နေ့လည်စာ စားသုံးပြီး ထောပတ်သီးစားသုံးခြင်းဟာ ကျန်းမာရေး ကို ကောင်းမွန်စေ

ပို့စ်တင်ချိန် - 1/12/2014 12:56:00 PM



(ကျန်းမာပြီး သွယ်လျ လှပလိုပါသလား ထေားပတ်သီးကို စား)

============

နေ့လည်စာ စားသုံးအပြီး ထောပတ်သီး စားသုံးခြင်းဟာ ကျန်းမာရေးကို အလွန် အထောက်အကူပြု ကောင်းမွန်စေကြောင်းနဲ့ ပုံမှန်စားသောက်တဲ့ နံနက်စာ၊ နေ့လည်စာနဲ့ ညစားများနဲ့ သရည်စာများ အကြား ကျန်းမာရေးဆိုးကျိုးများကို လေ့လာရှာဖွေနေတဲ့ အမေရိကန်က အဟာရဗေဒပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

နေ့လည်စာ စားအပြီး ထောပတ်သီးစားသုံးခြင်းဟာ ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုစေတဲ့ အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေတယ်လို့ အဟာရဗေဒပညာရှင်များက ဆိုပါတယ်။

အဟာရဗေဒပညာရှင်များရဲ့ လေ့လာစမ်းသပ်မှု ၂၆ ကြိမ်အရ အ၀လွန်လူငယ်လူရွယ်များဟာ နေ့လည်စာ စားသုံးပြီး ထောပတ်သီးစားသုံးခြင်းကြောင့် ကိုယ်အလေးချိန် ၄၀ % ကျဆင်းသွားကြောင်း နေ့လည်စာ စားပြီး ထောပတ်သီးမစားသူ လူငယ်လူရွယ်များနဲ့ နှိုင်းယှဉ်ချက်အရ သိရပါတယ်။

အဆိုပါစမ်းသပ်မှုမှာ နေ့လည်စာ စားအပြီး ၃ နာရီအတွင်း မှာ ထောပတ်သီးစားသုံးမှု အခြေအနေကို စမ်းသပ်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ကာလီဖိုးနီးယား Loma Linda University က အဟာရဗေဒပညာရှင် Dr Joan Sabate ရဲ့ပြောကြားချက်က တော့ လူအများစုဟာ သရည်စာ စားသုံးခြင်းကို စိတ်ကျေနပ်မှုအတွက် စားသုံးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို အဟာရဗေဒပညာရှင်တွေရဲ့ တွေ့ရှိချက်ကြောင့် အမေရိကန်မှာ ထောပတ်သီးဈေးနှုန်းဟာ တဟုန်ထိုး မြင့်တက် လာခဲ့ပါတယ်။ ဘယ်လောက်တောင် ဈေးမြင့်တက်လာလည်းလို့ ဆိုပါလျင် လွန်ခဲ့သော နှစ်လကထက် ထောပတ်သီးတစ်လုံးကို အမေရိကန်ဒေါ်လာ ၃.၄၈ ခန့်မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။

MOI Webportal Myanmar