သူတို့ ဆေးခြောက်သုံးနေတာကို Linkin Park က ရဲကို တိုင်ခဲ့တယ်ဆိုတဲ့ Sublime with Rome

ပို့စ်တင်ချိန် - 5/29/2014 02:26:00 PM


 
နောက်လအထဲမှာ အယ်ဘမ်အသစ်ထွက်ရှိတော့မယ့် Linkin Park ဟာ မကြာသေးခင်က အရီဇိုးနားမှာ Sublime with Rome နဲ့ အတူ စင်မြင့်မှာ အတူဖျော်ဖြေခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတော့ ခွာပြဲနေပြီလား မသိပါဘူး။ Sublime with Rome က အဆိုတော် Rome Ramirez အဆိုအရ Linkin Park ဟာ သူတို့ အဖွဲ့ ကို ဆေးခြောက်ကိစ္စနဲ့ ရဲတွေဆီ တိုင်ကြားခဲ့ပြီး Sublime with Rome က ကောင်တွေ ဆေးခြောက်နဲ့ ဓာတ်မတည့် ဘူးလို့ ပြောခဲ့သေးတယ်လို့ သိရပါတယ်။ ရဲတွေဟာ သူတို့ အဖွဲ့ စင်ပေါ်ဖျော်ဖြေနေတုန်း ဆေးခြောက်တွေကို လာရောက်သိမ်းဆည်းသွားခဲ့တယ်လို့ Rome က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖမ်းဆီးမှုတွေတော့ ရှိခဲ့ပုံမပေါ်ပါဘူး။

Rome ဟာ Linkin Park အဖွဲ့ ကို တော်တော်ရယ်ရတဲ့ အဖွဲ့ လို့ ကင်ပွန်းတပ်လိုက်ပါတယ်။

ဒါပေမယ့် Linkin Park အဖွဲ့ ရဲ့ ရက်ပ်အဆိုတော် Mike Shinoda ကတော့ ဒီသတင်းတွေကို twitter ကနေ တဆင့် ငြင်းဆန်ထားပါတယ်။ LP ဟာ Sublime with Rome နဲ့ ပတ်သတ်ပြီး ရဲတွေကို မတိုင်ကြားခဲ့ကြောင်း ပြန်လည် ဖြေရှင်းချက်ထုတ်ထားပါတယ်။

Ref: altpress.com
Trend Myanmar