ကလေးသုံးဦးကို ထမင်းမကျွေးဘဲ ကြိုးဖြင့်ချည်ထားသူများကို ဖမ်းဆီး

ပို့စ်တင်ချိန် - 3/25/2014 03:40:00 PM


သည် ဟာဖင်တန်ပို့စ်

ကယ်လီဖိုးနီးယား၊ မတ် ၂၄

အမေရိကန် ပြည်ထောင်စု မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသမီး နှစ်ဦးနေထိုင်သည့် အိမ် တစ်အိမ်တွင် အစာမကျွေးဘဲ သံကြိုးဖြင့် ချည်နှောင်ခြင်းခံရသော ကလေးငယ်တစ်ဦး အပါအ၀င် အစာ ငတ်နေသည့် ကလေးသုံးဦးကို ပြီးခဲ့သည့်လက တွေ့ရှိခဲ့ပြီး ယခုအခါ သံသယရှိသူများကို ဖမ်းဆီးလိုက် ပြီဖြစ်သည်။

ကလေးငယ်သုံးဦးကို ကာကွယ်စောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် ဆေး ရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မွန်တီရေးခရိုင် အရာရှိက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ကလေးငယ်များမှာ ယောက်ျားလေး နှစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်။

အာဏာပိုင်များသည် ကယ်လီဖိုးနီးယားပြည်နယ် ဆာလီနက်စ်ဒေသရှိ နေအိမ်တွင် ကလေးငယ်များကို ရှာဖွေတွေ့ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ယောက်ျားလေး နှစ်ဦးမှာ အသက်သုံးနှစ်နှင့် ငါးနှစ်အရွယ်ရှိပြီး မိန်းကလေးငယ်မှာ အသက်ရှစ်နှစ်နှင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကိုခံခဲ့ရသည့်အပြင် ရုပ်ပိုင်းဆိုင်ရာမှာလည်း ညှဉ်းပန်း နှိပ်စက်မှုများ ခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ အီရာကာ ဒီဝန်ကာနှင့် အသက် ၄၄ နှစ်အရွယ်ရှိ ခရစ္စတင်း ဂျက်ဆီကာဒီနာတို့ သည် ကလေးငယ်များ ညှင်းပန်းနှိပ်စက်မှုတွင် ပါဝင်သည်ဟု သံသယရှိမှုနှင့် အခြားသော စွဲချက်များဖြင့် ဖမ်းဆီးထားသည်။

Mizzima Burmese