၂၉ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

၂၉ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ ဖြစ်ပါတယ်။ စိတ်ဝင်စားသည့်သတင်းအား အောက်တွင် နှိပ်၍ ဖတ်ရှုပါ။



ဒီပဲယင်း ၁၁ နှစ်ပြည့် (ရုပ်သံ)

11th ANNIVERSARY OF DEBEYIN



DVB TV News



ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၂၉-၅-၂၀၁၄)


ရေထွက်ပို့ကုန် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့


ကုန်ဆုံးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ရေထွက်ပို့ကုန်က ရတဲ့ဝင်ငွေဟာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု လုံးဝ မရှိရုံမက ၃၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ရေထွက်ပို့ကုန်က ရတဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိခဲ့ပေမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ဒေါ်လာ သန်း ၂၆၀ ကျော်ပဲ ရပြီး အမေရိကန်ဒေါ်လာ ၁၁၆ သန်း လျော့နည်းရခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရတာဟာ မွေးမြူရေးငါး အကောင်ရေ ရှားပါးတာ၊ ပြည်ပပို့ကုန် စံချိန်မမီတာတွေကြောင့် ဖြစ်ရတာလို့ အဏ္ဏ၀ါဒေ၀ီ ငါးလုပ်ငန်း တာဝန်ရှိသူ ဒေါ်တိုးနန္ဒာတင်က အင်းစိန် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးရဲ့ မေလ ၂၇ ရက်နေ့ ဆွေးနွေးပွဲမှာ ပြောတာ ဖြစ်ပါတယ်။

လက်ရှိ ရေထွက်ပို့ကုန် ကျဆင်းနေတဲ့ ပြဿ နာဟာ ငါးနဲ့ ပုစွန်မွးမြူရေးလောကမှာရော၊ ပင်လယ်ပြင် ငါးဖမ်းလောကမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပြီး လာမယ့်နှစ်မှာလည်း ရေထွက်ကုန် ကနေရတဲ့ ၀င်ငွေ တိုးတက်လာဖို့ မမြင်မိသေးဘူးလို့ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

DVB Burmese

ဇေယျာရွှေမြေအသင်း သိန်းတစ်သောင်း အကုန်အကျခံ၍ ကိုယ်ပိုင်အိမ်ကွင်းတည်ဆောက်မည်


ညီမိုဃ်း
ရန်ကုန်၊ မေ-၂၉။
စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် ဇေယျာရွှေမြေအသင်းသည်
အိမ်ကွင်းအဖြစ်အသုံးပြုနေသော မုံရွာကွင်းကို စစ်ကိုင်း တိုင်းဒေသကြီး
အားကစားကော်မတီသို့ ပြန်လည်ငှားရမ်းသွားမည်ဖြစ်ပြီး ငွေကျပ်
သိန်းတစ်သောင်း အကုန်အကျခံ၍ ကိုယ်ပိုင်အိမ်ကွင်း တည်ဆောက်ရန်
စီစဉ်ထားသည်။
ထိုကြောင့် ဇေယျာရွှေမြေအသင်းမှာကမ္ဘောဇအသင်းပြီးနောက်
မြန်မာနေရှင်နယ်လိဂ်တွင် ကိုယ်ပိုင်အိမ်ကွင်းတည်ဆောက်မည့် ဒုတိယမြောက်
အသင်းဖြစ်လာခဲ့သည်။ ဇေယျာရွှေမြေအသင်းအနေဖြင့် လာမည့်နှစ်နှစ်အတွင်း
ကိုယ်ပိုင်အိမ် ကွင်းကို အပြီးတည်ဆောက်မည်ဖြစ်ပြီး ကွင်းတည်ဆောက်မှု
မပြီးစီးခင်အချိန်အတွင်း၌ မုံရွာကွင်းကို ဆက်လက်အသုံးပြုမည်ဖြစ်သည်။
ဇေယျာရွှေမြေအသင်းပိုင်ရှင် ဦးသူရိန်က“ကျွန်တော်တို့အ သင်းက
မုံရွာကွင်းကို နှစ်(၃၀)ငှားရမ်းခွင့်ရရှိထားပေမယ့်
ဧည့်သည်အသင်းလိုပဲဖြစ် နေတယ်။ ကွင်းကို တိုးချဲ့ချင်တယ်ဆိုတိုင်းလည်း
တိုးချဲ့ဖို့က မဖြစ်နိုင်ဘူး။ သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရကို
စာတင်ရတာတွေရှိနေတယ်။ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်ဘူးပေါ့။
ကွင်းတစ်ခါတစ်ခါ ပြင်ရင်လည်း သိန်း(၂၀၀)လောက်ကုန်တယ်။ ဒါပေမယ့်
ကျွန်တော်တို့ အသင်းက မုံရွာမှာ နေတာ မဟုတ်ဘူး။ ကျွန်တော်တို့
ရန်ကုန်ရောက်နေတဲ့ အချိန်မှာ ကျန်ခဲ့တာက အား/ကာက လူတွေပါ။ နောက်တစ်ခုက
မုံရွာကွင်းမှာ ကျန်တဲ့အားကစားတွေ လာပြီးကစားကြပါတယ်။ ကွင်းပတ်
ဝန်းကျင်ကဆိုင်ခန်းတွေကလည်း အဆင့်မြှင့်လို့ မရပါဘူး။ ဒါ့ကြောင့်
မုံရွာတောင် ခြေမှာ ကျွန်တော် တို့ပိုင်တဲ့ မြေ(၁၅)ဧကလောက်မှာ
ကိုယ်ပိုင်ကွင်းသစ်တစ်ကွင်း တည်ဆောက်ဖို့ စီစဉ်ထားတာပါ။ ဒီကွင်းကို
ကျွန်တော်တို့ သိန်း(၁၀၀၀၀)လောက်အကုန်ကျခံတည်ဆောက်သွားမှာဖြစ်ပြီး
ပွဲကြည့်စင် ကတော့ အစပိုင်းမှာ ရန်ကုန်ယူနိုက်တက်ကွင်းလိုပဲဖြစ်ဖို့
များပါတယ်။ ဒီကွင်းမှာ ရေကူးကန်တွေ၊ GYM ကစားတဲ့ နေရာတွေပါပါဝင်မှာပါ”ဟု
မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဇေယျာရွှေမြေအသင်းသည် အိမ်ကွင်းတည်ဆောက်ပြီးစီးခဲ့ပါက အခပေးဘောလုံးအကယ်
ဒမီတစ်ခုကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

Mizzima Sport

အင်းစိန်ထောင်အတွင်း ထောင်သားတစ်ဦး မိမိကိုမိမိ သေကြောင်းကြံ


ကျော်စိုးမိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မူးယစ်ပုဒ်မဖြင့် ထောင်ကျနေသူတစ်ဦး မိမိကိုယ်ကို သေကြောင်း ကြံစည်သည့် ဖြစ်စဉ်တစ်ခု မေ ၂၈ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ယုဇနလမ်းတွင်နေထိုင်သည့် အသက် ၃၉နှစ်အရွယ် ဦးမောင်မောင်ထွေး(ခ) စလင်းသည် ဆိပ်ကမ်းမြို့နယ်တရားရုံး၏ ပြစ်မှုကြီးအမှတ် ၁၈၈/၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာပုဒ်မ ၁၆(ဂ)/၂၁ အရ မေလ ၁၅ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၆နှစ်
ပြစ်ဒဏ်ကျခံနေရသူဖြစ်သည်။

ထို့ပြင် အနောက်ပိုင်းခရိုင်တရားရုံး၌လည်း ပြစ်မှုကြီးအမှတ် ၄၁/၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၂၀ (ဂ) ဖြင့်တရား ရင်ဆိုင်နေရသူဖြစ်သည်။

ဦးမောင်မောင်ထွေး(ခ)စလင်းသည် ၎င်းအကျဉ်းကျခံနေသည့် အမှတ် (၅)တိုက်၊ အခန်းအမှတ် (၁၁)တွင် အလျား ၂လက်မ၊ အနံ ၁လက်မခွဲခန့်ရှိသည့် သွပ်ပြားစ အဟောင်းဖြင့် လည်ပင်းအားလှီးခဲ့သောကြောင့် စလုတ်အထက်တွင်
၎လက်မခန့်ရှိသော ကန့်လန့်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိမိကိုယ်မိမိ သေကြောင်းကြံစည်သူကို အရေးယူ ပေးပါရန် အင်းစိန်ဗဟိုအကျဉ်းထောင်မှ
ကြီးကြပ်ရေးမှူးအောင်နိုင်ထွန်း၏ တရားလိုပြု တိုင်တန်းမှုအား အင်းစိန်မြို့မရဲစခန်း (ပ)၅၀၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ဖြင့်
စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

Mizzima Burmese

လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်တပ်ပြော


ထိုင်းနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်အောင် အာဏာသိမ်းခဲ့တာလို့ စစ်တပ်က အကြောင်းပြပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အာမခံလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက နိုင်ငံခြား မိဒီယာတွေကို ဒီနေ့ ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံမှာ ဆီရီးယား၊ လစ်ဗျားနဲ့ အီရတ်လို အခြေအနေမျိုး ဖြစ်မှာကို စစ်တပ်က ခွင့်မပြုနိုင်သလို ထိုင်းပြည်သူတွေ အများစုကလည်း ဒီလို အဖြစ်မျိုးကို မြင်ချင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ ပတ်က ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာက အာဏာသိမ်းခဲ့ပြီး ထိုင်းဘုရင်က တရားဝင်ထောက်ခံမှု ရရှိထားပြီး ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ၆ ဦးပါ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ပြီး အာဏာသိမ်း စစ်ကောင်စီနဲ့ အကြံပေးအဖွဲ့တို့ မေ ၂၉ ရက်နေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ သည်နေးရှင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီက နောက်ထပ် လူ ၁၇ ယောက်ကို ဆင့်ခေါ်တဲ့ အမိန့် ၂ ရပ်ကို ဒီနေ့ ထုတ်ပြန်လိုက်ပြီ မနက်ဖြန် မေ ၃၀ ရက်နေ့ မနက် ၁၁ နာရီ နောက်ဆုံးထားပြီး သတင်းပို့ကြဖို့ ညွန်ကြားထားပါတယ်။

ဒီမတိုင်ခင်က အာဏာသိမ်း စစ်ကောင်စီက ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် လူ ၂၅၃ ယောက်ကို ဆင့်ခေါ်ခဲ့ပြီး တချို့ကို အခုထိ ထိန်းသိမ်းထားတယ်လို့ ထိုင်းစစ်တပ်ပိုင် ရုပ်မြင်သံကြားက ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က ကြေညာပါတယ်။

သတင်းပို့သူအယောက် ၂၀၀ ထဲက ၁၂၄ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ဒုပြောခွင့်ရသူက မေ ၂၈ ရက်နေ့မှာ ပြောပါတယ်။

အရေးကြီးတဲ့ ထိပ်တန်းနိုင်ငံရေးသမားတွေ အားလုံးကို စစ်တပ်က ပြန်လွှတ်ပေး လိုက်ပေမယ့် တချို့က ဆွေမျိုးသားချင်းတွေ ပြန်လာခေါ်တာကို စောင့်ဆိုင်းနေတယ်လို့ စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။

ဆင့်ခေါ်ခဲ့တဲ့ လူတွေထဲက ၅၃ ယောက်ကတော့ တိမ်းရှောင်နေတယ်လို့ စစ်တပ်ပိုင် ရုပ်မြင်သံကြားက ကြေညာထားပါတယ်။
ညမထွက်ရအမိန့်ကို မေ ၂၈ ရက်နေ့ကစလို့ ညသန်းခေါင်ကနေ မနက် ၄ နာရီ အတွင်း၊ လျှော့ပေါ့သတ်မှတ်လိုက်ပေမယ့် လူ ၅ ယောက်ထက် ပိုမစုရ အမိန့်ကတော့ ဆက်ရှိနေပါတယ်။

ဒါပေမယ့် ဘန်ကောက်မြို့တော်မှာ စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ မေ ၂၈ ရက်နေ့က ဘန်ကောက်မြို့ လွတ်လပ်ရေးကျောက်တိုင်မှာ လူရာနဲ့ချီ ဆန္ဒပြခဲ့ပြီး အနည်းဆုံး ၁ ယောက်ကို စစ်သားတွေက ထိန်းသိမ်းခဲ့ပါတယ်။

DVB Burmese

တရားစီရင်ရေးမဏ္ဍိုင်အား မကျေနပ်သဖြင့် တရားလွှတ်တော်ရှေ့နေတဦး ပြင်ဦးလွင်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်


တရားစီရင်မှုတွေမှာ မမှန်မကန်လုပ်နေတဲ့ တရားသူကြီးများနဲ့ တရားရေး ၀န်ထမ်းများကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက မေလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့မှာ

အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုကြောင့် လူ ၆၀ ခန့် သေဆုံး


အီရတ်နိုင်ငံတ၀န်းမှာ ကားဗုံးခွဲမှု၊ အသေခံတိုက်ခိုက်မှုနဲ့ လုပ်ကြံသတ်ဖြတ်မှု စတဲ့ အကြမ်းဖက်မှုတွေကြောင့် မေလ ၂၈ ရက်နေ့ တနေ့တည်းမှာတင် အနည်းဆုံး လူအယောက် ၆၀ လောက် သေဆုံးပါတယ်။

မြို့တော် ဘဂ္ဂဒက်ရဲ့ ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်အများစုရှိရာ ဒေသနဲ့ မြောက်ပိုင်း မိုဆူးလ်မြို့တွေမှာ သွေးစွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အစ္စလာမစ် အီရတ်ပြည်နယ် ISIL ကို ခွဲထွက်ချင်သူတွေ အယ်လ်ကေဒါတွေရဲ့ ခြေကုပ်နေရာ ဖြစ်ပါတယ်။

မြို့တော် ဘဂ္ဂဒက်က ရှီးယိုက်ဂိုဏ်းဝင် မွတ်စလင်တွေနေရာ အယ်လ်အာမင်ခရိုင်မှာ လူထူတဲ့ အဓိကလမ်းပေါ် လမ်းဘေးဈေးသည်တွေနားမှာ ကားဗုံးတလုံးပေါက်ကွဲမှု ကြောင့် အရပ်သား ၁၀ ယောက် သေပြီး ၂၉ ယောက် ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ဆိုင်တွေ ပျက်စီးပြီး ရပ်ထားတဲ့ ကားတွေ မီးလောင်ကုန်ပါတယ်။

ဘဂ္ဂဒက်မြို့ ဆာဒါမြို့နယ်မှာလည်း တက်စီအငှားချတဲ့ မီနီဗင်တစီးက ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်း အလိုမှာ ကားမောင်းသူက ကားကို စွန့်ပစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရတယ်လို့ ရဲဘက်နဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

ဂျီဟတ်ခရိုင်တွင်း ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂ ယောက်သေဆုံးပြီး တခြား ၇ ယောက် ဒဏ်ရာရပါတယ်။ ဘဂ္ဂဒက်မြို့တလွှား တခြား တိုက်ခိုက်မှုတွေကြောင့် တခြားလူ ၂၂ ယောက်သေဆုံးပါတယ်။

ဘာသာရေးရပ်ကွက် ခါဒီမီယာက စစ်ဆေးရေးစခန်းမှာ အသေခံ ကားဗုံးခွဲမှုကြောင့် လူ ၁၁ ယောက် သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်က ပြောပါတယ်။

DVB Burmese

လှိုင်သာယာ- ဟင်္သာတ ရထားလမ်းပိုင်း သိမ်းဆည်းမြေ လျော်ကြေး ၄ ဘီလီယံ ပေးမည်


ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ ရထားလမ်းဖောက်လုပ်စဉ်က သိမ်းယူထားခဲ့တဲ့ လယ်မြေ၊ နှစ်ရှည်သီးနှံ၊ အဆောက်အဦတွေနဲ့ ပတ်သက်ပြီး လျော်ကြေး ပမာဏ ကျပ်ငွေ ၄ ဘီလီယံဖိုးနီးပါး ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ လှိုင်သာယာ – ဟင်္သာတ ရထားလမ်းပိုင်းဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက သတင်းထောက်တွေကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ရထားလမ်း စီမံကိန်းအတွက် ရထားလမ်း ဖြတ်သန်းသွားတဲ့ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူနဲ့ ညောင်တုန်းမြို့တွေက မြေဧက စုစုပေါင်း ၁၅၀၀ လောက်ရှိပါတယ်။

မိုင်ပေါင်း ၉၀ ကျော် ရှည်လျားတဲ့ ဒီ ရထားလမ်း ဖောက်စဉ်အခါက လျော်ကြေး ကျပ် သိန်း ၁၅၀၀ နီးပါး ပေးထားပြီ ဖြစ်ပြီး ကျန်တဲ့ လျော်ကြေးတွေကိုလည်း ဆက်ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

DVB Burmese

လွှတ်တော်အမတ်လစာ ကျပ်သုံးသိန်း နှင့် အခြားခံစားခွင့် အလွန်နည်းသည်ဟုဆို

ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနု

ပြည်ထောင်စုအဆင့် အမတ်တွေရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန်နည်းပါးနေတယ်လို့ လွှတ်တော်အခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

မေ ၂၈ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် လွှတ်တော်အကြောင်း ရှင်းပြဖို့ ကိုယ့်မဲဆန္ဒနယ်မြေတွေဆီ သွားတဲ့အခါ တချို့ခရီးဆို ခရီးစရိတ် ကျပ် သိန်း ၂၀ လောက် ကုန်ကြောင်း၊ ကုန်ကျစရိတ် အလွန်များကြောင်း၊ တချို့ ပြည်သူတွေဆို သူအတွက် ငွေ ၁၀ သိန်းလောက် စုထားပေးပြီး ၂ ကျပ်တိုးနဲ့ ပြန်ချေးထားတာတွေတောင်ရှိကြောင်း ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက လွှတ်တော်ထဲမှာ တင်ပြပြောဆိုခဲ့ပါတယ်။

DVB Burmese

၎ လအတွင်း အကြွေး အမေရိကန်ဒေါ်လာ သန်း ၈၀၀ နီးပါး တိုးလာ


အခုနှစ်ဆန်းကနေ မေလဆန်းအထိ ၄ လ အတွင်း ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး တိုးလာတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။

မေ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန် နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကျော်သွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြည်ပအကြွေး အမေရိကန်ဒေါ်လာ သန်း ၉၅၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်း ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)ဆီက ဒေါ်လာ သန်း ၆၂၀ ကျော်၊ ပညာရေးဝန်ကြီးဌာန အတွက် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၊ လယ်ဆည်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၃၆ သန်း ရယူဖို့ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၁၅၆ သန်း ချေးငွေနဲ့ ပတ်သက်လို့ကတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ လိုနေပါသေးတယ်။

DVB Burmese

မြန်မာတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ရာတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင်တပ်ဖွဲ့ဝင် တစ်ဦးပျောက်ဆုံးနေဟုဆို


