အခွန်ဦးစီးဌာနက AGD ဘဏ်၏ သတင်းစာရှင်းလင်းပွဲ မကျင်းပမီ မိနစ် ၂၀ အလိုတွင် "မှားယွင်းဖော်ပြမိကြောင်း အသိပေးကြေငြာခြင်း" စာအား ထုတ်ပြန်ခဲ့ပြီး EMG ရုံးချုပ်သို့ လာရောက်၍ ကြေငြာလွှာ ပေးအပ်ခဲ့ပါသည်။

ပို့စ်တင်ချိန် - 3/11/2014 03:35:00 PM




The Daily Eleven တွင် ဖော်ပြထားသော သတင်းမှန်ကန်ကြောင်း အပါအဝင် AGD ဘဏ်တည်ထောင်ထားသည့် ထူးကုမ္ပဏီနှင့် မိတ်ဖက် ဧရာရွှေဝါကုမ္ပဏီတို့၏ပိုင်ဆိုင်မှု၊ အခွန်ပေးဆောင်မှုစသည့်တို့နှင့် အခွန်သဘောသဘာဝ၊ အခွန်မည်ကဲ့သို့ ပေးဆောင်ရကြောင်းတို့ကို အချက်အလက် အထောက်အထားများနှင့်တကွ Eleven Media Group ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် သတင်းထောက်ချုပ် ကိုမာန်သူရှိန်တို့ တက်ရောက်၍ ရရှိထားသော သတင်းအချက်အလက်များနှင့်အညီ
ုပြန်လည်ရှင်းလင်းမည်ဖြစ်ပါသည်။

The Daily Eleven သတင်းစာပါ အခွန်မပေးဆောင်သော ကုမ္ပဏီ တစ်သောင်းကျော်စာရင်းတွင် AGD ဘဏ်ပါဝင်ကြောင်း
ဖော်ပြမှုနှင့်ပတ်သက်၍ AGD ဘဏ်မှ ရှင်းလင်းပွဲကို ယနေ့မတ်လ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် အဆိုပါရုံးချုပ်၌ ပြုလုပ်မည်ဟုသိရသည်။

Eleven Media Group