂-၁၉၄၇ တွင် ကွတ်ခိုင်မြို့အနီးရှိနမ့်ဖတ်ကာကျေးရွာ တွင် တွေ့ဆုံဆွေးနွေးပြီး ကချင်အမျိုးသားများအတွက် ကချင်ပြည်နယ်သီးခြားထူထောင်ရန်ယင်းပြည်နယ် အတွင်း ဗန်းမော်ခရိုင် မြစ်ကြီးနားခရိုင် ကာသာခရိုင် မြောက်ပိုင်း ဒေသပါဝန်စေရန် ဆုံးဖြတ်သဘောတူ ခဲ့ကြသည်။

၆-၂-၁၉၄၇ ခုနှစ်တွင် ကျင်းပသော အစည်းအဝေးတွင် မြန်မာပြည်မြောက် ပိုင်း မြေပြန့်ရှမ်းမျိုးနွယ်စုဒေသ များ ကို ကချင်ပြည်နယ် သတ်မှတ်ပေး ရန် ကချင်ကိုစာလှည်(၁၂)ဦးတောင်းဆိုခဲ့သည်ကို ရှမ်းတောင် တန်းဒေ သရှိ ပဒေသရာဇ်ရှမ်းပြည်နယ်မှ ရှမ်းစော်ဘွာ များနှင့် ရှမ်းလူထု ကိုယ်စား လှယ်များ (၁၃) ဦးက သဘောတူ လက် မှတ်ရေးထိုးခဲ့ကြောင်း တွေ့ရှိ ရပါသည်။

ထိုသူများမှာ -

(၁)စ၀်ခွန်ပန်းစိန် တောင်ပိုင်စော်ဘွားကြီး
(၂)စ၀်ရွှေသိုက် ညော်ရွှေစော်ဘွားကြီး
(၃)စ၀်ဟုံဖ မြောက်သိန္နီစော်ဘွားကြီး
(၄)စ၀်နွံ လဲချားစော်ဘွားကြီး
(၅)စ၀်စံထွန်း မိုင်းပွန်စော်ဘွားကြီး
(၆)စ၀်ထွန်းအေး သာမိုင်းခမ်စော်ဘွားကြီး
(၇)ဦးခွန်ဖုန်း လူထုကိုယ်စားလှယ်
(ဂ)ဦးတင်ဧ ။
(၉)ဦးထွန်းမြင့် ။
(၁၀)ဦးကြာပု ။
(၁၁) ဦးခွန်စော ။
(၁၂) စ၀်ယိပ်ဖ ။
(၁၃) ဦးခွန်ထီး ။

တို့ဖြစ်ကြပါသည်။

**အခြားမည်သည့် ရည်ရွယ်ချက်မပါ ပါ သမိုင်းအမှန်သိစေရန် မျှသာ**

သျှမ်းနီသွေး(သျှမ်းနီလူငယ်ကွန်ယက်)

ကျိုက်ထိုမြို့ရောက် မိုးစက်ဝိုင်







ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Miss Universe Myanmar သရဖူပိုင်ရှင်  မိုးစက်ဝိုင် ရောက်ခဲ့တဲ့နေရာတခုကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေးဂေဟာပါပဲ။

မိုးစက်ဝိုင်က ပြီးခဲ့တဲ့နှစ် Miss Universe Myanmar ပြိုင်ပွဲ မတိုင်ခင် တခြားသော ပြိုင်ဘက်များနဲ့အတူ အဲဒီနေရာကို ရောက်ခဲ့ပြီးပါပြီ။
  ပရဟိတ လူမှုရေး လှုပ်ရှားမှုများ သွားရောက်လုပ်ကိုင်ခဲ့ကြတာပါ။  မိဘမဲ့ကလေးငယ်များကို သွားရောက်တွေ့ဆုံ အားပေးကြတာပါ။

အခုတော့ သူ အဲဒီနေရာကို ထပ်ရောက်ခဲ့ပြန်ပါပြီ။
ဒီခရီးစဉ်ဟာ Miss Universe Myanmar သရဖူဆောင်းသူ လုပ်ကိုင်ရမယ့်   ပရဟိတ လုပ်ငန်းများရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

ကျိုက်ထိုနဲ့ အနီးဝန်းကျင်မြို့တချို့ကိုလည်း ရောက်ခဲ့မယ်လို့ ယူဆရပါတယ်။
ဧရာဝတီ သတင်း

ဖားကန့်မြို့နယ်တွင်း ပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံး


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ နန့်ယားကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းမှာ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၀ တပ်စွဲထားချိန် မနေ့က  မနက် လင်းအား ကြီးချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေက RFA ကို ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့်  ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတပ်သား၃ ဦးကို မြစ်ကြီးနားမြို့ တပ်မတော် စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နန့်ယားကျေးရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“မနေ့မနက်ပေါ့ဗျာ၊ ၃ နာရီနဲ့ ၃၂ မိနစ်လောက်မှာပေါ့ ဒီမှာသေနတ်သံတွေ ကြားရတယ်၊ ၄၊ ၅ ချက်ကြားပြီးမှ နောက်မှ မိုင်းသံလိုလို ဘာလိုလို လက်နက်ကြီးသံတွေ ကြားရတယ်၊ ၁ဝ မိနစ်နီးပါးလောက် ခဏကြာရပ်ပြီးမှ နောက်တစ်ကြိမ် ထပ်ပစ်တယ်ခင်ဗျ၊ အဲဒီမှာ တော်တော်လေးကြာတယ် ပစ်ကြတယ်”

အဲဒီ ပစ်ခတ်မှုဟာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ က ၀င်ရောက်ပစ်ခတ်တာလို့ ပြောဆိုနေကြတာရှိသလို ခလရ ၁၄၀ တပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုလို့လည်း ပြောနေကြပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ဒါဟာအစိုးရတပ်မတော်သားတွေ အချင်းချင်း မှားယွင်းပစ်ခတ်မှုသာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ မနေ့က သေချာလူထုကိုလည်း မေးကြည့်တော့ အချင်းချင်း ပစ်ကြခတ်ကြတဲ့ သဘောတော့ရှိပါတယ်၊ ကျနော်တို့လည်း ကေအိုင်အိုကိုလည်း စုံစမ်း၊ ပြည်သူလူထုကိုလည်း စုံစမ်းပြီးပါပြီ၊ အဲဒီလမ်းကလည်း ကေအိုင်အိုဘက်က လုံးလုံးမရှိဘူးလို့ပြောတယ်၊ ကေအိုင်အို နဲ့ တော်တော်ဝေးတဲ့နေရာဖြစ်တယ်လေ၊ စခန်းထဲမှာလည်း ကေအိုင်အိုက ဝင်စရာအကြောင်း မရှိဘူး”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။
RFA Burmese

