နွားေ၇ာင်းတောင်သူများဘ၀ရင်ဖွင့်သံ

ပို့စ်တင်ချိန် - 3/11/2014 09:47:00 AM






ကျွန်တော်တို့ ပျော်ဘွယ်မြို့နယ် ရန်အောင်ကျေးရွာအုပ်စုတွင် (၅)ရက်တစ်ဈေးရှီပါသည်။
၎င်းဈေးနေ့များတွင် တောင်သူလယ်သမားများ ကျေးရွာအသီးသီးမှ နွားများကို တောင်သူလယ်သမားတို့၏ ဘ၀အရ အဆင်မပြေလို့ နွားများကို ရန်အောင်နွားပွဲဈေးသို့ သွားရောက်ရောင်းချရပါ သည်။တောင်သူလယ်သမားများများ၊ဆင်းရဲသားများမှ နွားများကို သွားရောက် ရောင်းချသောအခါ တွင် နွားပွဲသို့ နွားရောင်းချရန်အတွက် နွားတစ်ကောင်လျှင် ၀င်ကြေး(ခွာချ)ခဟု (၁၅၀၀ိ/)- ကျပ် ပေးဆောင်ရပါသည်။ နွားရောင်းချပြီးသောအခါတွင်လည်း စနေဒိုင်ဟု ခေါ်သော နွားဈေးကောက်များကို နွားရောင်းရလျှင် တစ်ကောင်လျှင် မည့်သည့်အတွက် ကောက်သည်ကို မသိရှိရဘဲ (၆၀၀၀)ကျပ်ပေးဆောင်ရပါသည်။ ထို့ကြောင့် နွားရောင်းသူများမှာ နွားတစ်ကောင်ရောင်းရလျှင် အလကား(၇၅၀၀ိ/-)ကျပ် ပေးဆောင်နေရပါသည်။ နိုင်ငံတော်မှ ချမှတ်ထားသော ဆင်းရဲသား ပပျောက်ရေး ရည်မှန်းချက် အကောင်အထည်ဖေါ်နေချိန်တွင် ပိုက်ဆံမရှိလို့ အဆင်မပြေလို့ နွားရောင်းနေရသော တောင်သူများအပေါ် ကုပ်သွေးစုပ်သလို စုပ်ယူနေခြင်းမှာ မဖြစ်သင့်ပါ။နိုင်ငံတော်မှ ဆင်းရဲသား ပပျောက်ရေးဆောင်ရွက်နေချိန်မှာ တောင်သူများမှာ ဆင်းရဲပြီး ဆင်းရဲနေရပြီး ချမ်းသာနေသည်မှာ နွားဈေးကောက်သောသူများ သာဖြစ်နေပါသည်။သို့ဖြစ်ပါသော်ကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖေါ်နေသော ဆင်းရဲသားပပျောက်ရေး ရည်မှန်းချက်အကောင်အထည် ဖေါ်နေချိန်အောင်မြင်ရန်အတွက် ပျော်ဘွယ်မြို့နယ် ရန်အောင်ကျေးရွာ အုပ်စုအတွင်းရှိ နွားဈေးတွင်ကောက်ခံနေသော နွားတစ်ကောင်ရောင်းရငွေ ထဲမှ အသားတင်း(၇၅၀၀ိ/-)ကျပ် ကုန်ကျနေမှု့အား စီစစ်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။
ဆင်းရဲသားနွားရောင်းတောင်သူများ

Myanmar CNN မှ တင်ဆက်သည်။