ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) သုံးသပ်ချက်

ပို့စ်တင်ချိန် - 5/29/2014 12:47:00 PM


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၂ ရက်မှာ စတင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု ၈ ခုအနက် အုပ်စု – ခ အုပ်စုတွင်း သုံးသပ်ချက် ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းဟာ အုပ်စု – ခ မှာ နယ်သာလန်၊ ချီလီ၊ သြစတြေးလျအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး အုပ်စုတွင်းပါတဲ့ အသင်းတွေ ကြည့်ပြီး ယေဘုယျပြောရင် လက်ရှိချန်ပီယံ စပိန်နဲ့ နယ်သာလန်တိုပဲ အုပ်စုတက်မယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ဦးဟိန်းသန့်ကတော့ ဒီအုပ်စုမှာပါတဲ့အသင်း ၄ သင်းစလုံး ခြေညီတယ်လို့ သုံးသပ်ပါတယ်။

“၄ သင်းစလုံးက ခြေညီတယ်။ ၄ သင်းစလုံး အနေအထားကတော့ အုပ်စု တက်မယ့် အသင်းက မှန်းရခက်တယ်။ နယ်သာလန်က ပြဿ နာ နည်းနည်းရှိတယ် ကျစ ပြုနေတယ်။ သူတို့ကို သိပ်အားမရဘူး။ ချီလီက လူငယ်တွေများပြီး ဒီနှစ်မှာ ပိုပြီး အတွေ့အကြုံလေး ရလာပြီ။ သြစတြေးလျက သက်ကြီးကစားသမားတွေများတော့ ဘရာဇီးရာသီဥတုဒဏ်နဲ့ ဆက်တိုက်ကစားဖို့ သိပ်မလွယ်ဘူးပေါ့။ စပိန် က အရှိန်နဲ့ သွားဖို့ရှိတယ်။ ဒါပေမယ့် သူတို့က စပိန်က ပိုဆိုးတာက အုပ်စု အထနှေးတယ်။ စကစားရမှာက နယ်သာလန် ဆိုတော့ သူတို့လည်း ကျပ်သွားဖို့ များတယ်။ ဒီအုပ်စုက အဓိက ကျနော်မှန်းတာကတော့ တောင်အမေရိက ဒေသခံအသင်းဖြစ်တဲ့ ချီလီ တက်ဖို့များတယ်။ ကျန်တဲ့ ၂ သင်းကတော့ စပိန်၊ နယ်သာလန် တသင်းသင်းတော့ တက်ဖို့ များတယ်။”

ကလပ်အသင်းတွေမှာ လတ်တလော ခြေစွမ်းပြနေကြတဲ့ စပိန်က ရာမို့စ်၊ အင်ဒီယေစတာနဲ့ နယ်သာလန်က ဒဏ်ရာက သက်သာလာစ ဗန်ပါစီတို့ဟာ အုပ်စု – ခ မှာ စောင့်ကြည့်ရမယ့် ကစားသမားတွေ ဖြစ်ပါတယ်။

လာမယ့် ဇွန် ၁၃ ရက်မှာ အုပ်စု ခ က စပိန်နဲ့ နယ်သာလန်၊ ချီလီနဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

DVB Burmese