ယခင်တပ်မတော်ကရေးဆွဲခဲ့သော ယုံကြည်မှုလွဲမှားစေသည့်ဖွဲ့စည်းပုံကို လက်ရှိတပ်မတော်က ထွေးပိုက်ထားရသည်ဟု ဦးကိုကိုကြီးပြော


တပ်မတော်နှင့်လူထုအကြား နားလည်မှု၊ ယုံကြည်မှု ကွဲလွဲစေသော အချက်ဖြစ်သည့် ယခင်စစ်အစိုးရ ရေးဆွဲထားသောဖွဲ့စည်းပုံကို လက်ရှိတပ်မတော်က ထွေးပိုက်ထားရကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကို ကိုကြီးက ပြောသည်။
''၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ချင်ရင် ၇၅ရာခိုင်နှုန်းကျော်ရမယ်ဆိုတာက ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံသားမဲဆန္ဒရှင်တွေက သေလောက်အောင် ပြင်ချင်သည်ဖြစ်စေ ငါသ ဘောမတူရင် ပြင်လို့မရဘူးဆိုတဲ့ ဗီတိုအာဏာကို တပ်မတော်ကယူထားတာ။ တပ်မ တော်က ယူထားတယ်လို့ ပြောရတာကလဲ လက်ရှိတပ်မတော်က ယူထားတာ မဟုတ်ပါ ဘူး။ အရင်လူတွေက ဒီအတိုင်း ချမှတ်ထားတဲ့ဟာတွေအားလုံးကို လူထုရဲ့ နားလည်မှု ယုံ ကြည်မှုကွဲလွဲစေနိုင်တဲ့အချက်ကြီးကို လက်ရှိတပ်မတော်ခေါင်းဆောင်များက ထွေးပိုက် ထားရတာဖြစ်တယ်''ဟု ဦးကိုကိုကြီးက ပြောသည်။

ယခုအချိန်တွင် တပ်မတော်သည် မျိုးဆက်အရ ပြောင်းလဲနေပြီဖြစ်သော
ကြောင့် ပြည်သူလူထုနှင့် စည်းလုံးညီညွတ်စေရန်၊ ပြည်သူများက ယုံကြည်ကိုးစားရသော တပ်မတော် ဖြစ်ရန် ယခင်လူများ လုပ်ဆောင်သွားသောဒဏ်ကို ယခုတပ်မတော်ခေါင်းဆောင်များက ဆက်ခံစရာမလိုကြောင်းကို ဦးကိုကိုကြီးက ''ဒီဖွဲ့စည်းပုံကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူတွေ က မျိုးဆက်အရ တစ်လွှာက တပ်ကထွက်သွားပြီ။ ကျန်ခဲ့တဲ့သူတွေက သူတို့လုပ်ထားခဲ့တဲ့ အတွက် ယုံကြည်မှုလွဲမှားတဲ့၊ နားလည်မှုလွဲမှားတဲ့ဒဏ်ကို လက်ရှိတပ်မတော်ခေါင်းဆောင် တွေကခံနေရတာဖြစ်တယ်။ လက်ရှိတစ်လွှာ ပင်စင်ယူသွားရင် နောက်ကတစ်လွှာ တက် လာဦးမှာ။ အဲဒီတော့ ပြည်သူတွေနဲ့ စည်းလုံးညီညွတ်တဲ့ ပြည်သူကယုံကြည်ကိုးစားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် အရင်လူတွေလုပ်သွားတဲ့ဒဏ်ကို ဒီတပ်မတော်က ဆက်ခံစရာ မလိုပါဘူး။ ဒီမိုကရေစီနည်းနဲ့ ပြောမယ်ဆိုရင် စစ်ဘက်၊ အရပ် ဘက်ဆက်ဆံရေးကို တဖြည်း ဖြည်း ပုံမှန်အနေအထားရောက် အောင် ကြိုးစားကြရမှာဖြစ်ပါ တယ်''ဟု ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံလုံး ငြိမ်း ချမ်းစေရန် တစ်စုတစ်ဖွဲ့ တစ် ဦးတစ်ယောက်ကျန်နေ၍မရ ကြောင်း၊ အကယ်၍ကျန်နေခဲ့ပါ က ရေရှည်တည်ငြိမ်ရန် လုံခြုံ စိတ်ချရသည့် အခြေအနေမဟုတ် ကြောင်းလည်းယင်းက ထောက်ပြပြောကြားခဲ့သည်။

The Flower News Journal
Vol-10 , No.11

ဖေ့စ်ဘွတ်အကောင့် အတုများ၏ အချက်အလက်များအစိုးရက တောင်းခံ။


မြန်မာဘာသာဖြင့် သုံးစွဲနေသော ဖေ့စ်ဘွတ် အပါအ၀င် လူမှုရေး ကွန်ရက်မှ အကောင့် အတုများနှင့် ပတ်သက်သည့် အချက်အလက်များ
ကို အစိုးရက ဖေ့စ်ဘွတ် ထူထောင်ထားသည့် ကုမ္ပဏီသို့ တောင်းခံ သွားမည်ဟု သိရသည်။

ထိုကဲ့သို့ တောင်းခံခြင်းမျိုးကိုလည်း အခြား အစိုးရများက တောင်းခံလေ့ ရှိပြီး ဖေ့စ်ဘွတ်က တောင်းခံသည့် အချက်အလက် အားလုံး မဟုတ်
သည့် နိုင်ငံ အစိုးရများက ဖေ့စ်ဘွတ် သုံးစွဲနေသည့် အကောင့်များနှင့်ပတ်သက်ပြီး သိလိုသည့် အကောင့်များ၏ အချက်အလက်များကို
တောင်းခံ ခဲ့ဖူးသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ
ဖေ့စ်ဘွတ်ပေါ်မှ နိုင်ငံရေး၊ ဘာသာရေး လှုံ့ဆော်မှုများ၊ ပုဂ်္ဂိုလ်ရေး
လုပ်ကြံ တိုက်ခိုက်ထားသည့် သတင်းမှားများ၊ ကောလာဟလ များကို ရည်ရွယ်ချက် ရှိရှိဖြင့် အကောင့် အတုများ သုံးပြီး အချို့သူများက ထုတ်လွှင့် နေလျက် ရှိသည်။ ထိုသို့သော မဟုတ်မမှန် သတင်းများ လုပ်ကြံ ထုတ်လွှင့် နေသူများသည် အသစ် ပြဋ္ဌာန်းလိုက်သော အီလက်ထရောနစ် ဥပဒေ အရ တရားစွဲဆို ခံရပါက ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ဒဏ်ငွေကျပ် သိန်း ၅၀ဖြစ်စေ ကျခံရမည် ဖြစ်သည်။

ဖေ့စ်ဘွတ် သုံးစွဲနေသူ တစ်ဦးက “အစိုးရက အကောင့် အတုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တောင်းတယ်လို့ သတင်း ထွက်လာတဲ့ နောက်ပိုင်း ဖေ့စ်ဘွတ်ပေါ်မှာ ဆဲတာ ဆိုတာ၊
ပုဂ်္ဂိုလ်ရေး တိုက်ခိုက်တာတွေ သိသိသာသာ လျော့သွားတယ်”ဟု သူ၏ တွေ့ရှိချက်ကို Tomorrowသို့ ပြောပြခဲ့သည်။

( ယနေ.ထုတ် Tomorrow သတင်းဂျာနယ်မှကောက်နှုတ်ချက် )

MH370 လေယာဉ် လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်


ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့်လိုက်ပါသွားခဲ့သူ သူတို.(၂) ဦး

ခိုးယူခံထားရသည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ် လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု ထိုင်းရဲအရာရှိများက ပြောကြားခဲ့သည်။

Ali က ဥရောပ ရှိနေအိမ်များသို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက်
ဟုဆိုကာ လေ ယာဉ်လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊ ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်
ပေးချေသွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့
ဘယ်လို ဆက်စပ်နေကြသည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာ
စောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ်စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)
၏ အတွင်းရေးမှူးချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

Source: CNN

မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။


လူပေါင်း ၂၃၉ ယောက် တင်ဆောင်ထားတဲ့ ဧရာမ လေယာဉ်ကြီးဟာ ကောက်ရိုးပုံထဲ ကျသွားတဲ့ အပ်လို အစအနတောင် ရှာမရဘဲ ပျောက်ခြင်းမလှ ပျောက်နေတာဟာ သာမန်လူတွေအတွက်သာ မကဘဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်လာနေပါတယ်။

အစောပိုင်းက ပင်လယ်ပြင်မှာ ဆီကွက်ကြီး တွေ့တယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်း စစ်ဆေးကြည့်တဲ့အခါ အဲဒီ ဆီကွက်ကြီး ကလည်း လေယာဉ်ဆီ မဟုတ်ပါဘူး။

ဗီယက်နမ်အနီးမှာ အပျက်အစီး အစအန တွေ့တယ်လို့ သတင်းထွက်သေးပေမယ့် ဒါကလည်း မဟုတ်ပြန်ပါဘူး။

တရုတ်နိုင်ငံက ဆွေမျိုးသားချင်းက ခရီးသည်ရဲ့ ဖုန်းကို ခေါ်တဲ့အခါ ဖုန်းကိုင်မယ့်သူ မရှိပေမယ့် ဖုန်းလိုင်းက ဝင်နေတယ်လို့ ဆိုပြန်ပါတယ်။

အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးတွေရော လုံခြုံရေးပညာရှင်တွေရော စုံစမ်းရှာဖွေသူတွေပါ ခေါင်းကိုက်ရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။

လေယာဉ် ပျောက်ဆုံးနိုင်တဲ့ အကြောင်းတရားတွေက အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် သဲလွန်စလေး တစ်ခုတလေမှ မကျန်တာကတော့ သိပ်ဆန်းနေပါတယ်။

တကယ်လို့ လေယာဉ်အင်ဂျင်တွေ စက်ချို့ယွင်းသွားတယ် ဆိုပါစို့။ အဲသလို စက်ချို့ယွင်းပြီးနောက်မှာ လေယာဉ်ဟာ မိုင်ပေါင်း ၈၀ ကျော် ၉၀ လောက် လေထဲမှာ ဝဲနေနိုင်ပါသေးတယ်။ ဒါဆိုရင် လေယာဉ်မှူးအတွက် အရေးပေါ် ကယ်ဆယ်ရေး တောင်းခံဖို့ရာ အချိန်ကောင်းကောင်း ရနိုင်ပါတယ်။

တကယ်လို့ လေယာဉ်တံခါးတခုခု ပျက်စီးလို့ လေဖိအား ရုတ်တရက် ပြောင်းသွားတယ် ဆိုပါစို့။ ဒါဆိုရင်တော့ လေယာဉ်မှူးဟာ လေယာဉ်ကို အမြန်ဆုံး နိမ့်ရာ ရောက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါပေမယ့် ဒါကလည်း လေယာဉ်ကို ရုတ်တရက် တစစီ ပေါက်ကွဲသွားတာမျိုးတော့ မဖြစ်နိုင်ပြန်ပါဘူး။

တကယ်လို့ လေယာဉ်မှူးတွေ အကြောင်းတစုံတရာကြောင့် ဥပမာ အောက်ဆီဂျင် ပြတ်သွားလို့ အားလုံး သတိလစ်ကုန်တယ် ဆိုပါတော့၊ လေယာဉ်ကတော့ ဆက်ပျံနေဦးမှာပါ။ အဲသလို ပျံနေချိန်မှာ လေယာဉ်မှူးတွေဆီက အသံတိတ်နေတာကို မြေပြင်က သတိထားမိရမှာပါ။

လေယာဉ်ပြန်ပေးဆွဲမယ့် သူတွေက လေယာဉ်မောင်းခန်းထဲကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားလာကြတယ် ဆိုပါစို့။ ဒါဆိုရင်လည်း လေယာဉ်မှူးတွေ အနေနဲ့ ပေးပို့နိုင်တဲ့ အရေးပေါ် စကားဝှက်တွေ ရှိနေပြန်ပါသေးတယ်။ တခြား ပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ အရေးပေါ် လိုင်းတွေကနေ ကြားကြရမှာပါ။

စဉ်းစားလို့ ရသမျှဟာ အစအန ကောက်မရလောက်အောင် ပျောက်သွားစရာ အကြောင်းမရှိ ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ရှာလေ မတွေ့လေ ဂမ္ဘီရ ပုစ္ဆာတပုဒ်လို အဖြေထုတ်ရခက်ခဲလေ ဖြစ်နေပါတယ်။

BBC Burmese

MH 370 နှင့် ဆက်စပ်သော နောက်ဆုံးရသတင်းများ စုစည်းချက်


၁. လေယာဉ်ပျောက်ဆုံးမှုကြာမြင့်ချိန်သည် သတင်းစာရှင်းလင်းပွဲအရ နာရီ (၆၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

၂. တောင်တရုတ်ပင်လယ်ပြင်တစ်ခွင်တွင် ရှာဖွေရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးဖြစ်သည်။

၃. ထို့အတူ လေယာဉ်သည် နောက်သို့ပြန်လှည့်သွားသည်ဟု သံသယရှိဖွယ်ဖြစ်သောကြောင့် မလက္ကာရေလက်ကြားနေရာအားလည်း ရှာဖွေမှုများ ပြုလုပ်ပြီး ဖြစ်သည်။

၎. တိုင်းပြည်နိုင်ငံအသီးသီးမှ ရာနှင့်ချီသော လူများအားလည်း ရှာဖွေရေးအထောက်အကူပြု စက်ပစ္စည်းစုံလင်စွာဖြင့် ဖြန့်ကျက်ကာ ရှာဖွေနိုင်ရန် စေလွှတ်ထားပြီးဖြစ်သည်။

၅. နေ့ခင်းအချိန်တွင် လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ပြီး၊ ညဘက်အချိန်တွင် သင်္ဘောများဖြင့် ရှာဖွေလျက်ရှိသည်။

၆. ယခုအချိန်အထိ လေယာဉ်အား ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။

၇. မီဒီယာများတွင် ဖော်ပြနေသော လေယာဉ်တံခါးရွက် အပိုင်းအစမှာလည်းMH370၏ အပိုင်းအစမဟုတ်ပါဟု ဗီယက်နမ်လေကြောင်းအရာရှိချုပ်မှ ပြန်လည်ဖြေကြားထားပါသည်။

၈. ယခုအချိန်အထိ တွေ့ရှိခဲ့ပါသည်ဟု ပြောကြားခဲ့သော အပျက်အစီးအပိုင်းအစများကိုလည်း မလေးရှားလေကြောင်းလိုင်းမှ ၄င်းတို့လေကြောင်းလိုင်းနှင့် သက်ဆိုင်သည့် အပိုင်းအစများ ဖြစ်ကြောင်း အတည်ပြုပေးနိုင်ခြင်း မရှိသေးပါ။

၉ . မီဒီယာအသီးသီးမှ သီအိုရီများအသုံးပြုလျှက် ခန့်မှန်းတွက်ဆမှုများစွာ ထုတ်ပြန်နေသော်လည်း မိမိတို့အနေဖြင့် အမှန်တရားမှပေးသော သက်သေများကိုသာ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

၁၀. MAS နှင့် အခြား အေဂျင်စီများ၏ အကူအညီများဖြင့် လေယာဉ်တည်ရှိရာနေရာကို သိရှိရရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကြိုးစားနေဆဲဖြစ်ပါသည်။

၁၁. ပတ်စ်ပို့အတုကိုင်ဆောင်သွားသော ခရီးသည် (၂)ဦးနှင့် ပတ်သက်၍လည်း စုံစမ်းမှုများပြုလုပ်နေဆဲဖြစ်သောကြောင့် ၄င်းတို့၏ ဓာတ်ပုံများအား ထုတ်ပြန်ကြေငြာနိုင်ခြင်း မရှိသေးပါ။

၁၂. လေယာဉ်ပြန်ပေးဆွဲမှုဟု ယူဆရသော်လည်း မိမိတို့အနေဖြင့် စုံစမ်းဆဲသာဖြစ်ပြီး ခိုင်လုံသော သက်သေပြရန်မဖြစ်နိုင်သေးပေ။

၁၃. သက်ဆိုင်သူများ အားလုံးအားလည်း မိမိတို့ အစွမ်းကုန်ကြိုးစားရှာဖွေနေဆဲဖြစ်သောကြောင့် စိတ်ရှည်သည်းခံစောင့်ဆိုင်းပေးပါရန် တောင်းပန်အပ်ပါသည်။

၁၄. ကယ်ဆယ်ရေးနှင့် ရှာဖွေရေး သင်္ဘောများအနေဖြင့်လည်း ယခုအချိန်အထိ
လေယာဉ်အား ခြေရာခံမိခြင်း မရှိသေးပါ။

၁၅. လေယာဉ်ပေါ်တွင် တင်ဆောင်သွားသော ခရီးဆောင်အိတ်များအားလုံးမှာလည်း သံသယဖြစ်ဖွယ် ပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း စုံစမ်းစစ်ဆေးပြီးဖြစ်ပါသည်။

၁၆. လေယာဉ်ပေါ်တွင် စီးနင်းသွားသော တရုတ်နိုင်ငံသားများ၏ ကျန်ရှိသော မိသားစုဝင်များအား ယနေ့နှင့် မနက်ဖြန်တွင် မလေးရှားနိုင်ငံသို့ ခေါ်ဆောင်ပြီး ကွာလာလမ်ပူမြို့တွင် နေထိုင်
စောင့်ဆိုင်းစေမည်ဖြစ်ပါသည်။

