A.G.T.I မှ B.Tech နှင့် B.Tech မှ B.E ပေါင်းကူးဝင်ခွင့် စာမေးပွဲကျင်းပမည့်အစီအစဉ်ကြော်ငြာခြင်း

ပို့စ်တင်ချိန် - 3/11/2014 07:46:00 PM


(၁) သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ် ၊ကောလိပ် ၊သိပ္ပံ များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော A.G.T.I/B.Tech သင်တန်းအသီးသီး၏ ၂၀၁၀-၂၀၁၁ ၊၂၀၁၁-၂၀၁၂ နှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်များ၏ အတန်းတင်စာမေးပွဲများတွင် အောင်မြင်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့်မရခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

(၂)ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများနှင့် ဖြေဆိုရမည့် ဘာသာရပ်အလိုက် Scope များကို မိမိတို့ A.G.T.I ဒုတိယနှစ်နှင့် B.Tech ဒုတိယနှစ် အောင်မြင်ခဲ့သည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများတွင် ၁၀-၃-၂၀၁၄ ရက်မှစတင်ရယူနိုင်ပြီး လိုအပ်သည်များကို ဖြည့်စွက်၍ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၈-၄-၂၀၁၄ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်-

(က)A.G.T.I ဒီပလိုမာလက်မှတ်၊ B.Tech ဘွဲ့လက်မှတ်မူရင်း(သို့မဟုတ်) သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများမှ အောင်မြင်ကြောင်း ထောက်ခံစာ။

(ခ)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)

(ဂ)အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ကိုယ်တိုင် ဝန်ခံချက်၊ မိဘ အုပ်ထိန်းသူများ၏ ဝန်ခံချက်နှင့် ပြန်တမ်းဝင် အရာရှိတစ်ဦးဦး၏ ထောက်ခံချက်။

(ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံ ဓာတ်ပုံ (၄) ပုံ

(၃) ပေါင်းကူးဝင်ခွင့်သတ်မှတ်ချက်များအတိုင်း လျှောက်လွှာတင်ထားသည့် စာမေးပွဲဖြေဆိုမည့်သူများသည် မိမိတို့ လျှောက်လွှာတင်ထားသည့် နည်းပညာတက္ကသိုလ် ၊ကောလိပ်၊ သိပ္ပံများတွင် ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖြေဆိုရမည်-

၁။ အင်္ဂလိပ်စာ ၂၆-၇-၂၀၁၄(စနေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

၂။သက်ဆိုင်ရာဘာသာရပ် ၂၇-၇-၂၀၁၄(တနင်္ဂနွေ) နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ

(၄) အခြားသိလိုသည်များရှိပါက ကျောင်းသားရေးရာ ဌာန၊ စက်မှု နှင့်သက်မွေးပညာဦးစီးဌာန(ရုံးချုပ်) နေပြည်တော် ဖုန်း-၀၆၇-၄၀၄၁၈၂ နှင့် သက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံမများတွင်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
Internet Journal