(နိရဉ္စရာ- ၂၉ မေလ ၂၀၁၄)/ မောင်အေး

မြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့နှင့် ဗုဒ္ဓဟူးနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ (ဘီဂျီဘီ) မှ အရာရှိ အဆင့်ရှိသူ တစ်ဦးပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ ရေးသား ဖေါ်ပြသည်။

ပျောက်ဆုံးနေသူမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ဘင်ဒရာဘင်ခရိုင်၊ နတ်ကျောက်ဆိုးရီးမြို့နယ်၊ ဒူဆောရီ နယ်ခြားစောင့်စခန်းမှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမာန် ဖြစ်ကြောင်း သတင်းစာများက ဆိုသည်။

မေလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၅၂ နယ်ခြားမှတ်တိုင်အနီးတွင် ဘင်္ဂလာနယ်ခြားစောင့် တပ်မှ ပုံမှန်စစ် ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်မှုကြောင့်  ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ အင်အားသုံးပြီး ပျောက်ဆုံးနေသူ သူအား နယ်စပ်တလျှောက်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်စပ်အရာရှိများတွေ့ဆုံရန် မြန်မာဘက်သို့ အကြောင်းကြား သော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။

ယခုအခါ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာ အထူးတင်းမာနေပြီး နှစ်ဘက်တပ်များကို တိုးချဲ့ချထားကြောင်း သိရသည်။

လာမည့် ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မောင်တောမြို့တွင် နှစ်နိုင်ငံနယ်ခြားစောင့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲပြုလုပ်မည်ဟု  အတည်မပြုရသေးသော သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။

Narinjara

ဆွဲဆောင်မှု ပြင်းပြကြောင်း လှစ်ဟပြလိုက်သည့် ကင်မ်ဘာလေဂါနာ



ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့
TVအစီအစဉ်မှူး တစ်ဦးသာ ဖြစ်သော်လည်း သူမအနေဖြင့် မော်ဒယ်လ်တစ်ဦးကဲ့သို့ ဆွဲဆောင်မှု ပြင်းပြကြောင်း ကင်မ်ဘာလေ ဂါနာက လက်တွေ့ ပြသခဲ့သည်။ ဒီဇိုင်နာ တစ်ဦးအဖြစ်လည်း ရပ်တည်နေသည့် အင်္ဂလိပ် Celibrityသည် ကိန်းစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်နေစဉ် အတောအတွင်း ကာလ်တန်ကမ်းခြေ၌ ရေကူးဝတ်စုံဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံနေသည်ကို တွေ့ရသည်။ကင်မ်ဘာလေသည် သူမ၏ စိတ်ကြိုက် Collectionထဲမှ အနီရောင် ရေကူးဝတ်စုံ တစ်ထည်ကို ကောင်းဘွိုင်ဦးထုပ် တစ်လုံးနှင့် တွဲဖက်ဝတ်ဆင်ကာ ကိုယ်ဟန်ပြနေခြင်း ဖြစ်သည်။ မော်တော် ဆိပ်ခံဘောတံတားပေါ်တွင် လမ်းလျှောက်လာစဉ် သူမ၏ ဆံနွယ်များကို လေတိုက်ခတ်ပြီး လွင့်ပါနေသော ဓာတ်ပုံတစ်ပုံကို ကင်မ်ဘာလေက Twitterတွင် လွှင့်တင်ခဲ့သေးသည်။ အသက်(၂၄)နှစ်ရှိ ကင်မ်ဘာလေသည် Reality TV Show တစ်ခုဖြစ်သည့် Made In Chelseaတွင် ပါဝင်ခဲ့သည့်နောက် လူသိများလာခဲ့သည်။

ဆီးဂိမ်းကရသည့် ကာယဗလနှင့် ပြေးခုန်ပစ် ရွှေတံဆိပ် ၂ ခု ပြန်အပ်ရမည်


၂၇  ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းမှာ မြန်မာတွေ ရရှိခဲ့တဲ့ ပြေးခုန်ပစ် အားကစားနည်းထဲက  ရွှေတံဆိပ် ၁ ခုနဲ့ ကာယဗလ အားကစားနည်းက ရွှေတံဆိပ် ၁ ခု   ဆီးဂိမ်းအဖွဲ့ချုပ်ကို ပြန်အပ်ရတော့မှာ ဖြစ်ပါတယ်။

ပြေးခုန်ပစ် ကစားနည်းမှာပါဝင်တဲ့ ကီလို ၂၀ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုရှင် မစောမာလာနွယ်နဲ့ ကာယဗလ အားကစားနည်းက ကိုမင်းဇော်ဦးတို့ဟာ တားမြစ်ဆေးဝါးသုံးစွဲခဲ့တာ တွေ့ရှိခဲ့တာကြောင့်ဖြစ်ပြီး နှစ်ယောက်စလုံးကို ကစားခွင့် ၂ နှစ်ပိတ်ပင်သွားမယ်လို့ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် ဆေးဘက်ဆိုက်ရာကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ဘရူနိုင်းက ပြေးခုန်ပစ် အားကစားသမား တဦးလည်း တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သံသယရှိနေတဲ့ ထိုင်းနဲ့မလေးရှားက ကစားသမား တဦးစီကိုတော့ စစ်ဆေးနေဆဲဖြစ်ပြီး  ဆေးသုံးစွဲကြောင်း တွေ့ရမယ်ဆိုရင် ဒီနှစ်ဆီးဂိမ်းမှာ တားမြစ်ဆေးသုံးတဲ့ ကစားသမား ၅ ဦး ရှိလာတော့မယ်လို့ ဆိုပါတယ်။

ဒီလိုရွှေတံဆိပ်ဆုတွေ ပြန်အပ်လိုက်ရတာနဲ့ ပက်သက်ပြီး      အားကစားအဖွဲ့ချုပ်က ဇွန်လဒုတိယ အပတ်လောက်ထဲမှာ မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၈၆ ခု နဲ့နိုင်ငံအလိုက် ဒုတိယ နေရာရရှိခဲ့ပြီး ထိုင်းနိုင်ငံက ရွှေ ၁၀၇ ခုနဲ့ ပထမ၊ ဗီယက်နမ်က ရွှေ ၇၃ ခုနဲ့ တတိယရရှိခဲ့ပါတယ်။

DVB Burmese

ကြီးမားဝန်တာ မိဘမေတ္တာနှင့် ရင်သွေးငယ်တို့ ကျောင်းဖွင့်ချိန်


ကျောင်းသားများ အကြား ကျောင်းအပ်နှံဖို့ အရေး ကျောင်းဖွင့်ချိန် သီတင်းပတ် ကာလ မရောက်ခင် မြန်ပြည် အဝန်းရှိ မိဘများ အနေနဲ့ စာ သင်ကျောင်း ရွေးချယ်ပြီး ပညာ သင်ယူစေဖို့ ကြိုတင် ပြင်ဆင်မှုတွေ ကို အားတက်သရော ကြိုးပမ်းနေကြ တာ တွေ့ရပါတယ်။ မိမိရင်သွေးကလေး များအတွက် ပညာ သင်ယူတဲ့ အခါမှာ အဆင်ပြေစိတ်ပျော်ရွှင်ဖို့ မိဘတိုင်းက ၅၂၈ မေတ္တာ နဲ့ ကိုယ်စီ ပံ့ပိုးပေးနေကြတာလည်း မုဒိတာ ဖြစ်ဖွယ်မြင်တွေ့ ကြရပါတယ်။

အဲဒီလိုပဲ ပြည်သူတွေချစ်တဲ့ အနုပညာ ရှင်တွေ ကလည်း မိမိ တို့ရဲ့ ရင်သွေးသားငယ်၊ သမီးငယ်များရဲ့ ကျောင်းပညာ သင်ယူနိုင်ရေး ကိစ္စတွေကို မအားမလပ်တဲ့ အနုပညာ လုပ်ငန်း တွေအကြား ကနေ အား သွန် ခွန်စိုက် ကြိုးပမ်းနေကြတာ ဖြစ်လို့ အနုပညာရှင် မိဘတို့ရဲ့ သားသမီးတွေ ကျောင်းပညာ အတွက် အလေးပေးရွက် ဆောင်ဖြစ်တဲ့ မိဘဝတ္တရား ငါးပါးနဲ့ မိသားစု တာဝန်ကျေပွန်လို စိတ်ရဲ့ ရင်တွင်း ကြည်နူးစကား သံများကို မေးမြန်းကာ စုစည်း ဖော်ပြလိုက်ပါတယ်။

လူမင်း

“ငယ်ငယ် ကတည်းက ကျောင်းစာမေးပွဲဖြေပြီးတာနဲ့ နောက် တစ်တန်းအတွက် ကြိုပြီး စတက်နေပြီ။ အခုသားနဲ့သမီး ကိုထားတဲ့ ကျောင်းနဲ့ကျောင်း စရိတ် ကတော့ ရင်မော ရတာ ပေါ့။ ရင်မောရတယ် ဆိုပေမယ့် ဒါကိုယ့်သား၊ သမီးတွေ အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။ ပညာရေး ကတော့ အရေးကြီးဆုံး ထဲက အကောင်း ဆုံး ရင်းနှီးမှုပေါ့။ ပညာတတ် မှတော့ဖြစ်မယ်။

အဲဒီပညာမှ ကျောင်းက သင်တဲ့ စာတွေ အပြင် စဉ်းစား တွေးခေါ်နိုင်တာ၊ စာနာထောက် ထားနိုင်တာ၊ လူမှုပေါင်းသင်း ဆက်ဆံရေးတွေ၊ စာအုပ်ထဲမှာ မပါတာတွေ အများကြီးထဲက ဘဝ တစ်လျှောက်လုံး အထောက် အကူပြုစေ တယ်။ အဲဒါကြောင့် Graduate လို့ခေါ်တဲ့ ဟာက ပညာရေး တစ်ခုထဲကို ဆိုလိုတာ မဟုတ်ဘူး”

ကြည်လဲ့လဲ့ဦး

“အစ်မရဲ့ သမီး လေးကတော့ ၂နှစ်ပဲ ရှိသေးတယ်။ သားကြီးကတော့ ဒီနှစ် TTC ကျောင်းမှာ တတိယတန်း တက်မယ်။ သူ့ကိုတော့ ကျောင်းဖွင့်တော့ မှာ ဖြစ်တဲ့ အတွက် သူ့အတွက် ကျောင်းအသုံး အဆောင် ပစ္စည်းတွေကို အစအဆုံး အသစ်တွေ ဝယ်ပေးရတယ်။ ပြီးတော့ ကျူရှင်တွေ အိမ်မှာတော့ ဂိုက်တွေနဲ့ သင်ပေးပြပေး ရတယ်။ ကျန်းမာရေးကို လည်း အဓိကထားပြီး ဂရုစိုက်ပေးရ တယ်။ မိုးတွင်း ဆိုတာ့ သွေးလွန်တုတ် ကွေးဖြစ်မှာ စိုးရိမ်တဲ့ အတွက် အရမ်း ဂရုစိုက်ပေးနေ ရတယ်။ သူ တို့ ကျောင်းကတော့ ဆရာ၊ ဆရာမတွေ က ဂရုစိုက်ပေးတယ်။

ကျောင်းက လည်းကောင်းတော့ အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး။ ပညာရေး ကိုလည်း သူ့ကို အရမ်းကို ထူးချွန်စေချင်တယ်။ အစ်မကတော့ မိဘ တစ်ယောက် အနေနဲ့ သူ့ကို အများကြီး မျှော်လင့် ထားတယ်။ မိဘတစ်ယောက် အနေနဲ့ တော့ သူ့ကို အားလုံး လိုလေသေး မရှိအောင် ဖြည့်ဆည်းပေးတယ်။ စာတွေ ဘာတွေလည်း အစ်မနိုင်သ လောက်ကူ ကျက်ပေး၊ ပြပေး၊ သင် ပေးဖြစ်တယ်။ ကျောင်း အကြိုအပို့ တော့ နေ့တိုင်း အစ် ကိုယ်တိုင်လုပ် ပေးဖြစ်တယ်”

ဖိုးကာ

“ကျွန်တော့် သမီးကတော့ ၁ဝ တန်းဖြေပြီး သွားပြီဆိုတော့ တက္ကသိုလ် တက်ဖို့ ရှိတာပေါ့။ သားကတော့ ၆တန်း တက်မယ်။ ဒီလိုပါပဲ။ သိပ်အများကြီး ပြင် ဆင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ ကလေးတွေကတော့ ကြိုပြီး စာသင် ထားရတာပေါ့။ ကျွန် တော့်သမီး ကတော့ နိုင်ငံခြား ဘာသာ တက္ကသိုလ်(UFL) တက်မယ်ပြောတယ်။ သား ကတော့ ရန်ကင်း TTC မှာ တက်ပါတယ်။ ကလေး တွေ ကတော့ ဒီအရွယ်မှာ စာပဲ သင်သင့် တယ်။ ကျောင်းစာ ပဲဖြစ်ဖြစ်၊ တခြား ပညာရပ်ဆိုင်ရာ ပဲဖြစ်ဖြစ် ပညာ ကိုတော့ တတ်စေချင်ပါတယ်။ ပညာတတ်မှ အစစအရာရာ အဆင်ပြေနိုင်မှာပါ။

ပညာနဲ့ အလုပ်လုပ်ရတာ တအားကောင်း တယ်။ ဘယ်လို ပညာပဲဖြစ်ဖြစ်ပေါ့။ အဲဒီ အတွက် ပညာတတ်အောင် ကြိုးစား ဖို့ပါ။ ကျွန်တော်တို့က အထူး တလည်ပြောစရာတောင် မလိုတော့ပါဘူး။ ကျွန် တော်တို့က အားနည်းနေ ရင်တောင် နည်းနေဦးမယ်။ အပြင် မိဘတွေက ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီး တအား အားပေးတာကို တွေ့ရပါ တယ်။ ကလေးတွေ အနေနဲ့လည်း တအားပဲ တော်လာကြပါတယ်။ ကိုယ်တွေ ထက်တောင် သာနေဦးမယ်”

စမိုင်း

“ကလေးတွေကို နွေရာသီ အားလပ်ရက် တုန်းက သင်တန်း တချို့ တက်ခိုင်းတာပေါ့နော်။ သမီးကြီးဆို ရေကူး ဝါသနာပါတယ်။ အငယ် ကတော့ ခုအချိန် ထိပြောလို့ မရသေးဘူး။ သမီးနှစ်ယောက် ကို နိုင်ငံခြားမှာ ကျောင်း ထားပေးတယ်။ သမီးတွေကို ပညာတတ်တွေ ဖြစ်စေချင်တာ မိဘတွေရဲ့ ဆန္ဒပါ။ ထူးချွန်စေ ချင်တယ်။ အစ်မ တို့က ငွေရှာပေးတယ်။ ပြီးတော့ သူတို့လေးတွေ ကို လိုလေသေး မရှိအောင် ကျောင်းထားပေး တယ်။ အစ်မတို့က အရင်က ဒီလောက်ထိ မပြည့်စုံခဲ့ဘူး။ ကြိုးစားခဲ့ ရတယ်။ အချိန်တွေ ပေးဆပ် ခဲ့ရတယ်။ နောက်ပိုင်း ဒါတွေဟာ သမီးတွေ အတွက် ဖြစ်လာတာပေါ့နော်။ သမီးတွေကို ပညာတတ်တွေဖြစ် အောင်ထိ ပံ့ပိုးပေး သွားရမှာပဲ။ ဒါပေမဲ့ လည်း ဘယ်လောက် ပံ့ပိုး၊ ပံ့ပိုး ဗီဇပါရမီ ရှိမှလည်း ပညာ တတ်ကြီး ဖြစ်မှာလေ။ များသော အားဖြင့်တော့ မိဘဖြစ်နေတဲ့ အတွက် အစစ အရာရာ ပံ့ပိုးပေးရ တာပေါ့။ စာကြိုးစား ချင် စိတ်ဖြစ်လာအောင်၊ ကျောင်းမှန်အောင် တည့်မတ်ပေး ရတယ်။ လမ်းပြပေးရ တယ်။

စာ မကြိုးစားရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ် တို့နဲ့ လမ်းပြပြီး အားရှိအောင် ပြောပေးရတယ်။ တစ်ခါတလေ ကလေးတွေ ပီပီကျောင်း မသွားချင်တာတို့၊ စာဖတ် ပျင်းတာတို့ ရှိတာပေါ့။ အဲဒီလို ရှိလာရင်လည်း ချော့မော့ပြီး သီချင်း နား ထောင်၊ ကာတွန်းကားတွေ ကြည့်ပြီး ဖြေသိမ့်ပေးရတယ်။ အစ်မတို့က အဲဒီ လောက်ကြီး ပြည့်စုံနေလို့ အင်္ဂလိပ် ကျောင်းထားတာ မဟုတ်ပါဘူး။ ဖြစ်စေချင်လို့၊ ထူးချွန်စေချင် လို့ ကြိုးစား ပြီးထားပေးတာ။ အကောင်းဆုံး ကျောင်း၊ အကောင်း ဆုံး အတန်းမှာ ထားချင်တာ မိဘတွေ ရဲ့ ဆန္ဒလေ။ အပြင် ကျောင်းတွေမှာ ဆိုရင် လည်း ဒီလိုပါပဲ။ သူ့ထက်ငါ အပြိုင်တော်အောင်၊ တတ်အောင် ကြိုးစားနေကြ တယ်။ ကျောင်းတိုင်း မှာ အဲဒီလိုပဲ။ သမီးတွေ တက်နေတဲ့ ကျောင်းမှာလည်း သူ့ ထက်ငါ အပြိုင်ပဲ။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နည်းပညာခေတ်မှာ မကြိုးစားရင် ကျန်ခဲ့မှာပဲ။ နောက်ကျ ကျန်ခဲ့မှာပဲ။ သမီးတွေကို အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ ပညာ တတ် ကြီးတွေဖြစ်ရ မယ်။ နောက်မှ ကိုယ်ဝါသနာ ပါရာ ကိုယ်လုပ်။

ဒီအတွက် လည်း အခုကတည်းက ပြောထားတာတွေ အများကြီး ရှိတယ်။ မကြာခင် အချိန်ဆို ကျောင်း ဖွင့်တော့မယ်ပေါ့။ အစိုးရကျောင်း တွေမှာသင်တဲ့ သင်ရိုးညွှန်းတမ်းတွေ ပြောင်းလိုက် တယ်လို့ သိရတယ်။ ပြီးတော့ စာသင် စရိတ်တွေ ဖြေလျှော့ပေးလိုက် တယ်လို့ လည်း သိရတာပေါ့နော်။ ဒါက တကယ် ကောင်းပါတယ်။ နှစ်တော်တော် များများ မူသေသဘော၊ အလွတ်ကျက် ပုံစံမျိုး သင်ခဲ့ရတော့ ပညာရေး အဆင့် အတန်းက သူများနိုင်ငံ နဲ့ ယှဉ်ရင် အများကြီး နောက်ကျ ကျန်ခဲ့ရတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရာ အနာဂတ်က ကလေးတွေရဲ့ လက်ထဲမှာ ရှိတာလေ။ ကလေးတွေ ပညာ တတ်ကြီးဖြစ်မှ၊ ကလေး တွေ ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ပါမှ နိုင်ငံ တိုးတက်မှာ။ နိုင်ငံကို ဦးဆောင် ဦးရွက်ပြုမယ့် သား ကောင်း ရတနာတွေ ပေါ် ထွက် လာမှာ။ ဒီနှစ်ကျောင်းဖွင့်ချိန် ကလေးတွေ အစစအရာရာလွယ်ကူ အဆင်ပြေချော မွေ့ကြပါစေ”

