တိုင်းနှင့်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုများကို အရေးယူမည်ဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှု၊ တရားဥပဒေနှင့် မညီသော အပြုအမူများနှင့် ပတ်သက်သည့် ပြည်သူများ၏ တိုင်ကြားချက်ကို လက်ခံရယူပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေး အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ရဲအုပ်စိုးထွန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ တိုင်ကြားမှုများ ရှိပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ခုံရုံးက သက်သေခံ အကျဉ်းချုပ် ရေးမှတ်ယူကြောင်း၊ ကြီးလေးသော ပြစ်မှုများကို ရဲတရားရုံးဖွဲ့ပြီး စစ်ဆေး အရေးယူကြောင်း ၎င်းကရှင်းပြသည်။

လက်ရှိကာလတွင် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်မှု အားနည်းခြင်း၊ တရားခံပြေးခြင်း၊ ခွင့်မဲ့ ပျက်ကွက်ခြင်းများနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုများ ရှိကြောင်း၊ ပြည်သူများ၏ တိုင်ကြား ချက်များကိုလည်း လက်ခံရရှိကြောင်း ၎င်းက ထုတ်ဖော် ပြောကြားသည်။
“တိုင်ကြားတဲ့သူက ဘယ်ကိစ္စနဲ့ ပတ်သက်လို့ ဘယ်ဌာနက ရဲအရာရှိကို ဘယ်လို အရေးယူထားလဲ ပြန်မေးလို့ ရပါတယ်” ဟု ရဲအုပ် ဦးစိုးထွန်းဝင်းက ဆိုသည်။

အထက်ပါ အရာရှိများ ကွင်းဆင်း စစ်ဆေးမည် ဆိုသော်လည်း ပြဿနာ မရှိနိုင်ကြောင်း လိုင်စင်မဲ့ အရက်ရောင်းချသူ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“အထက်က လာစစ်တော့မယ်ဆိုရင် သူတို့ (လိုင်းကြေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်) က ကြိုပြောတယ်” ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းရဲရုံး တပ်ကြပ်ကြီး တစ်ဦးကမူ ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုနှင့် ပတ်သက်၍ ၎င်းတို့ ရုံးသို့ တိုင်ကြားမှုများ ရှိကြောင်း၊ အရေးယူ ဆောင်ရွက်မှုများလည်း ပြုလုပ်လျက်ရှိပြီး အသေးစိတ် အချက်အလက် များကိုမူ ပြောကြားနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှုများကို စစ်ဆေးအရေးယူရန် ညွှန်ကြားထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။

The Voice Weekly

ရဲတပ်ဖွဲ့ဝင်များ၏ အလွဲသုံးစားမှု၊ လာဘ်စားမှုနှင့် တရားဥပဒေနှင့် မညီသော အပြုအမူများကို တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ -


မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ စာရင်းတွင် ကော်မပါ၍ အရေးမယူနိုင်ဟုဆို


မန္တလေး၊ နိုဝင်ဘာ ၆

ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ စာရင်းတွင် ကော်မပါ၍ ကော်ရှူခြင်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက လူငယ်ထုအကြား ကော်ရှူခြင်း အန္တရာယ် ကင်းဝေးစေရန် မန္တလေးတိုင်း ဒေသကြီးက မည်ကဲ့သို့ ကြိုတင်စီစဉ် ဆောင်ရွက် ထားရှိသည်ကို သိရှိလိုသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ယင်းသို့ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း လူငယ်များ ကော်ရှူသည်ကို တွေ့ရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး မိဘများနှင့် ကော်ရှူ လူငယ်များကို အသိပညာပေး ဆောင်ရွက်မှုများ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော် အပါအဝင် မြို့ကြီး အချို့တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်အကြား လူငယ်များ ကော်ရှူခြင်းသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ ပျံ့နှံ့လာခဲ့ကြောင်း ယင်းကော်ရှူခြင်းမှ တစ်ဆင့် မူးယစ်ဆေးဝါး သုံးစွဲသည့် လမ်းကြောင်းပေါ်သို့ တွန်းပို့ ရောက်ရှိ သွားနိုင်ကြောင်း ညောင်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယင်းကော်ပစ္စည်းများ ရောင်းချသော အိမ်ဆောက် ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များ၊ ပိုက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင် များတွင် ကျောင်းသား၊ လူငယ်များ၊ လေလွင့် ကလေးငယ်များ ကော်ဘူးများ လာရောက် ဝယ်ယူပါက ရောင်းချခြင်း မပြုရန် ညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက ထပ်မံပြောကြားသည်။

ယင်းကဲ့သို့ လူငယ်လူရွယ်များ လမ်းမှား မရောက်ရေး ဆောင်ရွက် ပေးရန်သည် လူတိုင်းတွင် တာဝန်ရှိကြောင်း မန္တလေးမြို့ ဒေသခံ ဆရာဝန်တစ်ဦးက ပြောကြားသည်။

The Voice Weekly

အမွေဆိုင်အိမ်အမှုရုံးသဖြင့် အင်အားသုံးဖယ်ရှား


ရန်ကုန်။ နိုဝင်ဘာ ၇

သင်္ဃန်းကျွန်းမြို့နယ် ဇ၀နရပ်ကွက် ဒေါ်နီလမ်းရှိ ဒေါ်နီခြံတွင်နေထိုင်သူများ တရားရုံးတွင် အမှုရုံးနိမ့်သဖြင့် နိုဝင်ဘာ ၇ရက်နေ့တွင် အဆိုပါ မြေမှ အင်အားသုံးပြီး ဖယ်ရှားခိုင်းမှုဖြစ်ပွားနေကြောင်း People Powerသတင်းထောက်က သတင်းပေးပို့ထားသည်။

အဆိုပါ မြေဧက၃ဧကအကျယ်ရှိ ဒေါ်နီခြံတွင် နေထိုင်သော အမျိုးများအချင်းချင်း အမှုဖြစ်ပွားပြီး ယင်းအမှုကို အနိုင်ရရှိသူသည် ပိုင်ဆိုင်ကြောင်း စာရွက်စာတန်းအတုများအသုံးချပြီး ယခုအမှုကို အနိုင်ရခဲ့ပြီး မြေပေါ်တွင်နေထိုင်သူများကို အင်အားသုံးဖယ်ရှားခိုင်းနေကြောင်း ဒေါ်နီခြံတွင် နေထိုင်သူ တစ်ဦးကပြောကြားသည်။

လက်ရှိတွင် ဒေါ်နီခြံအတွင်း နေထိုင်သူလူဦးရေ ၁၀၀၀နီးပါးရှိပြီး ချက်ချင်းဖယ်ရှားမပေးလိုသဖြင့် သတ်ဆိုင်ရာ အာဏာပိုင်များဖြင့် အခြေအတင်ဖြစ်ပွားလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

" တရားရုံးမှာ အမှုရုံးပြီးသားဖြစ်တဲ့အတွက် ဥပဒေအရ ဖယ်ပေးရမှာပါပဲ၊ မြေတိုင်းဖို့ လာတာ၊ လက်မခံရင် ဥပဒေအရ အင်အားသုံးဖယ်ရှားမှုတွေရှိလာနိုင်တယ်" ဟု လာရောက်ဖယ်ရှားသော သတ်ဆိုင်ရာ အာဏာပိုင်တစ်ဦးက ပြောကြားသည်။

ဒေါ်နီခြံတွင်းနေထိုင်သူအချို့သည် တရားရုံးတွင်အမှုရူံးသော်လည်း အယူခံထပ်ဝင်ရန် ပြုလုပ်နေစဉ် အမှုနိုင်သူသည် ရဲများခေါ်ဆောင်လာပြီး မြေတိုင်းခြင်းနှင့် နေထိုင်သူများကို ဖယ်ရှားခိုင်းမှုပြုလုပ်နေကြောင်း ဒေါ်နီခြံတွင် နှစ်ပေါင်းများစွာ အိမ်ဌားနေထိုင်သူတစ်ဦးက ဆိုသည်။

People power

မန္တလေးတွင် နာမည်ပေါက်မြေနေရာ ဂရန်တုဖြင့် လက်ညှိုးထိုး လိမ်လည်ရောင်း


နာမည်ပေါက်ကျပြီးသား မြေနေရာများ အား ဂရန်အတုများဖြင့် လိမ်လည်ရောင်းဝယ်မှု များဖြစ်ပေါ်နေကြောင်း မန်းစည်ပင်မြေယာဌာန မှ သတင်းရရှိသည်။

ဘုန်းကြီးကျောင်း၊ တန်ဖိုးနည်း အိမ်ရာများ၊ မြေပြင်စီမံကိန်းချထား ပြီး နေရာများအား ပစ် မှတ်ထားပြီး စက်မှုဇုန်ဘက်တွင် ဘုန်းတော် ကြီး ကျောင်းများ လျှောက်လို့ရ သည်ဟုဆိုပြီး အမိန့် စာအတုများအား ပြသ ၍ လျှောက်ပေးမည်ဟုဆို ကာဘုန်းကြီးများထံမှ စရံငွေတောင်းခံခြင်း၊ တန်ဖိုးနည်းအိမ်ရာများတွင် အမည်ပေါက် လျှောက်ပေး မည်ဟုဆိုကာ စာရွက်စာတမ်းအတု များအား ပြသ၍ ငွေကြေးလိမ်လည်တောင်းခံခြင်း၊ စလစ်အတု၊ ဂရန်အတုများဖြင့် စီမံကိန်းချထားပြီး သော မြေနေရာများအား
လက်ညှိုးထိုးပြသကာ လိမ်လည်ရောင်းဝယ်မှု ပြုလုပ်ခြင်းများ ရှိနေ ကြောင်း မန်းစည်ပင် မြေယာဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်သူများ အနေဖြင့် စလစ်များ၊ ဂရန်များ၊ စာရွက်စာတမ်း များအား အတု ဟုတ် မဟုတ် မိမိတို့ဌာနသို့ လာရောက် တိုက်ဆိုင်စစ်ဆေး သင့်ကြောင်း သိရ သည်။

”တစ်ခါကဆို ကျွန်တော့်ဆီ ဆရာတော် တစ်ပါးဆီက ဖုန်းဝင်လာ တယ်။ အောင်မြေသာ စံမြို့နယ်၊ သံဃာ့နာယက ဥက္ကဋ္ဌပါဒကာကြီး တဲ့။ ကျောင်း ကို ဒကာမတစ်ေ ယာက် ရောက်လာပြီး စက်မှုဇုန်ဘက်မှာ ဘုန်းကြီးကျောင်း ဆောက်ခွင့် လျှောက်လို့ရတယ်။ တပည့်တော်လျှောက်ပေး မယ်ဆိုပြီး စရံငွေ နှစ်သိန်းတောင်းသွားတယ်။ အဲ့ဒါ တကယ်ဟုတ်လားတဲ့။ ကျွန်တော်လည်း မဟုတ်ပါဘူးပေါ့။ အဲ့လိုဟာမျိုးမရှိဘူး။ လိမ် တာပဲ ဖြစ်မှာ ပါဘုရား။ စရံဆိုတော့ နောက်တစ် ခေါက်ထပ်လာဦးမယ်ထင်တယ်။ အဲ့ဒီအခါကျ ရဲစခန်းကို ဖုန်းသာဆက်လိုက်ပါဆိုပြီး ပြောလိုက် တယ်။ သိပ်မကြာဘူး။ အဲ့ဒီဆရာတော်ဘုရားကပဲ ပြန်ဆက် တယ်။ ကျေးဇူး တင်ပါတယ်။ ကျန်တဲ့ ငွေလာေ တာင်းတော့ ရဲတွေနဲ့ ဝိုင်းဖမ်းလိုက်တာ မိသွားတယ်တဲ့။ စာရွက်စာတမ်းအပြည့်အစုံနဲ့ကို လိမ်တာ”ဟု အဆိုပါ အဆင့်မြင့်အရာရှိက ထပ် လောင်းပြောသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က ပွားယူထားသည့် ဂရန်ပုံစံအတုဖြင့် ကျပ်သိန်း သုံးထောင်ခန့် လိမ် လည်ပေါင်နှံမှုတစ်ခု ဖြစ်ခဲ့သည်ကို ကြားဖူး ကြောင်း၊ ယခုနောက်ပိုင်းတွင် လိမ်လည်သူများ မှာ နည်းမျိုးစုံလာသောေ ကြာင့် ရောင်းမှား ဝယ်မှား မဖြစ်စေရန် သေချာစစ်ဆေး သင့် ကြောင်း ရွှေမန္တလေး၊ အိမ်ခြံမြေအကျိုးဆောင်မှ ဦးနေလင်း က ပြောသည်။

”ဂရန်မှာဆိုရင် ပိုင်ရှင်တစ်ခု၊ အစိုးရက သိမ်းထားတာ တစ်ခု နှစ်ခု ရှိတယ်။ မန္တလေးမှာ ဆို စည်ပင်ရုံးနားက ကျောက်တိုက်မှာ အစိုးရပိုင် ဂရန်တွေ ထားတာ။ ပိုင်ရှင် က ပျောက်သွား လို့ မီးလောင်သွားတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် တိုက်ဆိုင်စစ်ဆေးဖို့ပေါ့။ အဲ့ဒီဂရန်က အပြင် ထွက်ထွက် လာတယ်လို့ ကြားဖူးတယ်။ ပြီးတော့ အဲ့ဒီဂရန် ကနေ ပွားတော့တာပဲ။ အတုမဟုတ် ဘူး။ ပုံစံတူလုပ်တာ။ အဲ့ဒီတော့ ရောင်းမှားဝယ် မှားဖြစ်ေ တာ့ ရှေ့နေလည်း ခံရတော့တာပဲ။ အဲ့ဒီဖြစ်စဉ်မှာဆို ရှေ့နေနဲ့ တာဝန်ရှိ သူတွေပေါင်းလျော်လိုက်ရတယ်”ဟု လုပ်သက် သုံးဆယ် ခန့်ရှိ ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင်မှ ဦးနေလင်းက သုံးသပ်ပြောကြားသည်။

ဖိုးလပြည့်

Popular Myanmar News Journal

၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးအဖွဲ့ ပစ်ခတ်သဖြင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ


မန္တလေး၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။

“လုံခြုံရေးအရ အမိန့်ပေး တားမြစ်ထားတဲ့ နေရာ၊ ကန့်သတ်ထားတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ပစ်မိန့် ပေးထားပါတယ်။ အဲဒီနေရာတွေက KIA/SSA လမ်းကြောင်း ရှိတဲ့အတွက် လုံခြုံရေးအရ ပစ်မိန့် ပေးထားတယ်။ အခုချိန်မှာတော့ လုံခြုံရေးယူထားတဲ့ အဖွဲ့တွေထဲက ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာကို စုံစမ်းစစ်ဆေး နေပါတယ်” ဟု ၎င်းက ဆိုသည်။

မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး ထားရှိသည့် လုံခြုံရေး အဖွဲ့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ အကောက်ခွန်တို့ ဖွဲ့စည်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မူဆယ် ၁၀၅ မိုင်နမ့်ခွန်ရွာနားမှာ ဖြစ်တယ်လို့ သိရတယ်။ တပ်မတော် ဘက်က ကားရပ်ခိုင်းတာ ကား မရပ်လို့ ပစ်လိုက်တယ်ဆိုတာ သိရတယ်။ အကောက်ခွန်ဌာန ဝန်ထမ်းတွေ ဒဏ်ရာရတယ်” ဟု မူဆယ် ၁၀၅ မိုင် အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူများ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ဦးနှောက်အာရုံကြောနှင့် ထိခိုက်ဒဏ်ရာကု ဌာနတို့တွင် တက်ရောက် ကုသနေကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။

“ဒဏ်ရာရသူ တွေကတော့ ဦးခေါင်းပိုင်းနဲ့ လက်မှာ သေနတ် ဒဏ်ရာတွေနဲ့ ရောက်လာတယ်” ဟု မန္တလေး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

တပ်မတော်ဘက်မှ လုံခြုံရေး ဆောင်ရွက်နေသည့် ကားကို အဆိုပါကားက ဝင်ရောက် တိုက်မိသဖြင့် ထိုကားကို တားမြစ်ရာမှ ရပ်တန့်ခြင်း မရှိဘဲ ကားကို နောက်ပြန်ဆုတ်ရာမှ တပ်မတော်သား တစ်ဦးကို တိုက်မိပြီး ကားကို ဆက်လက် မောင်းနှင်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ပြောကြားသည်။

The Voice Weekly

အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းအများဆုံးဖြစ်ပွားခဲ့


မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အောက်တိုဘာလ အတွင်း မှုခင်းဖြစ်ပွားမှု ၂၃၁၄ မှုဖြစ်ပွားခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်
သည့် စာရင်းများအရသိရသည်။

သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု ၁၀ မှု၊ မုဒိမ်းမှု
၁၄ မှု၊ ခိုးမှု ၁၀၅ မှု၊ နာကျင်စေမှု ၂၀၃ မှု၊ ယာဉ်တိုက်မှု ၂၈၅ မှု၊ မန္တလေးတိုင်းဒေသကြီးတွင်
လူသတ်မှု ၇ မှု၊ မုဒိမ်းမှု ၄ မှု၊ခိုးမှု ၆၂ မှု၊ နာကျင်စေမှု ၄၀ မှု၊ ယာဉ်တိုက်မှု ၁၇၅ မှု၊ ဧရာဝတီ
တိုင်းဒေသကြီးတွင် လူသတ်မှု ၁၂ မှု၊ မုဒိမ်းမှု ၂၀ မှု၊ ခိုးမှု ၃၆ မှု၊ နာကျင်စေမှု ၇၇ မှု၊ ယာဉ်တိုက်မှု
၁၁၂ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် လူသတ်မှု ၁၆ မှု၊ မုဒိမ်းမှု ငါး မှု၊ ခိုးမှု ၂၈ မှု၊နာကျင်စေမှု ၅၃ မှု၊
ယာဉ်တိုက်မှု ၁၃၆ မှု၊ စစ်ကိုင်းဒေသကြီး တွင် လူသတ်မှု ကိုး မှု၊ မုဒိမ်းမှု ၈ မှု၊ ခိုးမှု ၂၅ မှု၊ နာကျင်
စေမှု ၂၄ မှု၊ ယာဉ်တိုက်မှု ၁၂၄ မှု၊ တနင်္သာရီတိုင်းဒေသကြီး တွင် လူသတ်မှု တစ်မှု ၊ ခိုးမှု သုံးမှု၊
နာကျင်စေမှု ရှစ်မှု၊ ယာဉ်တိုက်မှု ၃၉ မှု၊ မကွေးတိုင်းဒေသကြီးတွင် လူသတ်မှု ၁၁ မှု၊ မုဒိမ်းမှု သုံး
မှု၊ ခိုးမှု ၂၀ မှု၊ နာကျင်စေမှု ၂၆ မှု၊ ယာဉ်တိုက်မှု ၇၅ မှု၊ မွန်ပြည်နယ်တွင် လူသတ်မှု ခုနှစ်မှု ၊
မုဒိမ်းမှု နှစ်မှု၊ခိုးမှု ၁၇ မှု၊ နာကျင်စေမှု ၁၇ မှု၊ ယာဉ်တိုက်မှု ၆၃ မှု၊ ရခိုင်ပြည်နယ်တွင် လူသတ်မှု
၁၁ မှု၊ မုဒိမ်းမှု နှစ်မှု၊ ခိုးမှု ၁၉ မှု၊ နာကျင်စေမှု ၂၈ မှု၊ယာဉ်တိုက်မှု ၂၆ မှု၊ ကချင်ပြည်နယ်တွင်
လူသတ်မှု ၆ မှု၊ မုဒိမ်းမှု ၄ မှု၊ ခိုးမှု ၁၃ မှု၊နာကျင်စေမှု ၂၆ မှု၊ ယာဉ်တိုက်မှု ၂၉ မှု၊ နေပြည်တော်
တွင် လူသတ်မှု နှစ်မှု၊ မုဒိမ်းမှု ၄ မှု၊ ခိုးမှု ၂၁ မှု၊နာကျင်စေမှု ၁၁ မှု၊ ယာဉ်တိုက်မှု ၁၈ မှု၊ ကရင်ပြည်
နယ်တွင် လူသတ်မှု ၃ မှု၊ မုဒိမ်းမှု ၂ မှု၊ ခိုးမှု ၉ မှု၊ နာကျင်စေမှု ၅ မှု၊ ယာဉ်တိုက်မှု ၃၆ မှု၊ ရှမ်းပြည်
နယ်တွင် လူသတ်မှု ၇ မှု၊ မုဒိမ်းမှု ၁ မှု၊ ခိုးမှု ၂၁ မှု၊ နာကျင်စေမှု ၂၀ မှု၊ယာဉ်တိုက်မှု ၈၇ မှု၊ ကယား
ပြည်နယ်တွင် မုဒိမ်းမှု တစ်မှု၊ ခိုးမှု လေးမှု၊ နာကျင်စေမှု တစ်မှု၊ ယာဉ်တိုက်မှု ၈ မှု နှင့် ချင်းပြည်
နယ်တွင် နာကျင်စေမှု နှစ်မှု နှင့်ယာဉ်တိုက်မှု ငါးမှုတို့ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါစာရင်းများအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အနက် ရန်ကုန်တိုင်းဒေသ
ကြီးတွင် မှုခင်းဖြစ်ပွားမှု မှာ ပထမအဆင့်သို့ ရောက်ရှိနေပြီး မန္တလေး၊စစ်ကိုင်း၊ပဲခူး၊ စစ်ကိုင်း၊ မကွေး
တိုင်းနှင့်ဧရာဝတီတိုင်းဒေသကြီး ၊ မွန်ပြည်နယ်တို့တွင် မှုခင်းဖြစ်ပွားမှုနှုန်းမှာ ဒုတိယအများ ဆုံးဖြစ်
ပွားခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မှုခင်းဖြစ်ပွားမှုမှာ ၇ မှုမှ ၈၆ မှုအတွင်းသာရှိ
ကြောင်းထုတ်ပြန်ချက်အရသိရသည်။

 တိုးဝေအောင် - မြန်မာတိုင်း(မ်)

တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးသူကို ထောင်ဒဏ်နှစ်နှစ်ချမှတ်


တရားဝင်မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် လူများ
ပို့ဆောင်ပေးခဲ့သည်ဆိုမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသူကို အင်းစိန်မြို့နယ် တရားရုံးက
ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း
သိရသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲ ခန့်တွင် အောင်ဇေယျအိမ်ရာ
တိုက်(၃၅)တွင် အိမ်ရှင် ဒေါ်အေးအေးမြင့်နှင့် ညောင်တုန်းမှလာသော မောင်အောင်ဇံမြင့်၊
မင်းကိုကို၊ မလဲ့လဲ့ဝင်းတို့ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန် ငွေကြေးကိစ္စ
စကားအချေအတင် ပြောဆိုနေကြောင်း သိရသည်။

ထို့ကြောင့် သက်သေများနှင့်အတူ သွားရောက်စုံစမ်းခဲ့ရာ ဒေါ်အေးအေးမြင့်သည်
တရားဝင် မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် လူများကို
ပို့ဆောင်ပေးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်အကိုင်ပြုလုပ်ရာတွင် တွေ့ရှိသည့်
စာရွက်စာတမ်းများနှင့် ငွေလွှဲလက်မှတ်များကို သိမ်းဆည်းကာ အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

အင်းစိန်မြို့မရဲစခန်းက(ပ)၁၂၂၅/၁၃ ပြည်ပအလုပ်ကိုင်ရှာဖွေရေးဆိုင်ရာ ဥပဒေပုဒ်မ
၂၆ အရ အမှုဖွင့်ကာ အင်းစိန်မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့မှု ဖြစ်ကြောင်း
သိရသည်။

မင်းသုနောင် - မြန်မာတိုင်း(မ်)

ဒစ်ဂျစ်တယ် မီတာ ပြောင်းလဲတပ်ဆင်မှုကြောင့် မီတာခများ များစွာမြင့်တက်သဖြင့် ပြည်သူများ ညည်းတွား


တောင်ဥက္ကလာပ ၊ နိုဝင်ဘာ ၅ ။ ။ အိမ်သုံးမီတာမှ ဒစ်ဂျစ်တယ်မီတာ များ ပြောင်းလဲတပ်ဆင်ပြီးနောက် ပိုင်းတွင် လစဉ်ပေးဆောင်ရသည့် မီတာကြေးများ များစွာမြင့်တက် လာကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။

''အရင် ရိုးရိုးအိမ်သုံးမီတာတုန်းက တစ်လကို ကျပ်၁၅၀၀ လောက် ပဲ ပေးဆောင် ရတယ်။ အခုဒစ်ဂျစ်တယ်မီတာတွေ တပ် ပြီးမှ တစ်လကို ကျပ်၂၅၀ဝကျော် ပေးဆောင်ရတယ်။ ဘာကြောင့် ဒီလောက်အထိ ကွာသွားတာလဲ ဆိုတာ နားမလည်ဘူး''ဟုတောင် ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည် သူတစ်ဦးက ပြောသည်။

အိမ်သုံးမီတာမှဒစ်ဂျစ်တယ် မီတာသို့ ပြောင်းလဲတပ်ဆင်ပြီး နောက် မည်သည့်အကြောင်း ကြောင့် ယခုကဲ့သို့မီတာခများမြင့် တက်လာရသည်ကို မိမိတို့အနေ ဖြင့် နားလည်ခြင်းမရှိသည်ကို သက်ဆိုင်ရာမှ ရှင်းလင်းပေးစေ လိုကြောင်း မြို့နယ်အတွင်း နေ ထိုင်သူများက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ် ၅ရပ်ကွက်တွင် နေထိုင် သူတစ်ဦးက ''ဒီမှာဒစ်ဂျစ်တယ် မီတာ ပြောင်းတပ်တာတစ်လပဲ ရှိသေးတယ်။ အရင်မီတာထက် ယူနစ်တွေပိုပြီး မီတာကြေးတွေ မြင့်လာတယ်။ အိမ်မှာအရင်ကသုံး တာနဲ့ အခုသုံးတာနဲ့အတူတူပဲ။ သက်ဆိုင်ရာက ဘာကြောင့် ဘယ် လိုဖြစ်ရတယ်ဆိုတာ ရှင်းဖို့ လို တယ်'' ဟုပြောသည်။

ယခုကဲ့သို့ ဒစ်ဂျစ်တယ်မီ တာများကြောင့် မီတာခများပိုမို ကျသင့်နေသည့်အပြင် မီတာခ များ တိုးမြှင့်ကောက်ခံရန် စီစဉ် နေမှုကြောင့် မိမိတို့အပေါ်တိုက် ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်၍သော်လည်းကောင်း အကျိုး သက်ရောက်မည့်အပေါ် စိုးရိမ်နေ ရကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ ပြည်သူများက ပြောသည်။

ရည်မွန်
Yangon Media Group

အမြန်လမ်းပေါ် အိပ်ငိုက်မောင်း၍ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


အမြန်လမ်းပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်နေ၍ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ကာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီကျော်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၁/၂ နှင့် ၁၂၁/၃ ကြား ဗောဓိကုန်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းအပါအ၀င် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် ပရာဒိုအမျိုးအစားယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး ကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးများအား ၀င်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ရောက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် ယာဉ်မောင်းသေဆုံးပြီး ကားပေါ်တွင်ပါလာသည့် အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။ အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သောကြောင့် ဖြူးဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

““အခုဖြစ်တဲ့ အဲဒီနေရာမှာတော့ အရင်က မဖြစ်ခဲ့ဘူး။ အခု အက်ဆီးဒင့်ကြောင့် ကားကတော့ တော်တော်ပျက်စီးသွားတယ်ဗျ။ ဒဏ်ရာရတဲ့သူနှစ်ယောက်ကိုတော့ ဖြူးဆေးရုံ ပို့ပေးလိုက်တယ်။နောက်ပိုင်းအခြေအနေတော့ မသိတော့ဘူး”” ဟု အုတ်တွင်း အမြန်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါယာဉ်သည် ရှေ့ ခေါင်းပိုင်းအမိုး ကြေမွပျက်စီးကာ ရှေ့နောက်လေကာမှန်များ ကွဲသွားသောကြောင့် တန်ဖိုးငွေကျပ် သိန်း ၄၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်လွင်ကို ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7DAY DAILY

ဟိန္ဒူ လူနည်းစုများအား တိုက်ခိုက်နေသူများကို အရေးယူရန် အမေရိကန် အစိုးရမှ ဘင်္ဂလာဒေခ်ျ့ကို တောင်းဆို


တိုက်ခိုက်ခံထားရသော ကိုးကွယ်ရာ ဟိန္ဒူ နတ်ရုပ်ထုများ။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လူနည်းစု ဟိန္ဒူဘာသာဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မူများ အမြန်ဆုံး ရပ်တန့်ရန်နှင့် တိုက်ခိုက်နေသူများကို အမြန်ဆုံး အရေးယူရန် အမေရိကန် အစိုးရမှ ဘင်္ဂလာဒေခ်ျ့ အစိုးရကို ယမန်နေ့က တောင်းဆိုလိုက်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူနည်းစု ဟိန္ဒူဘာသာဝင်များနှင့် သူတို့ ကိုးကွယ်သော ဘာသာရေးကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မူများ အဆက်မပြတ် ပေါ်ပေါက်ပြီးနောက် အမေရိကန် အစိုးရ၏ တောင်းဆိုချက် ထိုသို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းတောင်းဆိုချက်ကို အမေရိကန် သံရုံးမှ ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ ပါဘနာ ( Pabna) နှင့် လေမော်နီဟတ် ( Lalmonirhat) ခရိုင်ရှိ  လူနည်းစု ဟိန္ဒူလူနည်းစုများကို တိုက်ခိုက်နေမူများ အပေါ် မိမိတို့အနေဖြင့် စိုးရိမ်မိပါကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရအနေဖြင့် ပြစ်မူ ကျူးလွန်သူများကို ချက်ချင်း အရေးယူရန် တောင်းဆိုပါကြောင်း ဖေါ်ပြသည်။

၎င်းပြင် ကျေညာချက်ထဲတွင် တိုက်ခိုက်မူတွင် ပါဝင်ပတ်နေသူများကို အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုကြောင်း၊ ဘင်္ဂလာဒေခ်ျ့ရှိ နိုင်ငံရေး ပါတီများ အနေဖြင့် ၎င်းတိုက်ခိုက်မူများ အမြန်ဆုံး ရပ်တန့်ရေး သေချာစေရန် ဆောင်ရွက်ကြရန် တောင်းဆိုပါကြောင်း ဖေါ်ပြထားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မူများနှင့် အတူ လူနည်းစု ဟိန္ဒူဘာသာဝင်များကို တိုက်ခိုက်မူများ အဆက်မပြတ် ပေါ်ပေါက်နေရာ ဟိန္ဒူကျောင်းများ၊ လူနေအိမ် အများအပြားလည်း ဖျက်ဆီး တိုက်ခိုက်ခံခဲ့ရသလို လုယက်မူများလည်း ပေါ်ပေါက်နေသည်။

ထိုသို့ တိုက်ခိုက်မူများကြောင့် ကျေးရွာ အချို့တွင် အိုးအိမ်များ စွန့်ခွာထွက်ပြေးမူများလည်း ရှိနေကြောင်း သိရသည်။
(နိရဉ္စရာ- ၇ နိုဝင်္ဘာ ၂၀၁၃)

ပွဲခင်းနား မကပ်နိုင်တဲ့ ရိုးရာ အစားအစာ


ဘားအံမြို့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဆိုင်နေရာဈေးကြီးတဲ့အတွက်  ရိုးရာအစားအသောက်ရောင်းတဲ့ဒေသခံတွေ ပွဲခင်းနား မကပ်နိုင်ကြပါဘူး၊ ပွဲခင်းပြင်ပမှာပဲ အဆင်ပြေသလို ရောင်းနေကြရပါတယ်။

ပွဲခင်းထဲမှာ နေရာယူနေတာကတော့ ခေတ်ပေါ်အစားအသောက်မျိုးစုံ ရောင်းချတဲ့သူတွေပါ။

ဒေသထွက်အစားအသောက်တွေလည်း တဖြည်းဖြည်းနဲ့ ရွာပြင်ကို ရောက်မှန်းမသိရောက်နေကြပြီ ထင်ပါရဲ့။

 နောက်ဆိုရင်ဒီအစားအသောက်တွေကို လူတွေသိကြတော့မှာမဟုတ်ဘူး ဆိုပြီး ဘာအံသားတဦး ပြောပါတယ်။

ဒီစာ ဖတ်မိရင်တော့ ...လာမယ့်နှစ်တွေမှာ ရိုးရာ အစားအစာတွေကို နေရာပေးရေးဆိုတာကို တာဝန်ရှိလူကြီးမင်းများ စိတ်ကူးမိကြမယ်လို့ ယူဆရပါတယ်။

   (ဓာတ်ပုံများ - မန်းမျိုးမြင့်)

Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်


ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။
“ဆက်သွယ်ရေးလှိုင်း နည်းရင် ဝေးဝေးရောက်တယ်၊ ဘက်ထရီ ပိုစားတယ်၊ လှိုင်းများရင် ဝေးဝေး မရောက်ဘူး၊ ဘက်ထရီ မစားဘူး၊ ဥပမာ- CDMA 450 MHz က CDMA 800 MHz ထက် လိုင်းပိုမိတယ်၊ ဝေးဝေးရောက်တယ်” ဟု ဆက်သွယ်ရေး လှိုင်းများနှင့် ပတ်သက်၍ ဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းနှစ်နေရာကို လုပ်ကိုင်ခွင့်ရရန် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင် တင်ဒါ တင်သွင်း လျှောက်ထားခဲ့ရာ ယခုနှစ် ဇွန်လအတွင်း မြန်မာဆက်သွယ်ရေး လုပ်ငန်းက နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့သည်။

Ooredoo က ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး လုပ်ငန်းလိုင်စင် ရရှိပြီး ငါးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း 3G ကွန်ရက် လွှမ်းခြုံနိုင်ရန် တည်ဆောက်သွားမည် ဖြစ်ကာ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သြဂုတ်လ အတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၊ Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ချုပ်ဖြစ်သူ Mr. Ross Cormack က ပြောကြားထားသည်။
The Voice Weekly

တပ်မတော်က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာနှင့် လူဦးရေ စာရင်း ကောက်ယူမည်ဟု ဆို


ယခုနှစ် သြဂတ်စ်လ အတွင်းက စစ်တွေ အုန်းတောတွင် မူဆလင် ဒုက္ခသည်များနှင့် တပ်မတော်သားများ ထိပ်တိုက် ဖြစ်နေကြစဉ်။ ( ဓါတ်ပုံ- အင်တာနက်)

ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာ အရေအတွက်၊ တည်နေရာ မြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစု လူဦးရေ စာရင်းများကို ကောက်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။

၎င်းစာရင်းအား ယခုလတွင် အပြီးသတ်ပေးပို့ရန် ရခိုင်ပြည်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များသို့ အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။

“ တပ်မတော်က တစ်အိမ်တက်၊ တစ်အိမ်ဆင်းပြီးတော့ ကောက်မှာ မဟုတ်ဘူး။ သူတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ချုပ်ရေးမှူးတွေနဲ့ ရွာအလိုက် ကောက်ယူသွားမယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆိုသည်။

ကောက်ယူရာတွင် နံပတ်(၁) ကျေးရွာအမည် (၂) အိမ်ခြေ (၃) တည်နေရာ (မြို့နယ်/ ခရိုင် (၄) တည်နေရာ မြေပုံ အညွှန်း (၅) ကျေးရွာ အတွင်းရှိ မိသားစု အရေအတွက် (၆) လူဦးရေ အရေအတွက် (၆) ဘာသာရေး အဆောက်အဦး၊ စာသင်ကျောင်းနှင့် အခြားအဆောက်အဦး စာရင်းတို့ကို ကောက်ယူသွားမည်ဟု ဆိုသည်။

“ တပ်က တပ်ရင်းတွေ၊ တပ်ဖွဲ့တွေက မြို့နယ်တိုင်းမှာ ရှိပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာဆိုရင်လည်း တပ်ရင်း (၁၀) ခုလောက်ရှိပါတယ်။ အသစ်တပ်ဖွဲ့တွေ လာစရာ လိုမယ်မထင်ဘူး။ လက်ရှိ ရှိနေတဲ့ တပ်အင်အားနဲ့ ရက်အနည်းငယ် အတွင်း ကောက်ယူလို့ ရပါတယ်” ဟု ဆိုသည်။