၁၇. ယခုလေယာဉ်အား စုံစမ်းရှာဖွေမှုမှာ လွယ်ကူသော အလုပ်မဟုတ်သလို မျက်မြင်တွေ့ရှိနိုင်မှုများမှာလည်း အကန့်အသတ်ဖြင့်သာ ရှိနိုင်ပါမည်။

၁၈. ယခု ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းစဉ်များအား လေယာဉ်ပြန်လည်ရှာဖွေတွေ့ရှိသည့် အချိန်အထိ အချိန်အကန့်အသတ်မရှိပြုလုပ်သွားမည်ဖြစ်ပါသည်။

၁၉ . လေယာဉ်ပေါ်သို့ စီးနင်းလိုက်ပါသွားသော ခရီးသည်များအား လုံခြုံရေး စစ်ဆေးဆောင်ရွက်မှုမှာလည်း နိုင်ငံတကာ စံနှုန်းစံညွှန်းများနှင့်အညီ ပြုလုပ်ထားပါသည်။

၂၀. ပင်လယ်ရေပြင်တွင် တွေ့ရှိရသော ဆီကွက်ကြီးမှာလည်း MH370 အတွက် အသုံးပြုသော ဆီများမဟုတ်ကြောင်းနှင့် သင်္ဘောမောင်းသော ဆီများဖြစ်ကြောင်း မလေးရှားရေကြောင်းမှ အတည်ပြုပြောကြားပါသည်။

၂၁. ပတ်စ်ပို့အတုကိုင်ဆောင်သွားသော ခရီးသည် (၂)ဦးအား လေဆိပ်ရှိ CCTV ကင်မရာများမှတဆင့် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဖော်ထုတ်ချက်များအရ မလေးရှားလူမျိုးများ မဟုတ်ကြောင်း မလေးရဲအရာရှိမှ ပြောကြားပါသည်။

၂၂. ဟောင်ကောင်မှ ပျံသန်းလာသော လေယာဉ်သည် ဗီယက်နမ်နိုင်ငံ ကမ်းစပ်မြို့တစ်ခုဖြစ်သော ဗန်တောင်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၆၀ ခန့်တွင် အပျက်အစီးအပိုင်းအစမြောက်များစွာ မြင်တွေ့ရသည်ဟုဆိုထားသောကြောင့် ယခုအခါ ထိုနေရာသို့ ရှာဖွေကယ်ဆယ်ရေးများ စေလွှတ်ထားပြီဟု ပြောကြားပါသည်။

ကဲ … ဆက်ပြီး ဆုတောင်းခြင်းဖြင့် ကူညီဖေးမကြရအောင်ဗျာ…

ငြိမ်းချမ်းကျော်

နွေရာသီကျောင်းပိတ် ရက်မှာ စစ်လွန်းဝတီ ထက် ကြော်ငြာများ ရိုက်ကူးဖို့ရှိကြောင်း ဖခင်ဇူးမြတ်ထက်ပြော


ဇူးမြတ်ထက်နဲ့ ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးစစ်လွန်း ဝတီထက်က မိဘများရဲ့ အနုပညာသွေးအပြည့်ပါသူ တစ်ဦးဖြစ်ပါတယ်။ သုံးနှစ်အရွယ်သာရှိတဲ့ စစ်လွန်းဝတီထက် ဟာ ပြက္ခဒိန်များ၊ ကြော်ငြာများမှာ ဓာတ်ပုံများရိုက်ကူးနေသလို၊ MISY ကျောင်းမှာလည်း ပညာသင် ကြားနေပါ တယ်။ သမီးဖြစ်သူ စစ်လွန်းဝတီထက်က အနုပညာကို ဝါသနာပါ တာနဲ့ပတ်သက်ပြီး ဖခင်ဇူးမြတ်ထက် က “သမီးက အနုပညာနဲ့ပတ် သက် လာရင် တအားဝါသနာလည်းပါ တယ်။ အဲဒီအတွက် ကိုတော့ သူ့အမေကအစအဆုံးကိုစီစဉ်ပေးတာ အခု မထက်က သူ့ကျောင်းကြို၊ ကျောင်း ပို့လုပ်တယ်။ မိခင် ဆိုတော့ တခြားလူထက် စိတ်ချရတယ်။ သူက ကင်မ ရာရှေ့ရောက်ရင် အိုက်တင်အမျိုးမျိုးလုပ်တယ်” လို့ ပြော ပါတယ်။ဖခင်ရှု တင်သွားတိုင်း စိတ်ဝင်တစားနဲ့ မေး မြန်းတတ် တဲ့သမီးလေးရဲ့ ချစ်စရာအမူအရာကို ဇူး မြတ်ထက်က

“ကျွန်တော်မနက်ရှုတင်ရှိလို့ ညက ပြင်ဆင် စရာတွေပြင်ဆင်ပြီး သူ့အမေနဲ့စကားပြော နေတာကို သူမြင်သွားတာထင်တယ်။ မနက် ရောက်တော့ အစောကြီးနိုးနေလို့ ကျွန်တော်က မေးလိုက် တယ်။ သမီး ဘာလို့အစောကြီးထတာ လဲ အိပ်ရေးဝပြီလားပေါ့။ သူက ကျွန်တော့်ကို ပြန် ပြောတယ်။ ပါးပါးနဲ့ ရှုတင်သွားဖို့ မီးမီးအစောကြီး ထပြီး အလှပြင်နေတာတဲ့။ မနိုင်ဘူး။ အနုပညာနဲ့ ပတ်သက်လာရင် စိတ် အားထက်သန်တယ်။ ရှုတင်လိုက် သွားရင်လည်း လုံးဝမကြောင်ဘူး” လို့ စစ် လွန်းဝတီထက်ရဲ့ ချစ်စရာအမူအရာတွေကို ပြောပြပါတယ်။ စစ်လွန်းဝတီထက်က ထိုင်းနိုင်ငံမှာ မွေးတဲ့အတွက်ထိုင်းနာမည်ကို ‘srinang farl’ လို့ ပေးထားတယ်။ အဓိပ္ပာယ်ကတော့ ‘အလှကျက်သရေရှိတဲ့ နတ်သမီး’ လို့ အဓိပ္ပာယ်ရကြောင်း ဇူးမြတ်ထက်က ပြောပါတယ်။

Popular Myanmar News Journal

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် အစ္စလာမ်ဘာသာ၏ သဘောတရား လေ့လာထားရန်လိုအပ်သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု


အစ္စလာမ်ဘာသာဝင်များ များပြားသော မောင်တောမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများအနေဖြင့် အစ္စလာမ်ဘာသာ၏ သဘောတရားလေ့လာထားရန်လိုအပ်သည်ဟု ဒုချီးယားတန်း စုံစမ်း စစ်ဆေး ရေးကော်မရှင် ကအကြံပြုထားသည်။

ယင်းကော်မရှင်မှ သုံးသပ်အကြံပြုချက် ၁၁ချက်ကို ယနေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၁ချက်တွင် အစ္စလာမ်ဘာသာ ၀င်များများပြားသော မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများသည် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့၏ လူမှုရေးဆိုင်ရာသဘောတရားများကိုကြိုတင်သိနိုင်ရန် အစ္စလာမ်ဘာသာ၏ သဘောတရား ကိုရ်မ်ကျမ်းစာအား လေ့လာ အသုံးချသင့်သည်ဟု အကြံပြုချက်တစ်ခု အနေဖြင့်ထောာက်ပြထားသည်။

ယင်းအပြင် ရခိုင်နှင့် ဘင်္ဂါလီရောနှော နေထိုင်သော ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများအား ရခိုင်လူမျိုးများ ကိုသာခန့်အပ် ထားကြောင်း၊ သို့ဖြစ်၍ ရခိုင်-ဘင်္ဂါလီ ပူးပေါင်းကာ အုပ်ချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အခက်ခဲရှိနေရာ မြို့နယ် အုပ်ချုပ်ရေးရုံးမှ တိုက်ရိုက်အုပ်ချုပ်သည့် ပုံစံသစ် ကိုချမှတ်ရန် လိုသည်ဟုအကြံပြုထားသည်။

ဝေမာထွန်း
Popular Myanmar News Journal

ဓာတ်ပုံများကို ပြုပြင်ခဲ့သည့် ဝက်ဘ်ဆိုက်ကို တရားစွဲမည်ဟု ကိတ်အပ်တန် ခြိမ်းခြောက်


ကိတ်၏ နာမည်ကျော် Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများကို အခြေခံကာ ဓာတ်ပုံနည်းပညာဖြင့် ပြုပြင်ပြောင်းလဲပြီး ယင်းဝက်ဘ်ဆိုက်က မဖွယ်မရာ ဓာတ်ပုံများအဖြစ် ဖန်တီးယူခဲ့ခြင်းဟု ဆိုသည်။

ကိတ်အပ်တန်က သူမ၏ ဓာတ်ပုံများကို ပြုပြင်ကာ ဝတ်လစ်စားလစ် ပုံများအဖြစ် ပြောင်းလဲဖန်တီးခဲ့သည့် ဝက်ဘ်ဆိုက်တစ်ခုကို တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ ကိတ်၏ နာမည်ကျော် Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများကို အခြေခံကာ ဓာတ်ပုံနည်းပညာဖြင့် ပြုပြင်ပြောင်းလဲပြီး ယင်းဝက်ဘ်ဆိုက်က မဖွယ်မရာ ဓာတ်ပုံများအဖြစ် ဖန်တီးယူခဲ့ခြင်းဟု ဆိုသည်။ TMZက ကိတ်၏ အပေါ်ပိုင်း ဗလာကျင်းနေသည့် ပုံများကို Celeb Jihad အမည်ရှိ အဆိုပါ ဝက်ဘ်ဆိုက်သည် ကိတ်၏ ဘီကနီဝတ် ဓာတ်ပုံများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ ဓာတ်ပုံများတွင် “Sports Illustratedရဲ့ (၂၀၁၄)ခုနှစ်အတွက် ကိတ်အပ်တန်ရဲ့ ဝတ်လစ်စားလစ် ဓာတ်ပုံတွေ”ဆိုသော စာသားမျိုးလည်း ရေးထိုးထားခဲ့သေးသည်။ ကိတ်၏ ဥပဒေရေးရာ အကြံပေးအဖွဲ့သည် အဆိုပါ ဓာတ်ပုံများက ကိတ်ကို ထိခိုက်နစ်နာစေကြောင်း ယူဆကာ တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဟု သိရသည်။ “ဒီဓာတ်ပုံတွေထဲက တစ်ပုံဆိုရင် ပြုပြင်မှုတွေ လုပ်ထားတာ သိသာလွန်းနေတယ်”ဟု ကိတ်၏ ရှေ့နေတစ်ဦးက ဆိုသည်။ Celeb Jihadမှ အတွင်းလူ တစ်ဦးကမူ Sports Illustrated၏ ဓာတ်ပုံများက ပျင်းရိငြီးငွေ့ဖွယ် ဖြစ်နေကြောင်း တုံ့ပြန်ဝေဖန်ခဲ့သည်။
သို့သော်လည်း ကိတ်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ နေရာတွင်မူ အခြားGraphicဓာတ်ပုံတစ်ခု ပြောင်းလဲထားရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။ Celeb Jihadသည် (၂၀၁၁)ခုနှစ်ကလည်း အမျိုးသမီးတစ်ဦး အပေါ်ပိုင်းဗလာကျင်း၍ လှဲလျောင်းနေသော ဓာတ်ပုံကို တေလာဆွစ်ဖ်ဟု ထင်ယောင်ထင်မှား စွပ်စွဲရေးသားခဲ့ဖူးသည်။ ထိုစဉ်ကလည်း တေလာသည် ကိတ်ကဲ့သို့ပင် ဒေါသပေါက်ကွဲကာ ချက်ချင်း ပယ်ဖျက်ပေးခြင်း မရှိပါက တရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

Planet Myanmar Network

အိန္ဒိယတွင် မွိုက်စ်သူပုန်များ တိုက်ခိုက်၍ စစ်သည်(၁၈)ဦး သေဆုံး


အိန္ဒိယ ရဲတပ်ဖွဲ့က စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ဒေသတွင် မွိုက်စ်သူပုန်များ၏ သတ်ဖြတ်မှုကြောင့် စစ်သည်(၁၈)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အိန္ဒိယ ရဲတပ်ဖွဲ့က စစ်တပ်၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုကို သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မူကက်ရှ်ဂူပ်တာက သူပုန်တပ်ဖွဲ့များသည် အင်္ဂါနေ့က ချတ်တင်ဂတ်ရှ် ပြည်နယ်၊ တောနက်ထဲရှိ စစ်တပ်စခန်းချရာ နေရာကို ဝိုင်းဝန်းပိတ်ဆို့ပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဝေးလံသီခေါင်သည့် အဆိုပါ နေရာတွင် ဖြစ်ပွားသော တိုက်ပွဲ၌ စစ်တပ်ဘက်မှ အထိနာပြီး (၁၈)ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ရဲများက သူပုန်များသည် စခန်းချနေသည့် နေရာကို ဝိုင်းဝန်းပိတ်ဆို့ပြီးမှ စတင်ပစ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း နောက်ထပ် စစ်သည် အတော်များများ ဒဏ်ရာရရှိခဲ့သည်။ ချတ်တင်ဂတ်ရှ် တောင်ပိုင်းရှိ ဂျီရမ်ဂါတီ အရပ်တွင် လှုပ်ရှားစစ်ဆင်သွားသည့် မွိုက်စ်သူပုန်များကို ယခုအခါ တောနင်းရှာဖွေနေသည်။ မွိုက်စ်တို့သည် တရုတ် တော်လှန်ရေးခေါင်းဆောင် မော်ဇီတုံး၏ အယူအဆများကို ယုံကြည်သက်ဝင်ကြပြီး အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် တောခိုနေကြသည်။ ပြီးခဲ့သည့် (၃)နှစ်တာအတွင်း မွိုက်စ်တို့သည် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

ရေချိုးခန်းအိမ်သာ ကျင်းတူးရာမှ တရုတ်လက်ပစ်ဗုံး (၁) လုံးတွေ့ရှိ


ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ် (၆) ရပ်ကွက်၊ အောင်ချမ်းသာ (၅) လမ်း၌ မတ်လ(၁၀)ရက်နေ့၊ နံနက် (၈) နာရီ အချိန်က ရေချိုးခန်းအိမ်သာကျင်းတူးရာမှ တရုတ်လက်ပစ်ဗုံးတစ်လုံးတွေ့ရှိရသည်။
အဆိုပါ တရုတ် ၉၁ လက်ပစ်ဗုံးအား အောင်ချမ်းသာ(၅)လမ်းနေ ဦးမြင့်သန်း၊ အသက် (၅၄)နှစ်၊ (ဘ) ဦးအုန်းမြိုင်၏ နေအိမ် တွင် ရေချိုးခန်းအိမ်သာကျင်းတူးရာ အလုပ်သမား ကိုစိုးမင်းအောင်မှတူးဖော်တွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့်ပုသိမ်မြို့မ ရဲစခန်းသို့ အကြောင်းကြားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အမှတ်(၉၀၇) စစ်မြေပြင် အင်ဂျင်နီယာတပ် သို့ အကြောင်းကြားခဲ့သည်။ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ လာရောက်စစ်ဆေးပြီး ၄င်းဗုံးမှာ ပေါက်ကွဲနိုင်ကြောင်း ပြောပြ သိရှိရသည်။
အဆိုပါ လက်ပစ်ဗုံးအား အမှတ် (၄၄၄) စနခတပ်ရင်းမှ အရာခံဗိုလ်ခင်မောင်ဖြူမှ လာရောက်စစ်ဆေးပြီး၊ ပုသိမ် မြို့မရဲ စခန်းမှ ဒုရဲအုပ်မောင်မောင်ဆွေမှ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်တင်မိုးဝင်းထံသို့ နေ့လည် (၁) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar

