ရေထွက်ပို့ကုန် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့

ပို့စ်တင်ချိန် - 5/29/2014 09:36:00 PM


ကုန်ဆုံးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ရေထွက်ပို့ကုန်က ရတဲ့ဝင်ငွေဟာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု လုံးဝ မရှိရုံမက ၃၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့ ရေထွက်ပို့ကုန်က ရတဲ့ ၀င်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ နီးပါး ရှိခဲ့ပေမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ဒေါ်လာ သန်း ၂၆၀ ကျော်ပဲ ရပြီး အမေရိကန်ဒေါ်လာ ၁၁၆ သန်း လျော့နည်းရခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရတာဟာ မွေးမြူရေးငါး အကောင်ရေ ရှားပါးတာ၊ ပြည်ပပို့ကုန် စံချိန်မမီတာတွေကြောင့် ဖြစ်ရတာလို့ အဏ္ဏ၀ါဒေ၀ီ ငါးလုပ်ငန်း တာဝန်ရှိသူ ဒေါ်တိုးနန္ဒာတင်က အင်းစိန် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးရဲ့ မေလ ၂၇ ရက်နေ့ ဆွေးနွေးပွဲမှာ ပြောတာ ဖြစ်ပါတယ်။

လက်ရှိ ရေထွက်ပို့ကုန် ကျဆင်းနေတဲ့ ပြဿ နာဟာ ငါးနဲ့ ပုစွန်မွးမြူရေးလောကမှာရော၊ ပင်လယ်ပြင် ငါးဖမ်းလောကမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပြီး လာမယ့်နှစ်မှာလည်း ရေထွက်ကုန် ကနေရတဲ့ ၀င်ငွေ တိုးတက်လာဖို့ မမြင်မိသေးဘူးလို့ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

DVB Burmese