ဒီဇင်ဘာလအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် တန်ဖိုးနည်းမိုဘိုင်းဖုန်းအလုံးရေ ကိုးသောင်းကျော် ချထားမည်


အတွဲ (၁၅)၊ အမှတ် (၁)
Mon, 12/30/2013 - 18:18
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန်ဖုန်းများအား ယခုနှစ်၊ ဧပြီလမှ စတင်ကာ လစဉ်ရောင်းချပေးခဲ့ရာ ယခုလအတွက် ရန်ကုန်တိုင်းဒေသကြီး၌ ဖုန်းအလုံးရေ ကိုးသောင်းကျော်ချထား ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

GSM နှင့် WCDMA ဖုန်းအမျိုးအစားများအား ချထားပေးသွားမည်ဖြစ်ပြီး GSM ဖုန်း (၄၈၇၈၀) နှင့် WCDMA ဖုန်း (၄၃၀၀၀) စုစုပေါင်း (၉၁၇၈၀) ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရေအတွက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက်ချထားပေးမှုတွင် အများဆုံးအရေအတွက် ဖြစ်သည်။ ယခုလအတွက် ချထား ပေးရာတွင် ဒေသအားလုံးအတွက် CDMA 800MHz ဖုန်းများမပါဝင်ပေ။ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာခဲ့သည်။ “သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ရက်နဲ့ အနည်းဆုံး လေးငါးရက် လောက်ကွာပြီးမှပဲ မဲနှိုက်ရတာ ဖြစ်ပါတယ်။ ဒီလအတွက်ကတော့ အခုချိန်ထိလာရောက် အကြောင်းကြားပေးတာမျိုး၊ ဆိုင်းဘုတ်ကပ် အကြောင်းကြားပေးတာမျိုး မတွေ့ ရသေးပါဘူး” ဟု အင်းစိန်မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်း စုစုပေါင်း သုံးသိန်းခွဲကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်အတွက် အရေအတွက် အနည်းဆုံး ချထားပေးမည်ဖြစ်ပြီး WCDMA ဖုန်း (၃၅၃) ကိုသာ ချထားပေးမည်ဖြစ်ကာ GSM ဖုန်းလိုင်းများ မပါဝင်ပေ။ ကယားပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် GSM နှင့် WCDMA ဖုန်းအမျိုးအစား နှစ်မျိုးစလုံးပါဝင်ကြောင်း တွေ့ရသည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၈ ခုတွင် အချိုးကျခွဲဝေပြီး ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။

ချထားပေးသည့် ဖုန်းများနှင့် ပတ်သက်၍ သတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်သည်။ ဖုန်းကတ် ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း ဆင်းမ်ကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင်ငွေ ဖြည့်ကတ်ဖြည့်ကာ သုံးစွဲရမည် ဖြစ်သည်။ ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများအနေဖြင့် လစဉ်ပြောဆိုခ ၂၅၀၀ ကျပ် အနည်းဆုံး သုံးစွဲရမည်ဖြစ်သည်။


ထွန်းထွန်း
Internet Journal

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဆိုင်ကယ်နှင့်ကားတိုက်မိ၍ ၃ ဦး ဒဏ်ရာရ



နေပြည်တော်၊ ဒီဇင်ဘာ ၃၁
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃/၃-၄)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်၊ မိချောင်းအိုင်ရွာနေ အောင်လွင်(၃၂)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မဇာဇာဝင်း(၂၈)နှစ်နှင့် မန်ကျည်းပင်ရွာနေ မင်းဘုန်းခန့်(၇)နှစ်တို့လိုက်ပါလာသော ဖီလင်-၁၁၀ အနက်ရောင်ဆိုင်ကယ်မှာ အမြန်လမ်းအရှေ့ဘက်မှအနောက်ဘက်သို့ လမ်းလယ်ကျွန်း လမ်းပြတ်မှဖြတ်သန်းမောင်းနှင်စဉ် နေပြည်တော်မှရန်ကုန်သို့ လမ်းမှန်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ဦးကျော်နိုင်(၅၃)နှစ်မောင်းနှင်လာသော ၅ဃ/xxxx ဆူဇူကီးဆွစ်ငွေမင်ရောင် ယာဉ်နှင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် အောင်သူတွင် ယာခြေဖ၀ါး စုတ်ပြဲ၊ ၀ဲ/ယာဒူးခေါင်းပွန်းပဲ့၊ ရင်ဘတ်အောင့်ဒဏ်ရာ၊ မဇာဇာဝင်းတွင် နောက်ကျော/ခါးနာကျင်၊ ယာလက်ခုံပွန်းပဲ့ဒဏ်ရာနှင့် မင်းဘုန်းခန့်တွင် ဦးခေါင်းချိုစောင်းပေါက်ပြဲ၊ ယာတံတောင်ဆစ်/ယာလက်မောင်း/ ယာလက်ခုံ/ခါးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖြူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ၅ဃ/xxxx ယာဉ်တွင် တိုက်ရော့ပြုတ်၊ ရှေ့ဘန်ကာပိန်ချိုင့်ပျက်စီး၊ ရှေ့ဝဲမီးခွက်ကွဲ၊ ရှေ့ဝဲဘက်တံခါးပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့်နှင့် ဆိုင်ကယ်တွင်ရှေ့ယာဘက်ဒူးကာကွဲ၊ ယာဘက်ခြမ်းဘေးကာပျက်စီးကာ တန်ဘိုးငွေကျပ်(၂)သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမပေါ် ဖြတ်သန်းမောင်းနှင်ခွင့်မရှိသောဆိုင်ကယ်ကို မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ အောင်လွင်အား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

Ocean Center ဘေးတွင် ယာဉ်တိုက်မှုဖြစ်၊ ၁ ဦး သေဆုံး






မဟာဗန္ဒုလ တံတားအဆင်း Ocean Center ဘေးတွင် အုတ် သဲ ကျောက် တင်လာသောကားတစီးက လမ်းဘေး ရှမ်းခေါက်ဆွဲဆိုင်မှာ ကုန်ချနေတဲ့ ဆိုက်ကားသမား ၁ ဦးကို ၀င်တိုက်ပြီး ဆိုက်ကားသမား အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ကလေး ၁ ဦး (ဒဏ်ရာ ပြင်းထန်) ၁ နဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပြီး ကားသမားထွက်ပြေးသွားတယ်လို့ သိရပါတယ်။
DVB Burmese

စတားလုံးရဲ့  အကောင်းဆုံးအဖော်မွန်ဖြစ်ခဲ့သူ


ယနေ့အောင်မြင်လူသိများတယ် ရန်ဘို ခေါ် Sylvester Stallone ဆိုတာ တစ်ချိန်တုန်းက အိမ်ခြေ ရာမဲ့ တစ်ဦး ဖြစ်ပါတယ်။ နေစရာ စားစရာမရှိလို့ နယူးယောက်က ရထားဘူတာမှာ ၃၊ ၄ ရက် ပတ်အိပ်ရတဲ့အထိ ဆင်းရဲခဲ့ ပါတယ်။

ဆင်းရဲနေချိန် သူ့အတွက် အကောင်းဆုံး အဖော်မွန်က သူ့ခွေးလေး ဖြစ်ပါ တယ်။ နောက်ဆုံး ခွေးကိုတောင် ဘာမှ ကျွေးစရာမရှိတော့လောက်အောင် ဆင်းရဲ သွားလို့ ခွေးကို အရက်ဆိုင် တစ်ဆိုင်မှာ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။ ရောင်းချလို့ရတဲ့ငွေနဲ့ စားသောက်ပြီး လက်ဝှေ့ ရုံတစ်ခုမှာ စုစည်းနေတဲ့ ရုပ်ရှင် အဖွဲ့ ကိုသွားတွေ့ပါတယ်။ Boxing ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် ဇတ်ညွန်းကို စတင်ရေးသားခဲ့ပြီး ယင်းဇာတ်ကားမှာပဲ သူကိုယ်တိုင် မင်းသား ဖြစ်လာပါတယ်။ ပထမဆုံး ဇာတ်ကားမှာပဲ အမေရိကန်ဒေါ်လာ ၃သိန်းခွဲ ရရှိပြီး အနုပညာ ရှင်အောင်မြင်မှု အနေနဲ့ အော်စကာဆုများ ရရှိခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ သူရောင်းချခဲ့တဲ့ ခွေးကို ပစ်မထားပါဘူး။ အရက်ဆိုင် သို့ ပြန်သွားပြီး ဝယ်ပါတယ်။ ပိုင်ရှင်က မရောင်း ချင်လောက်အောင်ငြင်းနေတော့ အမေရိကန်ဒေါ်လာ ၃ထောင် ပေးပြီး သူ့ခွေးကို ပြန်လည် ဝယ်ယူခဲ့ ပါတယ်။ စတားလုံးဟာ သူ့အတွက် အကောင်းဆုံး အဖော်မွန်ဟာ မရှိဆင်းရဲဘဝကတည်းက အတူရှိခဲ့ တဲ့ ခွေး ဖြစ်ကြောင်း အင်တာဗျူးတွေမှာ သူဖြေကြားခဲ့ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( Yoyarlay)

သီချင်းဗီဒီယိုတွင် Challenger ပျက်ကျမှုပုံရိပ် ထည့်သွင်းမှုအပေါ် ဘီယွန်းစ်ရှင်းလင်း


XO သီချင်းဗီဒီယိုတွင် ဘီယွန်းစ်က Challenger လွန်းပျံယာဉ် ပျက်ကျခဲ့ပုံကို ရိုက်ကူးထားသော မှတ်တမ်းပုံရိပ်များကို ထည့်သွင်းထားခဲ့ရာ ထိုစဉ်က သေဆုံးခဲ့သည့် အာကာသယာဉ်မှူးများ၏ ကျန်ရစ်သူ မိသားစုများက ဒေါသထွက်ခဲ့ကြ

သူမ၏ သီချင်းဗီဒီယိုတွင် (၁၉၈၆)ခုနှစ်က ဖြစ်ပွားသည့် Challenger လွန်းပျံယာဉ် ပျက်ကျမှု ပုံရိပ်ကို ထည့်သွင်းထားခြင်းသည် စော်ကားလိုသည့် ရည်ရွယ်ချက် မပါကြောင်း ဘီယွန်းစ်က ရှင်းလင်းခဲ့သည်။ XO သီချင်းဗီဒီယိုတွင် ဘီယွန်းစ်က Challenger လွန်းပျံယာဉ် ပျက်ကျခဲ့ပုံကို ရိုက်ကူးထားသော မှတ်တမ်းပုံရိပ်များကို ထည့်သွင်းထားခဲ့ရာ ထိုစဉ်က သေဆုံးခဲ့သည့် အာကာသယာဉ်မှူးများ၏ ကျန်ရစ်သူ မိသားစုများက ဒေါသထွက်ခဲ့ကြသည်။


ထိုစဉ်က လွန်းပျံယာဉ် ပျက်စီးသွားသည်ကို NASAမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်နေပုံ စကားများကို ဘီယွန်းစ်က ထည့်သွင်းထားပြီး ယင်းလုပ်ရပ်သည် စော်ကားခြင်း မဟုတ်ဘဲ ထိုစဉ်က စိတ်ဒဏ်ရာများကို ကုစားရန်သာဖြစ်ကြောင်း သူမက ပြန်လည် ဖြေရှင်းခဲ့သည်။ အသက်(၃၂)နှစ်ရှိ နာမည်ကျော် R&B ဂီတ အဆိုတော်က "XOကို ကျွန်မက ဖန်တီးခဲ့တဲ့ နေရာမှာ ကျွန်မရဲ့ ရည်ရွယ်ချက်က ကိုယ်ချစ်ခင်မြတ်နိုးသူ တစ်ယောက်ကို ဆုံးရှုံးသွားတဲ့ သူတွေအတွက် နာကျင်မှုကို ကူညီ ကုစားဖို့က အဓိက ကျပါတယ်"ဟု ပြောကြားခဲ့သည်။

Haloစတား အဆိုတော်က "ကျွန်မတို့ ပတ်ဝန်းကျင်မှာ မျှော်မှန်းမထားတဲ့ အရာတွေ ဖြစ်ပျက်လာနိုင်တယ်။ ကိုယ်ချစ်ခင်တဲ့ သူတစ်ယောက်ကြောင့် အချိန်တိုင်း၊ မိနစ်တိုင်းမှာ ကိုယ့်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတာကိုပဲ ကျွန်မ ပြဆိုချင်တာပါ။ အမှန်ဆိုရင် ကျွန်မရဲ့ အသည်းနှလုံးဟာ Challenger ကပ်ဘေးကြီးမှာ အသက်ဆုံးရှုံးခဲ့သူ အားလုံးရဲ့ မိသားစုတွေနဲ့အတူ တစ်ထပ်တည်း ရှိနေတာပါ"ဟုလည်း ဖွင့်ဟခဲ့သည်။ Challenger လွန်းပျံယာဉ်သည် (၁၉၈၆)ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့က ကနေဒီ အာကာသ စခန်းမှ ပျံသန်းထွက်ခွာသွားပြီး (၇၃)စက္ကန့်အကြာ လေထုထဲ၌ ပေါက်ကွဲသွားပြီး လိုက်ပါသွားသူ အာကာသယာဉ်မှူး (၇)ဦးလုံး အသက်ဆုံးရှုံးခဲ့ရသည်။
Planet Myanmar Network

မန္တလေး ICT Park တွင် ရုံးခန်းများ စတင်ငှားရမ်း၊ ရောင်းချမည်


အတွဲ (၁၅)၊ အမှတ် (၁)
Mon, 12/30/2013 - 18:21
ရတနာပုံကွန်ပျူတာ နည်းပညာကော်ပိုရေးရှင်း လီမိတက် (YCC) ပိုင်ဆိုင်သော ရတနာပုံ စူပါစင်တာ တတိယထပ်တွင် အိုင်စီတီဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရုံးခန်းများ စတင် ငှားရမ်းရောင်းချတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသိန်းထွဋ်က ပြောကြားသည်။

YCC/ မန္တလေး ICT Park ပိုင်ဆိုင်သော အဆိုပါနေရာတွင် ပြည်တွင်း ပြည်ပ အိုင်စီတီလုပ်ငန်းဆိုင်ရာ ရုံးခန်းများကို ငှားရမ်းခြင်း၊ ရောင်းချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စုစုပေါင်း ဧရိယာ စတုရန်းပေပေါင်း ၆၆၈၁၄.၉ စတုရန်းပေရှိကြောင်း သိရသည်။ “ ICT ဆိုပေမယ့် အိုင်တီလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုသာ ငှားရမ်းရောင်းချမယ်လို့ မသတ်မှတ်ထားပါဘူး။ ကျန်တဲ့ ဘဏ်တို့ ဘာတို့စတဲ့ လုပ်ငန်းတွေလည်း ဖွင့်နိုင်ပါတယ်” ဟု ဦးသိန်းထွဋ်က ပြောသည်။

အဆိုပါနေရာမှာ Diamond Plaza နှင့် တစ်ဆက်တည်း ဆောင်ရွက်ထားပြီး ဖိုင်ဘာအင်တာနက်လိုင်း ရရှိမည်ဖြစ်သည်ဟု ဆိုသည်။ ရုံးခန်းများအဖြစ် အပိုင်းလိုက်သော်လည်းကောင်း၊ သတ်မှတ် ဧရိယာအားလုံးကိုသော်လည်းကောင်း ကြိုက်နှစ်သက်သလို ငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေး ICT Park ကို ကုမ္ပဏီ ၄၀ ဝန်းကျင်ဖြင့် ၂၀၀၃ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင်မူ မီးဘေးသင့်ခဲ့ကာ ယခုအသစ်တစ်ဖန် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါနေရာနှင့် ပတ်သက်၍ ရုံးခန်းများ ငှားရမ်းခြင်း၊ ဝယ်ယူခြင်းတို့ ဆောင်ရွက်လိုသူများအနေဖြင့် ဖုန်း- ၀၂-၆၉၃၅၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ရတနာပုံစူပါစင်တာ တတိယထပ်တွင် ICT ဆိုင်ရာလုပ်ငန်းများ၊ နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းများ လုပ်ဆောင်နိုင်သည့် ရုံးခန်းများ ငှားရမ်း၊ ရောင်းချပေး သွားမည်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခြင်းကို မြန်မာအင်ဖိုတက် MICT Park တွင် ယနေ့ပြုလုပ်ခဲ့သည်။


