မန်ယူအသင်းပိုင်ရှင် ကွယ်လွန်

ပို့စ်တင်ချိန် - 5/29/2014 08:26:00 AM



၂၀၀၅ ခုနှစ်က စလို့ မန်ယူကို ၀ယ်ခဲ့တဲ့ အမေရိကန်သူဌေး မာကွန် ဂလေဇာ ဟာ အသက် ၈၅ နှစ်မှာ ကွယ်လွန်သွားပါတယ်။

မန်ယူရဲ့ ရှယ်ယူ ၉၀% ကို ပိုင်ဆိုင်ထားတဲ့ ဂလေဇာမိသားစုရဲ့ ရှယ်ယာ တန်ဖိုးတွေဟာ အခုနာရေး သတင်းကြောင့် အနည်းငယ် ကျဆင်းသွားပါတယ်။

မန်ယူ အသင်းကလည်း ပရိသတ်အားလုံး နဲ့ အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ကလပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒေါ်လာ ၁.၂ ဘီလီယံ နဲ့ ၂၀၀၅ မှာ မန်ယူကို ၀ယ်ယူခဲ့တုန်းက မန်ယူပရိသတ်တွေ အကြား မကျေနပ်မှုတွေ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ကတော့ ကလပ်သူဌေးတွေနဲ့ အဆင်ပြေကြောင်း ၂၀၁၂ သူအနားမယူခင် တနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။

ကွန်လွန်သူ သူဌေးဟာ American Football ကလပ် Tampa Bay Buccaneers ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။


Radio Australia - Myanmar