ယခု စာရင်းကောက်ယူမည့် အစီအစဉ်တွင် ရခိုင်ကျေးရွာများ မပါဝင်ကြောင်း၊ မွတ်ဆလင်ကျေးရွာများ သက်သက်ကိုသာ ကောက်ယူမည့် အစီအစဉ်ဖြစ်ကြောင်း၊ ကောက်ယူမည့် ရည်ရွယ်ချက်ကို မသိရှိရကြောင်း၊ သို့သော်လည်း အရပ်ဘက် ကိစ္စထက် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ အတွက် ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ စာရင်းကောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်၏ အတည်ပြုချက်ကို နိရဉ္စရာ အနေဖြင့် သီးခြား အတည်ပြုချက်ရယူနိုင်ခြင်း မရှိပါ။
(နိရဉ္စရာ- ၇ နိုဝင်္ဘာ ၂၀၁၃)

ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Unity and Fair Competition)


ညီညွတ်မှု (Unity) မရှိသော နိုင်ငံ (သို့) အဖွဲ့အစည်းသည် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို၊ တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိသော (ကင်းမဲ့သော)နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း သည်လည်း ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပေ။

ယနေ့ဖွံ့ ဖြိုးပြီးနိုင်ငံများကို လေ့လာလျှင် ယင်းနိုင်ငံတို့သည် ညီညွတ်မှု သို့မဟုတ် တရားမျှတသော ယှဉ်ပြိုင်မှုရှိကြသည် (အားကောင်းကြသည်)ကို လေ့လာတွေ့ရှိနိုင်သည်။ ယင်းအချက် နှစ်ချက်လုံး မရှိသောနိုင်ငံ များမှာမူ ဆင်းရဲမွဲတေမှု ပြဿနာ သို့မဟုတ် ပြည်တွင်းစစ်များဖြင့် ရင်ဆိုင် နေကြရသည် ဆိုသည်ကို မျက်ဝါးထင်ထင်တွေ့ မြင်နိုင်သည်။

အဘယ်ကြောင့် ညီညွတ်မှု သို့မဟုတ် တရားမျှတသော ယှဉ်ပြိုင်မှု သို့မဟုတ် ယင်းအချက်နှစ်ခုရှိရန် လိုအပ်သနည်း ဆိုသည်နှင့် ယင်းတို့သည် ဆင်းရဲမွဲတေမှု ပြဿနာကို အဘယ်ကြောင့် ဖြစ်တည်စေသနည်း ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

အာဏာခွဲဝေမှု မညီမျှမှုနှင့် ဓနဥစ္စာ ခွဲဝေမှုမညီမျှမှုတို့မှ ဆက်စပ်ဆင့်ကဲ ဖြစ်ပေါ်လာလေ့ရှိသော လူမှုရေးပဋိပက္ခများနှင့် စီးပွားရေး ပဋိပက္ခများမှ တစ်ဆင့် နိုင်ငံရေးပဋိပက္ခများနှင့် စစ်ရေးပဋိပက္ခများ အဖြစ်သို့ ကူးပြောင်း သွားတတ်လေ့ရှိသည် ဆိုသည်ကို တွေ့ရပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံ သည်လည်း ညီညွတ်မှု (Unity) နှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) ရှိရန် လိုအပ်ပေမည်။ ထိုသို့သော အခြေအနေများကို စနစ်တကျ ပြုစုပျိုးထောင်ပေးနိုင်လျှင် အဘက်ဘက်တွင် တိုးတက်မှုများ ရရှိလာမည်ဟု ထင်မြင်မိသည်။

နှစ်ပေါင်းများစွာ အမိန့်ပေး စီမံကွပ်ကဲ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း (တစ်နည်းအားဖြင့် စက်မှုထူထောင်ရေး မူဝါဒများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ အစရှိသည်တို့ကို) မြန်မာနိုင်ငံသည် ယနေ့တိုင် ပြည်ပအမှီအခိုကို ရယူနေရဆဲ ဆင်းရဲသောနိုင်ငံ အဆင့်တွင်သာ ရှိနေသေးသည် ဆိုသည်က ယခင်က ကျင့်သုံးခဲ့သော စီမံအုပ်ချုပ်မှုများနှင့် မူဝါဒများသည် အားနည်းချက်များ ရှိနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် အဘက်ဘက်တွင် ချည့်နဲ့ယိမ်းယိုင်လာကာ အမျိုးသားလုံခြုံရေး (National Security) တွင်ပင် ထိခိုက်လာသည်ကို တွေ့ရပြီး “ဆန်ကောထဲ ထည့်လှိမ့်ခံရသော ဆီးဖြူးသီး” သဖွယ် ဖြစ်လာနေသည် ကိုလည်း သတိပြုမိသည်။

မိမိနိုင်ငံသားတို့ အကြားတွင် သပ်ရှိုသွေးခွဲခြင်း၊ မိမိတို့၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် လုပ်ဆောင်ခြင်း၊ မလိုလားအပ်သော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေရန် ဖန်တီးခြင်းကို အခြေပြုပြီး မိမိ၏အကျိုးစီးပွားကို ဖန်တီးယူလာမှု များကိုလည်း တွေ့မြင်လာရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ မြန်မာလူမျိုး များသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကြိုတင်တွေးဆ မြင်ကြည့်နိုင်ရန် အတွက် နိုင်ငံရေးအမြင် ရှိရန် လိုအပ်လာပေသည်။ တစ်နည်းဆိုသော် “ဆန်ကောထဲ ထည့်လှိမ့်ခံရသော ဆီးဖြူသီး” ကဲ့သို့ မဖြစ်စေရန်ဖြစ်သည်။

ယနေ့ ကမ္ဘာ့နိုင်ငံများတွင် တရားမျှတသော ပြိုင်ဆိုင်မှု (Fair Competition) မရှိသောကြောင့် ပြည်တွင်းပဋိပက္ခ များကို ကြုံတွေ့နေရ သည်။ ပြည်တွင်းပဋိပက္ခများ ကြီးထွားလာ သောအခါ နောက်ဆုံးတွင် အမုန်းတရားများနှင့် သံသယများကို ဆင့်ကဲဆင့်ကဲ ဖြစ်တည်လာစေသည် ကိုလည်း တွေ့ရသည်။

ယင်းသို့သော အခြေအနေသို့ ရောက်သွားလျှင် ရှုပ်ထွေးသော (ဖြေရှင်းရန် ခက်ခဲသော) အခြေအနေသို့ ကူးစက်သွားတတ်ပြီး တိုင်းပြည်သည် နောက်ဆုံးတွင် လွတ်လပ်ရေးဆုံးရှုံးခြင်း သို့မဟုတ် ပြည်ပနိုင်ငံတစ်ခု၏ လက်ဝေခံသြဇာခံ နိုင်ငံတစ်ခုအဖြစ်သို့ အလိုအလျောက် လုံးလုံးလျားလျား သက်ရောက်သွားခြင်းကို ကြုံတွေ့ရနိုင်သည် ဆိုသည်ကို သတိမူရပေမည်။
တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိလျှင် ရေရှည် တည်ငြိမ်မှု (Longterm Stability) နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Longterm Development) တို့သည် (မလိုလားအပ်သော အင်အားတို့ ကို အသုံးပြုရသောကြောင့်) ခက်ခဲလေ့ရှိသည်။

မိမိနိုင်ငံထက် သာလွန်သွားသော နိုင်ငံများကို မရမက အမီလိုက်မည် ဟူသော မျိုးချစ်စိတ် သည်လည်း ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု အပေါ်တွင် များစွာ အပြန်အလှန် မူတည်နေလေ့ရှိပါသည်။

ယနေ့ဆိုလျှင် မြန်မာနိုင်ငံသည် ညီညွတ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှု နှစ်ရပ်စလုံးကို ဘက်စုံထောင့်စုံမှ ဝိုင်းဝန်း တည်ဆောက်နေကြချိန်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတများ အပါအဝင် နိုင်ငံသားများ အပေါ် မတရား အမြတ်ထုတ်လိုသော ပြည်ပနိုင်ငံကြီး အချို့၏ ခြေလှမ်းများ (ခပ်စိပ်စိပ်) ကို အထူးသတိပြုပြီး ခဲတစ်လုံးဖြင့် ငှက်ပေါင်းများစွာ အပစ်ခံရသည့် အဖြစ်မျိုး မဖြစ်စေရန် ကြိုတင် ကာကွယ်ရပေလိမ့် မည်။

၂၀၁၅ ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အနာဂတ်ဘဝများနှင့် ဆန္ဒများကို ပြောင်းလဲပေးမည့် ရွေးကောက်ပွဲကြီး ဖြစ်လာပေနိုင်သည်။

ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ဝါကျွတ်လို့ မင်္ဂလာဆောင်ကြမယ့် သတို့သား၊ သတို့သမီး တို့အတွက် အနုပညာရှင် မောင်နှံတို့ မင်္ဂလာစကား


ဝါကျွတ်လို့ မင်္ဂလာဆောင်ကြမယ့် သတို့သား၊ သတို့သမီး တို့အတွက် အနုပညာရှင် မောင်နှံတို့ မင်္ဂလာစကားဝါကျွတ်ပြီ ဆိုတဲ့ အသံကြား လိုက်တာနဲ့ ဘဝ လက်တွဲဖော် အဖြစ် ရွေးချယ်ပြီး မိတ်ဆွေ သင်္ဂဟလူဘုံ အလယ်မှာ မြန်မာ လူမျိုးတို့ရဲ့ အလေးအမြတ် ထားရာ လက်ထပ် ထိမ်း မြားခြင်းမင်္ဂလာပွဲကို နှစ်ကိုယ်တူ ယှဉ်တွဲဆင်နွှဲဖို့ တာစူနေကြသူတွေ ရှိနေကြပါတယ်။ အဲဒါကြောင့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာပွဲ အခမ်း အနားမှာ သတို့သား၊ တို့ သမီးတို့ရဲ့ စောင့်ထိန်းလိုက်နာပြုမူ ဆောင်ရွက် သတိထား သင့်တဲ့ အကြောင်း အရာ တွေအပြင် အိမ် ထောင်တစ်ခုတည်မြဲဖို့ နားလည်မှု တွေ၊ ဘယ်လို ထားရှိရမ လဲဆိုတဲ့ အကြောင်းကို အိမ်ထောင်သည် အနုပညာရှင်တို့ ဂုဏ်ကျက်သရေ မင်္ဂလာ ပြည့်စုံစေဖို့ အတွက် မင်္ဂလာစကားတွေ ဖော်ပြလိုက် ပါတယ်။

လူမင်း+ခင်စံပယ်ဦး
အိမ်ထောင်သက်က တော့ကိုးနှစ်ရှိပါပြီ။ အဓိက ကတော့အချစ်ကိုအခြေ ခံပြီး ယုံကြည်မှု၊နားလည်မှု၊ ကိုယ်ချင်းစာတရား၊သစ္စာ ရှိမှုတွေနဲ့တည်ဆောက်ထား တာ။ နား လည် မှုကိုလည်း အတိုင်းအတာ တစ်ခု အနေနဲ့ ခွင့်လွှတ်နားလည်ညှိယူကြ တယ်။ကိုလူမင်းက စိတ်ရှည် သည်းခံပါတယ်။မိသားစု အပေါ်နွေးနွေးထွေးထွေးနဲ့ အချိန်ပေး တယ်။အခု နောက် ပိုင်းအလုပ်တွေများတာ တောင်မှသား၊သမီးတွေ အတွက်ရအောင် အချိန်ပေး တယ်။တစ်ယောက်နဲ့တစ် ယောက်ဘယ် လောက်ချစ်ချစ် ရန်ဖြစ်ပြီြး ပဿနာတွေဖြစ် နေမယ်ဆို အဆင်ပြေမှာ မဟုတ်ဘူး။ ရေရှည်မှာ လက်တွဲမြဲဖို့ အတွက် အစစ အရာရာ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားစေချင် ပါတယ်။

အောင်မင်းထွန်း+ထွန်းအိန္ဒြာဗို
ကျွန်မတို့ အိမ်ထောင် သက်က အခုလာမယ့်ဇန်န ဝါရီ ၉ ရက်နေ့ ဆိုရင်၁၅ နှစ်ပြည့်ပြီ။ ကျွန်မတို့က နည်း နည်း ကလေး သိပ်မဆန်တဲ့ အိမ်ထောင်ရေးပေါ့။ လူကြီး ဆန် တယ် လို့တော့မပြော ချင်ပေမယ့် ကလေးတော့ သိပ်မဆန်ဘူးလေ။စိတ် ကောက် တာတွေ သိပ်မရှိဘူး။ တကယ်တမ်း ကျတော့ အိမ် ထောင် ဖက်ဆိုတာ သူ စိမ်း နှစ်ယောက် ကဘဝတစ်သက် တာအတူတူ တစ်သဘော တည်း ညှိနှိုင်းသွားမယ် ဆိုတဲ့ သဘောနဲ့လက်ထပ်ကြ တာ။ အိမ်ထောင်ပြု တယ်ဆိုတာ အဲဒီအဓိပ္ပာယ် သက်ရောက် တယ်ေ လ။တစ် ယောက်နဲ့တစ် ယောက်မှာ ကိုယ့်ကိုယ်တိုင် တောင်စိတ်တိုင်းမကျတာ တွေကအများကြီးရှိတယ်။အဓိကအရေးကြီးတာကတစ် ယောက်ကောင်းကွက်ကို တစ် ယောက်သေချာနားလည် ပေးနိုင်ဖို့ပဲ။အဲဒါဆိုရင် သိပ်ကြီးကြီးမားမားပြဿနာ မရှိဘူး။၁၅နှစ်ဆိုတော့ ပတ္တမြားရ တုလောက်ရှိပြီ ပေါ့။ သူစိမ်းနှစ်ေ ယာက် ပေါင်း ရတာဖြစ်တဲ့ အတွက် တစ်ယောက်ကောင်း ကွက်ကို တစ်ယောက်တန်ဖိုးထား တတ်ဖို့ပါပဲ။ စိတ်အနှောင့် အယှက်ဖြစ်တဲ့အခါ လည်း ကောင်း တာလေးတွေ အစား ထိုးပြီး ကြည့်သွားမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ သားသမီး ရတနာ ရလာရင်လည်း ပိုပြီး ခိုင်မြဲစေ ပါတယ်။

ပြေတီဦး+အိန္ဒြာကျော်ဇင်
ကျွန်တော်တို့ မင်္ဂလာ သက်တမ်းကအခုဆိုရင် ၃နှစ် နီးပါး ရှိ ပြီပေါ့။ တစ်ယောက် ကို တစ်ယောက်က အလိုလို နားလည်ပြီးသားဖြစ်နေ တော့နားလည်မှု ယူစရာ မလို တော့ဘူး။ အိမ်ထောင်တစ် ခုကိုထူထောင်တာ ကောင်းပါ တယ်။ ဒါလူ့သမိုင်းပေး တာဝန်ပဲလေ။ ထူ ထောင်ပြီး တဲ့အခါမှာ ဟန်ချက်ညီညီနဲ့ ကိုယ့်အိမ်ထောင် တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ပဲ အရေးကြီး ပါတယ်။အဲဒီလိုထိန်းသိမ်း နိုင်မယ်ဆိုရင် သာယာပျော် ရွှင်တဲ့ မိသားစုဘဝကို ရမှာပါ။

လွင်မိုး+မေသူ
အိမ်ထောင် သက်က ၁၆နှစ်ရှိပါပြီ။တစ်ယောက်နဲ့ တစ်ယောက်ကိုယ် ချင်းစာ တရားနဲ့နားလည် မှုတွေနဲ့ တည်ဆောက် ထားတယ်။ မင်္ဂလာမောင်နှံတွေ အတွက် ပြောချင် တာကတော့ လက် မထပ်ခင်သေသေချာချာ လေ့လာပါ။လေ့လာပြီး လက် ထပ် ပြီးသွားရင်တစ်ယောက် နဲ့တစ်ယောက်ခွင့်လွှတ်နိုင် တာကိုခွင့်လွှတ် ၊ကိုယ်ချင်းစာ တရားလေးထား၊တစ်ယောက် အမှားကို တစ်ယောက်က ပြင် ဆင်ပြီးတော့ရာသက်ပန် လက်တွဲနိုင်ဖို့ကြိုးစားကြ ပါလို့ ပြောချင်ပါတယ်။

ပြည့်မောင် +စမိုင်း
၂ဝဝ၄ကမင်္ဂလာဆောင် တာဆိုတော့ ကိုးနှစ်ရှိသွားပြီ။ မင်္ဂလာဆောင်ပြီးသွားတော့ သမီးရည်းစားလိုနေလို့ မရ ဘူး ပေါ့။ ၂၄ နာရီလုံးတစ်ယောက် မျက်နှာတစ်ယောက် မတွေ့ ချင်မှ အဆုံးပေါ့။နားလည်မှုက အဓိကလိုအပ်တာပေါ့။သွေး သားအရင်းတွေမှ မဟုတ်တာ။ သွေးရင်းသားရင်းတွေ တောင် စိတ်အခန့်မသင့်ဖြစ် တတ် သေးတာ ပဲ။အဲဒါလေးကို ကျော်ဖြတ် ပြီးတော့သွားတယ်။အိမ်ထောင်တစ်ခုမှာအဓိက နားလည်မှုပါပဲ။ဘာမှ မဟုတ် တဲ့ပြဿနာလေးကနေ မိသားစုကွဲသွားတာေ လးတွေ ရှိတာ ပဲ။ကျွန်မကတော့ ပြဿနာတစ်ခုကိုတစ်ယောက် နဲ့တစ်ယောက်နားလည်မှုနဲ့ပဲ ဖြေရှင်းပါတယ်။အိမ်ထောင် တစ်ခုရေရှည်တည် တံ့ချင်တယ် ဆိုရင်တော့ နားလည် မှုက အရေးကြီးဆုံးပါပဲ။

