ဘဝကြီးပွားကြောင်းတရား

ပို့စ်တင်ချိန် - 1/12/2014 02:00:00 PM


လူတစ်ဦးတစ်ယောက်ရဲ့ ဘဝကြီးပွားရေး၊ တိုးတက်ရေး၊ ချမ်းသာရေးမှာ ကံ၊
ဉာဏ်၊ ဝီရိယလို့ သုံးမျိုးရှိတယ်။ ထိုသုံးမျိုးလုံးစုံရင် မြန်မြန်ဆန်ဆန် ကြီးပွား
ချမ်းသာတယ်။

အရေးအပါဆုံး၊ ပဓာနအကျဆုံးကတော့ ကံတရားပေါ့။

ကုသိုလ်ကံ ကင်းမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ကြိုးစားမှု ဝီရိယဟာ ရေဆန်ကို လှန်ပြီး တက်
ရတဲ့ လှေနဲ့တူတယ်။ လှော်အား၊ ခတ်အား၊ ထိုးအားရှိခိုက်တော့ ဒီလှေဟာ ရေ
ကိုဆန်ပြီး တက်နေတယ်။

လှော်အား၊ ခတ်အား၊ ထိုးအား ရပ်နားလိုက်တာနှင့် လှေလည်း အသွားရပ်ပြီး
ရေလျင်ကြော ပြန်မျောသွားတယ်။ သိပ်ပင်ပန်းလွန်းပါတယ်။

ဒီလိုပါပဲ ကုသိုလ်ကံမပါတဲ့ ပုဂ္ဂိုလ်ရဲ့ ကြိုးစားမှုဟာလည်း ကြိုးစားနိုင်မှ ချမ်း
သာတယ်။ ကြိုးစားနိုင်မှ စားဝတ်နေရေး အဆင်ပြေတယ်။ ကြိုးစားမှုလည်း
ရပ်နားလိုက်ရော အားလုံး အဆင်မပြေတော့ဘူး။ ရုန်းနိုင်ကန်းနိုင် လုပ်နိုင်တုန်း
အဆင်ပြေပြီး မလုပ်နိုင်တဲ့ တစ်နေ့ဆင်းရဲတယ်။

ကုသိုလ်ကံပါတဲ့ပုဂ္ဂိုလ်ရဲ့ ဝီရိယကတော့ ရေစုန်မှာ လှော်ရတဲ့လှေနဲ့တူတယ်။
ဒီလှေကျတော့ ရေရဲ့တွန်းအားရော၊ လှော်အား ခတ်အား ထိုးအားရောဆိုတော့
တစ်ချက်နှစ်ချက်လှော်လိုက်ခတ်လိုက်လျှင်ပဲ လိုရာခရီးကို အများကြီးရောက်
သွားတယ်။ ဒီလိုပဲကုသိုလ်ကံကောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ကြိုးစားမှုဟာလည်း ပင်ပင်
ပန်းပန်း ဘာမှမလုပ်ရဘဲ လှုပ်ခါယှက်ခါနဲ့ ကြီးပွးကြ၊ ချမ်းသာကြတယ်။

ချမ်းမြေ့မြိုင်ဆရာတော်

Buddhavasa Tiloka
မြ၀တီ