ပုဒ်မ ၄၃၆ အကြောင်း သိကောင်းစရာ

ပို့စ်တင်ချိန် - 5/29/2014 12:22:00 PM


ပုဒ်မ ၄၃၆ တွင် “(က) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀ ၊အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

(ခ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များ မှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ဟုလည်းကောင်း ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရပါသည်။

အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခုကို လေ့လာလျှင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသည် မ ဆ လ တပါတီ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနှင့် ကန့်သတ်ပုံခြင်း တပုံစံတည်း ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်နိုင်ပါသည်။

ပါလီမန် ဒီမိုကရေစီ ခေတ်က ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ပုဒ်မများကို လုံးဝကန့်သတ်ထားချက် မပါရှိပါ။ ဆန္ဒခံယူပွဲ ကျင်းပရန်လည်း မလိုအပ်ပါ။ ကိုယ်စားလှယ် အမတ် သုံးပုံ နှစ်ပုံမဲဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့သည့် သာဓကကို တွေ့ရပါသည်။

လက်ရှိ အာဏာရ ကြံ့ဖွံ့အစိုးရနှင့် ကြံ့ဖွံ့လွှတ်တော်ကို ကြည့်မည်ဆိုလျှင် တမိုးလုံး ဖျောက်ဆိတ်ဟု ပြောရမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှင့် တပ်မတော် လူထွက် ကြံ့ဖွံ့အမတ်များက ပြည်ထောင်စု လွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော်အောင် နေရာယူထားပြီးဖြစ်သောကြောင့် ကြံ့ဖွံ့နာယက ဗိုလ်သန်းရွှေ ရေးဆွဲထားခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်နည်းနှင့်မျှ ဖြည့်စွက် ပြင်ဆင် အစားထိုးရန် ဖြစ်နိုင်ချေ ရှိမည် မဟုတ်ပါ။

ပြင်ဆင်ရန် အလွန်ခက်ခဲလွန်းသည့် ပြဋ္ဌာန်းချက်များဖြင့် ကန့်သတ်ထားသည်ကိုသာ တွေ့ရှိရပါသည်။ ပြင်ဆင်နိုင်ရန် ဆိုပါလျှင် ပုဒ်မ ၄၃၆ (က) (ခ) တခုလုံးကို ပယ်ဖျက်ပစ်ရပါမည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကဲ့သို့သာဖြစ်သင့်ပါသည်။ ကန့်သတ်ပုဒ်မများ လုံးဝမပါရှိဘဲ၊ သုံးပုံနှစ်ပုံ မဲဖြင့် အတည်ပြု ဆုံးဖြတ်နိုင်ရပါမည်။

ဦးမျိုး (ဥပဒေ)
https://www.facebook.com/constitutionmya