ပေါ်ပြူလာအဖွဲ့

ဈေးထဲသို့ သွားမိလေသောအခါ

ရန်ကုန်မြို့ရှိ ဈေးတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ – အောင်မျိုးသန့်)

တစ်နေ့ နံနက်အစော ဇနီးသည်က ဈေးဖိုးလာတောင်းတော့ အကြံတစ်ခုရလိုက်သည်။ မည်သည့်အကြံလည်းဟု ဆိုလျှင် ဇနီးသည်ဈေးသွားက တော်တော်ကလေး ကြာတတ်သည်။ ကြာ၍ “မင်းဈေးသွားတာကလည်း ကြာလိုက်တာ” ဟု ကျွန်တော်ကပြောသော အခါ “ရှင်ဘာသိလဲ။ ဒီမှာဖြင့် တစ်နေ့တစ်နေ့ ဘာဝယ်ရရင်ကောင်းမလဲလို့ စဉ်းစားလိုက်ရတာ လူကို မူးနောက်နေတာပဲ” ဟု ပြန်ပြောတတ်သည်။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ဇနီးသည်အပေါ် သံသယရှိပါ သည်။ မိသားစုလေးယောက် မနက်စာ၊ ည စာအတွက် ဈေးဖိုး ၃ဝဝဝ ပေးလိုက်လျှင် အမြဲ ညည်းလေ့ရှိသည်။ ၃ဝဝဝ ဆိုတာ နည်းတဲ့ပိုက်ဆံလား။ ဒီတော့ ဟိုပစ္စည်းအပေါ် နည်းနည်း၊ ဒီပစ္စည်းအပေါ် နည်းနည်း ဈေးဖိုးပိုတင် ပိုပြပြီး သူ့အတွက်ဒါမှမဟုတ် သားနဲ့ သမီးအတွက် အင်္ကျီဖိုး၊ ထဘီဖိုးများ ပိုက်ဆံ “ကစ်” နေသလားဟု သံသယဖြစ်နေသည်။ ထို့ကြောင့် တနင်္ဂနွေ အားလပ်ရက်ဖြစ်နေ၍ ဈေးသို့သွားရန် အကြံရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကြံဖြင့် ဇနီးဖြစ်သူကို “ကျုပ်လည်းလိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။ ကျွန်တော်ထင်တာက ဇနီးသည် မျက်နှာပျက်သွားမည်။ ထိတ်လန့်သွားလိမ့်မည်။ ပြီးတော့ “တော်က ဘာလိုက်လုပ်မှာလဲ။ အလကား လမ်းဖြင့်လျှောက်နိုင်တာလည်း မဟုတ်ဘဲနဲ့။ ဈေးက အဝေးကြီးပဲဥစ္စာ။ အိမ်မှာပဲ အေးအေးဆေးဆေး စာဖတ်နေခဲ့ပါ” စသည် ဖြင့် ဈေးသို့ ကျွန်တော်မလိုက်ရန် တားမြစ်လိမ့်မည်ပေါ့။ ကျွန်တော်အထင်လွဲသွားသည်။ ကျွန်တော် ဈေးလိုက်မည်လည်းကြားရော မုန့်ဖိုးအများကြီးရလိုက်သည့် ကလေးတစ်ယောက်လို ဇနီးသည်၏မျက်နှာ ဝင်းခနဲဖြစ်သွားပြီး ပျော်သွားလိုက်သည်မှာ မပြောပါနှင့်တော့။
လက်တစ်ဖက်က ဈေးခြင်းတောင်းကို ချိတ်။ ကျန်သည့်လက်တစ်ဖက်ဖြင့် ကျွန်တော့်လက်ကိုဆွဲကာ အိမ်ပေါ်မှ အပြေးဆင်းတော့၏။ ဒီလိုနှင့် ကျွန်တော်တို့ဇနီးမောင်နှံ ဈေးထဲသို့ ရောက်သွားကြလေသည်။

ဈေးထဲသို့ ရောက်သောအခါ ပထမဦးဆုံး ဇနီးသည်သွားသည်က ဆန်ဆိုင်ဖြစ်ပါသည်။ နေ့တိုင်းဝယ်နေကျ ဆိုင်မို့ထင်သည်။ ဆန်ရောင်းနေသည့် မိန်းမကြီးနှင့် ဇနီးသည်တို့ ရင်းရင်းနှီးနှီးရှိလှသည်။ “စစ်ဆေးရေးပါတယ် အစ်မရေ” ဟု ဇနီးသည်က ကျွန်တော့်ဘက်သို့ မေးငေါ့၍ ပြောလိုက်သောအခါ ဆန်သည်မိန်းမကြီးက “စစ်ပါစေညီမရယ် စစ်ပါစေ။ ဒါမှ ယောက်ျားဖြစ်သူတွေသိမှာ။ ဈေးထဲမှာ မိန်းမတွေ ဘယ်လောက် ခေါင်းမီးတောက်ရသလဲဆိုတာ” ဟု အပြုံးနှင့်ပြန်၍ ပြောပါသည်။ ကျွန်တော်က ဘာမှပြန်မပြော။ ကျွန်တော်တို့မိသားစု လေးယောက်စလုံးက လူကြီးချည်းပဲဖြစ်သောကြောင့် မနက် ဆန်နှစ်လုံး ညနေအတွက်ကတော့ နောက်တစ်နေ့ မနက်အစော ထမင်းကြမ်းအတွက်ပါ ဆန်သုံးလုံးပေါင်း တစ်နေ့ကို ဆန်ငါးလုံး ချက်ရသည်။ အစာအိမ်သမားက သုံးယောက်မို့ အသင့်အတင့်ကောင်းမွန်သော ဆန်ငါးလုံး ဝယ်လိုက်ရာ ငွေကျပ် ၁ဝဝဝ ပေးလိုက်ရသည်။ ဇနီးသည်က သူ၏ လက်ထဲမှ ၁ဝဝဝ တန်တစ်ရွက်ကို ဆန်သည်ဆီသို့ လှမ်းပေးရင်း ပြုံးစနဲ့နဲ့ဖြင့် ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော်က သူ၏အပြုံးကို မမြင်ချင်ယောင် ဆောင်လိုက်ပါသည်။ ဒီဆန် တစ်မျိုးတည်းနှင့်ပင် “ဟိုပစ္စည်းအပေါ် နည်းနည်း၊ ဒီပစ္စည်းအပေါ် နည်းနည်းဈေးပိုတင် ပိုပြထားလေမလား” ဆိုသည့် ကျွန်တော့်ရင်ထဲက သံသယများ ယိုင်နဲ့၍ သွားသည်။

ဆန်ပြီးတော့ ကြက်သွန်ဖြူဝယ်သည်။ ကြက်သွန်ဖြူက ငါးကျပ်သားကို ကျပ် ၁၅ဝ  ပေးရသည်။ ထို့နောက် မီးသွေးဆိုင်ဘက်သို့ ကျွန်တော်တို့ သွားကြသည်။ ထိုသို့သွားရင်း မှ ဈေးထဲမှာရပ်နေ၊ ငေးနေ၊ တွေးနေသည့် မိန်းမများကို ကျွန်တော် သတိထားမိသွားသည်။
အချို့မိန်းမတွေမှာ လက်ထဲက ပိုက်ဆံကလေးတွေကိုကြည့်ရင်း ခေါင်းကုတ်နေကြသည်။ အချို့မိန်းမတွေက ကြက်သား၊ အမဲသား၊ ငါး စသည့်အပုံများကို ငေးကြည့်လျက် မျက်နှာရှုံ့မဲ့နေကြသည်။ အချို့မိန်းမတွေက ဈေးတစ်ခုလုံးကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လုပ်နေကြသည်။ မီးသွေးဆိုင်ရောက်တော့ ကျွန်တော်တို့ မီးသွေး ၅ဝ သားဝယ်ရာ ၃ဝဝ ပေးရပြန်သည်။ ကျွန်တော့်ရင်ထဲမှ သံသယက ပို၍ယိုင်လာသည်။

“ဟဲ့ကောင်မ ဝယ်လည်း မဝယ်နိုင်ဘဲနဲ့ ဘာဖြစ်လို့ လာဆစ်တာလဲ။ ဟင်း ဘာမှတ်နေသလဲ”

ကျွန်တော်တို့ ကြက်သားဆိုင်ရှေ့အဖြတ် ကြားလိုက်ရခြင်း ဖြစ်သည်။ မျက်စိကို ထောင့်ကပ်ပြီးကြည့်လိုက်ရာ လည်ပင်းမှာ လက်သန်းလောက် ဆွဲကြိုးကြီးနှင့် လက်မှာ လက်ကောက် ၁ဝ ကွင်းခန့် ဝတ်ထားသည့် ကြက်သားသည်ကို လက်ထဲမှာ ဓားကိုင်လျက် ဒေါသထွက်နေသည်ကို တွေ့ရသည်။ သူ့ရှေ့ မှာတော့ အဝတ်အစားရော မျက်နှာပါနွမ်းနေသည့် မိန်းမပိန်ပိန်တစ်ယောက် ရပ်နေသည်ကို ကျွန်တော်မြင်ရပါသည်။ ထိုမိန်းမပိန်ပိန်က ကြက်သားသည်ကို “ဟုတ်ပါတယ် အစ်မရယ်။ ကျွန်မယောက်ျားက နေမကောင်းဖြစ်နေတယ်။ အလုပ်မဆင်းနိုင်တော့ ဝင်ငွေမရှိဘူး။ ဒါကြောင့် သူအားရှိပြီး မြန်မြန်နေကောင်းပါစေတော့ဆိုပြီး ကြက်သားစွပ်ပြုတ်ကလေး တိုက်ချင်တာနဲ့ အစ်မဆီ ဝင်မေးမိတာပါ။ ဒါပေမဲ့ ကြက်သားကလေး တစ်ဆယ်သားကို ၈ဝဝ ပေးလိုက်ရရင် ကလေးတွေအတွက် ဝယ်စရာမရှိတော့မှာကို သွားပြီးသတိရလိုက်လို့ပါ” ဟု ချိုချိုသာသာပြောလေသည်။ စကားဆုံးတော့ ကြက်သားသည်အမျိုးသမီး ငိုင်သွားသည်ကိုတွေ့ရသည်။ ထို့နောက် ကျွန်တော် လုံးဝမထင်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါသည်။ ကြက်သားသည်အမျိုးသမီးသည် စောစောက သူခုတ်ထစ်ထားသည့် ကြက်သားကလေး တစ်ဆယ်သားကို ဈေးခုံအောက်မှာရပ်နေသည့် မိန်းမပိန်ပိန်၏ ဆွဲခြင်းအစုတ်ကလေးထဲသို့ ဆတ်ခနဲ လှမ်းထည့်လိုက်ခြင်း ဖြစ်သည်။
ပြီးတော့ “အခုနက ကျွန်မပြောလိုက်မိတာကို စိတ်မဆိုးပါနဲ့။ ရုတ်တရက်ခုတ်ထစ်ပြီးမှ မယူတော့ဘူးဆိုတော့ ဒေါသထွက်သွားလို့ပါ။ ဟုတ်တာပေါ့။ အိမ်ထောင်ဦးစီးတစ်ယောက် မကျန်းမမာဖြစ်နေရင် မိသားစုတွေအားလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရတာပဲ။ တကယ်လို့ ဒီကြက်သားကလေး တစ်ဆယ်သားလောက်က ကျွန်မ အလကားပေးလိုက်ရမှာ။ ဒါပေမဲ့ အရင်းအနှီးကလည်းမသေးဘူး မဟုတ်လား။ ဒီတော့ ရှင်ရှိတော့မှပေး ဟုတ်ပြီလား” ဟု တကယ် စိတ်မကောင်းဖြစ်သွားသည့် လေသံဖြင့် ပြောသည်။
ကျွန်တော့် ရင်ထဲမှာလည်း မကောင်း။ ဇနီးသည်က လက်တို့မှ ကြက်သားဆိုင်ရှေ့ ရပ်ငေးနေမှန်း သိသည်။ ကြက်သား တစ်ဆယ်သား ကျပ် ၈ဝဝ ဟု ကြားလိုက်ရသည့်အတွက် အမဲသားဈေး၊ ဝက်သားဈေးကို ဇနီးဖြစ်သူအား မေးကြည့်မိသည်။ ဒီတော့မှ အမဲသားတစ်ဆယ်သား ကျပ် ၉ဝဝ၊ ဝက်သား တစ်ဆယ်သား ကျပ် ၁ဝဝဝ မှန်း ကျွန်တော်သိရတော့သည်။ ထို ဈေးနှုန်းများကို ကြားရသိရတော့ ကျွန်တော့် ရင်ထဲမှာ သံသယက ယိုင်နဲ့ယိုင်နဲ့ မဟုတ်တော့။ လုံးလုံးလျားလျားကို ပြိုပျက် ပျောက်ကွယ်သွားတော့သည်။
အိမ်သို့ပြန်ရောက်လျှင် ဝယ်ယူလာသည့် ပစ္စည်းများနှင့် ကျသင့်ငွေကို စာရင်းရေးပြီး ဇနီးသည်က ကျွန်တော့်ကိုပြသည်။ ကျွန်တော်ယူပြီး ကြည့်လိုက်ရာ

ဆန်ငါးလုံး —— ၁ဝဝဝ ကျပ်
ကြက်သွန်ဖြူ(ငါးကျပ်သား) ——  ၁၅ဝ ကျပ်
မီးသွေး( ၅ဝ သား) ——  ၃ဝဝ ကျပ်
ခရမ်းချဉ်သီး (၂ဝ သား) ——  ၂ဝဝ ကျပ်
မျှစ် (၃ဝ သား) ——  ၆ဝဝ ကျပ်
မုန်ညင်း (သုံးစည်း) ——  ၅ဝဝ ကျပ်
ခရမ်းကြွပ်သီ  (ခြောက်လုံး) ——  ၆ဝ ကျပ်
အချိုမှုန့် (တစ်ထုပ်) ——  ၂၇ဝ ကျပ်
ကြက်သွန်နီ (၁ဝ သား) ——  ၈ဝ ကျပ်
ငရုတ်သီးစိမ်း၊ နံနံပင်——  ၂ဝဝ ကျပ်
ဆီ (၇ကျပ်ခွဲသား) ——  ၂၂၅ ကျပ်
—————————————–
စုစုပေါင်း ၃၅၂၅ ကျပ်

ဟု တွေ့ရလေသည်။ ကျွန်တော်က မနက်စောစောအတွက် ထမင်းကြမ်းနှင့် စားရန် မုန့် ဟင်းခါးနှစ်ထုပ် ဝယ်လိုက်ရသည့် ကုန်ကျငွေ ကျပ် ၄ဝဝ နှင့် ကျွန်တော် မြို့ထဲသို့ ထွက်ရမည့် လမ်းစရိတ် ကျပ် ၁ဝဝဝ ကို ထည့်ပေါင်းလိုက်ရာ ၄၉၂၅ ကျပ် ဖြစ်နေကြောင်း တွေ့ရလေသည်။ ဒါတောင် ကျွန်တော်တို့မိသားစုက ယနေ့မနက်စာနှင့် ညစာကို မျှစ်ကြော်နှင့် စားရမှာဖြစ်သည်။ ကြက်သား ဒါမှမဟုတ် ဝက်သားကလေးနှင့် စားလျှင်တော့ ဤမျှမက ကုန်ကျပါလိမ့်မည်။ စားပွဲပေါ်ရောက်လာသမျှကို အဆင်သင့်စားနေသော ကျွန်တော်သည် နေ့စဉ်ပေးရသော ဈေးဖိုး ကျပ် ၃ဝဝဝ ကို များလှပြီထင်နေ၏။ ကိုယ်တိုင်ဈေးထဲသို့ လိုက်သွားသောအခါမှသာလျှင် ကုန်ဈေးနှုန်းအခြေအနေကို သိလိုက်ရပြီး ဇနီးသည်ကို ကျေးဇူးတင်စိတ် ဖြစ်သွားလေသည်။ ဒါတောင် သာရေးနာရေးစရိတ်များ၊ နေ့ဝက်စရိတ်များ မပါ “တစ်နေ့စား” ဖို့ကလေးပင် မဟုတ်လား။

ပျမ်းမျှ တစ်နေ့ဝင်ငွေ ကျပ် ၂ဝဝဝ သာ ရှိသော လက်လုပ်လက်စားများနှင့် စက်ရုံအလုပ်သမားကလေးများ မည်သို့ စားသောက်နေထိုင်ကြသနည်းဆိုသည်ကို တွေးနေမိချိန်မှာ မိန်းမဖြစ်သူ၏ “စာရေးဆရာ ကာတွန်းဆရာကိုယူထားတော့လည်း အသားမစားရတာကို အပြစ်မမြင်ပါဘူးတော်။ တစ်နေ့ သုံးသိန်းလောက် လက်ဆောင်ရတဲ့ အရာရှိနဲ့ မရခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်သာ အပြစ်တင်မိပါတယ်” ဆိုသည့် ခနဲ့တဲ့စကားကြောင့် “သောက်ကမြင်းမ” ဟုသာ အော်လိုက်မိပါတော့သည်။

ရဲခေါင်မဲမောင်
Eleven Media Group

ပြည်မြို့က ဆိုက်ကားသမားများ ဆန္ဒပြ


၂၀၁၄ ခုနှစ်အတွက် လိုင်စင် သက်တမ်းတိုးရာမှာ ဆိုက်ကားဘေးလက်တန်း ၂ ဖက်မပါရင် လိုင်စဉ်ဝင်ခွင့် မပေးတဲ့အတွက် ပြည်မြို့က ဆိုက်ကားသမားတွေ မေလ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မေလ ၂၉ ရက်နေ့ မနက် ၈ နာရီခွဲမှာ ပြည်မြို့လယ် ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်ရှေ့ကနေ ဆိုက်ကားသမား ၃၀ နဲ့ ဆန္ဒပြသူ ၅၀ လောက်က ဆိုက်ကား နင်းပြီး ဆန္ဒပြခဲ့ကြတာပါ။

