တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေများကူးယူဖြန့်ချီသူအားဖမ်းဆီး

ပို့စ်တင်ချိန် - 10/27/2013 11:05:00 AM


ရန်ကုန်၊ အောက်တိုဘာ ၂၇

၂၆.၁၀.၂၀၁၃ရက်နေ့ ၀၈၄၅အချိန် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့
ခိုးကူးခွေများဖြန့်ချီနေကြောင်းသတင်းအရ အောင်ကျော်သူ(ဘ)ဦးလှသန်း၊
ကျောက်မြောင်းအရှေ့ရပ်ကွက်၊ တာမွေမြို့နယ်နေသူ၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ တိုက်လှေကားခြေရင်းတွင် အောင်ကျော်သူအား ဆင်ဆာမဲ့နိုင်ငံခြားကူးခွေ (၂)ထုပ်၊ စုစုပေါင်းအခွေ(၂၄၀၀)ချပ်နှင့်
အတူတွေ့ရှိရပြီး ၎င်း၏နေအိမ်တိုက်ခန်းအတွင်းသို့ ၀င်ရောက်ရှာဖွေရာ တစ်ကြိမ်လျှင်(၁၀)ခွေကူးယူနိုင်သည့် အခွေကူးစက်(၆)လုံးနှင့် ဆက်စပ် ပစ္စည်းများ၊နိုင်ငံခြားဇာတ်လမ်းကူးခွေ(၁၁၀၀)ချပ်၊နိုင်ငံခြားဇာတ်လမ်းအခွေ
ကာဗာ (၅၀၀၀)ရွက်၊ အခွေလွတ် (၂၅၀)ချပ်တို့အားတွေ့ရှိသိမ်းဆည်း
ရမိသဖြင့် အောင်ကျော်သူအား တာမွေမြို့မ ရဲစခန်း(ပ)၄၇၅/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police