လစာ သန်းချီရတဲ့ CEOတွေ ဘာကြောင့် အလုပ်က မထွက်တာလဲ??

ပို့စ်တင်ချိန် - 10/27/2013 01:44:00 PM




ဥပမာ- Facebookတည်ထောင်သူMark Zuckerbergဆိုရင် တနှစ်ကို ဒေါ်လာ နှစ် ဘီလီယံ ကျော်ရပါသတဲ့။

ခင်ဗျား အနေနဲ့ ငါသာ ဒေါ်လာနှစ်သန်းရရင် အလုပ်က ထွက်မယ်လို့ တွေးချင်တွေးလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ Mark Zuckerbergက အလုပ်မထွက်တာပါလိမ့်၊ တခြားသူတွေ..Googleကို တည်ထောင်သူဆိုလည်း companyရှယ်ယာတွေ ဒေါ်လာတစ်ထောင်လောက်မှာ မြဲနေတာတောင် အလုပ်မထွက်ကြဘူး။ Bill Gatesရော? သူဆိုရင် ပိုတောင်မှဆိုးသေး။ Microsoftက ထွက်ပြီးမှ ပိုပြီးအလုပ်ရှုပ်နေသေး။

ဘာကြောင့်လဲဆိုတော့ လူတွေက ရှင်သန်နေထိုင်ဖို့ ပိုက်ဆံလိုပေမဲ့....အလုပ်လုပ်ချင်စိတ်ဖြစ်လာအောင်တော့ ပိုက်ဆံက မစွမ်းဆောင်နိုင်ဘူး။ လူစုဆောင်းတာတောင်မှ တချို့CEOတွေလောက်ပဲ ပိုက်ဆံကြောင့် အလုပ်ထွက်ကြတယ်။ အလယ်အလတ်အဆင့်ရှိတဲ့ မန်နေဂျာ၊ စီမံက လူတွေတောင်မှ အလုပ်ကို ပိုက်ဆံအတွက် လုပ်ကြတာမဟုတ်ဘူး။

သူတို့က ရည်ရွယ်ချက်တစ်ခုအတွက် အလုပ်လုပ်နေတာ။ ကျနော် မကြာခဏ ပြောသလို "ပိုက်ဆံက သစ္စာရှိမှုကို ဌားလို့ပဲ ရတယ်။ ဝယ်လို့ မရဘူး။" တကယ်လို့ ပိုက်ဆံကြောင့်သာ အလုပ်သမားတစ်ယောက်က မြဲနေတယ်ဆိုရင် နောက်တစ်ယောက်က ပိုမပေးသေးခင်ထိပဲ ထိန်းထားလို့ ရမယ်။

တချို့ခေါင်းဆောင်တွေက "ဆု"လို့ ပြောလိုက်ရင် ပိုက်ဆံကိုပဲ ပြေးမြင်ကြတယ်။ ဒါပေမဲ့ ၂၁ရာစုမှာ ပိုက်ဆံဆိုတာ လုပ်ငန်းခွင်မှာသုံးဖို့ ဈေးအကြီးဆုံးနဲ့ လှုံဆော်နိုင်မှုအနဲဆုံး အရာဖြစ်တယ်။

ကျနော် CEoလုပ်တာ ၆နှစ်လောက်ကြာတော့ ကျနော်က အတွေ့အကြုံမရှိတဲ့ လူတယောက် မဟုတ်တော့ပါဘူး။ အလုပ်သမားတွေ ပိုက်ဆံဘယ်လောက်ရသလဲဆိုတာ သူတို့ပြုမူတဲ့အပေါ် သေချာပေါက် သက်ရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာလဲ၊ ပြီးတော့ ဘယ်လိုမျိုး သက်ရောက်မှု ရှိတာလဲ။ တခြားနည်းနဲ့ ပြောရရင် ခင်ဗျားက ခင်ဗျားအလုပ်သမားတွေကို ပိုက်ဆံလုံလုံလောက်လောက်ပေးပြီး အလုပ်နဲ့ပတ်သက်ပြီး ပူပန်စရာမလိုအောင် ပေးမယ်။ ဒါပေမဲ့ သူတို့ လုပ်ချင်စိတ်ရှိအောင် လှုံဆော်ဖို့၊ ဆုချဖို့၊ ပျော်ရွှင်စေဖို့ ဆိုရင်တော့ တခြားအရာကို စဉ်းစားရမှာပါ။