လမ်းမတော်လမ်း-လမ်းရှည်လမ်း၊ သံတချောင်းလမ်းကနေတဆင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရုံးရှေ့နဲ့ ဆိုက်ကားလိုင်စင်လုပ်ပေးနေတဲ့ ဌာနရှေ့မှာ ဆန္ဒပြခဲ့ကြတာလို့ ဆိုက်ကားဆရာ ကိုဝင်းလှိုင်က ပြောပါတယ်။

ဆိုက်ကားဆရာတွေဟာ ၂၀၁၄ ခုနှစ်အတွက် လိုင်စင်သက်တမ်းတိုးရာမှာ ဆိုက်ကား ဘေး လက်တန်း ၂ ဖက်မပါရင် လိုင်စဉ်ဝင်ခွင့်မပေးတဲ့အတွက် အခုလို ဆန္ဒပြကြ တာဖြစ်ပါ တယ်။

အသံဖိုင် နားဆင်ရန်


DVB Burmese

လူငယ် ၀န်ကြီးဌာနဖွဲ့ရန် အစိုးရက စီစဉ်နေ


မြန်မာနိုင်ငံမှာ လူငယ်ကဏ္ဍမြှင့်တင်ဖို့အတွက် လူငယ်ရေးရာဝန်ကြီးဌာနတခု ဖွဲ့စည်း တည်ထောင်သွားဖို့ အစိုးရက စီစဉ်နေတယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မေလ ၂၉ ရက်နေ့ မနက်က ရန်ကုန်မြို့ SKY STAR ဟိုတယ်မှာ ကျင်းပတဲ့ နိုင်ငံရေး ပါတီတွေမှာ လူငယ်များပါဝင်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ လာရောက် ပြောကြားလိုက်တာပါ။

ဦးစိုးသိန်းက “နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ ကဏ္ဍအလိုက်ရှိပါတယ်။ တချို့ကတော့ ပညာရေးကဏ္ဍမှာ ၀ိုင်းဝန်းကူညီတဲ့သူတွေ ရှိတယ်။ တချို့ကတော့ ကျန်းမာရေးကဏ္ဍမှာ ကူညီတာလည်း ရှိပါတယ်။ လူမှုအဖွဲ့အစည်းမှာလည်း ကူညီနေတာတွေ ရှိပါတယ်။ တဖက်မှာလည်း နိုင်ငံရေးကဏ္ဍ ကနေပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီကြဖို့လိုပါတယ်” လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီ အသီးသီးက လူငယ်ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်ပြီး လူငယ်နဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လူငယ်တွေ ပိုပြီးပါဝင်လာကြပေမယ့် နိုင်ငံရေးစနစ်မှာတော့ ပါဝင်ဖို့ အခွင့်အလမ်းနည်းသေးတယ် လို့ နိုင်ငံရေးပါတီဝင်လူငယ်တွေက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင် ကိုစိုင်းကျော်သူလင်းက “အခုလတ်တလော ကျနော်မြင်တာကတော့ အရင်ကထက်စာရင်တော့ လူငယ်တွေက တက်တက်ကြွကြွပါဝင်လာပါတယ်။ ဒါပေမယ့် အခွင့်အလမ်းတွေ နည်းပါးသေးတယ်လို့ မြင်တယ်။ အရင်ကတော့ လူကြီးတွေက လမ်းမဖွင့်ပေးတာတို့ ပေါ့နော်။ လူငယ်တွေကို ယုံကြည်မှုနည်းတာတို့ အဲဒီလိုမျိုးရှိတဲ့အခါ လူကြီးတွေက လူငယ်တွေကို ယုံကြည်မှု နည်းပါးတဲ့ အခါကျတော့ အလုပ်အခွင့်အရေးမပေးတာတို့ ဆုံးဖြတ်ချက်ချရင်လည်း လူကြီးတွေရဲ့ အမြင်ကို ချပြရမယ့်အပိုင်းလေးတွေပေါ့နော် အဲဒီလိုမျိုးမြင်တယ်။” လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဗဟိုလူငယ် ကိုမင်းဟိန်းကလည်း လူငယ်တွေအတွက် အခွင့်အလမ်းနည်းပါးတဲ့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“လူငယ်တွေရဲ့ ကဏ္ဍက အခွင့်အလမ်းတွေ မရှိသေးဘူးလို့ ထင်တယ်။ လက်ရှိ အနေအထားက အချိန်နည်းနည်း ပေးရမယ်။ လက်ချိုးရေလို့တယ်။ လူငယ်တွေ အခွင့်အလမ်းအတွက်က မြန်မာတနိုင်ငံလုံးနဲ့စာရင် လိုသေးတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုတော့ တိုင်းပြည် အပြောင်းအလဲက သိပ်မကြာသေးဘူး။ နောက်တချက်က ကျနော်တို့ ပြည်သူတွေရဲ့ ပညာရေး အားနည်းခဲ့တာကိုး၊ အဲဒါတွေကြောင့်လို့ မြင်တယ်။”

လက်ရှိမှာတော့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးပါတီတွေမှာ ပါဝင်တာကို အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်တဲ့ Innovative အဖွဲ့က ကိုမျိုးဇော်အောင်ကတော့ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုအပေါ် ကန့်သတ်ချက်တွေကို အခုလို ပြောပါတယ်။

“အကန့်အသတ်တွေတော့ အများကြီးရှိတယ်။ လက်ရှိ ကျောင်းသားတွေမှာ တချို့က ကျောင်းသားအဖွဲ့တွေ ဇွတ်ဖွဲ့ကြရတယ်။ ဒါပေမယ့် တချို့ကျောင်းအာဏာပိုင်တွေ ခွင့်မပြုတာလည်း ရှိတယ်။ တချို့ ကျောင်းအာဏာပိုင်တွေက ဘာမှမပြောဘူး၊ မသိချင်ယောင် ဆောင်နေပေးတယ်။ ဒါပေမယ့် ကျောင်းအာဏာပိုင်တွေအနေနဲ့ ခင်ဗျားတို့ ကျောင်းသားအဖွဲ့တွေ ဖွဲ့ကြပါဆိုတဲ့ အားပေးအားမြှောက်မှုတွေတော့ မရှိဘူးပေါ့။”

မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက မရင်ရင်ကြီးကလည်း မိဘတွေရဲ့ ရှေးရိုးစွဲ အယူ အဆတွေကြောင့်လည်း နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်ဖို့ အခွင့်အလမ်းနည်းတာပါလို့ ပြောပါတယ်။

အခုလို နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက နိုင်ငံရေးပါတီ ၄၀ ကျော်က လူငယ်တွေ ၂ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

DVB Burmese

ပါကစ္စတန်တာလီဘန် နှစ်ခြမ်းကွဲ




အစ္စလာမ္မာဘတ်၊ မေ ၂၈

ပါကစ္စတန် တာလီဘန်အဖွဲ့ကြား သဘောထား ကွဲလွဲမှုများ သိသိသာသာ ဖြစ်ပွားခဲ့ခြင်းကြောင့် အုပ်စုနှစ်စုအဖြစ် နှစ်ခြမ်းကွဲသွားပြီဖြစ်ကာ အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးနိုင်မည့် အလားအလာများ လျှော့ကျသွားကြောင်း Reuters သတင်းတွင် သုံးသပ်ဖော်ပြထားသည်။

တာလီဘန်အဖွဲ့ကို ငွေကြေးနှင့် တိုက်ခိုက်ရေးသမားများ အဓိက ထောက်ပံ့ပေးနေသည့် တောင်ပိုင်း ဝါဇီရီစ္စတန် နယ်မြေ အခြေစိုက်မတ်ဆု လူမျိုးစု ပြိုက်ဘက်အုပ်စု နှစ်ခုကြား ကွဲပြားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ခွဲထွက်လာသော အုပ်စုက ပါကစ္စတန် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သော်လည်း ပင်မသောင်းကျန်းသူအဖွဲ့က အစိုးရနှင့် လုံခြုံရေး ပစ်မှတ်ထားကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်လိုက်သည်။

“လက်ရှိ တာလီဘန် ခေါင်းဆောင်ပိုင်းနဲ့ တိုက်ခိုက်ရေး သမားတွေက ကြေးစား လူသတ်သမားတွေ ဖြစ်လာပြီး အစ္စလာမ္မစ် လှုပ်ရှားမှုနဲ့ မညီညွတ်တဲ့ သတ်ဖြတ်မှု၊ လုယက်မှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှု စတာတွေ လုပ်လာပါတယ်” ဟု ခွဲထွက်ရေး အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဇန်တာရစ်က ပြောကြားသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ တာလီဘန် ခေါင်းဆောင်ပိုင်းထံမှ မှတ်ချက်ပေး ပြောကြားမှု မရရှိသေးပေ။

ပါကစ္စတန် တာလီဘန်အဖွဲ့သည် အုပ်စုကွဲ အသီးသီးကြား သမဂ္ဂအဖွဲ့ စုစည်းထားသည့် အဖွဲ့ဖြစ်ပြီး တစ်ခါတစ်ရံ အုပ်စုများကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားလေ့ ရှိသည်။

ထို့အပြင် လက်ရှိနောက်ဆုံး ဖြစ်ပေါ်လာသော အုပ်စုကွဲမှုကြောင့် အစိုးရအဖွဲ့မှာ သောင်းကျန်းသူများနှင့် ငြိမ်ချမ်းရေး ဆွေးနွေးရာတွင် အခက်အခဲ တွေ့မည်ဖြစ်သည်။

ပါကစ္စတန် တာလီဘန် ခေါင်းဆောင် အားလုံးနီးပါးမှာ မတ်ဆု လူမျိုးစုဝင်များဖြစ်ပြီး လက်ရှိအကြီးအကဲ ဖြစ်သူမှာမူ အပြင်းအထန် အာဏာလုပြီးနောက် အကြီးအကဲရာထူး ရရှိထားခြင်း ဖြစ်သည်။

ခွဲထွက်သွားသော အုပ်စုကို ခန်ဟု အမည်ရသော တပ်မှူးတစ်ဦးက ခေါင်းဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လိုလားသောလည်း ရှီယာမတ်ဆု ဦးဆောင်သော ပင်မအုပ်စုက ဆွေးနွေးမှုများကို ငြင်းပယ်ကာ အစိုးရကို ပစ်မှတ်ထား တိုက်ခိုက်မည်ဟု ဆိုထားသည်။

ပါကစ္စတန် အခြေစိုက် ပါကစ္စတန် တာလီဘန်အဖွဲ့နှင့် အာဖဂန်အခြေစိုက် အာဖဂန် တာလီဘန်အဖွဲ့ကြား ပူးပေါင်း ဆောင်ရွက်မှု ရှိသော်လည်း နှစ်ဖွဲ့စလုံးမှာ သီးခြား ရပ်တည်သည့် အဖွဲ့များ ဖြစ်သည်။

တာလီဘန် အုပ်စုများကြား ပြင်းထန်သော တိုက်ခိုက်မှုများ မကြာသေးမီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေးသမားများစွာ စံချိန်တင် သေဆုံးပြီးနောက် ညီညွတ်ရေး လုပ်ဆောင်ရန် အာဖဂန်နှင့် ပါကစ္စတန် တာလီဘန် ခေါင်းဆောင်များက အရေးတကြီး တိုက်တွန်းလိုက်သည်။

နောက်ဆုံး ထွက်ပေါ်လာသော ပါကစ္စတန် တာလီဘန်များကြား အုပ်စုကွဲမှုကို ဆွေးနွေးနိုင်ရန် ခေါင်းဆောင်မှု အစည်းအဝေးတစ်ရပ် စတင်ရန် အာဖဂန်နှင့် ပါကစ္စတန် တာလီဘန်ထိပ်တန်း တပ်မှူးများက ပြောကြားလိုက်သည်။

The Voice Weekly

၁၃ နှစ်အောက် ကလေးများ နားမထောင်ရ ဆိုတဲ့ ကျားပေါက်ရဲ့ သီချင်းသစ်နှစ်ပုဒ်



Big Bag အဖွဲ့က သူတို့ရဲ့ စီးရီးသစ် We are Big Bag စီးရီး မထွက်ခင် မှာ စီးရီးထဲက သီချင်းသစ် နှစ်ပုဒ်ကို အွန်လိုင်း Single အနေနဲ့ ထွက်ရှိလာပါ တယ်။ စီးရီးသစ် မှာ ပါဝင်မယ့် သီချင်းများထဲက “မျက်နှာရူး” နဲ့ “သည်းခံ” ဆို တဲ့ သီချင်းသစ် နှစ်ပုဒ်ကို မေလ ၂ဝ ရက်နေ့က အွန်လိုင်း ဈေးကွက်မှာ စတင် ရောင်းချခဲ့ပါတယ်။

အွန်လိုင်း Single ရောင်းချရာမှာ အသုံးပြုတဲ့ စီးရီး ကာဗာဒီဇိုင်း ကိုတော့ မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအမ် ရဲ့ပုံနဲ့ ပွဲထွက် လာခဲ့တာကြောင့် ပရိသတ်များရဲ့ အထူး စိတ်ဝင်စား မှုကို ခံခဲ့ရပြီး ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသားကိုလည်း ကာဗာမှာ ရေးထားတဲ့ အတွက် ဒီသီချင်းနှစ်ပုဒ် အပေါ် စိတ်ဝင်စားမှု ဒီရေ မြင့် တက်ခဲ့ ကြပါတယ်။ ၁၃ နှစ်အောက် ကလေးများ နား မထောင်ရ ဆိုတဲ့ စာသား ထည့်သွင်း ထားခြင်းနဲ့ ပတ် သက်ပြီး ကျားပေါက်က..

”အခုက ကလေးတွေ မှာလည်း ဖုန်းရှိတယ်။ Download လုပ်တယ် ဆိုတာက လူတိုင်း လုပ်လို့ရ တယ်။ ဒါပေမဲ့ ဒါကို ဘယ်လို Control လုပ် ရမလဲ ဆိုတာတော့ ကျွန်တော် တို့လည်း Goverment မဟုတ်တော့ သိပ်မသိ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်က လုပ်လို့ ရသလောက် ကတော့ အခုလို အသက် Level တစ်ခုတော့ ထည့် ပေးတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ပြော သလို Download က လူတိုင်း လုပ်လို့ ရတဲ့ အတွက် ကျွန်တော် တို့ဘက်က လုပ်ပေး ရမယ့် တာဝန်ယူ မှုအရ လုပ် တာပါ။ ဒီမိုကရေစီ ခေတ်ရောက် သွားပြီလေ။ ကိုယ့် တာဝန် ကိုယ် ယူရတော့မယ်။ ကိုယ့် သီချင်း ကို ရောသော ပေါသောနဲ့ ၁၁ နှစ်၊ ၁၂ နှစ် ကလေးတွေ ဆိုရင် လည်း ငါ့အခွေပေါက်တာ ပဲ ဆိုပြီး မလုပ်ချင်ဘူး။ ဒီခေတ်ကြီးထဲမှာ Responsibility ယူရမယ်လို့ ထင်တယ်” လို့ပြောတဲ့ ကျားပေါက်ကို
ဒီအခွေ ကျမှ ဒီလိုထည့် ထားရတာ ကကော ဘာကြောင့်လဲ ဆိုတော့ “အရင် အခွေတွေကတော့ ကိုယ့်ဟာ ကိုယ်တောင် ဆင်ဆာ မနည်း လွတ်အောင်ကွေ့ ရှောင် လုပ်နေ ရတာ။ ဒီအခွေ မှာ အဓိက ကတော့ ဒီထဲမှာ Adult Language တွေ ပါတာ ပေါ့။ ကိုယ့်ကိုယ် ကိုယ် မညာချင်ဘူး။ ရှေ့မှာ ထားပါတော့ Slow သီချင်းတွေ ဆိုပြီး ဝေဖန် ခဲ့ကြတဲ့ သူတွေလည်း တစ်ခေါက် ပြောဖူးပါတယ်။ ကျွန်တော် မကြိုက်ရင် ကျွန်တော် မဆိုဘူးလို့။ ကိုယ်တိုင် တကယ် ကြိုက်တော့မှပဲ လုပ်ချင်တယ်။ အခု အချိန်မှာ ဆင်ဆာလည်း မရှိတော့ ဘူး။ ဆင်ဆာ ရှိတုန်းကတော့ ညာရတယ်။ အခုကျတော့ ရေးလို့လည်း ရနေပြီဆိုတဲ့ အချိန်မှာ ဆက်ပြီး အကျဉ်းကျမခံ ချင်ဘူး။ ကိုယ် တကယ် သီချင်းကို ဒီလောက်ပေါက်ကွဲမှ၊ ဒီလောက် စာသား သုံးနှုန်းမှ ကျေနပ်တဲ့ Level တစ်ခု ရောက်မယ်ဆို ထည့်လိုက်တယ်။ ၁၈ နှစ်ကျော် ကျွန်တော် တို့ လိုအရွယ်တွေ ကျတော့ Adult Language ဆိုတာ ဘာမှ မထူးတော့ဘူးလေ။ အပြင်မှာလည်း နေထိုင် သုံးနှုန်းပြောဆိုနေတာ ဆို တော့ ဒါက ကြားရတာ ဘာမှမဖြစ်ဘူး။ ကလေးတွေ ကျတော့ ဒါကနေ စသွားတယ် ဆိုတာ မဖြစ်စေချင်ဘူး။ အခု ကျွန်တော့် သီချင်းတချို့ကို ကျွန်တော့် သမီးကိုတောင် ပေးနားမထောင်ဘူး” လို့ ကျားပေါက်က ဆင်ဆာ လွတ်လပ် ချိန်မှာ သူ့စိတ်သူ ဆက်ပြီး အကျဉ်းကျ မခံချင်တော့တဲ့ အကြောင်းကို ပြောပြ လာပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် ရုပ်ပုံကို အသုံး ပြုထားခြင်းနဲ့ ပတ်သက်ပြီး ကျားပေါက်ပြောတာ ကတော့ သူ့အနေနဲ့ ကင်ဂျုံ အမ်ကို သဘောကျတဲ့ အတွက် သူငယ်ချင်းတွေ နဲ့တိုင်ပင်ပြီး အခုလို ပြုလုပ် လိုက် တာပါလို့ ပြောပြီး တခြား အကြောင်း အရာ ထွေထွေ ထူးထူးတော့ မရှိပါဘူး လို့ ပြောခဲ့ပါတယ်။

ရဲရဲ

Popular Journal

X-Men: Days of Future Past ကြည့်တဲ့အခါ လွတ်သွားနိုင်တဲ့ အချက်များ (အပိုင်း -၂))




Angel on 2014-05-29 11:59    
နောက်ဆုံးထွက် X-Men: Days of Future Past ဟာ ရုံတင်တင်ချင်းအပတ်မှာတင် စံချိန်တင်ဝင်ငွေရရှိပြီး box office မှာ နံပါတ်တစ်နေရာချိတ်ခဲ့ပါတယ်။ Marvel ရုပ်ပြစာအုပ်တွေမှာသာ ပါဝင်တဲ့ တစ်ချို့  ဇာတ်ကြောင်းလေးတွေကြောင့် အဆက်အစပ်မရှိတဲ့ ပရိတ်သတ်တွေ အခက်အခဲမတွေ့ ရအောင် ဒီ အချက် ၁၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၆။ အချိန်ခရီးသွားနိုင်တဲ့ Kitty Pryde

