လုပ်ပွဲ ဖန်တီးသည်ဟု ထိုင်းလက်ဝှေ့အဖွဲ့ စွပ်စွဲထား

ပို့စ်တင်ချိန် - 12/11/2013 10:30:00 PM


မင်းသန့်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ။ ။ နေပြည် တော်တွင်ပြုလုပ်လျက် ရှိသော လက်ဝှေ့ပွဲစဉ်များတွင် လက်ဝှေ့ သမားတချို့မှာ အသာစီးကထိုး သတ်ကာ အနိုင်ရနိုင်ရန်မျှော်မှန်း ခဲ့သော်လည်း ပွဲပြီးရလဒ်တွင် ရလဒ် ပြောင်းပြန်ဖြစ်ပေါ်နေခြင်းကြောင့် ဝေဖန် ချက်များထွက်ပေါ်လျက် ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၉ရက် ကယှဉ်ပြိုင် ခဲ့သော အမျိုးသမီးလက်ဝှေ့ ၅၇ ကီလိုတန်း တွင် အင်ဒိုနီးရှားဆီးဂိမ်း ၌ငွေရခဲ့သူ ထိုင်းလက်ဝှေ့မယ် Tassamalee သည် ဖိလစ်ပိုင်လက်ဝှေ့ မယ်အား အသာစီးမှထိုးသတ်နိုင် ခဲ့သော်လည်း အရှုံးဖြင့်ရင်ဆိုင်ခဲ့ ရသည်။

ယင်းအပေါ် Tassamalee က''ရှုံးမယ်လို့တောင် မထင်မိဘူး။ ဒီပွဲမှာ ဘယ်လို ထိုး သွားလဲဆိုတာ ပရိသတ်အမြင်ပါပဲ။ ပထမတစ်ပွဲ မှာ ကျွန်မကောင်းကောင်း မထိုး နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ အ ကောင်းဆုံး ထိုးနိုင်ခဲ့ပါတယ်''ဟု ပြောသည်။

Tassamalee သည် ဆီးဂိမ်း ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ယခုနှစ်နှင့် ဆိုလျှင် (၅)ကြိမ်မြောက် ဖြစ်ပြီး ယင်းအတန်း တွင် မြန်မာ မှ နွယ်နီဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကာ ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်လက် ဝှေ့မယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ Tassamalee ရှုံး နိမ့်ခဲ့ခြင်းအပေါ် ထိုင်းလက်ဝှေ့ အဖွဲ့က လုပ်ပွဲဟု ခေါင်းစဉ်တပ်ထားကာ မြန်မာမှ နွယ်နီဦး အနိုင်ရရန် လုပ်ပွဲဖန်တီး ခြင်းဟု စွပ်စွဲထားသည်။

ထိုင်းလက်ဝှေ့လက်ထောက် မန်နေဂျာ Somyot Julsen က Tassamalee မပါ လျှင် နွယ်နီဦး အလွယ်တကူနိုင်လိမ့်မည်ဟု စွပ် စွဲခဲ့သည်။

(၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ လက်ဝှေ့ပြိုင်ပွဲတွင် စည်းမျဉ်းအသစ်များချမှတ်ယှဉ်ပြိုင်လျက်ရှိပြီး ခေါင်းစွပ်အကာများစွပ်ကာယှဉ် ပြိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတကာလက် ဝှေ့အဖွဲ့ချုပ်၏စည်းမျဉ်းများအ တိုင်း ယှဉ်ပြိုင်ခြင်းဖြစ် ပြီး ၁ဝမှတ် ပေးသည့်စနစ်မှာ ဆီးဂိမ်းပြိုင်ပွဲ များတွင် ပထမဦးဆုံးဖြစ်သည်။

Yangon Media Group