မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် အစ္စလာမ်ဘာသာ၏ သဘောတရား လေ့လာထားရန်လိုအပ်သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု

ပို့စ်တင်ချိန် - 3/11/2014 09:55:00 PM


အစ္စလာမ်ဘာသာဝင်များ များပြားသော မောင်တောမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးများအနေဖြင့် အစ္စလာမ်ဘာသာ၏ သဘောတရားလေ့လာထားရန်လိုအပ်သည်ဟု ဒုချီးယားတန်း စုံစမ်း စစ်ဆေး ရေးကော်မရှင် ကအကြံပြုထားသည်။

ယင်းကော်မရှင်မှ သုံးသပ်အကြံပြုချက် ၁၁ချက်ကို ယနေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၁ချက်တွင် အစ္စလာမ်ဘာသာ ၀င်များများပြားသော မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများသည် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့၏ လူမှုရေးဆိုင်ရာသဘောတရားများကိုကြိုတင်သိနိုင်ရန် အစ္စလာမ်ဘာသာ၏ သဘောတရား ကိုရ်မ်ကျမ်းစာအား လေ့လာ အသုံးချသင့်သည်ဟု အကြံပြုချက်တစ်ခု အနေဖြင့်ထောာက်ပြထားသည်။

ယင်းအပြင် ရခိုင်နှင့် ဘင်္ဂါလီရောနှော နေထိုင်သော ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများအား ရခိုင်လူမျိုးများ ကိုသာခန့်အပ် ထားကြောင်း၊ သို့ဖြစ်၍ ရခိုင်-ဘင်္ဂါလီ ပူးပေါင်းကာ အုပ်ချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရန်အခက်ခဲရှိနေရာ မြို့နယ် အုပ်ချုပ်ရေးရုံးမှ တိုက်ရိုက်အုပ်ချုပ်သည့် ပုံစံသစ် ကိုချမှတ်ရန် လိုသည်ဟုအကြံပြုထားသည်။

ဝေမာထွန်း
Popular Myanmar News Journal