Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း


ဒီနေ့ Share ပေးလိုက်တဲ့ နည်းပညာလေးကတော့ Built In မြန်မာစာမပါသော Android ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းနည်း လေးကို မျှဝေပေးလိုက်ပါတယ်။ Locale & Language Pro Donate.apk File လေးကို အသုံးပြုရမှာပါ။ ပြီးတော့ Android Version 4.2+ အထက် Device ဖြစ်ပြီ Root လုပ်ထားဖို့လည်း လိုပါတယ်။ ဒီ Application လေးကို Google Play Applicatios Store မှာဆိုရင် US$2.06 Buy ပေးဝယ်ယူရမှာဖြစ်ပြီး ဒီမှာတော့ Free Download ရယူနိုင်ပါတယ်။ အောက်မှာရယူနိုင်ပါတယ်။ အသေးစိတ် Infomartion ကိုတော့ အောက်မှာ ထည့်ပေးထားတဲ့ Google Play Link မှာ လေ့လာနိုင်ပါတယ်။ လုပ်နည်းကိုလည်း ပုံနဲ့တကွ ရှင်းပြထားပါတယ်။


File Size: ၇၄၀ Kb

Click Download File
Views Info To Google Play

အဆင့် ၁။ အပေါ်ကပေးထားတဲ့ Locale & Language Pro.apk File Download ဆွဲပြီ ဖုန်းထဲကို Install လုပ်ပြီ ဖွင့်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။


ပထမ ပုံအတိုင်း + ပုံလေးကို နှိပ်ပါ၊ ဒုတိယ ပုံအတိုင်း ထွက်လာပါက Language နှင့် Country နေရာမှာ Select ကိုနှိပ်ပြီးရွေးပေးလိုက်ပါ။ တိုက်ရိုက် ရေးထည့်ချင်ရင်တော့ Language – my | Country – MM လို့ ရေးထည့်ပေးလိုက်ရုံပါပဲ။ Select ကိုနှိပ်ပြီးရွေးရင်တော့ အောက်ပုံကို ကြည့်ပါ။




အပေါ်က ပုံအတိုင်းမြင်တော့ ရပြီဆိုရင် OK ခလုတ် ကို နှိပ်ပြီ Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကို Reboot လုပ်ပေးပါ…. ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်…ပြီးပါပြီ.......
Mr Thang Min

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇)ကြိမ်မြောက် Sea Games ကြိုပို့ယာဉ်မောင်းများနှင့် ၁၅၀၀တန်ဖုန်း Sim Card ပြဿနာ



၂၀၊ ဒီဇင်ဘာ ၊ ၂၀၁၃

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇)ကြိမ်မြောက် Sea Games ကြိုပို့ယာဉ်မောင်းများအား သင်တန်းပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးမှ ကပရ၊ ရွှေမန်းသူ၊ ပါရမီ ယာဉ်လိုင်းစုံမှ ယာဉ်မောင်း(၃၅)ဦးအားအား Sea Games မတိုင်မှီ ကပရ(၅)၀င်း မြောက်ဥက္ကလာတွင် ခေါ်ယူသင်တန်းပေးစဉ်က ယာဉ်မောင်းများ၏ ရပိုင်ခွင့်အဖြစ် တစ်နေ့လျှင် စားစရိတ်၃၀၀၀ကျပ်၊ ယာဉ်မောင်းဝတ်စုံ(၂)စုံ၊ ဦးထုပ်(၂)လုံးနှင့်လက်ရှိမြန်မာနိုင်ငံတွင် popular ဖြစ်နေသော ၁၅၀၀တန် Sim Card တစ်ဦးလျှင်တစ်ကဒ်နှုန်းဖြင့်ပေးဝေမည်ဟုပြောကြားခဲ့ပါသည်။

သို့ရာတွင် ယနေ့ငွေဆောင်တွင် ပိတ်ပွဲရောက်ရှိနေပြီးဖြစ်ချိန်အထိ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ယာဉ်မောင်း(၅)ဦးသာ ဖုန်းကဒ်ရရှိပြီး ကျန်ယာဉ်မောင်း(၃၀)ဦးမှာ ဖုန်းကဒ်ရရှိခြင်း မရှိဘဲ တစ်နေ့လျှင် စားစရိတ်၃၀၀၀ကျပ်နှင့်ယာဉ်မောင်းဝတ်စုံ(၂)စုံ၊ ဦးထုပ်(၂)လုံးသာရရှိသဖြင့် ယာဉ်မောင်းများမှာ မကျေမနပ်ဖြစ်နေကြောင်း media သို့ ဖွင့်ဟပြောဆိုပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီတိုင်း ပို့/ဆက် ညွှန်ကြားရေးမှူး ဒေါ်မူယာရှိန်မှလည်း သိရှိသဖြင့် ယခုဖြစ်စဉ်အား ယာဉ်မောင်းများဘက်မှ ထောက်ခံဖြေရှင်းပေးမည်ဟုပြောကြားခဲ့ပါတယ်။ငွေဆောင်တွင်ကျင်းပနေသော ရွက်လှေပြိုင်ပွဲမှာ ယနေ့တွင်ပိတ်ပွဲဖြစ်ပြီးဖြစ်သဖြင့် ဖုန်းကဒ်ရရှိခြင်းမရှိသေးသော ယာဉ်မောင်းများမှ ကျေနပ်ခြင်းမရှိဘဲ သုဝဏ္ဏကွင်းတွင် ထိုင်း - မြန်မာဘောလုံးပွဲမှဖြစ်စဉ်ကဲ့သို့ဆူပူမှုမျိုးဖြစ်မှာကိုလည်း အချို့ယာဉ်မောင်းများမှစိုးရိမ်လျက်ရှိကြပါသည်။

27th SEA Games ကျင်းပရာနေရာများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်မြို့များတွင် ငွေဆောင်တစ်ခုတွင်သာ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ယာဉ်မောင်း(၅)ဦးသာ ဖုန်းကဒ်ရရှိပြီး ကျန်ယာဉ်မောင်း(၃၀)ဦးမှာရရှိခြင်းမရှိဘဲ ကျန်မြို့များရှိယာဉ်မောင်းများအား မေးမြန်းစုံစမ်းရာ လည်းကောင်းတို့မှာ ဖုန်းကဒ်ရရှိထားပြီးဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။

Myat Ko Dawnamyay

ဆိုင်ကယ်မစီးရ နယ်မြေအတွင်း ဆိုင်ကယ်တိုက်မှုဖြစ်


၂၀-၁၂-၂၀၁၃ ရက်နေ့  နံနက် (၉း၂၀)တွင်  အ.မ.က(၄) (ဒဂုံအရှေ့)ကျောင်းရှေ့၌ တိုးချဲ့(၁)ရပ်ကွက်နေ  မြင့်ထွန်း  မောင်းနှင်သော ဆိုင်ကယ်ဖြင့် ကျောင်းပို့လာသူ ဒေါ်လှလှအေး (၃၇-နှစ်) နှင့် ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ (၆-နှစ်) အား စက်ဘီးဖြင့် ကျောင်းပို့လာစဉ် မြင့်ထွန်းမောင်းနှင်သော ဆိုင်ကယ်မှ အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ပြီး မောင်းနှင်ထွက်ပြေး သွားကြောင်း Myanmar News Now မှ သတင်းရရှိ ပါသည်။

ဆိုင်ကယ်တိုက်မှုကြောင့် မလှလှအေး တွင် ယာဘက် ခြေထောက်ကျိုး ဒဏ်ရာနှင့် ဒူးပြဲဒဏ်ရာများ ရရှိသွားပြီး၊  ၄င်းသမီးဖြစ်သူ မကြယ်စင်ပန်းချီ(၆နှစ်)မှာ ရှေ့သွားများ ကျိုးသွားခဲ့ပါသည်။

၎င်းဖြစ်စဉ်၌ ရန်ကုန်တိုင်းအတွင်း၊ ဆိုင်ကယ်မစီး ရန်တားမြစ်ထား သော်လည်း ၄င်းကဲ့သို့ မဆင်မခြင် အရှိန်ပြင်းစွာစီးနင်းပြီး တာဝန်မဲ့စွာ မောင်းနှင်ထွက်ပြေး သွားသော တရားခံ မြင့်ထွန်း အား နယ်မြေ(၆) ယာဉ်မှုစစ်မှ ရဲအုပ် မျိုးလင်းအောင် မှ ပ/၂၀  ၊ ၂၉၇/၃၃၇  အရ အမှုဖွင့် ဆောင်ရွက်နေ ပါသည်။

၎င်းကဲ့သို့  ဆိုင်ကယ်မစီးရ နယ်မြေ၌ ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ရမ်းကားစွာ စီးနင်းမောင်းနှင်၍ ထွက်ပြေး တိမ်းရှောင်နေသူအား ထိရောက်ဟန့်တားစွာ ပြစ်ဒဏ် ချမှတ်ရန် လိုအပ်ကြောင်း  ဆိုင်ကယ် တိုက်ခံရသည့် မိသားစုဝင်များက Myanmar News Now ကို ပြောပါသည်။
thithtoolwin

သန်း ၆ဝ ကောင်းကင်ပေါ်က သိန်းတစ်ထောင် ပေါက္ခရ ဝဿမိုး


ဒေသ ဖွံ့ဖြိုးရေး အတွက် သုံးမည့် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့် ပါရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နောက်ဆုံးရက်တွင် အ တည်ပြုခဲ့ပြီးနောက် တစ်ကြိမ် တစ်ခါမျှ မကြုံတွေ့ခဲ့ ဖူးသည့် ယင်း အခြေအနေ အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ သည်။

ထိုဥပဒေတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များသည် မိမိတို့ အား ရွေးချယ် တင်မြှောက် ခဲ့ကြသည့် မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်သည် ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်း သိမ်းခြင်းနှင့် သုံးစွဲ ခြင်း ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ပါသည်။

ငွေကျပ် သိန်းတစ်ထောင်သည် လွှတ်တော် ကိုယ်စားလှယ်များ အတွက် မဟုတ်ဘဲ ပြည်သူများ အတွက် ဖြစ်ပါသည်။ ငွေသုံးစွဲရာတွင် လွှတ်တော် ကိုယ် စားလှယ်များ သည် ကိုင်တွယ် သုံးစွဲမည် မဟုတ်ဘဲ နိုင်ငံတော် အစိုးရက တရားဝင် ဖွဲ့စည်းပေးထားသည့် စီမံခန့်ခွဲမှု ကော်မတီ၊ အထောက်အကူပြု ကော်မ တီနှင့် စည်ပင် သာယာရေး ကော်မတီ များက စီစဉ်သုံးစွဲရန် ဖြစ်ပါသည်။ ဆောင်ရွက်ပေးမည့် လုပ်ငန်း များသည် ပြည်သူ ကရွေးချယ် အဆိုပြုရန် ဖြစ်ပါ သည်ဟု ပါရှိလာခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေတွင် နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ယင်းငွေကျပ် သိန်းတစ်ထောင် သည် ပြည်ထောင် စု လွှတ်တော် ၏ ငွေစာရင်း ခေါင်းစဉ် အောက်တွင် ခွင့်ပြုထားသော ငွေဖြစ်သ ဖြင့် ညွှန်ကြားရေးမှူးချုပ် သည် ငွေစာ ရင်းစစ်ဆေး ခံရမည်ဖြစ်ရာ ပြည်ထောင် စု လွှတ်တော် ငွေစာရင်း ဌာနက အသေး စိတ် စိစစ်ပေးလျက် ရှိပါသည်။ ထို့အပြင် တိုင်းရင်းသားရေးရာ ဝန်ကြီး များကလည်း အကြံပြုပေးနိုင် ကြပါသည်ဟု သတ်မှတ် ထားပြီး ဖြစ်သည်။

သို့သော် …”ဒေသ ဖွံ့ဖြိုးရေးကို ဒီသိန်းတစ်ထောင်နဲ့ ဘယ်လိုမှ လုပ်လို့ မရဘူး”ဟု လှည်းကူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်း က ပြော သည်။

 နိုင်ငံတော် အစိုးရ မှ တစ်နိုင်ငံလုံး အတွက် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ၃၃ ဘီလျံကို ယခု ဘတ်ဂျက်နှစ်ခု ဖြစ်သော ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ခေါင်း စဉ်အောက် တွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်း ဖြစ်သည့် အတွက် မြို့နယ် တစ်မြို့ နယ်လျှင် ကျပ်သိန်း တစ်ထောင်စီ သုံးစွဲ ခွင့် ရရှိခြင်းဖြစ်သည်။ ယင်းကို ၂ဝ၁၄ ခုနှစ် ဧပြီလ မတိုင်မီ သုံးစွဲရမည်ဖြစ် သည်။

လက်ရှိတွင် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံ ငွေကို သုံးစွဲရန် ပြည်ထောင်စု ငွေစာရင်း ပူးပေါင်းကော်မတီက မြို့နယ် ၁ဝ မြို့ နယ် ကို ငွေလွှဲပို့ပြီးဖြစ်သည်။

သိန်း တစ်ထောင် ချထားပေးခြင်း ရည်ရွယ်ချက်မှာ ကိုယ်စားလှယ် များက ပြည်သူများနှင့် ထိတွေ့ ဆက်ဆံရာတွင် ပြည်သူများ ဘက်မှ တောင်းဆိုသော လုပ်ငန်းများ ကိုဖြေ ရှင်းပေးရန် ရည်ရွယ် လိုခြင်းဖြစ်ပြီး ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ကိုယ်စားလှယ် များဘက်မှ အခွင့်အရေး ယူမှု များလည်း ဖြစ်ပေါ် လာနိုင်စရာ ရှိ ကြောင်း ကိုယ်တိုင် ပြည်သူ့ ကိုယ်စား လှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း က ထောက်ပြပြောသည်။

”ပါတီမဲဆွယ် စည်းရုံးရေး အတွက် ဒီ သိန်းတစ်ထောင်ကို မသုံးမိဖို့ လိုတယ်” ဟု ၄င်းတို့ကိုယ်တိုင် သတိပြုရန် လိုအပ်သော အချက်ကို ဦးဖြိုးမင်းသိန်း က ထောက်ပြပြောခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကိစ္စရပ် မျိုးမှာ မြို့နယ် တစ်မြို့နယ်ရှိ ကိုယ်စားလှယ် လေးဦး စ လုံး ပါတီ တစ်ခုတည်းမှ ကိုယ်စားလှယ် များ ဖြစ်နေသည့် အရပ်များတွင် ဖြစ်ပွား လာနိုင် စရာ ရှိသည်ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီ လမ်းစဉ် စတင်ကျင့် သုံးပြီး ရွေးကောက် ပွဲပြုလုပ်ခဲ့သည်။ ၂ဝ၁ဝ တွင် ပါတီ ၃၇ ခုနှင့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် ၈ဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တစ်နိုင်ငံ လုံးရှိ နေရာ အနှံ့အ ပြား၌ အနိုင်ရရှိခဲ့ပြီး ဒုတိယ မဲအများဆုံး အနေဖြင့် ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီမှ အနိုင်ရရှိခဲ့သည့် ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌မူ လစ် လပ် ၄၅ နေရာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ၄၃ နေ ရာ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တစ်နေ ရာနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ မှ တစ်နေရာ အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ မြို့နယ်တစ်ခုတွင် ပါတီ တစ်ခုစီမှ ကိုယ်စားလှယ်များ တစ်စု တစ်ဝေးတည်း တည်ရှိနေခြင်းမျိုး ဖြစ် ပေါ်နေခြင်းဖြစ်သည်။

ယင်းအတွက် ဒေသ ဖွံ့ဖြိုးရေး ရန် ပုံငွေကို ပါတီ အမည်ဖြင့် သုံးစွဲပါက ပြည်သူများ ဘက်မှ အထင်မြင်လွဲမှားမှု မျိုး ဖြစ်လာနိုင်သည်ဟု ဦးဖြိုးမင်းသိန်း က ဆိုသည်။

”နိုင်ငံတော်က ပေးပင်ပေးငြား သော်လည်း ပါတီနာမည်ခံ လိုက်ရင် ပြည်သူက ဒါငါတို့ကို သွေးဆောင်ဖြား ယောင်းတာလို့ ထင်သွားရင် မကောင်း တော့ဘူး”ဟု ၄င်းက ဆိုပါသည်။

ပါတီများ မဲဆွဲ စည်းရုံးရေး အတွက် မဖြစ်ရန် လိုအပ်သည်ဟု ဦးဖြိုးမင်းသိန်း ဆိုသည့်အပေါ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လည်း ထောက် ခံပြောဆိုသည်။

”ပါတီစည်းရုံးရေး အတွက် ပေး တာ မဟုတ်ဘူး ဆိုတဲ့အပေါ် အန်တီက လည်း သဘောတူတယ်။ ပြည်သူတွေ အတွက်ပေးတာ။ ဒါကို စည်းရုံးရေး အတွက် သုံးလို့ မရ ဘူး။ လူဆိုတာ ခံယူ ချက်ချင်း ကွာတော့ ဘယ်သူ့ရင်ထဲမှာ ဘယ်လို ရှိနေမယ်ဆိုတာ ပြောလို့ မရ ဘူး”ဟု ၄င်းက ပြောသည်။

၎င်းအနေဖြင့် မြောက်ဥက္ကလာ၊ မြောက်ဒဂုံနှင့် ဒဂုံ အရှေ့မြို့နယ် ၃ မြို့ နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဖြစ်သော်လည်း ဒေသ ဖွံ့ဖြိုးရေး အတွက် အဆိုပါ မြို့နယ် များမှ အစည်းအဝေး လုပ်ဆောင်ရာ တွင် မြောက်ဒဂုံ မြို့နယ်မှသာ ၄င်းထံဖိတ်ကြားမှု ရှိပြီး ကျန်မြို့နယ် များမှ ဖိတ်ကြားဆောင်ရွက် မှု မရှိဟု ဒေါ်ခင်ဝိုင်းကြည် က ဆိုသည်။

”အန်တီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တော့ ကိုယ်စားလှယ် လေးဦးကော်မတီမှာ နာယက လုပ်ဖို့ ပြောလိုက်တယ်။ လုံးဝကို အစည်းအဝေး မခေါ်တော့ဘူး။ ဒီမှာ သံ သယ ဖြစ်စရာတွေ အစွန်းထွက်စရာတွေ မလုပ်ဖို့ လိုတယ်” ဟု သူက ပြောသည်။

အမှန်တကယ် အားဖြင့် ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဆိုသည်မှာ ပြည်ထောင် စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရက လုပ်ဆောင် ရမည့် ကိစ္စဖြစ်ပြီး ကိုယ်စား လှယ် များမှ ဝင်ရောက် လုပ်ကိုင်ရမည့် ကိစ္စမျိုး မဟုတ်ဟု ထင်မြင်မိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း က ထပ်လောင်းပြောသည်။

