MH370 လေယာဉ် လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်

ပို့စ်တင်ချိန် - 3/11/2014 11:46:00 PM


ပျောက်ဆုံးလေယာဉ်ပေါ်သို. Passport အတုဖြင့်လိုက်ပါသွားခဲ့သူ သူတို.(၂) ဦး

ခိုးယူခံထားရသည့် passport နှစ်အုပ်နှင့် မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH370 လေယာဉ် လက်မှတ်နှစ်စောင်ကို ၀ယ်ယူသွား ခဲ့သူမှာ Kazem Ali အမည်နှင့် အိရန်နိုင်ငံ သားဖြစ်သည်ဟု ထိုင်းရဲအရာရှိများက ပြောကြားခဲ့သည်။

Ali က ဥရောပ ရှိနေအိမ်များသို့ ပြန်ချင်နေသည့် သူငယ်ချင်းနှစ်ယောက်အတွက်
ဟုဆိုကာ လေ ယာဉ်လက်မှတ်နှစ်စောင်ကို တယ်လီဖုံးဖြင့်ကြိုတင်မှာယူပြီး၊ ကျသင့်တန်ဖိုးကို Ali သို့မဟုတ် တစ်စုံတစ်ဦးက Ali ၏ ကိုယ်စား ငွေသားဖြင့်
ပေးချေသွားခဲ့သည်ဟု ထိုင်းရဲက ဆိုသည်။

ကွာလာလမ်ပူလေဆိပ်ရှိ လုံခြုံရေးဗီဒီယိုမှတ်တမ်းများအရ အခိုးခံ
ထားရသော passport များနှင့် လိုက်ပါသွား သူနှစ်ဦးတို့မှာ အာရှတိုက်သား
ရုပ်ရည်များ မဟုတ်ကြဟု မလေးရှား မြို့ပြလေကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Azharuddin Abdul Rahman က တနင်္လာနေ့က ဆိုသည်။

"အခိုးခံထားရသည့် passport များနှင့် ပျောက်ဆုံးနေသည့်လေယာဉ်ကြီးတို့
ဘယ်လို ဆက်စပ်နေကြသည်ကို ထင်ကြေးပေးပြောဆိုရန် အလွန်တရာ
စောလွန်းနေသေး သည်၊ မည်သည့်ခရီးသည်မဆို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ ၏ မှတ်တမ်း database ထဲတွင်ရှိနေသော အခိုးခံထားရ သည့် passportကို အသုံးပြု၍ နိုင်ငံတကာလေကြောင်း ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားသည် ဆိုခြင်းမှာ အလွန်စိုးရိမ်စရာကောင်း သည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Inter Pol)
၏ အတွင်းရေးမှူးချုပ် Ronald K. Noble က twitter ပေါ်တွင် ထုတ်ပြန်ထား သည့်ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

Source: CNN