ရှရွန် ရုပ်ကလာပ် ပါလီမန်ရွှေ့


၈ နှစ်ကြာ မေ့မျော နေခဲ့တဲ့ မစ္စတာ ရှာရွန်
ကွယ်လွန်သွားတဲ့ အစ္စရေး ဝန်ကြီးချုပ်ဟောင်း အေရီယယ် ရှရွန်ရဲ့ ရုပ်ကလာပ်ကို အစ္စရေး ပါလီမန် အပြင်ဘက် မှာ ထောင်နဲ့ချီတဲ့ ပူဆွေးသူ တွေက လာရောက် ဂါရဝ ပြုခဲ့ ကြပါတယ်။

ဒီလူတွေကို အစ္စရေး သမ္မတ ရှီမွန် ပဲရက်ဇ်က ဦးဆောင်ခဲ့ပြီး ပန်းခွေချ အလေးပြု ခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ကလာပ် တင်ဆောင်လာတဲ့ ခေါင်းတလား ကို စစ်ယာဉ်တန်းနဲ့ သယ်ဆောင် လာပြီး ဂုဏ်ပြုတပ်ဖွဲ့က စင်မြင့်ပေါ် သယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

၈ နှစ်ကြာ မေ့မျော နေခဲ့တဲ့ မစ္စတာ ရှာရွန်ဟာ စနေနေ့က ကွယ်လွန် သွားခဲ့ပါတယ်။

တနင်္လာနေ့မှာ အစ္စရေး နိုင်ငံရေး သမား တွေရဲ့ အထူး ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်ပြီး အစ္စရေး တောင်ပိုင်း က သူ့ယာခင်း မှာပဲ သူ့ကို မြှုပ်နှံ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

တကမ္ဘာလုံးက ထင်ရှားတဲ့ ခေါင်းဆောင်တွေ အများအပြား သူ့ရဲ့ ဈာပနကို တက်မယ်လို့ ယူဆရပါတယ်။
BBC Burmese

တရုတ်စစ်သင်္ဘောရေး ဂျပန်ဘက်က သတိပေး

တရုတ် ကမ်းခြေစောင့် စစ်သင်္ဘောတွေ ဝင်ရောက်

အငြင်းပွား နေတဲ့ ကျွန်းစု တွေနား တရုတ် ကမ်းခြေစောင့် စစ်သင်္ဘောတွေ ဝင်ရောက် လာပြီးနောက် ဂျပန်ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်ကို ကာကွယ် ခုခံ သွားမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။

ဂျပန် ထိန်းချုပ်ထားတဲ့ Senkaku ကျွန်းတွေနားကို ထပ်ခါထပ်ခါ ကျူးကျော် ဝင်ရောက် နေတာကို ဂျပန် အနေနဲ့ လက်ပိုက် ကြည့်နေမှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera က ပြောကြားသွားပါတယ်။

ဒီကျွန်းတွေကို တရုတ်ကလည်း သူတို့ပိုင်တယ်လို့ တောင်းဆိုနေတာ ဖြစ်ပြီး အရှေ့တရုတ် ပင်လယ် ထဲက ကျွန်းစုတွေနား တရုတ် သင်္ဘောတွေ မကြာခဏ ဝင်လာနေတဲ့ အတွက် ၂ နိုင်ငံ ဆက်ဆံရေးတွေ တင်းမာ ခဲ့ရပါတယ်။
BBC Burmese

ပက်လက်ကုလားထိုင်



(Written by: မောင်ကြည်)

ကျွန်တော်တို့အိမ်မှာ ဧည့်သည်လာလျှင် ဧည့်ခံဖို့ရာ ဧည့်ခန်းသီးသန့်မရှိပါ။ ထို့ကြောင့် ဧည့်ခန်းနှင့်သာ လိုက်ဖက်တင့်တယ်သည့် ဆိုဖာဆက်တီခုံများလည်း မရှိပါ။ ကျွန်တော်တို့အိမ်မှာ ဘုန်းကြီးများ ဆွမ်းခံကြွလျှင် ထိုင်စရာကုလားထိုင်နှစ်လုံးသာ ရှိပါသည်။ သို့သော် ထိုကုလားထိုင်နှစ်လုံးကလည်း ဆွမ်းခံကြွချိန်မှလွဲ၍ ကျန်အချိန်များတွင် ထိုင်ဖို့အတွက် အသုံးပြုလေ့မရှိဘဲ တစ်ခါတစ်ရံ စားစရာသောက်စရာများ တင်သည့်စားပွဲ၊ တစ်ခါတစ်ရံ စာရေးစားပွဲအဖြစ်သာ အသုံးပြုလေ့ရှိပါသည်။

ကျွန်တော်တို့အိမ်တွင် ထိုင်စရာဆိုလို့ ပက်လက်ကုလားထိုင်တစ်လုံးသာ ရှိပါသည်။ ထိုပက်လက်ကုလားထိုင်သည် အမြဲတစေ အဖေသာထိုင်လေ့ရှိသောကြောင့် ကျွန်တော်အပါအ၀င် ကျန်အိမ်သူအိမ်သားများနှင့် လားလားမျှမဆိုင်သောအရာ ဖြစ်ပါသည်။ အဖေအိမ်မှာရှိသည့်အချိန်များတွင်သာ ထိုင်လေ့ရှိသောကြောင့် အဖေမရှိသည့်အချိန်များတွင် ထိုပက်လက်ကုလားထိုင်ကား ထိုင်သူမဲ့နေပါတော့သည်။ ထိုအချိန်မျိုးတွင် ထိုပက်လက်ကုလားထိုင်ကို ၀င်ထိုင်လေ့ရှိသူမှာ ကျွန်တော်သာလျှင်ဖြစ်ပါသည်။ ကျွန်တော်သည် ထိုပက်လက်ကုလားထိုင်ပေါ်မှာ တစ်ခါတစ်ရံ စာရေးစာဖတ်လုပ်၏။ တစ်ခါတစ်ရံ အခွေထိုးကာ ဗီဒီယိုထိုင်ကြည့်လေ့ရှိ၏။ အဖေမရှိသည့်အချိန်များ၌ ထိုပက်လက်ကုလားထိုင်ကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရသည်ဟု ပြောလို့ရပါသည်။