”ဒေသ ဖွံ့ဖြိုးရေး တိုင်းပြည် ဖွံ့ဖြိုး ရေးဆိုတာ အုပ်ချုပ်ရေး အာဏာဘက်က ပဲ လုပ်သင့်တာပါ။ ကိုယ်စားလှယ်တွေ က ဆောင်ရွက်ရမယ့် ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အသွင် ကူးပြောင်းရေး ကာလမှာ ကိုယ်စားလှယ်တွေ ကို ကိုယ့် မဲဆန္ဒနယ်တွေရဲ့ လိုအပ်တဲ့ အရာတွေကို သုံးဖို့ အသေးသုံးငွေပေး တာပါ။ ပြည်သူ့ ငွေ နဲ့ ပြည်သူ ကို စီမံခန့်ခွဲတဲ့ သဘောပါ” ဟု ၄င်းက ဆိုသည်။

အသေးသုံး ငွေဖြစ်သည့်အတွက် လမ်းသွယ်များ၊ တံတားငယ်များ၊ ရေ ကန်ငယ်များ ပြုလုပ်ခြင်း အတွက်သာ အသုံးပြုနိုင်မည်ဟု ကိုယ်စားလှယ် များ က ပြောသည်။

”လတ်တလော အခက်အခဲလေး တွေကို ဖြေရှင်းပေးတာပါ။ တစ်နိုင်ငံလုံး ပြဿနာတွေကို အာဏာ ရလာတဲ့ အစိုးရ ကပဲ လုပ်ရမှာပါ။ မလုပ်နိုင်ရင် အာဏာ ရလာတဲ့ အစိုးရ က ညံ့ဖျင်းလို့ပါ”ဟု ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ထပ် လောင်းပြောသည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ အတွင်းရေး မှူး ဦးစောလှထွန်း က ငွေကျပ် သိန်းတစ်ထောင်မှာ ကိုယ်စားလှယ်များ ကိုင် တွယ်သုံးစွဲရမည် မဟုတ်ဘဲ အစိုးရမှ တရားဝင် ဖွဲ့စည်းပေးထားသည့် စီမံခန့်ခွဲမှု ကော်မတီ၊ အထောက်အကူပြု ကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီ များက စီစဉ်သုံးစွဲ ရမည်ဖြစ် သည်ဟု ပြောသည်။

လူမှု ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဒေါက်တာ ကျော် သူ (ပေါင်းကူး)က ကိုယ်စားလှယ် များ အား ကျပ်သိန်း တစ်ထောင် ချထားပေး ခြင်းနှင့် ပတ်သက် ၍ အုပ်ချုပ်ရေးပိုင်း တစ်ခုတည်းမှ ကိုင်တွယ် သုံးစွဲခြင်းထက် ပြည်သူများ သဘောထား ပါဝင်မည့် ကိုယ်စားလှယ် များကပါ စီမံ သုံးစွဲပါက ကောင်းမွန် သည်ဟု ရှုမြင်နိုင်ကြောင်း ပြောသည်။

သို့သော် ကျပ် သိန်းတစ်ထောင် တွင် လုပ်ငန်း တစ်ခု အတွက် သိန်း ၅ဝ သာ သုံးခွင့်ရှိပြီး မြို့နယ် တစ်ခုတွင် သုံးစွဲ ခွင့်ရမည့် လုပ်ငန်း ၂ဝ ထက် လိုအပ်မှု ပိုမို ရှိနိုင်သည့် အတွက် ကိုယ်စားလှယ် များမှ ပြည်သူ များနှင့် ညှိနှိုင်းကာ အရေးကြီး လုပ်ငန်းများ ဦးစားပေးသုံး ရန် စီမံခန့်ခွဲမှု ကျွမ်းကျင်ရန် လိုအပ် သည်ဟု ၄င်းက ဆိုသည်။

ရန်ကုန် တိုင်းဒေသကြီး တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကမူ ဒေသ ဖွံ့ဖြိုးရေး အတွက် အသုံးစရိတ် အား ပါတီအမည် ခံ သုံးစွဲရေး မဖြစ်စေရန်မှာ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် ကိုယ်စားလှယ် များ ပူးပေါင်း ဆောင်ရွက်ရမည့် အချက် ဖြစ်ပြီး သုံးစွဲရာတွင် ပြည်သူ့ ဆန္ဒကို ဦး တည်ကာ အဖြစ်သင့်ဆုံး အရာများကို ရွေးချယ်ဆောင်ရွက် ရမည်ဟု ပြောသည်။

အဆိုပါ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်းကိုမူ သမ္မတက လက်မှတ်ရေး ထိုးခြင်း မရှိဘဲ လွှတ်တော်သို့ သဘော ထားမှတ်ချက်သာ ပေးပို့ထားသည်။

ယင်းမှာ ငွေကျပ် သိန်းတစ်ထောင် သုံးစွဲရေးတွင် ပြည်ထောင်စု စာရင်းစစ် ချုပ်၏ တိုက်ရိုက် စစ်ဆေးခွင့်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကိုယ်ပိုင် အုပ် ချုပ်ခွင့် ရ ဒေသ မှ ခေါင်းဆောင်များကို ထည့်သွင်းလုပ်ကိုင်ဆောင်ရွက်ရန် ဖြစ် သည်။

သမ္မတ၏ သဘောထား မှတ်ချက် နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီက လွှတ်တော် ၏ ငွေစာရင်းကို အချိန်မရွေး အစစ်ခံနိုင် သည် ဟု ပြောသည်။

 ပြည်ထောင်စု လွှတ်တော် ကလည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်းသော စာရင်းဇယားနှင့် ဥပဒေ များကို ကိုယ်စားလှယ် များနှင့် ညှိနှိုင်း ကာ ပြန် လည်ပေးပို့ သွားမည်ဟု သိရ သည်။

ဝေမာထွန်း
Popular Myanmar News Journal

မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်းသားလေးဦးပျောက်ဆုံး


ရန်ကုန် ဒီဇင်ဘာ ၂ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့၌ အဋ္ဌမတန်းကျောင်း သားလေးဦးသည် ယခုလ ၁၃ ရက်က ပျောက်ဆုံး သွားခဲ့ရာ မိုးညှင်းရဲစခန်းသို့ ယနေ့နံနက်ပိုင်းက အမှု ဖွင့်ခဲ့ကြောင်းသိရသည်။

အဆိုပါပျောက်ဆုံးမှုတွင် ဗောဓိကုန်းကျေးရွာနေ ဦးစိုးကွန့်၏သား မောင်ဇေမောင်မောင်(၁၄နှစ်)၊ အောင်ချမ်းသာရပ်ကွက်နေ ဦးသူရထွန်း၏သား မောင်ဟိန်းသူထက်(၁၄နှစ်)၊ စက်ကုန်းရပ်ကွက် နေ ဦးဝင်းမြိုင်၏သား မောင်ရဲရင့်ပိုင်(၁၄နှစ်)နှင့် စိမ်း ရတနာမွန်(တောင်ပိုင်း) ရပ်ကွက်နေ ဦးလဒွဲ၏သား မောင်နော်အောင်(၁၄နှစ်) တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

''ပျောက်တဲ့နေ့က ကာယလေ့ကျင့်မယ်ဆိုပြီး ကျောင်းကနေပြန် မလာတော့တာ။ ညနေပိုင်းရှာတော့ ကျောင်းကိုမရောက်ဘူးလို့ ဆရာမတွေကပြောတယ်။ မဟုတ်တဲ့နေရာတွေ ရောက်သွားမှာ စိုးရိမ်ပါတယ်'' ဟုမောင်ရဲရင့်ပိုင်၏ဖခင် ဦးဝင်းမြိုင်ကပြောသည်။

ယင်းပျောက်ဆုံးမှုကို အခြားရဲစခန်းများသို့ ကူညီ စုံစမ်းပေးပါရန်နှင့် မိုးညှင်းရဲစခန်းက နယ်ထိန်း တပ်ဖွဲ့ဝင်များကို တာဝန်ပေးထားကြောင်း၊ မိုးညှင်း ရဲစခန်း၏ လူပျောက်အမှတ်စဉ် ၅/၂ဝ၁၃ ဖြင့် အမှုဖွင့် ထားကြောင်း ယနေ့မိုးညှင်းရဲစခန်းတာဝန်မှူး ဒုတိယ ရဲအုပ် စောအောင်ဝင်းဝင်း ကပြောသည်။

ယင်းပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိုးညှင်းရဲစခန်း ဝ၇၄-၆ဝဝ၁၂၊ မခင်မာလွင် ဝ၉-၄ဝဝဝ၁၈၁၃၂၊ ဦးဝင်းမြိုင် ဝ၉-၆၄၁ဝ၄၃၉၊ ဦးဝင်းဌေး ဝ၇၄-၆ဝ၂၇၈ တို့အား တွေ့ရှိပါက ဆက်သွယ်အကြောင်း ကြားရန် သက်ဆိုင်ရာကမေတ္တာရပ်ခံထားသည်။

ကျော်ဇင်
The Union Daily

ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၀

လူဦးရေ ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့် ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လေထု အရည်အသွေး တိုင်းတာရေး ကိရိယာများ တပ်ဆင်ခြင်းကို German International Co-Operation (ဂျာမန် နည်းပညာ ပူးပေါင်းအဖွဲ့) နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်၏ လူမှုစီးပွား တိုးတက်လာမှုနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းလာမှု များကို လျင်မြန်စွာ ဖြေရှင်းရန် ဂျပန်နိုင်ငံ IGES အဖွဲ့အစည်းမှ ခေတ်မီ နည်းပညာများကို အသုံးချသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လေထု ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာသည့် စက်ပစ္စည်းများ တပ်ဆင်မည့် နေရာများကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

၂၀၁၃ ခုနှစ် အတွင်းတွင် ရန်ကုန်မြို့တွင် မော်တော်ယာဉ်စီးရေ လေးသိန်းကျော်အထိ မြင့်တက်လာပြီး လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပိုမိုပျံ့နှံ့ ရောက်ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီ မြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတ မြို့နယ်တွင် Particular Matter (PM10 မှာ120 μg/m3) ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ် တို့တွင် Particular Matter (PM10 မှာ102 μg/m3) ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အတိုင်းအဆ များပြား နေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာနထံမှ သိရသည်။

The Voice Weekly Myanmar

(၂၇) ကြိမ်မြောက် SEA Games ရဲ့နောက်ကွယ်မှာ


နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။

အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိမှုဟာလည်း ထိပ်ဆုံး လေးနိုင်ငံအတွင်း ရပ်တည် နိုင်ခဲ့တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း ၆၀ အားပေးတဲ့ ကစားနည်းတစ်ခုကို နိုင်ငံတော်က ငွေကြေး ပံ့ပိုးမှုတွေ ကြီးကြီးမားမား မပြုလုပ်ဘဲ ပြင်ပက သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။ ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေးချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။

ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေး ချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အားကစားအကြောင်း ခြေခြေမြစ်မြစ် နားမလည်ပေမယ့် ငွေကြေး အဓိက စိုက်ထုတ်သူတွေ ဖြစ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့မှာ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အားကစားကို နှစ်ပေါင်းများစွာ ဘဝကို မြှုပ်နှံပြီး ဆောင်ရွက်ခဲ့တဲ့ အားကစားသမားတွေဟာ သူကျွမ်းကျင်ရာ အဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်သူရဲ့ အရိပ်အကဲကို ကြည့်နေရသူ ဖြစ် ပြီး ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေ ထိပ်တိုက်ပြောဆိုဖို့ ဖြစ်လာတိုင်း လူမုန်း မခံဘဲ ရှောင်ဖယ်သွားလေ့ ရှိပါတယ်။ သူတို့ဆီမှာ နိုင်ငံတကာ အဆင့်မီတဲ့ စီမံခန့်ခွဲရေး သမားတွေ၊ CEO တွေကို ခန့်မထားခဲ့ပါဘူး။ ဒါကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေကို ဒီ SEA Games မှာ ကြုံတွေ့ခဲ့ကြပါတယ်။

တကယ်တော့ ဒီ SEA Games ကို မြန်မာက လက်ခံကျင်းပဖို့ သဘောတူပြီးနောက် ၂၀၀၈ ခုနှစ်စပြီး ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အားကစားကွင်းတွေ၊ အားကစားရုံတွေနဲ့ တခြားအထောက်အကူ ပြုပစ္စည်းတွေ အားလုံး ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် ၁၀၁ ဘီလီယံ ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကူညီခဲ့ပါတယ်။ ပြိုင်ပွဲ စပွန်ဆာက ရငွေ ခုနစ် ဘီလီယံဆိုတော့ စုစုပေါင်း ကုန်ကျငွေဟာ ၁၄၁ ဘီလီယံ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက ဆုတံဆိပ် တစ်ခုရတိုင်း ငွေဘယ်လောက် ကုန်သွားသလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်။ သက်ဆိုင်ရာ အားကစားဝန်ကြီး ကိုယ်တိုင် ရွှေ ၁၀၀ ရရှိရေး ရည်မှန်း ခဲ့ပေမယ့် မပြည့်မီခဲ့ပါဘူး။ တချို့သော သေချာပေါက် မျှော်မှန်းထားတဲ့ ရွှေတံဆိပ်တွေ လက်လွတ်ခဲ့ရသလို တချို့ပွဲတွေဟာ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကြောင့် နစ်နာခဲ့ရတာတွေ ရှိပါတယ်။ Content Games တွေလို ကစားပွဲတွေမှာ မြန်မာဟာ ရသင့်တဲ့ အိမ်ရှင် အခွင့်အရေးတွေကို မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆီးဂိမ်းရဲ့ Control Panel မှာ ဆုတံဆိပ်ခွဲတမ်း ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဒိုင် အဆုံးအဖြတ်ပေါ်မှာ လုံးဝမှီခိုနေတဲ့ ဝူရှူးတို့၊ အလေးမတို့၊ ကာယဗလမောင် ပြိုင်ပွဲတို့၊ လက်ဝှေ့တို့လို အားကစား ပြိုင်ပွဲတွေမှာ အိမ်ရှင် မြန်မာဟာ ဒိုင်တွေရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

အရှုံးကြီး ရှုံးခဲ့ရတဲ့ အမျိုးသား ဘောလုံးပွဲမှာရော၊ အမျိုးသမီး ဘောလုံးပွဲမှာရော ဒိုင်တွေရဲ့ ဆုံးဖြတ်မှုတွေဟာ မြန်မာ တစ်မျိုးသားလုံးကို အကြီးအကျယ် အနာတရ ဖြစ်စေခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ အမျိုးသမီး အကြိုဗိုလ်လုပွဲ ထိုင်း- မြန်မာပွဲစဉ်မှာ ထိုင်း ဘုရင့်မြေးတော် ကိုယ်တိုင် ထိုင်းအမျိုးသမီး ဘောလုံးအသင်းကို အားပေးခဲ့တဲ့အတွက် ထိုင်းကစားသမားတွေ အထူးတက်ကြွ နေတာကိုလည်း တွေ့မြင်ရပါတယ်။ အမျိုးသမီး အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်း ရသွားတဲ့ အဖွင့်ဂိုးဟာ လူကျွံနေတယ်ဆိုတာ သိသာရှင်းလင်း နေပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့ရသလို မြန်မာအသင်း ရရှိတဲ့ အဖွင့်ဂိုးကတော့ လူကျွံတယ် ဆိုပြီး မပေးခဲ့ပါဘူး။ ဗီယက်နမ်နဲ့ အုပ်စုပွဲမှာလည်း မြန်မာရတဲ့ ဂိုးကို လူကျွံဘော အဖြစ်ပဲ သတ်မှတ် ခဲ့ပြန်ပါတယ်။

SEA Games ရဲ့ သဘော သဘာဝအရ အိမ်ရှင်နိုင်ငံတွေက အားကစား ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးတွေ ရပါလျက်နဲ့ မြန်မာအလှည့် ရောက်မှ ဘာလို့ ဒီအခွင့်အရေးတွေ မရသလဲဆိုတာ လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒိုင်လူကြီး ရာပေါင်း များစွာနဲ့ ပြည်တွင်း ဒိုင်လူကြီး များစွာကို တာဝန် ပေးအပ်ထားပါတယ်။ ပြိုင်ပွဲ ကာလအတွင်း နိုင်ငံတကာ ဒိုင်လူကြီးတွေကို နေ့စဉ် Daily Allowence ဒေါ်လာ ၁၅၀ ပေးထားပြီး မြန်မာဒိုင်တွေကို တစ်နေ့ ၄၀၀၀ ပေးထားပါတယ်။ ဒီမှာတင် မမျှတမှုကို စတင်တွေ့ ရှိရပါတော့တယ်။ ယခင်က ကျင်းပခဲ့တဲ့ SEA Games ပြိုင်ပွဲတွေမှာ ပြည်တွင်းဒိုင်၊ နိုင်ငံတကာဒိုင် မခွဲခြားဘဲ နေ့စဉ် အသုံးစရိတ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒိုင်တွေကို Air Com မပါတဲ့ စည်ပင်ရိပ်သာက အခန်းတွေမှာ ပေးတာ။ ကုန်ဈေးနှုန်း ကြီးမားလွန်းတဲ့ နေပြည်တော်မှာ အသုံးစရိတ် ၄၀၀၀ ပဲ ပေးထားတာတွေဟာ ပြည်တွင်း ဒိုင်တွေရဲ့ နိုင်ငံချစ်စိတ်ကို ထိုးနှက်ခဲ့ပါတယ်။ ဒီလိုပါပဲ ပြည်ပကလာတဲ့ ဒိုင်လူကြီးတွေကလည်း မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု အပေါ် စိတ်တိုင်း မကျခဲ့ပါဘူး။

