ရန်ကုန်တွင် လူသေမှု ဒုတိယအများဆုံး မီးလောင်မှုကြီး

ပို့စ်တင်ချိန် - 12/11/2013 02:22:00 PM


ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။အကယ်၍သာ မီးဘေးလုံခြုံရေး ဆိုင်ရာ အစီအမံတွေသာကောင်းမွန်ခဲ့လျှင် သူတို့အသက်ချမ်းသာ ကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် အရေးပေါ်မီးငြှိမ်းသတ် နိုင်ရေးအစီအမံ များအား နည်းမှုကြောင့် တစ်နေ့တာလုံး တခြားသူများအား လှပအောင်ပြုပြင် ဖန်တီးပေးခဲ့သော သူတို့တတွေ မလှမပဖြင့် ဘဝနိဂုံးချုပ်ခဲ့ကြရပြီဖြစ်သည်။

ရန်ကုန်မြို့ပြင်ရှိ နာမည်ကျော် ဂန္ဓမာဟိုးဆေး( Ganda mar - wholesale)ဈေးဝယ်စင် တာ အပေါ်ဆုံး ထပ်ရှိ ဗီးနပ်ဂါး ဒင်းစပါး(vinus garden spa)အလှပြင်ဆိုင်တွင် ဒီဇင်ဘာ၁၀ ရက်အကူး သန်းခေါင်ယံအလွန် က မီးလောင်မှုဖြစ် ပွားခဲ့ရာ လူခုနစ် ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

''မီးကို ကူညီငြှိမ်းဖို့အတွက် ဒီစင်တာထဲမှာ ရေထုတ်ယူတဲ့နေ ရာတွေ အကုန်လုံးပျက်နေတယ်။ မော်တာတွေမရှိလို့ မီးသတ်ကန် က ရေမထုတ်နိုင်ခဲ့ဘူး။ မီးသတ် ကားတွေရေယူတာတောင် ကား မှာပါလာတဲ့ မော်တာနဲ့ ယူတာ တွေ့ရတယ်။ ဒီမှာ မီးဘေးလုံခြုံ ရေးအပိုင်း ပြင်ဆင်ထားတာအား နည်းတယ်''ဟု အဆိုပါညက မီး လောင်ကျွမ်းမှုဖြစ်စဉ်ကို အစအ ဆုံးမြင်တွေ့ခဲ့သည့် အဆိုပါဈေး ဝယ်စင်တာဝင်းအတွင်းမှ လုံခြုံ ရေးဝန်ထမ်းတစ်ဦးက ပြော သည်။ ''တွေ့ရတဲ့ အလောင်း တွေ ကတော့ ပထမတစ်ခုပဲ လူပုံမ ပျက်ကောင်းတာတွေ့ရပြီး ကျန် တာအားလုံးက မီးလောင်ထား တယ်''ဟု ထိုသူက ဆက်လက် ပြောသည်။

အဆိုပါဂန္ဓမာဟိုးဆေးဝင်း အတွင်းရှိ ကဖေးဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ''မီးလောင် တော့ ရှိတဲ့လူနဲ့မီးငြှိမ်းဖို့အတွက် ဒီမှာ ရေအဆင်သင့်မရှိဘူး။ မီး သတ်ရေကန်ရှိပေမယ့် ရေမော်တာ တပ်မထားဘူး။ သေသူခုနစ်ဦး မှာ နှစ်ဦးက ဆိုင်ပိုင်ရှင်အမျိုးတွေ လို့ကြားတယ်''ဟု ပြောသည်။

ဒီဇင်ဘာ၁ဝရက် နံနက်၁ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ဝေဇယန္တာလမ်းမကြီးနှင့် ဂန္ဓမာ လမ်းထောင့်ရှိ ဂန္ဓမာဟိုးဆေး (Gandamar-wholesale)ဈေး ဝယ်စင်တာအပေါ်ဆုံးထပ်ရှိ ဗီး နပ်ဂါးဒင်းစပါး( vinus garden spa ) အလှပြင်ဆိုင်ကို မီးလောင် ခဲ့ခြင်းဖြစ်ပြီး ယင်းအလှပြင်ဆိုင် အတွင်းမှ အမျိုးသားသုံးဦး၊ အ မျိုးသမီးသုံးဦးနှင့် တခြားတစ်ဦး (ကျား/မ ခွဲမရ) စုစုပေါင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ် ရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင် ခဲ့သည့် မီးသတ်တပ်ဖွဲ့မှ ပြော ကြားမှုများအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု နှင့်ပတ်သက်၍ မီးသတ်ဌာနချုပ် ကို သတင်းဝင်ရောက်မှု ၁နာရီ ဝန်းကျင်မှ ဝင်ရောက်လာကြောင်း၊ ၂နာရီဝန်းကျင်တွင် မီးငြှိမ်းနိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြား ရေးမှူးက ပြောကြား သော်လည်း ည၁၂နာရီခွဲကတည်းက မီးစတင် လောင်ကျွမ်းနေကြောင်း ယင်း ဂန္ဓမာဟိုးဆေး ဈေးဝယ်စင်တာ အတွင်းမှ မျက်မြင်တွေ့ရှိခဲ့သည့် တခြားစားသောက်ဆိုင်ဝန်ထမ်း များနှင့် လုံခြုံရေးဝန်ထမ်းများက ပြောသည်။