တကယ်တော့ အဖေ့ ပက်လက်ကုလားထိုင်သည် တော်တော်ထိုင်လို့ ကောင်းပါသည်။ ထိုပက်လက်ကုလားထိုင်၏ နောက်မှီကို ခပ်မတ်မတ် (သို့) ခပ်လျှောလျှော လုပ်လို့ရပါသည်။ မိမိကိုယ်ခန္ဓာနှင့် အဆင်ပြေသလို ပြုပြင်ပြီးထိုင်လို့ရသောကြောင့် သက်သောင့်သက်သာရှိပါသည်။ ပက်လက်ကုလားထိုင်နှင့် ရိုးရိုးကုလားထိုင်မတူပါ။ ရိုးရိုးကုလားထိုင်က ခါးကိုမတ်မတ်ထားကာ ထိုင်ရသောကြောင့် ကြာလျှင် ကိုယ်ခန္ဓာတောင့်တင်းကာ ညောင်းညာကိုက်ခဲလာပါတော့သည်။ ပက်လက်ကုလားထိုင်ကတော့ ထိုသို့မဟုတ်။ ကိုယ်ခန္ဓာကို တောင့်တောင့်ကြီး လုပ်နေစရာမလိုဘဲ ကိုယ်ခန္ဓာတစ်ခုလုံးကို ကုလားထိုင်နောက်မှီပေါ် စုပုံကာ လှဲချလိုက်လို့ရသောကြောင့် သက်သောင့်သက်သာ ဖြစ်ရုံမကဘဲ ထိုင်ရင်းထိုင်ရင်းနဲ့ တစ်ခါတစ်ရံ မှေးခနဲတောင် အိပ်ပျော်သွားတတ်ပါသည်။ အဖေသည် ထိုပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း အိပ်ပျော်သွားတတ်သည်ကို ကျွန်တော်တွေ့ဖူးပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုကုလားထိုင်ပေါ်မှာထိုင်ကာ ရုပ်ရှင်ကြည့်နေရင်း မျက်လုံးများစင်းကာ အိပ်ပျော်သွားတတ်သည်ကို ခဏခဏ ကြုံခဲ့ဖူးပါသည်။

ပက်လက်ကုလားထိုင်နှင့်ပတ်သက်ပြီး ကြားဖူးတာတစ်ခုရှိပါသည်။ ၎င်းအဖြစ် အပျက်ကိုမယုံလျှင် ပုံပြင်လို့သာ မှတ်လိုက်ပါတော့။ တစ်ခါတုန်းက အလုပ်ကိုကြိုးစား လုပ်ကိုင်တတ်သည့် လူတစ်ယောက်ရှိပါသည်။ ထိုလူသည် ၀ီရိယထက်ထက်သန်သန်နှင့် အလုပ်လုပ်ကာ သူ့မိသားစုကို ရှာဖွေကျွေးမွေး၏။ ထိုကဲ့သို့ သူအလုပ်ကြိုးစားနေသည်ကို မနာလိုမရှုဆိတ်ဖြစ်နေသော အိမ်နီးချင်းတစ်ယောက်ရှိလေသည်။ ၎င်းအိမ်နီးချင်းသည် ထိုလူ အလုပ်အရမ်းလုပ်သည်ကို ဘယ်လိုနှောင့်ယှက်ဖျက်ဆီးရမလဲဆိုတာကို အချိန်တိုင်းစဉ်းစားနေသည်။ နောက်ဆုံးတော့ အကြံတစ်ခုရသွားပါသည်။ ၎င်းအကြံမှာ ထိုလူ့အတွက် ကုလားထိုင်တစ်လုံးလုပ်ပေးရန်ဖြစ်သည်။
၎င်းကုလားထိုင်သည် သက်သောင့်သက်သာထိုင်လို့ကောင်းသည့် ကုလားထိုင်မျိုး ဖြစ်ရမည်။ ထို့အပြင် ၎င်းကုလားထိုင်ပေါ်မှာ ထိုင်မိသူသည် မကြာခဏ ထိုကုလားထိုင်ပေါ်မှာပဲ ထိုင်ချင်စိတ်ပေါက်နေရမည်။ တခြားအလုပ်လုပ်နေချိန်မှာတောင် ထိုကုလားထိုင်အကြောင်း စဉ်းစားမိရက်သားဖြစ်နေစေရမည်။ ထို့ကြောင့် ၎င်းအိမ်နီးချင်းသည် ပက်လက်ကုလားထိုင်တစ်လုံးကို သူ့စိတ်ကူးနှင့်ပုံဖော်ကာ ဖန်တီးလိုက်ပါသည်။ ထို့နောက် ၎င်းပက်လက်ကုလားထိုင်ကို အလုပ်အရမ်းလုပ်သည့် ထိုလူအား လက်ဆောင်အဖြစ် ပေးလိုက်ပါသည်။ ပက်လက်ကုလားထိုင် ထိုင်ရသည့်နေ့မှစ၍ ထိုလူသည် အလုပ်ကို ကောင်းကောင်းမလုပ်တော့။ အလုပ်လေး နည်းနည်းလုပ်လိုက် ပင်ပန်းလာသည်နှင့် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နားလိုက်။ အလုပ်လုပ်လိုက် နားလိုက်နှင့် ထိုလူသည် တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာသည်။ အချိန်တိုင်းလိုလို ပက်လက်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေချင်တော့သည်။ ဤသို့ဖြင့် နောက်ဆုံးမှာတော့ ပက်လက်ကုလားထိုင်တစ်လုံးက ထိုလူ၏စိတ်ကို လွှမ်းမိုးကာ အနိုင်ယူသွားပါသတဲ့။