သူတို့ စိတ်အပျက်ရဆုံးက သယ်ယူ ပို့ဆောင်ရေးကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက နိုင်ငံတကာ ဒိုင်တွေကို ကားတွေ လုံလောက်အောင် စီစဉ် မပေးနိုင်ခဲ့ပါဘူး။ မွေလက်ဝှေ့က တာဝန်ရှိသူ တစ်ဦးကဆိုရင် မြန်မာလက်ဝှေ့သမားတွေ လက်ရည် သာရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဒိုင်တွေကို ကားငှားမပေးနိုင်ခဲ့လို့ ဆိုပြီး ညည်းထွားခဲ့ပါတယ်။ ပြီးတော့ အိမ်ရှင်နိုင်ငံက ပေးတဲ့ ယူနီဖောင်းတွေက မတော်လို့ ဝတ်ရတာမှာ အဆင်မပြေ ဖြစ်ကုန်ကြပါတယ်။ ယူနီဖောင်းတွေ လာပေးတာကလည်း ပြိုင်ပွဲတွေ စတင်ပြီး ရက်အတန်ကြာမှ လာပေးနိုင်တာမျိုးတွေ လည်း ရှိနေပါတယ်။ အထူးသဖြင့် အားကစား အဖွဲ့တိုင်းမှာ ပြဿနာ အနည်းအများ ဆိုသလို ရှိပြီး သက်ဆိုင်ရာ အားကစား ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ သူတို့တွေဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံဆုံရတိုင်း တာဝန်ခွဲ ဖြေရှင်းပေးလိုစိတ် မရှိဘဲ တစ်ယောက်ယောက်ဆီကို အလျင်အမြန် လွှဲချလေ့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ မလေးရှား ဒိုင်လူကြီးတစ်ဦးက ရင်ဖွင့်ပါတယ်။

SEA Games မကျင်းပခင် တစ်ရက်ကလည်း ဒိုင်လူကြီး ၂၀၀ လောက်ကို ခန်းမ တစ်ခုထဲမှာ စုဝေးစေပြီး ဝတ်စုံချုပ်ဖို့ ယိုးဒယားက ဆရာနဲ့ တစ်ယောက်ချင်း ကိုယ်တိုင်း ယူပါသတဲ့။ တစ်ယောက်ချင်းကို သုံးလေးခါ ပြန်တိုင်းနေရလို့ နာရီ ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး စောင့်ဆိုင်းရတဲ့ ဒိုင်လူကြီးတွေထဲမှာ နိုင်ငံတကာက လေးစားအသိအမှတ် ပြုရတဲ့ လူကြီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒါဟာ On Paper နဲ့ မလုပ်တတ်ကြောင်း ပေါ်လွင်သွားခဲ့သလို ပွဲစဉ်ဇယားတွေ ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ဆောင်ရွက်ရာမှာ မိတ္တူကူးစက် စောင့်ရ၊ စက္ကူစောင့်ရ၊ ချုပ်စက်စောင့်ရနဲ့ အချိန် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာတွေအတွက် တာဝန်ရှိသူတွေ သိသွားတိုင်း ‘Sorry’ တစ်လုံးနဲ့ ပြီးသွား တာပါပဲ။

SEA Games ပြိုင်ပွဲကြီးကတော့ ခမ်းနားထည်ဝါ ခဲ့ပါတယ်။ ပိတ်ပွဲကလည်း လှပဦးမှာပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း 4G အင်တာနက် စနစ်တွေ မကောင်းတာ၊ IBC ထဲက စားသောက်ဆိုင်တွေ ဈေးနှုန်း အမျိုးမျိုး ပြောင်းလဲတာ၊ LO လို့ခေါ်တဲ့ Listing Officer တွေ အရည်အသွေး မပြည့်ဝ သေးတာ၊ နေပြည်တော်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ အဆင့်အတန်း မမီတာ၊ တချို့ဆီးဂိမ်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာဖွေ သွားတာတွေဟာ သမိုင်းတစ်ကွေ့မှာတော့ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပါပြီ။ မြစ်တစ်မြစ်မှာ နှစ်ခါရေမိုး မချိုးနိုင်သလို ဒါတွေ အားလုံးဟာလည်း ပြန်လည် ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ (၂၇) ကြိမ်မြောက် SEA Games ကို မြန်မာက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုသာ အားကိုး ဆုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။

Written by  နဒီရဲရင့်

ညီညွတ်ရန်နှင့် အောင်မြင်အောင်လုပ်ရန် ကြံ့ခိုင်ရေးနာယကကြီး မှာကြား ဗဟိုအတိုင်ပင်ခံများ ရပ်တည်မှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်ခြိုက်အားရမှုရှိ


ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်  ““အဓိကကတော့ အခြေခံဥပဒေ ကိစ္စပဲထင်တယ် ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး အဲဒါနဲ့ပဲ အချိန်ကုန်လိမ့်မယ်”” . . .

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ယခင်က ပါတီဥက္ကဋ္ဌဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) ဦးဆောင်၍ ဗဟိုအတိုင်ပင်ခံ ၃ ဦးဖြစ်သော ဦးအောင်သောင်း (ယခင် စက်မှု ၁ ၀န်ကြီး)၊ ဦးတင်ထွတ် (ယခင်တိုင်းမှူးဗိုလ်ချုပ်)၊ ဦးစိုးသာ (ယခင် အမျိုးသားစီမံကိန်းဝန်ကြီး) တို့က ပါတီ၏ မူဝါဒ ရေးရာများကို အဓိကထား ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ယခင် နယက အစိုးရ လက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အများစုဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် စီနီယာဝန်ကြီးများ ဖြစ်ကြသော ဗဟိုအတိုင်ပင်ခံများကို လွန်ဆန်ခြင်း မပြုကြဘဲ ၎င်းတို့၏ ဆွေးနွေး လိုလားချက်များဖြင့်သာ ပါတီ၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ပါတီ၏ ၀ါရင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော် ဆင့်သို့ ပြောကြားခဲ့သည်။ …

ဒီဇင်ဘာ ၂၄ ရက် ၀န်းကျင်တွင် ကျင်းပမည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““ အဓိက ကတော့ အခြေခံဥပဒေ ကိစ္စပဲ ထင်တယ်။ ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး။ အဲဒါနဲ့ပဲ အချိန်ကုန် လိမ့်မယ် ””ဟု ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် ပြင်ဆင်ပေးနိုင်ရန် ရှိမရှိကိုလည်း ““ဒီဟာကတော့ တစ်ဦးချင်း အနေနဲ့တော့ ဘာမှ သိပ်ပြီးတော့ သဘောထား ပေးစရာ မရှိဘူး။ သို့သော် ဗဟို ကော်မတီမှာတော့ ဆွေးနွေးလိမ့်မယ် ထင်တာပဲ။ ပါလိမ့်မယ်ထင်တယ် ဒီကိစ္စ။ အချက်တော်တော်များများ ပါမယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေက အရေးကြီး နေတာကိုး။ အဲဒီကိစ္စတို့၊ ၂၃၆ ကိစ္စတို့ တိုင်းရင်းသားတွေကို ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးရေးကိစ္စ တွေ သေချာပေါက် ပါမှာပါ”” ဟု ဦးအောင်သောင်းက ၎င်း၏ သဘောထားအမြင်ကို ပြောကြားသည်။

ယခင်နယက အစိုးရအဖွဲ့ဝင်များနှင့် အာဏာရကြံ့ခိုင်ရေးပါတီ အကြီးအကဲများ၏ နိုင်ငံရေးဆရာကြီး တစ်ဦးအဖြစ် လေးစားခြင်း ခံနေရသူ ဦးအောင်သောင်း အနေဖြင့် လွန်ခဲ့သော လပိုင်းက စစ်အစိုးရ အကြီးအကဲ ဖြစ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် ဂါရ၀ပြု တွေ့ဆုံခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ပါတီနှင့် ၎င်း၏ တပည့်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် ကြံ့ခိုင်ရေးပါတီ အကြီးအကဲ များကို မည်ကဲ့သို့ မှာကြားသည်ကို ဦးအောင်သောင်းအား မေးမြန်းခဲ့ရာ ““ထွေထွေထူးထူး မရှိဘူးဗျ။ ကျွန်တော်တို့မှာ ဧည့်သည်တွေ များနေလို့ ကျွန်တော်တို့က ခဏလေးပဲ။ ကျန်းမာ ချမ်းသာကြောင်းနဲ့ နေကောင်းလား ဒီလောက်လေးပဲ။ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ ကျန်းမာအောင်နေ၊ ညီညီညွတ်ညွတ် လုပ်ကြ၊ အောင်မြင်အောင် လုပ်ကြ။ ဒါပါပဲ””ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မှာကြားချက်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ဦးအောင်သောင်းနှင့် ဗဟိုအတိုင်ပင်ခံများ ပါတီကို ပဲ့ကိုင်ထိန်းကြောင်း နေသည့်အပေါ် ကျေနပ်အားရမှု ရှိ မရှိ မည်ကဲ့သို့ သဘောထား ရှိကြောင်း မေးမြန်းခဲ့ရာ ““သြော် နှစ်ခြိုက် ပါတယ်။ ဘာမှပြောတာ မရှိပါဘူး။ ကျွန်တော်တို့က သူ့လက်ထက်တည်းက ပါလာတာဆိုတော့ သဘောကျ ပါတယ်””ဟု ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ထောင်စု လွှတ်တော် နာယက၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက် ဂါရ၀ပြုစဉ်ကလည်း လက်ရှိနိုင်ငံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကြံ့ခိုင်ရေးအသင်း ရှိစဉ်က ဗဟို နာယကကြီးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အကြီးအမှူး ပြုခဲ့ပြီ၊ လက်ရှိအစိုးရနှင့် လွှတ်တော်အကြီးအကဲများမှာ ၎င်း၏ ကြံ့ခိုင်ရေး အသင်းဝင်များဖြစ်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံရေးသြဇာမှာ ကြီးမားလျက်ရှိကြောင်း နိုင်ငံရေး သုတေသီများက သုံးသပ် ထားကြသည်။

Myanmartandawsint Newspaper

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး


မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးတွင် စိတ်ကြွဆေးပြားများနှင့်အတူ  အမျိုးသားနှစ်ဦးကို မြ၀တီမြို့၊ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ၀န်ခံချက်အရ မြ၀တီမြို့၊ ရပ်ကွက်(၅)တွင် ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေသည့် ဦးပဉ္ဇင်း ဦးပညာဆိုသူကို ထပ်မံဖမ်းဆီး၍ လူဝတ်လဲ အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
““ဒီဦးပဉ္ဇင်းက ကျောင်းမှာ တစ်ပါးတည်းနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်နေတာ။ ရဲတပ်ဖွဲ့က အခုလိုအရေးယူသွားတာကို ဒေသခံတွေအနေနဲ့ ကျေးဇူးတင်ပါတယ်””ဟု ရပ်ကွက်(၅) တွင်နေထိုင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းကိုးဆယ်ကျော်ဖိုးရှိပြီး အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူသုံးဦးကို မြ၀တီမြို့မရဲစခန်း၌ ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ဖြင့်   အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7 Day Daily

နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ


၄၄ နှစ်ကြာ တကျော့ပြန်

၄၄ နှစ်ကြာမှ တကျော့ပြန် ကျင်းပပြုလုပ်ခွင့်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကတော့ ကိုရွှေမြန်မာတွေကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် စကားနှစ်လီတွေကလည်း စိတ်ဝင်စားဖို့ တွေးဖို့ ဖြစ်ရပါတယ်။

ဆီးဂိမ်းဖွင့်ပွဲ အကြောင်းပြောရင် တရားအားထုတ် တရုတ် အားထား ဆွေမျိုးပေါက်ဖော်တွေ တွဲလျက်ပါလာတာလည်း ထူးနေပြန်ပါတယ်။ ဘောလုံးပွဲတွေမှာ ဦးအောင်ဇေယျကို ပွဲထုတ်လာသူတွေ တွေ့မြင်ရတော့ ဘယ်လို ပြောရမယ် မသိအောင် ဖြစ်ရပြန်ပါတယ်။ ကတ်ပြားတပ်ခြင်း၊ မတပ်ခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က သူ့ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ ယှဉ်တင်လာတာ တွေ့ရပြန်တော့လည်း “ညီမလေးရယ် စိုးရိမ်မိတယ်” ဆိုတဲ့ ၀တ္ထုခေါင်းစဉ် ပြေးမြင် မိပြန်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သက်ပြီး မြင်စရာ၊ တွေးစရာနဲ့ ကောင်းတာတွေ ဖေ့စ်ဘွတ်မှာ ရေးတင်ထား ကြတာ မျှဝေ ပေးချင်ပါတယ်။

ဖွင့်ပွဲမှာ လူအင်အား ၁ သောင်းကျော် သုံးပြီး သရုပ်ပြ တင်ဆက်ခဲ့တာ၊ အများစုက ယဉ်ကျေးမှုသင်တန်း ကျောင်းသားတွေနဲ့ တပ်မတော်သားတွေလည်း ပါတယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ သရုပ်ပြ တင်ဆက်ခဲ့တဲ့ ကလေးတွေအကြောင်း ရေးတင်ထားတာ အရင် ဖတ်ကြည့်ကြပါ။

“ဆီးဂိမ်းဖွင့်ပွဲကို မလိုတမာ ရှုတ်ချကဲ့ရဲ့ ပြောနေကြတဲ့ သူတွေကို တခုပဲ ကျနော် ပြောချင်ပါတယ်၊ ကျန်တာတွေ ဘာမှ မချီးမွမ်းချင်နေကြပါ၊ လပေါင်းများစွာ ကတည်းက နေ့စဉ်နဲ့အမျှ ချွေးဒီးဒီးကျအောင် သရုပ်ဖော်ကွက်တွေ၊ အဆိုနဲ့ အကတွေကို လေ့ကျင့်ခဲ့ကြရတဲ့ ခင်ဗျားတို့ရဲ့ သားသမီးအရွယ်၊ တူ၊ တူမအရွယ်၊ ညီနဲ့ ညီမငယ်အရွယ်လေးတွေရဲ့ ကြိုးပမ်း အားထုတ်ခဲ့ရမှုတွေကို နည်းနည်းလောက်တော့ အသိအမှတ် ပြုသင့်ပါတယ်၊ စင်ပေါ်မှာ နာရီဝက်လောက်သာ ကြာမယ့် တင်ဆက်မှု ၁ ခုကို အနည်းဆုံး အကြိမ် ၁၀၀ ထက်မနည်း သူတို့လေးတွေ လေ့ကျင့်ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက သူတို့တတွေ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ ညနေ တန်းဖြုတ်ချိန် ရောက်ပြီး ရေချိုး ထမင်းစားပြီးလို့ ညဘက်အချိန်ထိအောင် လေ့ကျင့်နေတဲ့ ကလေးတွေကို သက်ဆိုင်သူတယောက်က မေးကြည့်တယ်တဲ့။ “သမီးတို့က ကိုယ်ပိုင်အချိန်မှာ မနားဘဲ ဘာလို့ ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ” သူတို့လေးတွေရဲ့ အဖြေက “သမီးတို့ မညီရင် သမီးတို့ နိုင်ငံကို အထင်သေးသွားကြမှာပေါ့” တဲ့။ တကယ်ကို စိတ်ဓာတ် မြင့်မားတဲ့ ကလေးတွေနော်။ သူတို့တွေရဲ့ ကြိုးစားမှုကို ကျနော်တော့ မျက်ရည်ကျမတတ် ၀မ်းမြောက်မိပါတယ်။ ဒါကို တရုတ်က မီးထွန်းပေးလို့သာ ဒီ အခမ်းအနားကြီး ဖြစ်တာပါကွာလို့ ပြောလိုက်တာနဲ့ ဒီကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြောင်းထဲကို ကန်ချလိုက်သလို ပါပဲဆိုတာ စဉ်းစားမိကြရဲ့လား ခင်ဗျာ။ ၀မ်းသာဂုဏ်ယူ နေကြသူတွေဘက်က ကြည့်ရင်လည်း ဒီလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားမှု မလုပ်နိုင်ခဲ့တာ “ရာစုနှစ် တ၀က် နီးပါးလောက်” ကြာခဲ့ပါပြီ။ အခုလို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ၀မ်းမြောက်ဂုဏ်ယူ နေကြတာလေးကို နည်းနည်းလောက်တော့ မုဒိတာ ပွားပေးကြပါလားဗျာ။”

ကလေးတွေ မိုးထဲလေထဲ အကာအရံမဲ့ ကွင်းပြင် ကွက်လပ်တွေထဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လေ့ကျင့်နေကြပုံ ဓာတ်ပုံနဲ့ တွဲတင်ထားတာပါ။ ဆီးဂိမ်းဖွင့်ပွဲ တီဗွီမှာ ကြည့်လိုက်ရကတည်းက သရုပ်ပြ တင်ဆက်ခဲ့ကြတဲ့ ကလေးတွေ ဘယ်လောက် လေ့ကျင့်ထားတယ်ဆိုတာ ခန့်မှန်း ကြည့်မိထားပြီး ချီးကျူးနေမိတာပါ။ စင်ကာပူ တီဗီချန်နယ်ဖိုက်က ပရီစင်တာဆို တချိန်လုံး ချီးကျူး ဂုဏ်ပြုစကား ပြောနေတာ တွေ့ရပါတယ်။ ၂၀၁၅ သူတို့ အိမ်ရှင် အလှည့်ကျ ဒီလိုမျိုး ခမ်းခမ်းနားနားဖြစ်အောင် လုပ်ရမယ်လို့လည်း ပြောသွားတာ ကြားလိုက်ရပါတယ်။ (မြန်မာ့ရုပ်မြင်သံကြား ပရီစင်န်တာကတော့ နားထောင်ရ အတော်ဆိုးပါတယ်၊ အခမ်းအနား အစီအစဉ် ကြေညာသူတွေ အသံအတိုင်း လွှင့်ပေးရင်တောင် တော်တော် အဆင်ပြေမှာပါ။ ပြောတတ် ဆိုတတ် သူတွေလည်း မျိုးဆက်ပြတ်ကုန်ပြီထင်ပါ့)။

မတူကွဲပြားတဲ့ အမြင်တွေ

ဒါလေးကတော့ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ မြန်မာတဦး ရေးတင်ထားတာပါ။

စင်ကာပူနေ ညီငယ်တယောက်ရဲ့ အလုပ်ထဲက စင်ကာပူရီယန်မိတ်ဆွေက ပြောပါတယ်။ ဆီးဂိမ်းပွဲကြီး ညက ကြည့်ပြီး မနက်မှာ ပြောတာပါ။

“မင်းတို့ အစိုးရက ဒီပွဲကြီးအတွက် ပိုက်ဆံတွေ သုံးလှချည်လား၊ တကယ်ဆို ဆေးရုံတွေ များများ ဆောက်ပါတော့လား၊ ငါ့ရဲ့ မြန်မာ သူငယ်ချင်းတွေ တခါလာ သူတို့ ဆွေမျိုးတွေ ဆေးကုတော့မယ်ဆို စင်ကာပူလာ ဘန်ကောက် သွားနဲ့” လို့ ပြောပါတယ်။ ဒီစကားရဲ့ နောက်ကွယ်မှာတော့။

