ထိုင်းနိုင်ငံတွင် ဆန္ဒပြမှု အခြေအနေကြောင့် ထိုင်းရုပ်ရှင် ဘောလုံး အသင်းနှင့် မြန်မာ့ ရုပ်ရှင် သရုပ်ဆောင်ဘောလုံး အသင်း ယှဉ်ပြိုင် ကစားကြမည့် အစီအစဉ် ရွှေ့ဆိုင်း

ပို့စ်တင်ချိန် - 12/11/2013 07:00:00 AM


ထိုင်းနိုင်ငံမှ ရုပ်ရှင်သရုပ် ဆောင်များ ပါဝင်မည့် ထိုင်းရုပ်ရှင် ဘောလုံး အသင်းနှင့် မြန်မာ့ရုပ်ရှင် သရုပ်ဆောင် ဘောလုံး Actor Star ဘောလုံး အသင်း တို့သည် လာမည့် ဇန်နဝါရီလ အတွင်း၌ ဘန်ကောက် မြို့တွင် ယှဉ်ပြိုင် ကစားရန် မူလက စီစဉ်ဆောင်ရွက် ထားသော်လည်း လက်ရှိ ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေ ဆန္ဒပြမှု များ ကြီးထွား နေခြင်းကြောင့်  နောက်သို့ရွှေ့ ထားသည်ဟု  Actor  Star ၏ အသင်းခေါင်းဆောင် ဇာနည်က ပြောပြသည်။

“အခုတော့ အဲဒီပွဲကို နောက်ရွှေ့ ထားတယ်။ ပြီးမှ ပြန်လုပ်ပေးဖို့ စီစဉ် ထားပါတယ်။ အခု ဆန္ဒပြပွဲကြီး က တအားကို ကြီးထွားနေတော့ ကျွန် တော် တို့လည်း မသွားရဲ ဘူး။ အခုလော လောဆယ်တော့ နောက်ကို ရွေ့သွားတဲ့ သဘောပါ။ ပျက်သွားတယ်တော့ မဟုတ်ဘူး။ ဆန္ဒပြ ပွဲကြီး ငြိမ်သက် သွားပြီး အဲဒါကြီး ပြီးသွားတော့ မှပဲ ကျွန်တော် တို့တွေ ပြန်ညှိ ကြရမယ်” ဟု ဇာနည်က ပြောပြသည်။

Actor Star အသင်း အနေနဲ့ ပြီးခဲ့သည့် တစ်ပတ်က မြိတ်မှာ မြိတ် အမျိုးသမီး ဘောလုံးအသင်းနှင့် ၉ ရက်နေ့တွင် ကော့သောင်းမြို့ သို့ သွားရောက်ပြီး ယင်းမြို့ က ဘောလုံး အသင်းနှင့် ယှဉ်ပြိုင် ကစားသွားမည် ဟု သိရသည်။ Actor Star ဘောလုံး အသင်းသည် ကော့သောင်းမြို့ သို့ ရန်ကုန်မှ ဒီဇင်ဘာ ၇ ရက်နေ့ တွင် ထွက်ခွာမည် ဖြစ်ပြီး ဇာနည်၊ ဖိုးချစ်၊ ရာဇာနေဝင်း၊ သူထူးစံ၊ မိုးအောင်ရင်၊ မိုးယံဇွန် နှင့် နေဒွေး တို့လည်း လိုက်ပါမည်ဟု Actor Star အသင်း ခေါင်း ဆောင် ဇာနည် က ပြောသည်။

ထက်လူလူ
Popular Myanmar News Journal