ရွှေထည်ပစ္စည်းမျိုးစုံ (၁၆)မျိုး တန်ဖိုးငွေ သိန်း (၇၀) နီးပါးခန့် အခိုးခံရမှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမြောက်ဘက် (၃) ဖာလုံခန့်အကွာ ရွှေအိုး(၁)ရပ် ကွက်တွင် ရွှေထည်ပစ်္စည်း (၁၆) မျိုး ကာလတန်ဖိုးငွေ သိန်း(၇၀) နီးပါးခန့်ခိုးယူခံရမှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ်၊ မတ်လ (၅)ရက်နေ့ နံနက် (၆း၀၀)အချိန်ခန့် ရွှေအိုး (၁)ရပ်ကွက်နေ ဒေါ်သန်းသန်း နွယ် (၅၆)နှစ် (ဘ)ဦးထွန်းကြူ သည် အိပ်ရာမှနိုး၍ထစဉ် နေအိမ် မီးဖိုခန်းရှိ လူအ၀င်အထွက်ပြုလုပ် ၍ ရသော မီးခံတံခါးပွင့်နေသည် ကို တွေ့ရသဖြင့် အစ်မ၀မ်းကွဲ တော်စပ်သူ ဒေါ်သိန်းဋ္ဌေးနှင့် အတူ တံခါးကိုစစ်ဆေးရာ ဖျက် ဆီးထားသည့်အနေအထားတွင် မတွေ့ရ၍ ယမန်နေ့ညက ဂျက် မထိုးဘဲအိပ်မိသည်ဟု ထင်မှတ် ၍ နေအိမ်ရှိပစ္စည်းများကိုမစစ် ဆေးဘဲနေခဲ့ကြောင်း၊ ထိုနေ့ည (၈း၀၀)အချိန်ခန့် အိပ်ရာမ၀င်မီ ဒေါ်သန်းသန်းနွယ်နှင့် ၎င်းင်း၏ အစ်မဖြစ်သူ မသိန်းဋ္ဌေးတို့အိပ် သည့်နေအိမ်အောက်ထပ်ကုတင် (၂)လုံးကြားရှိ အလူမီနီယံဗီဒိုကို စစ်ဆေးကြည့်ရာ ဗီဒိုအပေါ်ထပ် ယာဘက်ပေါက်အတွင်းထားရှိသော အ၀ါရောင်သံဗူးဖြင့်ထည့်လျက် အလေးချိန် ၈ပဲ ၁ရွေးရှိ ရွှေ လက်ကောက်လေးကွင်း၊အခေါက် ရွှေသံကြိုးစိပ်တစ်ကုံး၊ အလေးချိန် ၂ကျပ် ၈ပဲသား၊ အလေးချိန် ၁ ကျပ်သားခန့်စက်ဖြတ်ကြိုးတစ်ကုံး၊ အလေးချိန် ၉ပဲသားခန့်ရှိ ဒင်္ဂါး ရွှေပန်းကြွနောက်တွယ်ကလစ်တစ်ခု၊ အလေးချိန် ၈ပဲ ၂ရွေးခန့်ရှိ အခေါက်စတီးရွှေသုံးတွဲ၊ လက်စွပ် တစ်ကွင်း၊ အလေးချိန် ၄ပဲခန့်ရှိ အခေါက်စတီးရွှေလက်စွပ်တစ်ကွင်း၊ အလေးချိန် ၁၄ပဲရှိ အခေါက် စတီးရွှေလက်စွပ်သုံးကွင်း၊ ပုလဲ ၁၈လုံးခန့် အလေးချိန် ရွှေချိန် ၁၃ပဲခန့်ရှိ ပုလဲဆွဲကြိုးတစ်ကုံး၊ ပုလဲတစ်လုံးပါ အလေးချိန် ၁ပဲ ၅ရွေးခန့်ရှိ ပုလဲနားကပ်တစ်ရံ၊ နီလာ ၁၆ပွင့်ပါ အလေးချိန် ၄ပဲ ၂ရွေးခန့်ရှိ နီလာခြယ်နားကပ် တစ်ရံ၊ နီလာ ၆လုံးခန့်ပါ အလေး ချိန် ၁ပဲခန့်ရှိ နီလာသံကွင်း ၄ ကွင်း၊ အလေးချိန် ၄ပဲ ၅ရွေးခန့်ရှိ အ၀ါရောင်ဆွဲသီးတစ်ခုကျောက်ပါ အလေးချိန် ၁ပဲ ၆ရွေးခန့်ရှိ ခြယ် နားကပ်အဖြူတစ်ရံ၊ အလေးချိန် ၆ပဲခန့်ရှိ စိန် ၂၅လုံးပါ စိန်လော ကပ်သီးတစ်ခု၊ အလေးချိန် ၄ပဲ ခန့်ရှိ စိန် ၁၀လုံးပါစိန်ခြယ်နား ကပ်တစ်ရံ၊ အလေးချိန် ၁မတ် သားခန့်ရှိ စိန် ၉လုံးပါ စိန်ခြယ် လက်စွပ်တစ်ကွင်း၊ စုစုပေါင်း ရွှေထည် ၁၆မျိုးကာလတန်ဖိုးငွေ သိန်း (၇၀)နီးပါးခန့်မှာ ခိုးယူ ပျောက်ဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရပြီး နေအိမ်အတွင်းရှိ အ၀တ်အထည်နှင့်အခြားပစ္စည်း များပျောက်ဆုံးခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခိုးယူသူကို ဥပဒေနှင့်အညီ စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် ဒေါ်သန်းသန်းနွယ်က တရားလို ပြုလုပ်တိုင်တန်းသဖြင့်တောင်တွင်း ကြီး မြို့မရဲစခန်းက (ပ)၅၀/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ထားပြီး နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ချစ်စိုးမင်းက အမှုကို ဆက်လက်စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသတင်းရရှိသည်။

ဟင်္သာ (တောင်တွင်းကြီး)
Hot News Journal

ဒုချီးရားတန်းရွာ သတ်ဖြတ်မှု အထောက်အထားမရှိဟု ကော်မရှင် ရှင်းလင်း


ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာမှာ လူတွေသေဆုံးခဲ့တယ်ဆိုတဲ့ တိကျသေချာတဲ့ သက်သေ အထောက်အထား မတွေ့ခဲ့ရဘူးလို့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က မီဒီယာတွေကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ မနက်ပိုင်း ကျင်းပတဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက မောင်တောမြို့နယ်၊ ဒုချီးရားတန်း (အလယ်ရွာ) မှာ ခရေမြိုင်ရဲကင်းက ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း သေ ဆုံးခဲ့မူ၊ ဒုချီးရားတန်း (အနောက်) ရွာမှာ မီးလောင်ကျွမ်းမူနဲ့ လူတွေသေဆုံးမှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လေ့လာတွေရှိချက်တွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့တာပါ။

ဒုချီးရာတန်းကျေးရွာဖြစ်စဉ်အတွင်း မွတ်စလင် ၅၀ နီးပါး သေဆုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဖြစ်စဉ်မှန်ဖော်ထုတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုခဲ့တဲ့အပေါ် အစိုးရက ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

မွတ်စလင် အင်တာနက်သတင်းတွေမှာ ဖော်ပြခဲ့တဲ့  ဒုချီးရားတန်းကျေးရွာ သေဆုံးသူတွေ ကိစ္စကို စုံစမ်းစစ်ဆေးရာမှာ တိကျသေချာတဲ့ သက်သေမတွေ့ရှိခဲ့တဲ့အကြောင်း၊ ဒေသခံတဦးက မိသားစုဝင် ၁ ဦး သေဆုံးတယ်လို့ ပြောပေမယ့် ဒါဟာ သေဆုံးတာမဟုတ်ဘဲ မောင်တောရဲစခန်းမှာ ထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်မှုဟာ ရဲတပ်ဖွဲ့ဝင်တွေ မီးရှို့တာမဟုတ်ဘဲ နိုင်ငံရေးပယောဂ လုပ်လိုတဲ့ အဖွဲ့အစည်းတခုခုက ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ကောမရှင်က ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေကို သဘောမတူရင် သက်သေအခိုင်အမာနဲ့ ပြန်လည်တင်ပြနိုင်တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်မြင့်က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကတော့ ဒုချီးရားတန်း (အလယ်ရွာ) ကနေ ပျောက်ဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းဟာ ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရတာ မဟုတ်နိုင်ကြောင်းနဲ့ အသက်ရှင်ဖို့ အခွင့်အလမ်း နည်းသွားပြီလို့ ပြောပါတယ်။

ကော်မရှင်ကတော့ ရခိုင်ပြည်နယ်မှာ ဒေသခံလူဦးရေနဲ့ သင့်တင့်တဲ့ ရဲလုံခြုံရေးအင်အား တိုးချဲ့ဖို့၊ နိုင်ငံတကာ ဝေဖန်မှုတွေကို လျော့ချနိုင်ရေး သတင်းစာရှင်းလင်းပွဲတွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အကောင် အထည်ဖော်ပြီး နိုင်ငံသားအခွင့်အရေးပေးမယ်ဆိုရင် နောက်ထပ်ပြဿနာတွေ ဖြစ်ပွားမှုကို တားဆီးနိုင်မယ်လို့ အစိုးရကို အကြံပြုထားပါတယ်။

သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစလင်းကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူဥပဒေကပဲ လက်ရှိ ရခိုင်ပြည်နယ်  ပြဿနာရဲ့ အခြေခံ ဖြစ်နေတယ်လို့ ပြောပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ကော်မရှင်ကအနေနဲ့ ဒုချီးရားတန်းဒေသမှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ကွင်းဆင်းသွားရောက်လေ့လာ အစီရင်ခံစာပြုစုပြီး သမ္မတဆီ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese

ယင်းမာပင် အကြမ်းဖက်မြေသိမ်းမှု ဖြေရှင်းပေးရန် လွှတ်တော်ကို တောင်းဆို

သိမ်းဆည်းမြေယာ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရဲတပ်ရင်း ဆောက်လုပ်ဖို့ အဓမ္မ မြေသိမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်က အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက နေပြည်တော်မှာ တောင်းဆိုနေကြပါတယ်။

 စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရဲတပ်ရင်းတခု တည်ဆောက်ဖို့ အာဏာပိုင်တွေ မြေယာ အကြမ်းဖက်သိမ်းဆည်းခဲ့တဲ့အတွက် ဒေသခံတွေ မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီမြေသိမ်းမှုနဲ့ ပတ်သက်ပြီး ဒေသခံ ရွေးကောက်ခံပြည်သူ့လွှတ်တော်အမတ်ကို အထောက်အထားတွေနဲ့ တကွ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဆွေးနွေးနိုင်အောင်    အကူအညီ တောင်းခံထားတယ်လို့ နေပြည်တော်ကို ရောက်ရှိနေတဲ့  ဒေသခံ ရွာသား ဦးသန်းထိုက်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်သိန်းက မြေသိမ်းခံ ရွာသားတွေရဲ့ကိစ္စကို လွှတ်တော်မှာ တင်ပြ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။

အုံတုံပင်ကျေးရွာက ဒေသခံရွာသားတွေ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်စားနေတဲ့ မြေယာတွေ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ရင်းအမှတ် ၂၈ ဖွင့်လှစ်ရန်အတွက်  မြေကွက် ပြင်ဆင်တဲ့အနေဖြင့်  မတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ  ရဲအင်အား ၂၀၀ လောက်နဲ့ မြေတူးစက်တွေ သုံးပြီး အကြမ်းဖက် ဖယ်ရှားလိုက်တာပါ။

ဒေသခံရွာသားတွေကတော့ လယ်ယာပြန်မရမချင်း တောင်းဆိုသွား မယ်လို့  ပြောပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ရဲတပ်ရင်း ၂၈ တည်ဆောက်မယ့်နေရာမှာ လယ်မြေ ၁ ဧကကို အိမ်ဝင်း ၂ ၀င်း ပြန်ပေးမယ်ဆိုပြီး အုံတုံပင်ရွာသားတွေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ညှိနှိုင်းခဲ့ရာမှာ လက်ခံတဲ့ရွာသားတွေ ရှိသလို လက်မခံတဲ့ ရွာသားတွေလည်း ရှိခဲ့တာပါ။

အခု  လက်မခံတဲ့ လယ်မြေပိုင်ရှင် ၁၇ ဦးရဲ့ ပိုက်နက်မြေမှာ ရဲတပ်ရင်းဆောက်ဖို့ အင်အားသုံး ဖယ်ရှားရာကနေ ပြဿနာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese

ဇနီးကို မသေမချင်းသတ်ပြီး ထွက်ပြေးသွားသူ ၂၄ နာရီအတွင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကဖမ်းမိ


ကရင်ပြည်နယ်၊ ဘားအံမြို့   အမှတ် (၂) ရပ်ကွက်၊ ရန်အောင် မြေ ၂ လမ်း အတွင်း ၂၀၁၄ မတ် လ ၅ ရက် နံနက် ၆ နာရီခန့်အချိန်  မိမိဇနီးကို ဓားဖြင့်ထိုးပြီး မသေ မချင်းသတ်ဖြတ်ထွက်ပြေးတိမ်း  ရှောင်သွားသူကို ပြည်နယ်ရဲတပ် ဖွဲ့က ၂၄ နာရီအတွင်း ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

မတ်လ ၅ ရက် နံနက် ၈ နာရီအချိန်အခင်းဖြစ်ပွားသည့် အိမ်ရှိမဇာဇာခိုင်သည် အိမ်သန့် ရှင်းရေးပြုလုပ်နေစဉ် အစ်မ (အရင်း) ဖြစ်သူ မချောချောခက် အိပ်သည့်အိပ်ခန်းတံခါးပွင့်နေ၍ ဖွင့်ကြည့်ရာအစ်ဖြစ်သူမှာ ခုတင်  ပေါ်တွင် မှောက်လျက်သွေးထွက်   ဒဏ်ရာများဖြင့် သေဆုံးနေပြီး အစ်မဖြစ်သူ၏ ရွှေလက်ကောက် (၁) ကွင်း၊ ရွှေဆွဲကြိုး (၁) ကျပ် သားတစ်ကုံး၊ စိန်လော့ကက်သီး တစ်ခု၊ စိန်လက်စွပ်တစ်ကွင်းနှင့် ငွေသား (၃) သိန်းခန့်ပါပျောက်  ဆုံးနေကြောင်း ဘားအံမြို့မရဲစခန်း   သို့တိုင်ကြားခဲ့သည်ဟုဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်း အကူဌာနစု၊ ဒုရဲမှူးအောင်ထူး၊ ဒုရဲအုပ်ဘရှိန်၊ ရဲအရာခံစိန်မင်း၊ တကကသန်းလှိုင်ဝင်းတို့သွား ရောက်စစ်ဆေးခဲ့ရာ မချောချော  ခက် (၃၅) နှစ်ကိုသတ်ပြီး ပစ္စည်းများယူဆောင်ထွက်ပြေးသွား  သူမှာ သေဆုံးသူ၏ခင်ပွန်းအောင် ကျော်ကျော်ဖြစ်ကြောင်း စုံစမ်း သိရှိရပြီး နံနက် ၉ နာရီအချိန်တွင်   ၎င်းကိုင်ဆောင်သည့်လက်ကိုင်ဖုန်း    ဖြင့်ခယ်မဖြစ်သူမဇာဇာခိုင်ထံဆက် သွယ်လာကြောင်း သိရသည်။

တယ်လီဖုန်းဆက်သွယ်မှုအရ အောင်ကျော်ကျော်ရောက်ရှိနေ သည့်တည်နေရာကိုနည်းပညာဖြင့်  သိရှိရပြီး ဒုရဲမှူးအောင်ထူးဦးစီးအဖွဲ့   သည်ဘားအံမြို့မရဲစခန်းမှတကက အောင်ဌေးဦးစီးအဖွဲ့နှင့် ပေါင်းကာ  မော်လမြိုင်သို့လိုက်ခဲ့ကြသည်။

မော်လမြိုင်သို့ရောက်ရှိပြီး  ဇေယျာသီရိနယ်မြေရဲစခန်းနှင့် ထပ်မံပူးပေါင်းကာအောင်ကျော် ကျော်ကို စုံစမ်းရှာဖွေစဉ်မတ်လ  ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်  အချိန်မော်လမြိုင်မြို့နယ်၊ ကော့ပေါက်ကျေးရွာသို့ရောက်ရှိ ပြီး ၎င်းင်း၏ဦးလေးတော်စပ်သူ ဦးအောင်ပွင့်နေအိမ်အိပ်ခန်း အတွင်း၌ အောင်ကျော်ကျော် (၂၉) နှစ်၊ (ဘ) ဦးမြအောင်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

အောင်ကျော်ကျော်ကို ၎င်းနေထိုင်ရာမော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ (၂) ၅ လမ်း၊ အမှတ် ၁၆၂၉ နေ အိမ်သို့ခေါ်ဆောင်ရောက်ရှိလာ ပြီး သေဆုံးသူထံမှယူခဲ့သည့် လက်ကောက်၊ လော့ကက်သီး၊ ရွှေလက်စွပ်တို့ကို အိမ်သာရေအိုး  အတွင်းမှလည်းကောင်း၊ ရွှေဆွဲ ကြိုးကိုဘုရားသောက်တော်ရေအိုး  အောက်မှလည်းကောင်း ငွေ ၁၈၀၀၀၀ ကျပ်ကိ အိပ်ခန်းတံခါး  ဘောင်ပေါ်မှလည်းကောင်းရှာဖွေ  တွေ့ရှိရာ ရှာဖွေပုံစံဖြင့်သိမ်းဆည်း  ခဲ့ကြောင်း သိရသည်။

မတ်လ ၆ ရက် နံနက် ၅ နာရီတွင် အောင်ကျော်ကျော်ကို  ဘားအံသို့ပြန်လည်ခေါ်ဆောင်  ကာ သက်သေခံပစ္စည်းများစစ် ဆေးစဉ်အမှတ် (၂) ရပ်ကွက်အခင်း  ဖြစ်အိမ်ရှေ့အုတ်တံတိုင်းကြားမှ  သွေးစွန်းစွပ်ကြယ်တစ်ထည်နှင့် ပြစ်မှုကျူးလွန်ခဲ့သည့်သက်သေ ခံဓားကို တွေ့ရှိသိမ်းဆည်းခဲ့ကြ သည်။ ယင်းနောက်အောင်ကျော် ကျော် (၂၉) နှစ် (ဘ) ဦးမြအောင် ကို ဘားအံမြို့မရဲစခန်း (ပ) ၄၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုကိုလက်ခံစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ သည်။        



