အမျိုးသားပရိသတ် အကြိုက်တွေ့မည့် ဟယ်လန်ဖလာနာဂန်၏ ပြက္ခဒိန်သစ်

ပို့စ်တင်ချိန် - 10/27/2013 01:56:00 PM



ဟယ်လန် ဖလာနာဂန်၏ ပြက္ခဒိန်အသစ်သည် သူမကို နှစ်သက် အားပေးသည့် အမျိုးသား ပရိသတ်များအတွက် ပေးရသည့် ငွေကြေးနှင့် လုံးဝ ထိုက်တန်စေကြောင်း ဟောလီးဝုဒ် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ Fizzy Daysစတား ဗြိတိသျှ မော်ဒယ်လ် မင်းသမီးသည် (၂၀၁၄)ခုနှစ်အတွက် ညှို့ချက်ပြင်းပြင်း ဓာတ်ပုံများ ပါဝင်သည့် ပြက္ခဒိန်အသစ်ကို စတင် ထုတ်ဝေလိုက်ပြီ ဖြစ်သည်။ ဟယ်လန်သည် ဆွဲဆောင်မှု ပြင်းပြသည့် အတွင်းခံ အဝတ်အထည်များနှင့် ဓာတ်ပုံများ ရိုက်ကူးခဲ့သလို ယင်းထက်ပို၍ ရင်သိမ့်တုန် ဖြစ်စေမည့် ရိုက်ချက်များပါ ပါဝင်ကြောင်း သတင်းများက ဆိုသည်။ အသက်(၂၃)နှစ်ရှိ ဟယ်လန်သည် ယခုနှစ် အစောပိုင်းက FHM မဂ္ဂဇင်း၏ ပရိသတ်များ မဲပေးမှုအရ (၂၀၁၂)ခုနှစ်၏ ညှို့အားအပြင်းဆုံး အမျိုးသမီးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်သည်။

ဟယ်လန်သည် ဟောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အထင်ကရ ကြယ်တစ်ပွင့် ဖြစ်မလာသေးသော်လည်း ယင်းအတွက် အထူးတလည် အာရုံစိုက် ကြိုးစားနေခဲ့သည်။ Daily Mirrorက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဟယ်လန်သည် လော့စ်အန်ဂျလိစ်တွင် သရုပ်ဆောင်နှင့် မော်ဒယ်လ် အေဂျင်စီ အချို့တို့၌ မွမ်းမံသင်တန်းများ တ်က်ရောက်ခဲ့ကြောင်း သိရှိရသည်။ အမျိုးသားကြိုက် FHM မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် ရင်သားအလှဆုံး အမျိုးသမီးအဖြစ် ဟယ်လန်ကို ရွေးချယ် ဖော်ပြခဲ့ဖူးသည်။ ဟောလီးဝုဒ် အတင်းအဖျင်း သတင်းဝက်ဘ်ဆိုက်များက ဟယ်လန်၏ ပြက္ခဒိန်သည် အမျိုးသားများအတွက် စိတ်ကူးယဉ်ချင်စရာ အကောင်းဆုံး ခရစ္စမတ်လက်ဆောင် ဖြစ်လာမည်ဟုလည်း ရေးသားခဲ့ကြသည်။

planet