နိုင်ငံတကာသတင်းတိုများ

ပို့စ်တင်ချိန် - 5/29/2014 02:42:00 PM



ထိုင်းသတင်းထောက်နှစ်ဦးကိုသတိပေး

ထိုင်းနိုင်ငံဒေသခံ သတင်းထောက် နှစ်ဦးက အာဏာသိမ်း စစ်ခေါင်းဆောင်အား “မလျော်ကန်သော မေး ခွန်း” များ မေးမြန်းခဲ့သောကြောင့် ထိုင်းစစ်တပ်မှ ဆင့်ခေါ်ခဲ့သည်ဟု မေလ ၂၈ ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့များအားဖိအားပေးသွားမည်

အိန္ဒိယ၀န်ကြီးချုပ်သစ်မိုဒီက အကြမ်းဖက်အဖွဲ့များအား ဖိအားပေးသွားမည်ကြောင်းကို ပါကစ္စတန် ၀န်ကြီး ချုပ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့စဉ်အတွင်း ပြောကြားခဲ့သည်ဟု မေလ ၂၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ညမထွက်ရအမိန့်အတွက်အချိန်လျှော့ချ

ထိုင်းနိုင်ငံအမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ(NCPO) က ညမထွက်ရ အမိန့် အတွက် အချိန်အတိုင်းအတာကို လက်ရှိ ခုနစ်နာရီ သတ်မှတ်ထားရာမှ လေးနာရီသို့ လျော့ချပေးခဲ့သည်ဟု မေလ ၂၈ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အသစ်ထုတ်ပြန်လိုက်သော ညမထွက် ရအမိန့်သည် ညသန်းခေါင်မှ နံနက် လေးနာရီ ထိသာ ဖြစ်သည်။

သြစတြေးလျနိုင်ငံ လေထု အရည်အသွေး ကျဆင်းလာနေ

သြစတြေးလျနိုင်ငံ လေထု အရည်အသွေးသည် လွန်ခဲ့သော ဆယ်စုနှစ်က စတင်ပြီး တဖြည်းဖြည်း လျော့ ကျလာခဲ့ကာ နိုင်ငံအတွင်းရှိ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းများသည် လေထု ညစ်ညမ်းမှုအတွက် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ဗဟိုအစိုးရသစ်က သတင်းထုတ်ပြန်ခဲ့သည်ဟု မေလ ၂၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားပြည်သူ့ပါတီ အနိုင်ရ

အာဏာရပါတီဖြစ်သော ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သည် မေလ ၁၈ ရက်က ကျင်းပခဲ့သော မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့် ကောင်စီအဖွဲ့ဝင် နေရာများအတွက် ဒုတိယအကြိမ် မြောက် ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၃၂၄ တွင် နေရာပေါင်း ၂၅၄၀ ရရှိကာ အနိုင်ရရှိခဲ့ကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်ဟု မေလ ၂၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မာလီ ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

မာလီ ကာကွယ်ရေးဝန်ကြီး ဆိုမီလိုမိုင်ဂါသည် ရာထူးမှနုတ်ထွက်ခဲ့သည်ဟု မေလ ၂၈ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နုတ်ထွက်ရခြင်းမှာ စစ်တပ်မှ တွာရစ်ခွဲထွက်ရေးသမားများအား ရှက်ဖွယ်အရေးနိမ့်ခဲ့သော ဖြစ်ရပ်ဖြစ် သည့် မြောက်ဘက်မြို့များ သိမ်းပိုက်ခံရမှု နောက်ပိုင်း တစ်ပတ်အကြာတွင် ဖြစ်ကြောင်း ၀န်ကြီးနှင့် နီး စပ်သော အသိုင်းအ၀ိုင်းက ပြောသည်။

စနိုးဒန် သူလျှိုဖြစ်ကြောင်း ၀န်ခံ

အမေရိကန်နိုင်ငံ၏ ပြည်တွင်း ထောက်လှမ်းရေး အချက်အလက်များကို ထုတ်ဖော်ခဲ့သည့် အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း စနိုးဒန်က ၎င်းမှာ “သူလျိုတစ်ဦး” အဖြစ် လေ့ကျင့်ခံခဲ့ရကြောင်းနှင့် အမေရိကန် ထောက်လှမ်းရေးအတွက် နိုင်ငံရပ်ခြားတွင် သူလျှိုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည် ဟု မေလ ၂၈ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရွှေ့ပြောင်းလုပ်သားပေါင်း ၈၀၀ ကျော် ရဲတပ်ဖွဲ့ဖယ်ရှား

ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ကာလေ့စ်မြို့ရှိ ဆိပ်ကမ်းတဲစခန်းများတွင် နေထိုင်သည့် အာရှ၊ အရှေ့အလယ် ပိုင်းနှင့် အာဖရိကမှရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားပေါင်း ၈၀၀ ကျော်ကို ရဲတပ်ဖွဲ့များက ဖယ်ရှား သွားမည် ဖြစ်သည်ဟု မေလ ၂၈ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆေးတု၊ ဆေးပြားပေါင်း ၄၂,၀၀၀ ရှာဖွေတွေ့ရှိခဲ့

စပိန်ရဲတပ်ဖွဲ့က အာရှတွင်ပြုလုပ်သည်ဟု အင်တာနက်တွင် ကြော်ငြာထားသည့် လိင်စိတ်ကြွဆေးများနှင့် ပဋိဇီဝဆေးများ အပါအ၀င် ဆေးဝါးတုများ ရောင်းချနေသည်ဟု သံသယရှိသူ ၁၃ ဦးအား ဖမ်းဆီးထိန်း သိမ်းခဲ့သည်ဟု မေလ ၂၈ရက်က ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

အာဏာပိုင်များက ခရီးဆောင်အိတ်နှင့် လေကြောင်းပါဆယ်ထုတ်များတွင် ဆေးထုပ်ပေါင်း ၁၃၆ ထုပ် ကို ရှာဖွေရာ ဆေးတု ဆေးပြားပေါင်း ၄၂,၀၀၀ ရှာဖွေတွေ့ရှိခဲ့သည်။

မြေပြိုမှုတွင် ပျောက်ဆုံးနေသာ လူသုံးဦးကို ရှာဖွေ

အမေရိကန်နိုင်ငံ ကော်လိုရာဒို ပြည်နယ်အနောက်ပိုင်းGrand Mesa National Forest အနီးတွင် ဖြစ်ပွား ခဲ့သည့် မြေပြိုမှုများတွင် ပျောက်ဆုံးနေသာ လူသုံးဦးကို ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့များက ရှာဖွေ လျက်ရှိသည်ဟု မေလ ၂၈ရက်က အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

Mizzima Burmese