ပွင့်ဆန်း(ပုပ္ပား)
Hot News Journal

စီးကရက် အခွန် ၁၀၀ ရာခိုင်နှုန်း၊ အရက်၊ ဘီယာနှင့် ၀ိုင် ၅၀ ရာခိုင်နှုန်း သတ်မှတ်


ပြည်တွင်းက ထုတ်လုပ်တဲ့ စီးကရက်၊ အရက်၊ ဘီယာနဲ့ ၀ိုင်ထုတ်လုပ်မှုအတွက် အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က တင်ပြ ခဲ့ပေမယ့် နဂို ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြထားတဲ့ဥပဒေကြမ်းပါ သတ်မှတ်ချက်အတိုင်း စီးကရက်ကို အခွန် ၁၀၀ ရာခိုင်နှုန်း၊ ကျန် အရက်၊ ဘီယာနဲ့ ၀ိုင်တွေအတွက် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

မတ် ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်း ဆွေးနွေးအပြီး ခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်ခင်စန်းလှိုင်က စီးကရက်၊ အရက်နဲ့ ဘီယာသောက်သုံးမှု လျော့ ချနိုင်ဖို့၊ သောက်သုံးမှုကနေ တဆင့် ဖြစ်ပေါ်လာတဲ့ဆေးကုသစရိတ်နဲ့ ကျန်းမာရေးစရိတ် မြင့်မားလာမှုတွေကြောင့် ခုလို အခွန်တိုးမြှင့်သင့်တယ်လို့ တင်ပြပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ချိန်ထိုးတာနဲ့ အခွန်မြင့်နေရင် အခွန်ရှောင်မှုတွေ တိုးပွားလာနိုင်တာ စတဲ့အချက်တွေကြောင့် ခုလို ၁၀၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်း သတ်မှတ်ဖို့ သင့်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အခု ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းဟာ လာမယ့် ဘဏ္ဍာရေးနှစ် ဧပြီလကနေ စအသုံးပြုမှာမို့ အတည်ပြုချက်ရဖို့ အလျင်အမြန် ဆွေးနွေး အတည်ပြုနေကြတာလို့ သိရပါတယ်။

DVB Burmese

ရေခွန်ပေးရပြီး ရေမရတာဟာ သူပုန်တွေကို ဆက်ကြေးပေးနေရတဲ့ ရွာလိုဖြစ်နေတယ်


လစဉ်ရေမီတာခနှင့် ရေခွန် ကြွေးကျန်ဟုအမည်တပ်ကာဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်ရေနှင့်  သန့်ရှင်းမှုအင်ဂျင်နီယာဌာနမှ လစဉ်ကောက်ခံနေသော်လည်း၊ ဂျိုးဖြူပိုက်မှ ရေမလာတော့သည် မှာ သုံးလခန့်ရှိပြီ ဖြစ်သဖြင့် ၄၉ ရပ်ကွက်၊ ငုဝါမြိုင် ၁၊ ၂၊ ၃ လမ်း များမှ ပြည်သူများအခက်ကြုံ၍ အ၀ိစိရေကိုဝယ်ယူသုံးစွဲနေရ ကြောင်း သိရသည်။

အဆိုပါရေနှင့် သန့်ရှင်းရေး ဌာန၀န်ထမ်းများက လဆန်းပိုင်း ရောက်တိုင်းခေါင်းစဉ်အမျိုးမျိုး တပ်ကာတစ်အိမ်လျှင် ၅၀၀ မှ ၃၀၀၀ အထိ ငွေကောက်ခံတတ် ကြပြီး၊ ရေမလာသည့်ကိစ္စကိုရပ် ကွက်နေပြည်သူများကမေးသည့် အခါ၎င်းင်းတို့မသိကြောင်းနှင့် တာဝန်  ခံကို သွားမေးရန်သာပြန်လည် ဖြေကြားတတ်ကြောင်း ရပ်ကွက်  နေပြည်သူများကပြောကြားကြ သည်။

ယင်းရပ်ကွက်မှ ငုဝါမြိုင် (၁) လမ်းတွင် နေထိုင်သည့်ဘ၀ ခရီးသည်နာရေးကူညီမှုအသင်း  အမှုဆောင်မစန်းပြည့်ကြည်က လည်း “ကျွန်မတို့က အခုရေခွန် လည်းမှန်မှန်ပေးရသေးရေကို အပြင်ကလည်းတစ်စည်သုံးရာ၊လေး ရာပေးပြီးဝယ်သုံးနေရသေးဆိုတော့ မိအေးနှစ်ခါနာဖြစ်နေပါတယ်။ ကိုယ့်အစိုးရကိုယ်အခွန်ပေးရတာ ကိစ်္စမရှိပေမယ့်၊ရေခွန်ပေးရပြီး ရေမရတာကသုပုန်တွေကိုဆက်ကြေး ပေးနေရတဲ့ရွာလိုဖြစ်နေပါတယ်”ဟု ဆိုသည်။

ရေနှင့် သန့်ရှင်းရေးဝန်ထမ်း မဝေခင်ကိုဖုံးဖြင့်မေးမြန်းရာ ရေ မလာတာသုံးလေးရက်ပဲရှိပါသေး တယ်ဟုငြင်းဆိုပြီး ရေမလာသည့်  အကြောင်းရင်းကိုရှင်းလင်းစွာဖြေ  ဆိုနိုင်ခြင်းမရှိပဲ တာဝန်ခံဦးသန်းအေး  ကိုသွားမေးစေလိုကြောင်းသာပြန် လည်ဖြေကြားခဲ့သည်။ ၎င်းတာဝန်  ခံ၏ဖုန်းနံပါတ်ကိုမရရှိသည့်အတွက်  ဆက်လက်မေးမြန်းခွင့်မရရှိခဲ့သော် လည်း၊ ရေပိုက်ပြင်ရန်ဟုဆိုကာ ငွေကြေးကောက်ခံမည်ဟုပြောဆို နေကြောင်းကိုတော့ ၄၉ ရပ်ကွက် ငုဝါမြိုင် (၁) လမ်းပြည်သူများက ပြောကြားလိုက်သည်။



ဇော်မြင့်
Hot News Journal

မြေလွတ်တွေလို့ထင်တာကြောင့်ခွင့်ပြုခဲ့တာပါတဲ့


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမပင်မြို့နယ်၊ စုန်ကျင်းအုပ်စု၊ အုံတုံပင်ကျေးရွာရှိ လယ်ဧက (၁၀၀) ကျော်ကို မြို့နယ်အုပ်ချုပ် ရေးမှူးက မြို့တိုးချဲ့မြေအဖြစ်သိမ်း ဆည်းထားမှုကြောင့်တောင်သူ (၁၇) ဦးမှာဒုက္ခရောက်နေရကြောင်း ဒေသခံဒေါ်ကြည်လေး၏ပြောပြ ချက်အရသိရသည်။

ဧက (၁၀၀) ကျော်ကို မြို့ နယ်အစီအစဉ်ဖြင့်အကွက်ရိုက် ရောင်းချမည်ဖြစ်ပြီး၊ တောင်သူ တစ်ဦးကို ပေ (၃၀x၆၀)  (၂)ကွက် ပေးမည်ဖြစ်၍ ၎င်းင်းဝိုင်းများကို လမ်းဘေးတွင်ရရှိမည်မဟုတ်ဘဲ နောက်ဝိုင်းများသာပေးမည်ဖြစ်သ ဖြင်၊့ တောင်သူများသည် ဘိုးဘွား စဉ်ဆက်လုပ်ကိုင်စားသောက်လာ သောမြေများဖြစ်သောကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံသို့ (၅.၁.၂၀၁၃) ခုနှစ်တွင်အသနား ခံစာပေးပို့ထားကြောင်းသိရသည်။

““အစ်မတို့လယ်ကိုအကွက် ရိုက်ရင် (၆) ကွက်ထွက်တယ်။ ဒါကိုသူတို့က အစ်မတို့ကို (၂) ကွက်ပဲပေးမယ်တဲ့။ ဒီအကွက်တွေ ရပြီးရင်အစ်မတို့ကဘာနဲ့သွားလုပ် စားရမှာလည်း။ အစ်မတို့ရဲ့လယ် ယာမြေနဲ့ပဲသားစဉ်မြေးဆက်လုပ် ကိုင်စားသောက်လာရတာပါ။ လယ်မရှိရင်သား/သမီးတွေရဲ့ပညာ ရေးနောင်ရေးကလည်းစိုးရိမ်စရာ ဖြစ်လာမှာပါ””ဟု၎င်းကပြော သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်း တွင် အုံတုံပင်ကျေးရွာအုပ်ချုပ် ရေးမှူး၏ ဖခင်ဦးပေသီးမှအောင် ဇေယျမြို့သစ် အမှတ် (၅/၆) အကွက်ဖော်ရန်အတွက်အစည်း အဝေးတက်ရောက်ရန်ဖိတ်စာ ဖိတ်ကြားခဲ့ပြီး၊ အဆိုပါဖိတ်စာတွင် ဖိတ်ကြားသည့်အဖွဲ့အစည်းတံဆိပ်၊ အမည်လက်မှတ်များမပါရှိကြောင်း ဒေသခံများကဆိုသည်။

““အစည်းအဝေးကိုသွားတဲ့ အခါကျမှ အစ်မတို့ရဲ့လယ်ယာတွေ ကို လ/န/၃၉ ကျထားပြီဆိုတာ ကိုသိရတာ။ အစ်မတို့ကိုလက်မှတ်  ထိုးခိုင်းတယ်။ အစ်မတို့ကတော့ မထိုးခဲ့ဘူး။ လက်မှတ်ထိုးတဲ့သူ တွေကိုကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဖခင်ဦးပေသီးကလက်မှတ်မထိုး ရင်လယ်သိမ်းမယ်။ ထိုးရင်ခံစား ခွင့်အနည်းငယ်ရနိုင်မယ်လို့ပြောတဲ့ အတွက်တချို့ကကြောက်ပြီးတော့ ထိုးကြတယ်။ လက်မှတ်မထိုးတဲ့သူ  ကတော့အစ်မအပါအ၀င် (၁၇) ဦးရှိပါတယ်။ (၂၀၁၃) ခုနှစ် နိုဝင် ဘာ (၁၄) ရက်မှာ မြေတိုင်းတာတွေ၊ ငုတ်ရိုက်တာတွေပြုလုပ်တဲ့အတွက်  (၂၀၁၃) ခုနှစ် ဒီဇင်ဘာ (၇) ရက် မှာ တိုင်းဒေသကြီးအတွင်းရေးမှူး ကို လယ်မြေသိမ်းမှုနဲ့ပတ်သက်ပြီး လက်မခံနိုင်ပါဘူးလို့တင်ပြတဲ့အခါ မှာ အတွင်းရေးမှူးကမြေလွတ် တွေလို့ထင်တာကြောင့်ခွင့်ပြုခဲ့ တာပါတဲ့။ ဒီကိစ်္စကိုအဆင်ပြေ အောင်ပြုလုပ်ပေးမယ်လို့ပြောခဲ့ သော်လည်းဆက်လက်ပြီးမြေတိုင်း တာတွေ ငုတ်ရိုက်တာတွေပြုလုပ် တဲ့အတွက်လယ်ယာမြေနဲ့အခြား မြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မတီဥက္ကဋ္ဌထံကို (၂၀၁၃) ခုနှစ် ဒီဇင်ဘာ (၁၉) ရက်မှာ လက်မှတ်ထိုးပြီးတင်ပြထားသော် လည်း ယခုအချိန်ထိဘာအကြောင်း ပြချက်မှမရသေးပါဘူး””ဟုဒေါ် ကြည်လေးကဆက်လက်ပြောသည်။

(၂၀၁၄) ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်တွင်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင် သောရဲတပ်ဖွဲ့ဝင် (၅၀) ဦးနှင့်အတူ အချုပ်ကား၊ မြေထိုးစက်များဖြင့် ရောက်ရှိလာသောကြောင့်ရွာသူ/ ရွာသားများက စက်ယန္တရားများ ရှေ့တွင်ရပ်၍တားဆီးခဲ့ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိ သူများမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ (၄.၂.၂၀၁၄)ရက်စွဲ ပါစာအမှတ် ၂၁၃-၂၂ (၂၄၃)/ဦး (၆) အရဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ ၎င်းကိစ္စကိုအထက်သို့ တင်ပြ၍ဖြေရှင်းပေးမည်ဟုပြော သွားကြောင်းအဆိုပါကိစ္စနှင့် ပတ် သက်၍ (၂၀၁၄) ခုနှစ်၊ ဖေဖော် ၀ါရီ (၁၄) ရက်တွင်သမ္မတထံသို့ စာတင်ထားကြောင်းဒေသခံများ ကဆိုသည်။        



ယဉ်ပပထွန်း
Hot News Journal

၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်


တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အထက်ရှိတဲ့ နိုင်ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းအရ အရင်က လူတဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ်ထားရာကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို သားသမီးတွေ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေကလည်း သိန်း ၂၀ အထက်ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင်ရာက လစာထဲ တခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင်အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင်ရမှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။

အခွန်အကြောင်းပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင်လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြောလို့ မရဘူးလို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ အရက်နဲ့ ဆေးဝါးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ ရတနာအချောထည်များကို ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံသစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန်အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန်မဆောင်တဲ့ ကုမ္ပဏီများစာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

အသံဖိုင်နားဆင်ရန်




DVB Burmese

ဆီလီကွန်တောင်ကြားက Facebook အိမ်ရာသစ်


Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန်၊ ကျန်းမာရေး ဆေးပေးခန်း အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။

အိမ်ရာ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပါ။ ဒါတောင် Facebook က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလို့ အမည်ပေးထားပါတယ်။ ဝန်ထမ်းများ အတွက် ထောက်ပံ့မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ မိသားစု ရှိသူများအတွက်လည်း အခန်းကျယ် ပေးမှာပါ။ လုပ်ခလစာ၊ ပင်စင်လစာ အပြင်၊ နေစရာ၊ စားစရာ အပြည့် ထောက်ပံ့ပေးပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္မဏီစာရင်းထဲ ဝင်ဖို့ ကြိုးစားနေ ပုံ ပေါက် ပါတယ်။ လက်ရှိ နံပါတ်တစ် ယူထားတာက Google ပါ။ ပြီးရင်သူ့ လက်အောက် Youtube ဖြစ်ပါတယ်။ Facebook ကလည်း တဖြည်းဖြည်း တက်လာပါပြီ။

အိမ်ရာစီမံကိန်းကို Facebook ကုမ္မဏီတစ်ခုတည်းက အကုန်ကျခံထားခြင်း မဟုတ်ပဲ အခြား ကုမ္မဏီ တစ်ခုနဲ့ အပြန်အလှန်အကျိုးပြု ရှယ်ယာဖြင့် တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Smart Pro Journal

Apple တို့ ဖန်ဖြင့်ပြုလုပ်သော ဗိသုကာ


တရုတ်ပြည် ရှန်ဟိုင်းမြို့ မှာ ရှိတဲ့ Apple စတိုးမှာ ဖန်တီးထားတဲ့ ဗိသုကာ လက်ရာ ဖြစ်ပါတယ်။ မြေအောက်ထပ်မှာ တည်ဆောက်ထားတဲ့ Apple စတိုးဆိုင် ကို ဝင်ဖို့ အပေါ်မှာ Apple လိုဂိုနဲ့ ဝင်ပေါက် ဖန်သား ဆလင်ဒါ လုံးကိုတည်ဆောက်ထားပါတယ်။ အောက်ကို ဝင်သွားရင် စတိုးဆိုင်ထဲ ကို ရောက်ပြီး Apple Product များကို မြင်တွေ့ ရမှာပါ။

ယခု ယင်း ဝင်ပေါက် ဗိသုကာလက်ရာကို Apple တို့ နိုင်ငံတကာ မူပိုင်ခွင့် ရယူ ထားပါတယ်။ ဒီဇိုင်း၊ တည်ဆောက်တဲ့ နည်းလမ်းနဲ့ တည်ဆောက်ရာမှာ အသုံးပြုတဲ့ ပစ္စည်း အစရှိတဲ့ အချက် ၃ ချက်ကို မူပိုင်ခွင့်ယူခဲ့ပြီး ဘယ်ကုမ္မဏီမှ လိုက်တုလို့ မရအောင်ပါ။ အဓိက ကတော့ အတူပြုလုပ်ရတာ တူမတူတောင် တော်တဲ့ တရုတ်နိုင်ငံမှာ ရှိနေတဲ့ ဗိသုကာလက်ရာမို့လို့ မူပိုင်ခွင့် အမြန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖွင့်ထားတဲ့ Apple စတိုးတွေထဲမှာ ရှန်ဟိုင်းက ယင်းစတိုး ဆိုင်မှာပဲ ဆလင်ဒါ ဖန်ကိုယ်တည် ဝင်ပေါက် ဗိသုကာလက်ရာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ။်

Apple နည်းပညာ ပစ္စည်းများတင်မက၊ အခြားသော ဒီဇိုင်း Creation မှာပါ Idea ကောင်းတဲ့ ကုမ္မဏီလို့ Apple က အသိမှတ်ပြုခံထားရခြင်းပါ။ ယခု မူပိုင်ခွင့် ရယူမှုအတွက် Apple Insider က ဖော်ပြခဲ့တဲ့ သတင်း ဖြစ်ပါတယ်။
.
Ref: mahsable
Smart Pro Journal