ထွန်းထွန်း
Internet Journal

အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် မူဝါဒ ပြန်လည်သုံးသပ်ရန် လုပ်ငန်းရှင်များနှင့် အစိုးရတွေ့ဆုံမည်


ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပြည်တွင်းဈေးကွက်၌ ဖြစ်ပေါ်နေသော အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် အငြင်းပွားဖွယ် မူဝါဒနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရန် အတွက် စီးပွားရေးလုပ်ငန်းရှင် များနှင့် အစိုးရ တာဝန်ရှိသူများ လာမည့် ဇန်နဝါရီလတွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

အဆိုပါ မူဝါဒပြန်လည် သုံးသပ်ရန် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ လက်လီတင်သွင်း ရောင်းချသူများ အသင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

လတ်တလောတွင် အငြင်းပွားဖွယ် ဖြစ်နေသော အရက်၊ ဘီယာ၊ ဝိုင်တင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ အဆိုပါအစည်း အဝေးတွင် လုပ်ငန်းရှင်များ၏ အခက်အခဲကို ပြောကြားနိုင်ကြောင်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ပြည်ပမှ အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းနေသည့် Quarto ကုမ္ပဏီကို လည်းကောင်း၊ ဒီဇင်ဘာလအတွင်း ပြည်တွင်း၌ အကြီးဆုံး လက်လီအရောင်း လုပ်ငန်းဖြစ်သည့် City Mark Holding ပိုင် စားသောက်ကုန်ဖြန့်ဖြူးရေး ကုမ္ပဏီ ဖြစ်သည့် Premium Food Services Products ကိုလည်းကောင်း တရားမဝင် အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းမှုဖြင့် ရွေ့လျားစစ်ဆေးရေး အဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့သည်။

၂၃ နှစ်ကြာ အရက်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး တင်သွင်းမှုကို တင်းကျပ်စွာ ကန့်သတ်ထားသည့် မူဝါဒ များကြောင့် အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီကြီးများသာ တင်သွင်းခွင့် ရရှိနေပြီး ရွေ့လျားစစ်ဆေးရေး အဖွဲ့က သိုလှောင်ရုံ အရောက် ဖမ်းဆီးခဲ့ရာတွင် အစိုးရ၏ ကုန်သွယ်ရေးမူဝါဒကို လုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြသည်။

ရွေ့လျား စစ်ဆေးရေး အဖွဲ့သည် မှောင်ခိုကုန်စည်များ ဖမ်းဆီးမည်ကို ကြိုတင်ကြေညာ ခဲ့ကြောင်း၊ ဖမ်းဆီးရာတွင်လည်း ဈေးကွက်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း မဟုတ်ဘဲ သိုလှောင်ရုံများ ကိုသာ လက်ရှိမူဝါဒနှင့် အညီ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ မူဝါဒများတွင် လိုအပ်ချက် ရှိပါက ပြုပြင်ရန်ဖြစ်ပြီး မူဝါဒပြန်လည် သုံးသပ်ရန်မှာ ပြည်ထောင်စုအဆင့် ကသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးညွန့်အောင်က ရှင်းပြသည်။

The Voice Weekly Myanmar

The Leader News Journal ( Vol-2, No-4 )

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဥက္ကဋ္ဌ လူမင်း တရားရုံးရောက်ရခြင်း


ဒီဇင်ဘာလ၂၄ရက် ၊နေ့လယ် ၁၁နာရီက ဗဟန်း တရားရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေ ခံအဖွဲ့ ဥက္ကဋ္ဌဟောင်း ဒေါ်စန်းစန်းမော် က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ဦးဝင်းကြည်၊ ဒေါ်ကေသီကျော် ၊ဒေါ်အိမွန်အောင်၊ ဒေါ်အိထွဋ်ဝင်း တို့အား ပုဒ်မ၃၄၁ (မတရား တားဆီးပိတ်ပင်မှု) ၊ပြစ်မှု ကြီး အမှတ် (၃၉၁/၂ဝ၁၃)ဖြင့် အမှု ဖွင့်တရားစွဲဆိုခဲ့သည်။
အဆိုပါ တရား စွဲဆိုမှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က “ကိုယ်တိုင် ဥက္ကဋ္ဌ အနေနဲ့ နာမည်တပ်ပြီး တရား စွဲခံရလို့ တရားရုံး ကို ရောက်ဖူးတာ ပထမဆုံး အကြိမ်ပါ။ တရားရုံးသွားရ လို့ စိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့ တာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည်ကိုက တရားရုံးလေ။ မ တရားရုံး မှမဟုတ်တာ။ တရားရုံးဖြစ်တဲ့ အတွက် အမှန် တရားပေါ်ပေါက်ဖို့ ပဲလေ” ဟု ပြောသည်။
ပွင့်လင်းမြင်သာတဲ့ နောက်ပိုင်း  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က တာဝန်ရှိသူတွေ တရား တဘောင် ရင်ဆိုင်ရတဲ့ အပေါ် ဘယ်လိုမြင်မိလဲ မေးကြည့်တော့ “ရုပ်ရှင် ဥပဒေ ပေါ်ပေါက် လာဖို့က တအားအရေးကြီးတယ်။ ခိုင်မာတဲ့ ဥပဒေ မရှိရင်ရုပ်ရှင် အစည်းအရုံးက ဘယ်လိုလူမျိုး၊ ဘယ် သူပဲဥက္ကဋ္ဌ တက်လုပ်လုပ် ၊ဘယ်အမှု ဆောင် အဖွဲ့ တက်တက် ဒီလိုမျိုးပြန် ပြီးတော့ တရားစွဲဆို အပြစ်တင်ပြော ဆိုမှုတွေ ခံနေရမှာပါ။ ခိုင်မာတဲ့ ဥပဒေ ရှိလာမှ ဥပဒေကို ကိုင်ဆွဲပြီး တော့ တရား စီရင်နိုင်မှာ။ ရုပ်ရှင် အစည်း အရုံး မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိဘူးလား ဆိုတာ မဟုတ်ဘူး ရှိ တယ်။ ဒါတွေက တင်ထားတဲ့ အဆင့် အကြမ်းအဆင့်ပဲ ရှိသေးတယ်။ ရုပ်ရှင်လောက အနေနဲ့ ဦးဇင်ဝိုင်း ဥက္ကဋ္ဌ သက်တမ်းမှာ အမျိုးသား ရုပ်ရှင် ကောင်စီ ဆိုပြီး တင်ထားတာ ရှိတယ်။ ဒါတွေက မူကြမ်း အဆင့် ရပ်တန့်နေ တဲ့ သဘောပေါ့။ ဥပဒေတွေ ခိုင်ခိုင် မာမာ ရှိလာမှ ကိုယ့် ရုပ်ရှင်လောက ကို စီရင်ပိုင်ခွင့် ခိုင်ခိုင်မာမာ ရှိလာမှာ။ ဖြစ်လာတဲ့ ပြဿနာ အပေါ်ပဲ ရင်ဆိုင်ရမှာ။ ဥက္ကဋ္ဌ တစ်ယောက် အနေ နဲ့ ရင်မဆိုင် ချင်လို့ မရဘူး။ ခေါင်းဆောင် တစ်ယောက်အနေ နဲ့ ရှောင်လွှဲလို့ မရနိုင်ဘူး။ တာဝန်ယူရ တယ်။ ရုပ်ရှင်လောက ကောင်းဖို့ဆိုတာ အဲဒီလို ဖြစ်နေသရွေ့  ရှေ့ကိုလျှောက် ချင်တဲ့ ခြေလှမ်းတွေက နောက်ပြန်ဆွဲ သလိုဖြစ်နေမှာပဲ။ ဘယ်တော့မှ ရှေ့ကို မရောက်နိုင်ဘူး။ တချို့က ရုပ်ရှင်လောက တိုးတက်ဖို့ ပြောကြဆို ကြတာ ရှိတယ်။ အသံ ကောင်းဟစ်ကြ တာလည်း ရှိတယ်။ အဲဒီအဆင့်မှာပဲ ပြီးနေကြတယ်။ အကောင်အထည် ဖော်ဖို့ ဘယ်လို လုပ်ကြမလဲ။ကိုယ် တိုင်က ဘယ်နေရာမှာ ပါဝင်သင့် သလဲ ။ခွဲခြားကြဖို့တော့ လိုအပ်တယ်။ ဟု ဦးလူမင်းက ရှင်းပြခဲ့သည်။
ထူးထူး
Popular Journal

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၇) အမှတ်(၁၃)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ရွှေကိုင်ရန်အချိန်ကောင်းလား


အတွဲ (၁၂)၊ အမှတ်(၃၉)
မြန်မာနိုင်ငံတွင် ငွေကြေးအနည်းငယ်ဖြင့် ကာလတိုအတွင်း တိုးပွားလာအောင် လုပ်စရာလုပ်ငန်းဟူ၍ များများစားစားမရှိပေ။ ရွှေနှင့်ဒေါ်လာသည် ငွေကြေးကစားသူများသာမက ငွေကြေးအင်အားနည်းသူများ ၀င်ရောက်ကစားနိုင်သော ဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

သို့သော် လက်ရှိတွင် ရင်းနှီးမြှုပ်နှံချင်သူတို့ စဉ်းစားရမည့်အချက်များရှိနေသည်။ ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအကျနှင့်အတူ တအိအိကျလာခြင်းဖြင့် ၂၀၁၃ ခုနှစ်၏ အနိမ့်ဆုံးဈေးကို နိုဝင်ဘာ ၂၉ ရက်က စံချိန်ချိုးလိုက်ပြီဖြစ်သည်။

ဒေါ်လာဈေးမှာမူ ရွှေဈေးအနိမ့်ဆုံးရောက်ချိန်တွင် အမြင့်ဆုံးသို့ နိုဝင်ဘာ ၂၉ ရက်က ရုတ်တရက်ရောက်ရှိသွားသည်။

ရွှေဝယ်ထားရင် အရှုံးမရှိပါဘူးဟူသည့် အတွေးအခေါ်၊ ယုံကြည်ချက်တို့ကြောင့် အနိမ့်ဆုံးရွှေဆိုင်များတွင် အထည်၊ အပိုင်း၊ ဖြတ်စတို့ ရောင်းအားမြင့်တက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြောသည်။

“ရွှေဈေးကွက်က ဈေးအနိမ့်တန်းဖြစ်တဲ့ တစ်ကျပ်သား ၆၇၀၀၀၀ ကျပ်ဝန်းကျင်ကတည်းက အ၀ယ်တွေများနေတာ။ ဒီဈေးတန်းဆိုတော့ ၀ယ်သူကြိုက်ဈေးဖြစ်နေလို့ ၀ယ်အားကောင်းတဲ့ ဈေးကွက်ဖြစ်နေတယ်”ဟု အောင်သမာဓိရွှေဆိုင်တာဝန်ခံ ကိုဝင်းငယ်ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများက  ၆၇၀၀၀၀ ကျပ်အောက် စတင်ကျဆင်းချိန်ကတည်းက အနိမ့်ဆုံးရောက်ပြီအထင်ဖြင့် ရောင်းအားစံချိန်တင်ခဲ့သော်လည်း လက်ရှိ ဈေးအနိမ့်တန်းရောက်ချိန်တွင် ထင်ထားသလောက် ၀ယ်အားမများတော့ကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့်လများတွင် တစ်အောင်စ ၁၃၅၀ ဒေါ်လာတန်းရှိနေရာမှ တဖြည်းဖြည်းကျဆင်းလာပြီး ယခုရက်ပိုင်းတွင် ၁၂၄၀ ဒေါ်လာခန့်ထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေဈေးနှုန်းသည် ၁၂၃၅ နှင့် ၁၂၄၀ ဒေါ်လာကြားတွင် ရှိနေသည်။ လေးလခွဲအတွင်း ကမ္ဘာ့ရွှေဈေးသည် အနိမ့်ဆုံးရောက်ရှိပြီး နှစ်ဆန်းပိုင်းဈေးနှင့်ယှဉ်ပါက ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဂါးဒီးယန်းသတင်းစာတွင် ရေးသားထားသည်။

ဒေါ်လာဈေးကွက်မှာ တစ်လျှောက်လုံးဈေးငြိမ်နေရာမှ ရွှေဈေးအနိမ့်ဆုံးရောက်ရှိချိန်တွင် ဒေါ်လာဈေးအတက်မှန်းကာ ၀ယ်သူများခဲ့ခြင်းကြောင့် ရုတ်တရက် အမြင့်ဆုံးဈေးရောက်ရှိသွားခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်တွင် လုပ်သက်ကြာနေပြီဖြစ်သော လုပ်ငန်းရှင်များကပြောသည်။

“ရွှေကျရင် ဒေါ်လာဈေးတွေတက်လာတတ်တာလည်း ထုံးစံဖြစ်နေပြီဆိုတော့ ဒေါ်လာဝယ်စုချင်တဲ့သူတွေရယ်။ ကုန်သွယ်မှုတွေအတွက် ငွေပေးချေတဲ့အချိန်မှာ ဈေးအနိမ့်နဲ့ဝယ်ထားရင် တွက်ခြေကိုက်တယ်ဆိုတဲ့သဘောနဲ့ ၀ယ်ယူကြသူတွေကြောင့် ဒေါ်လာဈေးက ထိုးတက်သွားတာ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနာမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောသည်။

တအိအိကျလာသော ရွှေဈေးနှင့် ရုတ်တရက်မြင့်လာသော ဒေါ်လာဈေးကွက်တို့အကြားတွင် ရင်းနှီးမြှုပ်နှံမှုပြုလိုသူများသည် မိမိမြှုပ်နှံနိုင်မည့်ကာလနှင့် ရွေးချယ်မှုသည် အရေးကြီးလှသည်။

ရွှေနှင့် ဒေါ်လာဈေးနှုန်းများ အတက်အကျကြမ်းပါက နိုင်ငံအကျိုးစီးပွားအတွက်မကောင်းနိုင်ဟု စီးပွားရေးပညာရှင်များက ဆိုသော်လည်း ထိုဈေးကွက်များတွင် ဈေးကစားလိုသူကို အကျိုးများစေမည်ဖြစ်သည်။

“ရွှေက ဒီဈေးတွေထက်တော့ အများကြီးမကျနိုင်တော့ဘူး။ ပြန်တက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကာလသိပ်တိုတယ်ဆိုရင်တော့ ဈေးအတက်မှန်းဖို့ ခက်တဲ့အနေအထားရှိတယ်”ဟု ရွှေဈေးကွက်ကျွမ်းကျင်သူများပြောသည်။

ထို့အတူ ဒေါ်လာဈေးကွက်သည်လည်း အတက်အကျလိုက်ကစားနိုင်ပါက တိုးပွားနိုင်သော်လည်း တက်ဈေးမျှော်မှန်းချက်ကြောင့် ၀ယ်စုမည်ဆိုလျှင်မူ များစွာထိုးတက်နိုင်ခြေနည်းပြီး အကျဘက်တွင် အားသာနေသော အနေအထားရှိနေသည်ဟုဆိုသည်။

သြဇာကြီးမားသော အမေရိကန်ဗဟိုဘဏ်၏ အဆုံးအဖြတ်ကလည်း ယခုဈေးအတက်အကျကြမ်းနေသော ဒေါ်လာနှင့်ရွှေကို ရိုက်ခတ်နေစေသည်။

