အလုပ်စွဲရောဂါ(Workaholism ) ဆိုတာ

ပို့စ်တင်ချိန် - 12/11/2013 08:50:00 AM


အလုပ်စွဲရောဂါသည် အရက်စွဲရောဂါနှင့်ဆင်တူသည်။ အရက်စွဲနေသူတစ်ဦးသည် အရက်ပုလင်းများကိုဖွက်၍ သောက်သကဲ့သို့ အလုပ်စွဲနေသူတစ်ဦးသည်လည်း အခြားသူများတားမြစ်နေသည့် ကြားမှ ရသမျှအလုပ်ကို ခိုးလုပ်တတ်သည်။
အလုပ်စွဲရောဂါ၏လက္ခဏာများမှာ
တာဝန်လွှဲပေးရန် ၀န်လေးခြင်း  (အလုပ်စွဲနေသူများသည် အရာရာကို ထိန်းချုပ်လိုသူများဖြစ်ပြီး အသေးအဖွဲကအစ အလေးအနက်ထား တတ်သူများဖြစ်ကြသည်)
အလုပ်ပြင်ပကိစ္စများကို လစ်လျူရှူခြင်း(ရင်သွေးငယ်ကို ကျောင်းတစ်ခါမျှ လိုက်မပို့ဖူးသော အဖေကဲ့သို့ဖြစ်သည်)
ဘ၀၏ အခြားကိစ္စရပ်များကို အလုပ်ထဲ ဆွဲသွင်းခြင်း (ဥပမာ ၀ါသနာပါရာ အလုပ်တွင် စီးပွားရေး ချဲ့ထွင်ခြင်း)   အလုပ်သို့ စောလာခြင်း၊ နောက် ကျမှပြန်ခြင်း၊ ခွင့်မယူခြင်း၊ အလုပ်ပုံထဲ နစ်နေခြင်းစသည့်အမူအကျင့်များကို အလုပ်စွဲသူများတွင် တွေ့ရတတ်ပြီး အမြဲတစေ မနိုင်ဝန် ထမ်းလေ့ရှိသောကြောင့် လုပ်သလောက် အရည်အသွေးမကောင်းဘဲ ဖြစ်တတ်သည်။
အလုပ်ကြောင့် စိတ်ဖိစီးမှု၊ စိတ်တိုစိတ်ဆတ်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ခံစားရတတ်သည်။ သွေးတွင်းအဆီတက်ပြီး နှလုံးသွေးကြောကျဉ်းကာ နှလုံးဖောက်ပြန်ခြင်းသည် အလုပ်စွဲနေသူများကို ဒုက္ခအပေးဆုံးရောဂါဖြစ်သည်။
သိမှုအပြုအမူကုထုံး(Cognitive Behaviour Therapy )ဖြင့် အလုပ်စွဲရောဂါကို ကုသနိုင်သည်။ စိတ်ကျန်းမာရေး ပညာရှင်များက အလုပ်စွဲရောဂါရှိသူများကို အလုပ်၊ ဆက်ဆံရေး၊ အားကစား၊ ကိုယ်ရည် ကိုယ်သွေးနှင့် စိတ်ဝိညာဉ်အားကောင်းရေးစသည့် နယ်ပယ်ငါးခုကို အချိုးညီညီအချိန်ပေးရန် တိုက်တွန်းထားသည်။
ဂျပန်လူမျိုးများသည် အလုပ်စွဲ ရောဂါခံစားရလေ့ရှိသူများဖြစ်ကြပြီး  စိတ်ဖီစီးမှုကြောင့် အစာအိမ်အနာ၊ အစာအိမ်ကင်ဆာအများဆုံး တွေ့ရ သည့်လူမျိုးများဖြစ်ကြသည်။

ဇော်ကို
Sources RD
Health Updates Journal