မိုဘိုင်းကွန်ရက်အတွင်း အသုံးပြုနိုင်သည့် ဝန်ဆောင်မှုအားလုံး အသုံးပြုခွင့်ပေးမည်ဟု Telenor ပြောဆို


လက်ရှိအသုံးပြုနိုင်ခြင်းမရှိသည့် MMS (Multimedia Messaging Service) ဝန်ဆောင်မှုအပြင် မိုဘိုင်းဖုန်းကွန်ရက်အတွင်း၌ အသုံးပြုနိုင်သည့် အခြားသော ဝန်ဆောင်မှုအားလုံးကို အသုံးပြုခွင့် ပေးသွားမည်ဟု Telenor က ပြောဆိုခဲ့သည်။

“လက်ရှိကျန်နေသေးတာကို ပြောရမယ်ဆိုရင် လူတိုင်းလည်း အသုံးလိုကြတဲ့ MMS ဝန်ဆောင်မှုကို ဖွင့်ပေးဖို့လိုတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ပို့ချင်တယ်ဆိုရင် အခု Viber ကနေတစ်ဆင့် ပို့နေရတယ်။ 3G ကွန်ရက်ထဲမှာ ဖွင့်ပေးဖို့ဆိုရင် ဒီဝန်ဆောင်မှုလိုသေးတယ်” Mobile Technical တစ်ဦးဖြစ်သူ ဦးထင်အောင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် Call Wait Service, Call Forward Service, Voice Mail Servie နှင့် Missed Mail Alert တို့ကို GSM ဖုန်းလိုင်းများနှင့် WCDMA ဖုန်းလိုင်းများအတွက် နိုဝင်ဘာလအတွင်း အသုံးပြုခွင့်ပေးခဲ့သည်။

ပိတ်ပင်ထားသော ဝန်ဆောင်မှုတစ်ခုနှင့်အတူ အခြားသော ဝန်ဆောင်မှုများကို SMS စနစ်ဖြင့် ကိုယ်တိုင်ဖွင့်လှစ်အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာတွင်း ခေတ်စားနေသည့် Vedio Call ဝန်ဆောင်မှုများနှင့် အခြားသော ဝန်ဆောင်မှုတချို့ကိုမူ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဝန်ဆောင်မှုပေးအပ်နိုင်ခြင်း မရှိခဲ့ပေ။

“ဖုန်းလိုင်းတွေ စတင်ပြီး ရောင်းတယ်ဆိုကတည်းက ကွန်ရက်ထဲမှာရှိတဲ့ အခြေခံဝန်ဆောင်မှုတွေ အကုန်လုံး သုံးလို့ရပါမယ်။ အင်တာနက်ကွန်ရက်ထဲက ဝန်ဆောင်မှုတွေလည်း အကုန်ရမယ်။ တချို့သော ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကတော့ တစ်ဖြည်းဖြည်းရလာမှာပါ။ ဒါတွေကို ကျေးလက်ဒေသအထိ တတ်နိုင်တဲ့ဈေးနှုန်းနဲ့ အသုံးပြုနိုင်အောင်စီစဉ်မှာပါ” ဟု Telenor အာရှဒေသအကြီးအကဲဖြစ်သူ Mr. Sigve Brekke က ပြောသည်။

အသုံးပြုလိုသူများသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းကွန်ရက်အတွင်း၌ Voice Mail ကဲ့သို့သော ဝန်ဆောင်မှုများကို လက်ခံအသုံးပြုလိုသော်လည်း ဝန်ဆောင်မှုနှုန်းထားနှင့် မိုဘိုင်းဖုန်း၏ ဆက်သွယ်မှုဧရိယာပြင်ပ မကြာခဏ ရောက်ရှိနေတတ်ခြင်းကြောင့် အသုံးပြုရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု စမ်းသပ်အသုံးပြုသူ တချို့က ဝေဖန်သည်။

မြင့်ကျော်လှိုင်
Internet Journal

ကျန်းမာရေးဆိုင်ရာများကို ဖုန်းဆက်မေးမြန်းနိုင်မည့် လူထုဆက်သွယ်ရေး စင်တာသစ်ဖွင့်


ကျန်းမာရေးဆိုင်ရာများကို ဖုန်းဆက်မေးမြန်းနိုင်မည့် လူထုဆက်သွယ်ရေးစင်တာတစ်ခုအား စတင်ဖွင့်လှစ်လိုက်ကြောင်း အဆိုပါ ဆက်သွယ်ရေးစင်တာမှ တာဝန်ရှိသူကပြောသည်။

အဆိုပါ ကြယ်ပြာလူထုဆက်သွယ်ရေးစင်တာတွင် မျိုးဆက်ပွားကျန်းမာရေးနှင့် မိခင်နှင့် ကလေးကျန်းမာရေး မေးမြန်းချက်များကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားဆွေးနွေးပေးမည်ဖြစ်ကြောင်း သိရသည်။ “စမ်းသပ်အဆင့် ဆောင်ရွက်ခဲ့တာတော့ ကြာပါပြီ။ လက်ရှိဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဒီလူထုဆက်သွယ်ရေးစင်တာမှာ မိသားစု ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ HIV ဆိုင်ရာနဲ့ ပတ်သက်ပြီးသိလိုတာတွေ အစရှိသည်ဖြင့် မေးမြန်းနိုင်မှာဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ အခမဲ့ ဖြေကြားပေးခြင်းဖြစ်ပြီး ခေါ်ဆိုရာတွင် မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်ထားသော မိုဘိုင်းဖုန်းခေါ်ဆိုခ တစ်မိနစ်ငါးဆယ်ကျပ်သာ ကုန်ကျမည်ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီး သီးခြားစီခေါ်ဆိုနိုင်ရန်အတွက် ဖုန်းနံပါတ်နှစ်မျိုး သတ်မှတ်ပေးထားကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် ၀၉-၄၃၁၁၁၀၀၀ သို့လည်းကောင်း၊ အမျိုးသားများအနေဖြင့် ၀၉-၄၅၀၀၆၆၆၆၇ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။ “ဖုန်းနဲ့ဆက်မေးလို့ရတယ်ဆိုတော့ ဆေးခန်းသွားရမှာ ပျင်းတဲ့လူတွေ၊ ကြောက်တဲ့လူတွေအတွက် အဆင်ပြေတာပေါ့” ဟု ပြည်မြို့ရှိဒေသခံတစ်ဦးက အွန်လိုင်းမှ ပြောကြားသည်။ ကုသရန်မလိုသော အကြံဥာဏ်ရလိုမှုများအတွက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းက များစွာ အကျိုးထိရောက်စေနိုင်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။ ယင်းတယ်လီဖုန်း အမေး၊ အဖြေ ဝန်ဆောင်မှု ရရှိနိုင်သော နေ့ရက်နှင့် အချိန်များအနေဖြင့် အမျိုးသမီးများမှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ တစ်ပတ်လုံးမေးမြန်းနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသားများမှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ တနင်္လာနေ့မှ သောကြာနေ့အထိ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာလည်း ကျန်းမာရေးဆိုင်ရာတွေကို မေးမြန်းနိုင်တဲ့ ဖုန်းနံပါတ်တွေရှိပါတယ်။ ဒါပေမယ့် ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဖုန်းခေါ်ဆိုခအပြင် ဝန်ဆောင်မှုအတွက် သတ်မှတ်ခေါ်ဆိုခကိုပါ ဖြတ်တောက်ပေးရတာမျိုး ရှိပါတယ်။ အခုလို အခမဲ့ Hot Line တွေများများပေါ်ပေါက်လာတဲ့အတွက် အားလုံးအလွယ်တကူ မေးမြန်းနိုင်တာပေါ့” ဟု မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ ကိုဇော်လတ်က ပြောသည်။ သိလိုသမျှ မေးမြန်းနိုင်ရန် အဖွဲ့အစည်းအသီးသီးက သတ်မှတ် Hot Line နံပါတ်များ ထားရှိလာကြသော်လည်း ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ ဖြေကြားပေးသော နေရာများမှာ အနည်းစုသာ ရှိသေးကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal

Ooredoo က မိုဘိုင်းဖုန်းပေါ်မှ အဓိကကျသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စမ်းသပ်ပြီးဖြစ်


ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် အသံလှိုင်းဖုန်း ခေါ်ဆိုမှုနှင့် စာတိုပေးပို့နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

ယင်းကုမ္ပဏီသည် ယခုလ ၅ ရက်နေ့က ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ဖုန်းခေါ်ဆိုနိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်းနှင့် အင်တာနက်ဆိုင်ရာ အချက်အလက်များ အသုံးပြုနိုင်ခြင်း အစရှိသည့် မိုဘိုင်းဖုန်းပေါ်မှ  ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စမ်းသပ်မှုတွင် ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားခြင်း၊ စာတိုပေးပို့ခြင်းနှင့်  အင်တာနက်စာမျက်နှာပေါ်တွင် အချက်အလက်များ ရှာဖွေနိုင်ခြင်း အစရှိသည့်အသုံးပြုမှုများသည် အလွန်မြန်ဆန်သည့် အချိန်အတွင်း အသုံးပြုနိုင်ခဲ့ကြကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများသည် ယခုနှစ် ဇူလိုင်လခန့်တွင် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုများဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ ကွန်ရက်တည်ဆောက်မှုမှာ အပြီးသတ်ရန် အနည်းငယ်သာလိုတော့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ကာတာဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းတို့နှင့်လက်တွဲပြီး လုပ်ငန်းများလုပ်ဆောင်ရန် သဘောတူညီထားသည့် တရုတ်နိုင်ငံ၏ Huawei ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး မိုဘိုင်းဖုန်းမှ စာတိုပေးပို့ခြင်းဖြင့် ဖုန်းဘီလ်ဖြည့်သွင်းနိုင်သည့် နည်းပညာဝန်ဆောင်မှုများကိုလည်း အများပြည်သူသို့ ပေးသွားမည်ဟု ယင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယုဇနကိုကို
Internet Journal

ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နိုင်သော အစ္စရေးနိုင်ငံထုတ် LifeWatch V4 စမတ်ဖုန်း


ပြန်ဆိုသူ- World Wide

ယနေ့ဖုန်းများတွင် လူသားတို့၏ ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်များကို App တစ်ခုအနေဖြင့် ထည့်သွင်း၍ ထုတ်လုပ်နိုင်ရန် ကြိုးစားလာကြပါသည်။ မကြာသေးမီက ထွက်ရှိခဲ့သည့် Galaxy S5 တွင်လည်း လူ၏ နှလုံးခုန်သံကို တိုင်းတာနိုင်သည့် App များထည့်သွင်း၍ လူအများ၏ နှစ်သက်စွဲလန်းမှု ရရှိအောင် လုပ်ဆောင်ခဲ့ကြပေသည်။

ယခုအခါ ကျန်းမာရေးစစ်ဆေးမှုများ ကိုဖုန်းဖြင့်လုပ်ဆောင်နိုင်သော LifeWatch V7 ဟုခေါ်သော ဖုန်းတစ်မျိုး ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ပါသည်။ အဆိုပါဖုန်းအား အစ္စရေးနိုင်ငံ LifeWatch Company မှ တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး V7 အနေဖြင့် အပူချိန်၊ စိတ်ဖိစီးမှုအဆင့်၊ သွေးဖိအား၊ နှလုံးခုန်နှုန်း အစရှိသည့် ကျန်းမာရေးကိစ္စရပ်များကို တိုင်းတာလုပ်ဆောင်နိုင်မည့် အပြင် သွေးအတွင်း သကြားပမာဏကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။

အဆိုပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ရန်အတွက် သင်၏ လက်မ၊သို့မဟုတ် လက်ချောင်းထိပ်ဖြင့် မိမိစစ်ဆေးလိုသော ကျန်းမာရေးစစ်ဆေးမှု App ကို နှိပ်ကာ ဖုန်းကို ရေပြင်ညီအနေအထားအတိုင်း ထား၍ စစ်ဆေးခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ဖုန်းအနေဖြင့် ကျန်းမာရေးစစ်ဆေးချက် မှတ်တမ်းများကို လိုအပ်ချိန်၌ ပြန်လည်ကြည့်ရှုနိုင်ရန် Cloud Server ၌ သိမ်းထားနိုင်မည်ဖြစ်ကာ ၄င်းမှတ်တမ်းများကိုလည်း ဆရာဝန်နှင့် Share ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဖုန်းတွင် 1.3 GHz Quad-Core Processor ၊ RAM 1 GB ၊ 1280x720 Resolution ၊ 4.7 Screen ၊ 8 Megapixel Camera နှင့် 2150 mAH ဘက်ထရီကို အသုံးပြုထားသောကြောင့် အလယ်အလတ်တန်းစားရှိသော ဖုန်းအမျိုးအစားတစ်ခုပင် ဖြစ်ပြီး Jelly Bean 4.2.2 ကို အသုံးပြုထား၍ သိုလှောင်ထားနိုင်မှု ပမာဏမှာ 4GB ဖြစ်ပါသည်။ LifeWatch V7 အား ဧပြီလကုန်ပိုင်းတွင် စတင်ရောင်း ချမည်ဟု သိရှိရပါသည်။

Ref:wired.co.uk
TechSpace Journal

လေဆာကိုအသုံးပြု၍သွေးနှင့်ဆိုင်သောအချက်အလက်များရယူနိုင်မည့်ကိရိယာ


ပြန်ဆိုသူ- World Wide

လူတစ်ဦးချင်းစီ၏ သွေးခဲမှုဆိုင်ရာနှုန်းများသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပေ။ ထို့ကြောင့်လည်း ဆရာဝန်များအနေဖြင့် ခွဲစိတ်ခြင်းနှင့် အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်ရသည့်အခါ မည်သူသည် သွေးသွင်းရန်လိုအပ်သည်၊သို့မဟုတ် သွေးခဲမှုမရှိစေရန် ဆေးဝါးများပေးရန်လိုအပ်သည် အစရှိသည့်လုပ်ငန်း များကို လုပ်ဆောင်နိုင်ရန်အလို့ငှာ အတိအကျသိရှိနိုင်ရန် လိုအပ်ပေသည်။ ၄င်းပြဿနာများကို ဖြေရှင်းရန် အတွက် လိုအပ်သော အချက်အလက်များကို မိနစ်ပိုင်းအတွင်း ဆုံးဖြက်ပေးစွမ်းနိုင်မည့် လေဆာကို အခြေခံထားသော ကိရိယာ တစ်မျိုးကို တီထွင်ခဲ့ကြပါသည်။

လက်ရှိတွင် သွေးခဲခြင်းဆိုင်ရာအရည်အသွေးများကို တိုင်းတာရန်မှာ လူနာ၏ သွေးကို ဓာတ်ခွဲခန်းထဲတွင် စစ်ဆေးရမည်ဖြစ်ကာ ၄င်းစစ်ဆေးမှုသည်လည်း နာရီနှင့်ကြာမြင့်ပါသည်။ ထိုသို့စစ်ဆေး နိုင်ရန် သွေးပမာဏလည်း များစွာလိုအပ်သလို ၊ စစ်ဆေးသည့်ပစ္စည်းများအနေဖြင့် ကြီးမားခြင်း၊ ဈေးနှုန်းမြင့်မားခြင်းများလည်း ရှိပေသည်။ ထို့ကြောင့် မက်ဆာချူးဆက် အထွေထွေဆေးရုံမှ တီထွင်ခဲ့သည့် ကိရိယာအသစ်သည် တစ်သျှူးဗူးအရွယ်အစားသာရှိခြင်း၊ စစ်ဆေးမှုလျင်မြန်ခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်း စသည့် စွမ်းဆောင်ချက်မျအားအပြင် စစ်ဆေးရန်အတွက် သွေးပမာဏအနည်းငယ်သာ လိုအပ်မည် ဖြစ်ပါသည်။

စစ်ဆေးရာတွင် အရည်ထဲသို့ လေဆာရောင်ခြည်ထိုးလိုက်ခြင်းဖြင့် ထွက်ပေါ်လာသော ပြန်လင်းတန်း များကို ခွဲခြမ်းစိတ်ဖြာပါသည်။ ၄င်းတွင် အစပိုင်းတွင် သွေးများ၏ ဆဲလ်များသည် လွတ်လပ်စွာ သွားလာနေကြပြီး (သွေးထဲတွင်ပါရှိသည့် ကလာပ်စည်း) သွေးထွက်သည့်အခါ ခဲစေသော ပန်းကန်ပြားပုံ ကလာပ်စည်းများကြောင့် ပြန်လင်းတန်းများသည် စဉ်ဆက်မပြက် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါသည်။ ထို့နောက် ဆဲလ်နှင့် ကလာပ်စည်းများပေါင်းစပ်မှုကြောင့် သွေးသည်စတင်ခဲလာပါသည်။ ပညာရှင်များအနေဖြင့် ရိုက်ချက်မြန်သော ကင်မရာဖြင့် အနီးကပ်လေ့လာ စောင့်ကြည့်ရာတွင် ထိုသို့ပြောင်းလဲမှုတွင် အချိန်မိနစ်အတော်ကြာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့သော အချက်အလက်များကို စုစည်းပြီး ကောက်ချက်ချခြင်းဖြင့် သွေးခဲစေမည့် အချိန်ကို ခန့်မှန်းလေ့လာ နိုင်ခဲ့ပါသည်။