မြန်မာပြည် အနေအထားကို စေတနာနဲ့ အားမလို အားမရ ဖြစ်တာလည်းပါမယ်။ စင်ကာပူ နိုင်ငံသားအနေနဲ့ အထက်စီးက ပါးပါးလေး ကျောတာလည်းပါမယ်ပေါ့လေ။ (မြန်မာနိုင်ငံက ပိုက်ဆံရှိသူတွေ ကျန်းမာရေးကိစ္စ ထစ်ခနဲရှိ အကဲပိုကြတာလည်း ပါသပေါ့) ဘာပဲဖြစ်ဖြစ် တွေးစရာ တခုတော့ ရတာပါပဲ။

ချမ်းသာတဲ့ စင်ကာပူမှာတောင် နှစ်တိုင်း အမျိုးသားနေ့ပွဲကို တခမ်းတနား လုပ်တဲ့အခါ နီနီရဲအောင် ၀တ်လို့ သွားအားပေးကြတဲ့သူတွေ ရှိသလို မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းတယ်လို့ ယူဆပြီး အစိုးရကို တဲ့တိုး ဝေဖန်သူတွေလည်း အများကြီးပေါ့။ ဒါပေမယ့် နိုင်ငံသားတွေကတော့ ပြောင်ပြောင် ယောင်ယောင်နဲ့ အခြေခံ လိုအပ်ချက်တွေတော့ ပြည်စုံကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် သုံးခဲ့ရပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦး အဆိုအရလည်း အဲဒီ ပမာဏထက်မနည်း သုံးမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသာ မကူရင် မီးရှူးမီးပန်းဖောက်ဖို့တောင် အတော် စဉ်းစားရမှာပါ။ တရုတ်က သူတို့ဆီ လုပ်သွားတဲ့ ၂၀၀၈ အိုလံပစ်ပွဲ၊ ၂၀၁၀ အာရှ အားကစားပွဲတွေမှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ သရုပ်ပြ တာဝန်ယူခဲ့တဲ့ အားကစား ကော်ပိုရေးရှင်းတခုကို လွှတ်ပြီး နည်းပညာရော လူအင်အား ၇၀၀ ပါ အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘွတ်မှာ အခုလို ရေးတင်ထားပါတယ်။

“၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ အသံ၊ မီးနဲ့ မီးရှူး မီးပန်းများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရက လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါကြောင့် ဒီပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့ အောင်ပွဲ ဖြစ်ပါတယ်။

“ဒါကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ ခမ်းနားစွာ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ မှန်သမျှ အသုံးပြုမှာပဲ ဖြစ်ပါတယ်။ အသံ၊ မီးနဲ့ မီးရှူးမီးပန်းများနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူး ထုတ်လွှင့်ရေးနဲ့ ပတ်သက်ရင် အမေရိကန် နိုင်ငံက Grass Valley ကုမ္ပဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ရိုက်ကူးရေး ၀န်ထမ်းများကို လေ့ကျင့်ပေးဖို့အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီ ပေးခဲ့ပါတယ်။

“ဘာတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကို အသိအမှတ် မပြုနိုင်ဘဲ ဘယ်သူလုပ်တာ ဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ၊ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများ သုံးခဲ့ကြောင်း အောက်ပါ လင့်ခ်များမှာ လေ့လာကြည့် စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောကက ပုဂ်္ဂိုလ်များက ပြောတာကိုတော့ သူတို့ဝမ်းစာ မပြည့်မှုအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။”

အစိုးရပိုင်းက အခုလို သဘောထားမှတ်ချက်ပေးသလို ဆီးဂိမ်းကို လက်မခံနိုင်တဲ့ မတူကွဲပြားတဲ့ သဘောထားတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာ ရှိပါတယ်။ ဖတ်ကြည့်ပါဦး။

“အခု ကျင်းပနေတဲ့ ဆီးဂိမ်းနဲ့ပတ်သတ်ပြီး ကျမဝေါ (wall) မှာ လက်ခံသူရော လက်မခံသူပါ တွေ့ရပါတယ်၊ မနေ့က ဖွင့်ပွဲ အပြီးမှာတော့ နှစ်ဖက်စလုံးက အသံတွေ ပိုမို ကျယ်လောင်လာကြရင်းက အချင်းချင်း ထိုးနှက် တိုက်ခိုက်ကြတဲ့ အရေးအသားတွေပါ တွေ့လာရပါတယ်။ ကျမတဦးတည်းရဲ့ သဘောထားအရတော့ ဒီဆီးဂိမ်းကို လက်မခံပါဘူး။ ဒါပေမယ့် လက်ခံပြီး ပျော်ရွှင်စွာ ဂုဏ်ယူကြောင်း ဆိုနေသူတွေကိုလည်း မဆန့်ကျင် မတိုက်ခိုက်လိုပါဘူး။ ကျမအနေနဲ့ ဘာလို့ ဒီဆီးဂိမ်းကို လက်မခံကြောင်း ပြောပါမယ်။

ဆီးဂိမ်းမှာသုံးဖို့ မီးလုံးတွေအတွက် အသုံးပြုတဲ့ ငွေကြေးတန်ဖိုး သိန်း ၇ ထောင်ကျော်လို့ ကြားတဲ့အခါ လျှပ်စစ်မီးတောင် မရှိတဲ့ မြန်မာပြည်အနှံ့က ကျေးရွာပေါင်း ၄ သောင်းကျော် အကြောင်း တွေးမိပြီး အားနာလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

 “မြန်မာ မြန်မာ မြန်မာတဲ့ဟေ့” ဆိုတဲ့ ဆီးဂိမ်း ဂုဏ်ပြုသီချင်းသံကြားတိုင်း အိမ်ပေါင် လယ်ရောင်းပြီး ရေခြားမြေခြားမှာ မျက်နှာငယ်စွာ အလုပ်ကြမ်း သွားလုပ်နေရတဲ့ ကိုယ့်ပြည်သားတွေ မျက်နှာ ပြေးပြေးမြင်မိလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

ဆီးဂိမ်းမှာ လွှင့်ဖောက်လိုက်တဲ့ မီးရှူးမီးပန်း ရောင်စုံကို မြင်ရတဲ့အခါ ဗုံးသံကျည်သံတွေကြား အိုးပစ် အိမ်ပစ် စစ်ပြေးနေရတဲ့ ကိုယ့်တိုင်းရင်းသား သွေးချင်းတွေကို မြင်ယောင်ပြီး ကျမ ဂုဏ်မယူနိုင်ပါဘူး။

မပြေလည်သေးတဲ့ ကြေးနီမိုင်း ပြဿနာနဲ့ သမ္မတဦးသိန်းစိန် သက်တမ်းအပြီးမှာ ဘယ်လို ရှေ့ဆက်ရမယ် မသိသေးတဲ့ မြစ်ဆုံဆည်နဲ့ ဧရာဝတီရဲ့ အရေးက အဖြေမထွက်သေးခင်၊ တရုတ်ရဲ့ ကျေးဇူးရှိတယ်လို့ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောထားတဲ့ အစိုးရဟာ ဒီဆီးဂိမ်းအတွက် ကျေးဇူးရှင် တရုတ်ဆီမှာ အမေရိကန် ဒေါ်လာ ၃၆ သန်းဖိုး ကျေးဇူးကြွေး ထပ်တင်ခံလိုက်တဲ့အခါ အလန့်တကြားနဲ့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။

ဒါဆို ဒါတွေကို ဂုဏ်မယူဘူးဆိုတော့ ကျမက ဘာကိုမှ ဂုဏ်မယူတတ်ဘူးလား၊ ဘာကိုမှ ဂုဏ်မယူချင် ဘူးလား မေးလာခဲ့ရင် ကျမက ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် သိပ်ကို ဂုဏ်ယူချင်နေသူပါလို့ပဲ ဖြေပါရစေ။

တိုင်းပြည်ရဲ့ တဦးချင်း အနည်းဆုံး လုပ်ခလစာဟာ ဒေသတွင်းနိုင်ငံတွေကို ဥပမာ –  ထိုင်းလောက်၊ ဗီယက်နမ် လောက်ကို မီလာတဲ့အခါ ဂုဏ်ယူလိုက်မှာပါ။

တိုင်းပြည် အလုံးစုံ ငြိမ်းချမ်းလို့ ကျမတို့ အမြဲဆိုနေတဲ့ ကမ္ဘာမကျေ သီချင်းထဲက “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” ဆိုတဲ့ စာသားလေးကို ဘယ်သူ့မှ အားမနာဘဲ ဆိုခွင့်ရပြီဆိုတဲ့အခါ ကျမဂုဏ်ယူလိုက်ပါမယ်။

ကျမတို့ တက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့လက်မှတ်တွေကို အခု ဆီးဂိမ်းမှာ ၀င်ဆင်နွှဲနေကြတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက လေးလေးစားစား အသိအမှတ်ပြုကြပြီ ဆိုတဲ့အခါ ကျမ ရှေ့ဆုံးက ဂုဏ်ယူလိုက်ပါမယ်။

ကားလမ်းမပေါ်တက်ပြီး ဘောလုံးကန်၊ စွန်လွှတ် လုပ်နေကြရတဲ့ ကျမတို့ ကလေးတွေအတွက် ရပ်ကွက်ကစားကွင်းတွေ၊ ကျောင်းကစားကွင်းတွေ သူများနိုင်ငံတွေမှာလို အပြည့်အစုံ ရှိလာတဲ့တနေ့၊ ကျမ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်မြန်မာ့ အားကစားလောကအတွက် ရှေ့ဆုံးကကို ခေါင်းမော့ ဂုဏ်ယူပြပါမယ်။

အခုတော့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။ အကောင်းမမြင်တတ်ဘူးလို့ ပြောလာခဲ့ရင်လည်း ငယ်ငယ်တုန်းက ကလေးတွေ စကားနိုင်လုရင်း ပြောသလို၊ အကောင်းလား ပြည်ကြီးမှာလို့ပဲ ပြောရပါလိမ့်မယ်”

မေတ္တ္တာရပ်ပြီ

ဒီလို အမြင်သဘောထားတွေ တွေ့မြင် ဖတ်ရှုရတာလည်း တွေးဆဖို့ ဖြစ်ရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာ ဆီးဂိမ်းဖွင့်ပွဲအပြီး ပရိသတ် စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲ ကန်ပါတော့မယ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေနဲ့ ဖွားဘက်တော် ဖြစ်လာတာကတော့ လက်မှတ်မှောင်ခိုနဲ့ အရက်မှောင်ခိုပါပဲ။ ဒီသံသရာက လည်ကောင်းတုန်း။

ထိုင်းနိုင်ငံနေ မိတ်ဆွေတဦးက အခုလို မေတ္တာရပ်စာ ရေးတင်ပါတယ်။

အထူးသတိပေးခြင်း – ယနေ့ မြန်မာ – ထိုင်း ဘောလုံးပွဲ အား ဘောလုံးကွင်းအတွင်းမှ သွားရောက် အားပေးကြမည့် ဘောလုံးဝါသနာရှင်များ အနေနှင့် ထိုင်း လူမျိုးများအား နာကြည်းစိတ် ဖြစ်ပေါ်စေမည့် အပြုအမူ အသုံးအနှုန်း များအား မပြုလုပ်ကြပါရန် အထူး သတိပေးအပ်ပါသည်။ ထိုင်းနိုင်ငံတွင် ကျနော်တို့ နိုင်ငံသားများ အမြောက်အမြား အလုပ်လုပ်နေကြသည်ကို သတိပြုစေလိုပါသည်။ ပဋိပက္ခ များကြောင့် မလေးရှားရောက် မြန်မာများ ဒုက္ခရောက် ကြရသည်ကို မမေ့အပ်ပါ။

မေတ္တာဖြင့် …။

သူစိုးရိမ်လည်း စိုးရိမ်စရာပါ။ ဘောပွဲသွားအားပေးတာ ဦးအောင်ဇေယျ ဓာတ်ပုံပါ ဗီနိုင်းကြီး ကိုင်လို့။ ဆီးဂိမ်းဖွင့်ပွဲအတွက် ဂုဏ်ယူနေကြတုန်း စိတ်ဓာတ်တွေ အောက်တန်း ကျတာ တပြိုင်တည်း ပြနေသလိုပါပဲ။ ဒါ ဆင်ခြင်ဉာဏ် နည်းတဲ့ လူနည်းစု လုပ်ရပ်ပါ။ ဒါမျိုးကို တာဝန်ရှိတဲ့ လုံခြုံရေးတွေ လက်ပိုက်ကြည့်မနေဘဲ ပြတ်ပြတ်သားသား ထိထိ ရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အရေးယူရ ကောင်းမှန်း သိဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဆီးဂိမ်း ခြင်းခတ်ပြိုင်ပွဲ သွားအားပေးရင်း ပြောသွားတဲ့ စကား တခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါမယ်။

“ရှုံးလို့ရှိရင်လည်း မယိုင်နဲ့၊ နိုင်လို့ရှိရင်လည်း မကျောနဲ့၊ နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ”

ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၇၆ မှ ရွှေအာင်၏ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

By ရွှေအောင် (DVB Burmese)

စီအိုင်အက်ဖ် အပြောင်းအလဲ စောင့်နေသည့်အတွက် ဆိပ်ကမ်း၌ ကားများ စုပုံနေ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီအိုင်အက်ဖ် တန်ဖိုးများပြောင်းလဲမည်ဟု
သတင်းများ ထွက်ပေါ်နေသည့်အတွက် ကားတင်သွင်းသူများက ကားများထုတ်ယူရန် စောင့်ဆိုင်း
နေကြသော်လည်း ကားသင်္ဘောများမှာ ပုံမှန်ဝင်ရောက်နေပြီး ဆိပ်ကမ်းများတွင် ကားများစုပုံ
နေကြောင်းသိရသည်။

"နဂိုကတည်းကလည်း ဆိပ်ကမ်းမှာ ကားတွေရှိနေသေးတယ်။ ပြီးတော့ အခု စီအိုင်အက်ဖ်
ပြောင်းမယ်ဆိုတော့ ကျွန်တော် ကိုယ်တိုင်တောင် ကားတွေ သွားမထုတ်သေးဘူး။ ဒါကြောင့်ကား
တွေပိုပုံနေတယ်" ဟု Farmer Auto မှ ဦးစိုးထွန်း က ပြောသည်။

စီအိုင်အက်ဖ် ပြောင်းလဲမည့် သတင်းကြောင့် ကားအရောင်း စင်တာများတွင် အရောင်းအ၀ယ်များ
အေးစက်ခဲ့ပြီး ၀င်ငွေလည်ပတ်မှု နှောင့်နှေးသွားမှုကြောင့် အပါအ၀င် ကားများ ရောင်းမထွက်သေး
သည့်အတွက် ကားအရောင်း စင်တာများတွင် နေရာလွတ်မရှိသောကြောင့် ထုတ်ယူရန် နှောင့်နှေး
နေခြင်းဖြစ်သည်။

"ကားထုတ်ရင် အခွန်က ဆောင်ရဦးမယ်။ အရောင်းအ၀ယ်အေးတော့ ပိုက်ဆံကသိပ်မလည်သေး
ဘူး။ အရောင်းစင်တာ တစ်ခုက ကားအစီး ၅၀ ဆန့်တယ်ဆိုရင် ကားရောင်း မထွက်တော့
ကားထားစရာ နေရာမရှိဘူး။ တစ်နေရာမှာ ထိခိုက်တော့ အကုန်လုံးမှာ ထိခိုက်သွားတဲ့သဘောပဲ"
ဟု ဦးစိုးထွန်းက ပြောသည်။

"ကျွန်တော်ကတော့ ကား သွားမထုတ်ချင်သေးဘူး။ စီအိုင်အက်ဖ် ပြောင်းလဲပြီးမှဆိုရင် ကားတစ်စီး
ကို ငွေ ကျပ် ၁၄ သိန်းကနေ ၁၅ သိန်းကြားအထိ သက်သာမယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်း
ထွက်လာတော့မှာဆိုတော့ ဇန်န၀ါရီလကျမှပဲ ထုတ်တော့မယ်။ စီအိုင်အက်ဖ်တန်ဖိုးလည်းကျတော့
ကျသင့်ပေမယ့် ကျွန်တော်တို့ကတော့ စလစ်ဈေးကျတာကို ပိုလိုလားတယ်။ ယာဉ်ဟောင်းအပ်ဖို့
အက္ခရာလည်း ကုန်တော့မယ်ဆိုပေမယ့် နောက်ပိုင်းမှာ ကားဟောင်း ဈေးကွက်ကတော့ သူ့ဟာနဲ့
သူရှိနေဦးမှာပဲ။ လက်ရှိ ကားတင်သွင်းတာကတော့ တစ်ဦးချင်း ပါမစ်နဲ့သွင်းတဲ့သူ ပိုများလာတယ်"
ဟု SKK ကားအရောင်းစင်တာမှ အမှုဆောင်အရာရှိချုပ် ကိုချမ်းကျော်ကျော်က ပြောသည်။

ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများအတွက် ကားထားခွင့် နှစ်ပတ်အထိခွင့်ပြုထားပြီး
ကျော်လွန်ပါက ဆိပ်ကမ်းမှ ကားရပ်နားခ ကောက်ခံကာ လာရောက် မထုတ်ယူသေးသော ကား
များအတွက် ရက် ၆၀ ကျော်ပါက လေလံစာရင်း သွင်းထားသည်ဟု ဆိုသည်။

သို့ရာတွင် လေလံ စာရင်းပယ်ဖျက်အဖြစ် လျှောက်ထား၍ ပြန်လည်ထုတ်ယူနိုင်ကြောင်းလည်း
သိရသည်။

သို့သော် နောက်ပိုင်းတွင် ရက် ၆၀ ကြာသည်အထိ လာရောက်ထုတ်ယူခြင်း မရှိသော ကားများကို
လေလံတင်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

