Please Q! ကျေးဇူးပြု၍ တန်းစီပေးပါ

ပို့စ်တင်ချိန် - 1/12/2014 07:45:00 AM


Supermarketတွေ၊ ရုပ်ရှင်ရုံတွေ စတဲ့နေရာတွေမှာ တန်းမစီဘဲ လစ်ရင်လစ်သလို အချောင်ခို၊ကြားဖြတ်နေတဲ့အဖြစ်တွေ နေ့ စဉ်နေ့တိုင်းရှိနေပါတယ်။ ကြားဖြတ်တာကို ကိုယ်တိုင်ခံလိုက်ရတာမျိုးရှိသလို၊ ကိုယ်ကိုယ်တိုင်က တန်းမစီဘဲ ကြားဖြတ်မိကြမှာပဲလေ။ အမှားကို သိလို့ အမှန်ပြန်ပြင်တာ ကိုယ့်တန်ဖိုးမြင့်ပါတယ်။ အမှားကိုသိလျက်နဲ့  အမှားကို ဆက်လုပ်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူတန်းစားတစ်ရပ်နဲ့  စာဖတ်သူတွေကြုံဖူးတယ်ဆိုရင် ဘယ်လောက်စိတ်အနှောက်အယှက်၊ ကသိကအောက်ဖြစ်ရလဲဆိုတာ ခံစားဖူးမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအဖြစ်မျိုး နောက်ထပ်မကြုံရအောင်၊ ဒါမှမဟုတ်လည်း ကိုယ်ကိုယ်တိုင် ကြားဖြတ်သူတစ်ယောက်မဖြစ်အောင် အကြံပြုပေးချင်ပါတယ်။
ပိုက်ဆံရှင်းဖို့  ကောင်တာကိုရောက်ရင် စနစ်တကျတန်းစီပါ။
တန်းစီရတာကို မလိုလားဘူးဆိုရင် ပွဲတော်တွေရှိတဲ့ နေ့ ရက်အချိန်အခါမျိုးတွေမှာ လိုအပ်မယ်ထင်တဲ့ အသုံးအဆောက်ပစ္စည်း၊ စားသောက်စရာတွေကို ကြိုတင်ဝယ်ယူထားပါ။ အားလုံးက ကိုယ့်အပူနဲ့ ကိုယ် လောနေကြတဲ့သူတွေပါပဲ။ ကိုယ့်တန်းဖိုးကို မြှင့်တင်တဲ့အနေနဲ့ သူတစ်ပါးရဲ့ အချိန်ကိုလည်းလေးစားပေးလိုက်ပါ။
အရေးတကြီး အလျှင်လိုနေရင် ရှေ့ ကတန်းစီနေတဲ့သူတွေစီက ခွင့်တောင်းကြည့်ပါ။
အရည်ပျော်မြန်တတ်တဲ့ ပစ္စည်းတို့ ၊စားသောက်စရာတို့ ပါနေရင် ကိုယ့်ရှေ့ မှာတန်းစီနေတဲ့သူတွေကို ကောင်းကောင်းမွန်မွန်နဲ့  အကျိုးအကြောင်းရှင်းပြပြီး ပိုက်ဆံအရင်ရှင်းခွင့်တောင်းကြည့်ပါ။ ဒါမှမဟုတ်လည်း အမှန်တကယ် အရေးကြီးကိစ္စတွေရှိလို့  အလျှင်လိုနေရင်လည်း ကိုယ့်ရှေ့ မှာရှိတဲ့သူတွေဆီက ခွင့်ပြုချက်တောင်းကြည့်ပါ။ ရှေ့ ကသူတွေအားလုံးခွင့်ပြုရင်တော့ ပြဿနာမရှိပါဘူး၊ ခွင့်မပြုဘဲ အတင်းကြားက မဖြတ်မိစေပါနဲ့ ။ ဒါကအရမ်းအောက်တန်းကျတဲ့လုပ်ရပ်တစ်ခုပါ။
ခွင့်မပြုရင် မျက်နှာမပျက်ပါနဲ့ ၊ ခွင့်မပြုသူကို အပြစ်မတင်ပါနဲ့ ။
တချို့ သူတွေကတော့ ခွင့်တောင်းတာတောင်မှ ခွင့်မပြုတတ်ကြပါဘူး။ တစ်ယောက်စ နှစ်ယောက်စနဲ့ ခွင့်ပြုပေးလိုက်ရင် ကြားဖြတ်သူတွေက အရမ်းအခွင့်ကောင်းယူတတ်လို့ ပါ။ ဒါက ခွင့်မပြုတဲ့သူတွေ စိတ်ဓာတ်ညံ့ဖျင်းလို့ မဟုတ်ပါဘူး။ သူတို့ ကိုတောင် ပြန်ကျေးဇူးတင်ရမှာပါ။ နောက်ဆို ကိုယ်တွေ ကိုယ်တိုင်စနစ်တကျ တန်းစီတတ်အောင် နည်းလမ်းပေးနေလို့ ပါပဲ။
Trend Myanmar