ကျွန်တော်သည် ကုလားထိုင်တီထွင်ခဲ့သူကို ချီးကျူးမိပါသည်။ သို့သော် ပက်လက်ကုလားထိုင် တီထွင်ခဲ့သူကိုတော့ နည်းနည်းစောဒက တက်ချင်ပါသည်။ ကျွန်တော့်အထင် ပက်လက်ကုလားထိုင်ကို တီထွင်ခဲ့သူသည် အပျင်းကြီးသည့် လူတစ်ယောက်လား (ဒါမှမဟုတ်) အထက်ပါ ပုံပြင်ထဲမှလူလို တစ်ဖက်သားကို မနာလိုစိတ်အားကြီးခဲ့သူလားဟု တွေးနေမိပါသည်။ မည်သို့ဆိုစေ ပက်လက်ကုလားထိုင်က ရိုးရိုးကုလားထိုင်ထက် ပိုထိုင်လို့ကောင်းတာကတော့ သေချာပါသည်။ ပိုပြီးသေချာတာကတော့ ပက်လက်ကုလားထိုင်သည် ကျွန်တော်တို့၏ အပျင်းစိတ်ကိုပိုပြီး ထက်သန်လာအောင် လှလှပပ သွေးဆောင်ဖြားယောင်းနေသည့် အချက်ပါပဲ။

မောပန်းနွမ်းနယ်နေသူများအတွက် ပက်လက်ကုလားထိုင်သည် သင့်တော်သည့် အရာတစ်ခုဖြစ်သော်လည်း ၎င်းပက်လက်ကုလားထိုင်၏ ဆွဲဆောင်မှုကြောင့် တစ်ခဏတာမှ တစ်ဘ၀တာ အပန်းဖြေချင်သည့် စိတ်မျိုးပေါ်ပေါက်လာနိုင်သည်ဆိုတာကိုတော့ ကျွန်တော်တို့ သတိပြုမိဖို့လိုပါသည်။ ပက်လက်ကုလားထိုင်သည် သတိရှိနေသူကို သတိမေ့သွားအောင် လုပ်နိုင်စွမ်းရှိသည်။ မောပန်းနွမ်းနယ်နေသူကို မေ့မြောကာ အိပ်ပျော်သွားလောက်သည်အထိ ဆွဲဆောင်နိုင်စွမ်းရှိသည်။ ၀ီရိယထက်သန်သူများကို ပျင်းရိလေးတွဲကာ ထိုင်းမှိုင်းသွားလောက်သည်အထိ ညှို့ငင်နိုင်စွမ်းရှိသည်။

ပက်လက်ကုလားထိုင်သည် နေမကောင်းဖြစ်နေသည့် လူမမာများ၊ ဇရာပိုင်းသို့ ချင်းနင်းဝင်ရောက်လာသည့် သက်ကြီးရွယ်အိုများအတွက် သင့်တော်သည့်အရာတစ်ခု ဖြစ်သော်လည်း ကျန်းမာကြံ့ခိုင်ကာ သန်စွမ်းနေသော လူကောင်းများ၊ ၀ီရိယရှိရှိနှင့် ထက်ထက်သန်သန်ကြိုးစားကာ အလုပ်လုပ်ရမည့် လူများအတွက်တော့ ခပ်ဝေးဝေးကနေ ရှောင်ရှားရမည့်အရာတစ်ခုသာ ဖြစ်ပါသည်။ တစ်ခုတော့ရှိပါသည်။ သင်သည် ကိုယ့်စိတ်ကိုယ်နိုင်သည့် လူတစ်ယောက်ဆိုလျှင်တော့ အမောအပန်းဖြေသည့်အနေနှင့် ခဏတာထိုင်လို့ရပါသည်။ သို့သော် ထိုင်ရင်းထိုင်ရင်းနဲ့ သင့်စိတ်ကို ပက်လက်ကုလားထိုင်က နိုင်သွားပြီဆိုလျှင်တော့။

eleven media group

တစ်ကျော့ပြန် လိပ်နင်ဂျာတိုက်ပွဲနှင့် ကြက်ကြော်ကိစ္စ


[ Satire ]


လွန်ခဲ့သည့် တစ်နှစ်ကျော်က အနက်ရောင် ကျောပိုးအိတ်များနှင့် လိပ်နင်ဂျာများ ဆူးလေဘုရား အနီးတွင် ဟိုခုန် ဒီခုန်၊ ဟိုကားခုန်ကပ် ဒီကားခုန်ကပ် လုပ်ခဲ့သည်။
ဟော့ ၂၀၁၄ ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယဝယ် အင်္ကျီ အနက်ရောင်ဖြင့် လိပ်နင်ဂျာတို့ တစ်ကျော့ ပြန်ပေါ်လာပြန်ချေပြီ။

ဒီတစ်ခါသည် အရင်နှစ် တစ်ခါကလို ဝံသရမ်းကို ဒေါက်တိုင်လိပ်နင်ဂျာများ တိုက်ခြင်းမဟုတ်။ ဒီတစ်ခါ တိုက်ခြင်းက ဖေဖေလည်း ပြောခဲ့သလို မေမေလည်း အမြဲတစေ ပြောနေသော တရားဥပဒေ စိုးမိုးရေးဆိုသည့် ဂေါ်ဇီလာလို အကောင်ကြီးများကို တိုက်ခြင်းဖြစ်သည်။ အဲဒီ အကောင်သည် တိုင်းပြည်ကို ဖျက်နေသည့် အကောင် ဖြစ်သည်ဟု လိပ်နင်ဂျာတို့ စွပ်စွဲ သမုတ်ကြလေသည်။

လိပ်နင်ဂျာတို့ တစ်စခန်း ထလာရခြင်းမှာလည်း ၁ ပူးဟုခေါ်သော အသိုက်အမြုံမှ လိပ်နင်ဂျာကို ဂေါ်ဇီလာ မျိုးနွယ်စုတို့က မင်းလားကွ လိပ်နင်ဂျာ ဆိုပြီး ကုပ်ဆွဲ ဂျိန်းပလိန်း ဆွဲစေ့လိုက်ခြင်း ဖြစ်သည်။ ထို့အတွက် လိပ်နင်ဂျာတို့ လမ်းပေါ် ပြန်ရောက်လာခြင်း ဖြစ်သည်။

အမှန်တကယ် အနက်ရောင် လိပ်နင်ဂျာများသည် ရဲရဲသောက်များ ဖြစ်ကြသည်။
တစ်ပုလင်း သောက်နိုင်သူများ၊ နှစ်ပုလင်း သောက်နိုင်သူများ အများအပြား ပါဝင်သည်။ အချို့များ ဘယ်လောက် သောက်သောက် မမူးဘဲ ရဲရဲသောက်နိုင်သူများ ဖြစ်ကြသည်။