"ဆိပ်ကမ်းမှာလည်း ကားတွေအများကြီး ပုံနေသေးတယ်။ ကားသင်္ဘောအ၀င်များပြီး မထုတ်တဲ့
ကားများတော့ ကားပိုများလာတာပေါ့။ ပထမတစ်ကြိမ် လုပ်ခဲ့တဲ့ အစည်းအဝေးအရ ရက် ၆၀
ကျော်ရင် လေလံစပစ်မယ်လို့တော့ ပြောထားတာရှိတယ်။ သင်္ဘောလိုင်းတွေခေါ်ပြီးတော့
အစည်းအဝေးတစ်ခု လုပ်ဦးမယ်။ ပြီးမှပဲ ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်မယ်လို့ ပြောမယ်။
ဆိပ်ကမ်းမှာ ကားတွေ အရမ်းကျပ်နေရင် နောက်ထပ် ကားသင်္ဘောတွေ ဆိုက်ဖို့မဖြစ်နိုင်ဘူးလေ"
ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရန်ကုန် ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆူးလေဆိပ်ကမ်းတို့တွင် ကားသင်္ဘောများ ဆိုက်ရောက်မှု
နည်းပြီး သီလ၀ါဆိပ်ကမ်းမှာ နေရာကျယ်သည့်အတွက် ကားသင်္ဘောများ ဆိုက်ရောက်မှုများပြား
ကာ ပျမ်းမျှအားဖြင့် ကားစီးရေ ၉,၀၀၀ နှင့် ၁၀,၀၀၀ ကြားအထိဆံ့ပြီး အမ်ပီအေ ဆိပ်ကမ်းတွင်မူ
ကားအစီးရေ ၄,၀၀၀ ခန့် ဆံ့ကာ ၂၀၁၃ ခုနှစ်အတွင်းတွင် ရက် ၆၀ ကျော်သော ကားစီးရေ ၃၅၀
ဝန်းကျင် ခန့်ရှိကြောင်းသိရသည်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန် ဆူးလေဆိပ်ကမ်းသို့ ကားသင်္ဘော တစ်စင်း
ဆိုက်ကပ်ခဲ့ပြီး အစီးရေ ၆၄ စင်းရှိကာ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကား သင်္ဘော
ခြောက်စီးရောက်ရှိခဲ့ကာ ကားစီးရေ ၅,၂၀၀ ကျော်ရှိကြောင်း သိရသည်။

အေးငြိမ်းဝင်း  -  (မြန်မာတိုင်း(မ်))

SEA Games ပြိုင်ပွဲကို နေပြည်တော်ရှိ အခြေခံပညာကျောင်းသားများ တစ်နေ့နှစ်တန်းနှုန်း အားပေးရဟုဆို


နေပြည်တော်၊ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသော ၂၇ ကြိမ်မြောက် SEA Games ပွဲတော်ကြီး၏ အားကစား ပြိုင်ပွဲများသို့ နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူကျောင်းသားများ တစ်ရက်လျှင် နှစ်တန်း နှုန်းဖြင့် အလှည့်ကျ အားပေးရကြောင်း ပျဉ်မနားမြို့ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမ တစ်ဦးက ပြောကြားသည်။
The Voice Weekly Myanmar

The Voice - Vol 9 No 50 (23-12-2013)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးဝင်းနိုင် မြန်မာအသင်း အနိုင်ရရှိရေးအတွက် အော်မိ၊ ဆဲမိကြောင်း ပြောကြား


မန်မာအသင်းက အင်ဒိုနီးရှား အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် ပရိသတ်များ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး

၎င်းဆူပူ အကြမ်းဖက်သူများထဲမှ ၆ ဦးနှင့် ကွင်းအတွင်းသို့ ဆင်းသူ ၃ ဦးတို့အား သင်္ဃန်းကျွန်း ရဲစခန်းက ဖမ်းဆီးခဲ့ပြီး ၎င်းတို့နှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၆ နာရီ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းရှိ ဓမ္မာရုံ၌

ရန်ကုန်တိုင်း အစိုးရရုံးမှ ရဲမှူးကြီး ဦးဝင်းနိုင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဦးဇော်ဇော်နှင့် ၎င်းဖမ်းဆီးထား သူများ တွေ့ဆုံခဲ့ပြီး မြန်မာအသင်း အနိုင်ရရှိရေးအတွက် အော်မိ၊ ဆဲမိကြောင်း ၎င်းက တွေ့ဆုံပွဲ၌
ပြောကြားခဲ့သည်။

ထိုကဲ့သို့ အုပ်စုအဆင့်မှ ထွက်ခဲ့ရမှုကြောင့် မြန်မာဘောလုံးအသင်း ပရိသတ်များအနေဖြင့် ကွင်းအတွင်းရှိ ခုံများအား ရိုက်ချိုးလွှင့်ပစ်ခြင်း၊ ကွင်းအတွင်း၌ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပိုစတာ လှုံ့ဆော်မှုများအား မီးရှို့ ဖျက်ဆီးခြင်း၊

ကွင်းအပြင်တွင် မြန်မာအသင်း ဘောလုံးအင်္ကျီများအား မီးရှို့ဖျက်ဆီးခြင်း၊ ရဲများအား ခဲများဖြင့် ပစ်ပေါက်ခြင်း စသည့် အဖြစ်အပျက်များ ဆူပူသောင်းကျန်း ဖျက်ဆီးမှုများအား ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းသို့ ဆင်းသက်သူ ၃ ဦးနှင့် သောင်းကျန်းသူ ၆ ဦးတို့ကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ ဒီဇင်ဘာလ ၁၆ ရက် ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်း အနိုင်ရရှိရေးအတွက် အားပေးမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရဲမှူးကြီး ဦးဝင်းနိုင်က ““ယူနီဖောင်းကြီး ၀တ်ထားလည်း အော်တာပဲ၊ အနိုင်တစ်ဂိုး ရဖို့အတွက် အော်တာပဲ၊ နောက်မှာ လူကြီးတွေ ရှိတယ် အားမနာနိုင်ဘူး၊ အော်မယ်၊ ပြီးသွားရင် ဆဲတာပဲ။ ဒီလိုပဲ မတတ်နိုင်ဘူးလေ။

မှန်လုံခန်းထဲက ကိုယ့်ကိုယ်ကိုယ် အော်နေရတယ်၊ ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် ငါတို့အားလုံးက ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်နဲ့ လုပ်တာ””ဟု ၎င်းက တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

ထိုတွေ့ဆုံပွဲ၌လည်း ဦးဇော်ဇော်က ““ဘောလုံးအားကစားကို ဆက်အားပေးပါလို့၊ မျိုးချစ်စိတ်ကို ရင်ထဲမှာ အပြည့်ထည့်ထားပါလို့၊ တစ်ခုရှိတာက တစ်ဦးချင်းရဲ့ သည်းခံနိုင်မှုစွမ်းအား၊ ကြိုးစားအားထုတ်မှု စွမ်းအား၊ တစ်ဦးချင်းရဲ့ မျိုးချစ်စိတ်တွေနဲ့ ဆက်အားပေးပါ”” ဟု တွေ့ဆုံပွဲတွင် ပြောသည်။

အကြမ်းဖက်မှုကြောင့် ဖမ်းဆီးထားသူများအား ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ် ရဲစခန်းမှ ပြန်လည် လွှတ်ပေးလိုက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်မှ ရန်ကုန်တွင် နေသူများအား ငါးသောင်းနှင့် မန္တလေးတွင် နေသူများအား တစ်သိန်းကျပ် ခရီးစရိတ် ပေးခဲ့သည်။

ထိုဖမ်းဆီး ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့သူများ၏ ဆွေမျိုးများက ““အဓိကကတော့ နောက်မဖြစ်ဖို့ ပြောတယ်၊ ဖြစ်ရင် ပုဒ်မအမျိုးမျိုးနဲ့ အရေးယူလို့ရတဲ့အကြောင်း ပြောတယ်။ အခုလို ခံဝန်ထိုးပြီး
ပြန်လွှတ်ပေးလိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ်””ဟု ဖမ်းဆီး ထိန်းသိမ်းရာ၌ ပါဝင်ခဲ့သော ကိုသန့်ဇင်၏ အစ်ကိုဖြစ်သူ ကိုထက်ဝေဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ထူးခြားမှုတော့ မရှိပါဘူး၊ ဒီလိုမျိုးတော့ ရုန်းရင်းဆန်ခတ် အခြေအနေမျိုးတော့ မဖြစ်စေချင်ဘူးပေါ့၊ ဒီလို အေးအေးဆေးဆေး ပြီးသွားတာ ကောင်းပါတယ်””ဟု ဖမ်းဆီးထိန်းသိမ်း ခံရသူ ကိုကျော်မိုးလွင်၏ အဒေါ်ဖြစ်သူ ဒေါ်နုနုလွင်က မြန်မာသံတော်ဆင့်
သို့ ပြောသည်။

ထိုသို့ မြန်မာအသင်း ရှုံးနိမ့်မှုကြောင့် သောင်းကျန်းသူ ၆ ဦးနှင့် ကွင်းအတွင်းသို့ ၀င်သူ ၃ ဦးဖြစ်သည့်
ကိုငြိမ်းငြိမ်းကျော် ၃၁ နှစ် မဟာမြိုင် ၁ ရပ်ကွက် မန္တလေးမြို့၊ ကိုညီညီအောင် ၃၀ နှစ် မင်္ဂလာတောင်ညွန့်၊
သက်ပိုင်ထွေး ၁၈ နှစ် တာမွေမြို့နယ်၊
သန့်ဇင် ၂၂ နှစ် စမ်းချောင်းမြို့နယ်၊
ကျော်ကျော်ထွန်း ၂၇ နှစ် သင်္ဃန်းကျွန်းမြို့နယ်၊
အောင်ခန့် ၁၉ နှစ် ပုဇွန်တောင်မြို့နယ်၊
နိုင်ပန်းလှ ၃၄ နှစ် အင်းစိန်မြို့နယ်၊ လင်းထွဋ်ဦး ၂၃ နှစ် ဒဂုံမြောက်ပိုင်း၊ ကျော်မိုးလွင် ၂၅ နှစ် ရွှေပြည်သာမြို့နယ် စုစုပေါင်း ၉ ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်း ရဲစခန်းမှ ပြန်လည် လွှတ်ပေးခဲ့သည်။

ထိုဘောလုံးပြိုင်ပွဲသို့ လာရောက် အားပေးသော ပရိသတ်များ အနေဖြင့် ပလတ်စတစ် ထိုင်ခုံ အလုံး ၂၀၀ ငွေကျပ်သိန်းနှစ်ဆယ်၊ ဗီနိုင်းများ ဖျက်ဆီးမှုကြောင့် ငွေကျပ်ငါးသောင်း၊ စတီးပိုက်ချောင်း ၃၅ ချောင်း ငွေကျပ် ငါးသိန်းကိုးသောင်း ငါးထောင်၊ စုစုပေါင်း ၂၆ သိန်း ၄ သောင်း ၅ ထောင်ဖိုး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

၎င်းဘောလုံးပြိုင်ပွဲအား ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၉၄၄ ဦးဖြင့် မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းပွဲစဉ်အား လုံခြုံရေး ဆောင်ရွက်ခဲ့သည်။

ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper

SEA Games breaking news


မွေလက်ဝှေ့ပြိုင်ပွဲ၏ အမျိုးသမီး ၄၈ ကီလို ဗိုလ်လုပွဲတွင် မြန်မာမှ လှယဉ်မေက ဗီယက်နမ်ကစားသမားကို အနိုင်ရရှိပြီး ရွှေတံဆိပ် ဆွတ်ခူးသွားကြောင်း သိရသည်။

ဂျူဒိုပြိုင်ပွဲ၏ အမျိုးသား(၈၁-၉၀) ကီလို ဗိုလ်လုပွဲတွင် မြန်မာမှဇင်လင်းအောင်သည် အင်ဒိုနီးရှားကစားသမားကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားကြောင်း သိရသည်။

မွေလက်ဝှေ့ပြိုင်ပွဲ၏ အမျိုးသား ၅၄ ကီလို ဗိုလ်လုပွဲတွင်
မြန်မာမှ စောဒါပို့ (မိုက်ရိုင်း)သည် ဖိလစ်ပိုင်ကစားသမားကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားကြောင်း သိရသည်။

ဂျူဒိုပြိုင်ပွဲ၏ အမျိုးသမီး (၇၀-၇၈) ကီလို ဗိုလ်လုပွဲတွင် မြန်မာမှ အေးအေးအောင်သည် ဗီယက်နမ်ကစားသမားကို အနိုင်ယူပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားကြောင်း သိရသည်။

eleven media group

ကော့ကရိတ်မြို့ ပျံကျဈေးလို့ဆိုသော်လည်း

ကော့ကရိတ်မြို့ ပျံကျဈေးလို့ဆိုသော်လည်း ဆိုင်များကို ပုံတွင်တွေ့ရသည့်အတိုင်း အခိုင်အမာဆောက်ခြင်း၊ လမ်းပေါ်ရောက်သည့်အထိ ဈေးရောင်းသည်ကိုတွေ့ရပါတယ်။ ထို့ကြောင့် ရပ်ကွက်နေပြည်သူများ သွားလားရခက်ခဲ့ခြင်း၊ အရေးအကြောင်းဆို ကားဝင်လို့မရဖြစ်ခြင်း ဆိုင်များကို ရပ်ကွက်နေသူများ၏အိမ်ရှေ့တွင် အခိုင်အမာ တည်ဆောက်ထားသောကြောင့် မကြာခဏပြဿနာဖြစ်ခြင်းတို့ ကြုံတွေ့နေရပါတယ်၊ သက်ဆိုင်ရာ စည်ပင်ကို တိုင်ကြားသော်လည်း ယခုတိုင် ဖြေရှင်းပြီးမြောက်ခြင်း မရှိသေးပါ။ ဓါတ်ပုံမှာ ညနေပိုင်း ၃နာရီ မှာရိုက်ထားခြင်းဖြစ်ပါတယ်။









Kawkareik Thar မှ သတင်းပေးပို့လာပါသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှားသင့်ပါက စနစ်တကျ ရွှေ့ပြောင်းဖယ်ရှားပြီး ပြန်လည်နေရာချထားပေးပါရန် Myanmar CNN မှ တောင်းဆိုအပ်ပါသည်။ မည်သူ့ကိုမှ မထိခိုက်စေလိုပါ။ မြို့နယ်တိုင်း စနစ်တကျတိုးတက်စေလိုသော စေတနာသာဖြစ်ပါသည်။
By Myanmar CNN




ဂျူဒို အတိုက်ပြိုင်ပွဲ မြိတ်သူ ခင်မျိုးသူ ဖိလစ်ပိုင်ကို အနိုင်ရပြီး ဖိုင်နယ်တက်ပြီ


ဂျူဒိုအားကစားပြိုင်ပွဲ -100 Kg (အမျိုးသား)အတိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား ရန်နိုင်စိုး(အပြာရောင်) နှင့် စင်္ကပူနိုင်ငံမှ အားကစားသမား LOH Timothy (အပြာရောင်) တို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ရန်နိုင်စိုး အနိုင်ရရှိပြီး ဖိုင်နယ်သို့ တက်ရောက်သွားသကဲ့သို့ +78 Kg (အမျိုးသမီး) အတိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားသမား ခင်မျိုးသူ (အပြာရောင်) နှင့် ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမား DUGADUGA Ruth (အဖြူရောင်)တို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ ခင်မျိုးသူ အနိုင်ရရှိပြီး ဖိုင်နယ်ပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ ခင်မျိုးသူသည် ၃ နာရီခွဲတွင် final ပွဲအဖြစ် ဗီယမ်နမ်နှင့် ယှဉ်ပြိုင်ကစားရမယ်ဖြစ်သည်။

ယနေ့ယှဉ်ပြိုင်သည့် ဂျူဒိုအားကစားနည်း (၅) မျိုးတွင် မြန်မာနိုင်ငံမှ (၄) မျိုး ပါဝင်ယှဉ်ပြိုင် ကစားရာ မြန်မာအားကစားသမား (၄) ဦးလုံး ဖိုင်နယ်သို့ တက်ရောက်သွားပြီး ဖိုင်နယ်ပွဲ ရလဒ်များကိုလည်း အချိန်နှင့် တပြေးညီ တင်ပေးမည် ဖြစ်သဖြင့် ရင်ခုန်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါရန် အကြိုသတင်းကောင်းပါး အပ်ပါသည်။
မြိတ်ပုလဲမြေ

ယူဂန္ဓာတွင် လိင်တူပျော်ပါးမှုအမြင့်ဆုံး ပြစ်ဒဏ်ကို သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်း


ဒီဇင်ဘာ ၂၁။

ဒီဇင်ဘာ ၂၀ရက်က ယူဂန္ဓာမှ နိုင်ငံရေးခေါင်းဆောင်များက လိင်တူပျော်ပါးမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ် သတ်မှတ်ထားရာမှ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲ
လျော့ချလိုက်သည်။

၂၀၁၀ခုနှစ်က စတင်ကျင့်သုံးခဲ့သည့် ဥပဒေကို ပါလီမန်၏ သဘောတူညီချက်ဖြင့် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောင်းလဲပြင်ဆင်လိုက်သည့် ဥပဒေကို သမ္မတ ယိုဝါရီမူဆယ်ဗန်နီမှ မဖြစ်မနေ လက်မှတ်ထိုးပေးလိမ့်မ်ြဖစ်ကြောင်း၊ ယင်းဥပဒေကို ၂၀၀၉ခုနှစ်က ပါလီမန်ကပင် စတင်မိတ်ဆက်ခဲ့ကြောင်းဆိုသည်။

ိလိင်တူပျော်ပါးမှုသည် ယူဂန္ဓာတွင် မတရားမ၀င် အပြစ်ကျူးလွန်ခြင်း မြောက်၏။ ရာဇ၀တ်မှု မြောက်သော
လိင်ဆက်ဆံမှု၊ သသာဝနှင့် ဆန့်ကျင်သော လုပ်ရပ်အဖြစ် သတ်မှတ်ထားသည်။

ပါလီမန်များက လိင်တူနှစ်သက်မှုသည် ယူဂန္ဓာမှ ကလေးသူငယ်များကို
ဂေး ဘ၀ရောက်အောင်တွန်းပို့စေပြီး မိသားစုဘ၀ကို ပျက်စီးရန် ချိန်းခြောက်နိုင်သည်ဟု ယူဆကာ ဥပဒေနှင့် တားမြစ်ထားသည်။

ယူဂန္ဓာမှ ဂေးများမူ နိုင်ငံအတွင်း နိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များသည် အမေရိကန်မှ ပရိုတက်စတင့် ဘာသာဝင်များ၏ ယုံကြည်မှုနှင့်ကယ်တင်ခြင်းနည်းလမ်းကို
ထိမ်းသိမ်းသည့် အယူအဆ လွှမ်းမိုးခံနေရကြောင်း ဆိုသည်။

ယူဂန္ဓာတွင် ၂၀၁၂ခုနှစ်က လူ့အခွင့်အရေးသမားတို့၏ အားပေးထောက်ပံမှုဖြင့် ပထမဆုံးအကြိမ် ဂေးများစုပေါင်းကာ လမ်းမများတွင် ချီတတ်ပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် နိုင်ငံအတွင်း အထင်ရှားဆုံးဖြစ်သည့် ဥပေဒပြုအဖွဲ့က ကလေးများ၏ အနာဂတ်ကို ကာကွယ်ရန် ဥပဒေကို ပြဌာန်းအတည်ပြုရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သောနှစ် ခရစ္စမတ်မတိုင်မီကာလက ပါလီမန်ဥက္ကဋ္ဌ
ရေဘက်ကာကတ်ဒါဂါက ဂေးဆန့်ကျင့်သည့် ဥပဒေကို ယူဂန္ဓာ သားတို့အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ခွင့်ပြုလိုက်ပြီဟု ပြောခဲ့ဖူးသည်။