မူလရုပ်ပြစာအုပ်ထဲမှာတော့ သန္ဓေပြောင်းသတ္တ၀ါမျိုးရိုး ကို Sentinels တွေ ဖျက်ဆီးခြင်းကနေ ရပ်တန့် ဖို့  အချိန်နောက်ပြန်သွားခဲ့တာက Kitty Pryde ပါ။ ဒီဇာတ်ကားထဲမှာတော့ Wolverine က အဓိကဇာတ်ကောင် ဖြစ်လာပါတယ်။ ဒါပေမယ့် Kitty ကလည်းကလည်း အရေးပါပါတယ်။ သူမရဲ့ အချိန်နှစ်ခုကြားချိန်ညှိနိုင်တဲ့ စွမ်းအင်ကို Wolverine ဆီ ပေးအပ်ပြီး Logan ကို ၇၀ခုနှစ်များဆီ ပြန်သွားစေနိုင်ခဲ့ပါတယ်။



၇။ Star Trek ရဲ့ The Naked Time

Hank McCoy ဟာ သူ့ အလုပ်ခန်းထဲမှာ Star Trek ဇာတ်လမ်းတွဲဟောင်းတစ်ပိုင်းဖြစ်တဲ့ The Naked Time ကို ကြည့်နေတာကို မြင်နိုင်ပါတယ်။ The Naked Time ဇာတ်လမ်းနဲ့  အခု Days of Future Past ဇာတ်ကြောင်းက ဆင်တူပါတယ်။



၈။ ထပ်ပါလာတဲ့ Mutants တွေ

Mystique ဟာ ဒီဇာတ်ကားအစောပိုင်းမှာ ဗီဇပြောင်းလူသားလေးယောက်ကို ကယ်တင်ခဲ့ပါတယ်။ William Stryker က သူ့ ရဲ့ စမ်းသပ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ သူတို့ ကို အသုံးချနေတာကို Mystique (Jennifer Lawrence) က ကယ်တင်ခဲ့တာပါ။ သူတို့ ဘယ်သူတွေများလဲ။ ကျွန်တော်တို့ ဟာ ပထမဆုံး X-Men မှာ ပါဝင်ခဲ့တဲ့ Toad အငယ်စားလေးကို တွေ့ ရပါမယ်။ X-Men ရုပ်ပြထဲက Ink ၊ Animated စီးရီး X-Men: Evolution ထဲက Spyke နဲ့ X-Men: First Class က Havok တို့ ကို တွေ့ ရပါလိမ့်မယ်။



၉။ ကျဆုံးသွားတဲ့ ဗီဇပြောင်းလူသားတွေရဲ့ စွမ်းအင်ကို အသုံးချတဲ့ Future Sentinels တွေ

Future Sentinels တွေဟာ ဗီဇပြောင်းလူသားတိုင်းရဲ့ စွမ်းအင်တွေကို စုပ်ယူအသုံးချနိုင်သလို ဒီစွမ်းအင်ကို အချင်းချင်းလည်း မျှဝေနိုင်ပါတယ်။ ပရိတ်သတ်တွေဟာ ကျဆုံးသွားတဲ့ ဗီဇပြောင်းလူသားတွေဖြစ်တဲ့ Lady Deathstrike၊ Emma Frost နဲ့ Darwin တို့ ရဲ့ စွမ်းအင်တွေကို Future Sentinels တွေ အသုံးပြုတာကို မြင်တွေ့ ရမှာပါ။



၁၀။ အ၀ါနဲ့ အညိုကို ကြိုက်တဲ့ Wolverine

အခုအချိန်ထိ Wolverine ရဲ့ အထင်ကရ၀တ်စုံ ၈၀ခုနှစ်ဒီဇိုင်း အ၀ါနဲ့ အနက် ၀တ်စုံကို ပိတ်ကားမှာ မမြင်ရသေးပါဘူး။ အခု သူ့ ရဲ့ ၇၀ခုနှစ် တိုက်ခန်းကတော့ အ၀ါရောင်နံရံတွေ၊ အညိုရောင်နဲ့ အ၀ါရောင် လိုက်ကာတွေနဲ့ အလှဆင်ထားပါတယ်။



၁၁။ နဲနဲရှုပ်ထွေးနေတဲ့ ဇာတ်အိမ် ကာလ

William Stryker နဲ့ Wolverine တို့ ရဲ့ အခုကားထဲက ဇာတ်ကြောင်းက အရင် X2:X-Men United က အဖြစ်အပျက်တွေနဲ့ သိပ်မကိုက်ပါဘူး။ X2 ထဲမှာ Stryker ဟာ Wolverine ရဲ့ အရိုးတွေနေရာမှာ မကျိုးမပဲ့ နိုင်တဲ့ Adamantium သတ္တုကို အစားထိုးခဲ့ပါတယ်။ X-Men Origins: Wolverine မှာတော့ သူတို့ နှစ်ယောက် ဟာ ဗီယက်နမ်မှာ ပထမဆုံးအကြိမ်တွေ့ ဆုံမိပါတယ်။ ဒါပေမယ့် ဒီ Days of Future Past မှာတော့ Stryker က တော်တော်ငယ်နေပြီး Wolverine ကို တစ်ခါမှ မတွေ့ ဖူးပါဘူး။



၁၂။ X-Men: First Class က ပစ္စည်းတွေ

Magneto သူ့ ရဲ့ ခေါင်းဆောင်းကို ပြန်ခိုးဖို့ လုပ်တဲ့ ဇာတ်ဝင်ခန်းမှာ အရင်ဇာတ်အိမ်က တခြားပစ္စည်းတွေ ပြန်မြင်ရပါလိမ့်မယ်။ Sebastian Shaw ကို Magneto သတ်ရာမှာ အသုံးပြုခဲ့တဲ့ ဒင်္ဂါးပြား၊ Havok ရဲ့ ပျက်ဆီးသွားတဲ့ ၀တ်စုံနဲ့ Angel ရဲ့ အင်းဆက်တောင်ပံ တစ်ခြမ်းတို့ ကို မြင်တွေ့ နိုင်ပါတယ်။

Trend Myanmar

မူလမျှော်မှန်းထားတာထက် နှစ်ပေါင်း ၅၀၀၀ စောပြီး တောင်ဝင်ရိုးစွန်းရေခဲပြင်တွေ စတင်ပျော်ကျနေ




Angel on 2014-05-29 16:25    
အန္တာတိကရေခဲပြင် ဟာ မူလခန့် မှန်းထားတာထက် ပိုမိုမတည်ငြိမ်ဖြစ်လာတယ်လို့ လေ့လာမှုတစ်ရပ်က ဖော်ပြထားပါတယ်။ မူလယုံကြည်ထားတာထက် နှစ်ပေါင်း ၅၀၀၀ လောက်စောပြီး အရည်ပျော်နေပြီလို့  အဆိုပြုထားပါတယ်။

ဒီလေ့လာမှုအဆိုအရ ဒီကြီးမားကျယ်ပြန့် တဲ့ ရေခဲပြင်ထုကြီး သေးငယ်မှု ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂သောင်းကနေ နှစ်ပေါင်း ၉၀၀၀ အတွင်း သီးခြား အချိန်ကာလရှစ်ခု အတွင်းမှာ အရှိန်မြန်လာတယ်လို့  ဆိုပါတယ်။ ဒါရဲ့အကျိုးဆက်တော့ ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာ မြင့်တက်လာမှုဖြစ်ပါတယ်။

လေ့လာမှုရဲ့ရလဒ်တွေက အန္တာတိကမှာ ရေခဲပြင်ပြိုဆင်းမှုအတွက် ပထမဆုံး သိသာထင်ရှားတဲ့ သက်သေ အချက်အလက်ကို ပေးစွမ်းနိုင်ခဲ့ပြီးနောက် အန္တာတိကတိုက်ရဲ့ အနာဂတ်ကို ခန့် မှန်းမှုတွေအပေါ် ဒါက ရောင်ပြန် ဟပ်ခဲ့ပါတယ်။

လတ်တလောသတင်းအရ အန္တာတိကအနောက်ခြမ်းရဲ့ ရေခဲပြင်တွေ မတည်ငြိမ်ပြိုဆင်းမှုဟာ စတင်ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ပြီး တားဆီးဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

ဂျာမနီ၊ကနေဒါ၊ဟာဝိုင်ယီ၊လက်ပ်လန်း နဲ့ သြစတြေးလျက သုတေသနပညာရှင်တွေပေါင်းစပ်ထားတဲ့ နိုင်ငံတကာအဖွဲ့ ဟာ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တာပါ။

သုတေသနအဖွဲ့ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းခန့် ကစပြီး စတင်ပြိုကျခဲ့တဲ့ အန္တာတိကရေခဲပြင်ချပ်ကြီးရဲ့ အစိတ်အပိုင်းအကြွင်းအကျန် ပမာဏအမြောက်အများကို ရှာဖွေတွေ့  ရှိခဲ့ပါတယ်။

သမုဒ္ဒရာရဲ့ ရေစီးကြောင်းပြောင်းလဲမှုကြောင့် ပူနွေးတဲ့ရေတွေ အန္တာတိကတိုက်ရေခဲပြင်ဆီ ရောက်လာခဲ့ပြီး အရည်ပျော်မှုဖြစ်စဉ်ကို မြန်ဆန်စေခဲ့တာဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ခန့် မှန်းထားကြပါတယ်။

ဒီဘက်ခေတ်မှာ အန္တာတိကတိုက်ရေခဲပြင်ချပ်ကြီးကနေ ရေခဲတောင်တွေ သီးခြားအစိတ်အပိုင်းအဖြစ် ပြိုကွဲထွက်မှုဟာ အလေးချိန်အားဖြင့် နှစ်စဉ် တန် ဘီလီယံပေါင်း ၁၃၀၀ ကနေ ၂၀၀၀ တန်အထိ ရှိနိုင်ပြီး ဒီပမာဏဟာ နှစ်စဉ် ရေခဲပြင်ချပ်ကြီးကနေ ရေခဲပြင်အရည်ပျော်မှုရဲ့ နှစ်ဆ ရှိနေပါတယ်။ အရည်ပျော်မှုကြောင့် ရေခဲတောင်တွေ ပြိုကွဲထွက်ခဲ့တဲ့ ပမာဏက ပိုဆိုးနေတယ်လို့ ဆိုချင်တာပါ။

သိပ်မကြာခင် နှစ်ပေါင်းရာဂဏန်းအတွင်းမှာ  အခုစတင်ပြိုကျပျော်ဆင်းနေပြီဖြစ်တဲ့ ကြောက်မက်ဖွယ်ရာ အရည်ပျော်မှုကြောင့် လက်ရှိပင်လယ်ရေမျက်နှာပြက်ဟာ လေးပေကနေ ၁၂ ပေလောက်အထိ မြင့်တက် လာနိုင်ကြောင်း သိရပါတယ်။

Ref: abc.net.au
Trend Myanmar

အိန္ဒိယမှာ ညီအစ်မ ၂ဦးကို အုပ်စုဖွဲ့ အဓမ္မပြု သတ်ဖြတ်


အမှုကို စစ်ဆေးဖို့ ဒါးလစ် မျိုးနွယ်ဝင် အမျိုးသမီးတွေ ဆန္ဒပြကြစဉ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအမ နှစ်ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ရဲ ၂ ဦး အပါအဝင် လူအတော်များများကို လုပ်ဖော်ကိုင်ဖက် ရဲတွေက တရားစွဲဆို လိုက်ပါတယ်။

အဲဒီ မိန်းကလေးတွေဟာ ဒါးလစ် ဇာတ်နိမ့် အမျိုးအနွယ်ဝင်တွေ ဖြစ်ပြီး မနေ့က မနက် လင်းအားကြီး အချိန်မှာ သရက်ပင် တစ်ပင်မှာ ကြိုးကွင်းစွပ်လျက် တန်းလန်း သေဆုံးနေကြတာ တွေ့ရပါတယ်။

ကနဦးတုန်းက ဒီအမှုကို စုံစမ်း စစ်ဆေးဖို့ ရဲတွေက ငြင်းဆန်ခဲ့ကြပြီး ရွာသားတွေက တောင်းဆို ဆန္ဒပြခဲ့ကြတော့မှ သဘောတူခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ လိင်ကိစ္စ အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေတွေကို အစိုးရက မကြာသေးခင်ကပဲ တင်းကျပ် ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အဓမ္မ ပြုကျင့်မှုတွေအနက် အနည်းအပါး လောက်ကိုသာ ရုံးတင် တရားစွဲတာမျိုး ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

BBC

ပါကစ္စတန် ခဲနဲ့ပစ် အသတ်ခံရမှု ရဲက ဝင်မတားခဲ့




သေးဆုံးသူ အလောင်းဘေးမှာ ရဲက မျက်မြင်သက်သေ စစ်နေစဉ်။
ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့က တရားရုံး အပြင်ဘက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို သူ့မိသားစုဝင်တွေက သတ်ဖြတ်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ပါကစ္စတန်မှာ ရှိတဲ့ လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားသူတွေက ပြောပါတယ်။

မိဘ သဘောမတူဘဲ ကိုယ်ကြိုက်တဲ့သူကို ယူခဲ့တဲ့ အတွက် အင်္ဂါနေ့က လူမြင်ကွင်းမှာ အုတ်ခဲတွေနဲ့ အသေထုရိုက် ခံခဲ့ရချိန်မှာ ဖာဇာနာ ပါဗီးန် Farzana Parveen ဟာ ကိုယ်ဝန် သုံးလ လွယ်ထားခဲ့တာပါ။

ဒီလို ထုရိုက် သတ်ဖြတ်နေတာကို ရဲတွေက ဝင်မတားဘဲ လက်ပိုက်ကြည့်နေခဲ့ကြတယ်လို့ သူ့ခင်ပွန်းက ဘီဘီစီကို ပြောပြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မိဘ သဘောမတူ သူကို ယူတာမျိုးကို ရှေးရိုးစွဲ အသိုင်းအဝိုင်းမှာ လုံးဝ လက်မခံကြဘဲ နှစ်စဉ် အမျိုးသမီး ရာပေါင်းများစွာ အသတ်ခံရလေ့ ရှိပါတယ်။

BBC

Maxim ၏ ကမ္ဘာ့ညှို့ဓာတ်အပြင်းဆုံး အမျိုးသမီး ကန်ဒိုက်စ် (သတင်း+ဓာတ်ပုံများ)


Victoria’s Secret၏ လက်ရွေးစင် အလှမယ်ဖြစ်သော ကန်ဒိုက်စ်ကို Maxim၏ စာဖတ်ပရိသတ်များက နာမည်ကျော် အတော်များများအား ကျော်လွန်ကာ ဆွဲဆောင်မှု အပြည့်ဝ အပြင်းပြဆုံးအဖြစ် မဲပေးခဲ့ကြ


Maleficent ဇာတ်ကားပွဲဦးထွက်ပြသပွဲမှာ တိုက်ခိုက်ခံရတဲ့ ဘရက်ပစ်

တိုက်ခိုက်ခဲ့သူကို ၀ိုင်းဝန်းဖမ်းဆီးနေကြစဉ်

တိုက်ခိုက်ခံရသဖြင့် အံ့အားသင့်နေသော ဘရက်ပစ်နှင့် တိုက်ခိုက်သူကို ဖမ်းဆီးနေသော လုံခြုံရေးများလော့စ်အန်ဂျလိစ်- ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဘရက်ပစ်သည် မေလ ၂၈ ရက်တွင်

Zombie ကားတွေကြိုက်တဲ့ ချစ်သူကို ထူးထူးဆန်းဆန်းလက်ထပ်ခွင့်တောင်းခံခဲ့သူ


Clarie Hulse ဆိုတဲ့ကောင်မလေးဟာ သူမချစ်သူနဲ့ လီဗာပူးလ်မြို့ မှာ လမ်းလျှောက်ထွက်နေတုန်း ရုတ်တရက် ဖုတ်ကောင် ၅၀ က ၀ိုင်းအုံလာပါတယ်။ Clarie နဲ့ Brian Tollady တို့ စုံတွဲဟာ ဟောလီးဝုဒ် ရုပ်ရှင်ကား Dawn of the Dead ထဲက ဇာတ်ဝင်ခန်းလို လီဗာပူးလ်မြို့ ရဲ့ မာဆေးမြစ်တစ်လျှောက် ဖုတ်ကောင်တွေ လိုက်ခံနေရပါပြီ။

ဒါပေမယ့် ဒါဟာ အသက် ၃၄ နှစ်အရွယ် လက်တွဲဖော် Brian Tollady ရဲ့ ဆန်းသစ်တဲ့အကြံအစည်ပါ။ Brain ဟာ ဖုတ်ကောင်တွေ သူတို့ ကို ကိုက်စားဖို့ လိုက်နေရင်းနဲ့ ချက်ချင်းဆိုသလို ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး  Clarie ကို လက်ထပ်ခွင့်တောင်းဆိုလိုက်ပါတယ်။

သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတွေရဲ့ ပရိတ်သတ် Clarie ကတော့ Brain ရဲ့ တစ်မူထူးခြားတဲ့ လက်ထပ်ခွင့်တောင်းခံတဲ့ပုံစံကြောင့် ကျေနပ်ပျော်ရွင်နေပါတယ်။ သူမက လက်ထပ်ခွင့်ကို လက်ခံခဲ့ပြီးနောက် ‘ သူ့ ဦးနှောက်တွေကို ဖောက်စားမယ်” လို့ ပြန်ပြောလိုက်ပါတယ်။

Brian ဟာ ရေနံချက်စက်ရုံက စက်ပညာရှင်တစ်ယောက်ဖြစ်ပြီး အခုလို အားလုံးနေသားတကျ အဆင်ပြေခဲ့တဲ့ အတွက် အရမ်းကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။

“ Clarie က သိပ်မပျော်ခဲ့ပါဘူး။ ဘာလို့ လည်းဆိုတော့ သူ့ အခြေအနေက ဖုတ်ကောင်တွေကြားမှာလေ။ ဒါပေမယ့် သူမ ‘ဟုတ်’ လို့ ပြောခဲ့တယ်” လို့ Brain က ပြန်ပြောပြပါတယ်။

သူတို့ စုံတွဲဟာ နိုက်ကလပ်တစ်ခုမှာ စတင်ဆုံတွေ့ ခဲ့ပြီး ရှစ်နှစ်ကြာ အတူချစ်ကြိုက်ခဲ့ကာ သူတို့ ပထမဆုံး ချိန်းတွေ့ တာက သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်း ‘Underworld’ ကို သွားကြည့်ကြတာပါ။

“ ကျွန်မ တော်တော် လန့် သွားပြီး တွေဝေသွားတယ်။ ဘာတွေဖြစ်နေပါလဲလို့ ကျွန်မတကယ် အံ့အားသင့်နေ ခဲ့တာ”

