ဆရာမက တပည့်အချင်းချင်းပါးရိုက်ခိုင်းပြီး အပြစ်ပေးမှုကြောင့် ပါးအချက် ၄၀ လောက်ရိုက်ခံရပြီး မျက်လုံးခွဲစိတ်လိုက်ရတဲ့ကလေး

ပို့စ်တင်ချိန် - 1/12/2014 11:15:00 PM


ရိုက် နှက် ဆုံးမ ခြင်း အလေ့ အထ ဟာ ကောင်းမွန် တဲ့ လုပ်ရပ် မဟုတ် ဘူး လို့ ထောက် ပြ ပြော ဆို မှု တွေ ရှိခဲ့ ပေမယ့် ရပ်တန့် သွား အောင် လုပ် ဆောင် နိုင်ခြင်း မရှိ သေး ပါဘူး။ ရိုက် နှက် ဆုံးမ ခြင်း ကြောင့် ဖြစ်ပေါ် လာ တဲ့ အကျိုး ဆက် က ဘယ်လောက် အထိ အန္တရာယ် များ သလဲ ဆို တာ တရုတ် နိုင်ငံ မှာ ဖြစ် ပျက် ခဲ့ တဲ့ ဆရာနဲ့ တပည့် ကြား ပြဿနာ တစ်ခု က မီးမောင်း ထိုးပြ သွား ခဲ့ပါ တယ်။ Zhengzhou မြို့မှာ ဖွင့် လှစ်ထားတဲ့ ကျောင်းတစ် ကျောင်း မှာ အိမ်စာ လေ့ကျင့် ခန်း တွေ မပြု လုပ် တဲ့ အသက် (၁၂) နှစ် အရွယ် ကျောင်း သားတစ် ဦးကို ဆရာဖြစ်သူက ရိုက်နှက်ဆုံးမှု ပြုလုပ်ခဲ့ ပါတယ်။ ဒါပေမဲ့ ဆရာဖြစ်သူရဲ့ ရိုက်နှက်ဆုံးမ မှုဟာ ရက်စက်လွန်းရာ ကျခဲ့ပြီး ကလေးငယ် အနေနဲ့ မျက်လုံးခွဲစိတ် ကုသမှုခံယူရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ဆရာ ဖြစ်သူ က အိမ်စာ မ လုပ်တဲ့ ကျောင်း သားကို ပါးရိုက်ပြီး ဆုံးမမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပြု လုပ် ရာ မှာ ဆရာဖြစ်သူကိုယ်တိုင် ပြု လုပ်ခဲ့ခြင်းမဟုတ်ဘဲ အတန်းဖော်တွေကို ပါး ရိုက် မှု ပြု လုပ် ဖို့ စေ ခိုင်း ခဲ့တာ ဖြစ် ပါ တယ်။ ဆရာဖြစ်သူက တပည့်တွေကို အကျယ်လောင် ဆုံး အသံ ထွက် ပေါ် အောင် ပါးရိုက် နိုင်သူအား ဆုချသွားမယ် လို့တောင် ပြောခဲ့သေးတယ်လို့ သိရပါတယ်။ ပါးအချက် (၄၀) နီးပါး အရိုက် ခံရ တဲ့ တပည့်ဟာ အိမ် ကိုပြန်ပြီး နောက်တစ် နေ့မှာ မျက်လုံးအမြင်ေ၀၀ါးသွားခဲ့တာ ဖြစ်ပါ တယ်။

 ဒီကလေး ရဲ့ အမည်ကို ထုတ် ပြန် ကြေ ညာခြင်း မရှိပေမယ့် ဆရာဖြစ်သူဟာ ဒိုက်ထိုး စေတဲ့ ပြစ်ဒဏ်ကိုလည်း ပေးခဲ့ပါတယ်။ နောက် ပြီး နေ့ လည်စာကိုလည်း စားခွင့်မပြုခဲ့ပါဘူး။ ကလေးငယ်ဟာ ရိုက်နှက်မှုကြောင့် ဘယ် ဘက် မျက် လုံး အမြင်ေ၀၀ါး သွား ခဲ့ပြီး ခွဲစိတ် ကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ကလေးငယ် ရဲ့ မိခင်ဖြစ် သူက ဘာကြောင့် မျက်လုံး ထိခိုက် သွားသလဲဆိုတာ မသိရှိတာကြောင့် ဆရာဝန် က မျက်လုံးေ၀၀ါးမှုကို ပျောက် ကင်း ရန် ခွဲစိတ် ပေး ခဲ့ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။ ဆရာဖြစ် သူက တပည့် ဖြစ်သူ တိုး တက် လာ ဖို့ ရိုက် နှက် ဆုံးမ ခဲ့ခြင်း ဖြစ် ကြောင်း ဖြေရှင်းချက် ပေးခဲ့ပါတယ်။ ကလေးငယ် ပညာသင်ယူနေ တဲ့ ကျောင်းကတော့ ကျန်းမာရေး စရိတ်အ တွက် ပေါင် (၃၀၀၀)နီးပါး ထောက်ပံ့ကူညီ ခဲ့တယ်လို့ သိရပါတယ်။
Messenger News Journal