ဆူးလေဘုရားတစ်ဝိုက်တွင် လိပ်နင်ဂျာတို့ ဟိုတစ်စု ဒီတစ်စုဖြင့် အနီရောင် ရဲရဲသောက် စာသားကြီးများ ကိုင်ဆောင်ရန် ပြင်ဆင် နေကြသည်။ လိပ်နင်ဂျာဖို လိပ်နင်ဂျာမ စုံတွဲများကလည်း နင်နဲ့ငါ အတူတူကိုင်ကြမည်ဟု တိုင်ပင်ပြီး ဟိုတစ်ဖက် ဒီတစ်ဖက် ရဲရဲသောက် စာတန်းကြီး ရိုက်နှိပ်ထားသည့် ဗီနိုင်းကြီးကို ကိုင်ဆောင်ကြသည်။

လိပ်နင်ဂျာတို့ ဆူးလေဘုရား တစ်ဝိုက်မှ စထွက်လာကြသည်။ သံပြိုင် အော်လိုက်ကြသည်များ ဟိန်းခနဲ ဟိန်းခနဲ။ ကြားရသူများပင် ကြက်သီးမွေးညင်း ထရုံမက ရှူးရှူးပါ ပေါက်ချင်စိတ် ပေါ်လာသည်။ လိပ်နင်ဂျာတို့ အာပြဲပေစွ။
ဘေးက ကြည့်နေသူအဖို့ စီဘီအာဆိုင်တွင် ထိုင်နေသူ အဖို့ပင် သိပ်ရဲရဲ သောက်တာပဲဗျာ..ငိငိ ဟု အားပေးကြသည်။

အစပိုင်းတွင် အတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ အလိုမရှိ။
မှန်ကန်သည့် တရားစီရင်မှု ချက်ချင်း လုပ်ဆောင်ပေး ချက်ချင်းလုပ်ဆောင်ပေး ... အဟေးဟေး ... စသဖြင့် အော်နေသည်မှာ စည်းနဲ့ဝါး စည်းနဲ့ဝါးထက်ပင် ညီနေသေးသည်။

မကြာမီ အသံများက တဖြည်းဖြည်း ဝင်လာသည်။

ထိုအချိန်တွင် ဖွဘုတ်တွင် အစိုးရအဖွဲ့ ဖွဲ့ထားသော သံချောင်းအစိုးရ အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတလောင်း သံချောင်းက ၂၀၁၅ အတွက် လိပ်နင်ဂျာများကို မဲဆွယ်သည့် အနေဖြင့် လျက်ဆားများ လာရောက် ပေးဝေရာ ကျေကျေနပ်နပ်ဖြင့် လက်ဝါး ဖြန့်ကြသည်။ သံချောင်းက သံချောင်းဘေးမှာ အမှန်ခြစ် ပြည်သူ့အောင်ပွဲဖြစ် ဆိုသည့် သင်္ကေတအတိုင်း လက်ညှိုးနဲ့ လက်မကို အမှန်သဏ္ဌာန် လုပ်ကာ လိပ်နင်ဂျာ များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်သည်။

၁ ပူးရုံးရှေ့တွင် အထူးစည်ကားနေသည်။
ဘော်ဒါတွေ တော်တော်စုံသည်။ ထိုအတွက် မိုက်ခဲတို့ ထုံးစံအတိုင်း ဘော်ဒါတွေ စုံလာပြီဆို မိုက်ခဲရမည် ဖြစ်သည်။
ထို့ကြောင့် မိုက်တစ်လုံးကို ဝိုင်းခဲကြသည်။

လိပ်နင်ဂျာတို့ ကလည်း ဗီနိုင်းကြီးများ ကိုင်ကာ တန်းစီလျက် ဟုတ်ပါတယ်ဗျို့ မှန်တယ်ဗျို့ ဟု ထောက်ခံကုန်သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း အကယ်ဒမီ ပွဲတက်ဝတ်စုံ တစ်စုံ ဝတ်ဆင်လျက် ခပ်တည်တည် ရောက်လာသည်။ ယမန်နှစ် လိပ်နင်ဂျာတို့ ဆန္ဒပြခဲ့စဉ်က အားပေးခဲ့သည့် ဘက်ကြည့်မှန်ကြီးလည်း ရိုးရာမပျက် ရောက်လာသည်။ သွားကလေး ခေါ၍ သြ.. သြ... သြ... ဟု အားပေးရှာသည်။

နေပူပူကြီးထဲမှာ ဒို့အရေး ဒို့အရေး အော်နေသည့် လိပ်နင်ဂျာတို့ကို လမ်းသွားလမ်းလာ ပြည်သူများက ဓာတ်ပုံ ဝိုင်းရိုက်၍ သတင်းယူကြသည်။ ပြည်သူတွေ ဆန္ဒပြတုန်းက လိပ်နင်ဂျာတို့ သတင်းယူသည်။ သို့ကြောင့် ပြည်သူများက ကျေးဇူးပြန်ဆပ်ခြင်း ဖြစ်သည်။

ခဏကြာတော့ ၁ ပူးရုံးက လိပ်နင်ဂျာ တို့ကို ကြက်ကြော်တစ်တုံးစီ လာကျွေးသည်။
လိပ်နင်ဂျာတို့ ပျော်ကြသည်။ လမ်းလျှောက်ရတာ ဗိုက်ဆာသည်။ ကြက်ကြော်တုံးကို အားပါးတရ ကိုက်၍ ဓာတ်ပုံ အရိုက်ခံကြသည်။ ကြက်ကြော်တစ်ဖက် ကိုင်၍ လက်နှစ်ချောင်းထောင်ကာ ပါးလေး ဖောင်းပြီး ဖွဘုတ်ပုံပေါ် တင်ကြသည်။
ဖွဘုတ်ပေါ်မှ အမျိုးကောင်းသား တို့က ဒီခွင်ကို စောင့်နေတာဆိုတော့ လိပ်နင်ဂျာနှင့် ကြက်ကြော် ကိစ္စကို ပယ်ပယ်နယ်နယ် ကလော်တုတ်ကြသည်။ ကြက်ကြော်စား၍ ဆန္ဒပြသည် ဟုလည်း သမုတ်ကြသည်။ လိပ်နင်ဂျာတို့ မကျေနပ်။ ကြက်ကြော်သာ ကျွေးပြီး ဘီယာကျ မတိုက်သည့်အတွက် စိတ်ဆိုးနေရာမှ ယခုလိုအဖွ ထပ်ခံရသည့် အခါ ခြေဆောင့်ငိုကြသည်။

