မိတ္ထီလာသတင်း ( နောက်ဆုံးအခြေအနေ )

ပို့စ်တင်ချိန် - 1/12/2014 02:20:00 PM


ဖြစ်စဉ်မှာ - လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာမှ
လင်ဖြစ်သူက မယားကို ရိုက်နက်နှိပ်စက်ပြီး အိမ်ပေါ်မှနှင်ချ။
ထိုအဖြစ်အပျက်ကို အဲဒီအမျိုးသမီး၏ အစ်ကို(၄ယောက်)
ကြားသိပြီးမကျေမနပ်ဖြစ်ကာ - အမျိုးသမီးခင်ပွန်းဖြစ်သူ
(ယောက်ဖ)အား သွားရောက်ခိုက်ရန်ဖြစ်ပွား။ စကေဘာများဖြင့်
အပြန်အလှန်ထိုးကြပြီး၊ ယောက်ဖဖြစ်သူသေဆုံး။

အမျိုးသမီး၏ အစ်ကိုဖြစ်သူ(၄)ယောက်ထဲမှာ တစ်ယောက်သည်
စကေဘာဒဏ်ရာများကြောင့် မိတ္ထီလာဆေးရုံကိုတင်ပို့ထားရပြီး။
ကျန်တဲ့(၃)ယောက်ကို ရဲစခန်းတွင် ဖမ်းဆီးထား။

ထိုသတင်းကို မိတ္ထီလာမြို့ရှိ လူအများကြားတွင် ပျံ့နှံ့သွားပြီး
ဘာသာမတူလူများ ခိုက်ရန်ဖြစ်ပွားပြီး၊ တစ်ခြားဘာသာဝင်
အုပ်စုမှ - အခြားဘာသာဝင်တစ်ဦးအား ၀ိုင်းဝန်းသတ်ဖြတ်သည်ဟု
သတင်းဖြစ်သွားခဲ့သည်။ အထူးသဖြင့် - ဖေ့ဘုတ်ပေါ်တွင်
ဘာသာရေး၊ လူမျိုးရေးသွေးထိုးပေးတတ်သည့် Page တစ်ခု
တွင် ထိုသတင်းစတက်လာခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ဘာသာရေးလူမျိုးရေးသွေးထိုးသူများပုံဖော်ချက်ကို
ရှင်းလင်းရမည်ဆိုပါက - အသတ်ခံရသူသည် မူလသူကိုးကွယ်ရာ
ဘာသာမှ အခြားဘာသာသို့ (အမည်အားဖြင့်)ကူးပြောင်းထားသူဖြစ်သည်။
မယားဖြစ်သူမှာ ယခင်က သူ့ယောက်ျားနှင့်ဘာသာအတူဖြစ်ပြီး၊
သူမ၏အစ်ကိုများမှာလည်း မူလကိုးကွယ်ရာဘာသာအတိုင်းသာ
ဘာသာမပြောင်းပဲရှိသည်။ ( ထိုအချက်ကို အသုံးချ၍ ဘာသာရေး၊
လူမျိုးရေးအမြင်ဖြစ်အောင် ဖွပေးလိုက်ခြင်းဖြစ်သည် )။

ဤနေရာတွင် အထူးသတိထားရန်မှာ ဘာသာရေးကြောင့် ခိုက်ရန်ဖြစ်ခြင်း
မဟုတ်သည်ကို မူလဖြစ်စဉ်အနေအထားအရ ချင့်တွက်နိုင်ပါသည်။ သူတို့
ညီမဖြစ်သူကို အနိုင်အထက်ပြုနှိပ်စက်ရိုက်နှက်လိုက်သဖြင့် မခံချင်သော
အစ်ကိုမောင်များ၏ တုန့်ပြန်မှုအဖြစ် ( ရာဇ၀တ်မှု)အနေနှင့်သာ ရှုမြင်
သုံးသပ်ရပေမည်။ မည်သည့်ဘာသာရေး၊ လူမျိုးရေး အရောင်အစွန်းဖြင့်မျှ
မရှုကြည့်စေလိုပါ။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့ခံလူထုသည် ယခင်ဖြစ်ပွားခဲ့သောပဋိပက္ခ
အရှိန်ကြောင့် မည်သို့ဖြစ်လာမည်၊ မည်သို့အန္တရာယ်ရှိနိုင်သည်ကို စိုးရိမ်စိတ်
များဖြစ်ပွားနေပြီး...အခြေအနေများအားစောင့်ကြည့်လျှက် ရှိနေပါသည်။
(ထိုသို့ဖြစ်ချင်းကို မိတ္ထီလာတွင် အုံးအုံကျတ်ကျတ်ဖြစ်နေပြီ၊ ပဋိပက္ခတွေ
ပြန်စနေပြီဟု...အချို့သော အဖွအကောင့်များ၊ အဖွ Page များတွင်
တင်ခဲ့သည်များရှိပါသည်။ )

နောက်ဆုံးသိရှိရသည်မှာ - သာမန်ရာဇ၀တ်မှုမှ ပိုမိုကြီးမားသည့် ပဋိပက္ခများထပ်မံပေါ်ပေါက်ခြင်းမရှိအောင် မိတ္ထီလာမြို့ရဲတပ်ဖွဲ့ဝင်များ၊
အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်
လျက်ရှိကြောင်းသိရပါသည်။

အထူးသတိပြုရန်မှာ - မကြာခင်ကျင်းပတော့မည် ဘာသာရေးအခမ်းအနား
တစ်ခုကျင်းပခါနီးတွင်...အာရုံပိုကျစေရန်.. ပဋိပက္ခများကြီးထွားအောင်
တပ်လှန့်လိုသော လူအုပ်စုတစ်စုတစ်ဖွဲ့က ရာဇ၀တ်မှုကို၊ လူမျိုးရေး၊ ဘာသာရေးပုံဖော်ဝါဒဖြန့်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။

ရာဇ၀တ်မှုကို...ရာဇ၀တ်မှုအဖြစ် ရှုမြင်သုံးသပ်ဖြေရှင်းမှသာ အခြားသော
ဘေးထွက်ရန်လိုမှုများ ချုပ်ငြိမ်းနိုင်မည်ဖြစ်ပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းဝေးကြပါစေ။

Credit: မော်ကွန်းသစ်
သတင်းဘုရင်