ဇော်ဝင်းထွဋ်+မေခိုင်အုန်း
မင်္ဂလာဆောင်အမှတ် တရဆိုရင်အခုအချိန်မှာသွား သတိရတာကတော့ တေးရေး သုခမိန်လှိုင်ရေးတဲ့သီချင်းကို ကိုမင်းမင်းလတ်ဆိုပြီး ကျွန်တော်ပြန်ဆိုထားတဲ့ ” တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်” သီချင်းထဲကအတိုင်းပဲပေါ့။ မင်္ဂလာဆောင်တွေမှာဖွင့်ကြတယ်။ သီချင်းလေးက ကမ္ဘာကျော်သံစဉ်လေးနဲ့ပေါ့။ အခု အချိန်မှာပြန်သ တိရတယ်ဗျာ။

ဟဲလေး+ မြတ်သီရိလင်း
အဓိကကတော့ တစ် ယောက်နဲ့တစ်ယောက်ချစ် ကြဖို့အရေးကြီးပါတယ်။ ချမ်း သာတာ၊မချမ်းသာတာထက် ဖြစ်သင့်တဲ့အနေအထားလေး တော့ရောက်အောင်ကြိုး စား ရတာပေါ့။အဲဒါမှလည်း ဘဝ ခရီးလမ်းကဖြောင့်ဖြူးမှာ ကိုး။ အဓိကက တစ်ယောက်နဲ့ တစ်ယောက်ချစ်မယ်ပေါ့။ ကျွန်တော်တို့ရဲ့မင်္ဂလာ သက် တမ်းက ငါးနှစ် ရှိသွား ပါပြီ။ငါးနှစ်တာသက်တမ်းအတွင်း မှာဒီလိုပဲဖြတ်သန်းရတာ ပေါ့။အဆင်ပြေတာ၊မပြေတာ တွေစိတ်ဆိုးတာတွေ၊ချစ်တာ တွေအများကြီးရှိပါတယ်။ အခုဆိုရင် သားေ လးနှ စ် ယောက်ရှိပြီဆိုတော့ ငါးနှစ် တာကာလအတွင်းမှာ ကျွန် တော်တို့ဘဝ ဖြတ်သန်းရတာ ပိုပြီးတော့အဓိပ္ပာယ်ရှိလာတာပေါ့။

စည်သူလွင်+ နွယ်မာကျော်
တစ်ယောက်နဲ့ တစ် ယောက် ချစ်တာ သေချာသွား ပြီ ဆိုရင် အဆိုး၊ အကောင်းကို ပြန်မတွေးတော့ဘဲနဲ့စပြီး လက် တွဲတဲ့အချိန်ကတည်းက နှစ် ယောက်လုံး တက်ညီ လက်ညီနဲ့ ကြိုးစားကြမယ်ဆိုရင် အောင် မြင်တဲ့ ဘဝတစ်ခုကို ရောက် နိုင်ကြမှာပါလို့ ပြောချင်ပါ တယ်။ အခုလာမယ့် ဒီဇင်ဘာ လ ၃ရက်နေ့ဆိုရင် ၃နှစ် ပြည့် မှာပါ။ တစ်ယောက်နဲ့တစ် ယောက်သစ္စာရှိမယ်။ ယုံကြည်မှုရှိမယ်၊ အဆိုး၊ အကောင်းကို တိုင်တိုင်ပင်ပင်နဲ့ပဲ ဒီကာလကို ဖြတ်သန်းခဲ့တယ်။ မင်္ဂလာ ဆောင်မှာ လူနည်းတာ၊ များ တာအရေးမကြီးပါဘူး။ အဓိက က ဘဝခရီးကို လျှောက်လှမ်း ကြမယ့် နှစ်ယောက်က အရေးကြီးပါတယ်။

ဘုဏ်းသိုက် + ချမ်းချမ်း
အဓိကဆိုရင် နှစ်ဖက် လုံး သဘောတူတဲ့ အိမ် ထောင်ရေးဖြစ် သင့်တာပေါ့။ အိမ်ထောင်မပြုခင် တစ်လ၊ နှစ်လလောက် တော့ ကြိုပြီး ပြင်ဆင်ထားတာမျိုး ဆိုရင် ပို အဆ င်ပြေတာပေါ့။ အစ်မတို့ကျတော့ ကိုယ်ယူချင်တဲ့အချိန် ကောက်ယူလိုက် တာဖြစ်တဲ့ အတွက်ကြောင့် ဘယ်လိုပြောရမလဲ ဝါတွင်း ကာလနဲ့ တိုးတာမျိုးဆိုတော့ ရက်ကောင်း ရက်မြတ်ရဖို့အတွက်မနည်းကို ရွေးပြီးတော့ လုပ်ခဲ့ရတယ်။ ကတိုက်ကရိုက်တော့ ဆန်တာပေါ့။ အဲဒီတော့ နှစ်လ၊ သုံးလလောက်ကြိုပြီးတော့ Plan ဆွဲရင် ပိုကောင်းတာပေါ့။ ပြီး တော့ အခုခေတ်မှာ အားလုံးက Plan ဆွဲပြီးတော့ မင်္ဂလာဆောင် ကြတာများတယ်။ အစ်မတို့က ကိုယ်ကြိုက်တဲ့ အချိန်ထလုပ် လိုက်လို့သာပေါ့။ ဘာသာရေး နဲ့ပတ်သက်တော့ ဘုရားကျောင်းမှာလည်း ဆောင်ချင်တာကိုး။ အဲဒီတော့ ဝါဝင်၊ ဝါထွက်ရှိနေတော့ ကတိုက်က ရိုက်ဖြစ်သွားတယ်။ ဒါပေမဲ့ ကြိုတင် ပြင် ဆင်တာက ကောင်းတယ်။ တစ်ခါတလေကျရင် ကိုယ်လုပ်ချင် တဲ့ပုံစံ တွေရဖို့ဆိုတာက အခက်အခဲ လေးဖြစ်သွားနိုင်တယ်။ အဲဒီတော့ အဓိကက နှစ်ယောက် လုံးကျေနပ် မယ့်အခြေအနေပုံစံလေး ဖြစ်အောင် ဖန်တီးပါ။ အဓိကက နှစ်ယောက်စလုံး ပေါင်းရမှာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေး မှာ စိတ်ကတောက် ကဆတ်ဖြစ် တာမျိုးတွေ၊ မယူခင်မှာ စိတ်သဘောထားကွဲနေမယ် ဆိုရင် အဆင်မပြေဘူးပေါ့။ Plan ဆွဲပြီးမင်္ဂလာဆောင်တာက တော့အကောင်းဆုံးပါ ပဲ။ တချို့လူမျိုးချင်း မတူဘဲ လက်ထပ်တာတွေ ရှိတယ်။ အဲဒီအခါမှာ ဘယ်လိုထုံးတမ်း ဓလေ့နဲ့ ဆောင်မလဲ၊ နေရာတွေကအစ ဘယ်ခုနှစ်မှာ၊ ဘယ်ရက်မှာကောင်းတယ် ဆိုတာကို တိုက်ပြီးရွေးကြတယ်။ အဲဒီလိုမျိုး ကြိုတင် ပြင်ဆင်ပြီးလုပ်မှ အမှားနည်းပြီး ကောင်းမွန်မှာပေါ့။ ကြိုတင်ပြင်ဆင် ပြီးလုပ်တာက တော့ အကောင်းဆုံးပါပဲ။ စိတ် ပင်ပန်းမှု မရှိတော့ ဘူးပေါ့။ မင်္ဂလာဆောင် တယ်ဆိုတာ နှစ်ဦးသဘောတူ မင်္ဂလာဆောင်တာမျိုးပဲဖြစ်စေချင် တယ်။ ဘာလို့လဲဆိုတော့ တစ်သက် လုံး ပေါင်းကြရမှာ ကိုး။အဲဒီတော့ ဒီနှစ်မှာ မင်္ဂလာဆောင်ဖို့ တာစူနေတဲ့ မင်္ဂလာ မောင်နှံတွေကိုမယူခင်လည်း သတို့သား၊သတို့သမီးလေးတွေ စိတ်ချမ်းသာပါစေ။ ယူပြီး သွားရင်လည်း အိုအောင် မင်းေ အာင် ပေါင်းရပါစေလို့ ဆုတောင်းပေး ပါတယ်။

ရန်ရန်ချန်း + ချီလီ
ကျွန်တော်တို့ မင်္ဂလာသက်တမ်းက အခုဆိုရင် ၃ နှစ် ကျော်သွားပြီ။ ကျွန်တော်တို့က မင်္ဂလာဆောင်ပြီးကတည်းက သားလေးယူမယ့် Plan လေးရှိ တော့ ကြိုပြီးပျော်နေကြ တာ။ ပြီးတော့ သူ့ကိုကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်ကတည်းက ရော၊ သူရောက်လာတဲ့အချိန်မှာကော ပျော်တယ်။ အခုဆို သားလေးနဲ့ နပန်းလုံးပြီး ပျော် နေကြတာ။ ကျွန်တော်တို့ အတွက်တော့ တောက်လျှောက် ပျော်စရာတွေချည်းပဲ။ ဝါကျွတ်လို့ မင်္ဂလာဆောင်မယ့်သူတွေအတွက် ပြောရရင် ကျွန်တော်တို့တုန်းက အမှတ် တရလေးေ တွ ပြန်ပြောပြမယ်။ မယူခင်တုန်းကလည်း ကျွန်တော်တို့ချစ်ချစ်ခင်ခင်၊ ပျော်ပျော် ရွှင်ရွှင်နဲ့ နေကြတယ်။ အခုယူ ပြီးသွားတော့လည်း ချစ်ချစ်ခင် ခင်၊ ပျော် ပျော် ရွှင်ရွှင်နေ တယ်။ အခု ရင်သွေးလေးရလာတော့ပို ပျော်ရတယ်။ အဲဒီ အတိုင်းပဲနေ ကြပါလို့။

L လွန်းဝါ+ ချောစု
၂ဝဝ၈၊ ဖေဖော်ဝါရီ ၁၄မှာ မင်္ဂလာဆောင်တာ ဆို တော့ အခုဆိုရင် ၅နှစ် ကျော်၊ ၆နှစ်သက်တမ်း ရှိပါပြီ။ မင်္ဂလာဆောင်ဆိုရင် မဆိုင်တာတွေအများ ကြီးမချဲ့စေ ချင်ဘူး။ ဘာမဟုတ် တာလေး နဲ့ ပြဿနာတက်တာမျိုးတွေ မဖြစ်ပါစေနဲ့။ အိမ်ထောင် သက် ၆နှစ်အတွင်းမှာ ဘာပဲ ပြောပြော အိမ်ထောင်တကယ် ကျသွားတဲ့အခါ ကိုယ်မသိသေး တဲ့ အချက်တွေက ရှိလာတာပဲ။ အားလုံးက မိသားစုတစ်ခု ပဲဆိုတဲ့ စိတ်နဲ့ ရင်ဆိုင်လိုက်ရင် ပြီးသွားမှာပါ။

သားစိုး + ထက်ထက်ခိုင်
မင်္ဂလာဆောင်ဖို့က အဓိကကတော့ ပိုက်ဆံများများ လိုပါတယ်။ ခမ်းနားရင်ခမ်းနားသလောက် ပိုက်ဆံကုန်တဲ့အတွက် ပိုက်ဆံရှိမှ ပဲမင်္ဂလာ ဆောင်ကြပါ။ အကြွေးနဲ့ မင်္ဂလာဆောင်တာမျိုး မဖြစ်စေချင်ဘူး။ မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ” အိမ်ထောင်မှု ဘုရားတည်ဆေးမင်စုတ်ထိုး” ဆိုတဲ့အတွက် ပြင်ရခက်တာမို့ အလေးအနက် ထားစေချင်ပါ တယ်။ ကျွန်တော်တို့ မင်္ဂလာသက်တမ်း ဆို ၃နှစ် ကျော်သွားပါပြီ။တစ်ယောက်နဲ့တစ် ယောက်ကနားလည်မှုရှိဖို့ရယ်၊နောက် တစ်ခု ကငွေကြေးပါပဲ။

ကျော်လင်း+ချောရတနာ
ချောတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့က အခုလာမယ့် ဒီဇင်ဘာ ၁ရက်နေ့ဆိုရင် ချောတို့တစ်နှစ်ပြည့်ပြီ။ တစ်ယောက် နဲ့တစ်ယောက် သည်းခံခွင့် လွှတ်နိုင်ဖို့က အဓိကပါပဲ။ အပြန် အလှန်နားလည်မှု တွေပေးနိုင်ရမယ်။ အဲဒါမှလည်း အိမ်ထောင်ရေးက သာယာပြီး အဆင်ပြေမယ်လို့ ယုံကြည်တယ်။ မင်္ဂလာဆောင်မယ့် မောင်နှံ တွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်သည်းခံ ခွင့်လွှတ်ပြီးတော့ တစ်သက်လုံးပဲ လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်။
Popular News Journal

ကလေးမွေးပြီး ကိုယ်အလေးချိန် ကျစေရန်


ကလေးမွေးပြီး ကိုယ်အလေးချိန် ကျစေရန်(၁) ကလေးကို နို့တိုက်ပါ
ကလေးကို နို့ချိုတိုက် တာဟာ က လေးရော မိခင်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိ တဲ့နည်းလမ်းပါ။ နို့တိုက် ကျွေးတာ ကြောင့် ကလေးလည်း အာဟာရဖြစ်ရုံ သာမက မိခင်မှာလည်း တစ်နေ့ကို ကယ် လိုရီ၅ဝဝ လောင်ကျွမ်းပြီး ကိုယ်အလေး ချိန်ကျစေပါတယ်။
(၂) လေ့ကျင့်ခန်းလုပ်ပါ
ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူ ပြီး လေ့ကျင့်ခန်း ဘယ်လိုစလုပ်သင့်လဲ ဆိုတာ အကြံဥာဏ် တောင်းပါ။ လမ်း လျှောက်တာ၊ ယောဂသင်တန်းတက် တာ၊ အေရိုးဗစ်ကစားတာစတဲ့ မိခင်တွေ အတွက်သီးသန့်ဖွင့်လှစ်တဲ့ သင်တန်းတွေ မှာ လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးနိုင် ပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက် တော့ အနည်းဆုံး မိနစ် ၃ဝ အချိန်ယူပြီး လုပ်သင့်ပါတယ်။
(၃) နည်းနည်းနှင့် အကြိမ်များများစားပါ
အဆာလွန်မှ စားတာဟာ ကယ်လို ရီတွေကို စုဆောင်းမိသလိုဖြစ်တဲ့ အ တွက် ဖြစ်နိုင်ရင် အဆာမခံသင့်ပါဘူး။ တစ်ခါတည်းနဲ့ ဗိုက်တင်းအောင်စားတာ မျိုးလည်း ရှောင်သင့်ပြီး နည်းနည်းနဲ့ အ ကြိမ်များများစားသောက်တာ တစ်နေ့ကို အနည်းဆုံးငါးကြိမ်မှ ခြောက်ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။
(၄) အဆာပြေစာ ကောင်းကောင်းစားပါ
အဆာပြေစာ အနေနဲ့ အချို့မုန့်တွေ စားမယ့်အစား ချိုတဲ့သစ်သီးတွေကို အ လွယ်တကူယူစားလို့ရတဲ့နေရာမှာ ထား ပါ။ ဒီအတိုင်း စားရတာငြီးငွေ့လို့ အ ပြောင်းအလဲအနေနဲ့ စပျစ်သီးနဲ့ပန်းသီး ကို ရေခဲသေတ္တာ ထဲမှာအေးခဲ ထားပြီး မြေ ပဲထောပတ်နဲ့ သုပ်စားတာမျိုးလည်းလုပ် လို့ရပါတယ်။
(၅) အမျှင်ဓာတ် များများစားပါ
စားတဲ့ အစာတိုင်းမှာ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်ပါစေ။ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် အစားအစာတွေဖြစ်တဲ့ အုတ်ဂျုံမုန့်၊ လတ်ဆတ်တဲ့ဟင်းသီးဟင်း ရွက်သစ်သီးတွေကို စားပေးပါ။ ဆန်လုံး ညိုနဲ့ကောက်နှံစာတစ်ခုလုံးပါဝင်တဲ့ အ စာတွေကိုလည်း ရွေးချယ်စားသုံးနိုင်ပါ တယ်။
(၆) အဆီနည်းသော အသားစားပါ
အဆီများတဲ့ အသားတွေ စား မယ့်အစား ကြက်သားနဲ့ ငါးကိုစားပါ။ ဆော်လမွန်ငါးမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တာကြောင့် ရောင်ရမ်း ခြင်းကို လျော့နည်းစေပြီး အလေးချိန် လည်းကျစေပါတယ်။ ကလေးနို့တိုက်နေ တဲ့မိခင်တွေအတွက် တစ်ပတ်ကို တူနာ ငါး ၆အောင်စအထိ စားသင့်ပြီး ပြဒါး ပါဝင်မှုများတဲ့ငါးတွေကိုတော့ ရှောင်သင့် တယ်လို့ ဆိုထားပါတယ်။
(၇) ရေများများသောက်ပါ
ရေဓာတ်ဟာ ကိုယ်အလေးချိန်ကျ ဖို့နဲ့ အစားစားချင်စိတ်ကို တားဆီးပေးတဲ့ နေရာမှာ အလွန်အရေးပါပါတယ်။ အ သားအရည်ကိုလည်း ကြည်လင်စေပြီး စို စိုပြည်ပြည်ဖြစ်စေတာကြောင့် တစ်နေ့ကို ရေ ရှစ်ခွက်အထိတော့ အနည်းဆုံး သောက်သင့်ပါတယ်။
(၈) အချိန်ယူပါ
ရုပ်ရှင် သရုပ်ဆောင် မင်းသမီးတွေဟာ ကလေးမွေးပြီး တစ်ပတ်အတွင်း ကိုယ်အလေးချိန်ကျ သွားတယ်လို့ ထင်ရ ပေမယ့် တကယ်တမ်းတော့ မလွယ်ပါ ဘူး။ ဝမ်းဗိုက်ကြွက်သား တွေဟာ ကလေး ကို ကိုးလလောက်လွယ် ထားရတဲ့ အတွက် မလွယ်ခင်က အချိန်လိုပြန်ဖြစ်ပြီး ချက် ချင်း ကိုယ်အလေးချိန် ကျဖို့ဆိုတာ အ နည်းငယ်တော့ အချိန်ယူ သင့်တယ်လို့ ပြောချင် ပါတယ်။
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Good Health

လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်တစ်ဦး ရွှေဆိုင် ၀င်ရောက်လုယက်




မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာ၊ ၉ ရပ်ကွက်၊ လမ်းမတန်းရှိ ဦးတင်မြင့်ပိုင် "ဦးတင်မြင့်ရွှေဆိုင်" ကို ဗိုလ်ကြီးအဆင့်ရှိသူ အောင်ခန့်မင်းကလက်နက်ပြခြိမ်းခြောက်ပြီးလုယူမှုတစ်ခု ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်း ဗိုလ်ကြီးအောင်ခန့်မင်းသည် ညနေ ၃ နာရီ ၁၅ ခန့်တွင် ရွှေဆိုင်သို့ ရောက်ရှိလာပြီး ဆိုင်ရှင် ဦးတင်မြင့်အားပါလာသည့်သေနတ်ထုတ်ချိန်ရွယ်ကာ ရွှေများထုတ်ပေးရန်ပြောဆိုခဲ့ပြီး ၎င်းကိုယ်တိုင် သေနတ်ဖြင့် ရွှေသေတ္တာမှန်ပုံးကို သေနတ်ဖြင့်ထုခွဲကာ ရွှေထည်များကို လုယူခဲ့သည်ဟု သိရသည်။
" ဆိုင်ထဲကိုဝင်လာပြီး ဘက်အိတ်ကို ပစ်တင်လိုက်တယ်။ ပြီးတော့ သေနတ်ထုတ်ချိန်ပြီး ရွှေတွေထုတ်ပေးလို့ပြောတယ်။ ခဏနေတော့ မှန်သေတ္တာကိုထုခွဲပြီး ရွှေတွေကြုံးယူတယ်။ ကျွန်တော်လဲတိုင်ဖုံးလေးကွယ်ပြီးထွက်ပြေးတာပေါ့။
အပြင်ရောက်တော့အော်ပြီးအကူအညီတောင်းတယ်တော့ လူတွေရောက်လာပြီး ၀ိုင်းဖမ်းကြတယ် "ဟုဆိုင်ရှင်ဖြစ်သူ ဦးတင်မြင့်ကပြန်လည်ပြောပြပါသည်။
ယင်းအသံများကြောင့် အနီးရှိအိမ်တွင်ရှိနေသည့် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်း၊ အိမ်နီးချင်းဖြစ်သူ ဦးဝင်းနိုင်နှင့် ဦးတင်စိုးစသည်လူများရောက်ရှိလာကာ ၀င်ရောက်လုံးထွေးဖမ်းဆီးရာမှ လက်ရဖမ်းဆီးမိခဲ့သည်ဆိုသည်။
ယင်းလုယူသူမှာ သထုံမြို့အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်(လကတ ၃၀၁၄) မှ ဗိုလ်ကြီးအောင်မင်းခန့် (ကြည်း-၃၇၇၃၆)၊ ဘ-ဦးအောင်ခင်စန်း၊ အသက် (၃၀)နှစ်ဖြစ်ကြောင်းယင်း၏ပြန်တမ်းဝင်ကဒ်ပြားနှင့် တပ်သို့ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။ယင်းနှင့်အတူ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်တောင့် ၉ တောင့်နှင့် နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်နက်ပြာရောင်တစ်စီးကို သိမ်းဆည်းရမိပြီး ယခုအခါ တပ်ရင်းသို့ ပြန်လည်အပ်နှံလွှဲပြောင်းရန်စီစဉ်နေပြီဟု သိရသည်။
Than Lwin Times

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို. စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသား တရားရုံးတင် စစ်ဆေး


မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို. စီစဉ်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသား တစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စွဲချက်တွေနဲ. ဂျကာတာမှာ ယနေ. တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

စွဲဆိုထားတဲ့ ပုဒ်မတွေအရ ပြစ်မှုကျုးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် သူဟာ သေဒဏ် ကျခံရဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတွေ ဖိနှိပ် သတ်ဖြတ် ခံရတဲ့အတွက် အသက် ၂၉ နှစ်အရွယ် Separino ဟာ အစ္စလမ်မစ် အစွန်းရောက်တွေနဲ. ပူးပေါင်းပြီး သံရုံးကို လက်စားချေ ဗုံးခွဲဖို. စီစဉ်ခဲ့တာ ဖြစ်တယ်လို. တရားခွင် အပြန်အလှန် လျှောက်လဲချက်တွေမှာ ဖော်ပြထားပါတယ်။

Saparino နဲ. အပေါင်းအပါ တစ်ဦး စီးနင်းလာတဲ့ မော်တော် ဆိုင်ကယ်ကို မေလ ၃ ရက်က ရဲတပ်ဖွဲ.က ရပ်တန်. စစ်ဆေးရာမှာ သူတို. လွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ လက်လုပ်ဗုံးတွေ တွေ.ရှိရတယ်လို. သိရပါတယ်။ သူတို. ငှားရမ်း နေထိုင်တဲ့ အိမ်မှာလဲ ဖောက်ခွဲရေး ပစ္စည်းတွေ တွေ.ရှိခဲ့ပါတယ်။

ရက်အနည်းငယ် အတွင်းမှာ ဒီကိစ္စကို ကြိုးကိုင်သူ Sigit Indrajid နဲ. အခြား နှစ်ဦးကို ရဲက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။
သူနဲ. အတူ ဖမ်းဆီး ခံရသူ အခြား လေးဦးကိုလဲ နောက်ပိုင်းမှာ ရုံးတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ စွပ်စွဲချက်တွေကိုတော့ သူတို. အားလုံးက အပြစ် မရှိကြောင်း ငြင်းဆိုထားကြပါတယ်။

တရားလိုပြ ရှေ.နေက Saparino ဟာ ဂျကာတာ မြို.လယ်က ဗလီ ၀တ်ကျောင်း တစ်ခုမှာ အစွန်းရောက် ဘာသာရေး သမားတွေရဲ. ဟောပြောချက်တွေကို နှစ်လ ရှည်ကြာ နားထောင်ရင်းက အစွန်းရောက် ၀ါဒီ တစ်ဦး အဖြစ် သွပ်သွင်းခြင်း ခံခဲ့ရတယ်လို. တရားခွင်မှာ လျှောက်လဲခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှုရဲ. လက်သည် Abu Bakar Bashir ရဲ. ဟောပြောချက်တွေကိုလဲ သွားရောက် နားထောင်လေ့ ရှိတယ်လို. သတင်း ရရှိပါတယ်။

သူတို.ရဲ. ဗုံးပြုလုပ်နည်း သင်ယူရာ နေရာက အင်တာနက်ဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်သူတွေဟာ facebook ကတဆင့် ဆုံတွေ.ခဲ့ကြတာလို. သိရှိရပါတယ်။
BBC Burmese

ကူညီပါရေစေပြောပြီး လူထုထံက ရခိုင်ရဲများ ဆက်ကြေးကောက် (ပေးစာ)


ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ သစ်ရင်းပြွန်ချောင်း၊ င/ရုပ်ခင်း၊ ညောင်ချောင်း ရဲစခန်း မှ ဒုရဲအုပ်အဆင့် နှင့် အခြားအဆင့် ရဲဝန်ထမ်းများသည် သစ်ရင်း ပြွန်ချောင်း တွင် ခရီးသည် လှေ၊ သမ္မန်၊ ဘုတ် များကို တစ်စီးလျှင် ၅၀၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်ထိ အတင်း အဓမ္မ ဓါးပြတိုက်သလို  သေနတ်ပြတောင်းစား နေပါ၍ ကုန်သည်၊ ခရီးသည်များ မလာဝံ့တော့ဘဲ နယ်မြေ ဒေသခံ  ပြည်သူများမှာ အခက်အခဲ နှင့် ကြုံတွေနေရကြရပါသည်။
ဤသို့ လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု ပေါ်သစ္စာမဲ့ ပြုကျင့်ရာ ရောက်နေပါသဖြင့် ၎င်းကဲ့သို့ ပြုလုပ်နေသူများကို  ထိရောက်စွာ အရေးယူပေးပါ ရန် ဒေသခံပြည်သူများ ကိုယ်စား တင်ပြ အပ်ပါသည်။

၎င်းအပြင် ကျောက်ဖြူမြို့နယ်၊ ကျောက်ထရံတွင်လည်း ခရီးသည် ကုန်သည်၊ လှေ၊ သမ္မန်၊ ဘုတ်တို့ ထံမှလည်း အထက်ပါအတိုင်း ရဲဝန်ထမ်းများက သွေးအေး ဓါးပြတိုက်လျှက် ရှိနေပါကြောင်း တိုင်ကြား အပ်ပါသည်။

တိုင်းကြားစာပေးပို့သူ

စီရို ဖေါ်ကာ

ပေါက်တောမြို့က အန်ဂျီအိုတွေ ထွက်ခွာ


ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် အခြေစိုက် လှုပ်ရှားနေကြသည့် နိုင်ငံတကာ အန်ဂျီအို (၃) အဖွဲ့  ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

ထွက်ခွာသွားကြသော နိုင်ငံတကာ အန်ဂျီအိုများမှာ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က အတည်ပြု ပြောကြားသည်။

“ သူတို့ရုံးတွေကို ပြန်အပ်ပြီး မနေ့ကတည်းက ထွက်သွားကြတာ ဖြစ်တဲ့ အတွက် အပြီးအပိုင် ထွက်သွားကြတာ ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ ထွက်ခွာသွားကြသည်မှာ ပေါက်တောမြို့ခံများက အန်ဂျီအိုများကို လက်မခံကြောင်း ကြေငြာချက် ထုတ်ပြန်သည့်အတွက် ဖြစ်နိုင်ကြောင်း ပေါက်တောမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ ပေါက်တောမှာ မြို့သူ မြို့သားတွေက အောက်တိုဘာလ ၃ ရက်နေ့ကတည်းက အန်ဂျီအိုတွေ ကို မြို့ပေါ်မှာ ရုံးစိုက်ပြီး လှုပ်ရှားတာကို လက်မခံတော့ဘူးလို့ စာထုတ်တယ်။ ပေါက်တောမှာရှိတဲ့ အန်ဂျီအို တွေ ၂ ရက်အတွင်း ထွက်သွားကြဖို့တောင်းဆိုတဲ့အတွက် သူတို့ ထွက်သွားကြတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ပေါက်တောမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ပေါက်တော မြို့သူ မြို့သားများက လူထုအစည်းအဝေးတရပ်ကျင်းပပြီး အချက် ၉ ချက်ပါ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များထဲတွင် ပေါက်တောမြို့နယ်အတွင်း ဒေသခံများမဟုတ်သော NGO- INGO များအတွက် အိမ်းငှားရမ်းမှုကို ကန့်ကွက်ကြောင်း၊ ဒေသအတွင်း ဒေသခံများမဟုတ်သော နိုင်ငံတကာ အန်ဂျီအိုများ (၂) ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုကြောင်း၊ ယင်းပြင် လတ်တလော ဖြစ်ပွားခဲ့သော ဆင်တက်မော်ပြဿနာတွင် ရက်စက်စွာသတ်ဖြတ်ခံရသည့် ဌာနေ ရခိုင်လူနာများအား ICRC မှ ခွဲခြားပစ်ပယ် ဆက်ဆံမှုကို လုံးဝကန့်ကွက်ကြောင်း ဖေါ်ပြသည့် အချက်များ ပါဝင်သည်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်အေး

ပြည်သူ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရန် မီတာခ တက်ခြင်းဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၆

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လျှပ်စစ်မီး ရရှိသည့် ပြည်သူ ၃၀ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သော်လည်း ကျန် ၇၀ ရာခိုင်နှုန်းသော ပြည်သူများအတွက် လျှပ်စစ်မီး ရရှိစေရန် လုပ်ဆောင်မည် ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲခကို တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က နိုဝင်ဘာလ ၆ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

စက်မှုဇုန်များ လျှပ်စစ်ဓာတ်အား ပေးဝေခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပေးပြီး ဝန်ကြီးဌာနမှ ကိုင်တွယ် လုပ်ဆောင်နေသောကဏ္ဍ လျှော့ချမည် ဖြစ်သဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် စက်မှုဇုန်များကို မီးမပေးရသောကြောင့် ပိုထွက်လာသည့် လျှပ်စစ်ကို မီးမရရှိသည့် ပြည်သူ ၇၀ ရာခိုင်နှုန်းထံ ဖြန့်ဝေရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မီတာခများ တိုးမြှင့် ကောက်ခံမှုမှ ရရှိလာသည့် ဘဏ္ဍာငွေများဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အခြေခံ အဆောက်အဦ များကို ဆောက်လုပ်၍ မီးမရရှိသည့် ပြည်သူများကို မီးပေးရန် လုပ်ဆောင် မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“မီးမရတဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းကို မီးပေးဖို့ ကုန်ကျစရိတ် လိုတယ်။ မီတာခ တက်လို့ ဆန္ဒပြမယ်ဆိုတဲ့ လူတွေကို မေးချင်တာက သူတို့ ဘယ်သူကို ကိုယ်စားပြုပြီး ဆန္ဒပြတာလဲ ဆိုတာပဲ” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် ဆောက်လုပ်ရန် လျာထားသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ရခိုင်ပြည်နယ်သို့ ရွှေ့ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ရာ မွန်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်ခြင်းကို ၎င်းက ထောက်ပြသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ဝယ်ယူသည့် သဘာဝဓာတ်ငွေ့ဖြင့် တစ်ယူနစ်လျှင် ၁၅၀ ကျပ်ဖြင့် လျှပ်စစ်ဓာတ်အား ပေးလျက်ရှိပြီး မြန်မာနိုင်ငံ မှာမူ ကိုယ့်နိုင်ငံမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ဖြင့် တစ်ယူနစ် ၁၅၀ ကျပ် ဆိုသည်မှာ မဖြစ်သင့်ကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

မီတာခ တိုးမြှင့်လိုက်သော်လည်း နွေရာသီ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရန်ကိုမူ အာမခံ မပေးနိုင်သေးကြောင်း၊ တိုးမြှင့်ကောက်ခံသည့် မီတာခများကြောင့် နိုင်ငံ့ဘဏ္ဍာငွေ ပိုမိုရရှိလာမည် ဖြစ်သော်လည်း အနာဂတ် လျှပ်စစ်ဓာတ်အား လုံလောက်ရေး စီမံချက်များကိုမူ ၎င်း၏ ရာထူးအဆင့်ဖြင့် မဖြေဆိုနိုင်သေးဟု ဦးအောင်ခိုင်က ပြောကြားသည်။

လျှပ်စစ်ကဏ္ဍတွင် လိုအပ်သည့် ဓာတ်အားပေး စက်ရုံခွဲများ၊ ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးပိုင်းတွင် တိုးချဲ့ တည်ဆောက်ရေး အတွက်လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတွင် ဘဏ္ဍာငွေများစွာ လိုအပ်နေပြီး မီတာတစ်ယူနစ်လျှင် ပျမ်းမျှ ထုတ်လုပ်မှုစရိတ် ၇၈ ကျပ် ကျသင့်ကာ ပြည်သူများသို့ မီတာတစ်ယူနစ်လျှင် ပျမ်းမျှ ၅၆ ကျပ်ဖြင့် ပေးဝေနေရာ လျှပ်စစ် တစ်ယူနစ်လျှင် ၂၂ ကျပ် ရှုံးလျက် ရှိသည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့ထံမှ သိရသည်။
The voice weekly

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို


ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍  ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

"၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ခင်ညွန့် လှူထားတယ်ဆိုပြီး သံဃမဟာ နာယကအဖွဲ့ပြောတာက ၀ိနည်းဒေသနာနဲ့ မညီဘူး။နိုင်ငံတော် တည်ဆဲဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ ဆရာတော့်မှာက ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း အကုန်ရှိပါတယ်။ ကျောင်းတိုက်ကြီးကို အစိုးရက သိမ်းတာမဟုတ်ပါဘူး။ ဆရာတော်မရှိတဲ့အခါမှာ သံဃနာယကအဖွဲ့ကို ခဏလွှဲထားတာပါ။ ဆရာတော် ပြန်ကြွလာတဲ့အခါမှာ အရင်တိုင်းပဲ ရှိမှာပါဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကလည်း ဆရာတော့်ဆီကို စာရေးပြီး အကြောင်းကြားခဲ့တယ်။ ဒီကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သံဃမဟာနာယကအဖွဲ့ကို တရားစွဲဆို သွားဖို့ရှိပါတယ်" ဟု ပီနန် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မိန့်ကြားရာတွင် ဆရာတော်ကြီး၏ ရည်မှန်းချက်များအတိုင်း အကောင်အထည် ဖော်နေစဉ်အတွင်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့် ညွှန်ကြားချက် အရဟုဆိုကာ ကျောင်းဖွဲ့စည်းပုံ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို ဆက်ထားလျှင် ကျောင်းကြီး ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကျောင်းကြီးတွင် အကြွေးများ ကျန်ရှိခြင်းစသော အကြောင်းပြ ချက်များဖြင့် သံဃမဟာ နာယကအဖွဲ့ထံသို့ ကျောင်းတော်ကြီးကို လွှဲအပ်လိုက်သည်ဟူသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း မိန့်ကြားခဲ့သည်။      