ဘာပဲဖြစ်ဖြစ် ဒါက သမိုင်းဝင်သည်။ လိပ်နင်ဂျာတို့ လောကတွင် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ်ကြရမည်။
လိပ်နင်ဂျာတို့ လမ်းလျှောက်ပွဲကြောင့် ပျံကျားရေး ဝံသရမ်း ပြုတ်သွားပြီးပြီ။ ယခုလည်း မတရားစီရင်သည့် မတရားသူကြီးများ ပြုတ်ရမည်။

ရဲရဲတောက် လိပ်နင်ဂျာများကို ဂုဏ်ပြုသည့် အနေဖြင့်ရော ဆာလောင်မှုကို ဖြည့်တင်းပေးသည့် ၁ ပူးကို လေးစားသည့် အနေဖြင့်ရော ဇန်နဝါရီ ၇ ရက်နေ့ကို ၁၃၇၅ ခုနှစ် ကြက်ကြော်အရေးအခင်းဟု သတ်မှတ်လိုက်သည်။
အရီးဒေါပုံ အောင်ရမည်။
လွန်တာရှိဝန္ဒာမိပါ အရပ်ကတို့ ...။

(ဥက္ကာကိုကို၊ မင်းထက်စံ)
The Voice Weekly Myanmar

Wi-Fi ရေဒီယိုလှိုင်းများကြောင့် အပင်များသေဆုံး




ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များကို အသုံးများလာသည့် ခေတ်တွင် Wi-Fi ဆက်သွယ်ရေးလှိုင်း စနစ်ကြောင့် လူသားတို့အပေါ် သက်ရောက်မှုများကို လေ့လာ သုံးသပ်ခဲ့ရာ နောက်ဆုံး တွေ့ရှိချက်အရ Wi-Fi ရေဒီယိုလှိုင်းများသည့် အပင်များကို သေဆုံးစေကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

Wageningen တက္ကသိုလ်မှ သုတေသီများသည် သစ်တော ဧရိယာအတွင်း Wi-Fi လှိုင်းများကို အမြင့်ဆုံးနှုန်းနှင့် ထုတ်လွှတ်ကြည့်ရာ အပင်များသာမက ဗက်တီးရီးယား ပိုးမွှားများနှင့် ဗိုင်းရပ်စ်များတွင် ခံစားရမှု အရိပ်အယောင်များ တွေ့ရှိခဲ့ကြရသည်။ အရိပ်အယောင်များ ဆိုရာတွင် ဗက်တီးရီးယားများတွင် သွေးယိုခြင်း၊ အပင်အခေါက်များ အက်ကွဲခြင်း၊ အရွက်များ ညှိုးခြောက်သွားခြင်းအပြင် အပင်ပေါက်နှုန်းများ ပုံမှန် မဟုတ်ခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း သုတေသီများက ဆိုသည်။

ထိုသို့ အပင်နှင့် သက်ရှိများတွင် ဝေဒနာများ ဖြစ်ပေါ်ရခြင်းသည် Wi-Fi လှိုင်းများကြောင့်သာ ဖြစ်ပြီး သူတို့သည် အပင် ၂၀ ကို သုံးလကြာအောင် နည်း အမျိုးမျိုးနှင့် စမ်းသပ်ခဲ့ပြီးမှ အဖြေထုတ်ခဲ့ကြခြင်း ဖြစ်သည်။

မြို့ပြတွင် Wi-Fi စနစ်ကို အသုံးများသောကြောင့် မြို့ပြဝန်းကျင်ရှိ အပင်များ၏ အနေအထား ပြောင်းလဲလာမှုများကို ထိုပညာရှင်အဖွဲ့က လေ့လာခဲ့မိပြီး ယခုကဲ့သို့ ဆက်လက် လေ့လာခဲ့ကြခြင်း ဖြစ်သည်။

နယ်သာလန် နိုင်ငံတွင်လည်း မြို့ပြရှိ အပင် ၇၀ ရာခိုင်နှုန်းခန့်သည့် အဆိပ်မိသည့် လက္ခဏာများ ဖြစ်ပေါ်နေပြီး၊ နောက်လာမည့် ငါးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့် ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ကျေးလက် Wi-Fi အသုံးနည်းသည့် ဒေသများတွင် မြို့ပြကဲ့သို့ အပင်များသည် ထိခိုက်ပျက်စီး သေဆုံးမှု နည်းပြီး ပညာရှင်များက အခေါက်၊ အမြစ်၊ အရွက်များအပေါ် သက်ရောက်မှုများအား ဆက်လက် စမ်းသပ် စစ်ဆေးနေဆဲဖြစ်ကာ လူသားတို့ အပေါ်တွင်ပါ မည်သို့ သက်ရောက်မှု ရှိနိုင်ကြောင်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

(LIVE SCIENCE)

The Voice Weekly Myanmar


အလုပ်ထဲမှာ(၁)




I am going out for lunch.
ငါ နေ့လယ်စာ အတွက် သွားမလို့။

I'll be back at 1:30.
ငါ တစ်နာရီခွဲ ပြန်ရောက်မယ်။

How long does it take you to get to work?
မင်းအလုပ်ကို ရောက်ဖို့ ဘယ်လောက်ကြာလဲ။

She is on leave.
သူမခွင့်ယူထားပါသည်။

She is on maternity leave.
သူမ မီးဖွားခွင့် ယူထားပါသည်။

He is off.
သူ သည် မလာပါ။(သူ၏ပိတ်ရက်)

He is not in today.
သူသည် မလာပါ။

She is on holiday.
သူမသည် အားလပ်ရက် ယူထားသည်။

I am afraid, I'm not well and won't be able to come in today.
ငါ စိုးရွံ့မိတယ်၊ ငါ နေမကောင်းဘူး ငါ ဒီနေ့ လာနိုင်မယ်မထင်ဘူး။