Ref: AFP
The Myanma Age

ဖိလစ်ပိုင်မှ မြို့တော်ဝန်တစ်ဦး မနီလာလေဆိပ်တွင် အသတ်ခံရ


ဒီဇင်ဘာ ၂၁။

ဒီဇင်ဘာ ၂၀ရက်က ဖိလစ်ပိုင်၏မြို့တော် မနီလာလေဆိပ်တွင်
မော်တော်ဆိုင်ကယ်နှင့် သေနတ်သမားများက သေနတ်ဖြင့်
ပစ်ခတ်ခဲ့သဖြင့် မြို့တော်ဝန် လာဘန်ဂန်မြို့တော်ဝန် အူကိုလ်တာ
လန်ပါနှင့် အခြားသုံးဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက်
တစ်ဦးမှာ ကလေးငယ်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ကျန်ခရီးသည်များမှာမူ ဘေးကင်း စွာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာသွားနိုင်ခဲ့ကြောင်း သိရသည်။
တာလန်ပါသည် Zamboanga del Sur ပြည်နယ် လာဘန်ဂါ မြို့တော်ဝန် ဖြစ်သည်။ သူနှင့် ဇနီးသည်တို့သည် လေဆိပ် အ၀တွင် မိသားစုမှလာကြိုမည်အချိန်ကို စောင့်နေချိန်၌ မော်တော်ဆိုင်ကယ်
တစ်စီးနှင့် သေနတ်သမားများ ရောက်လာ ကာ သူနှင့် အနီးဝန်းကျင်ရှိလူများကို ပစ်ခတ်ခဲ့သည်။

သေဆုံးသူများထဲတွင် မြို့တော်ဝန်၏ဇနီး၊ ၁၈လ အရွယ် ကလေးငယ်တစ်ဦးနှင့် အခြား တစ်ဦးတို့ဖြစ်သည်။
ရဲဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုနေ့နံနက်က သေနတ်သမားများသည် လေဆိပ်တွင်
ယာဉ်များ ရှုတ်ထွေးနေသည့်အချိန်၌ ပစ်ခတ်ပြီးနောက်
ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ မည်သည့်
အတွက်ကြောင့် သတ်ခဲ့သည်ကိုလည်း မသိရကြောင်း ဆိုသည်။ လေဆိပ်မန်နေဂျာက အစိုးရအေဂျင်စီများသည် ရာဇ၀တ်သားများကို ဖမ်းဆီးပြီး ဥပေဒအရ အရေးယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

တာလန်ပါသည် အတိုက်အခံနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လွန်ခဲ့သောမေလက ဒေသတွင်း ပြုလုပ်သည့် မြို့တော်ဝန်
ရွေးချယ်ပွဲတွင် အနိုင်ရထားသူဖြစ်သည်။

မနီလာမြို့မှ နီနွိုင်းအာကွီနိုနိုင်ငံတကာ လေဆိပ်တွင် ၁၉၈၃
ခုနှစ်ကလည်း အတိုက်အခံနိုင်ငံရေးသမား ဘန်ဂင်နို အကွီနိုသည် ပြည်ပတွင် နေထိုင်ရာမှ ပြန်လာချိန်တွင်
အသက်ခံခဲ့ရဖူးသည်။ သူ၏သား နာမည်တူ ဘန်ဂင်နိုအကွီနိုမှာ လက်ရှိအချိန်တွင် နိုင်ငံ၏ သမ္မတဖြစ်လာခဲ့သည်။

Ref: Al Jazeera
The Myanma Age

အမေရိကန်နှင့် တရုတ်စစ်သင်္ဘော တိုက်မိလုနီးပါးကိစ္စ တရုတ်စစ်သင်္ဘော တာဝန်မဲ့ဟု အမေရိကန် ပြောကြား


ဝါရှင်တန်၊ ဒီဇင်ဘာ ၂၀

တောင်တရုတ် ပင်လယ်ပြင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သင်္ဘော၏ တာဝန်မဲ့သော လုပ်ရပ် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ခ်ဟေဂယ်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်တွင် လုပ်ငန်း တာဝန် ထမ်းဆောင်နေသော အမေရိကန် USS Cowpens သင်္ဘောရှေ့မှ တရုတ်စစ်သင်္ဘော ဖြတ်သွားခြင်းသည် ပြဿနာ ဖြစ်ရန် မီးမွှေးခြင်းပင် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချော့ဟေဂယ်က ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်ဘက်က ပြောကြားရာတွင် အမေရိကန် စစ်သင်္ဘောက တရုတ် လေယာဉ်တင်သင်္ဘော လျှိုနင်းကို ရန်စသည့် လုပ်ရပ် ဖြစ်ကြောင်း တရုတ်အစိုးရ၏ အာဘော်သတင်း စာဖြစ်သော Global Times သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပဲ့ထိန်း ဒုံးကျည် တပ်ဆင်ထားသော အမေရိကန် ခရုစ်သင်္ဘောရှေ့ ကိုက် ၁၀၀ (ပေ ၃၀၀) အကွာမှ တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သွားခြင်း ဖြစ်သည်။

အမေရိကန် စစ်သင်္ဘော USS Cowpens သည် တောင်တရုတ် ပင်လယ်တွင်းရှိ နိုင်ငံတကာ ရေပိုင်နက်တွင် လုပ်ငန်း တာဝန်များ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ပြောကြားထားသည်။

တောင်တရုတ် ပင်လယ်သည် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံ အချို့အကြား ပိုင်နက် အငြင်းပွားနေသော နေရာဖြစ်ပြီး တရုတ်က ၎င်းတို့ပိုင်သည်ဟု တောင်းဆိုထားသော ရေပြင်ပိုင်နက်မှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် မလေးရှား နိုင်ငံများ၏ အထူးစီးပွားရေး ရေပြင် ဧရိယာများထိ ပါဝင်လျက်ရှိသည်။

ယခုကဲ့သို့ အမေရိကန်နှင့် တရုတ် စစ်သင်္ဘောတို့ တိုက်မိလုနီးပါး ဖြစ်ရပ်သည် ၂၀၀၉ ခုနှစ်က တရုတ်-အမေရိကန် သင်္ဘောများ ထိပ်တိုက် တွေ့ဆုံမှုနောက်ပြီး အကြီးမားဆုံးသော ဖြစ်ရပ် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင်သင်္ဘော လျှိုနင်းသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုင်နက် အငြင်းပွားနေသော တောင်တရုတ် ပင်လယ်ပြင်သို့ ပထမဆုံးအကြိမ် လေ့ကျင့်သွားလာစဉ် ယခု ဖြစ်ရပ် ဖြစ်ပွားခြင်း ဖြစ်သည်။

The Voice Weekly Myanmar

ယာဉ်(၂)စီးလမ်းလယ်၌ မျက်နှာချင်းဆိုင်တိုက်မိရာ (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၁.၁၂.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် လှိုင်သာယာမြို့နယ်၊ရန်ကုန်- ပုသိမ်
လမ်းအတိုင်း ယာဉ်မောင်း စိုးမင်းသူ(ဘ)ဦးနေ၀င်း၊မင်္ဂလာဒုံမြို့နယ်နေသူ
မောင်းနှင်လာသော ၁က/........ဟီနိုးအစိမ်းရောင် ကုန်တင်ယာဉ် နှင့် မျက်နှာချင်းဆိုင်မှ ရဲဝင်းထွဋ် (ဘ)ဦးအေးမြင့်၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၈ည/.......မိုက်ခရိုဘတ်စ်အဖြူရောင်ယာဉ်တို့သည်
ရွှေသံလွင်ကားဝင်းရှေ့ အရောက် လမ်းလယ်၌မျက်နှာချင်းဆိုင်တိုက်မိ
ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးကာ ၈ည/.......
ယာဉ်မောင်း ရဲဝင်းထွဋ်မှာ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်းယာဉ်ပေါ်ပါ လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် မျိုးဇော်ထွေး၊ သိန်းသန်းအောင်နှင့် မြင့်မြတ်အောင်တို့(၃)ဦးတွင် ပွန်းပဲ့နာကျင်ဒဏ်ရာများ
ရရှိကာ လှိုင်သာယာ ဆေးရုံတွင် ပြင်ပလူနာများအဖြစ်ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်ကြသည့် စိုးမင်းသူ နှင့် ရဲဝင်းထွဋ်တို့အား လှိုင်သာယာမြို့မရဲစခန်း ယာဉ်(ပ)၁၄၁/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Yangon Police

နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းနေဟုဆို


နောင်ချို၊ ဒီဇင်လာ ၂၁။

နောင်ချိုမြို့နယ်အတွင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းလျက် ရှိနေကြောင်း နောင်ချိုဒေသခံများမှ သုံးသပ် ပြောကြားလိုက်သည်။

အုပ်ချုပ်ရေးပိုင်းအနေဖြင့် ဒေသခံများမှ အခက်ခဲကြုံတွေ့၍
ခေါ်ယူသည့်အချိန်များတွင် လာရောက်တာဝန်ယူဖြေရှင်းပေးမှု အားနည်းနေပြီး လက်ရှောင်မှုများ ရှိနေကြောင်း ဒေသခံများမှ
ပြောသည်။

'' အုပ်ချုပ်ရေးပိုင်းမှာ ဌာနဆိုင်ရာတွေအချင်းချင်း ပူးပေါင်းဆောင်ရွက် တာတွေတောင် မရှိသလောက် ဖြစ်နေတယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အရေးအကြောင်းဆိုရင် အကြောင်းကြားတာမျိုးတွေ ဒေသခံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်တာတွေလည်း အားနည်းလာပါတယ်'' ဟု နောင်ချိုမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အချို့မှ
သုံးသပ်ပြောကြားသည်။

လက်ရှိအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဒေသအတွင်းရှိ
မှောင်ခိုလုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များ ပေါ်တွင်သာ အာရုံထားနေကြပြီး ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆောင်ရွက်မှုတို့တွင် အားနည်းနေပြီး ဒေသအတွင်း လူထုလိုအပ်နေချိန်တွင် ဖြေရှင်းပေးမှု လျှော့နည်းလာကြောင်း သုံးဆယ်ကျေးရွာလူငယ်အဖွဲ့ဝင်အချို့မှလည်း သုံးသပ်ပြောကြားသည်။

'' ဒေသအတွင်းမှာ အုပ်ချုပ်ရေးပိုင်းရဲ့ တာဝန်ယူမှုလျှော့နည်းနေတော့ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်နေပါတယ်၊ လက်နက်ကိုင် အဖွဲ့တွေတောင် ပေါ်ပေါ်တင်တင် ရွာထဲမှာ ဆက်ကြေး
ကောက်နေကြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာရွာသားတွေနဲ့
မှောင်ခိုသမားတွေ ပြဿနာတက်သော်လည်း အုပ်ချုပ်ရေးပိုင်းက အချိန်မီမလာခဲ့ဘူး ဒေသအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းလာလို့ ဒေသခံတွေ မလုံခြုံသလို ခံစားနေရပါတယ် '' ဟု သုံးဆယ် ကျေးရွာ လူငယ်ခေါင်းဆောင် အချို့မှ သုံးသပ်ပြောကြားသည်။

နောင်ချိုမြို့နယ်အတွင်း ရဲဘက်စခန်းများ များပြားပြီး ရဲတပ်ဖွဲ့ဝင်အင်အားအနေဖြင့် (၈၀)ခန့်သာ ရှိရာ
တပ်ဖွဲ့ဝင်များအား ရဲဘက်စခန်းလုံခြုံရေး၊ တံတားလုံခြုံရေးများအတွက် အသုံးပြုထားပြီး နယ်မြေလုံခြုံရေးအင်အားနည်းနေသဖြင့် ထပ်မံဖြည့်ဆည်းရန် လိုအပ်လျက်ရှိနေကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်နေကြောင်း နောင်ချိုမြို့ဒေသခံများမှ
သုံးသပ်ပြောကြားသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

စိတ်ကြွဆေးပြား သုံးသိန်းကျော်ဖိုး ဖမ်းဆီးရမိ


လားရှိုး ဒီဇင်ဘာ၂၀။

လားရှိုးမြို့တွင် အမှတ်(၂၄)ရဲတပ်ဖွဲ့စု လားရှိုးမှရပ်ကွက်(၇)နယ်မြေ(၆) အမှတ်(ဆ/၆/၈၉)နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ သုံးသိန်းကျော်ဖိုးနှင့် ဆေးသုံးစွဲနေသူများအား ဒီဇင်ဘာ ၁၇ရက်တွင် ဖမ်းဆီးရကြောင်း ၎င်းမူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာလားရှိုးမြို့ရှိ အဆိုပါနေအိမ်သို့ အမှတ်(၂၄)ရဲတပ်ဖွဲ့စု လားရှိုးမှရဲအုပ်ငြိမ်းချမ်းစိုးဦးစီ၍ ရဲအုပ်ဒေါ်ခင်သီတာနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ ၀င်ရောက်ရှာဖွေရာ မအေးရွှေဆိုသူအား အိမ်၏အနောက်ဖက်တွင်တွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသော အင်္ကျအိတ်အတွင်းမှအအေးစုပ်ပိုက်တ
စ်ပိုက်ထဲတွင်88နှင့်1စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွရူးသွပ်
ဆေးပြား ဆယ်ပြားပါ (၁၇)ပိုက်ဆေးပြာပေါင်း(၁၇၀)ပြား၊ ပလပ်စတစ်ဖြင့်ပတ်လျက် ဆေးပြား(၁၀)ပြား၊ စုစုပေါင်းဆေးပြား
(၁၈၀)ပြား၊ အလေးချိန်(၁၆.၂)ဂရမ်(တစ်ပြားလျှင် ငွေကျပ် ၂၀၀၀နှုန်းဖြင့် ၃၆၀၀၀၀)နှင့် အိပ်ခန်းအတွင်း၌ ခွန်ကျော်ကျာ်၊ ကျော်ဌေးနှင့်
ကျော်ထွန်းမြင့်တို့၏ အလယ်တွင် ပလပ်စတစ်ဖြင့်ပတ်လျက် 88နှင့်1စာတန်းတစ်ဖက်စီပါ ဆေးပြားလေးပြားအလေချိန်(၀.၃၆)ဂရမ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် အအေးစုပ်ပိုက်တပ်လျှက်
ရေသန့်ဗူးတစ်ဗူး၊ ခဲပြားတစ်လိပ်တို့အား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဆေးပြားများရောင်းချသူ မအေးရွှေ (၇)နယ်မြေ(၆) အိမ်အမှတ်(ဆ/၆/၈၉) ရွှေစင်လမ်းနေသူအား လားရှိုး မမစမယ(ပ)၈၈/၂၀၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉(က)နှင့် အဆိုပါနေအိမ်၌ ဆေးပြားလက်ဝယ် တွေ့ရှိ သုံးစွဲနေသူ
ခွန်ကျော်ကျော် ရပ်ကွက်(၇)နယ်မြေ(၆)၊ အိမ်အမှတ်(ဆ/၆/၈၉)ရွှေစင်လမ်း၊ ကျော်ဌေး ရပ်ကွက်(၅)နယ်မြေ(၁၃) (၁၉)လမ်းနှင့် ကျော်မြင့်ထွန်း ရပ်ကွက်(၅)နယ်မြေ(၁၃)တို့
သုံးဦးအား လားရှိုး မမစမယ(ပ)၈၉/၂၀၁၃၊ မူးစိတ်ပုဒ်မ
၁၅/၁၆(ဂ)/၂၁အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

စိုးမင်းနိုင်
The Myanma Age

ကြေးမုံသတင်းစာကို သိမ်းယူရာတွင် စတိလျော်ကြေးပေးပြီး ဦးနေ၀င်း အလွန်စိတ်ဆိုးလေသောအခါ


လွန်ခဲ့သော နိုဝင်ဘာလ အတွင်းက သံတော်ဆင့် အပတ်စဉ် သတင်း ကနေပြီး ဆောင်းပါးတစ်ပုဒ်ရေး ခဲ့ပါ တယ်။ နိုင်ငံပိုင် သတင်းစာများ မရှိသင့်တော့ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။

အဲဒီဆောင်းပါးနှင့် ပတ်သက်လို့ လှုပ် ရှားမှုအချို့၊ လှိုင်းဂယက်အချို့ ရိုက်ခတ်လာ တာရှိတယ်ဗျာ။ နီးရာ မိတ်ဆွေများက လက်ဖက်ရည် ဆိုင်မှာ တွေ့ဆုံရင်း ထောက်ခံ ကြောင်း၊ သူတို့အမြင်နဲ့အတူပြောပြကြ တယ်ဗျာ။ အချို့ကတော့ တယ်လီဖုန်းဆက်ပြီး ထောက်ခံပြောဆိုကြပါတယ်။ ပွင့်လင်းမြင်သာတဲ့ သတင်းအချက် အလက်တွေရဖို့ ပုဂ္ဂလိကသတင်းစာတွေ ကိုဒီမိုကရေစီစနစ် ကြွေးကြော်သံနှင့် အတူ လွတ်လပ်စွာ ထုတ်ဝေ ခွင့်ပေးဖို့ ပြောဆို ကြတာပါ။

ယခုအခါမှာတော့ ပုဂ္ဂလိကသတင်း စာအချို့ထုတ်ဝေခွင့်ရသော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင် နေကြပါတယ်။ သူတို့မှာ လိုအပ်သော ကြော်ငြာများ မရရှိ ခြင်းပါ။ အဓိကအကြောင်း ကတော့ နိုင်ငံပိုင်ဆိုတဲ့ အစိုးရသတင်း စာက စောင်ရေ အားကိုးနဲ့ ကြော်ငြာများစွာကို ဈေးနှုန်းကြီးစွာနှင့် ရယူနေခြင်းပါပဲ။ ..

