အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူ အသင်းကြီးများအားလုံး အနိုင်ရ

ပို့စ်တင်ချိန် - 10/27/2013 12:34:00 PM


ပရီးမီးယားလိဂ်ပွဲစဉ်(၉) စနေနေ့ အစောပိုင်း ပွဲစဉ်များတွင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူစသည့် အသင်းကြီးများအားလုံး နိုင်ပွဲကိုယ်စီ ရရှိခဲ့သည်။ အာဆင်နယ် အသင်းမှာ ကွင်းလယ်လူ အာတီတာ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ ရသော်လည်း အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့သဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ မန်ယူအသင်းမှာလည်း စတုတ်စီးတီးအသင်း၏ အကြိမ်ကြိမ်ဦးဆောင်ခြင်းကို ခံခဲ့ရသော်လည်း ချေပဂိုးများ ပြန်လိုက်သွင်းကာ လူစားဝင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်၏ ခေါင်းတိုက်ဂိုးဖြင့် အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ခဲ့သည်။ လီဗာပူးလ်နှင့် အဲဗာတန် အသင်းတို့မှာလည်း နိုင်ပွဲများ ရရှိခဲ့သဖြင့် အစောပိုင်း ပွဲစဉ်များ အပြီးတွင် လီဗာပူးလ်က အဆင့်(၂)၊ အဲဗာတန်က အဆင့်(၃)နေရာသို့ ရောက်ရှိလာခဲ့သည်။

ပွဲရလဒ်များ
ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်
အက်စတွန်ဗီလာ ၀-၂ အဲဗာတန်
လီဗာပူးလ် ၄-၁ ၀က်စ်ဘရွန်း
မန်ယူ ၃-၂ စတုတ်စီးတီး
နောဝစ်ခ်ျ ၀-၀ ကာဒစ်ဖ်
ဆောက်သမ်တန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ည ၁၁ နာရီတွင်ကစားမည်)
Eleven Media Group