ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး မှ သတ်မှတ်ချက်ထက် ကျော်လွန်နေတဲ့ ပုသိမ်ဆေးရုံးကြီးမှ ရုံးချိန် သတ်မှတ်ချက်

ပို့စ်တင်ချိန် - 12/11/2013 11:46:00 AM


ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး ဆေးရုံစီမံခန့် ခွဲ မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၃)၏ ဆွေးနွေးဆုံးဖြတ်ချက် ၁၀ အရ ရုံးချိန်သည် နံနက်(၉း၀၀)နာရီမှ ညနေ(၅း၀၀)ထိ ဖြစ်ကြောင်း ဒီဇင်ဘာလ(၆)ရက်နေ့ တွင် ဆေးရုံးအုပ်ကြီး ဒေါက်တာခင်သန်းမွန် မှ လက်မှတ်ရေးထိုး၍ အမိန့် စာ ထုတ်ပြန် ထားပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးမှ စာအမှတ်၊ ၅/၁၅၂-၀န်ထမ်း/ အဖရ(၂၀၁၃) တွင် ဗဟိုရုံးများနှင့် ပြည်ထောင်စု ၀န်ကြီး ဌာနများ အနေဖြင့် ၀န်ထမ်းများ သက်သာ ချောင်ချိစွာဖြင့် တာဝန်ထမ်းဆောင် နိုင်ရေးနှင့် ပတ်သက်၍ ချက်မှတ်ထားသည့် လမ်းညွှန်ချက်များတွင် သတ်မှတ်ထားသော ရုံးချိန် ဖြစ်သည့် နံနက်(၀၉း၃၀)မှ ညနေ (၁၆း၃၀) အတွင်းမှာသာ တာဝန် ထမ်းဆောင်စေပြီး၊ ရုံးဆင်းချိန် အတိအကျ ပြန်လည် စေလွှတ်သွားရန် ဖော်ပြထားပါသည်။

ပုသိမ်ဆေးရုံကြီးမှ ထုတ်ပြန်ချက် အမိန့် စာနှင့် ပြည်ထောင်စု အစိုးရမှ ထုတ်ပြန်ချက် အမိန့် စာ နှစ်ခုအား အများပြည်သူ သိရှိစေရန် Myanmar News Now မှ နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါသည်။

မူရင်း အမိန့် စာများအား အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါသည်။

အကျယ်ချဲ့ကြည့်ရန်

thit htoo lwin