He is with a customer at the moment.
သူ အခု ဧည့်သည်တစ်ယောက်နဲ့ ရှိနေသည်။

I will be with you in a moment.
ငါ မကြာခင် မင်းနဲ့တွေ့မယ်။

Sorry to keep you waiting.
မင်းကို စောင့်ခိုင်းထားရတာ ၀မ်းနည်းပါတယ်။

You are fired.
မင်းကို အလုပ်ဖြုတ်လိုက်ပြီ။

မှတ်စုမှတ်ရာအင်္ဂလိပ်စာပညာ

မျက်စိအားဖြည့်ဆေးများ


မျက်စိအတွက် အဓိကလိုအပ်တာက ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး ဆိုတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ဇင့် (သွပ်) နဲ့ ဆီလီနီယမ် သတ္တုဓာတ်တွေ ပါတဲ့ဆေးတွေ လိုအပ်ပါတယ်။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဆေးတွေက မျက်စိအတွက် အထောက်အကူ ပြုပါတယ်။ အရင်ကတည်းက မြန်မာပြည်ကို ဝင်လာတဲ့ ဗီတာမင်အုပ်စုတွေမှာ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်ဆိုရင် မျက်စိအတွက် အားကောင်းတယ်ဆိုပြီး သောက်လို့ရတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ လူတိုင်းက ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ် ဖြစ်လာကြတော့ ဗီတာမင်ဘီလည်း လိုအပ်လာပါတယ်။ ဒီဓာတ်တွေကို စံချိန်စံညွှန်းထားပြီး ကြည့်မယ်ဆိုရင် ဒီဆေးတစ်ခုက မျက်စိအတွက် သောက်သင့်၊ မသောက်သင့် ဆိုတာကို ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုရှိ၊ မရှိ ဆိုတာကို ကြည့်ရပါတယ်။ ဒီဆေးတွေ ပါဝင်တယ်ဆိုရင် ပြည့်စုံမှုရှိပြီး မပါဝင်ဘူး ဆိုရင်တော့ မပြည့်စုံပါဘူး။ တချို့လူတွေ မျက်စိအားဆေးအဖြစ် သောက်နေတဲ့ တရုတ်ဆေး၊ မြန်မာဆေးတွေမှာတော့ ဘာဓာတ်တွေ ပါဝင်မှုရှိသလဲဆိုတာ ဆရာတို့ မသိပါဘူး။ အဲဒီအထဲမှာ ဗီတာမင်အေပါသလား၊ ပါတဲ့ ဗီတာမင်အေက မျက်စိအတွက် လုံလောက်သလား . . ဒီအချက်တွေကို မသိနိုင်ပါဘူး။

အခုထုတ်နေတဲ့ ရွှေဖရုံသီး မျက်စိအားဆေးဆိုရင် ရွှေဖရုံသီးမှာ ဗီတာမင်အေ အများကြီးပါတော့ ကောင်းတယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။ တခြား တိုင်းရင်းဆေးမှာပါတဲ့ အရွက်တွေကျတော့ ဘယ်လောက်ပမာဏ ပါသလဲဆိုတာလည်း သေချာ မဖော်ပြထားတော့ မသိပါဘူး။ ဒီဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ အားဆေးတွေ သောက်တာကြောင့် မျက်စိကျန်းမာရေးကို ကောင်းတယ်လို့ပဲ ဆိုလိုတာပါ။ ဒီဆေးတွေ သောက်လို့ မျက်စိပါဝါကျတာ မဟုတ်ပါဘူး။ Refractive Error လို့ခေါ်တဲ့ အနုတ်ပါဝါမျက်မှန် တပ်ရတဲ့သူက ဒီဆေးတွေ သောက်လို့ ပါဝါကျမလားဆိုရင် မကျနိုင်ပါဘူး။ မျက်စိတစ်ဖက်ရဲ့ ပါဝါကျတော့ Cornea Curvature (မျက်ကြည်လွှာ အခုံးအခွက်)၊ Axial Length (လှိုင်းအလျား) ဒီနှစ်ခုအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် တရုတ်တိုင်းရင်းဆေးပဲ သောက်သောက်၊ မြန်မာတိုင်းရင်းဆေးပဲ သောက်သောက် ပါဝါတော့ ဘယ်လိုမှ မကျနိုင်ပါဘူး။ ဒီဆေးတွေ Safe ဖြစ်ရဲ့လား၊ မဖြစ်ဘူးလား ဆိုတာကလည်း အဲဒီဆေးတွေထဲမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေကို မသိတဲ့အတွက် ဝေဖန်လို့ မရပါဘူး။ ဒါပေမဲ့ တိုင်းရင်းဆေး သောက်လို့ မျက်စိထိခိုက်တယ်ဆိုပြီး ဆရာတို့ဆီကိုလာပြတဲ့ လူနာမျိုးကိုတော့ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်ဆေးတွေကတော့ စနစ်တကျ လေ့လာထားပြီးသားဖြစ်လို့ အာနိသင်၊ ဘေးထွက်ဆိုးကျိုး စတာတွေကို သိရှိပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် Ocular Side Effect of Systemic Drugs ဆိုတဲ့ ဆေးတွေရှိတယ်။ ဥပမာ- Prednisolone သောက်ရင် ဘာဖြစ်မယ်၊ CTZ သောက်ရင် ဘာဖြစ်မယ်၊ Cloroquine သောက်ရင် ဘာဖြစ်မယ်၊ ဒီဆေးတွေကို အများကြီး ရေရှည်စွဲသောက်ရင် ဘာဖြစ်မယ်ဆိုတာ စမ်းသပ်မှုတွေအရ သိပြီးဖြစ်တယ်။

ဒါပေမဲ့ တိုင်းရင်းဆေးတွေကျတော့ ဘာပစ္စည်းတွေ ပါဝင်မှန်း မသိဘူး။ မသိတော့ ဆရာတို့ ပြောလို့မရပါဘူး။ မျက်မှန်ပါဝါက Cornea Curvature (မျက်ကြည်လွှာအခုံး၊ အခွက်)၊ Axial Length (လှိုင်းအလျား) ဒီနှစ်ခုအပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ဆေးနဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့အတွက် ဘယ်ဆေးမှ အာနိသင်မရှိပါဘူး။ ဒါပေမဲ့ ဗီတာမင်အီး၊ ဗီတာမင်အေနဲ့ ဗီတာမင်ဘီတွေက မျက်လုံးတစ်ခုရဲ့ Metabolism အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် မျက်လုံးကို အထိုက်အလျောက် အားပေးတာကြောင့် သောက်သုံးသင့်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုအားပေးတဲ့အတွက် မျက်စိပါဝါ ကျတာမျိုးတော့ မဟုတ်ပါဘူး။ မျက်စိကျန်းမာရေးအတွက် ဆိုရင် ဗီတာမင်အေက အဓိက အရေးကြီးဆုံးဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် ဗီတာမင်အေ ရရှိအောင် အစိမ်းရောင်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ မုန်လာဥ၊ သင်္ဘောသီး၊ ဟင်းနုနယ်ရွက်၊ ငှက်ပျောသီး စတာတွေကိုလည်း စားသင့်ပါတယ်။

