မြန်မာနိုင်ငံတွင် အမျိုးသမီးများက တိုင်းပြည်ကို တည်ဆောက်နေကြသည်

ပို့စ်တင်ချိန် - 12/11/2013 10:32:00 AM


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာ မှုထိန်းသိမ်းနိုင်ရေးအတွက် တံခါးဖွင့်လိုက် သော မြန်မာနိုင်ငံအနေဖြင့် တကျွိကျွိမြည်နေ ပြီဖြစ်သောယင်းအခြေခံအဆောက်အအုံများ အား ခေတ်မီသစ်လွင်အောင်လုပ်ဆောင်ဖို့  အ ရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတော်တော်များများသည် မြို့ပြ အင်ဂျင်နီယာလုပ်ငန်းထဲဝင်ရောက်လာကြပြီး ယင်းတို့အထဲမှအချို့မှာ ဂျပန်နိုင်ငံသို့သွားရောက် ကာ နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာ များကို လေ့ကျင့် သင်ယူနေကြပြီ။

ဂျပန်နိုင်ငံမှ   JFE Engineering နှင့် မြန်မာ အစိုးရတို့သည် မကြာသေးမီက ရန်ကုန်တွင်  J & M Steel Solution ကို တည်ထောင်လိုက်ကြ သည်။ တနင်္ဂနွေနေ့က ထိုဖက်စပ်ဆောက်လုပ်ရေး ကုမ္ပဏီက စက်ရုံတစ်ရုံအတွက် အုတ်မြစ်ချ အခမ်း အနားကို ကျင်းပခဲ့ကြသည်။ ဂျေအက်ဖ်အီးအင် ဂျင်နီယားရင်းက ရန်ကုန်နည်းပညာတက္ကသိုလ် မှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူ ခုနစ်ဦးအား ဂျပန်နိုင်ငံတွင် နှစ်လကြာ လက်တွေ့သင်တန်း များပေးနေသည်။ ထိုခုနစ်ဦးထဲတွင် ခြောက်ဦးမှာ အမျိုးသမီး အင်ဂျင်နီယာများဖြစ်ကြသည်။ ယင်းက အံ့အား သင့်စရာတော့ မဟုတ်ပါ။ အဘယ်ကြောင့်ဆို သော် မြို့ပြအင်ဂျင်နီယာအတတ်ပညာ သင်ယူ နေသူများထဲတွင် ရာခိုင်နှုန်း ၉ဝခန့်က အမျိုး သမီးများဖြစ်ကြသည်။

'ယောက်ျားလေး တော်တော်များများက တပ်ထဲဝင်၊ ဒါမှမဟုတ် အရင်းအမြစ်ဆက်စပ်တဲ့ နယ်ပယ်တွေထဲဝင်ကြတယ်။ ဥပမာ- အဏ္ဏဝါ ဖွံ့ဖြိုးရေးလို ဘူမိတိုင်းတာရေးလိုဟာမျိုး'ဟု ဂျပန်တွင်သင်တန်းတက်နေသည့် အသက် ၂၄ နှစ်အရွယ် မြို့ပြ အင်ဂျင်နီယာ မကြည်သာမွန် ကပြောသည်။ နိုင်ငံက စစ်အစိုးရမှ ဒီမိုကရေစီ အစိုးရသို့ ကူးပြောင်းနေသည့်တိုင် ဘွဲ့ရအလုပ်ရ ရှိရေးအတွက် စစ်တပ်မှာ ယောက်ျားလေးများအ ကြား ရေပန်းစားနေတုန်းဖြစ်သည်။

