ခုတ်မောင်းလာသော မီးရထားကို ခရီးသည်တင် ဘတ်စ်ကား ဝင်တိုက်

ပို့စ်တင်ချိန် - 12/11/2013 06:15:00 AM


လှိုင်ထွေးအောင်
မန္တလေး ၊ ဒီဇင်ဘာ ၉ ။ ။ မီးရထား နှင့် ကားလမ်းဆုံရာတွင် ရထားလာချိန်၌ ကားလမ်းမောင်း တံ ပိတ်ထားခြင်းမရှိသဖြင့် မောင်း လာသည့်ရထားကို ခရီးသည် တင်ယာဉ်မှ ဝင်ရောက်တိုက်မိ သည့်ဖြစ်ရပ်တစ်ခုဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က အမရ ပူရမြို့နယ် ရွှေဂဲလမ်းတွင်ဖြစ် ပွားကြောင်း သိရသည်။

မန္တလေးမြို့ ကားရပ်နား ကွင်းမှ နံနက်၅နာရီတွင် ရွှေဘို မြို့သို့ ခရီးသည်တင်ထွက်ခွာလာ သည့် ရန်နိုင်မန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း ကိုဌေးဝင်း မောင်းနှင် လာသည့် ယာဉ်အမှတ် ၆/က ----လူ စီးသီးသန့်ယာဉ် မှာ မြို့ပတ်ကမ်းနားလမ်း ယာဉ် လမ်းကြောင်း အတိုင်း မောင်းနှင် လာရာ အမရပူရမြို့အဝင် ရွှေဂဲ ဖြတ်လမ်း အရောက်မှာ မြစ်ကြီး နား-မန္တလေးလူစီးအစုန်ရထား (၅၆)ကို ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။
Yangon Media Group