Good Health

သွေးတွင်းအချိုဓာတ် ကျဆင်းသည့် လက္ခဏာများ



(၁) မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခြင်း
သွေးတွင်းအချိုဓာတ်ကျလာသည်နှင့် စိတ်မတည်ငြိမ်တော့ပေ။ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဆတ်ဆတ်ထိမခံဖြစ်လာခြင်း၊ မျက်ရည်ကျခြင်းအထိ ဖြစ်ပေါ်လာတတ်သည်။
(၂) မူးဝေခြင်း
သွေးတွင်းအချိုဓာတ်ကျလျှင် ဆာလောင်မှုဖြစ်ပေါ်ပြီး မူးဝေလာတတ်သည်။သကြားပါဝင်သည့် အချို ရည်မုန့်တစ်ခုခုစားခြင်းဖြင့် သက်သာစေနိုင်သည်။ “
(၃) ရုတ်တရက် ကတုန်ကရင်ဖြစ်ခြင်း
ချက်ချင်းဆိုသလို ခြေတုန်လက်တုန်ဖြစ်လာတတ်သည်။ သို့သော် ကတုန်ကရင်ဖြစ်တိုင်း သွေးချိုဓာတ်ကျသည်ဟု တစ်ထစ်ချ မမှတ်ယူသင့်ပေ။ အချို့လူများတွင် အစာစားချိန် ရောက်သည်နှင့်တုန်လာတတ်သည်။
(၄) ပူအိုက်ခြင်းကြောင့် မဟုတ်ဘဲ ချွေးထွက်ခြင်း
အကြောင်းရင်း မည်မည်ရရ မရှိဘဲ ချွေးထွက်လာပါက သွေးချိုကျခြင်းကြောင့် ဖြစ်နိုင်သည်။ အချိုဓာတ်ကျလာပါက ခန္ဓာကိုယ်တွင်း ဖိစီးမှုဖြစ်ပ်ါပြီး လောင်စာဆီနည်းပါးစွာ အလုပ်လုပ်ရသကဲ့သို့ ပင်ပန်းကာ ချွေးထွက်လာတတ်သည်။
(၅) သတိကင်းလွတ်ခြင်း
နားအူခြင်း၊ လျှာလေးအာလေး ဖြစ်ခြင်း၊ ၀ါကျတစ်ကြောင်း ဖြောင့်ဖြောင့်တန်းတန်းမပြောနိုင်ခြင်း၊ သတိလစ်ခြင်းအထိ ဖြစ်တတ်သည်။

ဇော်ကို
Ref: Health Central
Health Updates Journal

မိတ္ထီလာမြို့၌ မိသားစုအတွင်း အချင်းများရာမှ လူသတ်မှုဖြစ်ပွားလူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူ ၃ ဦးအား မိတ္ထီလာရဲစခန်းက ထိန်းသိမ်း ချုပ်နှောင်ထား



နေပြည်တော် ဇန်နဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မိသားစု အတွင်း အချင်းများရာမှ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူ ၃ ဦးအား မိတ္ထီလာရဲစခန်းက ထိန်းသိမ်း ချုပ်နှောင်ထားကြောင်း သတင်းများအရ သိရှိရ သည်။

ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ ပြည်သာယာတောင် ရပ်ကွက်၊ (၁) ပတ်လမ်းနေ ဖိုးပြူး (ခ) ဝင်းကိုကိုနေအိမ်၌ လွန်ခဲ့သော ၂ ရက်ခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများပြီးရောက်ရှိနေသည့် မခင်ရွှေမြင့်အား တစ်ရပ်ကွက်တည်းနေ မယားညီအစ်ကိုတော်စပ်သူ မခင်ရွှေမြင့်၏ ခင်ပွန်း အောင်ဇော်ထွေးက သွားရောက် ခေါ်ယူရာမှာ ဖိုးပြူးက ဆဲဆိုကြိမ်းမောင်းသဖြင့် အောင်ဇော်ထွေး၏ ညီဖြစ်သူ ဇော်မျိုးထွေးက ဖိုးပြူးအား လေးဂွဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကို ဇော်မျိုး ထွေး၏ အစ်ကိုဖြစ်သူ ဖိုးနီ (ခ) ဇော်ထက်က ဝင်ရောက်ဖြန်ဖြေတားမြစ်စဉ် ဖိုးပြူးက ဓားဖြင့် ထိုးခဲ့မှုကြောင့် ဖိုးနီ၏ ယာဘက်နံကြားတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ ကြောင်း၊ ထို့ကြောင့် အောင်ဇော်ထွေးက ဖိုးပြူးအား တုတ်ဖြင့်ရိုက်ပြီး လဲကျသွားစဉ် ဖိုးပြူးယူဆောင်လာသော ဓားဖြင့် ထပ်မံထိုးခဲ့သဖြင့် ဖိုးပြူး၏ဝဲဘက်နံကြားတွင် ထိုးသွင်း ဒဏ်ရာ ၂ ချက်နှင့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်မှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားသည့်နေရာတွင် ဒဏ်ရာရရှိခဲ့သူ ဖိုးနီအား မိတ္ထီလာဆေးရုံ၌ အချုပ် ဖြင့် ဆေးကုသပေးလျက်ရှိပြီး အောင်ဇော်ထွေးနှင့် ဇော်မျိုးထွေးတို့အား မိတ္ထီလာအကျဉ်း ထောင်၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မလိုလားအပ်သော ပြဿနာများ ထပ်မံ မဖြစ်ပွား စေရေးအတွက် မိတ္ထီလာမြို့နှင့် အနီးတစ်ဝိုက်လုံခြုံရေး စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်မှာ မိသားစုအတွင်း ဖြစ်ပွားသည့် မှုခင်းဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ဘမ်းပြကာ ဆူပူမှုပြုလိုသူတစ်ချို့က ယင်းဖြစ်စဉ်အပေါ် ပုံကြီးချဲ့ပြီး ကောလဟလများ ထုတ်လွင့်လျက်ရှိရာ ပြည်သူ လူထုအနေဖြင့် ယုံကြည်မှုမရှိကြရန် တာဝန်ရှိသူများက မေတ္တာရပ်ခံပန်ကြားထားကြောင်း သတင်း ရရှိသည်။

moi.gov.mm