၂ဝ၁၄မှာ သီချင်းခွေ စီစဉ်တော့မယ့် ခင်ဇာခြည်ကျော်

ပို့စ်တင်ချိန် - 12/11/2013 06:45:00 AM


အနုပညာ အလုပ်တွေကို ဒီနေ့ထိ စဉ်ဆက် မပြတ် လုပ်နေတဲ့ အကယ်ဒမီ ဆုရှင် ခင်ဇာခြည်ကျော် က သရုပ်ဆောင် အဖြစ် ခုနောက်ပိုင်း ပွဲတွေမှာ သီချင်းတွေ မကြာ မကြာ ဆိုလာတာကို တွေ့ရပါတယ်။ ပထမဆုံး ခရီး အဖြစ် ၉၉မှာ တုန်းက “ရှင်းမပြနိုင်ဘူး” ဆိုတဲ့ ပထမဆုံး စီးရီးခွေ ထွက်ခဲ့ဖူးတဲ့ ခင်ဇာခြည်ကျော်က ၂ဝ၁၄ ခုနစ်ထဲ မှာလည်း သီချင်း ခွေလုပ်ဖို့ စီစဉ်တော့မှာ ဖြစ်ကြောင်း ကိုလည်း “စီးရီး ထုတ်တာ ဘယ်လိုကြောင့် ထုတ်ဖြစ်သွားတာလဲဆို တော့ အစ်မ ၉၉မှာတုန်းက တစ်ယောက် ထဲ Single ထွက်ခဲ့ဖူးတယ်။ အောင်တော့ မအောင်မြင် ခဲ့ပါဘူး။ ပထမဆုံး စီးရီး နာမည်က “ရှင်းမပြ နိုင်ဘူး” ဆိုပြီးတော့ ထွက်ခဲ့ပါတယ်။ ခုနောက်ပိုင်း မှာလည်း အကုန်လုံး က သီချင်းပြန်ဆိုပါ။ အစ်မဆိုတာနဲ့ ကိုယ်လည်း တအား လည်းမကြီးတဲ့ အရွယ်တစ်ခုမှာ ဆိုပြီးတော့ စိတ်ကူး ရသွား တာနဲ့ နောက်ပြီးတော့ သီချင်းတွေ လည်း မကြာ မကြာ ဆိုဖြစ်တယ်။ အဲဒါနဲ့ အိုင်ဒီယာလေး ရပြီးတော့ ခု စီစဉ်တော့မယ့် အခွေထဲမှ အစ်မ တစ်ယောက် ထဲက ၆ ပုဒ် ဆိုမယ်။ နောက် ၆ပုဒ် က ကျတော့ အတွဲဆိုမယ်။ နည်းနည်း တော့ ဆန်းသွားအောင် လို့ မင်းသားတွေ နဲ့ ချည်းပဲ ဆိုမယ်။ ဒီမင်းသားတွေ နဲ့ဆိုမယ့် အတွဲ သီချင်း ကတော့ အရင်တုန်း က နာမည်ကြီး ခဲ့တဲ့ စုံတွဲ သီချင်းလေး တွေ ကိုပဲ ပရိသတ် နားယဉ်အောင်၊ မင်းသား တွေဆိုတော့ သူတို့လည်း အဆင်ပြေ အောင် ခုတော့ ရွေးနေတုန်းပါပဲ။ အစ်မ ဆိုမယ့် သီချင်း တွေလည်း Own Tune တွေလည်း ပါမယ်။ Copy တွေလည်း ပါမယ်။ ခုလည်း တေးရေး ဆရာတွေ နဲ့ ချိန်ထားတယ်။ အစ်မရဲ့ ခံစားချက်တွေ ကို တေးရေး ဆရာတွေ ကို ပြော ပြပြီးတော့ သီချင်းလေးလုပ်ဖို့ ရှိပါတယ်။ မင်းသမီး တစ်ယောက် ဆိုတော့ အဆိုတော် မဟုတ်တော့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မ က ဒီအခွေ လေးကို live Show လုပ်ဖို့ စိတ်ကူးထားတယ်။ လို့ စီးရီးအတွက် စီစဉ်ထားတာတွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Myanmar News Journal