“ ဒီလက်ထပ်ခွင့်တောင်းခံတာကို ကျွန်မ တော်တော်သဘောကျမိတယ်၊ ကျွန်မကလည်း ဖုတ်ကောင်တွေကို ကြိုက်တယ်လေ။ မွေးနေ့ ကလည်း အောက်တိုဘာ ။ဟောလိုးဝင်းကိုလည်း အမြဲသဘောကျခဲ့တဲ့သူပေါ့” လို့  Claire က ပြောပြခဲ့ပါတယ်။

“ ကျွန်မအကြိုက်ဆုံးဇာတ်ကားတွေကတော့ Dawn of the Dead နဲ့ 28 Days Later တွေလေ။ ကျွန်မ Brian ကို ချစ်တယ်။ သူလုပ်ခဲ့တဲ့အရာအတွက် သူ့ ဦးနှောက်ကို ကျွန်မ ဖောက်စားရလိမ့်မယ်” လို့ သူမ က ဟာသနှော ပြောခဲ့ပါတယ်။

Brian ဟာ အနက်ရောင်စိန်ပွင့်မှာ ရွှေဖြူကွပ်ထားပြီး  အရိုးခေါင်းလေးခုဝိုင်းထားတဲ့ လက်စွပ်နဲ့ Claire ကို လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။



Ref: Mirror.co.uk

trend

အသက် ၃၀ အရွယ် အမျိုးသမီးတွေ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အရာများ (အပိုင်း -၂)


အမျိုးသမီးတွေအနေနဲ့ အသက် (၃၀)နား ကပ်လာပြီ၊ ဒါမှမဟုတ် အသက် ၃၀ ပြည့်နေပြီဆိုရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်နေထိုင်ရမယ့် အရာလေးတွေ ရှိလာပါပြီ။ ကိုယ့်ရဲ့ နေ့စဉ်ဘ၀တွေကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အာက်မှာဖော်ပြပေးထား တဲ့ နည်းလမ်းလေးတွေကို မဖြစ်မနေ လိုက်နာဖို့ တိုက်တွန်းလိုက်ပါရစေ။ အသက် ၃၀ အရွယ် အမျိုးသမီးတွေ မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အရာများ (အပိုင်း -၁) မှာ ၁၀ချက် ဖော်ပြပြီးဖြစ်တာမို့ ခုအပိုင်း (၂)မှာ သိထားရမယ့် အချက်လေးတွေကို ထပ်မံဖော်ပြပေးလိုက်ပါတယ်။

၁၁။ စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ပါ။

တရားထိုင်တဲ့အခါ စိက်ဟာအရင်ထက် ပိုငြိမ်းချမ်းလာပါလိမ့်မယ်။ ဒီလို စိတ်တည်ငြိမ်လာတဲ့အခါ ဦးနှောက်စွမ်းအားတွေ ပိုတိုးပွားလာသလို စိတ်ဖိစီးမှုတွေလည်း ပိုနည်းသွားတာသိသိသာသာကို ခံစားရမှာပါ။

၁၂။ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူပါ။

တစ်လကိုတစ်ခါ၊ ဒါမှမဟုတ် နှစ်လကိုတစ်ခါ ကိုယ့်ကျန်းမာရေးအတွက် ဘာတွေအားနည်းနေလဲ၊ နေလို့မကောင်းဘူးလဲဆိုတာမျိုး သိအောင် ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။

၁၃။ လိင်ဆက်ဆံတဲ့အခါ ကူးစက်ရောဂါမခံရအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

ကိုယ့်ယောင်္ကျား၊ ကိုယ့်ချစ်သူနဲ့ အတူနေတဲ့အခါ သူတို့ကို ကွန်ဒုံးသုံးခိုင်းပါ။ ဒါဟာ ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

၁၄။ကိုယ့်စားတဲ့ အစားအသောက်တွေဟာ ဗိုက်တာမင်ပြည့်ဝနေပါစေ။

ဘယ်လိုအစားအစာမျိုးက ဗိုက်တာမင်ကြွယ်ဝသလဲဆိုတာ အခြေခံသိထားရမှာပါ။ ဒါဆို ကိုယ်စားတဲ့ အစားအသောက်တွေမှာ ဘယ်ဟာက ဗိုက်တာမင်ပါတယ်၊ ဘယ်ဟာက ဗိုက်တာမင်ချို့တဲ့တယ်ဆိုတာ သိနိုင်ပြီလေ။

၁၅။စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အဆင်ပြေပြေချောချောမွေ့မွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ စိတ်ကျန်းမာရေးက အရေးကြီးပါတယ်။ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့။

၁၆။တီဗီကြည့်တဲ့အချိန်ကို ကန့်သတ်ထားပါ။

တီဗီရှေ့မှာ ဇာတ်လမ်းတွဲတွေကို အတောမသတ်ကြည့်ပြီး အချိန်ဖြုန်းနေမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကလည်း အဆီတက်တာတွေ ဖြစ်လာတော့မှာပါ။

၁၇။ကိုယ့်ရဲ့နှလုံးကို ဂရုစိုက်ပါ။

အမျိုးသမီးအများစု ခံစားရလေ့ရှိတဲ့ ဝေဒနာကတော့ နှလုံးရောဂါပါပဲ။ အသက်၃၀ ၀န်းကျင်မှာ ဖြစ်လေ့ရှိကြတဲ့ နှလုံးအားနည်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။

၁၈။မကြာခဏ အပြင်ကို အလည်အပတ်သွားပါ။

အိမ်နဲ့ရုံးချည်း တစ်နေ့တစ်နေ့ သွားလိုက်ပြန်လိုက်နဲ့ အချိန်မကုန်လိုက်ပါနဲ့။ ပန်းခြံသွားတာမျိုး၊ ရှော့ပင်ထွက်တာမျိုး စတဲ့ အပြင်လောကနဲ့ အဆက်အသွယ်လုပ်ပါ။

၁၉။ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်တာတွေ လျော့ပါ။

ကိုယ့်ချစ်သူကို နားလည်အောင်ကြိုးစားပါ။ သူ့ကို စိတ်တိုတာတွေ၊ စိတ်ကောက်တာတွေ မဖြစ်အောင် တတ်နိုင်သလောက်ထိန်းပါ။ ဒါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါ။

၂၀။ဒစ်ဂျစ်တယ်ပစ္စည်းတွေ၊ အထူးသဖြင့် ဖုန်းကို မကြာခဏ ထိတွေ့နေတာမျိုးတွေ လျော့ပါ။

ဒစ်ဂျစ်တယ် ပစ္စည်းတွေနဲ့ အချိန်ရှိသမျှ ထိတွေ့ မနေပါနဲ့။ အချိန်မဖြုန်းပါနဲ့။ တတ်နိုင်သမျှ အဲ့ဒါတွေနဲ့ ဝေးကွာအောင် နေပါ။ ဒါတွေဟာ အနည်းဆုံးတော့ သင့်ကို အိပ်ရေးပျက်စေနိုင်တာကြောင့်ပါ။

Ref:womenshealthmag.com
Trend Myanmar

နှလုံးသားတွင် ကမ္ပည်းတ်င်(ဖြစ်ရပ်မှန်)


ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာလေး။ ကာလကား ၁၉၉၅နှစ်များကာလ။ ရွာလေးသည် ယခုကဲ့သို့ တိုးတက်မှုမရှိသေး။ စာသင်ကျောင်းရယ် မရှိသေး။ ရွာငယ်၆ရွာ စုပေါင်းပြီး ဇင်ချောင်းရွာဟု သမုတ်ခဲ့သည်။
ထိုရွာအပြင်ဘက်တွင် ဒေါ်ဖြူမ ဟုခေါ်သော အသက်ကြီးကြီး အမျိုးသမီးတစ်ဦးရှိလေသည်။ အမည်ကဖြူမဆိုသော်ငြား ကလေးများပါးစပ်တွင်ကား ဒေါ်အိုစာဟုသာ ခေါ်ကြသည်။ အဘယ်ကြောင့်နည်း။ သူမ၏ အိုစာသောရုပ်ရည်။ မဲသောအသား။ အကျည်းတန်သောရုပ်။မျက်နှာ၏ အမာရွတ်။ ကိုင်းသောခါးများက သူမကို အမည်တွင်စေခဲ့သည်။ အမျိုးသားရယ်မရှိ။ သားသမီးမရှိ တစ်ကောင်ကြွက်ဘ၀ဖြင် ခြံသီးနှံစိုက်ပျိုးရင်း အသက်မွေးသော်ငြား စီးပွားရေးအဆင်မပြေသဖြင့် ဘုန်းကြီးကျောင်းမှ ကျွေးမွေးနေရသည်။ အဘယ်ကြောင့်နည်း သူမကိုရပ်ရွာက စုန်းမကြီးဟု သမုတ်ကြသည်။ သူမ၏ဘ၀ကား အထီးကျန်။
တစ်နေ့တော့ ရွာကိုဆရာဝန်လေးတစ်ဦး ရောက်လာပါတယ်။ နာမည်ကား ဒေါက်တာဦးခင်တင်(အမည်မှန်)။ တစ်ရွာလုံး ပျော်ကြသည်။ အချို့က ဆရာဝန်ဆိုတာဘာကြီးလဲဟု လာကြည့်ကြသည်။ ဆရာဝန်မှာ ဆေးပညာတွင်တော်သလို လူမှုဆက်ဆံရေးလည်း တော်သဖြင့် အချိန်တိုအတွင်း ရပ်ရွာ၏မိခင်ဖခင်သဖွယ် လေးစားလာကြသည်။
တစ်နေ့ ဆရာတော်ကျောင်းရောက်တော့ ဒေါ်ဖြူမကို တွေ့လေသည်။ သူမကား တဘက်ကြီး ခြုံထားသည်။ ဆရာတော်ကမိတ်ဆက်ပေးသည်။ ဆရာကလည်း ရိုရိုသေသေရင်းနှီးစွာ ဆက်ဆံလေသည်။ ပြန်တော့ ရွာကလူအချို့က ဆရာသတိထားနော် ဒီအဖွားကြီးက ပညာတတ်တယ်။တော်ကြာ ဆရာပြုစားခံနေရဦးမယ်။ ဟိုတစ်လောက သူ့ခြံထဲခိုးဝင်လို့ဆိုပြီး မြွေခြောက်နဲ့တိုက်တာ ကလေးတစ်ယောက် ဆုံးသွားတယ်။ တစ်လောကလည်း သူ့ခြံဝမှာ အလေးသွားတော့ နာနာဘ၀တွေက သစ်ကိုင်းနဲ့ပသ်လို့ လူသေဖူးတယ်။ ရွာကမကြည်ပေမယ့် ဆရာတော်ကိုကြောက်လို့ ငြိမ်နေရတယ်ဆရာ။သူ့လက်တွေ နှာခေါင်းတွေဆို ပညာမြင့်လို့တိုလာတာလို့ ပြောကြတယ်။ ရွာထဲကကလေးတွေဆို သူ့မြင်တာနဲ့ ပြေးတော့တာဆရာ။
တစ်နေ့ဆရာလေး လမ်းလျှောက်ရင်း သူမ၏ခြံဘက်ရောက်လာလေသည်။ ဒေါ်ဖြူကခြံက အေးပြီး သီနှံစားပင်စုံလင် သဖြင့်ဝင်လည်လေသည်။ နောက်ကလိုက်လာသော ရွာသားကားမျက်နှာပျက်ပျက်နှင့်။ ဒေါ်ဖြူမက ရေနွေးနှင့် ဧည့်ခံလေတော့မှ သူမ၏လက်ကို သတိထားမိကာ မေးမြန်းစမ်းသပ်ကြည့်တော့မှ သူမ၀ယ်အနာကြီးရောဂါ ခံစားနေရကြောင်း သိရသည်။ ဒါကို ရွာကမသိ။ သနားဖို့ကောင်းလေစွ။ သူမအား စုန်းမဟုသာထင်နေကြသည်။ ရပ်ရွာကို ပြောပြသော်လည်း ယုံတစ်ဝက် မယုံတစ်ဝက်။ ရွာ၏သဘောကား ပါးစပ်ရာဇ၀င်ကို အဟုတ်ချဲကြသည်။
ဆရာလေးသည် သူမအား စေတနာဖြင့်ကုသပေးလေသည။ သူမကလည်း ကျေးဇူးတင်သဖြင့် ခြံထွက်သီးနှံ့လေးများဖြင့် ကန်တော့လေသည်။့် ရပ်ရွာကတော့ ဆရာလေးအားသနားကြသည်။ ဆရာတော့ပြုစားခံရတော့မယ်။
တစ်နေ့တော့ ဆေးရုံကိုရွာကအမျိုးသမီး လူနာတစ်ဦးရောက်လာလေသည်။ လူမှာ ပိန်ဆင်းလာပြီး ဗိုက်အောက်သည်ဟုပြောသည်။မျက်လုံးလည်းပြူးလာလေသည်။ ဗိုက်မှာ ထိုကဲ့သို့ မကြာမကြာအောင့်တတ်သည်ဟု ပြောသည်။ ဗိုက်စမ်းလိုက်တော့ ဘယ်ဘက်ခြမ်းနားမှာ အလုံးတစ်လုံး။Ectopicထင်ရ် ဆီးစစ်ကြည့်သော်လည်း ကိုယ်ဝန်မရှိ။ သူမကိုမေးကြည့်တော့ ဒေါ်ဖြူမခြံထဲက ဒူးရင်းသြဇာ ခိုးစားပြီးကတည်းက မကြာမကြာအောင့်တတ်ကြောင်း ပြောလေသည်။ သူမပြုစားတာအထင်နှင့် ပယောဂနှင့် ကုနေရာမှ မသက်သာသဖြင့် ဆေးရုံလာရကြောင်း ပြောလေသည်။ ဆရာလေးကား ဟက်ဟက်ပက်ပက်ရယ်လေသည်။
နောက်တစ်နေ့ ကျောက်ဖြူက ဆရာသူငယ်ချင်း ဒေါက်တာတစ်ယောက်ရောက်လာတော့ သူတ်ု့နှစ်ယောက် တိုင်ပင်ပြီး ခွဲစိတ်ခန်းဝင်ကြသည်။ ဗိုက်ထဲက အလုံးတစ်လုံးထွက်လာသည်။ ခွဲကြည့်လိုက်တော့ အထဲမှာ ဆံပင်တွေ၊သွားတွေ၊ အလုံးတွေအများကြီး။ တစ်ရွာလုံး နေ့တွင်းချင်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
ညနေရောက်တော့ ကပ္ပိယကြီးရောက်လာပြီး ဆရာရေလုပ်ပါဦး ရွာကလူတွေ ဒေါ်ဖြူခြံကို မီးရှိုမလို့ လုပ်နေကြတယ်။ လူနာရဲ့ အစ်ကိုတွေပေါ့။ ခုဆရာတော် ခေါ်ခိုင်းလိုက်လို့။ ဆရာလေးပြေးလိုက်သွားသည်။
ဟိုရောက်တော့ တဲအိမ်လေးမှာ ပြားပြားဝပ်။ ဒေါ်ဖြူမကို ကြိုးတုပ်ထားသည်။ ဆရာ့ကိုမြင်တော့ ဒေါ်ဖြူမ ၀မ်းသာသွားပြီး အားကိုးတကြီး ဆရာရယ် ကျွန်မကို ကယ်ပါဦး ကျွန်မဘာမှ မလုပ်ရပါဘူးဟု ပြောလေသည်။
ဆရာလာတော့ အားလုံးငြိမ်သွားကြသည်။ သူ့ကိုကြိုးဖြေပေးတော့ ရွာသားတစ်ယောက်က ဆရာသူ့ကိုလွှတ်ထားရင် နောက်ပြုစားနေမှပဲ။ ဆရာရပ်ရွာကိစ္စမှာ ၀င်မပါပါနဲ့။ ဆေးပဲအေးအေးဆေးဆေးကုပါ။
ခင်ဗျားတို့က လူကြီးတစ်ယောက်ကို မစာမနာဗျာ ပြောတော့ ဆရာသိပါတယ်။သူလုပ်လို့ ညီမလေးဗိုက်ထဲမှာ ဆံပင်တွေ၊သွားတွေ၊အလုံးတွေ ရောက်နေတာ။ရွာကမသန့်တော့ဘူးဆရာ။ ရွာကိုသန့်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။
ဒီတော့ဆရာက သက်ပြင်းချပြီး ဒါကရောဂါဗျ။ဆေးပညာအရ Dermoid cystခေါ်တယ်။ Teratoma တစ်မျိုးပေါ့။ သူ့ဖွဲ့စည်းတည်ဆောက်ပုံက သားတွင်းတစ်ရှူးမျိုးစုံလို့ ဒီလိုအမွှေးတွေသွားတွေထွက်နေတာ။ရောဂါပဲဗျ ဗျ ပြောလေတော ကျွတါကျွတ်ညံသွားသည်။ဟာဆရာကလည်း မဖြစ်နိုင်တာဗျာ။ ဗိုက်ထဲကို ဘယ်လိုလုပ်အမွေးတွေရောက်ရမှာလည်း သူပြုစားလို့သာပေါ့။ ဒါရောဂါပါလို့ ပြောပြီးဆရာကအိမ်က ဆေးစာအုပ်ယူပြလေသည်။ ပုံတွေကြည့်ပြီး တစ်ယောက်တစ်မျိုးပြောနေကြသည်။ ဆေးစာမသိပဲ မဖြစ်နိုင်တဲ့။ ဆရာလေးခဗျာ အသိပညာဗဟုသုတအားနည်းသော ရွာခံလူများကို တော်တော်ရှင်းယူနေရသည်။
ဒါဆို မြွေခြောက်ကိုက်တာကကော….သူ့ခြံကအေးတော့ နွေရာသီဆို မြွေခိုတာပေါ့ ခြုံလည်းထူတာကိုး ဒါကြောင့်ပါ။ သစ်ကိုင်းပိတာက သူကသစ်ကိုင်းခြေက်အောက်မှာ ထိုင်သွားတုန်းအခန့်မသင့်လို့ သစ်ကိုင်းက်ျုးကျသေတာပါ။ခုဟာကလည်း ရောဂါတစ်မျိုးပါ။ သူမကစုန်မ မဟုတ်ပါဘးဗျာ။သူမက အနာကြီးရောဂါသည်တစ်ဦးပါ။ ခုဆေးပုံမှန်သောက်တော့ သက်သာနေပါပြီ။ ကျွန်တော်ရွာကို မေတ္တာရပ်ခံပါရစေ။ သူမကိုးကူညီပါ။ပစ်မထားကြပါနဲ့…..။ ဒေါ်ဖြူမကား ၀မ်းနည်းမျက်ရည်သွင်သွင်ကျလျက်။
မကြာပါ ဒေါ်ဖြူမတဲလေးလည်း ပြန်လည်တည်ဆောက်ပြီးလေသည်။ရောဂါလည်း သက်သာလာသဖြင့် ရွာလူထုနှင့် အဆက်အစပ်ရှိလာသည်။ သူမပြင်သော ထမင်းကို သူတို့လေးစား သောဆရာဝန်တစ်ဦးက့ စားသဖြင်၊ သူမကလည်းရပ်ရွာရေးတွင် ပါဝင်လာသဖြင့် သူမအားပြန်လည်ယုံကြည်လာလေသည်။ဆရာလေးကလည်း သူမဘက်မှမားမားမတ်မတ် ရပ်တည်ပေးသည်။ ယခုတော့ သူမအထီးမကျန်တော့ပါ။ သူမ၏ ခြံမှာလည်း ရပ်ရွာအကျိုးဖြင့် ရှင်းလင်းပြီး ကလေးများဝင်ထွက်ဆော့ကစားနေလေပြီ။ ခုတော့ ဒေါ်ဖြူမတသ်ယောက် ပြုံးပျော်နိုင်ပါပြီ။
၁၉၉၈ ရောက်တော့ ဆရာဦးခင်တင် ပြောင်းရွှေ့သွားသည်။ တစ်ရွာလုံး ၀မ်းနည်းမဆုံး။ ဒေါ်ဖြူမဆိုလျှင် အကြိမ်ကြိမ် ကန်တော့လေသည်။ဆရာက တားလည်းမရ။ သူမ၏ ကျေးဇူးရှင်တဲ့။ ခုတော့ရွာလေးကား တော်တော်စည်နေပေပြီ။ဆရာပြောင်းရွှေ့သွားသော်လည်း သူ၏ပုံရိပ်တွေကား ရွာ၏ျကျာက်စာတိုင်လို ယနေ့ထိသင်းပျံ့နေဆဲ။ ကာလတ့ ဓိုညောင်းသွားသော်လည်းသူ၏ စေတနာ တွေကားရွာလူထု၏ ပါးစပ်ဖျားဝယ် နှလုံးသားဝယ်ထာဝစဉ်ထင်ဟပ်နေပေတော့သည်။ဘယ်သူပြိုင်လို့ လှနှိင်တော့မည်နည်း။ ။