"သံဃနာယကအဖွဲ့က သူပိုင်တယ်။ပီနန်ဆရာတော်ဘုရားကြီး မပိုင်ဘူးလို့ ပြောတယ်။ ပီနန်ဆရာတော်ဘုရားကြီးက သူပိုင်တယ် ပြောတယ်။ အဲဒါကြောင့် တရားရုံးမှာ ဆုံးဖြတ်ဖို့ ဖြစ်လာပြီ ။ အဲဒါကြောင့် မှန်တယ်ထင်ရင် ကိုယ်ပိုင်တယ်ထင်ရင် တရားရုံးမှာ တရားမကြောင်းအရ တရားစွဲလို့ရပြီ။ နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်ထားတယ်ဆိုရင် ပိုင်ရှင်လက်ထဲ ပြန်ပေးလိုက်ရင် သံဃမဟာ နာယက အဖွဲ့ကို ပြန်ပေးခိုင်းလို့ရတယ်။ မပေးဘူးဆိုရင် တရားဥပဒေကြောင်းအရ ဆုံးဖြတ်မယ်။ ဥပဒေသဘောအရဆိုရင် ခုံသမာဓိ လူကြီးခန့်တယ်။ အဲဒီမှာ နှစ်ဖက်ကျေနပ်တဲ့ ဆရာတော်ဘုရားကြီးကို ခန့်စေချင်တယ်။ ကျွန်တော့်သဘောအရ ဆိုရင်ပေါ့။ သံဃမဟာ နာယကအဖွဲ့က ငါပိုင်တယ်လို့ ဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်"တရားလွှတ်တော် ရှေ့နေ ဦးထင်ဇော်က ဆိုသည်။      
ယင်းကျောင်းတိုက်ကို ယဉ်ကျေးမှု သင်တန်း Training Center ဖွင့်လှစ်ရန် ပီနန်ဆရာတော်မှ ရည်ရွယ်ထားပြီး သံဃနာယကအဖွဲ့မှ ကျောင်းတိုက်ကို ထိန်းသိမ်းထားသည့် ၁၀ နှစ်ကျော်အတွင်း ဘိုင်စကုပ် ငှားခြင်း၊ မင်္ဂလာဆောင် ငှားရမ်းခြင်း၊ အကသင်တန်း၊ ဈေးပွဲတော်များ ပြုလုပ်ခဲ့မှုများကို အထောက်အထား၊ ဓာတ်ပုံများရှိကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
   
ယင်းကိစ္စနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ နိုဝင်ဘာ ၂ ရက်တွင် ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိသည်မှာ မမှန်ကန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် တာဝန်ရှိသူများက ရှင်းလင်းခဲ့သည်။
Eleven Media Group

မွန်ပြည်နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်၍ လုယက်မှုဖြစ်ပွား


နိုဝင်ဘာ ၆ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရွာရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗိုလ်ကြီးအဆင့်ရှိသူ တပ်မတော်သားတစ်ဦးက သေနတ်ဖြင့်ချိန်ပြီး လုယက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ် ရဲစခန်းမှ The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၆ ရက် ညပိုင်းက အတည်ပြု ပြောကြားသည်။

ပေါင်မြို့နယ်ရဲစခန်းမှ ညပိုင်းတာဝန်ကျ တာဝန်မှူးတစ်ဦးက "ဒီဖြစ်စဉ်က ဟုတ်ပါတယ်။ ကျူးလွန်တဲ့သူက သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်ကြီး အောင်ခန့်မင်းဆိုသူ ဖြစ်ပါတယ်။ လက်ရှိ သူ့ကို မူရင်းတပ်ကို ပြန်လွှဲပေးလိုက်ပါပြီ" ဟု နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်က ဖြေကြားသည်။

နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီ ၂၅  မိနစ်ခန့်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ၊ ၉ ရပ်ကွက် (ရန်ကုန်-မော်လမြိုင်)ကားလမ်းမဘေးရှိ ဦးတင်မြင့်ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်လာသည့် အဆိုပါ တပ်မတော်သားက ရွှေဆိုင်အတွင်းသို့ ၀င်ကာ သေနတ်ဖြင့် ချိန်ခဲ့ပြီး မှန်သေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းများကို ၎င်းနှင့်ပါလာသည့် ကျောပိုးအိတ်အတွင်းသို့ ထည့်ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုနေစဉ် ရွှေဆိုင်အနီးတွင် ရှိနေသည့် ကိုဌေးမင်း (ပြည်သူ့စစ်) နှင့် အဖော်နှစ်ဦးက ၎င်းအား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးကာ ဇင်းကျိုက်ရဲစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး ထိုမှတစ်ဆင့် ပေါင်မြို့နယ်ရဲစခန်းသို့ပို့ ဆောင်ခဲ့ကာ ၎င်းထံမှ ၉ မမပစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ပေါင်မြို့နယ်ရဲစခန်း က (ပ)၁၁၁/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ယင်းနေ့ညပိုင်းကပင် အဆိုပါ တပ်မတော်သားအား မူရင်းတပ်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Eleven Media Group

ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုကို မူဂျာဟစ်ဒင်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အိန္ဒိယအမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖော်ထုတ်


ဗုဒ္ဓဂယာဝင်းအတွင်း ဇူလိုင် ၇ ရက်က ပေါက်ကွဲခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်သည့် အသေးစိတ်ကို အိန္ဒိယ အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီဟု အိန္ဒိယနိုင်ငံ သတင်းစာ The Times of India ၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ  Ranchi မြို့က သိမ်းယူရရှိခဲ့သည့် အထောက်အထား စာရွက်စာတမ်းများအရ ဗုဒ္ဓဂယာတွင် ထောင်ခဲ့သည့် ဗုံး ၁၃ လုံး၏ အသေးစိတ် အချက်အလက်များ၊ အဆိုပါ ဗုံးများကို ထောင်ခဲ့သူများ အစရှိသည့် ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သည့် အသေးစိတ် အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ အမျိုးသားထောက်လှမ်းရေး အဖွဲ့သည် Ranchi မြို့ရှိ Hindpidih ဧရိယာကို တနင်္လာနေ့က စီးနင်းရှာဖွေရာမှ ဗုံး ၂၇ လုံး သိမ်းဆည်း ရမိခဲ့သည့်အပြင် ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုများတွင် ဗုံးထောင်ခဲ့သူများကို ဖော်ပြထားသည့် ဇယားတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အထောက်အထားအရ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုများကို ကြံစည် ပြုလုပ်ခဲ့သူများမှာ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့မှ Tehsin Akhtar နှင့် Haidar Ali တို့ဖြစ်ကြပြီး ၎င်းတို့မှာ အောက်တိုဘာ ၂၇ ရက်၌ ဖြစ်ပွားခဲ့သည့် ပတ္တနား ဗုံးဖောက်ခွဲမှုကို ပြုလုပ်ခဲ့သူများပင် ဖြစ်သည်။

နာမည်စာရင်းထဲတွင် Imtiaz Ansari  ဆိုသူလည်း ပါဝင်ပြီး ၎င်းကို ပတ္တနား ဗုံးပေါက်ကွဲမှုအပြီးတွင် ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သည်။ Ansari က ၎င်းအနေဖြင့် ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုတွင် ပါဝင်မှု မရှိကြောင်း ငြင်းဆိုထားပြီး ၎င်းဗုံးဖောက်ခွဲမှုများသည် Tehsin Akhtar က ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စာရင်းထဲတွင် ဖော်ပြထားရာတွင်မူ Imtiaz သည် ဗုဒ္ဓဂယာဝင်းအတွင်းရှိ ထိုင်းဘုရားကျောင်းအနီး ဗုံးထောင်ခဲ့သူ တစ်ဦးဖြစ်သည်ဟု ဆိုထားပြီး သူ၏အဖော်ဖြစ်သူ Ainul alias Tarique က Targhar ဘုရားကျောင်းအနီးတွင် ထောင်ခဲ့သည်ဟု ဆိုသည်။ ၎င်းမှာမူ ပတ္တနားတွင် ဗုံးထောင်ရင်း ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တနင်္လာနေ့ စီးနင်းမှု၌ ဟိုတယ်အခန်းအတွင်း နေထိုင်ရင်း ဖမ်းဆီးရမိခဲ့သူ Mujib သည် ဗုဒ္ဓဂယာဝင်းအတွင်း လေးနေရာ၌ ဗုံးထောင်ခဲ့သူ တစ်ဦးဖြစ်သည်။

စီးနင်းရှာဖွေမှုများနှင့် ပတ်သက်၍ အကြီးတန်း အရာရှိတစ်ဦးက "Imtiaz က ကျွန်တော်တို့ ထောက်လှမ်းရေးအဖွဲ့ကို ဖုံးကွယ်ထားတာတွေ အများကြီး ရှိပါသေးတယ်။ ရှာဖွေ တွေ့ရှိချက်တွေအရ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ အခု သက်သေခံ အထောက်အထား စုဆောင်းရေး  ပြုလုပ်နေပါတယ်။ သူ့ကိုဆက်ပြီး စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်သွားမှာပါ"ဟု ပြောကြားသည်။
Eleven Media Group

ကချင်ပြည်နယ် အခြေစိုက် ရှမ်းနီတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံ


ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံစဉ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအဖွဲ့ဝင်များနှင့် ဥရောပသမဂ္ဂ (အီးယူ)သံအမတ် အဖွဲ့တို့ နိုဝင်ဘာ ၅ ရက်က  မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ  ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် ရှမ်းနီလူမျိုးများအား မှတ်ပုံတင်ဌာန၌ အမည်စာရင်းပေါက်အောင် ဆောင်ရွက်ရာတွင် ကူညီပေးရန် အီးယူ သံအမတ်အဖွဲ့အား ရှမ်းနီပါတီဝင်များက အကူအညီ တောင်းခံခဲ့သည်။
ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်လေးက "ရှမ်းနီတွေဟာ ကချင်ပြည်နယ်မှာ အများဆုံး နေကြပါတယ်။ အခုဆိုရင် လူမျိုးတောင် ပျောက်ခါနီးပါပြီ။ လူမျိုးကိုလည်း  နာမည်အမျိုးမျိုး ခေါ်ဝေါ်နေပြီး လူဝင်မှု ကြီးကြပ်ရေးဌာနမှာတောင် အမည်မှန်မရှိပါဘူး။ ကျွန်တော်တို့ လူမျိုး၊ စကား၊ စာပေတွေဟာ ပျောက်ကွယ် လာပါတယ်။ အီးယူဘက်က တက်နိုင်သမျှ ကူညီဖို့လည်း ဖိတ်ခေါ်ပါတယ်"ဟု ဆိုသည်။
ရှမ်းနီ တိုင်းရင်းသားများ၏ အကူအညီ တောင်းခံမှုနှင့် ပတ်သက်ပြီး အီးယူ သံအမတ်ကြီး Mr.Roland Kobia က တတ်နိုင်သရွေ့ ကူညီသွားမည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းနီ တိုင်းရင်းသားများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နေထိုင်ကြပြီး လက်ရှိတွင် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းနီလူဦးရေ စာရင်းကောက်ယူနေကာ ခန့်မှန်း လူဦးရေ သိန်း ၂၀ ၀န်းကျင် ရှိနေကြောင်း သိရသည်။
Eleven Media Group

လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား


လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူများကို တွေ့ရစဉ်
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် "နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ"၊"မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်"၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ လျှော့ချပေး"၊ မီတာခတွေတက်လို့ တိုင်းပြည် မတိုးတက် လူထုတွေသာ ဘ၀တွေပျက်မယ်"၊ မီတာခတက်ရင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်"၊ ပြည်သူတွေရဲ့ဘ၀ ဒီထက်ပိုပျက်မယ်"စသည့် စာတမ်းများ ရေးထားသော စာရွက်များကို လည်ပင်းတွင် ချိတ်ဆွဲကာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒပြစတင်မှု မကြာခင်တွင် ပန်းဘဲတန်း မြို့မရဲစခန်းမှ ရဲအုပ်အေးမြင့်နိုင်က လာရောက်ပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြနေပါက ဥပဒေနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း လာရောက် ပြောကြားသည်။

"ကျွန်တော်တို့ ပုဒ်မ ၁၈ ကို အယုံအကြည် မရှိတဲ့အတွက် ခွင့်ပြုချက်ကို မတင်တာပါ။ ကျွန်တော်တို့ဟာ မီတာခတက်လို့ ပြည်သူတွေ ခံစားရမယ့် ဒုက္ခတွေအတွက် ပြည်သူတွေရဲ့ကိုယ်စား အခုလို ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ ဥပဒေနဲ့အညီ အရေးယူမယ်ဆိုရင်လည်း ရင်ဆိုင်သွားဖို့ အသင့်ပါပဲ"ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်က ပြောကြားသည်။


လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူများကို တွေ့ရစဉ်

နိုဝင်ဘာ ၁ ရက်မှ စတင်၍ ပြင်ဆင်လိုက်သည့် ဓာတ်အားခ ဈေးနှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက်သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ် ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ် ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား လူထုအကြား ဝေဖန်မှုများ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကဲ့သို့ ဆန္ဒပြခဲ့သည့် နေရာအနီးတစ်ဝိုက်နှင့် ထပ်မံဆန္ဒပြမည်ဟု သတင်းထွက်ပေါ်နေသည့် နေရာအချို့တွင် သက်ဆိုင်ရာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အသင့်လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် မဟာဗန္ဓုလ ပန်းခြံရှေ့၌ Generation Youth အဖွဲ့မှ လူအင်အား ၆၀ ခန့်မှလည်း မီတာခများ လျှော့ချရေးအတွက် ဖယောင်းတိုင်များကို ကိုင်ဆောင်ပြီး မဟာဗန္ဓုလလမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဆူးလေဘုရားလမ်းတစ်လျှောက် လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြရာတွင်"လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှု ချက်ချင်းရပ်၊ ပြည်သူကို ဆင်းရဲတွင်းနက်စေမည့် လုပ်ရပ် ချက်ချင်းရပ်၊ ဒီမိုကရေစီ အစိုးရဆိုလျှင် ပြည်သူ့ဆန္ဒကို လေးစားပါ" အစရှိသည့် ဆိုင်းဘုတ်များ ကိုကိုင်ဆောင်ကာ ကြွေးကြော်စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်သူတစ်ဦးက"ဆန္ဒထုတ်ဖော်ရတာက မီတာခတွေ တက်တာကို ပြည်သူလူထုကို အသိမပေးဘဲနဲ့ တိုးမြှင့်ကောက်ခံတဲ့အတွက် ပြည်သူတွေကိုယ်စား ကျွန်တော်တို့က ဆန္ဒ ထုတ်ဖော်ရတာပါ။ လျှပ်စစ်မီတာခတွေ တိုးမြှင့်တာဟာ ပြည်သူတစ်ရပ်လုံး ကြုံတွေ့ရမယ့် ပြဿနာဖြစ်ပါတယ်"ဟု ဆိုသည်။

အလားတူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က"မီတာခတွေကို တိုးမြှင့် ကောက်ခံလိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့် မီတာခကို မူလအတိုင်း ကောက်ခံဖို့အတွက် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရဆိုရင် ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားရပါမယ်။ ခုလိုမျိုး မီတာခတွေ တိုးကောက်လိုက်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုပြီး ပြောနေပေမယ့် တကယ်တမ်းတော့ ပြည်သူလူထုကို ဆင်းရဲတွင်း ပိုနက်လာစေတဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်"ဟု ပြောကြားသည်။

ယင်းဆန္ဒထုတ်ရာတွင် ပါဝင်ခဲ့သည့် ဦးဆောင်သူ တစ်ဦးဖြစ်သူ Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်နှင့် M.D.C.S အဖွဲ့မှ ကိုဇေယျာလင်း၊ ကိုနောင်နောင်၊ ကိုတင်မောင်ကြည်၊ ကိုသိန်းအောင်မြင့်တို့အား ကျောက်တံတား မြို့မရဲစခန်းမှ ည ၈ နာရီခန့်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်နေသည်ကို လာရောက် ကြည့်ရှုသည့် ကျောက်တံတားမြို့နယ်မှ ပြည်သူတစ်ဦးက"လျှပ်စစ်မီတာခတွေကို ပြည်သူတွေကို အသိမပေးဘဲ တိုးမြှင့် ကောက်ခံတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ခုလိုမျိုး ဆန္ဒထုတ်ဖော်တာကို ကြိုဆိုပါတယ်" ဟု ဆိုသည်။ ယင်းဆန္ဒ ထုတ်ဖော်ခဲ့မှုနှင့် ပတ်သက်၍ ကျောက်တံတား မြို့မရဲစခန်းမှူးက"ခွင့်ပြုချက်မရှိပါဘူး။ ဒီဆန္ဒထုတ်ဖော်မှုကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ"ဟု ပြောကြားသည်။
Eleven Media Group

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်းလုံးကျွတ် ဟောပြောပွဲသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို NLD ပါတီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်စဉ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထားများ ရယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘောထား ရယူမှုအတွက် တိုင်းလုံးကျွတ် ဟောပြောပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အား ကစားကွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ ၁၀၀၀၀ ကျော်ကို ဖိတ်ကြားထားကြောင်းနှင့် မည်သူမဆို တက်ရောက်နိုင်ကြောင်း ပွဲကျင်းပသည့် ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များအပေါ် ဟောပြောမည့် သူများအဖြစ် NLD ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေများဖြစ်သည့် ဦးကိုနီနှင့် ဦးကျော်ဟိုး တို့က ဟောပြောသွားမည် ဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် . . .
"ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပါတီရဲ့လုပ်ငန်းသဘောအရကော၊ ပုဂ္ဂိုလ်ရေးအရကော ဒီပြည်သူ့သဘောထား ရယူပွဲကို တက်ဖို့ ဖိတ်ကြား ထားပါတယ်။ လောလောဆယ်တော့ နိုင်ငံခြား ခရီးစဉ်က ပြန်လာပြီးကာစဖြစ်လို့ အလုပ်တွေ ရှုပ်နေတဲ့အတွက် တက်မတက်ကတော့ အတိအကျ မပြောနိုင်သေးဘူး။ တက်မယ်ဆိုရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ဟောပြောမှာပါ။ သူကိုယ်တိုင်ကလည်း ပြည်သူတွေနဲ့တွေ့ဖို့ အခွင့်အရေးကို အမြဲတမ်း စောင့်နေတဲ့သူဖြစ်လို့ အခုလိုပွဲမျိုးမှာ ဟောပြောမှုတော့ လုပ်မှာပါ"ဟု ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးက The Daily Eleven သို့ ပြောကြားသည်။
အဆိုပါပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ၏ ကောင်းကျိုး ဆိုးပြစ်များအပေါ် ဟောပြောမည့် သူများအဖြစ် NLD ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီဝင် တရားလွှတ်တော် ရှေ့နေများဖြစ်သည့် ဦးကိုနီနှင့် ဦးကျော်ဟိုး တို့က ဟောပြောသွားမည် ဖြစ်ကာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအပေါ် ပြည်သူလူထု သဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘောထား ကောက်ယူမှုကို အောက်တိုဘာ ၁၂ ရက်မှ စတင် ပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၆ ရက်အထိ ခရိုင်နှင့်မြို့နယ် စုစုပေါင်း ဟောပြောမှုများအဖြစ် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၂၃ ပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက သုံးပွဲ၊ တရားလွှတ်တော် ရှေ့နေ ဦးမောင်ဖေတင်က တစ်ပွဲ ဟောပြောပြီး ဖြစ်ကြောင်းနှင့် အဆိုပါ ဟောပြောမှုများ အားလုံးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုသူမှာ ၉၅ ရာခိုင်နှုန်း၊ အသစ်ဆွဲခြင်းဖြင့် ပြောင်းလဲလိုသူမှာ ငါးရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။
NLD အနေဖြင့် အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ကြိုတင်လေ့ကျင့်နေ


တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းသစ်ကြီးတွင် လုံခြုံရေးအတွက် ဇာတ်တိုက် လေ့ကျင့်နေမှုကို နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ်
နှစ်စဉ် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လာရောက်လည်ပတ်သည့် ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲတော်တွင် ဗုံးပေါက်ကွဲမှုများနှင့် ထိတ်လန့်မှုများ မဖြစ်ပွားစေရန် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ကြိုတင်လေ့ကျင်မှုများနှင့် CCTV ကင်မရာ ၄၁ လုံးကို တပ်ဆင်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  ပြောကြားခဲ့သည်။
ထို့အပြင် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ပြီးစီးရန်အတွက် တောင်ကြီးမြို့အတွင်း စစ်ဆေးမှုများ၊ မိုင်းရှာဖွေမှုများ၊ သောက်စားမူးယစ် ရမ်းကားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုများကို ထိရောက်စွာ စစ်ဆေး ဆောင်ရွက်မှုများ ရှိကြောင်း သိရသည်။
"ပွဲတော် ကာလအတွင်းမှာ မှုခင်းဖြစ်စဉ်တစ်ခုမှ မဖြစ်စေဖို့ လုံခြုံရေးအရရော ကြိုတင်ကာကွယ်တဲ့ အပိုင်းကိုပါ ဆောင်ရွက်နေပါတယ်။ တောင်ကြီးမြို့ တစ်မြို့လုံးကိုလည်း ရှာဖွေစစ်ဆေးနေတယ်။ အဓိကကတော့ မီးပုံးပျံပွဲတော်ကျင်းပမယ့်  အဝေရာ မီးပုံးပျံကွင်းသစ်မှာလည်း လုံခြုံရေးအပိုင်းကိုလည်း အထူး ဆောင်ရွက်သွားမှာပါ၊ တောင်ကြီးမြို့နယ်အတွင်းမှာ CCTV ကင်မရာ အလုံး ၃၀ နဲ့ အဝေရာ မီးပုံးပျံကွင်းသစ်မှာ CCTV ကင်မရာ ၁၁ လုံး တပ်ဆင်ထားပါတယ်" ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းထွန်းက နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင်  ပြောကြားခဲ့သည်။
အဆိုပါ ပွဲတော်ကာလအတွင်း အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက တားဆီး ထိန်းသိမ်းနိုင်ရန်အတွက် နိုဝင်ဘာ ၂ ရက်မှ စတင်၍ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း တန်ဆောင်တိုင် ပွဲတော် လုံခြုံရေးဆပ်ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပွဲတော်အတွက် လုံခြုံရေးအင်အား တစ်ထောင်ဝန်းကျင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

Miss Universe 2013 Preliminary Competition ပြိုင်ပွဲတွင် ညနေခင်းဝတ်စုံ၊ ရေကူးဝတ်စုံတို့ဖြင့် မြန်မာအလှမယ်မိုးစက်ဝိုင် ပါဝင်ယှဉ်ပြိုင်


ညနေခင်းဝတ်စုံ ယှဉ်ပြိုင်မှုဖြင့် မြန်မာအလှမယ် မိုးစက်ဝိုင် (Photo: AFP)
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ် ကျင်းပလျှက်ရှိသည့် 'Miss Universe 2013 Preliminary Competition ပြိုင်ပွဲတွင် မြန်မာအလှမယ် မိုးစက်ဝိုင်သည်လည်း ပြိုင်ပွဲဝင် ၈၆ ဦးအနက် တစ်ဦးအဖြစ် ပါဝင် ယှဉ်ပြိုင်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲတွင် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ညနေခင်း ၀တ်စုံနှင့် ရေကူးဝတ်စုံတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။            
အဆိုပါပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအပြင် ညနေခင်းဝတ်စုံဖြင့် လျှောက်လှမ်းယှဉ်ပြိုင်ရပြီး အဆိုပါ ယှဉ်ပြိုင်မှုတွင် ပြိုင်ပွဲဝင် ၈၆ ဦးက မိမိတို့၏ အမည်၊ မွေးဖွားရာနေရာနှင့် နိုင်ငံအမည် များကို ပြောဆို မိတ်ဆက်သည့် အစီအစဉ်လည်း ပါဝင်ခဲ့သည်ဟု သိရှိရကာ မြန်မာအလှမယ် မိုးစက်ဝိုင် ၀တ်ဆင်ယှဉ်ပြိုင်ခဲ့သည့် အနီရောင် ညနေခင်းဝတ်စုံကို ဒီဇီုင်နာ မိုးကုတ်ပေါက်ပေါက်က ဖန်တီးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။          
"မနေ့က လုပ်ခဲ့တဲ့ပြိုင်ပွဲက အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုလို့ပြောလို့ရပါတယ်။ အဓိကတော့ ပြိုင်ပွဲဝင်အားလုံးကို ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်စေပြီး တစ်ဦးချင်းမိတ်ဆက်တဲ့ အစီအစဉ်ကို ပြုလုပ်တာပါ။ တစ်ဦးချင်းရဲ့ စင်မြင့် ပါဖောမန့်စ်၊ စကားပြောဆိုဟန်၊ သွက်လက်ဖျက်လတ်မှု စတာတွေကို အမှတ်ပေး ရွေးချယ်တာပါ။ မြန်မာအလှမယ်ကလည်း ပြိုင်ပွဲဝင်အလှမယ်တွေထဲမှာ ထင်ရှားတဲ့ အလှမယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်" ဟု Miss Universe Myanmar Organization   Media Department မှ ကိုချမ်းလင်းသူက ရှင်းပြခဲ့ပါသည်။
   
ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်တွင်လည်း အလှမယ်များသည် မိမိတို့နိုင်ငံ ကိုယ်စားပြု ရိုးရာဝတ်စုံများကို အသီးသီး ၀တ်ဆင်ပြသ ပြိုင်ပွဲဝင်ခဲ့ကြရပြီး မြန်မာအလှမယ် မိုးစက်ဝိုင်က ဒီဇိုင်နာတိုးတိုး (Cover Mark) ဖန်တီးထားသည့် မြန်မာ့ရိုးရာဝတ်စုံကို ၀တ်ဆင် ပြသခဲ့ကြောင်း သိရသည်။
   
Miss Universe 2013 ၂၀၁၃  ဖိုင်နယ်ပြိုင်ပွဲကို ရုရှားနိုင်ငံတွင် နိုဝင်ဘာ ၉ ရက်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၈၆ ဦးကပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာကိုယ်စားပြု အနေဖြင့် အလှမယ် မိုးစက်ဝိုင်က ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ နှစ်ပေါင်း ငါးဆယ်ကာလအတွင်း မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ မြန်မာအလှမယ်အနေဖြင့် ရေပန်းအစားဆုံး အလှမယ်များ စာရင်းတွင် ပါဝင်လျှက် ရှိကြောင်းလည်း သိရှိရသည်။
Eleven Media Group

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုကို စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေး


ရန်ကုန်ဆိပ်ကမ်းဧရိယာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
၂၀၁၃-၂၀၁၄ ဘဏ္ဍာရးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ပြီး အလယ်အလတ်ကာလတွင် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ရန် ရည်မှန်းထားသော်လည်း ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အာရုံစူးစိုက်ရန် ခက်ခဲသည့် စိန်ခေါ်မှုများ ရှိနေခြင်းသည် မြန်မာ့စီးပွားရေး အလားအလာအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခုနှစ်တွင် စီးပွားရေး တိုးတက်လာခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်လက် တိုးတက်နေခြင်းနှင့် ကုန်သွယ်မှု မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။ ဓာတ်ငွေ့ ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ဆောက်လုပ်ရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် လူသုံးကုန်ပစ္စည်း နိုင်ငံခြား တင်ပို့မှု အားကောင်းလာသောကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၁၂-၁၃ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းကျော် ရှိလာနိုင်ကြောင်း သုံးသပ်နိုင်ခြင်း ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် စီးပွားရေး တိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
အလားတူ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်လိုငွေမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရမူ မြန်မာနိုင်ငံ၏ ယခုနှစ် ဘတ်ဂျက်လိုငွေ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဂျီဒီပီမှာ ၄၅ ဒသမ ၉ ဘီလျံရှိကြောင်း၊ ယခုနှစ် ဂျီဒီပီကိုမူ ၅၀ ဘီလျံ ၀န်းကျင်ခန့် ရှိနိုင်ကြောင်း သုံးသပ်ကြသည်။ စီးပွားရေး တိုးတက်မှုတွင် ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း သိရသည်။
ယင်းကဲ့သို့ စီးပွားရေး တိုးတက်လာခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် သဘာဝ ဓာတ်ငွေ့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရရှိခဲ့ရာမှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဘီလျံထိ ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
၂၀၁၃-၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားသော်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အာရုံစူးစိုက်ရန် ခက်ခဲသည့် စိန်ခေါ်မှုများ ရှိနေကြောင်း သိရသည်။
Eleven Media Group

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးရန် တရုတ်အစိုးရကို တောင်းဆို


ရန်ကုန်၊ နိုဝင်ဘာ ၅

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးရန် တရုတ်အစိုးရက ဖွဲ့စည်းထားသည့် တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးနှင့် ဆက်ဆံရေး အဖွဲ့ကို တရုတ်ပြည်နယ် ခရီးစဉ်တွင် တင်ပြခဲ့ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

အာရှရေးရာ နိုင်ငံခြားရေးအရာရှိ (တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟောင်း) ဦးဆောင်သည့် အဆိုပါအဖွဲ့၏ ဖိတ်ကြားမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ငါးဦးအဖွဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကမှ စတင်ကာ ရက်သတ္တတစ်ပတ်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ယင်းသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ပေးရေး အပါအဝင် ရခိုင်ပြည်နယ်တွင် လာရောက် ရင်းနှီးမြှုပ်နှံသော စီမံကိန်းများကြောင့် ပတ်ဝန်းကျင် ပျက်စီးမှု မဖြစ်ပေါ်စေရန် သတိထား လုပ်ဆောင်ရန်၊ တရုတ် စီမံကိန်းများရှိ အုပ်ချုပ်ရေး နေရာများတွင် ဒေသခံ လူငယ်များကို သင်တန်းများပေးကာ အလုပ်ခန့်ရန်၊ ရခိုင်ပြည်နယ် လျှပ်စစ် ရရှိရေးအတွက် ရေအားလျှပ်စစ် စီမံကိန်းများကို လုပ်ဆောင်ပေးရန် စသည့် အချက်များကို တင်ပြခဲ့ကြောင်း ဦးဖေသန်းက ဆိုသည်။
“တရုတ်က ဓာတ်ငွေ့ ယူသွားတယ်။ အစိုးရက ပိုက်ဆံရတယ်။ ရခိုင်လူထုက လယ်တွေ သိမ်းဆည်း ခံရတယ်။ လယ်မြေ တွေ၊ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ ဘာအကျိုးအမြတ်မှ မရသေးဘူး” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လုပ်ဆောင်နေသည့် စီမံကိန်းများတွင် ပြည်သူလူထုအတွက် အကျိုးခံစားခွင့် မရှိပါက ရခိုင်လူထုက လက်ခံမည် မဟုတ်ကြောင်း၊ ရခိုင်လူထုက မကျေနပ်၍ ကန့်ကွက်မှုများ ပြုလုပ်ပါက စီမံကိန်းများ ဆုံးရှုံးနိုင်သဖြင့် တောင်းဆိုချက်များကို အလေးအနက်ထားရန် တင်ပြခဲ့ကြောင်း ဦးဖေသန်းက ထပ်မံ ပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် လုပ်ငန်း လုပ်ဆောင်နေသည့် တရုတ်-မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ကီလိုမီတာ ၂၅၀၀ ကျော် ရှည်သည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်သဖြင့် ဓာတ်ငွေ့ အပြည့်အဝ ပို့နေပြီ ဖြစ်ကြောင်း အဆိုပါ ပိုက်လိုင်း စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်သည့် SEAGP၊ SEAOP ကုမ္ပဏီတို့ ထံမှ သိရှိရသည်။

အဆိုပါ စီမံကိန်းမှ ရရှိသည့် သဘာဝ ဓာတ်ငွေ့ဖြင့် ကျောက်ဖြူမြို့နှင့် ကျေးရွာ အချို့ကို ၂၄ နာရီ လျှပ်စစ်မီး ပေးနေပြီ ဖြစ်သော်လည်း အခြားမြို့နယ်များတွင် ရရှိခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ် လုပ်ငန်းရှင်များ ပါဝင်သော တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့သည် အောက်တိုဘာလ ၁၇ ရက်နေ့က ရောက်ရှိခဲ့ပြီး ကျောက်ဖြူမြို့ အခြေစိုက် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်


မော်လမြိုင်၊ နိုဝင်ဘာ ၅

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော ဥပဒေများ၊ အဆိုများ၊ မေးခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ သဝဏ်လွှာ ပေးပို့ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အသီးသီးသို့ ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ဆွေးနွေးချက်များ၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ဝန်ကြီးချုပ် များအနေနှင့် ပြည်နယ်အတွင်း ဘဏ္ဍာရေး အခြေအနေအရဖြစ်စေ၊ ဝန်ထမ်းအင်အား အခြေအနေအရ ဖြစ်စေ လုပ်ငန်း အကောင်အထည်ဖော်ရန် တစ်စုံတစ်ရာ အခက်အခဲရှိလျှင် လွှတ်တော် ဥက္ကဋ္ဌများက စောင့်ကြည့်ပေးပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာ ပေးပို့နိုင်ကြောင်း ပါရှိသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ လွှတ်တော်က ဆွေးနွေးလိုက်တဲ့ အချက်တွေမှာ အချို့ကိစ္စတွေတော့ လုပ်တော့ လုပ်နေတယ်။ ထင်သာမြင်သာ မရှိတာတွေလည်း ရှိတယ်၊ အကောင်အထည် ပေါ်သွားတာလည်း ရှိတယ်၊ အကောင်အထည် မပေါ်သေးတာ တွေလည်း ရှိတယ်။ ကျွန်တော်တို့က ပြောလိုက်တယ်၊ သူတို့က ခရိုင်ကို ညွှန်တယ်၊ ခရိုင်က ပြောတယ်၊ မြို့နယ်မှာ လုပ်နေတုန်း၊ ဒါမျိုး လည်နေတာ လေးတွေလည်း ရှိတယ်” ဟု ဦးကျင်ဖေက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ယင်းသို့ သဝဏ်လွှာကြောင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များ၏ ဆွေးနွေး ဆောင်ရွက်ချက်များ၊ မေးခွန်းများနှင့် အဆိုများကို အကောင်အထည်ဖော် ရာတွင် ထိရောက် သွက်လက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊ လုပ်ငန်းများကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် လမ်းကြောင်း ဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

ဘင်္ဂါလီ ၇၀ လှေနစ်သေဆုံးမှု ရခိုင်ပြည်နယ်အစိုးရ အတည်မပြု


ရန်ကုန်၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ ၃ရက်နေ့က ဘင်္ဂါလီ ၇၀ ဦး တင်ဆောင်လာသည့် လှေနစ်မြုပ်၍ ၎င်းတို့ သေဆုံးခဲ့သည် ဆိုသည့် သတင်းကို ရခိုင်ပြည်နယ် အစိုးရက အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ဘင်္ဂါလီများ နေထိုင်သည့် စစ်တွေမြို့ အုန်းတော ဒုက္ခသည်စခန်းနှင့် ဆေးသမားကြီး ဒုက္ခသည် စခန်းတို့ကို သွားရောက် စုံစမ်းခဲ့ကြောင်း၊ မောင်တောဒေသ တွင်လည်း စုံစမ်းခဲ့ရာ ဘင်္ဂါလီများ စက်လှေဖြင့် ထွက်သွားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းက ပြန်လည် ပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လှေစီး၍ ထွက်ခွာသွားသည့် မွတ်ဆလင် ၇၀ နီးပါး နိုဝင်ဘာလ ၃ ရက်နေ့က လှေနစ်မြုပ် သေဆုံးခဲ့သဖြင့် အလွန် ဝမ်းနည်းကြောင်း အမေရိကန်သံရုံးက နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ရှိသည့် ဒုက္ခရောက်နေသူများ လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များ အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ဒုက္ခရောက်နေသူ များကို လူသားချင်း စာနာသည့် အကူအညီများ ပေးရေး၊ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အစိုးရနှင့် အဖွဲ့အစည်းအားလုံး ပူးပေါင်း ပါဝင်ကာ ဖြေရှင်းပေးရန် လိုအပ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်က ထွက်ခွာလာသည့် လှေတစ်စီး နစ်မြုပ်မှုကြောင့် မွတ်ဆလင် ၇၀ ခန့် သေဆုံးသည်ဟု နိုင်ငံခြားသတင်း မီဒီယာ အချို့တွင် နိုဝင်ဘာလ ၃ ရက်နေ့က ဖော်ပြခဲ့ကြသည်။

SEA Games ချင်းပြည်နယ်ကိုယ်စားပြု အကသမား တစ်ပတ်ကြာသည်အထိ ပြန်မတွေ့သေး


ကလေး၊ နိုဝင်ဘာ ၅

အရှေ့တောင်အာရှ အားကစားပွဲတော်တွင် ပါဝင်မည့် ချင်းပြည်နယ် ကိုယ်စားပြု အကအဖွဲ့မှ ဦးဗျာဆွင်းမွောင် သည် အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပျောက်ဆုံးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ပြန်မတွေ့ သေးကြောင်း အဆိုပါ အကအဖွဲ့ ခေါင်းဆောင် ဦးမန်ရှင်းပေါင်က The Voice သို့ ပြောကြားသည်။
“ကျွန်တော်တို့နေတဲ့ ဝင်း အတွင်းနဲ့အပြင် ဘက်က ပုန်းခိုနေနိုင်၊ ရှိနေနိုင်တဲ့ ချုံပုတ်စတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀ လောက်နဲ့ ရှာဖွေပေးပါတယ်။ ဒါပေမဲ့ ခုထိ ပျောက်ဆုံးသူကို သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မတွေ့ရှိသေးပါဘူး၊ သူဘာဖြစ်နေတယ် ဆိုတာ ခုထိ မပြောနိုင်သေးပါဘူး” ဟု ၄င်းက ဆိုသည်။