ယခုဖြစ်ပေါ်နေသော ရွှေဈေးနှုန်းများ အတက်ကြမ်းခြင်း၊ ဒေါ်လာဈေးနှုန်းများမြင့်တက်ခြင်းသည် အောက်တိုဘာတတိယပတ်အတွင်းက အမေရိကန်ဗဟိုဘဏ်၏ အစည်းအဝေးတွင် ၎င်းတို့နိုင်ငံ၏ ဈေးကွက်တွင်းမှ ငွေချေးသက်သေခံလက်မှတ်များကို လစဉ် ၈၅ ဘီလီယံခန့် ၀ယ်ယူနေမှုကို ဗဟိုဘဏ်က ပြန်လည်သုံးသပ်မည်ဟု ဗဟိုဘဏ်အကြီးအကဲ၏ ပြောကြားချက်က နိုင်ငံတကာငွေကြေးဈေးကွက်ကို အကျိုးသက်ရောက်စေခြင်းလည်းဖြစ်နေသည်ဟု နိုင်ငံခြားငွေကြေးဈေးကွက်ကို စောင့်ကြည့်သုံးသပ်နေသူများက ပြောသည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးများ မြင့်တက်သွားပြီး မြန်မာအပါအ၀င် အာရှနိုင်ငံများ၏ ငွေဈေးနှုန်းများသည် ၁ ဒသမ ၆ ရာခိုင်နှုန်းထိ တန်ဖိုးများလျှော့ကျသွားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထိုအစီအစဉ်အရ အမေရိကန်ဗဟိုဘဏ်က ဈေးကွက်တွင်း လစဉ်ထုတ်ပေးနေသော ငွေကြေးများကို တဖြည်းဖြည်းလျှော့ချမည်ဟု ဆိုထားခြင်းကို လာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိကြောင်း သိရသည်။ ဈေးကွက်တွင်းတွင် ငွေထုတ်ရောင်းမှုနည်းလာလျှင် ဈေးကွက်သဘောတရားအတိုင်း ဒေါ်လာတန်ဖိုးများမြင့်တက်လာနိုင်သည်။

“အမေရိကန်က ဒီလိုလုပ်ရင်လည်း သူ့နိုင်ငံရဲ့ အလုပ်လက်မဲ့အနေအထား၊ အလုပ်အကိုင်အနေအထားတွေပေါ်မူတည်ပြီး လုပ်မှာပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ နိုင်ငံခြားငွေ အ၀င်များနေတဲ့ အချိန်ဆိုတော့ ဒီဂယက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ ရေရှည်မှာ ဒေါ်လာဈေးကတော့ကျမှာပဲ”ဟု ငွေကြေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကပြောသည်။

သို့သော် ဒေါ်လာသည် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် တစ်ကျပ်၊ နှစ်ကျပ်တက်ခြင်း၊ ကျခြင်းကလည်း အဆုံးအဖြတ်များတတ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ငွေကြေးဈေးကွက်တွင် ၀င်ရောက်နေမှုအနေအထားပေါ်မူတည်ကာ ဒေါ်လာသမားများ အကျိုးရှာနိုင်မည့် အနေအထားရှိနေသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းပေါ်မူတည်ကာ အ၀ယ်လိုက်ပြီး ဈေးပြောင်းလဲတတ်သော ရွှေဈေးကွက်၏ အနေအထားသည်လည်း ဒေါ်လာနှင့်တိုက်ရိုက်နီးပါး ဆက်စပ်မှုရှိနေသည်။

“ရွှေဈေးကွက် သဘောတရားက အတက်ကြမ်းရင် အကျများနိုင်တယ်။ အခုလို တအိအိနဲ့ကျရင် အတက်က သိပ်မမြန်နိုင်ဘူး။ ဒါပေမဲ့ ဒီဈေးတန်းကတော့ အနိမ့်ဆုံးလည်းဖြစ်နေတော့ ဒီထက်လည်း အများကြီးတော့ မကျနိုင်တော့ဘူး။ ရင်းနှီးမြှုပ်နှံသူတွေ ထားနိုင်ရင်တော့ အတက်ဘက်မှာရှိတဲ့ အနေအထားပါပဲ”ဟု ရွှေဘုံသာလမ်းအပိုင်းဈေးကွက်တွင် အရောင်းအ၀ယ်ပြုလုပ်နေသော အပိုင်းကုန်သည်တစ်ဦးက သုံးသပ်ပြောသည်။

ဒေါ်လာဈေးကွက်တွင် လေ့လာသူများက ဈေးအတက်မများနိုင်ဟု ခန့်မှန်းမှုများရှိနေသော်လည်း ယင်းဈေးကွက်သည် အတက်အကျကစားနိုင်သူများသာ အကျိုးရှိနိုင်မည့် အနေအထားရှိနေသည်ဟုဆိုသည်။

“ပြီးခဲ့တဲ့နှစ်ကဆို တစ်အောင်စကို ၁၉၀၀ ဒေါ်လာအထိ တက်သွားပြီး ပြည်တွင်းဈေးက ၇၉၃၅၀၀ ကျပ်ထိ ရောက်ဖူးထားတာဆိုတော့ အခုဈေးက အနိမ့်တန်းရောက်နေတာဆိုတော့ ရွှေဝယ်ထားဖို့ပဲ တိုက်တွန်းချင်တယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးဝင်းမြင့်က ရွှေနှင့်ဒေါ်လာကြားတွင် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့်
စဉ်းစားနေသူများကို အကြံပြုပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အနည်းငယ်ပြန်တက်လာသော ဈေးဖြစ်သည့် တစ်အောင်စလျှင် ၁၂၄၆ ဒေါ်လာတွင်ရှိနေပြီး ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ၆၅၉၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

အမေရိကန်ငွေလဲနှုန်းများသည် ယခင်က တစ်ယူနစ်လျှင် ၉၇၀ ကျပ်ဝန်းကျင်တွင် ရှိနေရာမှ ၉၉၁ ကျပ်ထိ ရောက်ရှိထားပြီး ဒီဇင်ဘာ ၂ရက်တွင် ၉၈၈ ကျပ်နှုန်းဖြင့် ရောင်းဈေးဖွင့်ထားသည်။

ရွှေနှင့် ဒေါ်လာဈေးနှုန်းများ တိုက်ရိုက်ဆက်စပ်မှုရှိနေသည့် သဘောတရားတစ်ခုက ဈေးတန်းတစ်ခုတွင် ငြိမ်နေခြင်းနှင့် အတက်ကြမ်းခြင်းတို့ ဖြစ်ပေါ်နေမည်ဖြစ်သည်။ လတ်တလောတွင် ရွှေဈေးစံချိန်တင်ကျခြင်းဖြစ်ပေါ်နေပြီး ဒေါ်လာဈေးသည်လည်း လေးရက်ခန့်အတွင်း စံချိန်တင်မြင့်တက်သည့်အနေအထားတွင် ကန်ဒေါ်လာနှင့် ရွှေဈေးနှုန်းတို့အကြား လုပ်ဆောင်နိုင်စွမ်းနှင့် ရွေးချယ်မှုက အရေးကြီးပေသည်။
သိမ့်သိမ့်စိုး
7 Day News Journal

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၁၂-၂၀၁၃) အင်္ဂါနေ့

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





တရုတ်ကိုတန်ပြန်ဖို့ မြန်မာကိုအကူအညီပိုပေးမည့် ဂျပန်


အတွဲ (၁၂)၊ အမှတ်(၄၁)
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မြန်မာနိုင်ငံအား ဂျပန်ယန်းငွေ ၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၁၀)ကို အကူအညီအသစ်အဖြစ်ပေးရန် ကတိပေးလိုက်ခြင်းသည် အာရှဒေသတွင် တရုတ်သြဇာလွှမ်းမိုးမှုကို ဂျပန်နိုင်ငံက တုံ့ပြန်တိုက်ခိုက်သည့် နောက်ဆုံးလတ်တလော ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သည်။

အရှေ့ပင်လယ်မှ ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ယခုနှစ်အတွင်း ဂျပန်နှင့်တရုတ်၏ တင်းမာမှုများကလည်း ပိုမိုဆိုးရွားလာနေသည်။ ပြီးခဲ့သည့်လက တရုတ်ကအဆိုပါဒေသတွင် ၄င်း၏လေကြောင်းကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ကြေညာလိုက်သည့်အတွက် အခြေအနေကို ပိုဆိုးသွားစေသည်။

ဂျပန်ဝန်ကြီးချုပ်မစ္စတာအာဘေးသည် ပြီးခဲ့သည့်တစ်နှစ် သူအာဏာရရှိလာသည့်အချိန်ကတည်းက ဒေသတွင်း တရုတ်၏သြဇာတိုးလာခြင်းကို တုံ့ပြန်ကာကွယ်ရန် အာရှနိုင်ငံများနှင့် ဂျပန်၏မဟာမိတ်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်လာသည်။

ထိုအထဲတွင် သယံဇာတကြွယ်ဝပြီး တရုတ်၏သြဇာလွှမ်းမိုးမှုကို နှစ်ကာလကြာရှည်စွာခံနေရသော မြန်မာနိုင်ငံလည်းပါဝင်သည်။ မြန်မာကလည်း စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးသည့်အချိန်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်အာဘေးက တနင်္ဂနွေနေ့တွင် ဂျပန်သို့ရောက်ရှိလာသည့် မြန်မာသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဒေသတွင်း အဆင်းရဲဆုံးဖြစ်နေသည့် မြန်မာနိုင်ငံ၏ အခြေခံလူနေမှုအဆောက်အအုံများမြှင့်တင်ရန် အကူအညီများပိုပေးရန် ကတိပေးခဲ့သည်ဟု ဂျပန်ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ ဂျပန်သည် တရုတ်နှင့်ရေပိုင်နက်အငြင်းပွားနေသည့် ဗီယက်နမ်ကိုလည်း ယန်းငွေ ၁၀၀ ဘီလီယံ အကူအညီပေးရန် ကတိပေးထားခဲ့၏။    

ဂျပန်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ကပူးပေါင်းဆောင်ရွက်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ကပြောသည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင်ရှိသည့် အဆိုပါစီမံကိန်းကိုဦးဆောင်နေသော အီတာလျံ-ထိုင်းကုမ္ပဏီ၏ ငွေကြေးအရင်းအနှီးနည်းပါးမှုကြောင့် နှောင့်နှေးကြန့်ကြာနေရ၏။

ဂျပန်က ထိုကဲ့သို့မြန်မာတွင် ပိုမိုတက်ကြွစွာလှုပ်ရှားလာရခြင်းမှာ တရုတ်ကို ဒေသတွင်းမှ တိုက်ထုတ်နေချင်သည့် အမေရိကန်၏ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်သည်။ အမေရိကန်နှင့်ဂျပန်သည် တရုတ်အရှေ့ပင်လယ်အတွင်းမှ တရုတ်နိုင်ငံ၏လေကြောင်းကာကွယ်မှုဇုန်နှင့်ပတ်သက်ပြီး အဓိကကန့်ကွက်နေကြသူများဖြစ်ကြသည်။

“ဂျပန်ရဲ့ မြန်မာမှာပတ်သက်မှုကို ဒေသတွင်းအမေရိကန်က တရုတ်ကိုပထုတ်မှုလို့ တရုတ်နိုင်ငံဘက်ကလည်း မြင်နေတာကရှင်းပါတယ်”ဟု အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ရှိ ဂျော့ခ်ျတောင်းတက္ကသိုလ်က မြန်မာ့ရေးရာကျွမ်းကျင်သူ ပါမောက္ခဒေးဗစ်စတိန်းဘတ်ကပြောကြားသည်။

မြန်မာစစ်အစိုးရက ၂၀၁၁ ခုနှစ်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများလုပ်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပခဲ့သည်။ အပြန်အလှန်အားဖြင့် မြန်မာအစိုးရအပေါ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ကလည်း စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သည်။

နိုင်ငံအတော်တော်များများနှင့် နိုင်ငံတကာကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တန်းစီလာနေကြသည်။ မြန်မာ့စီးပွားရေးသမားအချို့ကို ပိတ်ဆို့မှုပြုလုပ်ထားဆဲဖြစ်သည့် အမေရိကန်ပြည်ထောင်စုထက်ပင် ဂျပန်နိုင်ငံက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် ပိုပြီးတက်ကြွနေသည်။

မြန်မာအပေါ်တင်နေသည့်အကြွေး အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံနီးပါးကို ဂျပန်ကလျှော်ပစ်ခဲ့သည်။ ယခုအချိန်ထိဆိုလျှင် ၀န်ကြီးချုပ်ရှင်ဇိုအာဘေး အာဏာရလာကတည်းက မြန်မာကိုအကူအညီပေးသည့်ငွေမှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရှိနေပါပြီ။ ရန်ကုန်အနီးရှိ ဧက ၂၀၀၀ ရှိ သီလ၀ါစက်မှုဇုန်ကိုလည်း ဂျပန်က ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

သို့သော်လည်း မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသော တရုတ်နိုင်ငံက မြန်မာ၏အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူအဖြစ် ယခုထိရှိနေဆဲဖြစ်ပါသည်။ တရုတ်က မြန်မာတွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်ထားပြီး မြန်မာ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသည်။ ဂျပန်၏မြန်မာတွင် မြှုပ်နှံမှုမှာ ဒေါ်လာ ၂၉၂ သန်းသာ ရှိပါသေးသည်။

ဂျပန်၏ မြန်မာတွင် ပတ်သက်မှုအခန်းကဏ္ဍကြီးထွားလာသည်ကို တရုတ်က ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်မနေပါဟု တရုတ်နိုင်ငံကငြင်းဆိုပါသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ရန်ဟူလျန်းက မေးမြန်းခန်းတစ်ခုတွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးဟာ မြန်မာအတွက် ကံကောင်းခြင်းတွေပါ။ သူတို့ဝင်လာတာက ကျွန်တော်တို့က ထွက်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး”ဟု ဖြေကြားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် မြန်မာတွင် တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ခဲ့ကြသည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံမြှုပ်နှံထားသော တရုတ်၏သဘာဝဓာတ်ငွေ့ပိုက်လိုင်းကလည်း မကြာသေးမီလပိုင်းကမှ ဖွင့်လှစ်ခဲ့သည်။

သို့သော်လည်း တရုတ်နှင့် မြန်မာစီးပွားရေးဆက်နွှယ်မှုတွင် ပြဿနာများစွန်းထင်းလာခဲ့သည်။ တရုတ်၏ဧရာဝတီမြစ်ဆုံစီမံကိန်းကို သဘာ၀၀န်းကျင်ထိခိုက်မှု အကြောင်းပြချက်ဖြင့် မြန်မာအစိုးရကပယ်ဖျက်ခဲ့သည်။ အခြားစီမံကိန်းများမှာလည်း ဆန္ဒပြမှုများဖြင့် ရင်ဆိုင်နေရသည်။

“တရုတ်ကုမ္ပဏီတွေဟာ မြန်မာက သယံဇာတတွေကိုပဲ ထုတ်ယူဖို့စိတ်ဝင်စားတယ်။ သူတို့က စစ်အစိုးရဆီက မျက်နှာသာရအောင်လုပ်ပြီး သဘာ၀၀န်းကျင်အတော်များများကို ဖျက်ဆီးပစ်နေတယ်”ဟု ထားဝယ်စီးပွားရေးဇုန်၏ ဖွံ့ဖြိုးမှုများကို စိစစ်နေသော ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့က ဒါရိုက်တာအဖွဲ့ဝင် ဦးရဲလင်းမြင့်ကပြောကြားသည်။

ဂျပန်နိုင်ငံ၏ ထားဝယ်စီမံကိန်းတွင် ပါဝင်ပတ်သက်လာမှုသည် တရုတ်စီးပွားရေးနယ်ချဲ့များ၏ ကျူးကျော်မှုကိုတားဆီးနိုင်မည်ဟု သူကမျှော်လင့်ထားသည်။

စင်ကာပူအခြေစိုက် တရုတ်ရေးရာကျွမ်းကျင်သူ နိုင်ငံရေးပညာရှင် ဂျွန်လီကတော့ မြန်မာတွင် တရုတ်၏အလိုမကျဖြစ်မှုများသည် ဂျပန်နိုင်ငံအတွက် လမ်းဖွင့်ပေးသလိုဖြစ်လာမည်ဟု သုံးသပ်ပါသည်။ သို့သော် တရုတ်နိုင်ငံကတော့ သူ၏မဟာဗျူဟာမြောက်သော နေရာဒေသမှ ဆုတ်ခွာလိုစိတ်ရှိဟန်မတူဟု ဂျွန်လီကပြောသည်။

“တရုတ်က မြန်မာမှာ နိုင်ငံရေးအရ ပတ်သက်မြှုပ်နှံမှုတွေ ဆက်လုပ်ချင်ရင်တော့ ဂျပန်လုပ်ငန်းတွေအတွက် ခြေကုပ်ရဖို့ခက်လိမ့်မယ်”