လက်ရှိလေ့လာရာတွင် ကွန်ပျူတာများ အပါအ၀င်ပစ္စည်းများကို အသုံးပြုနေရသော်လည်း သိပ်မကြာခင် နှစ်အတွင်း ဆေးခန်းများတွင်ပါ အသုံးပြုနိုင်ရန် ဖုန်းအရွယ်အစား စစ်ဆေးနိုင်သည့် ကိရိယာအရွယ် ထုတ်လုပ်သွားမည်ဟု ပညာရှင်များက မျှော်လင့်ထားကြပါသည်။

Ref:gizmag
TechSpace Journal

ဒုံးပျံဖြင့်တိုက်ခိုက်လာခြင်းကို လမ်းကြောင်းလွှဲပေးနိုင်မည့် SkyShield


ပြန်ဆိုသူ- World Wide

အရပ်ဘက်သုံး လေယာဉ်များ၏ အဓိကစိန်ခေါ်နေသော လုံခြုံရေးပြဿနာမှာ အကြမ်းဖက်တိုက်ခိုက် သူများမှ ဒုံးပျံများဖြင့် တိုက်ခိုက်လာလျှင် မည်ကဲ့သို့ ခုခံရှောင်တိမ်းကာကွယ်ရမည်နည်းဆိုသည့် ပြဿနာပင် ဖြစ်ပေသည်။ သို့သော် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လေဆာစနစ်သုံး SkyShield မှ အကူအညီပေးနိုင်တော့မည်ဖြစ်ပါသည်။

အဆိုပါစနစ်အား MUSIC ဟုခေါ်ပြီး အရှည်ကောက်မှာ Multi-Spectral Infrared Countermeasure ဖြစ်ပါသည်။ အကြမ်းဖက်သူမှ ဒုံးပျံဖြင့် တိုက်ခိုက်လာခြင်းကို လုပ်ဆောင်ပါက လေယာဉ်ပေါ်ရှိ လေယာဉ်မှူးမှ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ လုပ်ဆောင်စရာမလိုဘဲ ၄င်းစနစ်ကသာ တိုက်ခိုက်မှုကို ရှောင်ကွင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပေသည်။

MUSIC အနေဖြင့် Infrared Sensors များကိုအသုံးပြု၍ လေယာဉ်အား တိုက်ခိုက်ရန် ၀င်ရောက်လာ သော ဒုံးပျံများကို စက္ကန့်ပိုင်းအတွင်း စုံစမ်းထောက်လှမ်းပြီးနောက် လေဆာရောင်ခြည်ကို အသုံးပြု၍ ဒုံးပျံ၏ လမ်းကြောင်းပြစနစ်ကို လှည့်စားကာ လမ်းကြောင်းပြောင်းခြင်း ၊သို့မဟုတ် အခြားအရာဝတ္တုတစ်ခုအား ထိမိစေခြင်း၊ သို့မဟုတ် လေထုထဲတွင်ပင် ပေါက်ကွဲစေခြင်း အစရှိသည်များကို လုပ်ဆောင်စေမည်ဖြစ်ပါသည်။

ယခုနည်းပညာအား အစ္စရေးမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်များ ဆင်းခြင်း၊ တက်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် တိုက်ခိုက်လာနိုင်သော ဖြစ်ရန်များကို ရှောင်ရှားနိုင်ရန် အလို့ငှာ တီထွင်ခဲ့ ခြင်းဖြစ်ပြီး ဈေးကွက်တွင် တစ်ကမ္ဘာလုံးရှိ အရပ်ဘက်သုံးလေယာဉ်များလုံခြုံရေးအတွက် ရောင်းချနိုင်ရန်လည်း လုပ်ဆောင်လျက် ရှိပါသည်။ အစ္စရေးလေတပ်မှ ဗိုလ်မှူးချုပ် Eitan Eshel ၏ ပြောကြားချက်အရ “ SkyShield သည် ရှုပ်ထွေးသော စနစ်များကိုအသုံးပြုထားသည့် ခေတ်မီစွာ စမ်းသပ်အောင် မြင်ထားသော စနစ်ဖြစ်ပြီး ယခုအခါ အစ္စရေးလေကြောင်းလိုင်းများကို ကာကွယ်ရန်အသင့်ဖြစ်နေပါပြီ” ဟု သိရပါသည်။

Ref:thetechjournal
TechSpace Journal

A.G.T.I မှ B.Tech နှင့် B.Tech မှ B.E ပေါင်းကူးဝင်ခွင့် စာမေးပွဲကျင်းပမည့်အစီအစဉ်ကြော်ငြာခြင်း


(၁) သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် ၊ကောလိပ် ၊သိပ္ပံ များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော A.G.T.I/B.Tech သင်တန်းအသီးသီး၏ ၂၀၁၀-၂၀၁၁ ၊၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်များ၏ အတန်းတင်စာမေးပွဲများတွင် အောင်မြင်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့်မရခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

(၂)ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများနှင့် ဖြေဆိုရမည့် ဘာသာရပ်အလိုက် Scope များကို မိမိတို့ A.G.T.I ဒုတိယနှစ်နှင့် B.Tech ဒုတိယနှစ် အောင်မြင်ခဲ့သည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများတွင် ၁၀-၃-၂၀၁၄ ရက်မှစတင်ရယူနိုင်ပြီး လိုအပ်သည်များကို ဖြည့်စွက်၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၈-၄-၂၀၁၄ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်-

(က)A.G.T.I ဒီပလိုမာလက်မှတ်၊ B.Tech ဘွဲ့လက်မှတ်မူရင်း(သို့မဟုတ်) သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများမှ အောင်မြင်ကြောင်း ထောက်ခံစာ။

(ခ)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)

(ဂ)အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ကိုယ်တိုင် ဝန်ခံချက်၊ မိဘ အုပ်ထိန်းသူများ၏ ဝန်ခံချက်နှင့် ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၏ ထောက်ခံချက်။

(ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံ ဓာတ်ပုံ (၄) ပုံ

(၃) ပေါင်းကူးဝင်ခွင့်သတ်မှတ်ချက်များအတိုင်း လျှောက်လွှာတင်ထားသည့် စာမေးပွဲဖြေဆိုမည့်သူများသည် မိမိတို့ လျှောက်လွှာတင်ထားသည့် နည်းပညာတက္ကသိုလ် ၊ကောလိပ်၊ သိပ္ပံများတွင် ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြေဆိုရမည်-

၁။ အင်္ဂလိပ်စာ ၂၆-၇-၂၀၁၄(စနေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

၂။သက်ဆိုင်ရာဘာသာရပ် ၂၇-၇-၂၀၁၄(တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

(၄) အခြားသိလိုသည်များရှိပါက ကျောင်းသားရေးရာ ဌာန၊ စက်မှု နှင့်သက်မွေးပညာဦးစီးဌာန(ရုံးချုပ်) နေပြည်တော် ဖုန်း-၀၆၇-၄၀၄၁၈၂ နှင့် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံမများတွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
Internet Journal

ငပလီ ကမ်းခြေကနေ ခရိုနီ ကမ်းခြေ ဖြစ်တော့မလား





ခင်ဦးသာ| March 11, 2014 | Hits:437
 အစိုးရ စစ်တပ်က သိမ်းယူပြီး ကုမ္ပဏီများသို့ ငှားလိုက်သည့်မြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ခင်ဦးသာ / ဧရာဝတီ)


ရခိုင်ပြည်နယ် သံတွဲမြို့က ငပလီကမ်းခြေကို ခေတ်မီ ပင်လယ်ကမ်းခြေမြို့ အဖြစ် တည်ဆောက်နေပြီ ဖြစ်တဲ့အတွက် ကမ်းခြေ တလျှောက်က မြေတွေနဲ့ ငပလီကျေးရွာထဲက အချက်အချာ ကျတဲ့နေရာတွေကို အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဈေးနှုန်းတွေ အဆမတန်ပေး ဝယ်ယူကာ ဟိုတယ်တွေ ဆောက်နေကြပါပြီ။

ငပလီကျေးရွာကို မြို့အဆင့်သတ်မှတ်လိုက်ချိန်က စပြီး ကမ်းခြေမှာရှိတဲ့ မြေတဧကကို ကျပ် သိန်းပေါင်း ၂ သောင်းခွဲ ကနေ ၃ သောင်း ဝန်းကျင်အထိ ဈေးပေါက်နေပါတယ်။

အဲဒါကြောင့်လည်း စစ်တပ်က အဓမ္မ သိမ်းယူထားတဲ့ ဒေသခံတွေရဲ့ မြေ ၃၅ ဧက ကျော်ကို ပိုင်ရှင်တွေ လက်ထဲ ပြန်မပေးဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို နှစ် ၃၀ ဂရမ်နဲ့ ငှားစားလိုက်ပါတယ်။

အဲဒီမြေတွေကို ဆောက်လုပ်ရေး ကုမ္ပဏီတွေ ဖြစ်ကြတဲ့ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု၊ ဧဒင် အုပ်စု၊ မင်းဇာနည် ကုမ္ပဏီ၊ Amazing ဟိုတယ် အုပ်စုနှင့် ဖော်ကျွန်း ကုမ္ပဏီတို့က ဟိုတယ်များ ဆောက်လုပ်နေကြပါပြီ။

ဟိုတယ်တွေကို အမြန်ဆုံး ဆောက်လုပ်ဖို့ စစ်တပ်က တွန်းအားပေးထားတာ ဖြစ်တယ်လို့ မြေသိမ်းခံထားရသူ တဦးဖြစ်တဲ့ ဒေါ်မူမူ က ပြောပါတယ်။

စစ်တပ်အနေနဲ့ သိမ်းထားတဲ့ မြေတွေကို အသုံးမပြုဘူးဆိုရင် ပိုင်ရှင်တွေကို ပြန်ပေးရမယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်ကလည်းပဲ ပြန်ပေးဖို့ သဘောတူထားပါတယ်။ အဆောက်အအုံ မဆောက်ရင် မြေတွေ ပြန်ပေးရမှာ စိုးရိမ်တဲ့ အတွက် ဟိုတယ်တွေ အမြန်ဆောက်ဖို့ စစ်တပ်က ဖိအားပေးထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

“တဧက သိန်း ၂ သောင်းကျော်ပေမယ့် ရောင်းမယ့်သူမရှိဘူး၊ ဝယ်မဲ့သူတွေပဲ ရှိတယ်၊ ကမ်းခြေရဲ့ အဓိက ကျတဲ့နေရာတွေ၊ မြေ တွေကို စစ်ဗိုလ်ချုပ်တွေ၊ အစိုးရ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ခရိုနီတွေကပဲ အားလုံးကို နေရာယူထားကြပါပြီ၊ ကျနော်တို့ ရွာသား တွေလည်း ဖယ်ရှားခံရမှာကို စိုးရိမ်နေကြတယ်”လို့ ငပလီ ဒေသခံ တဦးက ပြောပါတယ်။

ငပလီ ကမ်းခြေက သိမ်းယူငှားစားထားတဲ့ မြေတွေကို စစ်တပ်အတွက် မသုံးရင် ပြန်ပေးဖို့ ကာကွယ်ရေးဝန်ကြီးကို တင်ပြတဲ့ အခါမှာ“ဒီမြေတွေက ငှားလို့ရတဲ့ ပိုက်ဆံတွေကို သူတို့လည်း မပိုင်ဘူး၊ နိုင်ငံတော်ကို ပေးသွင်းရမယ်လို့ ဝန်ကြီးက ပြောတယ်” လို့ ငပလီ ဒေသခံ တဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောဆိုတယ်။

၃ မိုင် ဝန်းကျင် ရှည်လျားတဲ့ ငပလီ ကမ်းခြေတလျှောက်မှာ စစ်တပ်က သိမ်းယူပြီးတဲ့ မြေတွေအပြင် တခြားမြေတွေကိုလည်း အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက နည်းလမ်းပေါင်းစုံနဲ့ ဝယ်ယူပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

အလားတူ ငပလီ ကမ်းခြေကနေ ဂွမြို့နယ် ကမ်းခြေ တလျှောက်မှာရှိတဲ့ မြေတွေကိုလည်း စစ်တပ်က သိမ်းယူပြီး ခြံခတ်တာ တွေလုပ်နေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ ခရိုနီတွေက ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။

ကမ်းခြေက ဟိုတယ်လုပ်ငန်းတွေမှာ ခရိုနီ တွေနဲ့ပတ်သက် ဆက်စပ် လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား တချို့ရှိတယ်လို့လည်း သိရတယ်။

ငပလီရွာကို မြို့အဖြစ် တည်ဆောက်ရင် မြို့အင်္ဂါရပ်နဲ့ညီတဲ့ ဟိုတယ်ဇုန်တွေ၊ အခြေခံ အဆောက်အအုံတွေ ပေါ်ပေါက် လာမှာမို့ ကျေးရွာသားတွေက သူတို့နေအိမ်တွေ ပြောင်းရွှေ့ခံရမှာကို စိုးရိမ်နေကြပါတယ်။

ငပလီကျေးရွာဟာ ပင်လယ်ကမ်းခြေ တလျှောက်မှာ တည်ထားတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေ အနေနဲ့လည်း မြို့ပြ တည်ဆောက် ရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ရှင်းလင်းပြောဆိုတာ မရှိသေးဘူးလို့ သိရတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က တော့“ကျနော်တို့ အာဏာပိုင်တွေ အနေနဲ့တော့ ငပလီရွာကို ပြောင်းရွှေ့မယ့် အစီ အစဉ် လုံးဝ မရှိပါဘူး၊ ဒေသခံတွေကို ရွာသားအဆင့်ကနေ မြို့သား အဆင့်ကို တိုးပေးတာပါ”လို့ ပြောပါတယ်။

ငပလီကမ်းခြေရွာကို မြို့အဆင့် တိုးမြှင့်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့နှစ် ရခိုင် ခရီးစဉ်အတွင်းမှာ လမ်းညွှန်ခဲ့ပြီးတဲ့နောက် အခု စတင် တည်ဆောက်နေတာပါ။ ငပလီ ကမ်းခြေကို အင်ဒိုနီးရှား နိုင်ငံက ကမ္ဘာကျော် ဘာလီကျွန်းလိုမျိုး လှပတဲ့ စိတ်ဝင်စားဖွယ် ဒေသတခု ဖြစ်လာအောင် တည်ဆောက်ဖို့လည်း ဦးသိန်းစိန် က ပြောဆိုသွားတယ်လို့ သိရတယ်။

ငပလီမြို့ကို ၂၀၁၄-၂၀၁၅ ဘတ်ဂျက်နှစ်အတွင်း အပြီးတည်ဆောက်သွားဖို့လည်း အစိုးရက စီစဉ်နေပါတယ်။ လမ်းပန်း ဆက် သွယ်ရေး၊ ရေ၊ မီး၊ လျှပ်စစ် စတဲ့ အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း ဦးထွန်းဝေ က ရှင်းပြပါတယ်။

ငပလီ မြို့ပြ စီမံကိန်းအတွက် ကျပ် ၅ ဘီလီယံအထိ သုံးစွဲသွားဖို့ ရှိတယ်လို့လည်း သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဆက်ပြောတယ်။ ငပလီမြို့တည် ဆောက်ရေး စီမံကိန်းမှာ ငပလီကျေးရွာ အပါအဝင် ကမ်းခြေတလျောက်က ကျေးရွာ ၁၀ ရွာဝန်းကျင် ပါဝင်မှာဖြစ်တယ်။

ငပလီကို မြို့အဖြစ် တည်ဆောက်ရတာဟာ ဖွံဖြိုးရေး လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်မှု တ စိတ်တဒေသ အတွက်သာ ဖြစ်တယ်၊ ဟိုတယ်ဇုန်တွေ ပေါ်ပေါက်လာရင်လည်း ဒေသခံတွေရဲ့ မြေကို အစိုးရ အနေနဲ့ အဓမ္မ သိမ်းယူမှာ မဟုတ်ဘဲ သူ့ဟာနဲ့သူ အဆင်ပြေအောင် စီစဉ်ပေးသွားဖို့ ရှိတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။

“ငပလီမှာ မြေဈေးတက်သွားတော့ ဒေသခံမြေပိုင်ရှင်တွေ ကားစီးနိုင်တယ်၊ သံတွဲမြို့ပေါ်ကလူတွေ ကားမစီးနိုင်ဘူး၊ ဒါက လက်ရှိ အနေနဲ့ပြောပြတာပါ၊ နိုင်ငံတော် အစိုးရကလည်း ဒေသခံတွေရဲ့ မြေကို တလက်မတောင် အလကား မယူပါဘူး၊ ဒါ ပေမယ့် ဒီမြေတွေရဲ့ မူလ ပိုင်ရှင်ကတော့ နိုင်ငံတော် အစိုးရပါပဲ”လို့ လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ က ဆိုတယ်။

မြို့ပြစီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ ဂျိတ္တောကျေးရွာဆိုရင် ပင်လယ်ငါးဖမ်း လုပ်ငန်းကို အဓိက လုပ်ကိုင်ပြီး ပင်လယ်ထွက် ပစ္စည်း တွေ၊ ငါးနီတူခြောက် ထုတ်လုပ်ရေး စတဲ့ ရေထွက်ပစ္စည်းတွေနဲ့ နာမည်ကျော်တဲ့ တံငါရွာ တရွာပါ။

