တရုတ်ဗလီမှ ရုတ်ရုတ်သည်းသည်းနှင့် လူသေသည့်ဖြစ်ရပ် သက်ဆိုင်ရာ အရာရှိများ ရာထူးမှ ဖယ်ရှားခံရ

ပို့စ်တင်ချိန် - 1/12/2014 06:15:00 AM


ဇန်နဝါရီ ၁၁။

ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ ရှိကျိနယ်တွင် ဗလီတစ်ခုတွင် ဘာသာရေး ခေါင်းဆောင် လာရောက်လည်ပတ်ပြီးနောက်ပိုင်း ဆင်းရဲသားများကို အစားအစာ လှူဒါန်းနေချိန်တွင် ရုတ်တရက် လူအများ အထိတ် တလန့် ထပြေးကြသဖြင့် လူပိသေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရသူ ၁၀ဦးကျော်ခန့် ရှိခဲ့သည်။ ထိုဖြစ်ရပ်အတွက် စီရင်စုမှ အကြီးအကဲနှင့် အခြားအရာရှိသုံးဦးကို ဆင်ရဲသားပရိသတ်များအပေါ် စီမံခန့်ခွဲမှု ညံ့သည်ဟူသော ပြစ်ချက်ဖြင့် ဇန်န၀ါရီ ၉ရက်တွင် ရာထူးမှ ဖယ်ရှားလိုက်သည်။

ဇန်န၀ါရီ ၆ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် ရှိကျိစီရင်စုမှ ခေါင်းဆောင် ရန်လီရှင်သာမက ဗလီမှ အုပ်ချုပ် ရေးမှူးကိုလည်း ရာဇ၀တ်မှုတာဆီးရေးတွင် ပေါ့ဆမှုဖြင့် ထိန်းသိမ်းထားသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ Ningxia Hui ဒေသမှ ရှိကျိစီရင်စုတွင် တရုတ်စကားပြော မွတ်စလင်အများ စုနေုထိုင်ရာအရပ်ဖြစ်သည်။

တရုတ်တွင် ကွန်ပြူနစ်ပါတီ၏  အုပ်ချုပ်မှုအောက်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဘ၀များ တင်းကြပ်မှုများ စွာ ရှိနေဆဲ ဖြစ်သည်။

Ref: Xinhua
The Myanma Age