(The Wall Street စာစောင်ပါ Abe Pledges More Aid for Myanmar ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

ပြည်သူ့ခေတ်သတင်းဂျာနယ် အတွဲ(၄) အမှတ်(၁၇၇)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ရန် ပျူမြို့ဟောင်း သုံးမြို့ထဲမှ ဟန်လင်းမြို့ဟောင်းအားလာမည့် ဇန်န၀ါရီတွင် လာရောက်စစ်ဆေးမည်



ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ခေတ်ပြိုင်အထောက်အထားများ တောင်းခံနေပြီး နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် ဟန်လင်းမြို့ဟောင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း ICOMOS မှ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။ “ လာရောက်စစ်ဆေးတဲ့အဖွဲ့တွေက တော်တော်လေးကို တိတိကျကျတောင်းနေတယ်။ အဓိက ကတော့ သမိုင်းအထောက်အထားပါ။ ပျူတွေရဲ့ သမိုင်းကြောင်းက ဒီလောက်အထိရှိခဲ့ပြီးမှ ခေတ်ပြိုင်အထောက်းက ဘာလည်းပေါ့။ အန်ကယ် ခပ်လျော့လျော့ပြောတာတော့ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးရဲ့ စံနှုန်းနဲ့ သတ်မှတ်တယ်ဆိုတော့ ဖြစ်ချင်မှလည်း ဖြစ်လာမယ်။ တစ်ခုတော့ ရှိတာပေါ့၊ ဟိုတုန်းကဘယ်လိုပဲ တင်ပြ တင်ပြ လာမစစ်ဆေးပေးပေမဲ့ အခုတော့ လာစစ်ဆေးပေးတယ်”  ဟု ဦးအေးမြင့်ကြူက ဆိုသည်။  
       
ကမ္ဘာ့အမွေအနှစ် စာရင်းသတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများနှင့် နေရာဒေသများဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ICOMOS မှစစ်ဆေးရေးအဖွဲ့များက အောက်တိုဘာလ ပျူမြို့ဟောင်း တစ်ခုဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းရှိ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်ရှိသည့် ရှေးဟောင်းအဆောက်အအုံများအား စစ်ဆေးခဲ့ပြီး အခြားပျူမြို့ဟောင်း တစ်ခုဖြစ်သည့် ဗိဿနိုးမြို့ဟောင်းကိုလည်း ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့များ အနက်မြို့ပြများအဖြစ် တည်ထောင်နေထိုင်သည့် ခေတ်ကာလတွင် အစောဆုံးတည်ထောင်ခဲ့ကြသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူခေတ်မြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အဆိုပြုအမည်စာရင်းကို ကမ္ဘာ့အမွေအနှစ်ဗဟိုဌာနသို့ ပေးပို့ခဲ့ရာ ၎င်းတို့က လက်ခံခဲ့ပြီးဖြစ်ကာ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်/မဖြစ်အား ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
eleven media group

အင်တာနက်ဂျာနယ် အတွဲ(၁၅) အမှတ်(၁)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





(ဗ.က.သ) များ အဖွဲ့ချုပ်မှ ပထမအကြိမ် မျက်ကြည်လွှာလှူဒါန်းခြင်း ပြုလုပ်


ရန်ကုန်၊ ဒီဇင်ဘာ ၃၁။

(ဗ.က.သ)များအဖွဲ့ချုပ်မှ မျက်ကြည်လွှာလှူဒါန်းခြင်း အခမ်းအနား ကို ယမန် နေ့လည်(၁း၀၀)နာရီက မျက်စိအထူးကုဆေးရုံကြီး(ရန်ကုန်)၊ အမျိုးသားမျက်စိဘဏ်ဌာနတွင် ပြုလုပ်ခဲ့ကြသည်

အဆိုပါမျက်ကြည်လွှာလှူဒါန်းပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ(ဗ.က.သ)များ အဖွဲ့ချုပ်ကျောင်းသား၊ ကျောင်းသူများမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂတွင် ပါဝင်သော ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သန်လျင်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(သန်လျင်)နှင့် အခြေခံပညာ ကျောင်းသားများသမဂ္ဂ(ရန်ကုန်တောင်ပိုင်းခရိုင်)တို့မှ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း(၂၄)ဦး ပါဝင်လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။

မျက်ကြည်လွှာလှူဒါန်းရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့တဲ့ အချိန်မှာ သက်ရှိထင်ရှား ကျန်ရစ်မယ့် မျက်စိအလင်းမရသူတွေ မျက်စိအလင်းရရှိစေဖို့ ဒီဇီဝိတဒါန အလှူကို လုပ်ရတာပါ” ဟု (ဗ.က.သ)များအဖွဲ့ ချုပ်ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောကြားသည်။

မျက်ကြည်လွှာလှူဒါန်းရခြင်းနှင့် ပတ်သက်၍ အကျိုးကျေးဇူးများ၊ ဆောင်ရန်၊ရှောင် ရန်စည်းကမ်းချက်များနှင့် မျက်စိအထူးဂရုစိုက်ပုံ အဆင့်ဆင့်ကို မျက်စိအထူးကု ဆရာဝန် ကြီး ဒေါက်တာညွန့်အောင်နှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင် ဆရာမဒေါ်နော်ဖြူဖြူတို့က ရှင်းလင်းပြောကြားခဲ့သည်။
The Myanma Age

လွတ်လပ်ရေးအတွက် မိန့်မှာချက်


လွတ်လပ်ရေး ကို လူတိုင်း နှစ်သက် ကြသည်။ မြတ်နိုး ကြသည်။ သို့သော် လွတ်လပ်ရေး ကို ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် လွတ်လပ်ရေး ကို တန်ဖိုးထားရန် လေးစား လိုက်နာရမည့် အချက်များကို လူအများ သတိမမူ မိဘဲ ရှိနေ ကြသည်။

လွတ်လပ်ရေး နှင့် ပတ်သက်၍ ပြည်သူများ လိုက်နာ ရမည့် အချက်မှာ စည်းကမ်း ရှိရမည်။ ညီညွတ်မှု ရှိရမည်။ ထူထောင်ရေး လုပ်ငန်းများ လုပ်ရမည်။ အလုပ်ကို ကြိုးစား လုပ်ကိုင်ရမည် စသည်တို့ ဖြစ်သည်။ ထိုအချက် များမှာ ရရှိပြီးသော လွတ်လပ်ရေး ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက် ရာ၌ မဖြစ်မနေ ဆောင်ရွက် ရမည့် အချက်များ ဖြစ်သည်။

လွတ်လပ်ရေး နှင့် ပတ်သက်၍ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က လူထုကို မိန့်ခွန်း ပြောကြားရာ၌ '' လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ စည်းကမ်း ရှိကြပါ။ လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ ညီညွတ်မှု ကို ထိန်းသိမ်း ကြပါ။ လွတ်လပ်ရေး ကို လိုချင်ရင် လွတ်လပ်ရေး ရနိုင် လောက်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစား စံစား ချင်တယ်ဆိုရင် အလုပ်လုပ် ကြဖို့ စည်းကမ်း ရှိကြဖို့ ...'' အစ ရှိသည်ဖြင့် မှာကြား ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း ၏ အထက်ပါ မိန့်ခွန်းမှာ (၆၇) နှစ်ကြာ ခဲ့ပြီ ဖြစ်သော်လည်း ပြည်သူတို့ ယနေ့တိုင် မမေ့နိုင် မှတ်မိနေဆဲ ဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်ချုပ် ၏ မိန့်ခွန်းကို မမေ့ပင် မမေ့ငြား သော်လည်း မှာကြားခဲ့သည့် လိုက်နာ ကျင့်သုံး ရမည့် အချက်များကို ပြည်သူများ မေ့ကောင်း မေ့နေ ပေမည်။

ဗိုလ်ချုပ် မိန့်ကြား ခဲ့သည့် အတိုင်း စည်းကမ်း ရှိကြပါ၏လော ၊ ညီညွတ်မှုကို ထိန်းသိမ်း ကြပါ၏လော ၊ ထူထောင်မှုကို လုပ်ကြ ပါ၏လော ၊ အလုပ်ကို ကြိုးစား လုပ်ကိုင် ကြပါ၏လော ဟူ၍ ပြည်သူ များအနေဖြင့် မိမိတို့ကိုယ် မိမိတို့ ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်ရန် လိုပါသည်။

သို့ဖြစ်ရာ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး နှင့် ပတ်သက်သည့် မိန့်ကြားချက်ကို မမေ့ပါဟု ဆိုပါက ပြည်သူတိုင်း ကိုယ်စီ လိုအပ်ချက် များကို မိန့်မှာချက် အတိုင်း လိုက်နာ ကျင့်သုံး ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တင်ပြ ရေးသားလိုက် ရပေသည်။

( ၃၁-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )
မြ၀တီ

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များ ပြန်လည်ပြင်ဆင်မည်


အောက်တိုဘာလ ၁ ရက်မှစတင်၍ သတ်မှတ်ခဲ့သည့် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးနှုန်း စံသတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် အစီအစဉ် ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ၂၀-၁၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ လက်ရှိ သက်မှတ်ထားသည့် အိမ်ခြံမြေစံနှုန်းများတွင် လက်ရှိပေါက်ဈေးများနှင့် အဆမတန်ကွာဟနေသည့် မြို့နယ်များလည်းရှိနေပြီး ထိုမြို့နယ်များ၏ အိမ်ခြံမြေ စံနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကာ ယခုသတ်မှတ်ထားသည့် စံနှုန်းနှင့် လက်ရှိတွင် ဈေးနှုန်း အပြောင်းအလဲဖြစ်လာသော နေရာများကိုလည်း စံနှုန်း ပြန်လည် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ သတ်မှတ်ပေးထားတဲ့ စံဈေးနှုန်းတွေအားလုံးကို ပြန်ပြင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြင်ပပေါက်ဈေးနဲ့ သတ်မှတ်ထားတဲ့ ဈေးကွာဟနေတာတွေကို ပြန်ပြင်မယ်။ တချို့ကလမ်းကျဉ်းနဲ့ လမ်းကျယ်ဈေးနှုန်းတွေမှာ ပြင်ပပေါက်ဈေးနဲ့ ကွဲလွဲနေတာလေးတွေ ရှိတယ်။ အဲဒါလေးတွေကို ပြန်သတ်မှတ်မယ်။ အဲဒီအတွက် အခုစာရင်းတွေ ပြုစုနေပြီ။ လာမယ့် ၃ လပိုင်းမှာ အထက်ကို ပြန်တင်ပြပြီးတော့ အတည်ပြုချက်ရရင် အသစ်သတ်မှတ်ချက်တွေကို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။ ဒဂုံတောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ သာကေတ အစရှိသည့် မြို့နယ်များရှိ စံဈေးနှုန်းများကိုလည်း ပြန်လည်ပြင်ဆင် သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

အကျဉ်းသားငါးဦးအား နိုင်ငံ့အကျိုးအတွက် လွတ်ငြိမ်းသက်သာခွင့်ပြု


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ တင်ပြခဲ့သည့် အကျဉ်းထောင်၊ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သည့် အကျဉ်းသား ငါးဦးတို့အား နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် အများပြည်သူတို့နှင့်အတူ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄(က)နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ ပုဒ်မခွဲ(၁)အရ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့မှစ၍ ကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

လားရှိုးတွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်းရုံးဖွင့်လှစ်


လားရှိုး၊ ဒီဇင်ဘာ ၃၀။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ)  ရှမ်းပြည်နယ်မြောက်ပိုင်း ရုံးချုပ်ကို ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းမှ ဒီဇင်ဘာ ၃၀တွင် ဖွင့်လှစ်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင်“ကျွန်တော်တို့ ကုမ္ပဏီရဲ့အဓိက၀င်ငွေကတော့ ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ ရှာဖွေတူးဖေါ်ရေး လုပ်ငန်းပဲ ဖြစ်ပါတယ်။ ရှာဖွေတူးဖေါ်ရတဲ့ကျောက်မျက်ရတနာတွေကိုတော့ နိုင်ငံတော်ကကျင်းပတဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာပြသပြီး အများရှေ့မှာပဲဈေးပြိုင်စနစ်နဲ့ ရောင်းချပါတယ်၊ ရောင်းရငွေတွေကိုတော့ သက်ဆိုင်ရာအခွန်အခတွေပေးချေပြီးတော့ နိုင်ငံပိုင်နဲ့နိုင်ငံခြားပိုင် ဘဏ်တွေမှာအပ်နှံထားပြီး စီးပွားရေး လုပ်ငန်းကြီးတွေကို ဆောင်ရွက်ထားပါတယ်။ တကယ်တော့အာမခံလုပ်ငန်းဆိုတာပြည်သူတွေရဲ့ အသက်၊ အိုးအိမ်နဲ့ဥစ္စာပစ္စည်းအရပ်ရပ်တွေရဲ့ ဆုံးရှံးမှုကို အစားထိုး ကာကွယ်ပေးတဲ့ လုပ်ငန်းပါ၊ပြည်သူများရဲ့ အသက်နဲ့ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှံးခဲ့ရင်တောင်မှ ပြန်ပြီး အစားထိုးတည်ဆောက်မှုနဲ့ စီးပွားရေး အဆောက်အအုံ ကုန်ပစ္စည်းများဆုံးရှံးခဲ့ရင် ပြန်ဖြည့်ဆည်းတည်ဆောက်နိုင်ရေးအတွက် အနည်းငယ်သော အာမခံပရီမီယံကို ပေးဆောင်ခြင်းဖြင့် ကာကွယ်ပေးသွားမှာဖြစ်လို့ အာမခံလုပ်ငန်းကိုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာမောင်မောင်သိန်းကပြောသည်။
ပြည်သူ့အခြေခံဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှ ယနေ့ခေတ်နိုင်ငံတော်အစိုးရသစ်ကနေ နိုင်ငံတော်ကြီးပွား တိုးတက်ရေးနှင့် ပြည်သူများ၏ အသက်အိုအိမ်စည်းစိမ်များ ကာကွယ်ရေးအတွက် အရေးကြီးလှသည့် အာမခံလုပ်ငန်းရပ်ကို ပုဂ္ဂလိကကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရန် အတွက် ယခင်နှစ်က စတင်ခဲ့ကြောင်း ဆက်လက် ပြောသည်။

“ဒီလိုအာမခံလုပ်ငန်းဆိုတာ လုပ်သင့်တာကြာပြီ၊ ကျွန်တော်အရမ်း သဘောကျတယ်၊ဘာလို့လဲဆိုရင် အရင်ကလူတစ်ယောက်ပေါ့ဗျာ တစုံတခုဖြစ်ပြီဆိုရင် ဘာတခုမှရပိုင်ခွင့်မရှိခဲ့ဘူး ထိခိုက်တာလဲမရ ဆိုင်ကယ်ကား တစ်ခုခုနဲ့ တိုက်မိရင်လည်း ဘာကြေးမှမရဘူး၊ အခုလိုအာမခံလုပ်ငန်းတွေရှိတော့ လူအသက်အာမခံယာဉ်၊ ရေ၊မီး၊သဘာဝဘေးအန္တရာယ်အားလုံးကိုပေါ့နော် အာမခံထားခြင်းအာဖြင့် တခုခုနဲ့ ကြုံခဲ့ရင်တောင် အာမခံကြေးရှိတော့ နေထိုင်လုပ်ကိုင်စားသောက်ရတာ ပေါ့ပါးတာပေါ့ဗျာ”ဟု တပ်ထွက်အငြိမ်းစားတစ်ဦးကပြောသည်။

စိုးမင်းနိုင်
The Myanma Age

သြစတြေးလျ အကူအညီဖြင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်မည်


မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် သိုး၊ ဆိတ်၊ နွား၊ တိုင်းရင်းကြက် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်၍ သုတေသန စီမံကိန်းတရပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ရန်ကုန် တိုင်းမ် သတင်းစာ၌ ဖော်ပြထားသည်။ ယင်းစီမံကိန်းကို မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနနှင့် သြ စတြေးလျနိုင်ငံမှ ကွင်းစလန်း၊ မဲလ်ဘုန်း တက္ကသိုလ်များမှ ပညာရှင်များ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများ၏လိုအပ်ချက်များဖြည့်စည်းနိုင်ရန်မြန်မာပြည်သူ့ဖိုရမ်က" ဆောင်ရွက်သွားမည်