ကြီးကြီးမားမားလုပ်ပြ

သင်တန်းသူခြောက်ဦးအနက် သုံးဦးမှာ မဟာဘွဲ့အစီအစဉ်အတွက် အရွေးချယ်ခံခဲ့ကြရ သူများဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလနှောင်း ပိုင်းက သူတို့သည် ဂျပန်နိုင်ငံ၏ တကယ့်ဆောက် လုပ်ရေးလုပ်ငန်းခွင်ထဲ စတင်သွားရောက်လေ့လာ ခဲ့ကြသည်။ တိုကျိုမြို့တောင်ဘက် ယိုကိုဟား မားမြို့ တူဇူကီးရပ်ကွက်တွင် တည်ဆောက်နေ သော ကိုဟိုကူးလမ်းဆုံသို့ဖြစ်သည်။ သူတို့သည် အမြန်လမ်းမကြီး၏ ခုံးကျော် တံတားတွင် မူလီများကို ကိုယ်တိုင်တပ်ဆင်လေ့ ကျင့်ခဲ့ကြသည်။ အထူးပြု လုပ် ထားသော ကိရိယာ များကိုသုံးကာ သူတို့သည် ဂျေအက်ဖ်အီးက သီး သန့်ထုတ်လုပ်သောမူလီကြီးများကို ချက်ချင်း တပ်ဆင်ခဲ့ကြသည်။ ထိုမူလီကြီးများမှာ အထူး ဒီဇိုင်းပြုလုပ်ထားသဖြင့် အတွေ့အကြုံမရှိသော လုပ်သားများ ပင်လျှင် ကောင်းကောင်းမွန်မွန် တပ်ဆင်နိုင် သည်ဟုဆိုသည်။ ထိုမူလီများမှာ ဈေးသိပ်ကြီးသဖြင့် မြန်မာ နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်မသုံးကြ။ သင်တန်းသူများသည် မြန်မာနိုင်ငံတွင် မြင်တွေ့လေ့မရှိသော အခြားလုပ်ငန်းများအား လည်း လေ့လာ ခဲ့ကြ သည်။ ဥပမာ-ဂျပန်အင် ဂျင်နီယာလုပ်ငန်း ဝန်ထမ်းများသည် အမျိုးတူ အစိတ်အပိုင်းများအား ဆေးရောင်တစ်ရောင် တည်းသုတ်ပေးခြင်းဖြင့် အလုပ်အစီအစဉ်လွယ် ကူအောင်လုပ်ကြခြင်းမျိုးနှင့် လုပ်သားအင်အား နည်းနည်း မျှနှင့် ဆောက်လုပ်ရေးလုပ်ငန်းကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်လုပ်ကိုင်နိုင် ခြင်းမျိုးတို့ဖြစ်သည်။ သင်တန်းသူများက သူတို့၏ဂျပန်ကြီးကြပ် ရေးမှူးအား မေးခွန်းတွေထုတ်ခဲ့ကြသည်။ 'သူတို့ဆီမှာ ဂဟေဆက်လုပ် ငန်းနဲ့ တံတား ဖွဲ့စည်းတည်ဆောက်မှုလိုမျိုးနဲ့ ပတ်သက်ပြီး နည်း ပညာဗဟုသုတ ကောင်းကောင်းရှိကြတယ်' ဟု ဂျေအက်ဖ်အီးမှ ရှင်ဂိုအီဝါဟီယိုက ပြောသည်။

''ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ကဝန်ထမ်း တွေက သူတို့မေးမြန်းစပ်စုတတ်တာကို အံ့အား တသင့်ဖြစ်နေကြတယ်''ဟုသူက ဆက်ပြောသည်။ ရန်ကုန်မြို့တွင် သူတို့ထဲမှသုံးဦးသည် နံ နက်တိုင်း သုံးနာရီစာဖတ်သည်။ ထို့နောက် နံ နက် ၈နာရီ မှ ၅နာရီအထိ အတန်းတက်ကြရ သည်။ ပြီးလျှင်နောက်ထပ်ငါးနာရီစာ လေ့လာ ကျက်မှတ်သည်။ ကြီးမားလှသော Structure  များကို မျက် မြင်တွေ့လိုက်ရသဖြင့် နောင်တစ်ချိန်ချိန်မှာ လုပ် ငန်းခွင်ကြီး ကြပ်ရေးမှူး အင်ဂျင်နီယာ ကြီး ဖြစ် ချင်လာ သည် ဟု မကြည်သာမွန်ကပြောသည်။ 'တစ်နေ့နေ့မှာ ကျွန်မ ကြီးကြီးမားမား တစ်ခုခုလုပ်ပြချင်လာမိတယ်' ဟု သူက ဆက် ပြောသည်။

စံနမူနာပြ

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ဂျပန် နိုင်ငံက အမျိုးသမီးများထက် လုပ်ငန်းခွင်ထဲမှာ ပိုမိုရှိနေကြသည်။ ဂျပန်နိုင်ငံတွင် မြို့ပြအင်ဂျင် နီယာလုပ်ငန်းသည် အမျိုးသားများကြီးစိုးသော လုပ်ငန်းဖြစ်သည်။ ''ဂျပန်နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်း ခွင်တွေထဲမှာ အမျိုးသမီးအင်ဂျင်နီယာ(ကြီးကြပ် ရေးမှူး) တစ်ယောက်တလေမျှ ကျွန်တော် မမြင်ဖူးဘူးဗျ''ဟု ဂျေအက်ဖ်အီးကုမ္ပဏီမှ ကိုယ် စားလှယ်နာအိုကီအီရှီကာဝါကပြောသည်။