အဲဒီရွာဟာ ငပလီကမ်းခြေကို လာရောက်ကြတဲ့ နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေရဲ့ အဓိက သွားရောက်လည်ပတ်တဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။ ကျေးရွာက ပင်လယ်ကမ်းခြေ တလျှောက်မှာ တည်ဆောက်ထားတာမို့ အညစ်အကြေးတွေကို စည်း ကမ်း မဲ့ စွန့်ပစ်လေ့ရှိတယ်ဆိုပြီး ရွာကို ဖယ်ရှားဖို့ အာဏာပိုင်တွေက စီစဉ်ခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ဧရာဝတီ ကို ပြောကြပါတယ်။ အာဏာပိုင်တွေကတော့ ဖယ်ရှားဖို့ စီစဉ်တာ မဟုတ်ဘူးလို့ ဆိုတယ်။

အညစ်အကြေးတွေကို ပင်လယ်ထဲစွန့်တယ်ဆိုပြီး ခရီးသွားဧည့်သည် တချို့ကပြောဆိုတာ၊ စီးပွားရေး သမားတွေက အဲဒီနေရာ တွေကို ဟိုတယ်တွေ၊ အပန်းဖြေ စခန်းတွေ ဆောက်လုပ်ဖို့ ဝယ်ယူလိုတာတွေကြောင့် ရွာကို ဖယ်ရှားဖို့ ကြိုးပမ်းပုံရတယ် လို့ လည်း ဒေသခံတွေက ပြောကြပါတယ်။

“ဒီတံငါရွာက နိုင်ငံခြားသားတွေ အဓိက လာလည်ကြတဲ့နေရာပါ၊ ဒီတော့ ရွာကိုမဖယ်ရှားသင့်ပါဘူး၊ ရွာသားတွေ အတွက် ရေအိမ်သာတွေ စနစ်တကျဆောက်ပေးတာ၊ စည်းကမ်းနဲ့ နေထိုင်တတ်အောင် ပညာပေးမှုတွေ ပိုမိုလုပ်ပေးသင့်ပါတယ်”လို့ ဒေသခံ ဦးထွန်းဦး က ပြောပါတယ်။

လက်တွေ့မှာ ငပလီကမ်းခြေတလျှောက် စနစ်ကျတဲ့ အမှိုက်စွန့်ပစ်မှုမျိုးအတွက်တောင်မှ စည်ပင်သာယာ အမှိုက်သိမ်းကား ဝန်ဆောင်မှုမျိုး မရှိပါဘူး။ ငပလီက တချို့ မြစ်ထွက်ပေါက် ချောင်းငယ်တွေမှာ စွန့်ပစ်ထားတဲ့အမှိုက်တွေက အကျည်းတန်နေ တာကို မြင်ရပါတယ်။ ဟိုတယ်ဇုန်တွေက စွန့်ပစ်တဲ့အမှိုက်တွေကိုတော့ လုပ်ငန်းရှင်တွေက စက်သုံးဆီ စိုက်ထုတ် ဝယ်ပေးပြီး အမှိုက်သိမ်းကားကို ခေါ်ယူရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငပလီ ကမ်းခြေဟာ အာရှဒေသတွင်း နိုင်ငံတွေထဲက ထင်ရှားလှပတဲ့ ပင်လယ်ကမ်းခြေတွေအနက် သဘာဝ ဂေဟ စနစ် တွေ မပျက်စီးဘဲ သဘာဝ အတိုင်းရှိနေသေးတဲ့ ပင်လယ်ကမ်းခြေ တခုလည်းဖြစ်ပါတယ်။ မြို့ပြ တည်ဆောက်လိုက်ရင် အဲဒီဂေဟ စနစ်တွေ ပျက်စီးသွားမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ကမ်းခြေကို လာလည်တဲ့ ဂျာမနီနိုင်ငံသား တဦးကတော့ ငပလီ ကမ်းခြေရဲ့ ဖွဲ့စည်းပုံ အနေအထားဟာ အံ့သြစရာကောင်း ပေမယ့် ကမ်းခြေတလျှောက်မှာရှိတဲ့ အမှိုက်တွေ၊ စွန့်ပစ် ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့ အများကြီး လိုအပ်သေးတယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဒါ့အပြင် ဂျိတ္တောရွာ ပင်လယ်ကမ်းခြေ တလျောက်မှာ လှမ်းထားတဲ့ ငါးဖျာတွေကို ကြည့်ပြီးတော့လည်း ပင်လယ်ကမ်းခြေက မြေကြီးပေါ်မှာ ဖျာတွေနဲ့လှမ်းမယ့် အစား စင်တွေနဲ့ စနစ်တကျ နေလှမ်းသင့်တယ်လို့လည်း ဆိုပါတယ်။

ငပလီကမ်းခြေဟာ ပြည်တွင်း ခရီးသွားဧည့်သည်ထက် နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေ အများဆုံး လာရောက် လည်ပတ် တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ထင်သလောက်တော့ ခရီးသွားဧည့် သည်တွေ မလာကြပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေ အပြောအရတော့ ခရီးသွား ရာသီတွေမှာ တရက်ကို လူ ဦးရေ ရာချီ လာရောက်လေ့ ရှိတယ်လို့ သိရတယ်။ တရက်ကို ၃၀၀ ဝန်းကျင် ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ်းခြေတလျှောက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဒေသထွက် လက်မှု ပစ္စည်းတွေ ရောင်းချတာ စတဲ့ အလုပ်တွေနဲ့ အသက်မွေးကြပါတယ်။ ပင်လယ်ထွက် ခရုခွံတွေကို အသုံးအဆောင် ပစ္စည်းတွေ လုပ်ကိုင် ရောင်းချနေသူ ဒေါ်သန်းရွှေ ကတော့ ငပလီကို မြို့အဖြစ် တည်ဆောက်တာကို သဘောမကျဘူးလို့ ပြောပါတယ်။

“ကျမက မြို့သူ မဖြစ်ချင်ပါဘူး၊ ကျမတို့ တန်ဖိုးထားတဲ့ ငပလီရဲ့ သဘာဝ အလှအပတွေကို မြို့ပြရဲ့အလှအပတွေကြောင့် ပျက်စီးသွားမှာကို စိုးရိမ်တယ်၊ ဒီအတိုင်း ရွာလေး ပုံစံကပဲ ပိုပြီး လှပ အေးချမ်းတာပါ”လို့ ဒေါ်သန်းရွှေ က ဆိုပါတယ်။

မြို့အဖြစ် စည်ပင်လာရင် ငွေကြေးချမ်းသာသူတွေက ကျေးရွာသားတွေရဲ့ နေအိမ်၊ ဥယျာဉ်ခြံမြေတွေကို ဈေးကောင်းပေးဝယ် ပြီး တိုက်တာတွေ ဆောက်လုပ်မယ်။ မြို့ပြနဲ့အတူ ညကလပ်တွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေ စတဲ့ ဇိမ်ခံမယ့် အရာတွေ ပေါများလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ဆက်ပြောပါတယ်။

ငပလီကမ်းခြေဟာ ရန်ကုန်မြို့နဲ့အလှမ်းဝေးပြီး သီးသန့် အပန်းဖြေမယ့်သူတွေ၊ ပိုက်ဆံချမ်းသာတဲ့ လူတန်းစား အလွှာတွေသာ အများဆုံး သွားရောက် လည်ပတ်တဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။ ကမ်းခြေတလျှောက်မှာ ရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်း တွေ၊ အစားအသောက်တွေဟာလည်း မြန်မာနိုင်ငံက တခြားကမ်းခြေတွေထက် ဈေးကြီးပါတယ်။

ကမ်းခြေရဲ့ အချက်အချာ ကျတဲ့ နေရာမှာ တည်ဆောက်ထားတဲ့ Amazing Ngapali Resort မှာ ဆိုရင် တည တည်းခို စရိတ် ဟာ အမေရိကန် ဒေါ်လာ ၄၅၀ ကနေ ၈၀၀ ကျော် အထိ ရှိတယ်လို့ သိရပါတယ်။

အဲဒီဟိုတယ်ဟာ လက်ရှိမှာတော့ ငပလီရဲ့ အခမ်းနားဆုံး ဟိုတယ် တခုလို့လည်း ပြောလို့ ရပါတယ်။ Amazing ဟိုတယ် ဟာ အရင်က စစ်ထောက်လှမ်းရေးတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ် အရာရှိတဦးရဲ့သားက ပိုင်ဆိုင်တယ် လို့ တည်းခိုခန်း လုပ်ကိုင်သူ တချို့က ပြောပါတယ်။ ကမ်းခြေ တလျှောက်မှာ ရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ အများစုဟာ လည်း စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေ၊ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ အုပ်စုတွေက ပိုင်ဆိုင်ထားကြပါတယ်။

ငပလီ ကမ်းခြေမှာ ဟိုတယ် ၂၁ လုံး ရှိပြီး အခန်းပေါင်း ၆၈၉ ခန်းနဲ့ ဧည့်သည် တထောင်ကျော် တည်းခိုနိုင်ပါတယ်။ ဒါ့အပြင် တနိုင် တပိုင် ဧည့်ရိပ်သာတွေနဲ့ တည်းခိုခန်းတွေလည်း ရှိပါသေးတယ်။ နောက်ထပ် ဟိုတယ်ဇုန်တွေ သီးသန့်တည်ဆောက် သွားဖို့ ရှိပေမယ့်လည်း လွတ်တဲ့နေရာတွေမှာပဲ တည်ဆောက်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပင်လယ်ကမ်းခြေမှာ ရှိတဲ့မြေတွေကို စစ်အာဏာရှင် ဦးနေဝင်း အစိုးရ၊ ဦးသန်းရွှေ အစိုးရ တို့ လက်ထက်တွေ ကတည်းက သိမ်း ယူ လာခဲ့တာ လက်ရှိမှာလည်း သိမ်းယူနေဆဲပါ။ ဒေသခံတွေရဲ့ မြေတွေကို သိမ်းယူပြီး စစ်ဗိုလ်ချုပ်တွေ၊ နိုင်ငံအကြီးအကဲတွေ လာရောက် အပန်းဖြေ တည်းခိုဖို့ အဏ္ဏဝါ ရိပ်သာကိုလည်း ငပလီ ကမ်းခြေရဲ့ ဗဟိုချက်မနေရာမှာ တည်ဆောက်ထားတာ တွေ့ရပါတယ်။

အဲဒီ ဧည့်ရိပ်သာဟာ နိုင်ငံအကြီးအကဲတွေ တည်းခိုတာမို့ အဲဒီနား တဝိုက်မှာ ဓာတ်ပုံ မရိုက်ရဘူးလို့လည်း လုံခြုံရေးတာဝန် ကျနေတဲ့ ရဲဘော်တဦး က ပြောပါတယ်။

စစ်တပ် ဧည့်ရိပ်သာနဲ့ မလှမ်းမကမ်းမှာတော့ ကျောက်ဆောင်ပေါ်မှာ ကိုယ်ဟန်အလှပြ ထိုင်နေတဲ့ ရေသူမ ရုပ်တုတည်ရှိ ပါတယ်။ ဒေသခံတွေရဲ့ ပါးစပ်ရာဇဝင်အရ အဲဒီ ရေသူမ ရုပ်တုဟာ စစ်အာဏာရှင် ဦးနေဝင်းလက်ထက်က သူ့အမိန့်နဲ့ ရုပ်ရှင် မင်းသမီး တယောက်ရဲ့ကိုယ်ဟန်ကို ပုံတူ ထုဆစ်ခဲ့တာလို့လည်း သိရပါတယ်။

ဟိုတယ်တချို့ဆိုရင် ပင်လယ်ကမ်းခြေ လူအများသွားတဲ့ လမ်းနေရာအထိ နေရာချဲ့ထွင် ယူထားပြီး ကမ်းခြေတလျှောက်မှာ တနိုင်တပိုင် ဈေးရောင်း လုပ်ကိုင်စားသောက်နေသူတွေကို ဈေးမရောင်းချဖို့ အာဏာပိုင်တွေဆီက တဆင့် တားဆီးမှုတွေ လုပ်ဆောင်နေတာ ရှိတယ်လို့ ကမ်းခြေမှာ ဈေးရောင်းချသူ နေသူတွေက ပြောကြတယ်။

ဝန်ဆောင်မှုတွေ၊ ရိုးရာလက်မှု အနုပညာတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ နည်းပညာတွေ ဖြန့်ဝေပေးတာ၊ တရွာစီမှာ ထွက်ကုန်တမျိုးထွက်အောင် အသက်မွေးဝမ်းကြောင်း ပညာတွေ ပေးပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ မြင့်မားအောင် လုပ်ပေးရမယ့် အစား ပြင်ပအဆောက်အအုံတွေ တိုးတက်မှုဆီကိုသာ သွားနေတယ်လို့ ဒေသခံ တွေက ဝေဖန်ပါတယ်။

တကယ်လို့ ဟိုတယ်ဇုန်တွေ ထပ်မံတိုးချဲ့တည်ဆောက်လာပြီး ပင်လယ်ကမ်းစပ်က တနိုင်တပိုင် ဈေးရောင်းလုပ်ကိုင် စားသောက် နေသူတွေကိုပါ ဖယ်ရှားလိုက်မယ်ဆိုရင်တော့ ငပလီကမ်းခြေဟာ ခရိုနီတွေကြီးစိုးတဲ့ အပန်းဖြေစခန်း တခုသာ ဖြစ် လာနိုင်ပါတယ်။ ။

ဧရာဝတီ

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့


(မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ ပြန်ဆင်းလာကြသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်))
လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုနိုင်ရန်အတွက် ယင်းကဲ့သို့ လွှတ်တော်သက်တမ်းတလျှောက် အကြာမြင့်ဆုံးအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါအခွန်အကောက်ဥပဒေကြမ်းအား အပြီးပြတ်အတည်ပြုနိုင်ရန် ညနေ ၅ နာရီ လွှတ်တော်အစည်းအဝေးအား ကျင်းပရန် ကနဦးပြောကြားခဲ့သော်လည်း အမှန်တကယ်ပြုလုပ်ရာတွင် ထိုသို့ ည ၈ နာရီဝန်းကျင်ခန့်ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

"ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က သီးခြားဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးနဲ့ အခြားဝန်ကြီးဌာန ၁၁ ခုနဲ့ ပြည်ထောင်စုရုံးဝန်ထမ်းများကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ယနေ့ဆွေးနွေးဆုံးဖြတ်မယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အထူးအရေးကြီးပြီး အလေးအနက်ထား ဆောင်ရွက်ကြရမယ့်ကိစ္စရပ်များလည်း ဖြစ်ပါတယ်။ ယခင်နှစ်များက လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှု မရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ယခုကဲ့သို့ စတင်ဆောင်ရွက်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ စေတနာများကိုလည်း သိရှိနားလည် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အစည်းအဝေးကာလ ကျန်ရှိတဲ့ရက်အတွင်းမှာ အချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်ရတဲ့အတွက် အကယ်၍အမှားအယွင်းအချို့ပါရှိပါက လွှတ်တော်တွင်းမှာပဲ ပြင်ဆင်တည့်မတ်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ယခုလို အချိန်လု အရေးတစ်ယူဆောင်ရွက်နေခြင်းဟာ ဘတ်ဂျတ်လည်း ၂၀၁၄ မတ်လမကုန်မီ ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့အတွက် အခုလိုရုံးပိတ်ရက်မရှောင် ရုံးနားချိန်မရှောင် ဆောင်ရွက်ခဲ့တာ လေ့လာမယ်ဆို သိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကို ဒီနေ့ဆွေးနွေးတဲ့အခါမှာ အကယ်၍ ညနေ ၄ နာရီမှာ မပြီးဘူးဆိုရင် နောက်တစ်နာရီအတွင်း ငါးနာရီမှာဆက်ဆွေးနွေးလို့ ပြီးပြတ်မယ်ဆိုရင် ငါးနာရီအထိ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်အဖွင့်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ယခုဥပဒေကြမ်းအား အတည်ပြုရာတွင် အခြားဥပဒေကြမ်းများ ဆွေးနွေးသကဲ့သို့မဟုတ်ဘဲ ပြင်ဆင်ချက်အမည်စာရင်း တင်သွင်းထားသူများအပြင် အခြားဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကိုပါ ၀င်ရောက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး တစ်ယောက်ခြင်း၊ ထိုသို့ ဥပဒေကြမ်း ဆွေးနွေးဆုံးဖြတ်နေချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တက်ရောက်လာသည့် ၀န်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အစည်းအဝေးခန်းမပြင်ပသို့ထွက်ကာ သီးခြားဆွေးနွေးခြင်းများ ပြုလုပ်စေပြီးမှသာ ခန်းမအတွင်း ထပ်မံဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်ခဲ့သည်။

မတ် ၁၀ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မူလအစီအစဉ်ပါ ၀င်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြုမည့်အစီအစဉ်ကို မပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေများပြဌာန်းရေးကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကြမ်းများနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးများကို အချိန်ကြာမြင့်ဆုံးအဖြစ် ညနေ ၄ နာရီကျော်အချိန်အထိသာ ပြုလုပ်ခဲ့သည်။