မြန်မာနိုင်ငံရှိ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အသံများကို စုစည်းထုတ်ဖော်၍ အာဆီယံပြည်သူ့ဖိုရမ်အတွက် ကြိုတင်ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ကျင်းပသော မြန်မာပြည်သူ့ဖိုရမ်ကို ၃၀-၁၂-၂၀၁၃ ရက်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်း၊ MCC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်ကို အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၁၆၅ ဖွဲ့နှင့် တသီးပုဂ္ဂလပေါင်း ၆၅၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ထိုဖိုရမ်ပွဲကို MCC ခန်းမတွင် သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး တရားမျှတမှုနှင့် လူ့အခွင့်အရေးဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးစသော ခေါင်းစဉ်လေးခုဖြင့် အလုပ်ရုံဆွေးနွေးပွဲပေါင်း ၁၈ ခုပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ သုံးသပ်ချက်များအပေါ်တွင် အခြေပြု၍ မြန်မာပြည်သူဖိုရမ်သို့ တက်ရောက်သူများက အကြံပြုဝေဖန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့အပြင် မြန်မာပြည်သူဖိုရမ်သို့ တက်ရောက်လာသူများကလည်း နိုင်ငံတော်အစိုးရအပေါ် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ပတ်သက်၍ ၁၇ ချက်၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ၁၃ ချက်၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၁၃ ချက်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ၁၂ ချက်အသီးသီး အကြံပြု တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ထောက်ခံတင်ပြ တိုက်တွန်းချက်များသည် မြန်မာနိုင်ငံ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ပိုမိုကောင်းမွန်လာစေရန် အကြံပြုချက်ဖြစ်၍ အဆိုပါ တိုက်တွန်းချက်များကိုလည်း နိုင်ငံတော်အစိုးရက အရေးယူ ဆောင်ရွက်ပေးသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆက်လက်၍လည်း အာဆီယံ ပြည်သူဖိုရမ်တွင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
khit lu nge

မင်းမဲ့စရိုက်ဆန်ဆန်သောင်းကျန်းလာကြသော ကျုးကျော်တဲထိုးသူတွေကို ဥပဒေနဲ့အညီအရေးယူဖို့ ရန်ကုန်တိုင်းအစိုးရ စီစဉ်နေပြီ


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်တို့တွင် ကျူးကျော်အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သူတို့ (ကျူးကျော်နေထိုင်သူများ)ကို မြေကွက်တွေ ချထားပေးမယ်ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ။ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ” ဟု ၄င်းက ဆိုသည်။ ပန်းလှိုင်မြစ်ကမ်းပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်းပြောင်းရွှေ့ပေးရန် စာဖြင့်ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများ ဆောက်လုပ်ခြင်းဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြောကြားသည်။ လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာတစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည်ဆိုသော သတင်းများ ဒီဇင်ဘာလဆန်းပိုင်းက ထွက်ပေါ်လာပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူနေကြပြီး ပန်းလှိုင်မြစ်ကူးတံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများတွင်လည်း “ဆင်းရဲဒုက္ခရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်း မြေနုကျွန်းပေါ်တွင် ခေတ္တယာယီ တဲထိုးနေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ရှိပြီး ယင်းတို့အထဲတွင် သာသနာ့အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။

 “သူတို့က ဒီမှာ မင်းမဲ့စရိုက်ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့ မြေကွက်လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်းစားတယ်” ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ယင်းအပြင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက်အအုံများ ဝင်ရောက် ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge

ကိုကိုရေ လက်မသရမ်းနဲ့နော်


ပုထုဇဉ် ယောက်ျား နှင့် မိန်းမတို့ အိမ်ရာထောင် ကြသည်မှာ ကမ္ဘာဦး ကတည်းက ရှိခဲ့သည်။ သို့သော် ယနေ့ ပစ္စက္ခကာလ လူသားတို့သည် ကမ္ဘာဦး လူသားတို့ထက် အသိဉာဏ်ပညာ ပိုမိုကြသည်။ လူမှု ယဉ်ကျေးမှု ထွန်းကား ခဲ့သည်။ လူသားချင်း စာနာ ထောက်ထား တတ်ကြသည်။ ယောက်ျား နှင့် မိန်းမတို့ တစ်ဦးနှင့် တစ်ဦး မေတ္တာ သက်ဝင် ချစ်ခင်စုံမက် ကြလျှင် ယဉ်ကျေးမှုအရ နှစ်ဖက် မိဘဆွေမျိုးများ သဘောတူ ခွင့်ပြုချက် အရ လက်ထပ် ပေါင်းသင်း နေထိုင် ကြသည်။ ထိုကဲ့သို့ မိသားဖသား ပီပီ လပ်ထပ် ပေါင်းသင်း ကြသည်ကို လူသားတိုင်း လက်ခံ ကြသည်။

သို့သော် အချို့သော သူတို့ကား ထိုသို့ မဟုတ်ချေ။ အားနွဲ့သည့် မိန်းမများကို ခွန်အား ကြီးမားသော ယောက်ျား များက ကိလေသာ ဇောရမ္မက်ဖြင့် လက်သရမ်း ကြသည်။ အနိုင်အထက်ပြု ၊ လက်ရောက် မှုများကို ကျူးလွန် တတ်ကြသည်။ အချို့သော မိန်းမများ ကလည်း မိန်းမ အချင်းချင်း ကိုပင် အနိုင်အထက် လက်ရောက်မှု ကျူးလွန်တတ် ကြသည်။ ထိုသို့ ကျူးလွန်ခြင်း ခံရသော မိန်းမ၏ ကာယိနြေ္ဒ ကိုပျက်စီး စေရန် အကြံဖြင့် ဖြစ်စေ ၊ ကာယိနြေ္ဒ ပျက်စီး စေမည်ကို သိလျက်ဖြင့် ဖြစ်စေ ပြုလုပ် ကြသည်။ မိန်းမက သဘောမတူ ၊ ခွင့်မလွှတ် ၊ မကြည်ဖြူ ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ အရ တရားစွဲဆို အရေးယူခြင်း ခံရပေမည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ ။ ။ မည်သူမဆို မိန်းမ တစ်ဦး၏ ကာယိနြေ္ဒ ပျက်စီးစေရန် အကြံဖြင့် သော် လည်းကောင်း ၊ ကာယိနြေ္ဒ ပျက်စီး စေတန်ရာ သည်ကို သိလျက်နှင့် သော် လည်းကောင်း ၊ ထိုမိန်းမကို လက်ရောက် ကျူးလွန်လျှင် သို့တည်းမဟုတ် ပြစ်မှု မကင်းသော အနိုင်အထက် ပြုမှုကို ပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်း ထားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၅၄ ကို ပြဋ္ဌာန်းခြင်း သည် ကာမရာဂ နှင့် စပ်လျဉ်း၍ သော် လည်းကောင်း ခွန်အားကြီး သူက အားနွဲ့သည့် အမျိုးသမီး များကို ကာယိနြေ္ဒ ပျက်စီးမှု အတွက် လည်းကောင်း အကာအကွယ် ပြုရန်အတွက် ဖြစ်သည်။ အားနွဲ့သည့် အမျိုးသမီးများ ကို စော်ကားလျှင် ခံရသူသည် အရှက်တကွဲ အကျိုးနည်း ဖြစ်စေ နိုင်သည်။ မြင်ရကြားရ သူများ သည်လည်း မခံချင်စရာ ဒေါသဖြစ်ပြီး ရာဇဝတ်မှုများ ကျူးလွန် နိုင်လေသည်။ ထို့ကြောင့် လူ့လောက ယဉ်ကျေးမှု ပျက်ပြားခြင်း နှင့် လူမှုဒုက္ခ အပေါင်းမှ ကင်းဝေးစေရန် ဥပဒေများ ပြဋ္ဌာန်း တားမြစ် ထားခြင်း ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်း ရခြင်းသည် ပြစ်မှု ကျူးလွန်သူကို ဥပဒေအရ အရေးယူ ဆောင် ရွက်ပြီး ပြစ်မှု ထင်ရှားပါက ထိုက်သင့်သည့် အပြစ်ဒဏ်များ ပေးရန်နှင့် ပြစ်မှုများ ကျူးလွန်ခြင်းမှ ကင်းဝေး စေရန်အတွက် ဖြစ်ပေသည်။ ဥပဒေသိ က ဥပဒေဘောင် အတွင်း နေထိုင်ခြင်းဖြင့် ဘေးကင်း ရန်ကွာ စိတ်ချမ်းသာ နေရလိမ့်မည် ဖြစ်ကြောင်း ၊ စေတနာကောင်း နှင့် ရေးသား လိုက်ရပေသည်။

ရှေ့နေ ဦးဝင်းကြည်(စဥ့်ကိုင်)

မလေးရှားမှာ မြန်မာအလုပ်သမားတွေကို ရန်ပြုခဲ့တဲ့ အင်ဒိုနီးရှားတွေကို မလေးရဲက အရေးယူတော့မည်



ဖျာပုံ မီးငြှိမ်းရန်အသွား မီးသတ်ယာဉ်တိမ်းမှောက်၊ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး


ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ၁၂ ရပ်ကွက်ရှိ စက်မှုလယ်ယာဝင်း အတွင်းတွင် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်း သောကြောင့် ဖျာပုံမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းရန် မီးသတ်ယာဉ်နှစ်စီး သွားရောက်စဉ် မီးသတ်ယာဉ်တစ်စီးမှာ အရှိန်လွန်ပြီး တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ် တပ်သားတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်မီးသတ် တပ်ဖွဲ့ဝင် ငါးဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

စက်မှုလယ်ယာဝင်း အတွင်းရှိ ကုန်သွယ်လယ်ယာအဆောက်အအုံ အနီးတွင် ဆောက်လုပ်ထားသော နေအိမ်တွင်း မျက်နှာကြက်၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ကျွမ်း ခဲ့ချိန်တွင် မီးငြှိမ်းသတ်ရန် ရောက်ရှိလာသော မီးသတ်ယာဉ်နှစ်စီး အနက် မီးသတ်ယာဉ် တစ်စီးမှာ အမှတ် (၂) လမ်းအတွင်းမှ မီးလောင်နေရာသို့ ဝင်ရောက်စဉ် ယာဉ်ရှေ့ရှိ ဆိုင်ကယ်ကို ဖြတ်ကျော်ရာမှ အရှိန် မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင်း နေသူများထံမှ သိရှိရသည်။

"မီးသတ်ကားက ဥသြဆွဲပြီး လမ်းထဲကို အရှိန်နဲ့ ဝင်လာတုန်း လမ်းပေါ်မှာ ဆိုင်ကယ်က ရပ်ထားတာကြောင့် လမ်းဘေးက ဝိုက်ပြီး ကျော်တက်တာ။ လမ်းက တစ်ဖက်နိမ့် ဖြစ်နေပြီး မီးသတ်ကားပေါ်မှာ ရေဝိတ်ပါတာကြောင့် ကားက စောင်းပြီး လိမ့်ထွက်သွားတာ" ဟု မျက်မြင် တွေ့ရှိခဲ့သော ကိုဇေယျာထွန်းက ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်စဉ် သန္ဓေမီးသတ်တပ်သား ကိုကျော်ဖြိုးဇင်မှာ ရေတိုင်ကီအောက်တွင် ပိမိနေသဖြင့် အနီးရှိ လူ ၂၀ ဦး ကျော်ခန့်က မီးသတ်ယာဉ်ကို ဝိုင်းတွန်းကာ ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မရရှိသောကြောင့် အနီးရှိ ဆီဆိုင်မှ ကရိန်းယာဉ်၏ အကူအညီဖြင့် ဆွဲထုတ်နိုင်ခဲ့သော်လည်း ကိုကျော်ဇင်ဖြိုးမှာ ခါးကို ရေတိုင်ကီ ပိထားသော ဒဏ်ကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ဖျာပုံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"မီးလောင်တဲ့အိမ်ကို ကျန်တဲ့ မီးသတ်ယာဉ် တစ်စီးက နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်။ ယာဉ်တိမ်းမှောက် တုန်းက လွင့်စဉ်ပြီး ပွန်းပဲ့ ဒဏ်ရာရရှိသွားတဲ့ သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ ငါးဦးကို ရပ်ကွက်ထဲက လူတွေက ဆိုင်ကယ်နဲ့ ဆေးရုံလိုက် ပို့ပေးခဲ့တယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်ပိုင်ရှင် ဦးကျော်ကျော်ဦးကို ဖျာပုံမြို့နယ် ရဲစခန်းမှ (ပ) ၃ဝ၈/ ၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်းနှင့် မီးသတ်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ယာဉ်မောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသထားပြီး အမှုနှင့် ပတ်သက်၍ ယာဉ်ထိန်း တပ်ဖွဲ့စုမှ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဖျာပုံမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly Myanmar

ရန်ကုန်တွင် ကျူးကျော်အလုံးအရင်း တိုးပွားမှု အရေးယူတော့မည်


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် တွံတေးမြို့နယ် တို့တွင် ကျူးကျော် အိမ်ခြေများ အလုံးအရင်း တိုးပွားနေမှုကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျူးကျော်အိမ်ခြေ တည်ဆောက်မှု ပြဿနာများကို သေချာစွာ စိစစ်နေသောကြောင့် အရေးယူမည့် အချိန်ကာလ ကိုမူ လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိကြောင်း အဆိုပါ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
"သူတို့ (ကျူးကျော်နေထိုင်သူများ) ကို မြေကွက်တွေ ချထားပေးမယ် ဆိုတဲ့ သတင်းတွေက လျှောက်ပြောနေတာပါ၊ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမှာပါ" ဟု ၄င်းကဆိုသည်။

ပန်းလှိုင်မြစ်ကမ်း ပေါ်တွင် နေထိုင်သူများမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၄င်းတို့၏ နေအိမ်များကို ဒီဇင်ဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စာဖြင့် ညွှန်ကြားထားသဖြင့် နေစရာမြေ မရှိခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်ကာ တောများခုတ်ထွင် ရှင်းလင်း၍ နေထိုင်ရန် တဲများဆောက်လုပ်ခြင်း ဖြစ်ကြောင်း အိုးအိမ်မဲ့ တည်ဆောက်ရေး ခေါင်းဆောင် ဦးကျော်ထက်နိုင်က ပြော ကြားသည်။

လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာ တစ်လျှောက်တွင် အစိုးရက မြေကွက်များ ချထားပေးမည် ဆိုသော သတင်းများ ဒီဇင်ဘာ လဆန်းပိုင်းက ထွက်ပေါ်လာ ပြီးနောက် ယင်းနေရာများတွင် မြေကွက်များကို ဦးယူ နေကြပြီး ပန်းလှိုင်မြစ်ကူး တံတားအနီး ပန်းလှိုင်မြစ်ကမ်း တစ်လျှောက်ရှိ မြေနုကျွန်းများ၊ ဥယျာဉ်ခြံများ တွင်လည်း “ဆင်းရဲဒုက္ခ ရောက်နေသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများ သောင်ထွန်းမြေနုကျွန်း ပေါ်တွင် ခေတ္တယာယီ တဲထိုး နေထိုင်ရာဒေသ” ဟူ၍ ဗီနိုင်းပိုစတာများ စိုက်ထူကာ အဆောက်အအုံများ ထောင်နှင့်ချီကာ ဆောက်လုပ်လျက်ပြီး ယင်းတို့အထဲတွင် သာသနာ့ အဆောက်အအုံ တစ်ခုလည်း ပါဝင်သည်။

"သူတို့က ဒီမှာ မင်းမဲ့စရိုက် ဆန်ဆန်ပဲ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေလည်း ဒီအတိုင်း ကြည့်နေရတယ်။ ဒီမှာရှိတဲ့မြေကွက် လပ်မှန်သမျှ သူတို့ကလွဲပြီး တခြားလူ မဦးရဘူး။ တဲထိုးပြီးရင် တခြားလူကို ပြန်ရောင်း စားတယ်" ဟု တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စုတွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