(မှတ်ချက်။ ။ဆရာ့ကို ၂၀၁၀လောက်က ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးတွင ဆေးရုံအုပ်ကြီးအနေဖြင့် House ဆင်းတော့တွေ့လိုက်မိပါသည်။ ယခု ဘယ်မှာမပြောတတ်ပါ။Dr.ဦးခင်တင်အား ဘ၀၏Roll Modelအဖြစ် ထာဝစဉ်လေးစားမိပါသည်။ ငယ်စဉ်က မသိခဲ့ပေမယ့် ကိုယ်ဆရာဝန်ဖြစ်တော့မှ ရွာကဖြစ်စဉ်ကို သုံးသပ်မိရာ ပြန်လည်တင်ဆက်လိုက်ပါသည်။ စာဖတ်သူများ ဗဟုသုတရစေရေး Dermoid cyst ၏ပုံနှင့် အဓိပ္ပါယ်ပါ ပူးတွဲဖော်ပြလိုက်ပါသည်)

လေးစားလျက်….
Dr.မင်းလုလင်

ဘီဂိတ်ကဲ့သို့ အောင်မြင်သူတို့ လမ်းစဉ်


အင်တာဗျူးတစ်ခုမှာ ဘီလ်ဂိတ်ပြောတဲ့ စကားလေးပါ။ “ကျနော် ကျောင်း တက် တုန်းက ဘာသာရပ်အချို့  စာမေးပွဲကျပြီး သူငယ်ချင်းတွေ က အောင်မြင်တယ်။ သူတို့က မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့  ဝန်ထမ်းတွေ ဖြစ် သွားပြီး ကျနော်က မိုက်ဖရိုဆော့ဖ်ကုမ္ပဏီပိုင် ရှင် ဖြစ်လာတယ်”

တကယ့် လက်တွေ့ ကမ္ဘာ့ အိုင်တီလောကမှာလည်း ဒီတိုင်းပါပဲ။ မိန်းကလေး များက အတန်းထဲမှာ အမှတ်ပြည့်နဲ့ အိုင်တီမေဂျာ ကို အောင်မြင်ပြီး ယောင်္ကျားလေး များက ကျပါတယ်။ သို့ပေမယ့် ယင်း အမျိုးသားများက ကမ္ဘာ့ထိပ်တန်း ဆို…င်ဘာလုံခြုံရေး အဖွဲ့အစည်းတွေက အားကိုးရတဲ့ ဟက်ကာတွေ ဖြစ်ကုန်ပါတယ်။ တစ်ချို့ တစ်လေ ကို ပြောတာ ပါ။

ဒါကြောင့် စာမေးပွဲမှာ အမှတ်ပြည့်ရဖို့ ကြိုးစားနေခြင်းက အကန့်အသတ် ရှိပါတယ်။ တကယ့် လက်တွေ့ဘဝ အသုံးချဖို့ ရည်ရွယ်ရိုးမှန်ရင် ထားရမယ့်
target က တစ်မျိုးပြောင်းသွားပါပြီ။ ဘီလ်ဂိတ်တို့၊ စတိဗ်ဂျော့တို့ဆိုတာ တစ်ချိန်တုန်းက ကွန်ပြူတာကုဒ်တွေကို စာရွက်ပေး ချရေးလို့ ရောင်း စားပြီး ကျောင်းတက်ခဲ့တဲ့သူတွေပါ။ ဒီတော့ အထောက်အပံ့ပစ္စည်း မရှိတာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့က ပြစရာ အကြောင်းပြချက် တစ်ခုမဖြစ်သင့်ပါဘူး။ လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ကသာ အဓိက ကျတာပါ။

သာမန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်မယ်၊ လခစားဘဝမှာ တာဝန်ကျေရုံပဲ လုပ်မယ်ဆိုရင် တစ်သက်လုံး နောက်လိုက်ပဲ ဖြစ်မှာပါ။ လုပ်ငန်းရှင်ဖြစ်မလာပါဘူး။ ကိုယ့်လျှောက်မယ့် ပရော်ဖက်ရှင်တစ်ခုကို အတိအကျ ရွေးပြီး ခုကတည်းက အကောင်းဆုံး လုပ်သွားဖို့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။
..
အောင်ခမ်း ( ရိုးရာလေး )

အားနာစရာတော့ ကောင်းနေပြီ - ဟာသ


ပေါသမဂ္ဂရွာသူကြီးတစ်ယောက်  အခုတလော စိတ် မလုံမလဲ ဖြစ်နေသည်။
လမ်းထွက်လိုက်သည်နှင့် လူအများက “ဆင်း….ဆပ်၊ ဆင်း….ဆပ်” နှင့်
ပြောနေသံတွေကို မကြာခဏ ကြားနေရသည်။ ရာထူးက မဆင်းချင်သူမို့ “ဆင်း”
ဆိုသည်ကို နားဝမှာ မကြားချင်။ တယ်လီဖုန်း ဆင်းကဒ်တွေကိုတောင်
အမိန့်အာဏာဖြင့် ပြောင်းလို့ရလျှင် မည်သူမျှ “ဆင်းကဒ်” ဟု မခေါ်ရပဲ
“ဖုန်းကဒ်” ဟုသာ ခေါ်ဆိုရမည်ဟု အမိန့်ထုတ်လိုက်ချင်သည်။ အခု
“ဆင်း..ဆပ်”ကိစ္စကို သူ့တပည့်ကျော် ဆယ်အိမ်ခေါင်း ဖိုးရှုပ်ကို
မေးကြည့်ဦးမည်ဟု တွေးမိသည်။
“ဟေ့ကောင် ဖိုးရှုပ် ၊ ငါ့ကို ရာထူးကဆင်းပြီး အကြွေးတွေ ဆပ်ခိုင်းတာ
ဘယ်အကောင်တွေလဲကွ”
“သူကြီးကို ဘယ်သူတွေက ဘာများ ပြောနေလို့လဲ”
“ရွာသားတွေ အတော်များများက “ဆင်း….ဆပ်..၊ဆင်း….ဆပ်” ဆိုပြီး ပြောနေကြတယ်လေ”
“သြော်….ဒါလား၊ ဆင်း …ဆပ်” ဆိုတာ သန်းခေါင်စာရင်း ကောက်နေတာပါ
သူကြီးရဲ့၊သိပ်လည်းကြောက်မနေပါနဲ့”
“ဟေ…ဂလိုလား၊ သိပါဘူး၊ ဟီး….ငါ့ကို ရာထူးကဆင်းခိုင်းပြီး
အကြွေးတွေဆပ်ခိုင်းနေတယ်မှတ်လို့”
ထိုစဉ် သန်းခေါင်စာရင်း ကောက်ယူသည့်အဖွဲ့မှာ ရွာထဲရောက်လာသည်။
သူကြီးနှင့်အရင်ဆုံးတွေ့လိုက်သည်။
“ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းကို လိုက်ကောက်ယူနေတာပါ”
“ဟိုက်။ ဒုက္ခပဲ၊ အားနာစရာတော့ ကောင်းနေပြီ”
“ဘာဖြစ်လို့ အားနာရတာတုန်းသူကြီးရဲ့”
“’ဒီလောက်အဝေးကြီးက တကူးတကလာမေးကြရတာ၊ ငါလည်း ဒီတစ်နိုင်ငံလုံးမပြောနဲ့၊
ငါ့ရွာမှာတောင် လူဦးရေဘယ်လောက်ရှိမှန်း အတိအကျမသိတာလေ၊ မောင်ရင်တို့ကို
ဘယ်လိုပြောနိုင်မှာတဲ့လဲ”

ရဲစတိုင်း


The Myanma Age

မုန့်များတွင် ဝက်မျိုးဗီဇပါဝင်နေကြောင်း တွေ့ပြီးနောက် မလေးရှားမုန့်ကုမ္ပဏီ စုံစမ်းစစ်ဆေးမှုများပြုလုပ်



ကွာလာလမ်ပူမြို့ စူပါမားကက်တစ်ခုအတွင်း Cadbury Dairy Milk ထုတ်ကုန်များခင်းကျင်းရာနေရာ၌ ပစ္စည်းများ ယာယီပြတ်လပ်နေသည်ဟု စာကပ်ထားသည်ကို မေလ ၂၈ ရက်က တွေ့ရစဉ် (MOHD RASFAN/REUTERS)
အစ္စလာမ်ဘာသာ ဝင် အများစုရှိသော မလေးရှား နိုင်ငံမှ မုန့်မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သည့် Cadbury Malaysia သည် ၎င်း၏ နို့ထွက်မုန့် တစ်မျိုးနှင့် နို့ချောင်းအမှတ် တံဆိပ်တစ်ခုတို့တွင် ဝက်မျိုးဗီဇ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရ ပြီးနောက် ဖြစ်စဉ်ကို သေချာစွာ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေ သည်။

ကုမ္ပဏီသည် ထုတ်ကုန်နှစ်မျိုးဖြစ်သည့် သစ်အယ်သီး နို့မုန့်နှင့် နို့ဗာဒံစေ့ချောင်းများတွင် ဝက်မျိုးဗီဇပစ္စည်းအချို့ ပါဝင်နေကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုစစ်ဆေးနိုင်ခဲ့ပြီးနောက် ဖြစ်စဉ်ကို ကုမ္ပဏီက သီးသန့်စစ်ဆေးမှုများ လုပ်ခဲ့ ခြင်းဖြစ်သည်။

၎င်းတို့ကုမ္ပဏီ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်လည်း Cadbury Malaysia က မွတ်စလင်များအတွက် ဟာလာစည်းမျဉ်း များနှင့် ညီညွတ်ရေးမှာ အရေး ကြီးသည်ကို ၎င်းတို့သိရှိကြောင်း၊ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဖော်ပြ သည်။

ကုမ္ပဏီသည် ပထမပိုင်းတွင် လူမှုမီဒီယာများ၌ ၎င်းတို့ ထုတ်ကုန်များတွင် ဝက်မျိုးဗီဇများ ပါဝင်မှုရှိသည်ကို တွေ့ရကြောင်း ပြောဆိုမှုများအပေါ် ပယ်ချခဲ့ပြီးနောက် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ စားသုံးသူများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက ထိုမုန့်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သောသတင်း အတည်မပြုနိုင်သေးမီမှာပင် ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။

The New Straits Times သတင်းစာကလည်း မလေးရှား တွင် ထိုသတင်းကြောင့် အနည်း ဆုံး အစ္စလာမ်မစ်အရပ်ဘက် အဖွဲ့အစည်း တစ်ဒါဇင်ခန့်က ကုမ္ပဏီအား ပြင်းထန်သည့် အရေးယူမှုများလုပ်ရန် ၎င်းတို့ စက်ရုံများအားလုံးကို ပိတ်ပစ်ရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။

—Ref: Aljazeera

7day

ကော်မရှင်၏ သတိပေးစာ၊ လူထုမျက်နှာ မူရေးနှင့် လူထုခေါင်းဆောင်



ဒေါ်အောင်ဆန်းစုကြည် ထံလိပ်မူပေးပို့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးစာကို အကြောင်းပြုလျက် အောက်ခြေပြည်သူလူထုအနေ ဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် လွတ်လပ်၍တရား မျှတသောရွေးကောက်ပွဲကျင်းပ ရေးတို့အပေါ် ယုံကြည်မှုကျဆင်း လာနိုင်ခြေရှိသည့်အားလျော်စွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သမာသမတ်ရှိရှိ၊ မယိမ်းမယိုင်၊ ကြားနေရပ်တည်နိုင်ရန် ပဓာနကျသည်။
———–
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်ထံပေးပို့ခဲ့သော ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိ ပေးစာပါ သုံးသပ်ချက်များသည် ပြည်သူလူထုအများစု၏အမြင် နှင့် ဖီလာဆန့်ကျင်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်သော၊ တရားမျှတသော၊ ဘက်မလိုက် သော အမြင်သဘောထားများကို ထုတ်ပြန်နိုင်ပြီး ပြည်သူလူထု အများစု၏ ဆန္ဒသဘောထားများကိုလွှမ်းခြုံနိုင်မှသာ မဲဆန္ဒရှင်ပြည်သူအများစု၏ ယုံကြည်မှုကိုရရှိနိုင်မည်ဖြစ်သည်။

၂၀၁၄ မေလ ၂၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အတွင်းရေးမှူး ဦးတင်ထွန်း လက်မှတ်ရေးထိုး ထားသော ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များ ကို သတိပြုလိုက်နာဆောင်ရွက် နိုင်ရေးအသိပေးအကြောင်းကြား စာတစ်စောင်ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ခဲ့သည်။

အကယ်စင်စစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ပတ်သက်၍ သတိပြုလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသည်သာ တာဝန်ရှိ  သည့်အလျောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ရေးအသိပေးမှုသည် ဘောင်မဝင်၊ လွဲချော်မှုတစ်ခုဟု သုံးသပ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်များသည် ဖွဲ့စည်း ပုံအခြေခံဥပဒေက ခွင့်ပြုထား သောဘောင်အား ကျော်လွန်မှုရှိ၊ မရှိကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့်သာ ထောက်ပြရမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးအနေ ဖြင့်လည်း အပြန်အလှန်ကြားနာ ပြီး အဆုံးအဖြတ်ပြုရမည်ဖြစ် သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ (က)အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များကို အနက်အဓိ ပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ပြီး ပုဒ်မ ၃၂၅ (စ)အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင ဥက္ကဋ္ဌအနေဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံး ဖြတ်ချက်နှင့် သဘောထားရယူ ရန် ခုံရုံးသို့တိုက်ရိုက်တင်သွင်းရ မည်ဖြစ်သည်။

‘‘ကျွန်မတို့တပ်မတော်ဟာ အမှန်တရားကိုရင်ဆိုင်ရပါမယ်။ ရင်ဆိုင်ပြီးတော့ ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင်လို့ ဥပ ဒေဘောင်အတွင်းက လွှတ်တော် အတွင်းကနေပြီးတော့ ကျုပ်တို့ တွေပြင်ဆင်သွားမယ်။ ကျုပ်တို့ တွေဟာ အာဏာမက်မောလို့၊ အထူးအခွင့်အရေးမက်မောလို့၊ နေရာမက်မောလို့လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူ လိုက်ပါလို့ ကျွန်မကတိုက်တွန်း ချင်ပါတယ်။ တိုက်တွန်းတယ်ဆို ပေမယ့် တစ်နည်းအားဖြင့်ပြော ရရင် စိန်ခေါ်မှုလို့လည်းပြောလို့ ရပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်၏ ပြောကြားချက်သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပ ဒေပါပြဋ္ဌာန်းချက်များကို ကျော် လွန်မှုလုံးလုံးမရှိသည်မှာ အထင် အရှားဖြစ်သည်။

တပ်မတော်အနေဖြင့် အမှန် တရားကိုရင်ဆိုင်ရန်၊ ပြည်သူ အတွက်အကောင်းဆုံးအခြေခံ ဥပဒေဖြစ်ဖို့ ဥပဒေဘောင်အတွင်း၊ လွှတ်တော်အတွင်းက ပြင်ဆင် ရန် အာဏာ၊ အထူးအခွင့်အရေး၊ နေရာမက်မော၍လုပ်နေခြင်း မ ဟုတ်သည်ကို သက်သေထူရန် တိုက်တွန်းမှုသာဖြစ်သည်။ စိန် ခေါ်မှုဟုသုံးနှုန်းခြင်းသည် ထိပ် တိုက်ရင်ဆိုင်သည့်သဘောမ ဟုတ်သည့်အပြင် တပ်မတော်နှင့် ပြည်သူလူထုအကြား ရင်ကြားစေ့ ရေးကို စိတ်စောနေသည့် အခြေခံ ဥပဒေပြင်ဆင်ရေးအခွင့်အလမ်း အား အမိအရဆုပ်ကိုင်ရေးကို ဦးတည်သော မြင့်မြင့်မားမား တိုက်တွန်းမှုတစ်ခုဟုသာသုံးသပ် နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရှင်း လင်းဆွေးနွေးပွဲများပြုလုပ်ရာ တွင် ပါတီအနေဖြင့်ဖြစ်စေ၊ ပါတီ ဝင်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ မိမိတို့ဝန်ခံလက်မှတ်ရေးထိုးထား သည့် (သို့မဟုတ်) ကတိသစ္စာပြု ထားသည့်ဖွဲ့စည်းပုံအခြေခံဥပ ဒေကို လေးစားလိုက်နာရန်တာ ဝန်နှင့် တည်ဆဲဥပဒေများနှင့် အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန် တာဝန်တို့ကို သတိပြု ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးအကြောင်းကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည် ဆဲဥပဒေများကို လေးစားလိုက် နာခြင်းတွင် ပွင့်လင်းမြင်သာမှုရှိ ရှိ၊ ဝေဖန်သုံးသပ်မှုများ၊ တိုက် တွန်းမှုများ၊ အကြံပေးမှုများကို တားမြစ်ထားခြင်းမရှိသည့်အပြင် ပြည်သူလူထုအကြား ပွင့်ပွင့်လင်း လင်းဝေဖန်ထောက်ပြမှုများသည် တရားဥပဒေစိုးမိုးရေးကို ထိန်း သိမ်းစောင့်ရှောက်ရန် ပျက်ကွက် သည်ဟု ကောက်ချက်ပြု နိုင်ကြောင်း ဖော်ပြထားခြင်းမရှိပေ။

နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ ပုဒ်မ ၆(ခ)အရ တရားဥပဒေစိုးမိုးရေးနှင့် အေး ချမ်းသာယာရေးကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ပုဒ်မ ၆(ဂ) အရ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ထိန်းသိမ်းစောင့်ရှောက် ရေးတို့ကို စောင့်ထိန်းလိုက်နာ မည်ဟု ခံဝန်ချက်ပြုထားရာတွင် ပုဒ်မ (၆)ပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်ကို လိုက်နာရန်ပျက်ကွက် သည်ကိုတွေ့ရှိသဖြင့် ကော်မရှင် က လိုက်နာဆောင်ရွက်ရန် ညွှန် ကြားခြင်းဖြစ်သည်။ အဆိုပါဟောပြောပွဲများသည် တရားဥပဒေစိုး မိုးရေး၊ အေးချမ်းသာယာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်း သိမ်းစောင့်ရှောက်ရေး စောင့်ထိန်းလိုက်နာရန်ပျက်ကွက်သည် ဟုတွေ့ရှိသောအချက်များကို ကော်မရှင်အနေဖြင့် အပြည့်အဝ ကိုးကားဖော်ပြရန်လိုအပ်ပြီး ပါတီ အနေဖြင့်လည်း ပြန်လည်ဖြေရှင်း ခွင့်ရရန် လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄(က)အရ ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ၊ အမိန့်ကြော် ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက် များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် (သို့မဟုတ်) တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက် နာခြင်းမရှိကြောင်း ကော်မရှင်က တွေ့ရှိလျှင် ထိုပါတီအား လိုအပ် သည်များကိုလိုက်နာဆောင်ရွက် ရန် အချိန်ကာလသတ်မှတ်၍ ညွှန်ကြားနိုင်သည်ဟုဖော်ပြထား သည်။

ပုဒ်မ ၂၄ (ဂ)တွင် ပုဒ်မ ၂၄(က)အရ ညွှန်ကြားသည့် အတိုင်း တိကျစွာလိုက်နာဆောင် ရွက်ရန် ပျက်ကွက်ပါက ကော် မရှင်သည် ယင်းပါတီအား နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းကိုသုံးနှစ်အထိ ယာယီရပ် ဆိုင်းနိုင်ပြီး လိုအပ်ပါက ပါတီ မှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းနိုင်သည်ဟုဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်စိန်မှန်နှင့် အောင်ပင်လယ် မိန့်ခွန်းများသည် တရားဥပဒေစိုး မိုးရေးနှင့် အေးချမ်းသာယာရေး ကိုထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်သည်ဟု ခိုင်လုံသော အထောက်အထားမပြနိုင်သည် မှာ အထင်အရှားဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်း မှပြင်ဆင်နိုင်ရန်ထောက်ခံဖို့ စည်းရုံးဟောပြောခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထိန်းသိမ်းစောင့် ရှောက်ရန် ပျက်ကွက်ခြင်းဟု ကောက်ချက်မပြုနိုင်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တပ်မတော်နှင့်ဆိုင်သောပြဋ္ဌာန်း ချက်များပါဝင်သည့် ပုဒ်မ(၅၉)ခု တွင် တပ်မတော်၏အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးကဏ္ဍများ၌ ပါ ဝင်မှု၊ တပ်မတော်နှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များပါဝင်သည့်ပုဒ်မ များအား ဝေဖန်သုံးသပ်မှု၊ အကြံ ပြုမှု၊ တိုက်တွန်းဆော်သြမှုတို့ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်ကိုကျော်လွန်သည်ဟု လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီဟုလည်းကောင်း ဖော်ပြထားခြင်းမရှိသည်ကိုတွေ့ ရှိရသည်။ ထို့ကြောင့် ဒေါ်အောင် ဆန်းစု၏ တပ်မတော်၊ တပ်မ မတော်သားများနှင့် ပတ်သက် သော စည်းရုံး၊ တိုက်တွန်း၊ ဝေဖန် သုံးသပ်ဟောပြောမှုများသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များ၏ဘောင်ကို ကျော်လွန် သည်ဟု ကောက်ချက်မပြုနိုင်ပေ။

အချုပ်အားဖြင့် ဆိုသော် ကော်မရှင်၏ သတိပြုလိုက်နာ ဆောင်ရွက်ရေးအကြောင်းကြား စာသည် ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ညီညွတ်မှုမရှိကြောင်း ထောက်ပြထားသော်လည်း အချက် အလက်ပြည့်စုံမှုမရှိသည့်အပြင် မဲဆန္ဒရှင်ပြည်သူလူထုအများစု၏ အမြင်သဘောထားနှင့်လည်း အံဝင်ခွင်ကျမဖြစ်သည်ကို သတိပြုမိသည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ကော်မရှင် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် များ၊ ညွှန်ကြားချက်များနှင့်ပတ် သက်၍ ပြည်ထောင်စုလွှတ်တော် တွင် ပြန်လည်သုံးသပ်ဆန်းစစ်ရန် လိုအပ်သည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များ နှင့်ကိုက်ညီမှုရှိ၊ မရှိကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အနေဖြင့် စဉ်ဆက်မပြတ်စောင့် ကြည့်လေ့လာသုံးသပ်နေရန်လို အပ်မည်ဖြစ်သည်။ ပြည်သူဗဟိုပြု အစိုးရ၊ပြည်သူ့အသံနှင့်တစ်ထပ်တည်းကျသော လွှတ်တော်များကိုဖော်ဆောင်ရာတွင် ပြည် ထောင်စုအဆင့်အဖွဲ့အစည်းဖြစ် သော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည်လည်း ပြည်သူ ကိုမျက်နှာမူလျက် ပြည်သူ့အသံ ကိုနားစွင့်သင့်ပါကြောင်း တိုက် တွန်းလိုက်ရပါသည်။

7day

ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သင့်တဲ့ အချိန်များ




မေသော် on 2014-05-27 17:41    
နေ့စဉ်နေ့တိုင်း GYM သွားတာမျိုး၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်နေကျမို့ ဘာတွေဘယ်လိုဖြစ်ဖြစ် မဖြစ်မနေကို လုပ်သင့်တယ်ဆိုတာမျိုးက ကောင်းပေမယ့် တစ်ခါတစ်လေ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်သင့်တဲ့ အချိန်လေးတွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့

၁။နေမကောင်းဖြစ်နေတဲ့အခါ

အဖျားတွေတက်၊ နေမကောင်းရတဲ့ကြားထဲ လေ့ကျင့်ခန်းလုပ်မှ ဖြစ်မယ်ဆိုတာမျိုး မတွေးလိုက်ပါနဲ့။ ဒါဟာ ဘယ်လိုမှ မလုပ်သင့်တဲ့အရာပါ။

၂။နလန်ထခါစအချိန်တွေမှာ

ဖျားတာ တစ်ပတ်လောက်ရှိပြီ။ ခုမှ နေပြန်ကောင်းခါစအချိန်မျိုး၊ ဒါမှမဟုတ် လနဲ့ချီ အိပ်ယာထဲလဲနေရာကနေ ခုပြန်ကောင်းလာလို့ Gym ပြန်ဆော့မယ်ဆိုတာမျိုး မလုပ်ပါနဲ့။ တစ်ပတ်ကျော်ကျော်လောက် နေပြီး ပုံမှန်ဖြစ်လာမှသာ လေ့ကျင့်ခန်းပြန်လုပ်ပါ။ ပြင်းပြင်းထန်ထန်တော့ မလုပ်ပါနဲ့ဦး။

၃။စိတ်ဓာတ်တွေကျနေတဲ့အခါ

စိတ်ဖိစီးမှုအရမ်းများတဲ့အခါ၊ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့အောင် စိတ်ဓာတ်ကျတဲ့အခါ လေ့ကျင့်ခန်းလုပ်ရင် သက်သာသွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ဒါဟာ စိတ်ရော လူကိုယ်ပါ ပင်ပန်းစေတဲ့အရာဖြစ်သွားပါလိမ့်မယ်။

၎။ထိခိုက်ဒဏ်ရာတစ်ခုခု ရထားတဲ့အခါ

ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတစ်ခုခုရထားတယ်ဆိုရင်လည်း လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်ပါဘူး။

၅။လေ့ကျင့်ခန်းအတွက် လိုအပ်တဲ့ ကိရိယာအပြည့်အစုံမရှိတဲ့အခါ

GYM သွားတဲ့အခါ အလွတ်ကစားတာမျိုး ဆိုတာရှားပါတယ်။ ဒါကို အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ကစားဖို့ မစဉ်းစားလိုက်ပါနဲ့။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အားကစားဖိနပ်ကိုလည်း စီးဖြစ်အောင်စီးပါ။

၆။အရက်နာကျနေတဲ့အခါ

ဒီလိုအချိန်အခါမျိုးမှာတော့ GYM ဆော့ဖို့ အာရုံမရနိုင်ပါဘူး။ ကြိတ်မှိတ်ပြီးတော့ ဆော့ဖို့လည်း မတွေးပါနဲ့။

၇။ကိုယ်ဝန်ရှိနေတဲ့အခါ

ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးဟာ GYM ဆော့ဖို့ မသင့်တော်ပါဘူး။ ဆရာဝန်တွေကလည်း ဒါကို တားမြစ်ထားပြီးသားပါ။

၈။ကလေးမီးဖွားပြီးမကြာခင်အချိန်အတွင်းမှာ

မီးဖွားပြီးခါစ အချိန်အနည်းငယ်အတွင်းမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဗိုက်ခွဲမွေးထားတဲ့ မိခင်တွေဆို ပိုတောင်ဆိုးပါသေးတယ်။

၉။လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်လိုမှ စိတ်မပါတဲ့အခါ

တစ်ခါတစ်လေ ၀တ္တရားအရ လေ့ကျင့်ခန်းလုပ်လိုက်ရတာမျိုး ကြုံဖူးမှာပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်လိုမှ စိတ်သွင်းလို့မရ၊ အိမ်ပြန်ချင်တာမျိုး၊ အိမ်မှာနားချင်တာမျိုးတွေဖြစ်လာခဲ့ရင်တော့ အိမ်ပြန်နေလိုက်တာ အကောင်းဆုံးပါပဲ။

Ref:lifespan.com
Trend Myanmar

ရည်းစားဟောင်းကို အိပ်မက်မက်တဲ့အခါ




မေသော် on 2014-05-29 16:24    
လက်ရှိရည်းစားရှိနေရက်နဲ့ အရင်ရည်းစားဟောင်းကို အိပ်မက်တွေ မက်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။  အွန်လိုင်းက DreamsCloud ရဲ့ စစ်တမ်းကောက်ချက်အရဆို လက်ရှိရည်းစားရှိနေရက်နဲ့ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့သူ အများအပြားရှိနေတဲ့အပြင်  ယောင်္ကျား၊မိန်းမ ၁၁၇၄ယောက်ကို စစ်တမ်းကောက်ကြည့်လိုက်တော့ အဲ့ဒီလူတွေထဲက ၂၉ရာခိုင်နှုန်းဟာ ရည်းစားဟောင်းကို အိပ်မက်အမြဲမက်နေကြပြီး ၂၅ရာခိုင်နှုန်းကတော့ လက်ရှိတွဲနေတဲ့ ရည်းစားကိုသာ အိပ်မက်မက်ကြပါတယ်တဲ့။ ဒါပေမယ့် ငါးယောက်မှာ တစ်ယောက်ကသာ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့ အကြောင်း လက်ရှိရည်းစားကို ပြောလေ့ရှိပြီး အများစုကတော့ လက်ရှိရည်းစားနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးတဲ့အတွက် သူတို့အိပ်မက်တွေအကြောင်း ဖွင့်ဟလေ့မရှိဘူးလို့လည်း သိရပါတယ်။

စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရဆိုရင် လူတစ်ယောက်ဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း အိပ်မက်မက်တာ၊ တစ်ခါတစ်လေ ချစ်တင်းနှောတယ်လို့ မြင်မက်မိတာမျိုးက သာမာန်ပါလို့ ဆိုကြတဲ့အပြင် အဲ့ဒါနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ့်ကိုယ် အပြစ်ရှိသူ တစ်ယောက်လို ခံစားနေစရာ မလိုအပ်သလို ကိုယ့်ချစ်သူအပေါ်မှာလည်း သစ္စာဖောက်ရာ မရောက်ဘူးလို့ ဆိုပါတယ်။ အချစ်ရေးရာအကြံပေးတစ်ယောက်ဖြစ်တဲ့ Terri Orbuch, (Ph.D) ကတော့ ကိုယ့်ရည်းစားဟောင်းကို အိပ်မက်မက်တာဟာ သူနဲ့ပတ်သက်ပြီး ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ကိုယ်ခံစားနေရတဲ့ ခံစားချက်တစ်ချို့ရှိနေလို့ပါတဲ့။ ကိုယ်က ခုတွဲနေတဲ့ ချစ်သူနဲ့အဆင်ပြေတယ်၊ အရာအားလုံး ဟာ ပျော်ရွှင်စရာ ဖြစ်နေတယ်ဆိုရင် ရည်းစားဟောင်းကို အိပ်မက်မက်တဲ့အခါ စိုးထိတ်မှု၊ ခြောက်လှန့်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။  ဒါဟာ အရင်ရည်းစားနဲ့ အဆုံးသတ်ခဲ့တဲ့ ပုံစံကြောင့် သူ့ကို အိပ်မက်ပြန်မက်နေတဲ့ သဘောပါ။ သူနဲ့လမ်းခွဲတုန်းက ဖြစ်ခဲ့တဲ့ ခံစားချက်ပေါ်မူတည်ပြီး ခုလိုမြင်မက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်မက်ဆိုတာ ကိုယ်မလုပ်နိုင်ခဲ့တဲ့အရာတွေကို အပြီးသတ်လိုက်နိုင်သလိုမျိုး မြင်မက်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ်သူ့ကို မပြောလိုက်ရတာတွေကို အိပ်မက်ထဲမှာ ပြောချလိုက်တာမျိုး၊ မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို လုပ်နိုင်သလိုမျိုးပါ။

တစ်ခါတစ်လေကျတော့လည်း ကိုယ့်လက်ရှိအချစ်ရေးက ကိုယ်ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ အရင်ရည်းစားကို အိပ်မက်ပြန်မက်ပြီး ပြန်တမ်းတမိသလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ တစ်ခါတစ်လေဆိုရင်တော့ ကိစ္စမရှိပါဘူး။ နောက်တစ်ချက်က ကိုယ့်လက်ရှိချစ်သူနဲ့ အဆင်ပြေနေရဲ့သားနဲ့ ရည်းစားဟောင်းနဲ့အတူ ချစ်တင်းနှောတာမျိုးတွေ အိပ်မက်မက်မိရင်လည်း ဒါပြဿ      နာမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ငါဘာ့ကြောင်းများ ရည်းစားဟောင်းကို အိပ်မက်မက်တာပါ လိမ့်လို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။ အဖြေကတော့ရှင်းပါတယ်။ အိပ်မက်မက်ပြီး အိပ်ရာနိုးတဲ့အခါ၊ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့လက်ရှိအချစ်ရေးကိုသာ စဉ်းစားကြည့်လိုက်ပါ။ ကိုယ်အဆင်ပြေနေသလား၊ ပျော်နေသလားပေါ့။ အဲ့ဒါနဲ့ ချိတ်ဆက်ပြီး စဉ်းစားရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ကိုယ်ပျော်နေရင် အရင်ရည်းစားကို အိပ်မက်မက်တာမျိုးက ကိစ္စမရှိပေမယ့် ကိုယ့်လက်ရှိအချစ်ရေးက မသာယာဘူးဆိုရင် တော့ ကိုယ်ဟာအရင်ရည်းစားကို ခုလက်ရှိရည်းစားနဲ့ အဆင်မပြေတဲ့အရာတွေအတွက် ကိုယ်ဖြစ်ချင်တာတွေကို တမ်းတအိပ်မက်မက်နေခြင်းပါပဲ။

ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူရည်းစားနဲ့က လပိုင်းလောက်ပဲ ရှိသေးတာမို့ တစ်ယောက်အကြောင်း တစ်ယောက်မသိနိုင်ပါဘူး။ ဒါ့အပြင် တစ်ယောက်အကြိုက်ကိုလည်း တစ်ယောက်ခုမှ လေ့လာတုန်းအဆင့်ပါ။ ဒီအချိန်မှာ ကိုယ့်ဘက်က အချို့အရာတွေအတွက် မရောင့်မရဲဖြစ်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ အရင်ရည်းစားနဲ့ကကျတော့ အချိန်ကာလအတော်ကြာ တွဲထားတာမျိုးဆိုရင် ပိုဆိုးပါသေးတယ်။ ခုလက်ရှိအချစ်ရေးကို ကိုယ့်ဘက်က သဘောသိပ်မကျသေးတာမျိုးပေါ့။ အဲ့ဒါမျိုးဆိုရင် ခုရည်းစားနဲ့ သိပ်အဆင်မပြေတဲ့အခါ၊ ဒါမှမဟုတ် သူနဲ့တွဲရတာ တဖြည်းဖြည်း သဘောမကျဖြစ်လာတဲ့အခါ ရည်းစားဟောင်းကို အိပ်မက်မြင်မက်လာတတ်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ အချိန်တိုင်း၊ ညတိုင်း ရည်းစားဟောင်းကိုချည်း အမြဲမက်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ ခုလက်ရှိရည်းစားနဲ့ ကိုယ်နဲ့က တစ်ဦးကို တစ်ဦးနားလည်တယ်၊ အဆင်လည်းပြေတယ်ဆိုရင်တော့ ခုကိစ္စမျိုးဖွင့်ပြောတာ ကိစ္စမရှိပါဘူး။ တိုင်ပင်ရာလည်းရောက်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ သူလည်း ကိုယ့်ကို အရင်ရည်းစားနဲ့ သ၀န်တိုတာမျိုးတွေဘာတွေ ဖြစ်လာနိုင်တာကြောင့် ဒီအခြေအနေကို ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ရည်းစားဟောင်းကို ပြန်အိပ်မက်မက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ခုလက်ရှိရည်းစားအပေါ်ထားတဲ့စိတ်၊ နှစ်ဦးသားအခြေအနေတွေကို အခြေခံပြီးတော့လည်း ရည်းစားဟောင်းကို မြင်မက်တတ်ပါတယ်။



womenshealthmag.com/
Trend Myanmar