X-Men: Days of Future Past ကြည့်တဲ့အခါ လွတ်သွားနိုင်တဲ့ အချက်များ (အပိုင်း ၁)

ပို့စ်တင်ချိန် - 5/29/2014 02:40:00 PM




   
နောက်ဆုံးထွက် X-Men: Days of Future Past ဟာ ရုံတင်တင်ချင်းအပတ်မှာတင် စံချိန်တင်ဝင်ငွေရရှိပြီး box office မှာ နံပါတ်တစ်နေရာချိတ်ခဲ့ပါတယ်။ Marvel ရုပ်ပြစာအုပ်တွေမှာသာ ပါဝင်တဲ့ တစ်ချို့  ဇာတ်ကြောင်းလေးတွေကြောင့် အဆက်အစပ်မရှိတဲ့ ပရိတ်သတ်တွေ အခက်အခဲမတွေ့ ရအောင် ဒီ အချက် ၁၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ The Maximoff Family

X-Men ပရိတ်သတ်စစ်စစ်တွေကတော့ Magneto ဟာ ဗီဇပြောင်းလူသား မောင်နှမ Quicksilver နဲ့ Scarlet Witch တို့ ရဲ့ အဖေအရင်းဖြစ်တယ်ဆိုတာ သိပြီးကြမှာပါ။ ဒါကို ရုပ်ရှင်ထဲမှာ တိုက်ရိုက်မပြောရသေးဘဲ သွယ်ဝိုက်သလောက်ပဲ ပြောထားပါသေးတယ်။ Quicksilver အိမ်ရဲ့ စာပို့ သေတ္တာမှာ ဒီ Maximoff နာမည်ကို တွေ့ မြင်နိုင်ပါတယ်။ ဒါဟာ ရုပ်ရှင်ထဲမှာ တစ်ခါမှာမဖော်ပြရသေးတဲ့ Magneto နဲ့ Quicksilver တို့ ရဲ့ သားအဖ တော်စပ်ပုံဖြစ်ပါတယ်။ ဒါကိုတော့ ၂၀၁၆ မှာထွက်မယ့် X-Men: Apocalypse မှာ ဖော်ပြနိုင်ပါတယ်။



၂။ X-Men: First Class ရဲ့ ဇာတ်ကောင်တွေ ဘာဖြစ်သွားလဲ။

ဒီနောက်ဆုံးထွက် X-Men ကိုမကြည့်ခင်မှာ First Class နဲ့ အခု Days of Future Past ကြားထဲက ဇာတ်ကောင်တွေ ဘာဖြစ်ခဲ့လဲဆိုတာ တစ်ချို့ ပရိသတ်တွေ သိချင်ကြမှာပါ။ Angel၊ Banshee၊ Emma Frost ၊ Riptide နဲ့ Azazel တို့ ဟာ ပိတ်ကားပေါ် ပါဝင်လာခြင်းမရှိပါဘူး။



၃။ ဧည့်သည်သရုပ်ဆောင်

X-Men: Days of Future Past ရုပ်ပြစာအုပ်ရဲ့ ဇာတ်ကြောင်းကို မူလရေးသားခဲ့သူ Chris Claremont ဟာ ဒီဇာတ်ကားမှာ Storm,Colossus, Nightcrawler နဲ့ Wolverine ဇာတ်ကောင်တွေကို ဖန်တီးမှုမှာ အဓိက ကျတဲ့ Len Wein နဲ့ အတူ ဧည့်သည်သရုပ်ဆောင် ၊ အမေရိကလွှတ်တော်အမတ်အဖြစ် ပါဝင်ထားပါတယ်။ ဒါရိုက်တာ Bryan Singer ကိုလည်း ဒီကားမှာ တွေ့ နိုင်ပါတယ်။ ဗီဇပြောင်းလူသားတွေ လူအများရှေ့  ပထမဆုံး ပေါ်ထွက်လာတဲ့ သမိုင်းဝင်အချိန်ကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာပါ။



၎။ Kitty Pryde နဲ့ Colossus တို့ နောက်ဆုံးမှာ တွဲရပြီ

ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ ဗီဇပြောင်းလူသား တစ်ချို့ ရဲ့  happy ending တစ်ခုကို ကျွန်တော်တို့ မြင်တွေ့ ရ ဖို့ ရှိပါတယ်။ ရုပ်ပြစာအုပ်ထဲမှာ ချစ်ကြိုက်နေတာတော်တော်ကြာပြီဖြစ်တဲ့ Kitty Pryde နဲ့ Colossus တို့ ကို ဒီဇာတ်လမ်းမှာ အတူမြင်တွေ့ ရဖို့ ရှိပါတယ်။



၅။ ကျွန်တော်တို့ ဟာ အခု အနာဂတ်မှာ နေထိုင်နေတာပါ။

X-Men: Days of Future Past မူရင်း ရုပ်ပြစာအုပ်မှာ ပါတဲ့ အနာဂတ် က ၂၀၁၃ ခုနှစ် ဖြစ်ပါတယ်။ ဒီဇာတ်ကားကို စတင်ရိုက်ခဲ့တဲ့ ခုနှစ်အတိအကျပါပဲ။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလားတော့ မသိပါဘူး။ ဇာတ်ကားထဲမှာတော့ အနာဂတ်နှစ်ကို ၂၀၂၃ လို့ ပြောင်းလဲပြင်ဆင်ထားပါတယ်။



Ref: movieweb.com
Trend Myanmar