ယင်းအပြင် လှိုင်သာမြို့နယ်၊ စက်မှုဇုန် အချို့ရှိ ပိုင်ရှင်ရှိ မြေကွက်များ ပေါ်တွင်လည်း လူအုပ်စု အလုံးအရင်းဖြင့် နေအိမ်၊ အဆောက် အအုံများ ဝင်ရောက်ဆောက်လုပ်ခြင်းများ ရှိနေပြီး ဒေသခံ ကျေးရွာသားများနှင့်လည်း မကြာခဏ ပဋိပက္ခများ ဖြစ်ပွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပန်းလှိုင် မြစ်ကူးတံတား အနီးတွင် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပဒံရေကျော် ကျေးရွာတွင် ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ဒီဇင်ဘာ ၂၈ ရက်နေ့များက လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့ များတွင်လည်းကောင်း ကျူးကျော် ဝင်ရောက်သူတို့နှင့် ဒေသခံကျေးရွာသား များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

The Voice Weekly Myanmar

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ


သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဖ)ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံနှစ်ဦးကို ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
thithtoolwin

လားရှိုးတွင် အနုကြမ်းစီး


လားရှိုး ၊ ဒီဇင်ဘာ ၃၀ ။     ။ လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၂) အောင်သပြေလမ်း ဘတ်စကက်  ဘောကွင်း မြောက်ဘက်အနီး ရှိ အိမ်တစ်အိမ်အား ဒီဇင်ဘာ ၃ဝရက် မွန်းလွဲ၂နာရီတွင် အနု ကြမ်းစီးရန် ကြံစည်မှုတစ်ခုဖြစ် ပွားခဲ့ကြောင်း နယ်မြေရဲတပ် ဖွဲ့မှ  သိရသည်။ အခင်းဖြစ်ချိန်က အဆို ပါနေအိမ်တွင် အိမ်ရှင်တစ်ဦး မှမရှိဘဲ စာရေးမတစ်ဦး၊ အိမ် အကူအမျိုးသမီးနှစ်ဦးနှင့် ခြံ စောင့် ယောကျာ်းလေးတစ်ဦး သာရှိကြောင်း သိရသည်။

အဆိုပါအိမ်မှာ အစေ့ ထုတ်ပြောင်းဖူး ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းလုပ်ငန်း လုပ်ကိုင် ပြီး နေအိမ်၌ ရုံးခန်းဖွင့်ထား ခြင်းဖြစ်ကြောင်း သိရသည်။  ဖြစ်ပွားပုံနှင့်ပတ်သက်၍ ''လူသုံးယောက် အိမ်ထဲဝင်လာ တယ်။ တစ်ယောက်က အိမ်ထဲ မဝင်ဘဲ အပြင်မှာ စောင့်တယ်။ တစ်ယောက်ဝင်လာပြီး ဘောက် ချာနှစ်ရွက်ပြတယ်။ ပြောင်း၃၄၅ အိတ်အတွက် ငွေတောင်းခံလို့ ကျွန်မစားပွဲပေါ်မှာငုံ့ပြီး စာရင်း တွက်နေတုန်း ကျွန်မလည်ပင်း ကို ပလတ်စတစ်ကြိုးအဝါရောင် နဲ့ချည်ပြီး ညှစ်တယ်။ ပိုက်ဆံတွေ အကုန်ပေးဆိုပြီး သေနတ် ထုတ်ပြတယ်။ သေနတ်ကအ စစ်လား၊ အတုလား သမီး မသိ ပါဘူး။ ငွေထားတဲ့အိပ်ခန်းကို အတင်းသွားခိုင်းတယ်။ ကျွန်မ ရုန်းကန်နေတာကို ခြံတံခါးစောင့် ကလေးက မြင်ပြီး လူဆိုးတွေ လာနေတယ်လို့ အော်တယ်။ မီးဖိုခန်းမှာရှိတဲ့အိမ်အကူ မိန်း ကလေးကို ပြေးပြေးလို့အော် ပြောတယ်''ဟု စာရေးမလေး က ပြောသည်။

''မီးဖိုက အိမ်ရဲ့အရှေ့ဘက် မှာရှိပေမယ့် ဧည့်ခန်းထဲဝင်သွား သူ့ကိုမမြင်ရပါဘူး''ဟု အိမ် အကူမိန်းကလေးက ပြောသည်။ ''အိမ်အကူမိန်းကလေး အော်သံကြားလို့ ထွက်ကြည့် တော့ လူတစ်ယောက် သူတို့ အိမ်ထဲကထွက်ပြေးလာလို့ ကျွန် တော်လိုက် တော့ အိမ်တစ်အိမ် ရဲ့ အုတ်တံတိုင်းကျော်ပြီး ဝင် သွားတာ။ သူ့ကို ခွေးတွေဝိုင်း ကိုက်တယ်။ သူက အိမ်နောက် က အုတ်တံတိုင်းကိုထပ်ကျော် ပြီး တစ်ဖက်လမ်းထဲ ဝင်ပြေး တယ်။အိမ်ထဲမှာရှိတဲ့လူနှစ် ယောက်က ဆိုင်ကယ်နဲ့ပြေး သွားတယ်'' ဟု ပြောသည်။

အိမ်ရှင်၏ အိမ်တွင်တပ် ထားသော စီစီတီဗွီကင်မရာမှ ၎င်းအနုကြမ်း စီးလာသူသုံး ဦး၏ပုံများကိုမြင်ရသော်လည်း ဦးထုပ်များ ငိုက်ဆောင်းထား ခြင်းကြောင့် မျက်နှာမမြင်ရ ကြောင်း သိရသည်။ အခင်းဖြစ်နေရာသို့ နယ် မြေခံတပ်မ တော်တပ် ရင်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးပြီး အနုကြမ်း စီးရန် ကြံစည်သူတို့အားဖော် ထုတ်နိုင်ရေးဆောင်ရွက်ခဲ့ သော်လည်း အိမ်ရှင်က မိမိထံ မှ ငွေကြေးတစ်စုံတစ်ရာပါမ သွားပဲ မိမိမှာ လူအများနှင့်ဆက် ဆံသော လုပ်ငန်း လုပ်ရ ခြင်း ကြောင့် အနုကြမ်းစီးသူများ ကို အရေးယူလိုသောဆန္ဒမ ရှိသဖြင့် အမှုမဖွင့်လိုကြောင်း ပြောသဖြင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့က အမှုဖွင့်အရေးယူခြင်းမရှိ ကြောင်း မြို့မရဲစခန်းမှသိရ သည်။

ဇင်ဝေနွယ်
Yangon Media Group

ပြည်သူ့ဟစ်တိုင်ကွင်း မန္တလေးတွင် ဆောက်


ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ။        ။ မြန်မာ နိုင်ငံ၌ ပထမဆုံးအဖြစ်  ပြည်သူ့ဟစ်တိုင်ကွင်းကို မန္တလေးတွင် စတင်ဆောက်လုပ်နေပြီဖြစ် ပြီး ၂၀၁၄ခုနှစ်အတွင်းဖွင့်နိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြည်သူအများ ဆန္ဒထုတ် ဖော်နိုင် သော ပြည်သူ့ဟစ်တိုင် ကွင်းပြင်ကို ကျပ်သိန်းပေါင်း ၂၅ဝဝခန့် အသုံးပြုကာဆောက် လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်း တံတားဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်း စာသို့ ပြောသည်။

''၆၂လမ်း၊ ၃၉လမ်းနဲ့ လမ်း၎ဝကြားမှာ မနော်ရမံ ဥယျာဉ်နဲ့ တစ်ဆက်တည်းရှိတဲ့ နေရာမှာ လူဦးရေ၅၀ဝ၀ လောက် ဝင်ဆံ့နိုင်မယ့် လူ ထုဟစ်တိုင်ကို ဆောက်လုပ် ဖို့ရှင်းလင်းမှုတွေ စလုပ်နေပါ ပြီ။ ကုန်ကျငွေကို စည်ပင်ရန် ပုံငွေထဲက အသုံးပြု သွား မှာပါ'' ဟုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်မတ်လတွင် အပြီးတည်ဆောက်၍ ဧပြီလ တွင် စတင်အသုံးပြုခွင့်ပေးရန် စီစဉ်ထားပြီး ပြည်သူများ အနေဖြင့် မိမိတို့၏ဆန္ဒများကို ထုတ်ဖော်ရန် အသုံးပြုခွင့်ရ မည်ဖြစ်သော်လည်း နိုင်ငံရေး ပါတီများ၏ စည်းရုံးဟောပြော ပွဲများကို ကျင်းပခွင့်ပြု မည် မဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီအစိုးရ ဦးနုလက် ထက်တွင် မဟာဗန္ဓုလပန်းခြံ အတွင်း၌ တစ်ဦးချင်းဆန္ဒ ထုတ်ဖော်မည့်သူများအတွက် ဆန္ဒထုတ်ဖော်ဟောပြောရန် စင်မြင့်တစ်ခုသတ်မှတ်ပေးခဲ့ ပြီး တစ်ဦးချင်းဆန္ဒများကို လွတ်လပ်စွာ ဟောပြောခဲ့ ကြ သော်လည်း ယခုကဲ့သို့ဟစ်တိုင် ကွင်း အနေဖြင့် ဆောင်ရွက် ခြင်းသည် မြန်မာနိုင်ငံတွင်  ပထမဆုံးဖြစ်သည်။ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဌ ဦးသုဝေက''ပါလီမန်အစိုးရ လက် ထက်ကတော့ မဟာဗန္ဓုလ ပန်းခြံမှာ စင်မြင့်လေးတွေနဲ့ တစ်ဦးချင်း ဆန္ဒကို စင်မြင့်လေး တွေနဲ့ ဟောပြောခဲ့တာရှိပါ တယ်။ အခုလိုမျိုးသီးသန့်ကွင်း အနေနဲ့ လုပ်ပေးတာမျိုး တော့ ဒီကြားထဲမှာမကြုံဖူးသေး ပါဘူး''ဟုပြောသည်။

ယင်းကဲ့သို့ဆန္ဒထုတ်ဖော်  မည့်နေရာတစ်ခုသတ်မှတ် ပေးလျှင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူရာတွင်လည်း အ ဆင်ပြေမည်ဖြစ်ပြီး ပြည်သူများ လမ်းပိတ်ဆို့မှု၊ အနှောင့်အ ယှက်ဖြစ်မှုများ လျော့နည်း သွားမည်ဖြစ်သော်လည်း ဆန္ဒ ဖော်ထုတ်မည့် သူများ အနေဖြင့်တာဝန်ယူမှု၊ တာဝန်သိမှု များရှိရန်လိုအပ်ကြောင်း ရဲအ ရာရှိတစ်ဦးက ပြောသည်။

ငယ်ထွေး(ကလေး)
Yangon Media Group

အထည်ချုပ် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာ ပိုဆိုးလာ


ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့၊ ၂၀၁၃ ခုနှစ်

ပြည်တွင်းအထည်ချုပ်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာသည် ပိုမိုဆိုးရွားလာနေ ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက မဇ္ဈိမသို့ပြောကြားသည်။

အမေရိကန်နှင့် EU တို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလာပြီးနောက်ပိုင်း တွင် မြန်မာနိုင်ငံသို့ လက်ခစားအဆင့် (CMP) အထည်ချုပ်လုပ်ငန်းများ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုများပြားလာခြင်းကြောင့် ရှိရင်းစွဲကျွမ်းကျင်လုပ်သားများအနေဖြင့် လုပ်ငန်းသစ်များသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများ ပြားလာရာ အထက်ပါအကျပ်အတည်းအား ပိုမိုရင်ဆိုင်လာနေရခြင်းဖြစ်ကြောင်း ယင်းတို့က ဆက်လက် ပြောကြားသည်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားကတော့ မရတော့ဘူး။ အသစ်တွေကိုပဲ သင်တန်းပေးနေရတယ်။ အထည်ချုပ်သင်တန်းကျောင်းက ထုတ်ပေးတာတွေကို အဖွဲ့ဝင်အထည်ချုပ်စက်ရုံတွေက သင်တန်းဆင်းရင် လာယူပြီး ခေါ်သွားတယ်။ ကိုယ်ပိုင် (အထည်ချုပ်စက်ရုံတစ်ရုံချင်း) လည်းသင်ပေးကြတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်း (JETRO) ၏ ပံ့ပိုးမှုဖြင့် ၂၀၀၉ ခုနှစ်မှစတင်ကာ အထည်ချုပ်သင်တန်းကျောင်းဖွင့်လှစ်ကာ ပြည်တွင်းလုပ်ငန်းများအတွက် လုပ်သားများ မွေးထုတ်ပေး လျက်ရှိသော်လည်း ကျယ်ပြန့်လာသည့်ဈေးကွက်အတွက် လုံလောက်သည့်ပမာဏ မဟုတ်သေး ကြောင်း အဆိုပါလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ဆိုသည်။

ဦးမြင့်စိုးက “အဲ့ဒီ(သင်တန်းကျောင်း)မှာလာသင်တဲ့ ကလေးတွေကတော့ တတ်လည်းတတ်တယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း တန်းရတယ်။ သင်တန်းပြီးတော့မယ်ဟေ့ဆိုရင် စက်ရုံအသီးသီးက လာပြီးခေါ်သွားတယ်။ သူတို့ဟာသူတို့ သဘောတူညီချက်တွေနဲ့ ယူသွားကြတယ်” ဟု ဆက်လက်ပြော ကြားသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း နယ်ပယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်အထိ လုပ်သားဦး ရေ တစ်သိန်းကိုးထောင်ကျော်ရှိရာမှ စီးပွားရေးပိတ်ဆို့မှုများဖြေလျှော့ပေးလာမှု နောက်ပိုင်းတွင် စက်ရုံ အသစ်များ တိုးပွားလာမှုကြောင့် လက်ရှိအချိန်တွင် လုပ်သားအင်အား နှစ်သိန်းခွဲခန့်ရှိလာပြီဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ စာရင်းများအရသိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ၁၉၉၀ ခုနှစ်တွင် ဆီးဂဲနှင့်ဒေ၀ူးတို့က အစိုးရနှင့်ဖက်စပ် CMP လုပ်ငန်းများအနေဖြင့် စတင်ခဲ့ခြင်းဖြစ်ကာ ၁၉၉၉ ခုနှစ်တွင် စက်ရုံပေါင်း ၂၉၁ ရုံအထိ တိုးပွား လာကာ လုပ်ငန်းအရှိန်မြင့်တက်ခဲ့ပြီး ၂၀၀၀နှင့် ၂၀၀၁ခုနှစ်များတွင် အမေရိကန်နှင့် EU ဈေးကွက်တို့ အထိ တင်ပို့နိုင်ကာ အထည်ချုပ်လုပ်ငန်းကဏ္ဍ အအောင်မြင်ဆုံးကာလဖြစ်ခဲ့သည်။

သို့ရာတွင် ၂၀၀၃ ခုနှစ်မှစတင်ကာ စီးပွားရေးပိတ်ဆို့မှုများကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍပြန်လည် ကျဆင်းသွားခဲ့ပြီး ၂၀၀၅ ခုနှစ်အတွင်း အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသော်လည်း ၂၀၀၇ ခုနှစ်တွင် တောင်ကိုရီးယားနှင့် ဂျပန်သို့တင်ပို့နိုင်မှုကြောင့် ပြန်လည်ရပ်တည်နိုင်ခဲ့ကာ ၂၀၁၂ ခုနှစ် အောက်တိုဘာအထိ ရန်ကုန်တိုင်းအတွင်း CMP လုပ်ငန်းစက်ရုံပေါင်း ၁၄၆ ရုံ၊ CMP လုပ်ငန်း တစ်ဆင့် ခံစက်ရုံ - ၃၅ ရုံ၊ စုစုပေါင်း ၁၈၁ ရုံရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်း၏ စာရင်းများအရသိရ သည်။

အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ၂၀၀၉ -၁၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၂၈၀ ကျော်ရရှိခဲ့ပြီး ၂၀၁၀-၁၁ ဘဏ္ဍာနှစ်( ဇန်န၀ါရီလအထိ) တွင် ပြည်ပ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၂၉၀ ခန့်ရှိခဲ့ကြောင်း တစ်နှစ်လျှင် ဒေါ်လာသန်း ၃၀၀ ခန့်ရှာဖွေပေးနိုင်သော လုပ်ငန်းဖြစ်ကြောင်း အထည်ချုပ်လုပ် ငန်းရှင်အသင်း၏ စာရင်းများတွင် ဖော်ပြထားသည်။