အမှန်က ပြည်သူလူထုကို အသိပညာ ပေးမယ်၊ သတင်းကောင်းတွေ ပေးမယ်ဆိုရင် ကြော်ငြာတွေကို များစွာ မထည့် သင့်တော့ပါ။ ခုတော့ သတင်းပုဒ်ရေက ဆယ်ဂဏန်း သာသာနှင့် ကြော်ငြာပုဒ်ရေက ရာ ကျော်ဖြစ် နေတာလည်း မသင့်တော်တာ အမှန်ပါ။ အစိုးရသတင်းစာမှာ ကြော်ငြာ အချပ်ပိုတွေများစွာနှင့် ထူထဲနေမှုဟာ အစိုးရအတွက် ဂုဏ်ယူစရာ မဟုတ်ပါ။

ကြော်ငြာတွေကို လျှော့ပြီး ပြည်သူ လူထုအကျိုးပြုမယ့် သတင်းတွေ၊ ဆောင်းပါးတွေကို ထည့်ပေးသင့်ပါတယ်။ ပြည်သူ လူထုဟာ သတင်းပြည့်စုံစွာ ကြည့်လိုဖတ်လိုရင် ပုဂ္ဂလိက သတင်းစာ အားကိုးနေကြရပါတယ်။

ပုဂ္ဂလိက သတင်းစာတွေမှာ သတင်းစုံတယ်။ ကြော်ငြာတွေ မများဘူး။ အဲဒါကြောင့်လည်း သတင်းစာ တစ်စောင်ရဲ့ တန်ဖိုးဟာ ၂၀၀ကျပ် ဖြစ်နေတော့။ အစိုးရ သတင်းစာက တစ်စောင်ကို ကျပ် ၁၀၀ ဈေးကွာ နေတာလည်း လက်တွေ့ပါပဲ။

ကျွန်တော်က သံတော်ဆင့်ကနေပြီး နိုင်ငံပိုင် သတင်းစာ ဆိုပြီး ကြေးမုံနဲ့ မြန်မာ့ အလင်းကို ပြန်ကြားရေး ၀န်ကြီးဌာနက မူလပိုင်ရှင်တွေလက်ကို ပြန်အပ်ဖို့ရေး ခဲ့တာပါ။ တုတ်တုတ်ပင် မလှုပ်ခဲ့ပါ။

သက်ဆိုင်ရာ ပုဂ်္ဂိုလ်တွေ နှာစေးနေကြ ပုံရပါတယ်။ သို့သော် သတင်းစာကို စိတ်ဝင်စားတဲ့ သတင်းစာ လောကသား အချို့ကတော့ ဝေဖန်သံတွေ နဲ့ ထောက်ခံ ကြတာပါ။

သတင်းစာများကို မူလပိုင်ရှင်များ လက်သို့ ပြန်ပေးပါတော့လားဆိုတဲ့ ကျွန်တော့်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ မေးမြန်း ဝေဖန်ဆွေးနွေး လာကြတဲ့ ပုဂ်္ဂိုလ် အချို့လည်းရှိသဗျ။ ထိုပုဂ်္ဂိုလ်အချို့ရဲ့ အာဘော်ကိုလည်း တင်ပြလို ပါတယ်။

မိတ်ဆွေတစ်ဦးက တော်လှန်ရေး အစိုးရလက်ထက်မှာ ကြေးမုံသတင်းစာကို သိမ်းယူမှုအတွက် လျော်ကြေးပေး တယ်မဟုတ်လားလို့ မေးလာပါတယ်။ မှန်ပါတယ်ဗျာ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် သိသမျှ ဖွင့်ဟပါမယ်။

ကြေးမုံသတင်းစာ ထွက်စက ဦးသောင်း (ခ) အောင်ဗလက အစုရှယ်ယာ ၆၀ ရာနှုန်းပိုင်ဆိုင်ပါတယ်။ ဦးပွင့်ကောင်း၊ မွန်စလှိုင်စတဲ့ ပုဂိ္ဂုလ်အချို့လည်း ရှယ်ယာဝင်များ ဖြစ်ကြပါတယ်။

ထိုစဉ်က ကြေးမုံသတင်းစာဟာ အာရှမှာ ပထမဆုံး အော့ဖ်ဆက်ပုံနှိပ်တဲ့ သတင်းစာဖြစ်ခဲ့ပါတယ်။ စောင်ရေလည်း ငါးထောင်တစ်သောင်းကနေ ခုနစ်သောင်းကျော်အထိ လျင်မြန်စွာတက်ခဲ့တဲ့ သတင်းစာကြီးပါ။ ပြည်သူ ပိုင်ပြုလုပ်တော့ တိုက်မြေ၊ စက်၊ ကားများပါ ထိုစဉ်က ကျပ် ၁၀ သိန်းခန့် တန်ပါတယ်။

သို့သော် လျော်ကြေးအဖွဲ့က ၄ သိန်းတန်လို့ ဆုံးဖြတ်ပါတယ်။ အစိုးရ ဘက်က အခွန်တော် နှစ်သိန်း ရရန်ရှိသည် ဆိုပြီး ကျပ် ၂သိန်းတန် ဒီဘင်ချာ ငွေချေစာချုပ် ထုတ်ပေးပါတယ်။ တစ်ကြိမ်တည်း မပေးပါ။ နှစ်ပေါင်း ၂၀ ထုတ်ပေးရန် စာချုပ်ဖြစ်ပါတယ်။

ထိုစဉ်က အခြေအနေအရ ဦးသောင်းက လက်ခံခဲ့ပါ တယ်။ နှစ်စဉ် ငွေကျပ်နှစ် သောင်းကို အစုရှယ်ယာများအား ခွဲဝေပေးခဲ့တယ်။ သို့သော် နှစ်အနည်း ငယ်ကြာတော့ အမေရိကနှင့် တိုင်း(မ်)သတင်းစာများ တွင် ဦးသောင်း ဆောင်းပါးများ ရေးသဖြင့် ဦးနေ၀င်း စိတ်အလွန်ဆိုးပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းတင့် အရေးယူ၍ အမိန့် ထုတ်ပါတယ်။ ငွေစုဘဏ်မှာရှိနေတဲ့ ဦးသောင်းပိုင်တဲ့ ငွေတွေကို သိမ်းလိုက်တယ်ဗျာ။ အဲဒါက ကျွန်တော် လေ့လာမိသမျှ ခြုံပြီး တင်ပြချက်ဖြစ်ပါတယ်။ ဖြစ်ရပ်အမှန်ကတော့ ကြေးမုံသတင်းစာကို စတိသာ လျော်ကြေးပေးတယ်ဆိုပြီး သိမ်းလိုက်ခြင်းဖြစ်ပါကြောင်း တင်ပြလိုက် ရပါတယ်။

မြတ်ဆွေ

ရည်ညွှန်း- ကြေးမုံဦးသောင်း

ဘီလူးတို့ရွာစာအုပ်။ ၁၉၉၉ ခုနှစ်။
 မြတ်ဆွေ

မြန်မာ သံတော်ဆင့်ဂျာနယ် အတွဲ (၂)၊ အမှတ် (၄၁) - ဒီဇင်ဘာ ၂၁၊ ၂၀၁၃ ခုနှစ်

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီးကြေငြာချက်ထုတ်ပြန်


၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက်
အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာပြီးဖြစ်ပါသည်။
ယနေ့ (၅) ရက် မြောက်သောနေ့တွင် ခွဲစိတ်မှုအခြေအနေများ အားလုံးကောင်းမွန်နေပါ သော်လည်း ကြာရှည်စွာမတ်တပ်ရပ်ရန်၊ လမ်းလျှောက်ရန်မသင့်လျော်သေးပါသဖြင့် ယခုလကုန်
အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့်ထပ်မံအသိပေး
အကြောင်းကြားအပ်ပါသည်။ လို့ 
မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း က ယနေ့ နေ့ စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။
Kumudra

မြေကွက်ရှိပြီး အိမ်ဆောက်လိုသူများအား အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေထုတ်ပေးမည်


[ ဖြိုးလွင်အောင် ၊ ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ]

မြေကွက် ပိုင်ဆိုင်မှုရှိပြီး အိမ်ဆောက် လုပ်ရန် ငွေကြေးအခက်အခဲ ရှိသူ မြေပိုင်ရှင်များကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ဖွင့်လှစ် မည့် ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုး ရေးဘဏ်မှ ချေးငွေများထုတ် ချေးသွားမည်ဖြစ်ကြောင်း အ ဆိုပါဘဏ် ယာယီရုံးမှသတင်း ရရှိသည်။
အိမ်ဆောက်လုပ်လိုသူ မြေကွက်ပိုင်ရှင်များအနေဖြင့် ဆောက်လုပ်မည့် တိုက်အမျိုး အစားပေါ်မူတည်၍ ကုန်ကျ စရိတ်အားလုံး၏ ၃ဝရာခိုင်နှုန်း အား တစ်နှစ်လျှင်အတိုးနှုန်း ၁၃ရာခိုင်နှုန်းဖြင့် ချေးပေးသွား မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်မှ လက် ထောက်အထွေထွေမန်နေဂျာ ဦးတင်ယုက ပြောသည်။

ဦးတင်ယုက''မြေပိုင်ဆိုင် မှုရှိသူတွေအနေနဲ့ အထပ်မြင့် ဆောက်ချင်တာပဲဖြစ်ဖြစ်၊ ကန်ထရိုက်နဲ့အခန်းပေး အခန်း ယူဆောက်ချင်တာပဲဖြစ်ဖြစ် ဆောက်မယ့်တိုက်ရဲ့ ကုန်ကျ စရိတ်ပေါ်မူတည်ပြီး မြေပိုင်ဆိုင် မှုအထောက်အထားတွေကို ကွင်းဆင်းစစ်ဆေး ရာဖြတ် ပြီး ကာလပေါက်ဈေးအတိုင်း တန်ဖိုးရဲ့ ၃ဝရာခိုင်နှုန်းကို ၁၃ကျပ်တိုးနဲ့ ချေးပေးမယ်။ဆောက်လုပ်ရေးပြီးလို့ အခန်း ရောင်းရင်တော့ ရောင်းရငွေ ထဲက ဘဏ်အကြွေးကိုအရင် ဆပ်ရမယ်''ဟုပြောသည်။

လက်ရှိဆောက်လုပ်ရေး နှင့် ဖွံ့ဖြိုးရေးဘဏ်ကို ရန်ကုန် တိုင်းဒေသကြီး မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရုံး ပထ မထပ်တွင် ယာယီရုံးခန်းအနေ ဖြင့်ဖွင့်လှစ်ထားပြီး လာမည့် ၂၀၁၄ ခုနှစ်ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားလမ်းအမှတ်(၆၀) တွင် ဘဏ်ရုံးချုပ်အနေဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါငွေချေးခြင်းလုပ် ငန်းများကို လာမည့်မတ်လ တွင် စတင်ဝန်ဆောင်မှုပေးသွား မည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှလည်း ငွေ ချေးလိုပါက ကုမ္ပဏီလိုင်စင်၊ ပိုင်ဆိုင်မှုနှင့်လက်ရှိလုပ်ငန်း အထောက်အထားများကို ဘဏ်တွင် အပေါင်အဖြစ်ထား ကာ ပိုင်ဆိုင်မှုကာလတန်ဖိုး၏ ၃ဝရာခိုင်နှုန်းကို ချေးပေးမည် ဖြစ်ပြီး ငွေချေးသူများအနေ ဖြင့် အတိုး၁၃ရာခိုင်နှုန်းကိုသုံး လတစ်ကြိမ် ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။
ဦးတင်ယုက''ဘဏ်က လာမယ့် ဇန်နဝါရီလမှဖွင့်မှာ ဆိုတော့ ငွေထုတ်ချေးတာကို မတ်လမှာ စတင်မယ်။ ငွေချေး ချင်တဲ့သူတွေအနေနဲ့ အခုယာ ယီဘဏ်ရုံးဖွင့်ထားတဲ့ အိုးအိမ် ရုံးမှာလာဆွေးနွေးပြီး လျှောက် လွှာတင်ထားလို့ရတယ်။ ချေး ငွေကို ဘဏ်ဒါရိုက်တာဘုတ် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ဘယ် သူ့ကို ဘယ်လောက်ချေးသင့် တယ်ဆိုတာတွေကို ဆုံးဖြတ် မှာပါ''ဟုပြောသည်။

မြေကွက်ပိုင်ရှင်များအ နေဖြင့် အိမ်ကိုတာဝန်ယူဆောက် လုပ်မည့် ဆောက်လုပ်ရေးကန် ထရိုက် အဆက်အသွယ်မရှိပါ က ဆောက်လုပ်ရေး ကန်ထ ရိုက်ကို ဘဏ်မှ တာဝန်ယူချိတ် ဆက်ပေးမည်ဖြစ်ပြီး တာဝန် ယူဆောက်လုပ်ပေးမည့်ကန် ထရိုက်မှ ဆောက်လုပ်ရေးကုန် ကျစရိတ်၏ ၂ဝရာခိုင်နှုန်းကို ဘဏ်တွင် အပေါင်ငွေအဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ဆောက်လုပ်ရေးပြီးပါက ပြန် လည်ထုတ်ယူနိုင်ကြောင်း သိ ရသည်။
လက်ရှိတွင် ဆောက်လုပ် ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှ ငွေ ချေးဝန်ဆောင်မှုများကို ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းသာ စတင် ချေးသွားမည်ဖြစ်ပြီး အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် ဘဏ်ခွဲများဖွင့်လှစ်ပြီးပါ က အဆိုပါဒေသများတွင်လည်း ငွေချေးဝန်ဆောင်မှုများပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးတင်ယုက''အဓိကမြေ ကွက်ပိုင်ရှင်နဲ့ ဆောက်လုပ် ရေး လုပ်ငန်းရှင်ကို ငွေချေးမယ် ဆိုပေမယ့် တခြားဘဏ်တွေ ကလိုမျိုး တခြားလုပ်ငန်းရှင်တွေ ကိုလဲ (Commercial Loan) နဲ့ ချေးပေးသွားမယ်။ ဆောက် လုပ်ရေးကတော့ အဓိကပေါ့'' ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်း အတွင်းရေး မှူးဦးတင်အောင်မြင့်က''ပိုင် ဆိုင်မှုအပေါ် ကာလတန်ဖိုး ဖြတ်ပြီး ချေးငွေထုတ်ချေးတာ ကတော့ အရင်ကတည်းက ဘဏ်တွေမှာရှိပြီးသား။ အခု ဆောက်လုပ်ရေးဘဏ်ကလုပ် မယ့်လုပ်ငန်းအပေါ်မှာ ချေး ငွေထုတ်ချေးတာကတော့ အခု မှစတာ။ ကျွန်တော်တို့ ကန်ထ ရိုက်တွေက ဆောက်လုပ်ရေးသ ဘောတူညီမှုစာချုပ်ရှိပေမယ့် အရင်းအနှီးမရှိတာမျိုးတွေဖြစ် တော့ စာချုပ်ပြရင် ငွေချေးနိုင် မလားဆိုပြီး ဒုဝန်ကြီးကိုတင် ပြထားတာတွေလဲရှိတယ်။ ဒီလို ချေးငွေထုတ်ပေးမယ်ဆိုရင် ကန်ထရိုက်တွေ အဆင်ပြေတာ ပေါ့။ ပုဂ္ဂလိကဘဏ်တွေမှာ ပိုင် ဆိုင်မှုပြရင် ပိုင်ဆိုင်မှုရဲ့ ၄ဝရာ ခိုင်နှုန်းချေးပေးတာဆိုတော့ ဆောက်လုပ်ရေးဘဏ်ရဲ့ ချေး ငွေရာခိုင်နှုန်းက နည်းနေသေး တယ်''ဟု သုံးသပ်သည်။
Yangon Media Group

ယာဉ်(၂)စီးလမ်းလယ်၌ မျက်နှာချင်းဆိုင်တိုက်မိရာ (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ


ရန်ကုန်၊ ဒီဇင်ဘာ ၂၁

၂၁.၁၂.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် လှိုင်သာယာမြို့နယ်၊ရန်ကုန်- ပုသိမ်
လမ်းအတိုင်း ယာဉ်မောင်း စိုးမင်းသူ(ဘ)ဦးနေ၀င်း၊မင်္ဂလာဒုံမြို့နယ်နေသူ
မောင်းနှင်လာသော ၁က/........ဟီနိုးအစိမ်းရောင် ကုန်တင်ယာဉ် နှင့် မျက်နှာချင်းဆိုင်မှ ရဲဝင်းထွဋ် (ဘ)ဦးအေးမြင့်၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၈ည/.......မိုက်ခရိုဘတ်စ်အဖြူရောင်ယာဉ်တို့သည်
ရွှေသံလွင်ကားဝင်းရှေ့ အရောက် လမ်းလယ်၌မျက်နှာချင်းဆိုင်တိုက်မိ
ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးကာ ၈ည/.......
ယာဉ်မောင်း ရဲဝင်းထွဋ်မှာ အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်းယာဉ်ပေါ်ပါ လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသည့် မျိုးဇော်ထွေး၊ သိန်းသန်းအောင်နှင့် မြင့်မြတ်အောင်တို့(၃)ဦးတွင် ပွန်းပဲ့နာကျင်ဒဏ်ရာများ
ရရှိကာ လှိုင်သာယာ ဆေးရုံတွင် ပြင်ပလူနာများအဖြစ်ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်ကြသည့် စိုးမင်းသူ နှင့် ရဲဝင်းထွဋ်တို့အား လှိုင်သာယာမြို့မရဲစခန်း ယာဉ်(ပ)၁၄၁/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Yangon Police

