တရားစီရင်ရေးမဏ္ဍိုင်အား မကျေနပ်သဖြင့် တရားလွှတ်တော်ရှေ့နေတဦး ပြင်ဦးလွင်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 5/29/2014 09:17:00 PM


တရားစီရင်မှုတွေမှာ မမှန်မကန်လုပ်နေတဲ့ တရားသူကြီးများနဲ့ တရားရေး ၀န်ထမ်းများကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက မေလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့မှာ
ပြင်ဦးလွင်ခရိုင်တရားရုံးကနေ မြို့နယ်တရားရုံးထိ တကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV
===============================================

ရှေ့နေဦးဇော်ဝင်းက တကိုယ်တော် ဆန္ဒပြ






မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် တရားရေးမဏ္ဍိုင် ပျက်စီးနေကြောင်းနှင့် အဂတိလိုက်စားနေသူများကို ဖယ်ရှားပေးရန် တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းက တကိုယ်တော် ဆန္ဒပြမှုကို မေလ ၂၉ရက် မွန်းလွဲ ၂ နာရီတွင် ခရိုင်တရားရုံးရှေ့မှ စတင်ကာ ဆန္ဒပြသည်။


(ဓါတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
Mizzima Burmese