ရဲလင်းထွဋ်
Mizzima Burmese

ရှစ်တန်းကျောင်းသူတစ်ဦး ဆွဲကြိုးချ၍ အဆုံးစီရင်


ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာတွင် ယခုလ ၂၉ ရက် မနက် ၈ နာရီအချိန်က ရှစ် တန်းကျောင်းသူတစ်ဦးသည် မိမိကိုယ်ကိုဆွဲကြိုးချ၍ အဆုံးစီရင်ခဲ့သည်ဟု ဘုတလင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အဋ္ဌမတန်းကျောင်းသူ မအိမွန်ဖြိုး အသက်(၁၄)နှစ်ဆိုသူဖြစ်ပြီး ယခုလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်က ရွာ၏ တောင်ဘက်၊ ယာခင်းတော သွားရာလမ်းဘေးရှိ မန်းကျည်းပင်၌ ဆွဲကြိုးချ၍ မိမိ ကိုယ်ကို အဆုံးစီးရင်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ ရဲဌာန၏ စစ်ဆေးပေါ်ပေါက်ချက်များတွင်တွေ့ရ သည်။

အဆိုပါ သေဆုံးကျောင်းသူသည် ၎င်း၏နေအိမ်ရှိ ကုတင်ပေါ်တွင် နာရေးကိစ္စအလို့အငှာ ပြင်ဆင်ထားရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် ဘုတလင် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၅/ ၂၀၁၃ အရ အမှုဖွင့်၍ သေဆုံးရခြင်း အခြေအနေများကို ဆက် လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ကိုတိုးကြီး
Mizzima Burmese

ဘန်ကောက်မှာ ရဲတွေ ဆန္ဒပြ


ထိုင်းနိုင်ငံ အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက် ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးတဲ့နောက် ရာနဲ့ချီတဲ့ ရဲဝန်ထမ်း အမျိုးသား မျိုးသမီးတွေ က ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြကာ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် အာဏာတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်တဲ့ နေရာမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆန္ဒပြသမားတွေက တားမြစ်ပိတ်ဆို့ဖို့ ကြိုးစားရာက ဆန္ဒပြသမားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး သေဆုံးသွားရတဲ့ ရဲတယောက်အတွက် ရဲအရာရှိ ငါးရာက တမိနစ် ငြိမ်သက်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ဆန္ဒပြသမားတယောက်လည်း သေဆုံးခဲ့ပါတယ်။

ဆန္ဒပြသမားတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ကို ဖျက်သိမ်းစေချင်ပြီး အရင်ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ အစိုးရကို ဖြုတ်ချကာ ရွေးကောက် တင်မြှောက်ထားတာ မဟုတ်တဲ့ ကောင်စီ အဖွဲ့တခုနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။
BBC Burmese

ပေါင်၌မီးလောင်၊ အိမ်၁၁လုံးပြာကျ


ရန်ကုန်၊ ဒီဇင်ဘာ-၂၉

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကဒါ ရပ်ကွက် မဂ္ဂင်လမ်း၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၂ နာရီခွဲက ဦးဥာဏ်အောင်အိမ်မှ မီးလောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၁ လုံး ပြာကျသွားခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၄၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး၎င်းတို့အား ပြန်လည်နေရာချထား နိုင်ရန်အတွက် ပေါင်မြို့နယ်ရှိ စေတနာရှင်အဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားရန် စီစဉ်နေကြောင်း ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြောဆိုသည်။

" မီးလောင်တဲ့အချိန်က ဦးဥာဏ်အောင် အိမ်ခေါင်မိုးပေါ်ကို မီးစွယ် ရောက်နေပြီ။ ချက်ချင်း မီးသတ်ကို အကြောင်းသွား ကြားတာ ပြန်လာတော့ မီးက အိမ်သုံးလုံးထိ ကူးစက်လောင်ကျွမ်းနေပြီ " ဟု ယင်းရပ်ကွက်နေ ဦးအောင်သက်ပိုင်က ပြောပြသည်။

ပေါင်မြို့နယ် မီးသတ်ဦးစီးဌာန ၏ စစ်ဆေးချက်အရ အဆိုပါမီးလောင် မှုသည် မီးကြွင်းမီးကျန်မှ စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင်ကို ပေါင်မြို့နယ်ရဲစခန်းတွင် (ပ) ၁၂၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ၏ စာရင်းအရ မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်အထိ မီးလောင်မှု (၅၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၇၃၀၀ ကျော်ရှိကြောင်း သိရသည်။

Dawei Watch
စံတော်ချိန် သတင်းစာ

ကမာရွတ်မြို့နယ် တွင် ကိုရင်လေး(၁)ပါး ရထားကြိတ်ခံရ


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၅၁၅ အချိန်တွင် ကမာရွတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ကမာရွတ်ဘူတာနှင့် ဟံသာဝတီ ဘူတာအကြားတွင် ကိုရင်လေး(၁)ပါးမှာ ရထားကြိတ်ခံ ရသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ အဆိုပါ ကိုရင်လေးမှာ အသက်(၁၂)နှစ်ခန့်ရှိပြီး ဘွဲ့အမည်၊ ဘုန်းကြီးကျောင်း နေရပ်လိပ်စာတို့အား မေးမြန်း၍မရဘဲ ရထားကြိတ်ခံ ရသဖြင့် ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ၀ဲနားနောက်ပေါက်ပြဲ၊ ယာလက်မောင်းရင်းမှပြတ်၊ ယာခြေခုံပေါက်ပြဲ၊ ယာခြေချောင်းများပြတ် နေသည့်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသလျက်ရှိကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါကိုရင်လေးမှာ ၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ကမာရွတ်ဘူတာ အလွန် ကမာရွတ်(၆)ရပ်ကွက်၊ မိုင်တိုင်အမှတ် ၄/၅ နေရာ၌ ရထားသံလမ်းအား ဖြတ်ကူးစဉ် အင်းစိန်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော ခရမ်း(၁)မြို့ပတ်ရထားဖြင့် တိုက်မိအကြိတ်ခံရခြင်းဖြစ်ကြောင်း
သိရှိရသဖြင့် ကိုရင်လေး၏ ဘွဲ့အမည်၊ ကျောင်းနေရပ်လိပ်စာတို့ အားသိရှိနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာ အိမ်ခြေ ၃ဝဝကျော် မီးလောင် ဖျာပုံမီးလောင်မှုတွင် မီးသတ်ဝန်ထမ်း တစ်ဦး သေဆုံး


လပွတ္တာ ဒီဇင်ဘာ ၃ဝ

ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ် ကန်ဘက်ကျေးရွာတွင် ယမန်နေ့ ည ၂နာရီခန့်တွင် မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်နှင့် ဈေးဆိုင်ခန်း ၃ဝဝကျော် မီးလောင် ခဲ့ကြောင်းတိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

''မီးလောင်တာ သိတော့ ကျွန်မတို့ဆီက တပ်ဖွဲ့ဝင်တွေရော၊ ကြက်ခြေနီတွေရော ချက်ချင်း မီး လောင်မှုဖြစ်ပေါ်တဲ့ ကန်ဘက် ကျေးရွာကို ဆင်းသွားတယ်။ မီးကို တော့နံနက် ၅နာရီ မိနစ် ၂ဝမှ ထိန်း နိုင်ခဲ့ပါတယ်။ နံနက် ၆ နာရီ လောက်မှာတော့မီးငြိမ်းသွားတယ်။ ကယ်ဆယ်ရေးစခန်းတွေတော့ ဖွင့် လှစ်ဆောင်ရွက်နေတယ်။ ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်လို့ မရသေးပါဘူး''ဟု ဧရာဝတီတိုင်း ဒေသကြီးမီးသတ်တပ်ဖွဲ့မှတာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

လပွတ္တာမြို့နယ် ကန်ဘက် ကျေးရွာရှိလမ်းအားလုံးမီးလောင် သွားခဲ့ကြောင်း၊ ဆိုင်ခန်း၁ဝဝကျော် နှင့်လူနေအိမ် ၂ဝဝကျော်ဆုံးရှုံးခဲ့ ကြောင်း၊ လပွတ္တာမြို့ မီးဘေးဒုက္ခ သည် အများစုကို မဟာအောင်မြေ ဇံကျောင်းတွင် နေရာချထားပေးပြီး တချို့မီးဘေးဒုက္ခသည်များမှာ လယ်ကွက်ထဲတွင်နေထိုင်မှုများရှိ ကြောင်း၊ လပွတ္တာမြို့မှ ပြည်သူ များက မီးဘေးသင့်ပြည်သူများကို ထမင်းထုပ်များ ဝေငှခြင်းများလုပ် ဆောင်နေကြောင်းသိရသည်။

ယမန်နေ့ ည ၁၁နာရီခန့်တွင် ဖျာပုံမြို့ စိုက်ပျိုးရေးဝန်ထမ်း အိမ်ရာတွင်လည်းလျှပ်စစ်မီးအားမြှင့် စက်မှ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ ပြီး မီးသတ်ကားဆီသို့ ဖြတ်ဝင် လာသောဆိုင်ကယ်ကိုရှောင်လိုက် ရာမှ မီးသတ်ကားတိမ်းမှောက်ပြီး ကားပေါ်ပါ တပ်သားကျော်ဖြိုးဇင် (ခ)အားနိုးမှာ နေရာတွင်ပင် ကားပိ သေဆုံးခဲ့ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနမှ ယာဉ်မောင်း ဒုတပ်ကြပ်ချစ်ဆွေအောင်ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဌာနသို့တင်ပို့ကုသထား ရကြောင်းကို ဖျာပုံမြို့နယ်မီးသတ် ဦးစီးဌာနမှသိရသည်။
''ကားရှေ့ကိုဆိုင်ကယ်တစ်စီး အရှိန်ပြင်းပြင်းနဲ့ဝင်လာလိုက်တာကို ရှောင်လိုက်လို့ မီးသတ်ကားမှောက် ပြီးတော့တပ်သားတစ်ယောက် သေ ဆုံးခဲ့ရတာပါ။အကျဉ်းဦးစီးဌာနရိပ် သာရှေ့နဲ့အမှတ်(၁၂) ရပ်ကွက်ရုံး ရှေ့မှာဖြစ်တာပါ''ဟုဖျာပုံမီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''မီးသုံးစွဲသူတွေအနေနဲ့ မီးကို ဂရုတစိုက် သုံးရမှာပါ။မီးသုံးစွဲ ရာမှာ ၁ဝဝရာခိုင်နှုန်းသတိထား ရမှာပါ။ မီးလောင်ရင် ပြည်သူတွေ အားလုံးကို မီးသတ်ဦးစီးဌာနကို ချက်ချင်းအကြောင်းပေးစေချင်တယ်။
ပည်သူတွေဘက်က ပူးပေါင်း ပါဝင်နိုင်ဖို့တော့လိုပါတယ်။ မီး လောင်ရာ ကျွန်တော်တို့ သွားငြှိမ်း ရင်လမ်းတွေကို ပြည်သူတွေအနေ နဲ့ဖွင့်ထားပေးစေချင်တယ်။ မီးသတ် ကားမောင်းရင် လမ်းရှင်းတော့ ကျွန်တော်တို့ မြန်မြန်သွားရောက် ငြှိမ်းသတ်နိုင်ပါတယ်''ဟုဧရာဝတီ တိုင်းဒေသကြီး တိုင်းမီးသတ်ဦးစီး ဦးမျိုးဝင်းက ပြည်ထောင်စုနေ့စဉ် သို့ပြောသည်။

စည်သူမောင်မောင်
The Union Daily

နေထိုင်မှုအခက်အခဲများထဲကမြို့တော်


ရန်ကုန် ဒီဇင်ဘာ ၃ဝ

ရန်ကုန်မြို့ရဲ့ နေထိုင်မှုအိမ်ခြံ မြေဈေးများအကြောင်း စဉ်းစားမိ ပြောမိလိုက်ရင် ရန်ကုန်မြို့မှာရှိတဲ့ တိုက်အမြင့်တွေကို အောက်ကနေ မော့ကြည့်ရသလိုပါပဲ။ အိမ်ခြံမြေ ဈေးကွက်အရောင်း၊ အငှားများ အခြေအနေတွေကို မကြာခဏ ကြားနေရပေမယ့် အရောင်းအဝယ် တွေ ဘယ်လောက်ပဲဖြစ်နေဖြစ်နေ ဝယ်ယူနိုင်တဲ့ပမာဏက အတိုင်း အတာတစ်ခု လိုဖြစ်နေသလား၊ ကုမ္ပဏီမှာလုပ်ကိုင်နေသူတွေ ပုံမှန် အရောင်းအဝယ်လုပ်နေသူနဲ့ အလယ် အလတ်တန်းစားလို့ ပြောရမယ့် လူတန်းစားတွေကအစ ရန်ကုန်မြို့ အတွင်းမှာ နေထိုင်နိုင်ဖို့ ရန်ကုန်မြို့ တိုက်ခန်းတွေကို ဝယ်ယူနိုင်ဖို့ က ဆောင်းတွင်းအိပ်မက်တွေလို ဝေးကွာနေပါသေးတယ်။

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေး တွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးနှုန်းထက်တောင် မြင့်တက်မှု ရှိနေတယ်လို့ တချို့အိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်းတွေက ပြောကြ ပေမယ့် တချို့ကလည်း ဒါဟာမြို့ ပြချဲ့ထွင်မှုလိုအပ်ချက်တွေကြောင့် ဖြစ်နေတာကို ဝေဖန်မှုများရှိနေပါ တယ်။ ဘယ်လိုပဲဖြစ်ပါစေ သာမန် လူတန်းစားတွေရဲ့ဝင်ငွေက ရန်ကုန် မြို့တွင် နေထိုင်ဖို့ ဝယ်ယူဖို့ထက် ငှားရမ်း နေထိုင်ဖို့ပင် ခက်ခဲမှု များရှိနေဆဲဖြစ်ပါတယ်။

ဈေးကွက်ရှိရာ ဈေးကွက်ချုပ် ကိုင်သူများရှိဆိုသလိုပါပဲ။ ရန်ကုန် မြို့ရဲ့ အိမ်ခြံမြေဈေးအပြောင်းအလဲ များနဲ့အတူ ပွဲစားများ၊ ငှားရမ်း ဝယ်ရောင်း၊ အကြံပေးဝန်ဆောင်မှု လုပ်ငန်းများမှာလည်း များပြားလာ လျက်ရှိနေပါတယ်။
''အစ်မရယ် သမီးတို့ငှားနေ တဲ့ ယုဇနမှာဆို တိုက်ခန်းပိုင်ရှင် ဘယ်သူဆိုတာမသိရဘူး။ တိုက် ခန်းတွေ အကုန်လုံးပွဲစားတွေကပဲ ကိုင်ထားတာ။ သူတို့နဲ့ပဲ ငှားရ တာ''ဟု ကျွန်မ၏ လုပ်ဖော်ကိုင် ဖက်သတင်းထောက်မလေးတစ်ဦး ကပြောပါတယ်။

ယုဇနဥယျာဉ်မြို့တော် အတွင်း တိုက်ခန်း ငှားရမ်းခြင်းတွေကို ပွဲစား များကသာ ဆောင်ရွက်နေပြီး အိမ်ငှားစာချုပ် ချုပ်ဆိုထားတာ လပြည့်လို့ ထပ်မံငှားရမ်းဖို့ကို ပွဲ စားကို လစာတစ်လစာ တစ်ဝက် စာထပ်မံပေးဆောင်နေရသလို အိမ် ငှားသူကို စာချုပ်ပြည့်ဖို့ တစ်လ အလိုမှာ ပွဲစားများက ထပ်မံနေ ထိုင်မှုရှိမရှိ လာရောက်မေးမြန်း တဲ့အခါ အိမ်ငှားက ထပ်မံနေထိုင် မယ်လို့ ပြောဆိုမိပြီး လပြည့်တဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့် မနေဖြစ်ပါက ပွဲစားကို တစ်လစာ ပေးပြီးမှ ပြောင်းရွှေ့ရကြောင်း ငှား ရမ်းနေထိုင်သူတစ်ဦးက ပြောပါ တယ်။

