အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးတဲ့ ဒေါ်နော်အုန်းလှ တရားစွဲခံရ

ပို့စ်တင်ချိန် - 12/11/2013 12:16:00 PM


လူမူရေး လူပ်ရှားနေသူ ဒေါ်နော်အုန်းလှကို ရန်ကုန်မြို့ ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးတယ် ဆိုပြီး သာသနာကိုစော်ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။

ဒေါ်နော်အုန်းလှဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင် သပိတ် စခန်းဖြိုခွင်းခံရတဲ့ (၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် လမ်းလျှောက်ဆန္ဒပြစဉ် တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံ အလံကို မီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံထားရသူလည်း ဖြစ်ပါတယ်။

သူမကို ၂ဝဝ၇ ခုနှစ်တုန်းက ရွှေတိဂုံစေတီမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာနဲ့ ဘုရားရှိခိုးဆုတောင်းမှု ပြုတယ်ဆိုပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃၆ အရ ထပ်မံတရားစွဲဆိုလိုက်တာ ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။

ဒေါ်နော်အုန်းလှကို သူမနဲ့ တရုတ် အလံ မီးရှို့မူနဲ့ တရားစွဲခံထားရတဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်တို့ကို ဒီဇင်ဘာလ ၁၀ ရက် မနေ့က ဒဂုံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။  ရုံးထုတ်ပေမယ့် အမူကို တစ်စုံတစ်ရာ စစ်ဆေးမူမရှိဘဲ ဒီဇင်ဘာ ၂၄ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်တယ်လို့ သိရပါတယ်။
narinjara burmese news