အရေးကြီးတာကတော့ ရည်ရွယ်ချက်ပါ၊ ပိုက်ဆံမဟုတ်ပါဘူး။ ဒါကြောင့် companyတိုင်းမှာ ရည်ရွယ်ချက်တွေ၊ မစ်ရှင်တွေက အရေးကြီးတာပါ။ Facebookရဲ့ ရည်ရွယ်ချက်ကတော့ Mark Zuckerbergရဲ့ ပြောကြားချက်အရ “Facebookကို စတင်တည်ထောင်စဉ်က companyတစ်ခုအနေနဲ့ တည်ထောင်တာ မဟုတ်ပါဘူး။ လူမှုတာဝန်(ကမ္ဘာကြီးကို ပိုမိုပွင့်လင်းလာစေဖို့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့)ကို ပြီးမြောက်စေဖို့ တည်ထောင်ခဲ့တာပါ ”။
တကယ်တမ်း Markအနေနဲ့ သူ့ဘဝသက်တမ်းတလျှောက် ဒါကို ပြီးမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ Gatesရဲ့ ဖောင်ဒေးရှင်းက ရေးသလိုပေါ့၊ “လူသားတိုင်းမှာ တူညီတဲ့တန်ဖိုးရှိတဲ့လို ယုံကြည်ချက်အရ စေ့ဆော်မှုကြောင့် ဘီလ်နှင့် မလင်ဒါဖောင်ဒေးရှင်းမှ လူသားတိုင်းအားလုံးအား ကျန်းမာ၍ ကုန်ထုတ်နိုင်စွမ်းရှိသော ဘဝများကို ဦးဆောင်နိုင်အောင် လုပ်ဆာင်သွားမည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ လူသားများရဲ့ကျန်းမာရေး တိုးတက်စေရန် ဦးစားပေး လုပ်ဆောင်သွားပြီး၊ သူတို့ဘဝတွင် ဆာလောင်မှုနှင့် ဆင်းရဲမှု ပပျောက်စေရန် ကိုယ်တိုင် လုပ်ဆောင်နိုင်စွမ်းရှိသော အခွင့်အရေးများ ပေးအပ်သွားမည်။” ဘီလ်နှင့် မလင်ဒါတို့ သူတို့သက်တမ်း တလျှောက် ရောဂါတွေအားလုံး တိုက်ထုတ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ ရည်မှန်းချက်က ဘယ်တော့မှ ပြီးဆုံးမဲ့ အရာ မဟုတ်ဘူး။

ဒါမှမဟုတ် Googleရဲ့ ရည်မှန်းချက်ကို စဉ်းစားကြည့်စမ်းပါ။ “Googleရဲ့ ရည်မှန်းချက်က တကမ္ဘာလုံးမှာ ရှိတဲ့ သတင်းအချက်အလက်များအား စုစည်း၍ အားလုံးရယူသုံးစွဲနိုင်ရန် နှင့် အသုံးဝင်စေရန် ဖြစ်သည်” တဲ့။

ဘယ်လိုကြီးမြတ်တဲ့companyကို ကြည့်လိုက်၊ ကြည့်လိုက် သူတို့ကို မောင်းနှင်နေတာ ရည်ရွယ်ချက်တွေ ဖြစ်တယ်။ ပြီးတော့ အဲ့ရည်ရွယ်ချက်က ပိုက်ဆံကို အမြဲတမ်း ထုတ်ပေးနေတာ။

ဒါကြောင့် Zuckerbergက ဘယ်တော့မှ အလုပ်ထွက်မှာ မဟုတ်ပါဘူး။ company ရည်ရွယ်ချက်ကို ယုံကြည်ချက်ပြင်းပြင်းထန်ထန်ရှိတဲ့ အလုပ်သမားတစ်ယောက် ထွက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် အရည်အချင်းရှိတဲ့ စီမံခန့်ခွဲမှု အသင်းကို ဦးဆောင်ရတဲ့အခါ ကျနော် နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒါကို နားလည်ထားပါတယ်။ The Beatlesက ဒါကို အကောင်းဆုံး ဘယ်လိုပြောလဲဆိုတော့ “ပိုက်ဆံက ငါ့ကို အချစ်ဝယ်မပေးနိုင်ဘူး (Money can’t buy me love)” တဲ့။

Admin Star Tek

Translated from the article written by
Gary Burnison
Chief Executive Officer at Korn/Ferry International
ITgroup