News Eleven

အောင်မြင်သော စွန့်ဦး တီထွင်သူတို့ ပိုင်ဆိုင်သည့် အရာ ၄ ခု




အောင်မြင်သော စွန့်ဦးတီထွင်သူ (Entrepreneur) တို့ ယေဘုယျအားဖြင့် ပိုင်ဆိုင်ကြတဲ့ အရည် အချင်း လေးခုကို BusinessNewsDaily က ဖော်ပြထားပါတယ်။ ယင်း ဖော်ပြချက် များ မြန်မာပြည်မှာ Small Business လုပ်ဖို့ ကြိုးစားနေသူများအတွက်လည်း သင့်လျော် အသုံးဝင်တာမို့ ဆီလျော်သလို ဘာသာပြန် ရေသား မျှဝေ လိုက်ရ ပါတယ်။

Professional Experience

ပရော်ဖက်ရှင်နယ် ကျကျ တတ်မြောက်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ မိတ်ဆွေထဲမှာ ရှိပါတယ်။ သူ လုပ်နေတာက အိုင်တီ ပရိုဂမ်မာ ၊ နောက်ပိုင်းကျတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ချင်လွန်းလို့ ပါ ဆိုပြီး နယ်စပ်ဘက်မှာ ကုန်သွင်းတဲ့ အလုပ် သွားလုပ်ပါတယ်။ သတင်းပြန်ကြားရတော့ အခုထိ ကြိုးစားရုန်းကန်နေရဆဲ ပါပဲ။ အကြောင်းကတော့ ပရော်ဖက်ရှင်ကျကျ တတ်မြောက်တဲ့ အလုပ်ပေါ်မှာပဲ အခြေခံလို့ Business တစ်ခုကို တည်ထောင်တာ မဟုတ်လို့ပါ။ သူကိုယ်တိုင် တတ်ထားတာက ပရိုဂရန်မာ ပညာရပ်မို့ အိုင်တီနဲ့ ဆက်စပ်တဲ့ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံး လုပ်တစ်ခုကိုပဲ သူ Choice လုပ်လို့ စတင် သင့်တာပါ။ သို့တည်းမဟုတ် အဲ့ဒီ အိုင်တီ မလုပ်ချင်တောင် သူသွားချင်တဲ့ Platform တစ်ခုမှာ ပရော်ဖက်ရှင်နယ် သမား ဖြစ်အောင် အချိန်ပေးလုပ်ကို လုပ်ရအုံးမှာပါ။ ဒီတော့ Professional Experience ရှိထားကြရင် အောင်မြင် ပါတယ်။

A Business Plan

Business Plan ဆိုတာ စီးပွားရေး စလုပ်မှ ရေးရမယ်လို့ ဘယ်ဥပဒေ မှ ပြဌာန်း မထားပါဘူး။ တကယ်သာ အောင်မြင်ချင်တဲ့ သူတစ်ယောက်က အမြဲ တမ်း Plan အသစ်တွေ တစ်ခုပြီး တစ်ခု ရေးဆွဲပြီး ဦးနှောက် ကို သွေးပေးတယ်။ အိုင်ဒီယာ ထုတ်တယ်။ Plan ရှိထားတဲ့ ကုမ္မဏီက Plan မရှိတဲ့ ကုမ္မဏီထပ် အောင်မြင်မှုကို နှစ်ဆ တိတိ မြင်ရဖို ပိုနီးစပ်တယ်လို့ ဥပမာ ပေးထား ပါတယ်။

Positive Personality

Small Business စလုပ်တဲ့အခါ ငွေကြေးအရခက်ခဲမယ်။ စည်းမျဉ်းဥပဒေ အရ ခက်ခဲမယ်။ လူမှုရေးအရ ခက်ခဲမယ်။ လုပ်ငန်းသဘောရ ခက်ခဲမယ် အစရှိသဖြင့်ပေါ့။ အဲ့လိုမျိုး အခက်တွေကြုံတိုင်း လက်လျော့ဖို့ စိတ်ကူးမယ်။ အတားအဆီးတွေကြုံတိုင်း နောက်ဆုပ်ဖို့ချည် စဉ်းစားမြင်နေရင်တော့ မအောင်မြင်ပါဘူး။ Positive ကျတဲ့ အကောင်းမြင်နိုင်သော အတွေးအခေါ် အယူအဆ ရှိကြတာက အောင်မြင်သော Entrepreneur များရဲ့  အရည် အချင်း တစ်ခု ဖြစ်ပါတယ်။ ပြဿနာတိုင်းကို လှေကားထစ်လို့ သဘောထားပြီး နင်းတက်ဖို့ပဲ စိတ်ကူးကြပါတယ်။

A Mentor

Mentor လို့ခေါ်တဲ့ ကိုယ့်ကို ကြီးကြပ်ကွပ်ကဲမယ့် လူတစ်ယောက် လည်း အောင်မြင်တဲ့ Entrepreneur အများစုမှာ ရှိတတ်ကြပါတယ်။ Overall Process အတွက် Mentoring လုပ်တ မဟုတ်ပဲ တစ်စိတ်တစ်ပိုင်း ကိုပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ Motivate လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ guide line ပေးတာပဲ ဖြစ်ဖြစ် တစ်စုံ တစ်ယောက် ရှိနေတာကလဲ အးသာချက် ပါ။ ဆွေမျိုးရင်းချာ အုပ်ထိန်းသူ မဟုတ်တောင် ဆရာ ဖြစ်ဖြစ် ရှိနေ ရင် Entrepreneur တစ်ယောက်အတွက် အားသာချက် ဖြစ်သွားပါတယ်။

ဒါကြောင့် အနှစ်ချုပ်လိုက်ရင် အောင်မြင်တဲ့ Entrepreneur များမှာ Professional Experience, A Business Plan, Positive Personality, A Mentor အစရှိတဲ့ အရာ လေးခုကို ပိုင်ဆိုင်ထားကြောင်း ရေးသား ဖော်ပြ ထားပါတယ်။

.
Ref: businessnewsdaily
အောင်ခမ်း (ရိုးရာလေး)

မလေးရှားလေယာဉ်ပေါ် ခိုးယူပတ်စပို့နဲ့ လိုက်သူ အီရန်တဦးဟုဆို

အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အီရန် လူငယ်ရဲ့ ဓာတ်ပုံ။


စနေနေ့က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ပေါ် ခိုးယူခံခဲ့ရတဲ့ သြစတြီးယားနိုင်ငံကူး လက်မှတ်သုံး
ပြီး လိုက်ပါသွားတဲ့ ခရီးသည် ၁ ဦးကတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ အီရန် နိုင်ငံသား တဦး ဖြစ်တယ်လို့ အခု နောက်ဆုံး သတင်းတွေက ဆိုပါတယ်။

အဲဒီ အီရန်လူငယ်ဟာ ခိုးယူပတ်စ်ပို့ကို ကိုင်ဆောင်ပြီး ဂျာမဏီနိုင်ငံကို ပြောင်းရွှေ့ အခြေချဖို့ ကြိုးစားမယ့် သူဖြစ်နိုင်တယ် လို့ The Straight Times သတင်း တပုဒ် က ဆိုပါတယ်။

သူက ကွာလာလမ်ပူကနေ ပီကင်းသွားတဲ့ မလေးရှားလေကြောင်းပိုင် ဘိုးရင်း ၇၇၇ နဲ့အတူ လိုက်ပါပြီး ပီကင်းကတဆင့် ဥရောပကို ဆက်သွားဖို့ အစီအစဉ်ရှိလို့ လေယာဉ်လက်မှတ်လည်း ဝယ်ထားပြီးဖြစ်တယ် လို့ တနေ့က ဘီဘီစီသတင်းက လည်း ဆိုထားပါတယ်။

“ သူကြည့်ရတာ အကြမ်းဖက် အဖွဲ့အစည်းတခုခုက အဖွဲ့ဝင်တဦးဖြစ်ပုံတော့ မရပါဘူး” လို့ ဒီကနေ့ နေ့ လယ်ပိုင်းမှာ လုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား အာဏာပိုင်တွေက ဆိုပါတယ်။

အီရန် ဆယ်ကျော်သက် လူငယ်ကို စုံစမ်းစိစစ်ကြည့်ရာမှာသူဟာ Pouria Nur Mohammad Mahrdad
ဖြစ်ပြီး သူတို့အနေ နဲ့ ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မှာ သူ့ကို စောင့်မျှော်နေတဲ့ မိခင်ဖြစ်သူနဲ့ အဆက်အသွယ်ရခဲ့ တယ် လို့ မလေးရှားတာဝန်ရှိသူ တွေ ကပြောပါတယ်။

မိခင်ဖြစ်သူအနေနဲ့ အဲဒီ ဆယ်ကျော်သက် အီရန်လူငယ်ဟာ ခိုးယူထားတဲ့ပတ်စပို့ကိုင်ပြီး ခရီးတွေသွား လာနေခဲ့တယ်ဆို တာ သိတဲ့အကြောင်းလည်း ရဲ က ထပ်ပြောပါတယ်။

ရဲတွေကလလည်း ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စ မှန်သမျှကို လိုက်လံ ရှာဖွေနေကြတာပါ။

ဒီအထဲမှာ လေယာဉ်ပြန်ပေးဆွဲတာအပါ အဝင် ပျောက်ဆုံးလေယာဉ်ပေါ် လိုက်ပါသွားကြတဲ့ ခရီးသည်တွေ နဲ့ လေယာဉ် အမှုထမ်းတွေရဲ့ ပုဂ္ဂလိက ဘဝနောက် ကြောင်း၊ စိတ်အခြေအနေစတာတွေပါဝင်ပါတယ်တဲ့။

မလေးရှား တာဝန်ရှိသူတွေ ထပ်ပြောတာက ခရီးသည်တယောက်ဟာ အသက်အာမခံထားတဲ့ ငွေတော်
တော် များများကို ထုတ်ယူသွားခဲ့ပြီး လေယာဉ်ပေါ်တက်သွားတဲ့ အကြောင်းလည်း ထည့်ပြောပါတယ်။

ရဲတွေက ပြောတာမှာတော့ ခိုးယူနိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်စီးသွားတဲ့ သူ ၂ ဦးရဲ့ ဓာတ်ပုံတွေကို မကြာခင် ထုတ်ပြန် သွားဖို့ရှိပါတယ်တဲ့။




အိမ့်သံစဉ် ~
The Irrawaddy

ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်းဖြစ်ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား



(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)
ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို နိုင်ငံတကာက ၀ိုင်းဝန်းရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

လေယာဉ်ပျောက်ဆုံးသွားသည်ဟု ယူဆရသော တောင်တရုတ်ပင်လယ်တွင် မတ် ၈ ရက် နံနက်ပိုင်းက ကနဦးရှာဖွေမှုပြုလုပ်စဉ် ရေမိုင် ၅၀ (၉၂ ကီလိုမီတာ) ၀န်းကျင်ကို ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း ရေမိုင် ၁၀၀ ၀န်းကျင်အထိ နှစ်ဆတိုးကာ ရှာဖွေသွားမည်ဖြစ်ကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အမေရိကန်တို့မှ လေယာဉ် ၃၄ စင်း၊ သင်္ဘောအစင်း ၄၀ တို့ ဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် လေယာဉ်အဆက်အသွယ်ပြတ်သွားသော နေရာအနီးတွင် ရှာဖွေနေကြသည်။

"ရှာဖွေရေးလေယာဉ်တစ်စင်းက အသက်ကယ်လှေလို တစ်စုံတစ်ရာကို တွေ့ရှိခဲ့တယ်လို့ ဒီနေ့သတင်းရထားပါတယ်။ အတူရှာဖွေနေသူတွေကို ဆက်သွယ်ထားပြီး အတည်ပြုဖို့ သင်္ဘောတွေလွှတ်ထားပါတယ်" ဟု မလေးရှားပြည်တွင်းလေကြောင်း ဥက္ကဋ္ဌ အဇာရူဒင်အဒူရာမင်က ပြောကြားခဲ့သည်။

ဗီယက်နမ်တောင်ပိုင်းတွင် အပျက်အစီးရှာဖွေတွေ့ရှိကြောင်း အစောပိုင်း၌ သတင်းထွက်ပေါ်ခဲ့သဖြင့် လေယာဉ်ပျောက်ဆုံးမှုအတွက် ဆွေမျိုးမိသားစုများ၏ မချိတင်ကဲဖြစ်မှုများ၊ မချင့်မရဲဖြစ်မှုများ နက်ရှိုင်းစေခဲ့သည်။

လေယာဉ်တွင် လိုက်ပါသွားသူများအနက် နှစ်ဦးသည် ခိုးခံထားရသော နိုင်ငံကူးလက်မှတ်များကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် မလေးရှားက အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ခဲ့သည်။ အခိုးခံနိုင်ငံကူးလက်မှတ်သုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှားရဲဦးစီးချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်မပြောကြားခဲ့ပေ။

ပင်လယ်ပြင်အထက် ဝေဟင်၌ ပျောက်ဆုံးသွားခဲ့သော လေယာဉ်တစ်စင်းကို ခြေရာခံရန် ကြိုးပမ်းမှုသည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။


Eleven Media Group

အန္တရာယ်ရှိ ဓာတုပစ္စည်းပါ အိုအိရှိနှင့် DeeDo အအေးဘူး ဈေးကွက် ကျဆင်းမှုမရှိ




ရန်ကုန်၊ မတ် ၁၀

စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“ဈေးသည်တွေက ရိုးနေပြီ၊ သတင်းထွက်တဲ့ ခဏတော့ ငြိမ်မယ်။ ပြီးရင် ပြန်စားကြတာပဲ” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ရောင်းဝယ်ဖြန့်ဖြူးရေး ဆိုင်ရှင် တစ်ဦးက ပြောကြားသည်။

ယင်းအပြင် အိုအိရှိ အာလူးကြော်တွင် မီးလောင်စေသော ဓာတုပစ္စည်းများ ထည့်သွင်းထားကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း စားသုံးသူဈေးကွက် ပုံမှန်သာ ရှိနေကြောင်း အဆိုပါ ညောင်ပင်လေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“အန္တရာယ်ဖြစ်တာ သေချာရင်တော့ မရောင်းပါဘူး။ သေချာအောင်လည်း မုန့်တွေကို စစ်ဆေး ပေးစေချင်တယ်။ မကောင်းဘူး ဆိုရင်တော့ မြောင်းထဲ ပို့ရမှာပဲ” ဟု အဆိုပါ ဆိုင်ရှင်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အန္တရာယ်ရှိ စားသောက်ကုန်များ အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ဓာတ်ခွဲ စစ်ဆေးရန် ရှိ၊ မရှိ မေးမြန်းရာတွင် တာဝန်ရှိသူ ခရီးလွန်နေ၍ မဖြေကြားနိုင်ကြောင်း The Voice သို့ အကြောင်း ပြန်ခဲ့သည်။

အိုအိရှိ အာလူးကြော်သည် ပြည်တွင်း Myanmar Liwayway Food Industries Ltd. ကုမ္ပဏီက ထုတ်လုပ်သော အသင့်စား မုန့်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အသိအမှတ်ပြု လက်မှတ်ရမုန့် ဖြစ်ကြောင်း၊ အလားတူ DeeDo အချိုရည်သည်လည်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက အသိအမှတ်ပြု လက်မှတ်ရ တံဆိပ်တစ်ခု ဖြစ်ကြောင်း ပြည်တွင်းသို့ ထိုင်းစားသောက်ကုန်များ တင်သွင်းနေသူ တစ်ဦးက ရှင်းပြသည်။

စားသုံးသူ ကာကွယ်ရေး အသင်းက အိုအိရှိ အာလူးကြော်ကို စားသုံးရန် မသင့်ကြောင်း ကြေညာချက်ကိုမူ Myanmar Liwayway Food Industries Ltd. က မတ်လ ၁၀ ရက်နေ့အထိ တစ်စုံတစ်ရာ ပြန်လည် ဖြေရှင်းခြင်း မရှိသေးပေ။

ပြည်တွင်း ကုန်စည် ဈေးကွက်တွင် ကျွဲရိုင်း အချိုရည်နှင့် အချိုမှုန့်များကို စားသုံးရန် မသင့်ကြောင်း အကြိမ်ကြိမ် ကြေညာထားသော်လည်း လက်တွေ့ အရေးယူမှုပိုင်း အားနည်းချက်ကြောင့် တင်သွင်းသူများ ရှိနေဆဲ ဖြစ်ကြောင်း၊ ယင်းကြောင့် အိုအိရှိနှင့် DeeDo ဈေးကွက်မှာလည်း သိသိသာသာ ကျဆင်းနိုင်ဖွယ် မရှိကြောင်း ညောင်ပင်လေးဈေးတွင် အချိုရည်မျိုးစုံ ရောင်းချနေသူများက ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးချက်တွင် အိုအိရှိ အာလူးကြော်၌ စားသုံးသင့်သော ပမာဏထက် အက်စစ် ပါဝင်နှုန်း မြင့်နေပြီး DeeDo အချိုရည်တွင် တစ်လီတာဘူး၌ မှိုခြောက်သိန်း အထိ ပါနေကြောင်း မတ်လ ၉ ရက်နေ့ စားသုံးသူ ကာကွယ်ရေး အသင်း သတင်းစာ ရှင်းလင်းပွဲ၌ အသိပေး ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် ဓာတုဆိုးဆေး အလွန်အကျွံ သုံးစွဲထားသော အသင့်စား မုန့်များနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှု မရှိသေးကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ စားသုံးသူ ကာကွယ်ရေး လှုပ်ရှားသူများက တိုက်တွန်း ပြောကြားထားသည်။

The Voice Weekly