အစ္စရေး ၀န်ကြီးချုပ်ဟောင်း ကွယ်လွန်

ပို့စ်တင်ချိန် - 1/12/2014 08:59:00 PM


အစ္စရေး ၀န်ကြီးချုပ်ဟောင်း ရှာရွန်ဟာ ၈ နှစ်ကြာ မေ့မြောနေခဲ့ရာက အခုအခါ ကွယ်လွန်သွားခဲ့ ပါပြီ။ အသက် ၈၅ နှစ်အရွယ် အစ္စရေး နိုင်ငံရဲ့၁၁ ဆက်မြောက် ၀န်ကြီးချူပ်ဟောင်း၊ ကာကွယ်ရေး ဦးစီးချူပ်ဟောင်း၊ နာမည်ကျော် ကွန်မန်ဒိုဟောင်း အေရယ်ရှရွန်ရဲ့ ဈာပနာကို နိုင်ငံတော်အဆင့် အခမ်းအနား အပြည့်အစုံနဲ့ ကျင်းပမယ်လို့ အစ္စရေး အစိုးရက ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြောပါတယ်။

Sharonသူ့ရုပ်ကလာပ်ကို ဂျေရုဆလင်မြို့ လွှတ်တော်တွင်းမှာ ဇန်န၀ါရီ ၁၂ ရက်နေ့ထိ ထားမှာပါ။ အမှတ်တရ အခမ်းအနားတွေကို ဇန်န၀ါရီ ၁၃ရက်နေ့ မနက်မှာ ကျင်းပပြီး နေ့ခင်းမှာတော့ အစ်စရေးတောင်ပိုင်းက ရှရွန်ရဲ့ အိမ်ရှိရာ စီကာမိုး လယ်ကွင်းနားမှာ အပြီးသတ် ဈာပနပွဲကို ကျင်းပမယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှရွန်ဟာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။ ရှရွန်ဟာ စစ်ရေးနဲ့ အရှေ့အလယ်ပိုင်းမှာ သမိုင်းဝင် ခြေချနိုင်ခဲ့ပြီး ပါလက်စတိုင်းတွေက ပြည်နယ်ထူ ထောင်ချင်နေတဲ့ မြေကို သိမ်းပိုက်ခဲ့သူပါ။ အဲဒီနောက် ဂါဇာ ကမ်းမြှောင်ကနေ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရှရွန်ဟာ လေဖြတ်အပြီး ၈ နှစ်ကြာအောင် ကိုမာဖြစ် မေ့မြောနေခဲ့ရာက စနေနေ့က ကွယ်လွန်ခဲ့တာပါ။ သူ့ရဲ့ ဈာပနကို တက်ရောက်မယ့် နိုင်ငံခြား ဂုဏ်သရေရှိ ဧည့်သည်တွေထဲမှာ အမေရိကန် ဒုသမ္မတ ဂျိုးဘစ်ဒင်နဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ ပါဝင်တယ်လို့ အစ်စရေးအရာရှိတွေက ပြောပါတယ်။
DVB Burmese