ဆောင်းရာသီ အသားခြောက်၊ ကွဲခြင်းအတွက်

ပို့စ်တင်ချိန် - 11/07/2013 09:46:00 AM


(၁) အသားအရေ၊ ခြောက်သွေ့မှု အတွက် ဒိန်ချဉ်ခွက်(၁)၀က်နှင့် သင်္ဘောသီး စားပွဲဇွန်း (၃)ဇွန်းကို ခြေ၍ရောလိမ်းပါ။

(၂) မျက်နှာနှင့် ခန္ဓာကိုယ်အသား ခြောက်ခြင်းအတွက် ဖရုံသီးအင်ဇိုင်း နှင့် သစ်ဂျပိုးခေါက်အမှုန့် စားပွဲဇွန်း တစ်ဝက်ကိုရော၍ (၅)မိနစ်မှ (၁၅)မိနစ်အထိလိမ်းပါ။

(၃) လက်နှင့်ခြေထောက်အတွက် စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးကို ဂျုံစပါး၊ ခွက် တစ်ဝက်နှင့် သစ်သီးဖျော်ရည်စက် တွင် ရောကြိတ်ပြီးလိမ်းပါ။

(၄) နှုတ်ခမ်းကွဲခြင်းအတွက် ပျားရည် ကို နံနက်အိပ်ယာမှနိုးသည့် အချိန် တွင်လိမ်းပေးပါ။ နှုတ်ခမ်းအပြင် ဖနောင့်နှင့် တံတောင်ဆစ်တို့ တွင်ပါ လိမ်းပေးနိုင်ပါသည်။

(၅)ချေးချွတ်ရန်အတွက် သကြားနှင့် မည်သည့်ဆီအမျိုးအစားနှင့် မဆိုဆ တူရောပြီး ပွတ်၍ချေးချွတ်နိုင်သည်။ ပို၍ထိရောက်သော ဗီတာမင်ကို ရရှိ စေလိုလျှင် ပျားရည်စား ပွဲဇွန်း (၂)ဇွန်း၊ သံပရာရည်ကို ရောလိမ်းပေး ပါ။

(၆) လက်သည်းပန်းကုံး၊ လက်၊ တံ တောင်ဆစ်တို့ ချေးချွတ်ရာ၌ဖြစ်စေ၊ မိတ်ကပ်ဖျက်ရာတွင်ဖြစ်စေ၊ ခန္ဓာ ကိုယ်တစ်ခုလုံး ယားယံသလိုဖြစ် သည့်အခါတွင်ဖြစ်စေ သံလွင်ဆီကို လိမ်းပေးပါ။

နှင်း

Health Updates Journal No. 90