ကျွန်မကြားဖူးတဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပွဲစား တွေက အလုပ်သဘောအရ အိမ်ငှား ရာတွင် အိမ်ငှားက တစ်လစာပေးရ သော်လဲ ယခုကဲ့သို့ ထပ်မံငှား ရန် စာချုပ်ချုပ်ဆိုတိုင်း လဝက်ခ ပေးရသည့်စနစ်မှာ ကျွန်မမသိ သေးသည့် စနစ်သစ်တစ်ခုပင်ဖြစ် နေသည်။ ဤစနစ်မှာ တရားဝင် အိမ်ခြံမြေအသင်းက အသိအမှတ် ပြုထားသလားဟု အသင်းတာဝန် ရှိသူများနှင့် တွေ့ဆုံပါကစုံစမ်းဖို့ လိုမယ်ထင်လာတယ်။

ယခု ၂ဝ၁၃ခုနှစ်အတွင်း အိမ် ခြံမြေဈေးကွက် ပြောင်းလဲမှုများ သြဂုတ်လလောက်ထိ အိမ်ခြံမြေ အရောင်းအဝယ်များ ကောင်းခဲ့ သော်လဲ စက်တင်ဘာ၊ အောက်တို ဘာလမှစ၍ အရောင်းရောအဝယ် ပါအေးသွားပြီး အရောင်းအဝယ် အေးသွားရခြင်းမှာ နိုင်ငံတော်က အိမ်ခြံမြေဈေးနှုန်းများ သတ်မှတ် လိုက်သည့်အပေါ်တွင် သက်ရောက် မှုအဖြစ် အရောင်းအဝယ်လုပ်သူများ က နားလည်မှုလွဲကာ အေးသွားခြင်း ဖြစ်တယ်ဟု Lucky Star အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ဦးကျော်ညီ ညီလတ်ကပြောပါတယ်။

''နိုင်ငံတော်က ဈေးနှုန်းသတ် မှတ်ချက်တွေ ပြလိုက်တာကို တချို့ ကနားမလည်ကြဘူး။ ဘယ်လိုနား မလည်ကြဘူးလဲဆိုတော့ နိုင်ငံတော် က ပြဋ္ဌာန်းတာက အရောင်းအဝယ် ဈေးကို ပြဋ္ဌာန်းတာမဟုတ်ဘူး။ ကိုယ်ကကြိုက်တဲ့ဈေးနဲ့ ရောင်းလို့ ဝယ်လို့ရတယ်။ ဒီအပေါ်မှာ အခွန် ဆောင်မယ်ဆိုသူ့ရဲ့ သတ်မှတ် ချက်သည် တစ်ဧကကို ဘယ် လောက်ဆိုတဲ့ဈေးပေါ်မူတည်ပြီး နိုင်ငံတော်က သတ်မှတ်ပေးတာ''ဟု ၄င်းကပြောပါတယ်။

လက်ရှိနိုင်ငံတော်က အခွန် ဆောင်ရန် သတ်မှတ်သောဈေးများ တွင်လဲ ရွှေလင်ဗန်းစက်မှုဇုန်မှ လွဲ၍ ကျန်သည့်ဈေးများမှာ သင့် တင့်မျှတသော ဈေးများဖြစ်သည်ဟု ထင်မြင်ကြောင်း အမည်ပေါက် ပြောင်းပါက တရားဝင်အခွန်ဆောင် ရန်လိုအပ်သလို တရားဝင်အခွန် ဆောင်ကာပြောင်းမှသာ မိမိ၏ပိုင် ဆိုင်မှု ခိုင်မာသွားမည်ဖြစ်ကြောင်း ၄င်း၏အမြင်ကို ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ မြို့တွင်းဈေးနှုန်း မြင့်တက်မှုမှာ မြို့သစ်များဖြစ် သော မြောက်ဒဂုံ၊ မြောက်ဥက္ကလာ အစရှိသောမြို့သစ်များ၏အဆောက် အအုံတည်ဆောက်မှုလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး လိုအပ်ချက်များကြောင့် မြို့သစ်များ ဖွံ့ဖြိုးမှုနှေးနေသလို သွားလာရန် လွယ်ကူသော မြို့တွင်းဈေးနှုန်းများ မှာလည်း မြင့်တက်နေခြင်းဖြစ် ကြောင်း ပညာရှင်တချို့က ၄င်းတို့ အမြင်ကိုသုံးသပ်ပြောကြားပါတယ်။

ဖြူသင်းခိုင်
The Union Daily

မြေပုံမြို့နယ် ဒုက္ခသည်စခန်း အခြေအနေ နိုင်ငံတကာ စိုးရိမ်


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုးရိမ်ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။ စခန်းအတွင်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီပေးတဲ့နေရာမှာလည်း ဒေသခံတွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ တောင်ပေါ်ဒုက္ခသည် စခန်း အတွင်းက အခြေအနေတွေဟာ တဖြည်းဖြည်း ဆိုးဝါးလာနေတာကို စုံစမ်း သိရှိရတဲ့အတွက် EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု၊ ဆွဒ်ဇာလန်နဲ့တူရကီနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်တဲ့ အကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ အမျိုးသမီး Sarah Hutchinson က ဗွီအိုအေကို ပြောပါတယ်။

“မြေပုံမြို့နယ်၊ တောင်ပေါ်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာပါ။ မြန်မာအစိုးရအနေနဲ့က အခုလို အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ အဟန့်အတားမရှိ ချက်ခြင်းပေးပို့နိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် တောင်းဆိုပါတယ်။”

မိသားစုဝင်ပေါင်း ၇၅၀ ကျော်ဟာ အဲဒီ တောင်ပေါ် ဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ (၁၄) လလောက်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပေမယ့် သူတို့အနေနဲ့ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေ မရတာအပြင် စခန်းအပြင်ကိုလည်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရကြဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သူတို့တွေဟာ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာက လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသခံတွေရဲ့ နှောင့်ယှက် ဟန့်တားမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာကို မရှိပါဘူး။ အခုလို ဒုက္ခရောက်နေတဲ့သူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ အလျင်အမြန်ပေးသင့်တယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အဲဒီလိုလုပ်ရပ်တွေကို ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မကြာသေးခင်ကပဲ အဲဒီဒေသမှာ သွားရောက်ပြီးတော့ လေ့လာခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီအောင် လုပ်ဆောင်ပါ့မယ်လို့ ဗဟိုအစိုးရကရော၊ ဒေသခံတာဝန်ရှိတဲ့ သူတွေကပါ အကြိမ်ကြိမ် လူသိရှင်ကြား ကတိပေးထားပေမယ့် အခုအချိန်အထိ ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။”

စခန်းအတွင်းက ဒုက္ခသည်တွေ လိုအပ်နေတဲ့အကူအညီတွေ အချိန်မီရောက်နိုင်အောင် အစိုးရအနေနဲ့ မဆိုင်းမတွ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စခန်းအတွင်းက ဒုက္ခသည်တွေ အပြင်ကို အနှောင့်အယှက်ကင်းကင်းနဲ့ ဝင်ထွက်သွားလာနိုင်အောင် လုံခြုံရေးတိုးမြှင့်ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းကို နိုင်ငံတကာက အကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေချင်ရင် မြေပုံမြို့နယ်အတွင်းက တောင်ပေါ် ဒုက္ခသည်စခန်းမှာ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးတွေ ပြေလည်အောင် ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ အခုလို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆေင်ဖို့ အဆင်သင့်ရှိနေပါတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ကိုဇော်ဝင်းလှိုင် (VOA Burmese News)

လူမဲ့ လေယာဉ်ကို အရပ်သား သုံးခွင့် ပေးတော့မယ်


အမေ ရိကန် ပြည်ထောင်စု လေကြောင်း ဥပဒေပြု အဖွဲ့က အမေ ရိကန် ပြည်နယ် ၆ ခု ရဲ့ သတ်မှတ် နယ်မြေ အချို့မှာ လူမဲ့ လေယာဉ်ငယ် တွေကို စီးပွားရေး လုပ်ငန်းသုံး အဖြစ် သာမန် အများ ပြည်သူ တွေကို စမ်းသပ် အသုံး ပြုခွင့် ပေးမယ်လို့ ကြေညာ လိုက်ပါတယ်။

အရင်ကတော့ လူမဲ့ လေယာဉ် တွေကို စစ်ဖက် မှာပဲ အသုံး ပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပြည်နယ်ပေါင်း ၂၄ ခုက တင်ပြတဲ့ အဆိုပြု ချက်တွေကို စိစစ်ပြီး ၁၀ လကြာ သုံးသပ် ပြီးနောက်မှာ စမ်းသပ် အသုံးပြုခွင့် ပေးဖို့ ဆုံးဖြတ် လိုက်တာ လို့ ဆိုပါတယ်။

အွန်လိုင်း ကနေ ပစ္စည်း ရောင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ တချို့က သူတို့ ပစ္စည်းတွေကို အခု လောလောဆယ် စာတိုက် ကနေ ပို့ပေးနေတဲ့ အစား လူမဲ့ လေယာဉ် အသုံးပြု ပို့ပေးတဲ့ စနစ်ကို စမ်းသပ်ချင် နေကြ ပါတယ်။

လယ်သမားတွေ ကတော့ သီးနှံ တွေကို လူမဲ့ လေယာဉ်နဲ့ ပိုးသတ်ဆေး ဖျန်းချင် သလို ဘယ်နေရာမှာ သားငါး ပေါကြွယ်ဝတယ် ဆိုတာမျိုး ကိုလည်း လူမဲ့ လေယာဉ်နဲ့ သုတေသန လုပ်ချင် ကြပါတယ်။

ရဲတွေကလည်း လူမဲ့လေယာဉ်ကို သုံးချင်နေကြပါတယ်။ သူတို့ကတော့ ဆန္ဒပြလူအုပ်ကို ထိန်းချုပ်တာမျိုး ၊ ရာဇဝတ်မှု ကျူးလွန်တဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ယူတာမျိုး၊ ကင်းလှည့်တာမျိုး၊ ဒုစရိုက်သမားကို ရှာဖွေတာမျိုး၊ ကယ်ဆယ်ရေးဆောင်ရွက်တာမျိုးကို လူမဲ့လေယာဉ်နဲ့ လုပ်ချင်တယ်လို့ ဆိုပါတယ်။

ဒီလိုအလုပ်မျိုးတွေကို ဆောင်ရွက်ဖို့ ရဲက ရဟတ်ယာဉ်ကို အသုံးပြုတဲ့အခါ တနာရီကို ဒေါ်လာရာပေါင်းများစွာ ကုန်ကျပါတယ်။ တကယ်လို့ လူမဲ့ လေယာဉ် တစီးကို အသုံးပြုမယ်ဆိုရင်တော့ နာရီများစွာကို ၂၅ ဒေါ်လာလောက်အထိ နည်းပါးတဲ့ ကုန်ကျစရိတ်နဲ့ တင်လွှတ် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဈေးချိုတဲ့ လူမဲ့လေယာဉ်တွေကို အသုံးပြုသူတွေ သိပ်များလာတဲ့အခါ လုံခြုံ ရေး ပြဿနာတွေ ပေါ်ပေါက်လာမှာကို လည်း စိုးရိမ်ပူပန်သူတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စု လေကြောင်း ထိန်းချုပ်ရေးရဲ့ အကြီးအကဲ မိုက်ကယ် ဟူးတာ ကတော့ လုံခြုံရေးကို အဓိက ဦးစားပေးစဉ်းစားသွားမယ်လို့ ဆိုပါတယ်။

BBC Burmese

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖြစ် မဖြစ်ဖြစ် NLD ပါတီဝင်များ ယုံကြည်မှုရှိရန် လာရီဒိုင်းမွန်းတိုက်တွန်း


၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင် ဆန်းစုကြည် သမ္မတရာထူးရ သည်ဖြစ်စေ ၊ မရသည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီဝင်များ အနေဖြင့် မိမိကိုယ် ကိုယ်ယုံကြည်မှုရှိကြရန် ပါ မောက္ခလာရီ ဒိုင်းမွန်းက တိုက်တွန်း ပြောကြားလိုက်သည်။

ပါမောက္ခလာရီဒိုင်းမွန်း က 'NLD ပါတီဝင်တွေ ကိုယ့် ကိုယ်ကိုယ်လုပ် နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိကြဖို့ ပြောလိုပါ တယ်။ ဒေါ်စုသမ္မတမဖြစ်လဲ ပါတီကတော့ သူ့ပါတီပဲဖြစ်နေ ဦးမှာပဲ။ ကိုယ့်လူထုကတော့ ကိုယ့်ကို အမြဲထောက်ခံနေမှာ ပဲ။ ပါတီဝင်တွေအနေနဲ့ ယုံ ကြည်မှုရှိပါ''ဟုပြောသည်။

ဒီဇင်ဘာ၂၉ရက်က ဥမ-ခ့ငိ ဟိုတယ်၌ ပြုလုပ်သည့် ''မြန်မာ့ဒီမိုကရေစီ အသွင်ရေး နိုင်ငံရေး ပဋိညာဉ်မရှိခြင်း၏ အန္တရာယ်''ခေါင်းစဉ်ဖြင့် ပြုလုပ် သည့်ဆွေးနွေးပွဲတွင် ယင်းကဲ့ သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအနေဖြင့် မြန်မာ့နိုင်ငံ ရေးနှင့်ပတ်သက်၍ ကျွမ်းကျင် သူမဟုတ်သော် လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို လေ့ လာပါက ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် သမ္မတမဖြစ်နိုင် သော်လည်း အနိုင်ရခဲ့ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်မြေ ၃၃ဝကို ယခုစနစ်အတိုင်းထားကာ ကျန် သည့်နယ်မြေ၁၁ဝကို အချိုးကျ ရွေးကောက်ပွဲစနစ်(PR) စနစ် ကို အသုံးပြုမည်ဆိုလျှင်လည်းNLD အနေဖြင့် ရှုံးစရာအ ကြောင်းမရှိဘဲ လွှတ်တော်တွင် ကိုယ်စားလှယ်အများစု ရရှိနေ မည်ဖြစ်ကြောင်း ယင်းကဆွေး နွေးပြော ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ''ကျွန်တော်တို့ပါတီခေါင်း ဆောင် အကျယ်ချုပ်ဘဝမှာရှိ စဉ်ကတည်းက ယုံကြည်မှုတွေ နဲ့ ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ခဲ့ တယ်။ ပြည် တွင်းပြည် ပထောက်ခံမှုကို ရနေတဲ့ ဥက္ကဋ္ဌရဲ့ခေါင်းဆောင် မှုအောက်မှာ ပါတီဝင်တွေက ပိုလို့တောင် တက်ကြွမှုရှိနေပါ တယ်''ဟုပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် လက် ရှိ အချိန်တွင် ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများကို ရပ် ကွက်ကျေးရွာများအထိ ဆင်း ကာလုပ်ဆောင်နေကြောင်း၊ ထို အရာသည် လည်း ၂၀၁၅ရွေး ကောက်ပွဲအတွက် စည်းရုံးမှု တစ်ခုပင်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကဖြစ် သော နိုင်ငံရေးပြုပြင်ပြောင်း လဲမှုတွင် အပေးအ ယူပဋိညာဉ် မရှိသေးသည့်အတွက် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အနေ ဖြင့် ရွေးကောက်ပွဲစနစ်အ ကြောင်းပြောပါက ပဋိညာဉ်ဆို သည်က လည်း ဖြေရှင်းပြီးဖြစ် သွားမည်ဖြစ်ကြောင်း၊ သို့မှသာ အခက် အခဲ ဖြေရှင်းနိုင် သည့် အရွေ့တစ်ခုဖြစ်လိမ့်မည်ဟု ဆက် လက်ပြောကြား ခဲ့သည်။

ပါမောက္ခလာရီဒိုင်းမွန်း သည် လက်ရှိအချိန်တွင် စတန်း ဖို့၌ တက္ကသိုလ် ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိပ်တန်း သုတေသနပညာရှင်တစ်ဦးဖြစ် သည်။

နန်းသီတာဝင်း ၊ရွှေရည်
Yangon Media Group