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း

ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင် ခွင့်တောင်းခံ ခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့်ကို ပြည်နယ်ရဲဌာနမှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုများ ရေးရာအဖွဲ့မှ ဦးစန်းဝေက ''ခွင့်ပြုချက်မရလို့ မပြရတာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲကြောင့်လို့ အကြောင်းပြန်ပါတယ်။ ဆန္ဒထုတ်ဖော်ခွင့်မရလို့ လူထုစည်းဝေးပွဲလုပ်ပြီး ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ထုတ်ပြန်ချက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က လူသူစုဆောင်းတာတွေ၊ လက်နက်ကိုင်ပြီး ငွေကြေးကောက်တာ၊ ဆက်ကြေး ကောက်တာတွေ မလုပ်ဖို့နှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်ထည်ဖော်ဖို့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသွားဦးမှာပါ'' ဟု ပြောကြားသည်။
ကချင်ပြည်နယ် အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆန္ဒထုတ်ဖော်ရန်အတွက် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး၊ ဝှေခါ၊ ဆိပ်မူ၊ ဖားကန့်၊ ဗန်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ၀ိုင်းမော်၊ မြစ်ကြီးနားစသည့် ရှမ်းလူမျိုး ၇၀၀၀ ခန့်သည် မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်တွင် တစ်ရက်ကြိုတင်ပြီး လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။
ယင်းလူထု အစည်းအဝေးသည် လေးနာရီခန့်ကြာ စုဝေးခဲ့ပြီး အဓမ္မ ဆက်ကြေးကောက်တဲ့ ကေအိုင်အေ အလိုမရှိ၊ အဓမ္မစစ်သား စုဆောင်းသည့် ကေအိုင်အေ အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဗညားဦးက ''ကျွန်တော်တို့ နိုင်ငံမှာက ဆီးဂိမ်းစ်ကာလကို အရေးပေါ်ကာလလို့ သတ်မှတ်ထားတဲ့အတွက် အဲဒီကာလ ကျော်သွားရင်တော့ ခွင့်ပြုနိုင်ပါတယ်။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ငြိစွန်းတာတော့ မရှိပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ကိုလည်း ထုတ်ပေးလိုက်ပါတယ်။ တရားဝင် ခွင့်ပြုချက်ရရင်တော့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူသွားဖို့ အသင့်ရှိပါတယ်'' ဟု ပြောကြားသည်။
ဝိုင်းမော်မြို့နယ် အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ''ကျွန်မသားကို ဖမ်းသွားတာ လာမယ့် တပို့တွဲလဆန်း ၁၃ ရက်ဆိုရင် နှစ်နှစ်ပြည့်ပြီ။ သားရော သမက်ရော ဖမ်းသွားတာ။ သမက်ကတော့ ထွက်ပြေးပြီး လွတ်လာတယ်။ သားကတော့ သေလားရှင်လား မသိရဘူး။ သူ့ဆန္ဒနှင့် လက်နက်ကိုင်တာ မဟုတ်ဘူး။ အခင်းမှာ အလုပ်လုပ်နေရင်း စုဆောင်းရေး ပါသွားတာ။ အဖေသေတာလည်း တွေ့မသွားရဘူး။ အားလုံးကို သားပြန်လာနိုင်ဖို့ ကူညီကြပါလို့ပဲ ပြောချင်ပါတယ်'' ဟု The Daily Eleven သို့ ပြောကြားသည်။
ကချင်ပြည်နယ်တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော် ခုနစ်သိန်းကျော် ရှိကြောင်း ကချင်ပြည်နယ် ရှမ်းရေးရာ အဖွဲ့က ပြောဆိုနေသော်လည်း အစိုးရ စာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာ စာရင်းရှိကြောင်း သိရသည်။
eleven media group

မြန်မာ့ဘောလုံး အိပ်မက်ဆိုးမှ နိုးထရေး


အိမ်ရှင်ပရိသတ် ရှေ့မှောက်တွင် အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော မြန်မာယူ-၂၃ ဘောလုံးအသင်း ပွဲကစားပြီး စိတ်ပျက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
ဘောလုံးသည် မြန်မာတို့အတွက် အမျိုးသားအားကစား ဖြစ်သည့်အလျောက် ဘောလုံးအရှုံးသည် အမျိုးသား အရှုံးကြီးအသွင် ပုံစံဝင်ခဲ့သည်မှာ အကြိမ်ကြိမ်ဖြစ်သည်။ မြန်မာဘောလုံးအသင်း အနေဖြင့် အကြိမ်ကြိမ်အရှုံးနှင့် ရင်ဆိုင်ခဲ့သော်လည်း အိမ်ရှင်အဖြစ်အရှုံး၊ အိမ်ရှင်အဖြစ် အုပ်စုအဆင့်မှ ထွက်ရခြင်းတို့ကို ပထမဆုံး နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရခြင်းကြောင့် ၀ရုန်းသုန်းကား ဖြစ်ခဲ့ပုံရသည်ဟုလည်း သုံးသပ်နိုင်သည်။ အရှုံးထဲကအမြတ်ကို ယူနိုင်ရေးဆိုလျှင် မြန်မာ့ဘောလုံး အနာဂတ်အတွက် စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်ရေးကိုသာ ပြင်ဆင်သင့်ကြောင်း ဆော်သြလိုပါသည်။
ဒီဇင်ဘာ ၁၆ ရက်သည် မြန်မာ့ဘောလုံးလောကအတွက် အကျည်းတန်သော နေ့တစ်နေ့ဖြစ်သည်။ ထိုင်းအသင်းကို သူတစ်ပြန်၊ ကိုယ်တစ်ပြန် အကြိတ်အနယ် ကစားပြီး သရေရယူနိုင်ခဲ့သော အိမ်ရှင်မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို ပယ်နယ်တီတစ်ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအသင်း၏ ပွဲစဉ်တိုင်းတွင် ကြက်သီးမွေးညှင်းထ အားပေးခဲ့သော မြန်မာဘောလုံး ပရိသတ်ကြီးအတွက် မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်မှုကို အကြောင်းပြုလျက်၊ စိတ်လိုက်မာန်ပါ ရုန်းရင်းဆန်ခတ်မှုများကလည်း တစ်နွယ်ငင် တစ်စင်ပါလာခဲ့သည်။ အိမ်ရှင်မြန်မာ ပရိသတ်ကြီးသည် မြန်မာအသင်းကို နောက်ဆုံးဗိုလ်လုပွဲအထိ တက်လှမ်းနိုင်လိမ့်မည်ဟု မြင့်မြင့်မားမား မျှော်လင့်ထားခဲ့သည့်အလျောက် ခဲလေသမျှ သဲရေကျ ပေါက်ကွဲမှုများနှင့်အတူ ထိုညသည် အရုပ်ဆိုးအကျည်းတန် ခဲ့သည်မှာ ငြင်းမရသောအချက် ဖြစ်သည်။
အရှေ့တောင်အာရှ အမျိုးသားဘောလုံးပွဲစဉ်တွင် မြန်မာပရိသတ်သည် တာဝန်အကျေဆုံး ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ထိုင်းနှင့်ပွဲလက်မှတ်ကို ကျပ်ငွေသောင်းချီပေးဝယ် ကြည့်ခဲ့ပြီး သွားလာစရိတ်၊ စားစရိတ်များစွာ အကုန်အကျခံ ကွင်းအပြည့် လာရောက်အားပေးခဲ့သော မြန်မာပရိသတ်များ၏ မျှော်လင့်ချက်များကို မြန်မာဘောလုံးအသင်းသည် တစ်စစီကြေမွ ပျက်စီးစေခဲ့သည်ကို အကြောင်းပြုလျက်၊ ပွဲအပြီးပေါက်ကွဲမှုများသည် ဒီရေအလား မြင့်တက်လာခဲ့ရသည်ဟု မှတ်ချက်ပြုနိုင်သည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုများ၊ ပဋိပက္ခများကို အကြောင်းပြုလျက် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အိမ်ရှင်၏ဂုဏ်သိက္ခာတို့ များစွာထိခိုက်ခဲ့ရသည်ဟု ကောက်ချက်ပြုနိုင်သော်လည်း ယခင့်ယခင်ခေတ်များက နိုင်ငံရေးကို အကြောင်းပြုလျက် ကမ္ဘာ့နိုင်ငံများအလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရမှုများနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ဟုသာ မှတ်ချက်ပြုရမည်ဖြစ်သည်။ ကမ္ဘာ့ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးများတွင်ပင် ဘောလုံးပွဲနှင့် ဆက်စပ်သော အကြမ်းဖက်မှုများသည် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည့်ခေတ်ကြီးတွင် မြန်မာ့ဘောလုံးပရိသတ်၏ ပေါက်ကွဲမှုများအပေါ် နားလည်မှု ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
မြန်မာဘောလုံးအသင်း၏ မျှော်လင့်မထားခဲ့သော ရှုံးနိမ့်မှုသည် ပြုပြင်ပြောင်းလဲမှုကို တပ်လှန့်နှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး ခေတ်စားနေသည့် အချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး အရည်အသွေးပြည့်ဝသူ၊ လုပ်ရည်ကိုင်ရည် ရှိသူများ ပါဝင်လာနိုင်ရေးတို့ကို ပုံဖော်နိုင်မည့် အပြောင်းအလဲ အစီအစဉ် တစ်ခုကို မဖြစ်မနေ ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည် . . . . .
စိတ်လိုက်မာန်ပါ ဒေါသအလျောက် အပြုအမူများသည် အကျိုးထက် အဆိုးဖြစ်နိုင်သည့်အလျောက် ဆူပူမှုများ၊ အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ခြင်းကို သဘောမတူနိုင်သော်လည်း အဆိုပါဆူပူမှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှုများအား ပြုလုပ်ခဲ့သူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူခြင်းထက်၊ ပညာပေးမှုများ ပြုလုပ်ခဲ့ခြင်းသည် ပိုမိုအဆင်ပြေ လိုက်လျောညီထွေ ရှိသည်ဟု မှတ်ချက်ပြုနိုင်သည်။ ဘောလုံးပွဲအလွန် အကြမ်းဖက် ဖျက်ဆီးမှုများကို စနစ်တကျ ချဉ်းကပ်လေ့လာ သင်ခန်းစာယူလျက် အခြားပြဿနာများ၊ ပဋိပက္ခများတွင် အလားတူ အဖြစ်အပျက်များ ထပ်မံမဖြစ်ပေါ်အောင် ပြုပြင်နိုင်မည်ဆိုလျှင် အရှုံးထဲက အမြတ်ဟုပင် မှတ်ချက်ပြုနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာဘောလုံးအသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာယူ-၂၃ ဘောလုံးအသင်း၏ နည်းပြချုပ်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး၊ ပတ်ဆောင်ဟွာသည် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ မြန်မာဘောလုံးအသင်း၏ အကောင်းအဆိုး၊ အကြောင်းအကျိုးတွင် နည်းပြ၏ အရေးကြီးမှုကို ကောင်းစွာသင်ခန်းစာယူလျက်၊ နောင်လာမည့်ကာလတွင် မြန်မာဘောလုံး အသင်းများ၏ နည်းပြများကို မည်သို့မည်ပုံ စနစ်တကျ ရှာဖွေမည်၊ ငှားရမ်းမည်ကို စနစ်တစ်ခု ထုတ်ထားနိုင်ရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိနည်းပြ ငှားရမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ် သုံးသပ်မှုများကိုလည်း စနစ်တကျ ပြုလုပ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ နည်းပြချုပ် ပတ်ဆောင်ဟွာကို ငှားရမ်းခဲ့ခြင်းတွင် တာဝန်ရှိသူများ၊ နည်းပြချုပ်နှင့် ပူးတွဲတာဝန်ယူခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနည်းပြများ၊ အသင်းမန်နေဂျာများကိုလည်း မေးမြန်းစုံစမ်းခြင်းများ ပြုလုပ်ပြီး လိုအပ်ပါက မူလတာဝန်များမှ ပြောင်းရွှေ့သည်အထိ  အရေးယူနိုင်ရန် လိုအပ်သည်ဟု ထင်မြင်မိသည်။
မြန်မာဘောလုံး အသင်းများကို မြန်မာနည်းပြများသာ ကိုင်တွယ်စေမည်ဆိုသော တလွဲဆံပင်ကောင်းသည့် ခေတ်ဟောင်းက အယူအဆဟောင်းများ ပြန်ခေါင်းထောင် မလာရန်လည်း သတိပြုသင့်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်များအရ မြန်မာနိုင်ငံ အနေဖြင့် ဘောလုံးနည်းပြများအား အခမဲ့ ရရှိနိုင်ခြင်း ရှိ၊ မရှိကိုလည်း လေ့လာဆန်းစစ်သင့်သည့်အပြင် မြန်မာ့ဘောလုံး အဆင့်အတန်း မြင့်မားရေးကို စိတ်ဝင်စားသည့် နိုင်ငံများ၏ အကူအညီကို ရယူလျက် ကမ္ဘာ့အဆင့်မီ ဘောလုံးနည်းပြများ ခေါ်ယူနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်။
မြန်မာယူ-၂၃ ဘောလုံးသမားများသည် အင်တိုက်အားတိုက် ကြိုးကြိုးစားစား ကစားခဲ့ကြသော်လည်း အသင်းလိုက်စုစည်းမှု အပိုင်းတွင် အားနည်းနေခြင်း၊ အခွင့်အရေးများကို အသုံးမချနိုင်ခြင်း၊ တစ်ဖက်အသင်း၏ စွမ်းဆောင်ရည်ကို လျှော့တွက်ထားခြင်း၊ အိမ်ရှင်နှင့် ပရိသတ်၏အားကို ပိုတွက်ထားခြင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှု လွန်ကဲခဲ့ခြင်း စသည့်အခြေအနေများအပေါ် အားမလိုအားမရ ဖြစ်မိခဲ့သည်။ ဘောလုံးသမားများ၏ စိတ်ဓာတ်မြှင့်တင်ရေးနှင့် ပညာပေးရေးတို့အတွက် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျပြင်ဆင် ဆောင်ရွက်နိုင်ရန် လိုအပ်ဦးမည်ဟုလည်း ထင်မြင်မိပါသည်။ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းကို လျှော့တွက်ခြင်းနှင့် မိမိအသင်းကို ပိုတွက်ခြင်းသည် အကျိုးထက် အဆိုးဖြစ်နိုင်သည်ကို အထပ်ထပ် သတိချပ်စေသင့်သည်။
နည်းပြချုပ်တွင် အဓိက တာဝန်ရှိသည့်နည်းတူ အသင်း၏မန်နေဂျာ၊ နည်းပြများနှင့် ဘောလုံးသမားများ အားလုံးတွင်လည်း တာဝန်ရှိသည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း ပြိုင်ပွဲတွင် ဗီယက်နမ်ဒိုင်လူကြီးအား ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ပေးခြင်းနှင့် ပတ်သက်၍ မန်နေဂျာ အစည်းအဝေး သို့မဟုတ် ပွဲစဉ်အစည်းအဝေးတွင် ကန့်ကွက်သင့်သည်ဟု ထင်မြင်မိသည်။ မြန်မာနှင့် ဗီယက်နမ်တို့သည် အရှေ့တောင်အာရှ ဘောလုံးလောကတွင် အကျိတ်အခဲများ ကြီးခဲ့သော နိုင်ငံများဖြစ်သည့် အားလျော်စွာ မြန်မာအတွက် အရေးကြီးသောပွဲကို ဗီယက်နမ်ဒိုင်လူကြီးအား ကွင်းလယ်ဒိုင်အဖြစ် တာဝန်ပေးခြင်းသည် ဆီလျော်မှုအပိုင်းတွင် အားနည်းနေသည်ဟု မှတ်ချက်ပြုလိုသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း နည်းပြချုပ် တစ်ဦးတည်းအပေါ် ပုံချပြီး၊ တာဝန်ရှိမှုကို အလွတ်ရှောင်မည် မဟုတ်ဟု ထင်မြင်မိသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လွတ်လပ်သော စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပြီး အိမ်ရှင်မြန်မာယူ-၂၃ အသင်း အုပ်စုအဆင့်မှ ထွက်ရခြင်းနှင့် ပတ်သက်၍ စနစ်တကျ လေ့လာသုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ နည်းပြချုပ်အပြင် အခြားနည်းစနစ်နှင့် အသင်းအုပ်ချုပ်မှု အပိုင်းမှ တာဝန်ရှိသူများကိုလည်း အပြစ်ပေးခြင်း အရေးယူခြင်းများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ကော်မရှင်၏ အစီရင်ခံစာကို မြန်မာပြည်သူလူထု တစ်ရပ်လုံး သိရှိနိုင်အောင် ဘောလုံးအဖွဲ့ချုပ် အနေဖြင့် တရားဝင် ထုတ်ပြန်သင့်ကြောင်းလည်း အကြံပြုလိုပါသည်။
လတ်တလော မြန်မာဘောလုံးအသင်း၏ ရှုံးနိမ့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုးလျက် ပြည်သူလူထုထံသို့ တောင်းပန်လွှာတစ်စောင်ကို အလျင်အမြန် ထုတ်ပြန်သင့်ပြီး အဆိုပါတောင်းပန်စာတွင် လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမည့်အစီအစဉ်နှင့် ကော်မရှင်၏ အစီရင်ခံစာကို မူတည်လျက် ထပ်မံအရေးယူခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း အသိပေးသင့်သည်ဟု ထင်မြင်မိသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘောလုံးအသင်းများ၊ ဘောလုံးသမားများနှင့် မြန်မာဘောလုံး ပရိသတ်များအကြား ယုံကြည်မှုပြန်လည် တည်ဆောက်နိုင်ရေးကိုလည်း စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာဘောလုံး ပရိသတ်များ၏ မြန်မာဘောလုံး အသင်းအပေါ် ယုံကြည်မှု ကျဆင်းနေမှုများကို အလျင်အမြန် ကုစားနိုင်ရန် လိုအပ်သည့်အပြင် အဆိုပါကုထုံးတွင် မြန်မာဘောလုံး ပရိသတ်များ အနေဖြင့် မြန်မာ့ဘောလုံး ရှေ့ခရီးနှင့် ပတ်သက်၍ ယုံကြည်မှု၊ မျှော်လင့်မှု မြင့်မြင့်မားမား ထားရှိနိုင်မည့် အစီအစဉ်များ၊ စီမံချက်များကို တစ်ပါတည်း ချပြနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်ဟု သုံးသပ်မိပါသည်။
နိဂုံး  
အချုပ်အားဖြင့်ဆိုသော် မြန်မာဘောလုံးအသင်း၏ မျှော်လင့်မထားခဲ့သော ရှုံးနိမ့်မှုသည် ပြုပြင်ပြောင်းလဲမှုကို တပ်လှန့်နှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး ခေတ်စားနေသည့် အချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး အရည်အသွေးပြည့်ဝသူ၊ လုပ်ရည်ကိုင်ရည် ရှိသူများ ပါဝင်လာနိုင်ရေးတို့ကို ပုံဖော်နိုင်မည့် အပြောင်းအလဲ အစီအစဉ် တစ်ခုကို မဖြစ်မနေ ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်။ မြန်မာဘောလုံးပရိသတ်များ၏ ယုံကြည်မှုနှင့် အားပေးမှုကို ပြန်လည်ရရှိစေနိုင်ရန် ရည်ရွယ်သည့် မြန်မာ့ဘောလုံး ပြုပြင်ပြောင်းလဲရေး စီမံချက် တစ်ရပ်ကိုလည်း အလျင်အမြန်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရန် လိုအပ်လျက်ရှိသည်ဟု ထင်မြင်မိသည်။ တစ်ချိန်တည်းတွင် လတ်တလော ရှုံးနိမ့်မှုနှင့် ပတ်သက်သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ တောင်းပန်စာ၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမှု၊ ဘောလုံးပရိသတ်များအား ပွင့်လင်းမြင်သာမှုရှိရှိ အပြန်အလှန် ဆက်ဆံမှုတို့သည် မြန်မာ့ဘောလုံး အနာဂတ်အတွက် အားကောင်းမောင်းသန်စေမည့် အင်အားသစ်များ ဖြစ်ပေါ်လာရေးကို အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
Written by ဒေါက်တာရန်မျိုးသိမ်း
eleven media group