ယခင်ရန်ငြိုးများမေ့ပစ်လိုက်ပါဟု မအူပင် ကရင်လူထုကို KNU ဆို

ပို့စ်တင်ချိန် - 5/29/2014 02:26:00 PM



မအူပင်၊ လက်ရှိနိုင်ငံတော်အစိုးရနှင့် စစ် မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကရင်တိုင်းရင်းသားနှင့် ယခင်အစိုးရအ ကြားဖြစ်တည်ခဲ့သည့် အာဃာတများ၊ ရန်ငြိုးများကို မေ့ပျောက်ထားရန်လိုအပ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး များအား နိုင်ငံရေးနည်းအရ စကားဝိုင်း ၌ အေးအေးချမ်းချမ်း ဖြေရှင်းရန် အခွင့် အရေးမရခဲ့သည့်အတွက် မငြိမ်းချမ်းမှု များနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ¤င်း ကဆိုသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။

Yangon Media Group