အဆိုပါ မီးလောင်မှုအား အနီးကပ်ကြီးကြပ်ငြှိမ်းသတ်ပေး ခဲ့သူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးတင် မင်းက ''အဓိကကတော့ အိပ်ပျော် နေတဲ့အချိန်၊ သူ့အခန်းနဲ့သူအိပ် နေကြတဲ့အချိန်မှာ မီးလောင်တာ ကို မသိဘူး။ အဲဒီမှာ အောက်ဆီ ဂျင်ပြတ်ပြီး သေတဲ့သဘောပါ''ဟု မှတ်ချက်ပြုသည်။

ယင်းမီးလောင်ကျွမ်းမှုသည် လျှပ်စစ်မီးပူကြိုးအပူလွန်ကဲရာ မှ အနီးရှိမွေ့ရာကို မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီး သတ်ဌာနချုပ်၏ သတင်းမှတ်စု တွင်ဖော်ပြထားပြီး ဆုံးရှုံးမှုတန်ဖိုး ၅၆သိန်းကျော်ကြောင်း သိရ သည်။ ယင်းမီး လောင် ကျွမ်း မှုကို  အသေးစိတ်သိရှိနိုင်ရန်အတွက် ဂန္ဓမာဟိုးဆေးဈေးဝယ်စင်တာ ၏အုပ်ချုပ်မှုအဖွဲ့ကို တွေ့ဆုံနိုင် ရန်အတွက်ကြိုးစားသော်လည်း လုံခြုံရေးအဖွဲ့များက ဈေးဝယ် စင်တာအတွင်းကို ဝင်ခွင့်မရှိ ကြောင်း တားမြစ်သဖြင့် ဝင် ရောက် ခွင့် မရရှိခဲ့ပေ။  ''အထဲမှာ လူကြီးတွေရောက် နေတဲ့အတွက် ဘယ်သူ့ကိုမှ ပေး မဝင်ခိုင်းလို့ မဝင်ရပါဘူး''ဟု ဈေး ဝယ်စင်တာဂိတ်ပေါက်ဝမှ အမျိုး သမီးလုံခြုံရေးခေါင်းဆောင်က ပြောသည်။

လက်ရှိအချိန်တွင် သေဆုံး ခဲ့သူများ၏ နေရပ်နှင့် အသက် အရွယ်အသေးစိတ်အချက် အ လက်များကို စုံစမ်းစစ်ဆေးနေ ဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ချုပ်ကပြောဆိုသော်လည်း ယင်း ဈေးဝယ်စင်တာအတွင်းရှိ တခြား အလုပ်သမား ဝန်ထမ်း များ က လက် ရှိသေဆုံးသွားသူများသည် ဆိုင် ဝန်ထမ်းအမျိုးသမီးများနှင့် ဆိုင် ပိုင်ရှင် ဆွေမျိုးတော်စပ်သူများ ဖြစ်သည်ဟု ပြောကြားကြသည်။ အဆိုပါမီးလောင်မှုကြောင့် Venus Garden Spa အလှပြင် ဆိုင်ရှိ အလုပ်သမား များဖြစ် ကြ သည့် ကိုအာချိုင် ၂၂နှစ် လားရှိုး၊ ကိုအဟိုင်၂၃နှစ် လားရှိုး၊ ကိုအ ခွိုင် ၁၈နှစ် ဟိုပင်၊ မသရဖီ ၁ရ နှစ် ဗဟန်း၊ မသီသီဝင်း ၂၅နှစ် ဘိုကလေး၊ မကြာညိုဖော ၂ရနှစ် မအူပင်မြို့နှင့် မစန်းစန်းသွယ် ၂၃နှစ် သာကေတမြို့နယ်နေသူ တို့ သေဆုံး ခဲ့ကြောင်း ရန်ကုန် တိုင်းမီးသတ်တပ်ဖွဲ့ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။  အဆိုပါသေဆုံးသူများကို မြောက်ဥက္ကလာပမြို့နယ် ပြည် သူ့ဆေးရုံကြီး အအေးတိုက်သို့ပို့ ဆောင်ထားကြောင်း သိရသည်။

တခြားဈေးဆိုင်ခန်းများ မှ ဝန်ထမ်းများနှင့်လုံခြုံရေးများ အားမေးမြန်းစုံစမ်းမှုအရ အဆို ပါ ဂန္ဓမာဟိုးဆေးဈေးဝယ်စင် တာကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ကပိုင်ဆိုင်ကြောင်း ယင်း တို့၏ပြောကြားမှုများအရ သိရ သည်။ အဆိုပါ မီးလောင်မှု ဖြစ်စဉ် ကို မီးငြှိမ်းသတ်ယာဉ် ၂၄စီး၊ အ ထောက်အကူပြုယာဉ် ခြောက်စီး၊ မီးသတ် ၁၈၅ဦးနှင့် အရန်မီးသတ် ၅၂ဦးတို့ကို အသုံးပြုမီးငြှိမ်းခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်မှသိရပြီး ယင်း မီးလောင်မှု အတွက် မရမ်း ကုန်း မြို့မရဲတပ်ဖွဲ့မှ ဆိုင်ခန်းပိုင်ရှင်ဖြစ် သူကို (ပ)၅၁၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၂၈၅ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

ယခုမီးလောင်မှုကြောင့် လူ သေဆုံးမှုဖြစ်စဉ်သည် ၄၆လမ်းမှ အစ္စလာမ်ဘာသာရေးအဆောက် အအုံကို မီးလောင်ကျွမ်းစဉ်က လူ ၁၃ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ပြီးနောက် ရန်ကုန်မြို့တွင် မီး လောင်မှုကြောင့် လူသေမှု ဒုတိယ အများဆုံး ဖြစ်စဉ်တစ်ခုဖြစ်သည်။

ကျော်ဇေယျ ၊ ဖြိုးလွင်အောင်
Yangon Media Group