အရှေ့တောင်အာရှ အားကစား ပွဲတော်တွင် ပြည်နယ်ကိုယ်စားပြု ပါဝင်ရန် အတွက် ချင်းပြည်နယ်၊ ဟားခါးမြို့မှ ထွက်ခွာလာစဉ် မန္တလေးတွင် တစ်ဦး ပျောက်ဆုံးပြီး နေပြည်တော်တွင် တစ်ဦး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ မန္တလေးတွင် ပျောက်ဆုံးခဲ့သော ဦးခင်ရှန်းမုန် ၂၅ နှစ်မှာ ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း နေပြည်တော်တွင် ပျောက်ဆုံးနေသော ဦးဗျာဆွင်းမွောင်(၂၃) နှစ်ကို ပြန်လည် မတွေ့ရှိသေးခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့နှင့် ကွပ်ကဲရေးရုံးများထံ အကြောင်း ကြားထားသော်လည်း ရဲစခန်းတွင် အမှု ဖွင့်လှစ်မထားကြောင်း ၄င်းကဆက် လက်ပြောကြားသည်။

ယင်းနှစ်ဦးသည် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်ပြီး ပြန်လည်တွေ့ရှိသူ ဦးခင်ရှန်းမုန်မှာ စိတ်ကယောင်ချောက်ချား ဖြစ်နေပြီး ၄င်းကို အလုပ်တာဝန်မှ ရပ်ဆိုင်းရန် စီစဉ်နေသည်ဟု ယင်းဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အားကစားပြိုင်ပွဲတွင် ပါဝင်ရန် အတွက် အဆိုပါလူငယ်နှစ်ဦး ကိုယ်စား အစားထိုးနိုင်ရန် အဖွဲ့ခေါင်းဆောင်မှ ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ တင်ပြသွားရန် စီစဉ်နေပြီး ယင်းပျောက်ဆုံးမှု နှင့်ပတ်သက်၍ ပျောက်ဆုံးခြင်း မရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုသည်။

မြတ် (ကလေး)

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလ ဟိုတယ် အခန်းငှားခ လေးဆ မြင့်တက်


ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပလေ့ရှိသော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကာလ အတွင်း ဟိုတယ် အခန်းငှားခ ဈေးနှုန်းများ လေးဆအထိ မြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကာလတွင် လာရောက်မည့် ဧည့်သည်များ တည်းခိုနိုင်ရန် လွန်ခဲ့သော သုံးလခန့် ကတည်းက အခန်း ကြိုတင် မှာယူသော်လည်း ဟိုတယ်များဘက်က ကြိုတင် ငှားရမ်းခြင်း မပြုကြောင်း၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် သွားရောက် ငှားရမ်း သောအခါ ပုံမှန် ကျပ် ငါးသောင်းတန် နှစ်ယောက်ခန်း ငှားရမ်းခမှာ ကျပ် နှစ်သိန်း ဝန်းကျင်အထိသို့ မြင့်တက် သွားကြောင်း၊ တစ်ရက် တည်းခိုမည့် သူများကို အခန်း ငှားရမ်းမှု မရှိကြောင်းနှင့် အနည်းဆုံး သုံးလေးရက် တည်းခိုမည့် သူများကိုသာ အခန်းငှားရမ်းမှု ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဟိုတယ်ဈေးနှုန်း မြင့်တက်မှုမှာ နှစ်စဉ် နှစ်တိုင်း ဖြစ်လေ့ရှိပြီး ကျပ် ငါးသောင်းတန် အခန်းငှားခမှာ ကျပ် ခုနစ်သောင်းနှင့် ကျပ် ရှစ်သောင်းခန့် အထိသာ မြင့်တက်လေ့ ရှိသော်လည်း ယခုကဲ့သို့ လေးဆ အထိ မမြင့်တက်ခဲ့ဖူးကြောင်း ရန်ကုန်မြို့မှ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများသည် ပုံမှန်အချိန်များတွင် တောင်ကြီးမြို့တွင် ညအိပ် တည်းခိုလေ့ မရှိဘဲ ညောင်ရွှေနှင့် အင်းလေးတွင်သာ ညအိပ် တည်းခိုလေ့ ရှိသောကြောင့် တောင်ကြီးမြို့တွင် ဟိုတယ် များများစားစား မရှိခြင်းက ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတသော အခြေအနေများကို ဖြစ်ပေါ်စေကြောင်း အင်္ဂလိပ် ဘာသာ စကားပြော ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးညီညီက ဆိုသည်။

ပုံမှန် အချိန်များတွင် နှစ်ယောက်ခန်း တစ်ခန်းလျှင် ငှားရမ်းခအဖြစ် တစ်သောင်း သုံးထောင်ကျပ် ယူသော်လည်း တန်ဆောင်တိုင် ကာလအတွင်း ဧည့်သည် အဝင်များပြီး အခန်းရရှိမှု နည်းပါးသောကြောင့် ကျပ် လေးသောင်းခန့် ယူကြောင်းနှင့် ကျန် အချိန်များတွင် ပုံမှန်ဈေးအတိုင်း ငှားရမ်းခ ယူကြောင်း တောင်ကြီးမြို့ပေါ်ရှိ အလတ်စား ဟိုတယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးနှင့် အင်းလေး ဒေသတို့တွင် စုစုပေါင်း ဟိုတယ် ၆၇ လုံးနှင့် အခန်းပေါင်း ၁၈၃၇ ခန်း အထိ ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်မည်ဟု ဆို


ပုသိမ်၊ နိုဝင်ဘာ ၅

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေး အတွက် စီမံချက်များ ချမှတ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစောမြသိန်းက ပြောကြားသည်။
နိုဝင်ဘာလ ၄ ရက်နေ့က ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးတွင် ပြုလုပ်သော လျှပ်စစ်ဓာတ်အားခ တိုးမြှင့် ကောက်ခံခြင်း တွေ့ဆုံရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးရွာ ၈၃၀ ခန့်မှာ လျှပ်စစ်မီးရရှိပြီး ဖြစ်ပြီး ကျေးရွာများ လျှပ်စစ်မီး ဆက်လက်ရရှိရေး အတွက် အိမ်ခြေ ၁၀၀ မှ ၁၅၀ အထိရှိသော ရွာများကို ပထမဦးစားပေး၊ အိမ်ခြေ ၂၀၀ မှ ၂၅၀ အထိရှိသောရွာများကို ဒုတိယ ဦးစားပေး၊ အိမ်ခြေ ၂၅၀ အထက်ရှိသောရွာ များကို တတိယဦးစားပေး အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကာ ကျေးရွာများက ကိုယ်ထူကိုယ်ထ ဆောင်ရွက်လိုလျှင်လည်း ကူညီပေးမည် ဖြစ်ကြောင်း ဦးစောမြသိန်းက ဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်း တောင်ဘက်စွန်း၌ တည်ရှိ သည့်အတွက် လျှပ်စစ်ဓာတ်အားများ လျော့နည်း ကျဆင်းနေသောကြောင့် ကန်ကြီးထောင့် မြို့နယ် ခုံစင်ကုန်းကျေးရွာ နှင့် ကျိုက်လတ်မြို့ တို့တွင် ၂၃၀ ကေဗီအေ ဓာတ်အားခွဲရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးအောင်မြင့်က ပြောဆိုသည်။

“ငပုတောမြို့နဲ့ ကပ်လျက်ရှိတဲ့ စဥ့်အိုးဖိုရွာ၊ ဥယျာဉ်ကုန်း ရွာတွေမှာ အခုအထိ မီးမလင်းသေးပါဘူး။ မြို့ပေါ်မှာ ထရန်စဖော်မာ လေးလုံးရှိတဲ့အတွက် အဲဒီရွာတွေကို မီးပေးဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဓာတ်တိုင်ကိစ္စ ပြဿနာ ဖြစ်နေကြပါတယ်။ လျှပ်စစ်ဌာနက ဓာတ်တိုင်တွေကို သူတို့ဆီက ဝယ်ရင်ဝယ်၊ မဝယ်ရင် ဌာနကချပေးတဲ့ အချိန်ကျမှ တပ်ပေးမယ်လို့ ပြောပါတယ်။ တစ်တိုင်းလုံးက ကျေးရွာတွေ မီးလင်းဖို့ ကတော့ အလှမ်းဝေးနေဦးမယ်လို့ ထင်ပါတယ်” ဟု ငပုတောမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီး သုံးစွဲနိုင်သူမှာ ၂၆ သိန်းကျော်သာ ရှိပြီး အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာနှင့် ကမ္ဘောဒီးယားတို့မှာ အောက်ဆုံးအဆင့် တွင်သာ ရှိနေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ မှတ်တမ်း များအရ သိရသည်။
The Voice Weekly

စင်္ကာပူမှာ ကျောင်းတက်ဖို့ မော်လမြိုင်မှာ ကြော်ငြာ


မော်လမြိုင်မြို့လယ်တနေရာက လမ်းဘေးဆိုင်းဘုတ်ကြီးမှာ ရေးထားတာက ... စင်ကာပူမှာ ကျောင်းတက်ပါ တဲ့။

study abroad information centre ဆိုတာကတော့  ပြည်ပထွက် ကျောင်းတက်လိုသူများ စုံစမ်းမေးမြန်းသင့်တဲ့ဌာန ဖြစ်ပါလိမ့်မယ်။

စင်္ကာပူ ဒေါ်လာ ၂,ဝဝဝ လို့ ဆိုထားပါတယ်။
ဒီနှစ်ထောင်က ဘာအတွက်လဲ၊ ကျောင်းဝင်ခွင့်အတွက်လား၊ စုံစမ်းကြည့်လိုတယ် ဆိုရင်တော့ ကြော်ငြာမှာ တွေ့ရတဲ့ study abroad information centre ကို ဆက်သွယ်ရင် အသေးစိတ် သိရဖွယ်ရှိပါတယ်။

ကြော်ငြာမှာ တွေ့ရတဲ့ နံပါတ်တွေကို ခေါ်ကြည့်တော့ အဲဒီ ပညာရေးဝန်ဆောင်မှုဌာနရဲ့ ရန်ကုန်ရုံးနံပါတ်များ ဖြစ်တယ်လို့ သဘောပေါက်ရပါတယ်။

တိုးတက်လာမယ့် အနာဂတ်အတွက် သင် အဆင်သင့်ဖြစ်ပြီလား လို့ ကြော်ငြာမှာ မေးခွန်းထုတ်ထားတာ တွေ့ပါလိမ့်မယ်။

အာရှရဲ့  ထိပ်တန်း တက္ကသိုလ်များထဲမှာ စင်္ကာပူကတက္ကသိုလ်များလည်း ပါဝင်ပါတယ်။
ပညာရေးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စင်္ကာပူက အိမ်နီးချင်းနိုင်ငံများကို ဒီကဏ္ဍမှာ ခြေတလှမ်းမက ရှေ့က ဦးဆောင်နေတာပါ။

စလုံးမှာ မြန်မာပြည်သား အများအပြား ရောက်ရှိ ပညာသင်နေကြပါတယ်။
ပညာရေးအစီအစဉ်အပြီး ပြည်တော်ပြန်သူများရှိသလို ပြည်ပမှာပဲ ဆက်လက် နေထိုင် လုပ်ကိုင်သူများလည်း ရှိပါတယ်။

မော်လမြိုင်မှာ အထက်က ပုံအတိုင်း ဆိုင်းဘုတ်ကြီးကြီးနဲ့ ကြော်ငြာသလိုမျိုး မြန်မာပြည်က တခြားမြို့တွေမှာလည်း ကြော်ငြာနေမယ်လို့ ယူဆရပါတယ်။
ရန်ကုန်က မြေနီကုန်းလမ်းဆုံကနေ ကြည့်ရင် ဒဂုံစင်တာမှာ ဒီကြော်ငြာကိုပဲ ခပ်ကြီးကြီး တွေ့ရမှာပါ။

ပညာရေးဝန်ဆောင်မှုဟာ ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လာနေပြီ ဆိုတဲ့ သဘောပါပဲ။

ငွေကြေးတတ်နိုင်တယ်ဆိုရင်တော့ ပြည်ပတက္ကသိုလ်တွေမှာ တက်သင့်ပါတယ်။ ဒါမှ မြန်မာလူငယ်များ ခါတိုင်းထက်ပိုပြီး မျက်စိပွင့် နားပွင့်ပါလိမ့်မယ်။

Irrawaddy

မုံရွာပြည်သူ့ဆေးရုံကြီးတွင် အမျိုးသမီးလူနာ တစ်ဦးကို သွေးအုပ်စုမှားသွင်း


မုံရွာ၊ နိုဝင်ဘာ ၅

သားပျက်ကျ၍ ဆေးဝါးကုမှု ခံယူနေသော အသက် ၄၀ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦးကို စစ်ကိုင်းတိုင်း ဒေသကြီး၏ မြို့တော် မုံရွာ ပြည်သူဆေးရုံကြီးနှင့် ဒီပဲယင်းဆေးရုံ တို့တွင် စက်တင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တို့က သွေး အုပ်စု မှားသွင်းခဲ့ကြောင်း မုံရွာ ပြည်သူ့ဆေးရုံကြီး ဓာတ်ခွဲခန်းဌာနမှ တာဝန်ရှိ ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

လူနာမှာ ဒီပဲယင်းဆေးရုံမှ မုံရွာ ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့ပြီး စက်တင်ဘာ ပထမပတ်က ဒီပဲယင်းဆေးရုံကြီး တွင် လူနာကို သွေးသွင်းကုသခဲ့ရာ သွေးအုပ်စုမှာ အိုသွေး ဖြစ်သော်လည်း အေသွေး နှစ်လုံး သွင်းခဲ့မိကြောင်း မုံရွာဆေးရုံကြီးသို့ ရောက်ရှိလာစဉ် သွေးစစ်ဆေးမှုအရ သွေး ရောနေပြီး သွေးအုပ်စု စစ်ဆေးမှုတွင်အခက်အခဲ ရှိခဲ့ကာ မုံရွာဆေးရုံကြီးတွင် အေဘီသွေး ပုလင်းနှစ်လုံး နီးပါး ထပ်မံ သွင်းမိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“လူနာက အေသွေးနှစ်လုံး သွင်းလာတုန်းကလည်း မှားသွင်းတဲ့ လက္ခဏာ မပြဘူး။ ဒီရောက်တော့ သွေးအုပ်စုစစ်သူ ကတစ်ယောက်၊ သွေးပေးတဲ့သူက တစ်ယောက် ဖြစ်သွားပြီး၊ အေဘီသွေး မှားပေးမိသလို ဖြစ်သွားတယ်။ သွေးပုလင်း နှစ်လုံးမြောက်သွင်းတဲ့ အချိန်မှ သတိထားမိပြီး သိရတာပါ။ သွေးလှူဘဏ်မှာ ဝန်ထမ်း နှစ်ယောက်လောက် ထားချင်ပေမယ့် အဲဒီနေ့က ညနေပိုင်းမှာ တစ်ယောက်တည်း တာဝန်ယူ ထုတ်ပေးရပြီး အလုပ်များတော့ မှားယွင်းသွားတဲ့ အနေအထားပါ။ ကျွန်တော်ကိုယ်တိုင် မန္တလေးဆေးရုံကြီးကို လိုက်ပို့ခဲ့တာပါ” ဟု မုံရွာဆေးရုံကြီး ဓာတ်ခွဲခန်းဌာနမှ ဆရာဝန်ကြီးတစ်ဦးက ဆိုသည်။

လူနာမှာ အောက်တိုဘာလ ၁၇ရက် နေ့တွင် မန္တလေးသို့ လွှဲပြောင်းကုသခဲ့ရပြီး မုံရွာဆေးရုံကြီး ဓာတ်ခွဲခန်းဌာနက ဆေးဝါး ကုသရန် အတွက် ငွေကျပ်ခုနှစ်သိန်းနီးပါး ထောက်ပံ့ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ဆေးဝါးစစ်ဆေးမှု ခံယူနေရဆဲဖြစ်ပြီး ငွေကျပ် သိန်းနှစ်ဆယ်နီးပါးခန့် ကုန်ကျနေပြီ ဖြစ်ကြောင်း လူနာ၏မိသားစုဝင် တစ်ဦးက ဆိုသည်။

“ကျွန်မက ဒီပဲယင်းအနီးက ယင်းဆွေကျေးရွာမှာ နေတာပါ။ သားပျက်ကျတော့ ဒီပဲယင်းဆေးရုံမှာ အရင်တက်ရတယ်။ နောက် မုံရွာဆေးရုံကြီးကို ပြောင်းရတယ်။ သွေးသွင်းနေရတာတော့ သိတယ်။ ဖြစ်ခဲ့တာတွေတော့ အားလုံးကွဲကွဲပြားပြား တော့မမှတ်မိဘူး။ နောက်ဆုံးမန္တလေး ဆေးရုံကြီးကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ထပ်ပြီးသွားပြမှ ကျောက်ကပ် ဆရာဝန်ကြီးက သွေးမှားသွင်းတဲ့ အကြောင်း သေချာ ပြောပြမှ သိရတာ။ ကျောက်ကပ်တော့ ဆေးခဲ့ရတယ်။ ဖြစ်ပြီးမှတော့ ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ငွေကြေးမပြေလည်တော့ ထပ်မံထောက်ပံ့ပေး တာကိုပဲ မျှော်လင့်ပါတယ်” ဟုသွေးမှားသွင်းခံခဲ့ရသည့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီးက ပြောကြားသည်။

လက်ရှိဖြစ်စဉ်မျိုးမှာ မမှားသင့် သည့်အမှား ဖြစ်သော်လည်း၊ မှားတတ်သည့် သဘောထား ရှိကြောင်း မုံရွာမြို့ခံ ဆရာဝန် တစ်ဦးက သုံးသပ်ပြောကြားသည်။

The Voice Weekly