''တက္ကသိုလ်က ဘွဲ့ရလာတဲ့အတန်းကြီး အမျိုးသမီးအင်ဂျင်နီယာအချို့ဆိုရင် ဆောက် လုပ်ရေးလုပ်ငန်းခွင်တွေထဲမှာ ကြီးကြပ်ရေးမှူး အဖြစ် အလုပ်တာဝန်ထမ်းဆောင်နေကြပါပြီ။ သူတို့ ကောင်းကောင်းလုပ်ပြနိုင်ကြပါတယ်''ဟု မကြည်သာမွန် က ပြောပြသည်။ ဂျပန်တွင် လက်တွေ့သင်တန်းတက်သည့် အခါ သူတို့နည်းပညာအတွေ့အကြုံတွေ ဘယ်လောက်ဆည်းပူးဖို့လိုသေးသည်ကို သိလိုက်ရကြောင်း သင်တန်းသူသုံးဦးကပြောသည်။ ဇူလိုင် လတွင် သူတို့ပညာ သင် ယူမှု ပြီးဆုံး သည့်အခါ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုခုတွင် အလုပ်ရရှိ ရန် သူတို့ မျှော်လင့်နေကြသည်။

ဂျပန်ကုန်သွယ်မှုလုပ်ငန်းကြီး တော်တော် များများက မြန်မာနိုင်ငံ၏ ကြီးမားသော အခြေခံ အဆောက်အအုံစီမံကိန်းကြီးများတွင် လုပ်ငန်း လုပ်ရန် ပြိုင်ဆိုင်နေကြသည်။ မစ်ဆူဘီရှီကော် ပိုရေးရှင်းကြီးသည် ထိုင်းကုမ္ပဏီအချို့နှင့် အဖွဲ့ ဖွဲ့ကာ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဓာတ် အားပေးစက်ရုံကြီးတစ်ရုံတည်ဆောက်ရင်းနှီး မြှုပ်နှံရန်ရှိနေသည်။ မစ်ဆူဘီရှီ၊ မာရူဘီနီနှင့် ဆူ မီတိုမိုကော်ပိုရေးရှင်းကြီးများက ရန်ကုန်မြို့ အနီးတွင်ရှိသော သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ ကြသည်။ ရန်ကုန်နှင့်အခြားမြို့များတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းရန် မြန်မာအစိုးရက လမ်းများ နှင့် အခြေခံအဆောက်အအုံအစီအမံများ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်သည်။ ယခုတွေ့နေရသော အမျိုးသမီးအင်ဂျင် နီယာလေးများက ထိုလုပ်ငန်းများတွင် ကောင်း ကောင်း လုပ်ကိုင်ပြနိုင်ကြဖွယ်ရှိသည်။ ''ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်မတို့ ရဲ့ စံနမူနာပြပါပဲ။ သူက ကျွန်မတို့ကို စေ့ဆော်မှု တွေပေး နိုင် စွမ်းပါ တယ်''ဟု အခြားသင်တန်း သူတစ်ဦးက ပြောလေသည်။

«ယခုဘာသာပြန်ဆောင်းပါးဖြင့် မျိုးဆက်သစ် မြန်မာအင်ဂျင်နီယာလူငယ်များ (စွယ်တော်ရိပ် ၏မျိုးဆက်သစ်များ) အထူးသဖြင့် ရှေ့တန်း ရောက်လာသည့် မြန်မာအမျိုးသမီးအင်ဂျင်နီယာ များအား ဂုဏ်ပြုပါသည်»

ဒီဇင်ဘာ ၈ ရက်ထုတ် NIKKEI  သတင်း စာမှ  KYOHEI SUGA   ရေးသားသည့်  In Myanmar, women build the country  သုံး သပ်ချက်ဆောင်းပါးကို မြန်မာဘာသာသို့ ဆီ လျော်အောင် ပြန်ဆိုပါသည်။

ကိုကို(စက်မှုတက္ကသိုလ်)
Yangon Media Group